MxT Anime & Cartoon
35.4K subscribers
1.5K photos
250 videos
1.73K links
အရမ်းကြည့်ချင်နေတဲ့ ဇာတ်ကားများကို တစ်ကား ၅၀၀ ကျပ်နဲ့လာရောက်တောင်းဆိုနိုင်ပါပြီ - @quanxisfei
Download Telegram
Ice Age : Adventure of Buck Wild (2022)

ဒီတစ်ခေါက်အဓိက စွန့်စားခန်းဖွင့်မှာကတော့ မမ်မို့ဆင်မလေး အယ်လီရဲ့ မောင်နှမဖြစ်တဲ့ ပေါ့ဆမ်နှစ်ကောင် ခရက်ရှ် နဲ့ အက်ဒီတို့ပါပဲ။ခရက်ရှ်နဲ့အက်ဒီဟာ သူတို့ကို အမြဲစိုးရိမ်ပြီး ချုပ်ချယ်နေတဲ့ အယ်လီတို့ဆီကနေ ခိုးထွက်လာပြီးမြေအောက်ကမ္ဘာမှာနေတဲ့ ဘက်ခ် ဆီကို သွားလည်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ဒိုင်နိုအော်ဆန်က ရက်ပ်တာတွေကို ခေါ်လာပြီးပျောက်ဆုံးနေတဲ့ကမ္ဘာကို သိမ်းပိုက်ဖို့ ကြိုးစားလာတဲ့အခါတလွဲတချော် စွန့်စားခန်းအသစ်တွေ စတင်ပါတော့တယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/313
16😭1
Ice Age: Scrat Tales (2022)

သစ်ချသီးတစ်လုံးသည် သူ့ချည်းသီးသန့်ဆို အခွံမာသီးတစ်လုံးသာဖြစ်သလိုရှဉ့်တစ်​ကောင်သည်လည်း အ​မွေးပွ​ယောင်း​​ယောင်း နှင့် ချစ်စရာတိရစ္ဆာန်​လေးဖြစ်သည် ဟု ဆိုပါစို့၊သူ့ဘသာသူ သီးသန့်ရှိ​​​နေကြမည်ဆိုရင်ဖြင့် ဘာဆိုဘာမှ မဖြစ်​ပေမယ့်တို့​တွေဆုံစည်းမိလျှင်​တော့ ​ကမ္ဘာအစ ​ရေခဲ​ခေတ် အရည်​ပျော်ပါသည်၊ကမ္ဘာ့ဝင်ရိုး​ပြောင်းကာ တစုတစည်း​တည်းရှိ​သော ကုန်း​မြေပြင်မှသည် တိုက်ကြီး ၇ခုအထိ ကွဲထွက်သွားနိုင်သည်၊ယုတ်စွအဆုံး ​​မြေ​အောက်ကမ္ဘာထဲမှာ သွား​နေ​နေတဲ့ ဒိုင်နို​ဆော​တွေပါ ငါးပါး​မှောက်ရသည်။အဟုတ်ဖြစ်သည်၊ဒီ​လောက်ဒုက္ခများရသည်မှာ ထိုသစ်ချသီးနဲ့ ရှဉ့်က အပြင်​လောကမှာရှိ​နေတဲ့ အရာ​တွေမဟုတ်ဘဲIce Age ကမ္ဘာထဲက ကမ္ဘာဦးရှဉ့်နှင့် ဝက်သစ်ချသီး ဖြစ်​နေ​သော​ကြောင့် ဖြစ်သည်Ice Ageအစကတည်းက ကိုယ့်လက်ဝယ်ရပြီးသား သစ်ချသီးကိုအနှီကမ္ဘာဦးရှဉ့်က မစားဘဲသိမ်းထားဖို့ ကြိုးပမ်းရာမှ Ice Age franchiseကြီး စတင်ခဲ့ချေသည်တမုံ့။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/314
12
The Secret Life of Pets (2016)

၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး လူကြီးလူငယ်မရွေး သဘောကျနှစ်သက်ခဲ့ကြတဲ့The Secret Life Of Pets ကာတွန်းကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ကိုယ်အိမ်မှာမရှိတုန်း တိလေးတွေ ဘာလုပ်နေမလဲလို့ တွေးကြည့်ဖူးလားဗျ။ကျွန်တော် ငယ်ငယ်ကတော့ အပြင်သွားချင်ယောင်ဆောင်ပြီးအိမ်က ခွေးလေးတွေ ဘယ်လိုနေထိုင်ကြလဲ စောင့်ကြည့်ဖူးပါတယ်။ ဒီကာတွန်းကားလေးဟာလည်း သခင်တွေအိမ်မှာမရှိတုန်းအပီအပြင်သောင်းကျန်းကြတဲ့ တိလေးတွေရဲ့ လျှို့ဝှက်ဘဝကိုဟာသနှော တင်ဆက်သွားတာပါ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/315
10
The Secret Life of Pets 2 (2019)

Secret Life Of Pets 1 ရဲ့ Sequel အနေနဲ့ထွက်ရှိထားတဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ကျွန်တော်တို့ ဇာတ်လိုက်လေး Max ဟာ အခုတော့ Duke နဲ့အတော်လေး အပေးအယူမျှသွားကြပါပြီ။ဆိုတော့ အရင်ကလို သခင်နဲ့အတူအပူအပင်ကင်းကင်းနေတော့မယ်ဆိုတဲ့အချိန်မှKatie ဟာ ရုတ်တရက်အိမ်ထောင်ကျသွားပါတယ်။ ဒီလိုနဲ့ Liam ဆိုတဲ့ ကလေးလေး မွေးဖွားလာခဲ့ပါတယ်။Liam လေး အရွယ်ရောက်လာတဲ့အခါမှာ Max နဲ့သံယောဇဉ်တွယ်လာခဲ့သလို Max ဟာလည်းမျက်စိရှေ့က အပျောက်မခံနိုင်လောက်အောင်ကို အဖြစ်သည်းလာခဲ့ပါတယ်။Liam ကို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ကာကွယ်ရင်း ဗျာများနေရတဲ့ Max အဖြစ်ကို မြင်ရမှာဖြစ်ပါတယ်။ကာတွန်းကားဆိုပေမဲ့ ယူသင့်ယူထိုက်တဲ့ သင်ခန်းစာလေးတွေကိုပါးပါးနပ်နပ် ထည့်သွင်းပြသသွားတာမို့ အချိန်ပေးကြည့်ရှုရတာ တန်ပါတယ်ဗျာ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/316
12
That Christmas (2024)
 
နှစ်ကုန်မှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖို့ မကြာသေးခင်ကမှထွက်ရှိထားတဲ့ဇာတ်ကားလေးတင်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့ IMDb 6.8/10ရရှိထားပြီး ပေါ့ပေါ့ပါးပါးနဲ့အေးအေးဆေးဆေးကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါပဲ။ဇာတ်လမ်းအညွှန်းပြောရရင်တော့ ခရစ်စမတ်အကြိုနေ့မှာ လူတိုင်းဟာကိုယ့်အစီအစဉ်နဲ့ကိုယ် ပျော်ရွှင်ဖွယ်ရာပွဲတွေလုပ်ဖို့စီစဉ်နေကြတဲ့အချိန်မထင်မှတ်ထားတဲ့ ရာသီဥတုကြောင့်နှင်းမုန်တိုင်း၂ခါတိုက်ပြီး လူတိုင်းလိုလိုရဲ့အစီအစဉ်တွေပျက်သွားပြီး အားလုံးစိတ်ညစ်ကုန်ကြ‌ပါတယ်။ဒါပေမဲ့ ခရစ်စမတ်ဆိုတာပျော်ပွဲရွှင်ပွဲတွေနဲ့မဆိုင်ပဲ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ်နဲ့အတူရှိနေဖို့သာအဓိကဖြစ်ပြီး နေတတ်ရင်အရာရာတိုင်းကပျော်ရွှင်ဖို့ကောင်းကြောင်းကို ရသအစုံနဲ့ရိုက်ပြထားပါတယ်။ဒီတော့ အားလုံးလဲဒီဇာတ်ကားလေးနဲ့အတူတူလိုက်ပါစီးမျောပြီးကြည့်ရှုခံစားလိုက်ကြပါဦး။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/317
14
The Tigger Movie (2000)

ဒီဇာတ်ကားလေးက ကျွန်တော်တို့ငယ်ငယ်က အတော်လေးသဘောကျခဲ့ရတဲ့Winnie The Pooh ကာတွန်းဇာတ်လမ်း တွေထဲက Tiggerလေးကို အဓိကထားပြီးရိုက်ကူးထားတဲ့Animationဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။အမြဲပျော်ပျော်နေတတ်ပြီး စပရိန်လိုမျိုး အမြီးတစ်ချောင်းနဲ့ အမြဲခုန်ပေါက်နေတတ်တဲ့၊အမြဲရှေ့နောက်မကြည့်တတ်ဘဲ သူများတကာကို မရည်ရွယ်ဘဲ ဒုက္ခပေးမိသလိုအမြဲတမ်း ဖြစ်တတ်တဲ့ Tiggerလေးတစ်ကောင်ဆောင်းတွင်းတစ်ခုကို အရောက်မှာတော့သူ ငယ်စဉ်ကတည်းက မတွေ့ခဲ့ဖူးတဲ့ သူ့မိသားစုဝင်တွေကို ပြန်တွေ့ချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်လာတာ‌ကြောင့်အပြောကျယ်လှတဲ့ ဧကတစ်ရာတောထဲမှာ မိသားစုပျာက်ရှာပုံတော် ဖွင့်ခဲ့ပါတော့တယ်။သူ့ကို ကူရှာပေးတဲ့သူကတော့ သားပိုက်ကောင်‌မေမေကြီး ကန်ဂါရဲ့သားလေး ရူးပဲ ဖြစ်ပါတယ်။သူတို့နှစ်ကောင်သားတစ်တောလုံးအနှံ့ ရှာပုံတော်ထွက်ရင်း သူတို့ရှာ‌နေကြတဲ့ တစ်ဂါးမိသားစုတွေနဲ့ ပြန်ဆုံတွေ့နိုင်ကြမှာလား။ဘယ်လိုအလွဲအ‌ချော်တွေ ဖြစ်ကြဦးမလဲဆိုတာ မိသားစုနဲ့အတူ ငယ်ဘဝရဲ့အမှတ်တရအ‌နေနဲ့ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/318
13
Ice age ရဲ့ထွက်ထားသမျှဇာတ်ကားအကုန်ကို Link စုထားပေးပါတယ်။

Ice age (2002)
https://t.me/mxtcartoon/129

Ice Age: The Meltdown (2006)
https://t.me/mxtcartoon/756

Ice Age: Dawn of the Dinosaurs (2009)
https://t.me/mxtcartoon/758

Ice Age: A Mammoth Christmas (2011)
https://t.me/mxtcartoon/575

Ice Age: Continental Drift (2012)
https://t.me/mxtcartoon/762

Ice Age: Collision Course (2016)
https://t.me/mxtcartoon/764

Ice Age: Adventure of Buck Wild (2022)
https://t.me/mxtcartoon/768

Ice Age: Scrat Tales (2022)
https://t.me/mxtcartoon/771
29🍓3
Strawberry Shortcakes Spring Spectacular (2024)

Strawberry Shortcake’s Spring Spectacular က ကလေးတွေနဲ့ မိသားစုများအတွက် ပျော်စရာကောင်းပြီး စိတ်ဝင်စားဖွယ်ကာတွန်းဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို MGA Entertainment နှင့် Iconix Entertainment တို့က ထုတ်လုပ်ပြီး animation ကို DHX Media (အခု WildBrain) မှ တာဝန်ယူထားတာဖြစ်ပါတယ်….ဇာတ်လမ်းလေးကတော့ Strawberry Shortcake နဲ့ သူငယ်ချင်းတသိုက် နွေဦးပွဲတော်အတွက် ဘယ်လိုပေါင်းစည်းစုရုံးပြီး ပြင်ဆင်ကြလဲဆိုတာကို ရိုက်ပြတင်ဆက်ပေးထားတာဖြစ်ပါတယ်။ အရောင်အသွေးစုံ animation များ စိတ်ဖိစီးမှုမရှိတာတွေ သီချင်းတွေကတော့ ပိုမိုထူးခြားစေပါတယ် ကလေးများအတွက် အထူးသင့်တော်ပါတယ်။မိသားစုနှင့်အတူ ပျော်ရွှင်စွာကြည့်ရှုနိုင်ပြီး Strawberry Shortcake ချစ်သူများအတွက် အကြိုက်တွေ့စေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပါ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/319
7🍓3
Solo Leveling Season 2 Episode 1 ရပါပြီ။

Episode - 1👇
https://t.me/mxtani/132

Link Collection👇
https://t.me/mxtani/130
9
Blue Eye Samurai (2023)

Animation ဆိုပေမဲ့ 18နှစ်အထက်မှ ကြည့်ဖို့ သတိပေးချင်ပါတယ်ဗျ..

နာမည်မှာ မြင်တဲ့အတိုင်း ဆာမူရိုင်းသိုင်းကားပါခင်ဗျ။

ဂျပန်ခေတ် Edo Period ကို နောက်ခံထားပြီး သိုင်းကွက်တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မြင်တွေ့ရပါမယ်။

ဇာတ်ကြောင်းကတော့ ကပြား ဓားသမားတစ်ယောက် ရုပ်ဖျက်ပြီးငယ်စဉ်က စိတ်ဒဏ်ရာတစ်ခုအတွက်လက်စားချေဖို့ ကြိုးစားတဲ့ဇာတ်လမ်းမျိုးပါ။

သူဘာလို့ ရုပ်ဖျက်ထားတာလဲ..ဘာကိုလက်စားချေချင်တာလဲ..ဘယ်သူ့ကိုလက်စားချေချင်တာလဲ..သိရဖို့အပိုင်း 8 ပိုင်းပါဝင်တဲ့ ဒီစီးရီးကို ကြည့်ရှုပေးကြပါဦးခင်ဗျာ။

Linkစုpost👇

https://t.me/mxtani/120
12
Sakamoto Days (2025)

Sakamoto ဆိုတဲ့ဘဲကြီးက မြေအောက်လောကမှာ ဆရာတစ်ဆူပါ။ဂန္ဒဝင်တွင်ရတဲ့ ကြေးစားလူသတ်သမားကြီးတစ်ယောက်ပေါ့။ဒါပေမဲ့ အချစ်စစ်နဲ့ တွေ့သွားတဲ့နောက် လူတွေလည်းမသတ်တော့ပဲ ကြေးစားဘဝကနေ စွန့်လွှတ်ပြီး မိသားစုဘဝလေးထူထောင် ဈေးရောင်းရင်း ဖတ်တီးပုတ်ကြီး ဖြစ်လို့နေပါပြီ။လူသာဝတာပါ လက်ရည်ကတော့ တစ်စက်မှ မကျသေးတဲ့ ဝတုတ်ပေါ့ဗျာ။အဲဒီမှာ Sakamoto ကို လေးစားအားကျပြီး သူများစိတ်ကို ဖတ်နိုင်တဲ့အစွမ်းရှိတဲ့ ဂိုဏ်းလူမိုက်လေး Shin ဆိုတာ ရှိပါတယ်။သူက Sakamoto ကို အားကျနေပါတယ်ဆိုကာမှ သူ့ခေါင်းဆောင်က အဲ့ဒီဖက်တီးက ဒီလောကထဲကနေ နုတ်ထွက်သွားတာကြောင့်ဒီလိုမျိုး မရှိရဘူး သူ့ကိုသတ်ခဲ့ဆိုပြီး စေခိုင်းလိုက်တဲ့အချိန်ကနေ နောက်ထပ် ဘယ်လိုတွေဆက်ဖြစ်ရမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။​ဇာတ်လမ်းလေးက ပုံမှန်အတိုင်း သွားထားတယ်ဆိုပေမဲ့ နောက်ပိုင်းတွေ ဘာဆက်ဖြစ်လာမလဲ မျှော်လင့်ရပြီး တိုက်ခိုက်ခန်းတွေကတော့ ထူးခြားပြီး မိုက်ပါတယ်။ဟာသလေးတွေလည်း ပါဝင်တာမို့ ကြည့်ပျော်ရှုပျော် ဖြစ်နေမှာ အမှန်ပဲ။

Linkစုpost👇

https://t.me/mxtani/133
16
Solo Leveling Season 2 Episode 2 ရပါပြီ။

Episode - 2👇
https://t.me/mxtani/136

Link Collection👇
https://t.me/mxtani/130
13
Chainsaw Man (2022)

Chainsaw Man ဟာ Manga မှာထဲကတော်တော်ကို hype ခဲ့တဲ့ ဇာတ်လမ်းပါ။

အကြွေးတွေ ပတ်လည်ဝိုင်းပြီး မသေရုံတမယ် စားသောက်ပြီး

အသက်ရှင်နေရတဲ့ Denji ဆိုတဲ့ ကောင်လေး တစ်ယောက်ရှိပါတယ်။

သူ့မှာ ဖခင်ချန်ခဲ့တဲ့ အကြွေးတွေ ဆပ်ရင်းတစ်ရက်ကို ပေါင်မုန့်တစ်ချပ်လောက်စားရဖို့ အရေး ရုန်းကန်လှုပ်ရှားနေရသူပါ တစ်ရက်မှာတော့..

သူ့ဘ၀ ထဲကို Pochita လို့ခေါ်တဲ့ Devil Pet လေး တစ်ကောင်စရောက်လာပြီး..

အတူတူ မကောင်းဆိုးဝါးတွေကိုကြေးစားလိုက်သတ်ရင်း အကြွေးတူတူ ဆပ်ကြတာပေါ့

တစ်ရက်မှာတော့ Denji ရဲ့ အလုပ်ရှင်က အလုပ်တစ်ခုကို ထပ်အပ်ပါတယ်..

အဲ့ဒီ အလုပ်ကနေ စပြီး Denji ရဲ့ ဘ၀ပြောင်းလဲသွားဖို့ အကြောင်းဖန်လာခဲ့သောအခါ....

Chainsaw Man Movie မထွက်ခင်ပြန်ကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်။

Linkစုpost👇

https://t.me/mxtani/138
17💋3🐳1
Sakamoto Days Episode 3 ရပါပြီ။

Episode - 3👇
https://t.me/mxtani/152

Link Collection👇
https://t.me/mxtani/133
4
Solo Leveling Season 2 Episode 3 ရပါပြီ။

Episode - 3👇
https://t.me/mxtani/153

Link Collection👇
https://t.me/mxtani/130
9🍓1
Sakamoto Days Episode 4 ရပါပြီ။

Episode - 4👇
https://t.me/mxtani/154

Link Collection👇
https://t.me/mxtani/133
6💋1
Solo Leveling Season 2 Episode 4 ရပါပြီ။

Episode - 4👇
https://t.me/mxtani/155

Link Collection👇
https://t.me/mxtani/130
5
Sakamoto Days Episode 5 ရပါပြီ။

Episode - 5👇
https://t.me/mxtani/156

Link Collection👇
https://t.me/mxtani/133
5
Solo Leveling Season 2 Episode 5 ရပါပြီ။

Episode - 5👇
https://t.me/mxtani/157

Link Collection👇
https://t.me/mxtani/130
5
Uzumaki (2024)

ကြောက်တတ်သူများ၊ရွံတတ်သူများ လုံးဝမကြည့်သင့်ပါ!!!!!

ဒီကားလေးကတော့ ဂျပန်မှာ ကြောက်ဖို့ကောင်းတဲ့ ရွံ့ဖို့ကောင်းတဲ့ ဇာတ်လမ်းတွေကို ဖန်တီးတဲ့ Junji Ito ရဲ့လက်ရာပါ။

ထူးထူးဆန်းဆန်းအနေနဲ့ ရုပ်ပြစာအုပ်ဆန်ဆန်‌ပြောရမလား အဖြူနဲ့အမဲပဲ ပါမယ်ဆိုတော့ Horror,mystery themeနဲ့အရမ်းလိုက်မယ်ထင်မိပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ခုလိုဇုချိုမြို့လေးဟာ ကျိန်စာတခုပေါ်လာခဲ့ပါတယ်။

ကနဦးအစမှာတော့ အိမ်တွင်းအောင်းနေတဲ့လူတစ်ယောက်ဟာအရစ်အဝဲတွေကို စွဲလန်းလွန်းလာတာကနေစပါတယ်။

အဲ့ဒီနောက်တဖြည်းဖြည်းဆိုးလာပြီး တမြို့လုံးမှာပါ စွဲလန်းမှုကသက်ရောက်လာချိန်မှာတော့…..

Linkစုpost👇

https://t.me/mxtani/3
13💋3🐳2