"ဘယ်လိုပင် ခေတ်တွေပဲ ပြောင်းပါစေ... မြန်မာတို့ရဲ့ ပါးပြင်ပေါ်မှာ သနပ်ခါးနံ့သင်းသင်းလေး ရှိနေတာကမှ တကယ့်အေးမြခြင်း အစစ်ပါဆိုတာ ဒီ Video မှ တစ်ဆင့် မြင်တွေ့ခံစားနိုင်ပါတယ်နော်။”
❤2
"အညာမြေက ထန်းတောထဲမှာ၊ လေပြည်အေးနဲ့ ထန်းရည်ချို၊ တစ်ငုံသောက်ရင် အမောပြေလို့၊ နွေအပူကို မေ့သွားစေမယ်။"🌳
ထန်းပင်မြင့်မြင့်ထက်ကနေ အိုးလေးတွေနဲ့ ခံယူရရှိတဲ့ သဘာဝထန်းရည်ချိုဟာ ဘာဓာတုပစ္စည်းမှ မပါဝင်ဘဲ လတ်ဆတ်မှုအပြည့် ရှိလှပါတယ်။ မြေအိုးလေးထဲမှာ အအေးခံထားတဲ့ ထန်းရည်ချိုမြမြကို ခပ်သောက်လိုက်ရတဲ့အခါ ရင်ထဲကို အေးမြသွားစေပြီး နွေရဲ့ပင်ပန်းနွမ်းနယ်မှုတွေကို ချက်ချင်းပြေပျောက်စေမှာပါ။ အညာစတိုင် ဆားပုစွန်ခြောက်၊ ငရုတ်သီးစိမ်း ဒါမှမဟုတ် ပဲလှော်ဆိမ့်ဆိမ့်လေးတွေကို မြည်းရင်း ထန်းတောထဲက လေပြည်အေးအောက်မှာ သောက်ရတဲ့အရသာဟာ ဘာနဲ့မှမလဲနိုင်ပါဘူး။ ဒါကြောင့်လည်း "အညာနွေနဲ့ ထန်းရည်ချို" ဆိုတာ ခွဲခြားလို့မရတဲ့၊ အညာမြေရဲ့ အနှစ်သာရအရှိဆုံး ပေါင်းစပ်မှုတစ်ခုပါပဲ။

ကျောက်ဆည်မြို့ရဲ့ ကျက်သရေဆောင်နှင့် သမိုင်းဝင် အထင်ကရ စေတီတစ်ဆူဖြစ်တဲ့ မဟာ ရွှေသိမ်တော်ဘုရားကြီး-
ရွှေသိမ်တော်ဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၏ မြောက်ဘက် (၂) မိုင်ခန့်အကွာ သင်တောင်းကြီးရွာ၌ တည်ရှိပါတယ်။ စေတီတော်မြတ်ကြီးကို ပုဂံမင်းဆက်အနော်ရထာမင်း လက်ထက်ကတည်းက စတင်တည်ထားခဲ့ခြင်းဖြစ်ပြီး မူလဘွဲ့ တော်မှာ "ရွှေသိမ်တော်" ဟု ထင်ရှားခဲ့ပါတယ်။ နောင်အခါတွင် ဘုရားဂေါပကအဖွဲ့မှ ကြည်ညိုသပ္ပာယ်ဖွယ် ဂုဏ်ပုဒ်နှင့်အညီ "မဟာ" ဘွဲ့တော်ကို ထပ်မံကပ်လှူခဲ့ကြရာမှ ယနေ့ခေတ်တွင် "မဟာ ရွှေသိမ်တော်ဘုရား" ဟု အမည်နာမကျော်ကြားလာခဲ့ခြင်း ဖြစ်ပါတယ်။
မူလက ဉာဏ်တော်အမြင့် (၉) တောင်သာ ရှိခဲ့သော်လည်း ခေတ်အဆက်ဆက် သဒ္ဒါတရား ထက်သန်သူ အလှူရှင်များက မူလစေတီကို အဆင့်ဆင့် ထပ်မံတည်ထားကိုးကွယ်ခဲ့ကြရာ ယခုအခါ တွင်မူ ဉာဏ်တော်အမြင့် (၃၄) တောင် အထိ မြင့်မားထယ်ဝါစွာ ဖူးမြော်ကြည်ညိုနိုင်ပြီ ဖြစ်ပါတယ်။
မဟာရွှေသိမ်တော်ဘုရားဟာ "ဆုတောင်းပြည့်" တဲ့ နေရာမှာလည်း အလွန်နာမည်ကြီးပါတယ်။ ဘုရားဖူးလာသူများဟာ ငှက်ပျောပွဲ၊ အုန်းပွဲများဖြင့် ကန်တော့ပွဲထိုး၍ မိမိတို့၏ စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စအဝဝအတွက် သစ္စာအဓိဌာန်ပြု ဆုတောင်းခြင်းများ ပြုလုပ်လေ့ရှိကြပါတယ်။ အဓိဌာန်အောင်မြင်သူများပြားလှတာကြောင့် နယ်ဝေးဘုရားဖူး ဧည့်သည်များပါမပြတ်စည်ကားလျက်ရှိပါတယ်။
ဒါကြောင့် ခရီးသွားမိတ်ဆွေများအနေနဲ့ ဆန်ရေစပါးပေါကြွယ်ဝပြီး ယဉ်ကျေးမှုထွန်းကားတဲ့ ကျောက်ဆည်မြို့ကို ရောက်ရှိခဲ့ရင် စိတ်အေးချမ်းမှုအစစ်အမှန်ကို ပေးစွမ်းနိုင်တဲ့ မဟာရွှေသိမ်တော် ဘုရားကြီးထံသို့ မဖြစ်မနေ ဝင်ရောက်ဖူးမြော်ကြည်ညိုရင်း ကုသိုလ်ယူခဲ့ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေရှင့်။

❤1🥰1
ချစ်တို့ရေ... ရာသီဥတုလေးက ပူလိုက်အေးလိုက်နဲ့ဆိုတော့ ရှမ်းပြည်နယ်ရဲ့ နာမည်ကြီးအစားအစာဖြစ်တဲ့ တို့ဟူးနှောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဈေးနှုန်းသက်သာပေမယ့် အရသာကတော့ ရှမ်းတောင်တန်းရဲ့ ရိုးရာအရသာအစစ်ကို ပေးစွမ်းနိုင်တဲ့ အစားအစာတစ်ခုပါ။ သူရဲ့ပါဝင်ပစ္စည်းတွေကတော့ ကျောက်ကျောမှုန့် ၊ ပဲနို့ (သို့) ပဲပိစပ်နဲ့ ထန်းလျက်တို့ကို စနစ်တကျ အချိုးကျကျ ပေါင်းစပ်ထားလို့ တို့ဟူးတုံးလေးတွေလို မာမနေဘဲ လျှာပေါ်တင်လိုက်တာနဲ့ အရည်ပျော်သွားမယ့် အထိအတွေ့မျိုးကို ရရှိမှာပါ။
တို့ဟူးနှောင်းကတော့ ရိုးရှင်းပေမယ့် စားလိုက်ရရင်ဖြင့် အိတုံတုံလေးနဲ့ နူးညံ့/ချိုဆိမ့်ပြီး ထူးခြားတဲ့ ခံစားမှုကို ပေးစွမ်းနိုင်လို့ Myanmar Travel မှ စားကြည့်ဖို့လည်း တိုက်တွန်းလိုက်ရင်း တို့ဟူးနှောင်းတစ်ပန်းကန်ရဲ့ နွေးထွေးမှုနဲ့အတူ သင့်ရဲ့ပင်ပန်းနွမ်းနယ်မှုတွေကို အပန်းဖြေရင်း၊ ဘဝရဲ့ ရိုးရှင်းတဲ့ ပျော်ရွှင်မှုစစ်စစ်ကို ရှာဖွေလိုက်ရအောင်လားရှင်။"

ရှမ်းကုန်းပြင်မြင့်ပေါ်မှာ တည်ရှိတဲ့ အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးကန် ဖြစ်ရုံသာမက ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဆုံးသော သဘာဝအလှတရားတွေ ကိန်းအောင်းရာနေရာတစ်ခုလည်း ဖြစ်ပါတယ်။
အင်းလေးရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုများ-
ရိုးရာအနုပညာတစ်ခုဖြစ်တဲ့ ခြေတစ်ဖက်တည်းနဲ့ ဟန်ချက်ညီညီ လှေလှော်ရင်း ငါးဖမ်းနေတဲ့ မြင်ကွင်းဟာ ဓာတ်ပုံဆရာတွေနဲ့ ခရီးသွားတွေအတွက် အနှစ်သက်ဆုံး ရှုခင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်းမျောစိုက်ခင်းများရေပေါ်မှာ ဗေဒါပင်နဲ့ မြေဆီလွှာတွေကို အခြေခံပြီး ခရမ်းချဉ်သီးနဲ့ သီးနှံမျိုးစုံစိုက်ပျိုးတဲ့ "အင်းသား" တို့ရဲ့ တီထွင်ဖန်တီးမှုက တကယ်ကိုအံ့ဩစရာကောင်းလှပါတယ်။ ကြာချည်ထည်လုပ်ငန်း ကြာရိုးထဲကထွက်တဲ့ အမျှင်လေးတွေနဲ့ စိတ်ရှည်လက်ရှည်ရက်လုပ်ထားတဲ့ "ကြာသင်္ကန်း" နဲ့ "ကြာထည်ပစ္စည်း" တွေဟာ အင်းလေးဒေသရဲ့ အဖိုးတန်လက်ရာမွန်တွေပဲ ဖြစ်ပါတယ်။
အထွတ်အမြတ်ထားရာနေရာများ-
ဖောင်တော်ဦးဘုရား အင်းလေးကန်ရဲ့ အဓိကအားထားရာဖြစ်ပြီး နှစ်စဉ်သီတင်းကျွတ်ကာလမှာ ကျင်းပတဲ့ ဘုရားပွဲတော်နဲ့ လှေပြိုင်ပွဲတွေကတော့ အင်မတန် စည်ကားလှပါတယ်။ ရွှေအင်းတိန်ရှေးဟောင်း စေတီပုထိုးပေါင်းတစ်ထောင်ကျော် စုဝေးရာနေရာဖြစ်လို့ သမိုင်းဝင်အနုပညာ လက်ရာတွေကို တစ်ဝကြီး လေ့လာနိုင်မှာပါ။
အင်းလေးရဲ့ ဒေသအရသာ-
အင်းလေးရောက်ရင် "အင်းသားထမင်းသုပ်" ၊ “ငါးဖယ်ထမင်းနယ်” ကို မမြည်းစမ်းဘဲ ပြန်မလာပါနဲ့ဦးနော်။ လတ်ဆတ်တဲ့ ကန်ထွက်ငါးဟင်းတွေနဲ့ ဒေသထွက်ရိုးရာအစားအစာတွေက သင့်ကို တခြားနေရာနဲ့မတူတဲ့ အရသာကို ပေးစွမ်းမှာပါ။ ငါးရက်တစ်ဈေး ဒေသခံတိုင်းရင်းသားပေါင်းစုံရဲ့ လူနေမှုစရိုက်နဲ့ ရိုးရာကုန်စည်တွေကို "ငါးရက်တစ်ဈေး" နေ့တွေမှာ တစ်နေရာတည်း စုံစုံလင်လင်မြင် တွေ့နိုင်ပါတယ်။
အင်းလေးကန်ရဲ့ အလှဆုံးအချိန်ကို ခံစားချင်ရင်တော့ ညနေခင်းနေဝင်ဆည်းဆာ (Sunset) အချိန်မှာလှေစီးရင်း အပန်းဖြေဖို့ အကြံပြုပါရစေရှင့်။

မြန်မာ့ဂုဏ်ဆောင် အင်းလေးဒေသ၏ ကြာရက်ကန်းလုပ်ငန်းသည် ကမ္ဘာပေါ်တွင် အင်းလေးကန်၌သာ တွေ့ရှိနိုင်သည့် ထူးခြားဆန်းသစ်သော ရိုးရာလက်မှုပညာတစ်ခုဖြစ်ပါတယ်။ သဘာဝကြာပင်၏ ကြာရိုးများအတွင်းမှ နုညံ့လှသော အမျှင်ကလေးများကို ကျွမ်းကျင်စွာ ထုတ်ယူကာ တစ်ပင်ချင်းကျစ်ပြီး ရရှိလာသော ကြာချည်မျှင်များကို လက်ရက်ကန်းစင်များဖြင့် အနုစိတ်ရက်လုပ်ကြခြင်း ဖြစ်ပါတယ်။
ပုဆိုးတစ်ထည် (သို့မဟုတ်) သင်္ကန်းတစ်ထည်ရရှိဖို့ ကြာရိုးပေါင်းသောင်းချီကို ရက်ပေါင်းများစွာလက်ဖြင့် ပင်ပင်ပန်းပန်းလုပ်ဆောင်ရတာကြောင့် အနုပညာတန်ဖိုး အလွန်မြင့်မားလှပါတယ်။ ကြာချည်သည် သဘာဝအတိုင်းအေးမြခြင်း၊ ပေါ့ပါးခြင်းနှင့် ထူးကဲသော ဂုဏ်သတ္တိများရှိသည့်အပြင် ထုတ်လုပ်မှုအဆင့်ဆင့်တွင် လူသားတို့၏ စိတ်ရှည်သည်းခံမှုနှင့် လက်ရာမြောက်မှုတို့ ပေါင်းစပ်ထားသောကြောင့် "အဖိုးတန် ရတနာအထည်" တစ်ခုအဖြစ် ပြည်တွင်း/ပြည်ပ ခရီးသွားများအကြား အထူးပင် ရေပန်းစားလှပါသည်။ ဓာတုပစ္စည်း လုံးဝမပါဘဲ သဘာဝအတိုင်း ထုတ်လုပ်ထားလို့ အသားအရေအတွက် ဘေးဥပါဒ်မရှိသလို နွေရာသီမှာ ဝတ်ဆင်ရင် အေးမြစေပြီး ဆောင်းရာသီမှာ နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။ ယနေ့ထက်တိုင် အင်းလေးသူ၊ အင်းလေးသားတို့သည် မိမိတို့၏ ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းလာသည့် ဤရိုးရာပညာရပ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းရင်း မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာ့အလယ်တွင် တင့်တယ်စေလျက်ရှိပါသည်။

ပိတောက်ရနံ့နဲ့အတူ ကူးပြောင်းလာတဲ့ အတာသင်္ကြန်ပုံပြင်.............💦
နွေဦးရဲ့အပူရှိန်ဟာ တစ်နိုင်ငံလုံးကို လွှမ်းခြုံထားပေမဲ့ ရွှေအိုရောင်ပိတောက်ပန်းတွေဆီက ပျံ့လွင့်လာတဲ့ ပိတောက်ရနံ့သင်းသင်းတွေဟာ အတာသင်္ကြန်ကာလနီးကပ်လာပြီလို့ သတင်းစကားပါးလျက်ရှိပါတယ်။.......
အတာသင်္ကြန်ရဲ့ ဒဏ္ဍာရီ………….
“သင်္ကြန်” ဆိုတဲ့စကားလုံးဟာ သက္ကတဘာသာစကား “သင်္ကြန္တ” ကနေဆင်းသက်လာတာဖြစ်ပြီး ကူးပြောင်းခြင်းလို့ အနက်အဓိပ္ပါယ်ရပါတယ်။ မိဿရာသီကနေ ပြိဿရာသီကို ကူးပြောင်းခြင်းဖြစ်ပြီး မြန်မာပြက္ခဒိန်အရ နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းခြင်းဖြစ်ပါတယ်။ဒီလိုကူးပြောင်းခြင်းတွေရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားစရာ ဒဏ္ဍာရီတစ်ခုလည်းရှိနေပါသေးတယ်။ ဒဏ္ဍာရီအရ သိကြားမင်းနဲ့ ဗြဟ္မာမင်းတို့ဟာ ပြဿနာတစ်ခုအပေါ် အငြင်းပွားကြရင်း သိကြားမင်းဟာ အနိုင်ရရှိခဲ့တာကြောင့် ဗြဟ္မာကြီးရဲ့ ဦးခေါင်းကို ရရှိခဲ့ပါတယ်။သိုပေမဲ့ ဗြဟ္မာမင်းဟာ အလွန်တန်ခိုးကြီးတာကြောင့် သူ့ရဲ့ဦးခေါင်းကို ပင်လယ်ထဲပစ်ချရင် ပင်လယ်ရေတွေခမ်းခြောက်နိုင်သလို မြေပြင်ပေါ်မှာထားရင် ကမ္ဘာကြီးမီးလောင်ပျက်စီးမယ်လို့ သိရတဲ့အခါ သိကြားမင်းဟာ နတ်သမီး၇ဖော်ကို ခေါ်ယူကာ ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကိုအလှည့်ကျ ကိုင်ထားစေခဲ့ပြီး တစ်နှစ်ပြည့်လို့ နတ်သမီးတစ်ပါးကနေ နောက်ထပ်တစ်ပါးကို ဦးခေါင်းလွှဲပြောင်းပေးအပ်တဲ့ အချိန်ကို သင်္ကြန်ကျတယ်လို့ သတ်မှတ်ကြပါတယ်။မြန်မာ့သမိုင်းမှာလည်း သင်္ကြန်ဟာ ပုဂံခေတ်ကတည်းက တည်ရှိခဲ့ကြောင်းကို နရသီဟပတေ့မင်းဟာ မိဖုရားစောလုံကို ကျီစားခဲ့တယ်ဆိုတဲ့ ရာဇဝင်တွေအရသိနိုင်သလို ကုန်းဘောင်ခေတ် မင်းတုန်းမင်း လက်ထက်မှာလည်း နန်တွင်းရေသဘင်ပွဲကို ခမ်းခမ်းနားနား ကျင်းပခဲ့ကြပါတယ်။
ယနေ့ခေတ်သင်္ကြန်ရဲ့ ရသများ..........
ဒီနေ့ခေတ်ကာလမှာတော့ သင်္ကြန်ဆိုတာဟာ မြန်မာပြည်သူပြည်သားတွေအတွက် အမျှော်လင့်ဆုံးနဲ့ပျော်ရွှင်စရာ အကောင်းဆုံးပွဲတော်တစ်ခုဖြစ်လာခဲ့ပါတယ်။ သင်္ကြန်ဟာ အချင်းချင်းရေပတ်ကစားရုံသာမက သန့်စင်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်ပါတယ်။ နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ဆေးကြောပြီး နှစ်သစ်ကိုကြိုဆိုကြပါတယ်။ပြီးခဲ့တဲ့နှစ်က အဆင်မပြေမှုတွေ၊ အမုန်းတရားနဲ့ ကံကြမ္မာဆိုးတွေကို လန်းဆန်းအေးမြတဲ့ သင်္ကြန်ရေနဲ့အတူ ဆေးကြောသန့်စင်ခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ နှစ်သစ်တစ်ခုကို ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်လေ့ရှိကြပါတယ်။အိမ်နီးချင်းတွေစုပေါင်းပြီးမုန့်လုံးရေပေါ် လုံးကြသလို စတုဒီသာတွေမြိုင်မြိုင်ဆိုင်ဆိုင်ကျွေးကြတာဟာလည်း မြန်မာတို့ရဲ့ ချစ်စရာဓလေ့ဖြစ်ပါတယ်။ အိမ်တိုင်းမှာ အတာအိုးလေးတွေထားရှိကြပြီး ဥပုသ်စောင့်ကုသိုလ်ယူကြတဲ့ ကြည်နူးဆွတ်ပျံ့ဖွယ် အလေ့အထတွေကို မြင်တွေ့နိုင်သလို လူကြီးမိဘတွေကို ခေါင်းလျှော်ပေးခြင်း၊ခြေသည်းလက်သည်းညှပ်ပေးခြင်း စတဲ့ အလေ့အကျင့်တွေဟာလည်း မျိုးဆက် အဆင့်ဆင့် လက်ဆင့်ကမ်းထိန်းသိမ်းသွားရမဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေပဲဖြစ်ပါတယ်။ ပိတောက်ပန်းတွေဝေဆာတဲ့ ချစ်စရာသင်္ကြန်ဟာ နှစ်ကာလတွေဘယ်လောက်ပြောင်းပြောင်း မြန်မာတို့ရဲ့နှလုံးသားထဲမှာ အမြဲတမ်းရှင်သန်နေမဲ့ ရိုးရာပွဲတော်တစ်ခုပဲဖြစ်ပါတယ်။

မြူးကြွတဲ့တေးသံပျံ့လွင့်လို့နေ ကူးပြောင်းစတန်ခူးလေမှာ............💦🥰
ဧပြီလကို ရောက်လာပြီဆိုတာနဲ့ မြန်မာတိုရဲ့ နှစ်သစ်ကူးပွဲတော်ကို ပထမဆုံးသတိရမိမှာအမှန်ပါပဲ။ လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်မှာ ဖူးပွင့်နေကြတဲ့ ဝါဝါထိန်ထိန် ပိတောက်ပန်းတို့က ရေကစားပွဲတော်ကို ကြိုဆိုနေကြသလို တောင်ဘက်အရပ်ကနေ တိုက်ခတ်လာတဲ့ တောင်ပြန်လေကသယ်ဆောင်လာတဲ့ ပိတောက်ရနံ့သင်းသင်းလေးက စိတ်ကိုကြည်လင်လန်းဆန်းစေသလို တစ်နှစ်တာလုံးရဲ့ ဘဝအမောတွေကိုလည်းပြေပျောက်စေပါတယ်။ ဒီမြင်ကွင်းဟာ တစ်နှစ်မှာတစ်ခါသာမြင်တွေ့ရတဲ့ အတာသင်္ကြန်ရဲ့ သင်္ကေတပါပဲ။ နွေလယ်ကာလမှာ စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပကြတဲ့ မြန်မာတို့ရဲ့ အတာသင်္ကြန်ကို ထပ်မံထင်ဟပ်စေတဲ့အရာကတော့ မွှေးပျံ့တဲ့သနပ်ခါးပဲဖြစ်ပါတယ်။ 🪵သနပ်ခါးဟာ မြန်မာ့နံ့သာ(၁၀)မျိုးထဲမှာပါဝင်တဲ့ နံ့သာတစ်မျိုးဖြစ်သလို ယနေ့ထိတိုင်မြန်မာနိုင်ငံရဲ့ အရပ်ဒေသတိုင်းမှာ သုံးစွဲသူများရှိနေဆဲဖြစ်ပါတယ်။နွေအပူကို အံတုနိုင်ရုံသာမက အသားအရည်ကိုပါလှပလာစေနိုင်တဲ့ ဆေးဖက်ဝင်နံ့သာတစ်မျိုးဖြစ်တဲ့ သနပ်ခါးကို မြန်မာအမျိုးသမီးတို့က ခေတ်အဆက်ဆက်အလှခြယ်သလိမ်းကျံခဲ့ကြပါတယ်။ ယနေ့ခေတ် အတာသင်္ကြန်မှာဆိုရင်လည်း တစ်ဦးနှင့်တစ်ဦး 💦ရေလောင်းရေပက်ကြရုံသာမက အေးမြတဲ့သနပ်ခါးကို လိမ်းပေးကြတဲ့ ချစ်စရာဓလေ့တစ်ခုကို မြင်တွေ့နိုင်ပါတယ်။ နှစ်ဟောင်းကအညစ်အကြေးတွေကို ဆေးကြောသန့်စင်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် မေတ္တာနဲ့ လောင်းပတ်ကြတဲ့ သင်္ကြန်ရေစက်တွေဟာ နှစ်သစ်တစ်ခုကူးပြောင်းခြင်းကို ပိုမိုမင်္ဂလာရှိစေသလို အတိတ်က အမှားတွေကို ခွင့်လွှတ်ဖို့၊ အမုန်းတရားတွေကိုဖြေဖျောက်ဖို့နဲ့ ဖြူစင်တဲ့ စိတ်ထားနဲ့ နှစ်သစ်တစ်ခုကိုစတင်ဖို့အတွက် အင်အားတစ်ခုအဖြစ်လည်း ပုံဖော်ပေးလျက်ရှိပါတယ်။ နှစ်ကာလတွေ ဘယ်လိုပြောင်းပြောင်း ပိတောက်တွေဝေတဲ့ အတာသင်္ကြန်ဟာ မြန်မာတို့ရဲ့နှလုံးသားထဲမှာ အစဉ်အမြဲတည်ရှိနေမဲ့ ချစ်စရာပွဲတော်တစ်ခုပါပဲ။

သင်္ကြန်ရောက်ပြီဆိုတာနဲ့ ပူပြင်းတဲ့ နွေအပူကို အေးမြသွားစေမယ့် ရိုးရာရာသီစာလေးတွေက မပါမဖြစ်ပါပဲ။ ရေပက်ခံထွက်ရင်းဖြစ်စေ၊ အိမ်မှာမိသားစုနဲ့ အနားယူရင်းဖြစ်စေ ပျော်ရွှင်မှုကို အဆပေါင်းများစွာတိုးစေမယ့် သင်္ကြန်ရဲ့ အထင်ကရအစားအစာ (၃) မျိုးကို စုစည်းဖော်ပြပေးလိုက်ပါတယ်…💁♀️
(၁) မုန့်လုံးရေပေါ်
သင်္ကြန်ဆိုတာနဲ့ ပြေးမြင်ရမယ့် နံပါတ်တစ် ရိုးရာမုန့်ပါ။ နူးညံ့တဲ့ ကောက်ညှင်းမှုန့်လုံးလေးတွေထဲမှာ ထန်းလျက်ခဲချိုချိုလေးထည့်၊ ရေနွေးပူပူမှာ ပြုတ်ပြီးတာနဲ့ အုန်းသီးစိမ်းဖြူဖြူလေးတွေ ဖြူးစားရတဲ့ အရသာက ဘာနဲ့မှမလဲနိုင်ပါဘူး။
(တစ်ခါတစ်လေ ငရုတ်သီးစိမ်းလေးတွေ ပါတတ်တာမို့ အဲဒါလေးကလည်း သင်္ကြန်ရဲ့ချစ်စရာကောင်းတဲ့ အမှတ်တရတစ်ခုပေါ့)
(၂) ရွှေရင်အေး
နာမည်နဲ့လိုက်အောင်ကို စားလိုက်ရင် ရင်ထဲအေးမြသွားစေမယ့် အချိုပွဲပါ။ အုန်းနို့ဆိမ့်ဆိမ့်လေးထဲမှာ ကောက်ညှင်းဆန်၊ ကျောက်ကျော၊ ပေါင်မုန့်၊ သာကူ နဲ့ မုန့်ကြာစေ့လေးတွေ ပေါင်းစပ်ထားပြီး ရေခဲတုံးလေးတွေ ခပ်လိုက်တဲ့အခါ.... နွေအပူဒဏ်ကို ချက်ချင်းမေ့သွားစေမှာ အသေအချာပါပဲ။
(၃) သင်္ကြန်ထမင်း
ဖယောင်းနံ့သင်းပျံ့နေတဲ့ ရေအေးအေးလေးထဲမှာ ဖြူဖွေးသန့်စင်နေတဲ့ ထမင်းလေးတွေကို စိမ်ထားပြီး ၊ ဆီသတ်ထားတဲ့ ငါးခြောက်ထောင်းမွှေးမွှေး၊ ငရုတ်သီးခြောက်ကြော်စပ်စပ်နဲ့ အချဉ်ဓာတ်အတွက် သရက်သီးသနပ်လေးနဲ့သာ ချဉ်ချဥ်လေးနဲ့ တွဲဖက်စားရတာက မွန်ရိုးရာကနေ ဆင်းသက်လာတဲ့ ထူးခြားတဲ့ သင်္ကြန်စာတစ်ခုပါ။ တစ်လုတ်စားလိုက်တိုင်း လန်းဆန်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။
ဒီနှစ်သင်္ကြန်မှာရော သူငယ်ချင်းတို့ အကြိုက်ဆုံးရာသီစာက ဘယ်တစ်ခုဖြစ်မလဲ? Comment မှာ ပြောပြခဲ့ကြဦးနော်🥰🤤

🥰1