Myanmar Focus - MF
2.93K subscribers
47.4K photos
10.8K videos
1 file
2.45K links
ပြည်တွင်းပြည်ပသတင်းများ နှင့် နည်းပညာဗဟုသုတများဖျော်ဖြေရေးအစီစဥ်များကိုလွှင့်တင်ပေးပါမည်။
Download Telegram
နေပြည်တော်အတွင်း ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးသည့်နေရာများအား ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သွားရောက် စစ်ဆေး၊ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံထောက်ပံ့

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၄ ရက်နေ့က ရန်ကုန် - မန္တလေး ကားလမ်းဟောင်းပေါ်ရှိ အရှည် ပေ ၁၉၀၊ အကျယ် ၂၈ ပေရှိ နဝင်းချောင်းတံတားအား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့မှု အခြေအနေများနှင့် ယာယီဘေလီတံတား တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် လမ်းတံတားဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက နဝင်းချောင်းတံတားတွင် ယာယီဘေလီတံတားကို တံတားခံနိုင်ဝန် တန် ၄၀၊ အရှည်ပေ ၁၀၀၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ သံဘေလီသုံးလွှာ ၁ ထပ် တံတားထိုးခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၁ ရက်မှစ၍ အစားထိုး စတင် တည်ဆောက်လျက်ရှိရာ စက်တင်ဘာ ၁၆ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ကျွဲပွဲ-မြို့စိုးတံတားတွင် ပိတ်မိနေသည့် ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျွဲပွဲ-မြို့စိုးတံတားတွင် ပိတ်မိနေသည့် ရေဘေးသင့် ပြည်သူများအား ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကျွဲပွဲ-မြို့စိုးတံတားတွင် ပိတ်မိနေသည့် ရေဘေးသင့်ပြည်သူများအား ကျွဲပွဲမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအေးဟန်၊ စိတ္တသုခရေဘေးကယ်ဆယ်ရေးစခန်း တာဝန်ခံ ကျွဲပွဲမြို့ လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ဇော်မင်း၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ လူမှုကူညီ ရေးအသင်းအဖွဲ့များမှ စိတ္တသုခ ရေဘေးကယ်ဆယ်ရေး စခန်းသို့ ကူညီကယ်ဆယ်ပြောင်းရွှေ့ ပေးပြီး အဝတ်အထည်၊ အစားအသောက်နှင့် ကလေးကစားစရာအရုပ်များ ဝေငှပေးခဲ့ကြောင်း ကျွဲပွဲမြို့ အုပ်ချုပ်ရေးမှူးထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)
#myanmarfocus
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ဘားအံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးလွတ်ရာသို့ ယနေ့တွင် ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
#myanmarfocus
စက်တင်ဘာ ၁၅ တွင် ကျင်းပခဲ့သည့် MFF Women Futsal Invitation Cup 2024 အုပ်စု နောက်ဆုံးပွဲစဉ် ရလဒ်များ

#MFF
#myanmarfocus
Media is too big
VIEW IN TELEGRAM
ပရီးမီးယားလိဂ်ရာသီအစမှာ ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ နည်းပြ တန်ဟဂ်ကတော့ ပွဲစဉ် ၄ မှာ ဆောက်သမ်တန်အသင်းကို ၃ ဂိုး ပြတ်နဲ့အနိုင်ယူပြီး ၂ ပွဲဆက်အရှုံးကိုရပ်တန့်နိုင်

ပရီးမီးယားလိဂ်ရာသီအစမှာ ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ နည်းပြ တန်ဟဂ်ကတော့ ပွဲစဉ် ၄ မှာ ဆောက်သမ်တန်အသင်းကို ၃ ဂိုး ပြတ်နဲ့အနိုင်ယူပြီး ၂ ပွဲဆက်အရှုံးကိုရပ်တန့်နိုင်ခဲ့ပါတယ်။

#myanmarfocus
This media is not supported in your browser
VIEW IN TELEGRAM
ဂလာတာစရာ အသင်းဟာ ဘွန်ဒစ်လီဂါ ကလပ် ဖရိုက်ဘတ်အသင်းကစားသမား ရိုလန်ဆယ်လိုင်ကို ယူရို ၆ သန်း နဲ့ ၄ နှစ်စာချုပ် ချုပ်ဆို
ဂလာတာစရာ အသင်းဟာ ဘွန်ဒစ်လီဂါ ကလပ် ဖရိုက်ဘတ်အသင်းကစားသမား ရိုလန်ဆယ်လိုင်ကို ယူရို ၆ သန်း နဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့လိုက်ကြောင်းသိရပါတယ်။ ဒီသတင်းကို ကိုကောင်းဆက်အောင်က ဆက်လက် တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

#myanmarfocus
This media is not supported in your browser
VIEW IN TELEGRAM
ဂရမ်းဆလမ်း ၄ ကြိမ် ချန်ပီယံ နာအိုမီ အိုဆာကာဟာ သူမရဲ့နည်းပြဖြစ်သူ ဝင် ဖစ်ဆက်တီနဲ့ ၄ နှစ်ကြာ လက်တွဲခဲ့ပြီးတဲ့နောက် လမ်းခွဲ

ဂရမ်းဆလမ်း ၄ ကြိမ် ချန်ပီယံ နာအိုမီ အိုဆာကာဟာ သူမရဲ့နည်းပြဖြစ်သူ ဝင် ဖစ်ဆက်တီနဲ့ ၄ နှစ်ကြာ လက်တွဲခဲ့ပြီးတဲ့နောက် လမ်းခွဲလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ ဝင် ဖစ်ဆက်တီဟာ အိုဆာကာကို ဂရမ်းဆလမ်း ၂ ကြိမ် ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒီသတင်းကို ကိုကောင်းဆက်အောင်က
ဆက်လက်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

#myanmarfocus
Media is too big
VIEW IN TELEGRAM
ဂျူဗင်တက်စ်အသင်းရဲ့နည်းပြ သီယာဂိုမော့တာဟာ စီးရီးအေပွဲစဉ်အဖြစ်ကစားခဲ့တဲ့ အမ်ပိုလီအသင်းနဲ့ပွဲစဉ်ကို အားရကျေနပ်မှု မရှိကြောင်း ဝန်ခံပြောကြား

ဂျူဗင်တက်စ်အသင်းရဲ့နည်းပြ သီယာဂိုမော့တာဟာ စီးရီးအေပွဲစဉ်အဖြစ်ကစားခဲ့တဲ့ အမ်ပိုလီအသင်းနဲ့ပွဲစဉ်ကို ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်နဲ့ပတ်သတ်ပြီး အားရကျေနပ်မှု မရှိကြောင်း ဝန်ခံပြောကြားခဲ့တယ်လို့သိရပါတယ်။ ဒီသတင်းကို ကိုအုပ်စိုးအောင်ကိုကိုက ဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။

#myanmarfocus
Media is too big
VIEW IN TELEGRAM
ချစ်သူရဲ့မီးရှို့မှုကြောင့်သေဆုံးခဲ့ရတဲ့ ယူဂန်ဒါအိုလံပစ်မာရသွန်အပြေးမယ် ရေဗက္ကာချက်တီဂီရဲ့ဈပနအခမ်းအနားကို ပရိသတ် ထောင်ပေါင်းများစွာတက်ရောက်ခဲ့

ချစ်သူရဲ့မီးရှို့မှုကြောင့်သေဆုံးခဲ့ရတဲ့ ယူဂန်ဒါအိုလံပစ်မာရသွန်အပြေးမယ် ရေဗက္ကာချက်တီဂီရဲ့ဈပနအခမ်းအနားကို ၎င်းရဲ့ ပရိသတ် ထောင်ပေါင်းများစွာတက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။ ဒီသတင်းကို Sports Channel မှ ကိုအုပ်စိုးအောင်ကိုကိုက ဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။

#myanmarfocus
This media is not supported in your browser
VIEW IN TELEGRAM
အင်္ဂလန်အသင်းအနေနဲ့ပါဝင်ယှဉ်ပြိုင်ဖို့ ရုတ်သိမ်းခံရမှာဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က သတိပေးခဲ့

ဗြိတိန်အစိုးရဝန်ကြီးချုပ်ဖြစ်သူ ကိုင်ယာ စတာမာ အနေနဲ့ နိုင်ငံရဲ့ဘောလုံးအဖွဲ့ချုပ်ကိုဝင်ရောက်စွက်ဖက်မှုများ လုပ်ဆောင်နေပါက ယူရို ၂၀၂၈ ခုနှစ်ဘောလုံးပြိုင်ပွဲကို အင်္ဂလန်အသင်းအနေနဲ့ပါဝင်ယှဉ်ပြိုင်ဖို့ ရုတ်သိမ်းခံရမှာဖြစ် တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က သတိပေးခဲ့ကြောင်းသိရပါတယ်။

#myanmarfocus
This media is not supported in your browser
VIEW IN TELEGRAM
မြောက်အိုင်ယာလန်နိုင်ငံရှိ ကေစ့်မန့် ပန်းခြံရှိအားကစားကွင်းကို ပြန်လည်မွမ်းမံမှုအား ဗြိတိန်အစိုးရအနေနဲ့ ငွေကြေးတစ်စုံတစ်ရာထောက်ပံ့ပေးမှာမဟုတ်ကြောင်း ထုတ်ပြန်

၂၀၂၈ ခုနှစ် ဥရောပဖလားဘောလုံးပြိုင်ပွဲအတွက် မြောက်အိုင်ယာလန်နိုင်ငံရှိ ကေစ့်မန့် ပန်းခြံရှိအားကစားကွင်းကို ပြန်လည်မွမ်းမံမှုအား ဗြိတိန်အစိုးရအနေနဲ့ငွေကြေးတစ်စုံတစ်ရာထောက်ပံ့ပေးမှာမဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ယူရို ၂၀၂၈ ပြိုင်ပွဲကို အင်္ဂလန် ၊ မြောက်အိုင်ယာလန် ၊ အိုင်ယာလန် ၊ စကော့တလန် နဲ့ ဝေလ်းတို့မှာ ဇွန်လ ၉ ရက်နေ့ ကနေ ဇူလိုင်လ ၉ ရက်နေ့အထိကျင်းပမှာဖြစ်ကြောင်းသိရပါတယ်။

#myanmarfocus
Media is too big
VIEW IN TELEGRAM
အင်ဒီယားနား ဖီဗာ အသင်းရဲ့ကစားသမားဖြစ်သူ ကတ်တလင်း ခလတ် ဟာ ရမှတ်ဖန်တီးပေးမှုအများဆုံး အမျိုးသမီးဘတ်စကတ်ဘောသမားအဖြစ် မှတ်တမ်းဝင်

အမေရိကန်အမျိုးသမီးဘတ်စကတ်ဘောလိဂ် WNBA အသင်းဖြစ်တဲ့ အင်ဒီယားနား ဖီဗာ အသင်းရဲ့ကစားသမားဖြစ်သူ ကတ်တလင်း ခလတ် ဟာ တစ်ရာသီအတွင်း ရမှတ်ဖန်တီးပေးမှုအများဆုံး အမျိုးသမီးဘတ်စကတ်ဘောသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရပါတယ်။

#myanmarfocus
Media is too big
VIEW IN TELEGRAM
ဆန်ဖရန်စစ္စကို 49 နာ အမေရိကန်ဖွတ်ဘောအသင်းရဲ့ ကစားသမားဖြစ်သူ ခရစ္စတီယန် မက္ကာဖရေး ဟာ ခြေသလုံးဒဏ်ရာနဲ့ ဒူးအရွတ်ဒဏ်ရာများကြောင့် အသင်းရဲ့အရံအသင်းလူစာရင်းမှာထည့်သွင်းခဲ့

ဆန်ဖရန်စစ္စကို 49 နာ အမေရိကန်ဖွတ်ဘောအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ခရစ္စတီယန် မက္ကာဖရေး ဟာ ခြေသလုံးဒဏ်ရာနဲ့ ဒူးအရွတ်ဒဏ်ရာများကြောင့် အသင်းရဲ့အရံအသင်းလူစာရင်းမှာထည့်သွင်းခဲ့ကြောင်းသိရပါတယ်။

#myanmarfocus