MxT Anime & Cartoon
35.4K subscribers
1.51K photos
250 videos
1.74K links
အရမ်းကြည့်ချင်နေတဲ့ ဇာတ်ကားများကို တစ်ကား ၅၀၀ ကျပ်နဲ့လာရောက်တောင်းဆိုနိုင်ပါပြီ - @quanxisfei
Download Telegram
Gintama: The Movie (2010)

Anime လောကမှာတော့ Gintama ဆိုရင် မသိကြတဲ့လူ တော်တော်ကို ရှားပါတယ်။

ဒီကောင်က သူများ Anime တွေကိုခဏခဏ Reference ယူယူပြီး ဟာသလုပ်လေ့ရှိတဲ့အပြင်

Deadpool တို့လိုလည်း 4th Wall Breaking လုပ်ပါသေးတယ်။

နောက်ပြီး သူ့ရဲ့ဟာသတွေက တော်တော်ကို ရယ်ရတဲ့ထဲမှာ ပါဝင်တာပါ။

ဟာသဆိုလို့ ဟာသတွေပဲပါတာမဟုတ်ပါဘူး ချကြပြီဆိုရင် တကယ်ဖိုက်ကြပါတယ်။

ဒါကတော့ သူတို့ရဲ့ ပထမဆုံး ထွက်ရှိလာတဲ့ Movie ပဲ ဖြစ်ပါတယ်။

အစမှာတင်ဇာတ်လမ်းက မစသေးဘူး ဟောလိဝုဒ်က Warner Bros ကို ထိုင်ဖြုတ်နေကြတာ အခွီတစ်လိုင်းပါ။

ဒီ Movie မှာတော့ Series မကြည့်ဖူးလည်း ဇာတ်လမ်းက သီးခြားလေးဖြစ်နေတော့ အဆင်ပြေပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/306
9
Gintama The Movie 2: The Final Chapter: Be Forever Yorozuya (2013)

Gintama တို့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ဒီကားကျ ဇာတ်လမ်းစထားတာကိုက တော်တော်လေး ထူးခြားတာပါ ထုံးစံအတိုင်း အဖောက်ပေါ့။စစချင်းရုပ်ရှင်ရုံမှာ ခိုးမရိုက်ရဘူးတို့ လုပ်သင့်လုပ်ထိုက်တဲ့ ရုပ်ရှင်ပညာပေးတွေကို ဆုံးမနေကြတာ။နောက်ကျ မဆီမဆိုင် ပုံစံနဲ့ဇာတ်လမ်းကြီးကို ဝုန်းခနဲ အစပျိုးပြသွားတာတော့ အမိုက်စားပါ။ဒီကားကျ ကိုယ့်ဆရာတွေက Time Travel တွေ ပါလာပြီ ဖြစ်ပါတယ်။Gintama တစ်ယောက် ရုပ်ရှင်ရုံထဲက ခိုးရိုက်ကောင်ကို ဖမ်းပြီး အပြစ်ပေးရာကနေအူတိအူကြောင်နဲ့ နောင် ၅ နှစ် အနာဂတ်ကို ရောက်သွားပါတော့တယ်။အဲဒီမှာ သူဆိုတာလည်း သေဆုံးနေပြီး သူတို့ကမ္ဘာကြီးက အဖြူရောင်ပလိပ်ဆိုတဲ့ ကပ်ဘေးဒုက္ခကြောင့်ပျက်စီးယိုယွင်းပြီး သုဿန်တစ်စပြင် ဖြစ်လို့နေပါပြီ။အဲဒါကြောင့်ဘုမသိဘမသိတဲ့ Gintama တစ်ယောက် ဒါတွေကို ဘယ်လိုပြုပြင်သွားမလဲသူ့တပည့်ကျော်နှစ်ယောက်ကလည်း ဘယ်လိုတွေ ဖြစ်နေမလဲ စသဖြင့် Gintama ထုံးစံအတိုင်းဟာသတွေ အပုံလိုက်နဲ့ ဇာတ်လမ်းကောင်းတစ်ခုကို တင်ဆက်ထားတာဖြစ်လို့ အားရပါးရ ခံစားလိုက်ကြပါဦး။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/307
4😭1
Gintama: The Very Final (2021)

Gintama တို့ Anime စီးရီးမှာ ဇာတ်သိမ်းသွားတဲ့အခန်းကနေ ပြန်ဆက်ပေးထားတဲ့ တကယ့်နောက်ဆုံးအပိတ် Movie ဖြစ်ပါတယ်။Edo ကြီးကို Tendoshuu တွေ ဝင်တိုက်ခိုက်တာကို ပြန်ခုခံအပြီးကြုံရာကျပန်းအဖွဲ့သားတွေ ကိုယ်စီလမ်းခွဲခဲ့ကြတယ်။Utsuro ပြန်လာမှာကို ကြိုမြင်နေတဲ့ Gin တစ်ယောက် စုံစမ်းစရာရှိတာတွေကို ထွက်စုံစမ်းနေတဲ့အချိန်မသေခြင်းတရားကို လိုချင်နေကြတဲ့ Tendoshuu တွေ Edo မှာ နောက်တစ်ခါ ပြဿနာလာရှာနေတာမို့ဆရာ Shoyo ရဲ့ တပည့်ကျော် ၃ ယောက်သား ပြန်စည်းလုံးပြီး အသေဖြုတ်ကြမှာပဲ ဖြစ်ပါတယ်။ဒီလောက်များတဲ့လူတွေကို မနိုင်တော့ ထုံးစံအတိုင်း Gintama အဖွဲ့သားတွေလည်းကိုယ်စီဆေးစက်ကျရာကနေ အုပ်လိုက်ကြီးနဲ့ ရုပ်ရှင်တစ်ကားစာ ထိုင်ချကြတာကို အားရပါးရ ကြည့်ရမှာပဲ ဖြစ်ပါတယ်။Gintama ထုံးစံအတိုင်း ဟာသအဖောက်တွေ တခြား Anime တွေကို Reference ယူပြီး ပြောင်တာတွေ4th Wall Breaking တွေကတော့တောက်လျှောက်ပါနေမှာ ဖြစ်လို့ အပျင်းတွေလည်း ပြေရပါသေးတယ်။Gintama ပရိသတ်တွေအတွက်တော့ ဒါဟာ တကယ့်နောက်ဆုံး ရုပ်ရှင်ဖြစ်တာကြောင့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေဗျာ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/308
7🐳1
Ice Age: The Meltdown (2006)

ဒီဇာတ်ကားက Ice age franchiseရဲ့ ဒုတိယဇာတ်ကား ဖြစ်ပြီး၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားက ဆင်ကြီးမန်နီရဲ့emotional damageကို အဓိကဦးတည်ထားတာပဲ ဖြစ်ပါတယ်၊အ​မွေးရှည် မန်းမွန့်ဆင်မျိုးစိတ်ထဲမှာ သူသာကျန်ခဲ့​တော့တယ်လို့ယုံကြည်ထားတဲ့ ဆင်ကြီးမန်နီဟာ အထီးကျန်​ဝေဒနာကို ခံစားခဲ့ရသလို သူငယ်ချင်း​တွေဖြစ်တဲ့ ဒီ​ယေဂိုနဲ့ ဆစ်ဒ်တို့ဟာလည်း သူ့ကိုမ​ဖျောင်းဖြနိုင်ခဲ့ပါဘူး။အဲဒီအချိန်မှာ မန်နီ့ဘဝရဲ့ကံ​ကောင်းမှုအဖြစ် အယ်လီဆိုတဲ့မျိုးတူဆင်မ​လေးတစ်​ကောင်ဟာ သူ့ဘဝထဲကိုဆိုက်ဆိုက်မြိုက်မြိုက်ပဲ​ရောက်လာခဲ့ပါတယ်။ ဖြစ်ချင်​တော့ အယ်လီက ငယ်ဘဝမှာထဲကမိဘ​တွေနဲ့ သင်းကွဲပြီး ကြွက်​မိသားစုရဲ့ ပျိုး​ထောင်မှု​​ကို ခံခဲ့ရလို့သူ့ကိုယ်သူ ကြွက်လို့ထင်​​နေတာပဲ ဖြစ်ပြီး အက်ဒီနဲ့ ခရက်ရှ်ဆိုတဲ့​မောင်နှစ်​ယောက်ပါ ရှိ​နေပါ​သေးတယ်။ဒါ​ကြောင့် ဆင်ကြီးမန်နီအ​နေနဲ့ အယ်လီကို လူပျိုမလှည့်ခင် သူ့ရဲ့ဘဝမှန်ကို အရင်သိ​အောင် ​​ရှင်းပြရသလို သူ့​မောင်နှစ်​ကောင်ကိုစည်းရုံး​ရေးဆင်းရင်း ကြုံရမယ့်အလွဲ​​အမှားတွေကို ဟာသ​နှောပြီးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/309
12
Ice Age: Dawn of the Dinosaurs (2009)

ဒီဇာတ်ကားက Ice age franchiseရဲ့ တတိယဇာတ်ကား ဖြစ်ပြီး၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီကားရဲ့အဓိဇာတ်ဆောင်ကအချစ်တော် ဆလော့တ် ဆစ်ဒနီပဲဖြစ်ပါတယ်။ ကမ္ဘာဦးရေခဲခေတ်မှာ သူတို့မသိထားတဲ့ မြေအောက်ကမ္ဘာတစ်ခု ရှိနေခဲ့ပြီး တစ်နေ့မှာအဲဒီကမ္ဘာကို သွားတဲ့ဝင်ပေါက်တစ်ခုကို ဆစ်ဒ်က ကံအားလျော်စွာရှာတွေ့သွားခဲ့ပါတယ်။ မိသားစုရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ဆစ်ဒ်ဟာသူငယ်ချင်း မန်နီရဲ့မိသားစုဘဝကို အားကျတာကြောင့် ကိုယ်ပိုင်
မိသားစုတစ်ခုကို လိုချင်နေခဲ့တာပါ။ ဒါကြောင့် မြေအောက်ကမ္ဘာမှာ တွေ့ခဲ့တဲ့ဥသုံးလုံးကို ဘူမသိကိုးမသိ မြေပေါ်ကမ္ဘာကိုယူလာပြီးသူ့ကလေးတွေလို ပျိုးထောင်ဖို့လုပ်ခဲ့ပါတယ်။ဖြစ်ချင်တော့ အဲဒီဥတွေဟာ ဒိုင်နိုဆောဥတွေဖြစ်နေပြီး မိခင်ရင်းဖြစ်သူ ဒိုင်နိုဆောမကြီးက မြေပေါ်အထိ တက်လာပြီးသူ့ကလေးတွေကို ပြန်လာခေါ်ရင်း ဥတွေကိုယူသွားတဲ့ ဆစ်ဒ်ကိုပါ ဖမ်းသွားလို့ မန်နီ ဒီယေဂိုနဲ့ ကိုယ်ဝန်အရင့်အမာကြီး ဖြစ်နေတဲ့ အယ်လီတို့တစ်သိုက်ခမျာ သူတို့ကျွမ်းဝင်တဲ့ မြေအောက်ဒိုင်နိုဆောကမ္ဘာအထိလိုက်ပြီး ဆစ်ဒ်ကိုကယ်ဖို့ ကြိုးစားရပါတော့တယ်


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/310
8
Merry Christmas Everyone🎄

Stay blessed and happy always ૮₍ ˶•ᴗ•˶₎ა
40💋6🍓5🐳3
Ice Age: Continental Drift (2012)

ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာအစကတည်းက ပါဝင်ခဲ့တဲ့ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း​နေတဲ့ ရှဉ့်​လေး​ကြောင့်ပဲ ဒီဇာတ်လမ်းမြစ်ဖျားခံလာခဲ့တယ်လို့​ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲ​နေတဲ့ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက်အူတိုင်ထဲကို ​ကျသွားပြီး သူ့ရဲ့ဂယက်​ကြောင့်ပဲ ကမ္ဘာဦး​ခေတ်ရဲ့ကုန်း​မြေ​တွေ တစ်စစီပြိုကွဲသွားကာ ယ​နေ့​ခေတ် တိုက်ကြီး၇ခုရဲ့ကနဦးဗားရှင်း​​တွေ ဖြစ်လာခဲ့ပါတယ်။ဒီသက်​ရောက်မှုကို အဓိကခံခဲ့ရတာက ​ကမ္ဘာပေါ်ကတိရစ္ဆာန်​တွေဖြစ်ပြီး ​မြေလွှာပြတ်​ရွေ့မှု​တွေ​ကြောင့် ​​နေရပ်​ဌာနတွေ ပျက်စီးကာမိသားစုပြိုကွဲမှု​တွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်​ကျော်မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့အ​ဝေးကိုရောက်သွားခဲ့တာ​ကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ကြိုးစားအားထုတ်မှု​တွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြ​အဖွဲ့ရဲ့အန္တရာယ်​တွေကို ​ကျော်ဖြတ်ဖို့ကြိုးစားမှု​တွေကို မြင်​တွေ့ရမှာပါ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/311
12
Ice Age: Collision Course (2016)

ဒီဇာတ်ကားက Ice age franchiseရဲ့ ပဥ္ဇမဇာတ်ကား ဖြစ်သလို​နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပြီး ၂၀၁၆နှစ်မှာ ထွက်ခဲ့ပါတယ်။ဒီဇာတ်ကားရဲ့ အဓိကလက်သည်ကလည်း ထုံးစံအတိုင်း ရှဉ့်​​လေးဖြစ်ခဲ့ပြီး ဝက်သစ်ချသီးကို လိုက်ဖမ်းရင်းပန်းကန်ပြားပျံတစ်စင်း​တွေ့ကာ အာကာသထဲ​ရောက်သွားရမှတဆင့် ဒီဇာတ်လမ်း စခဲ့ပါတယ်။ သူ့ရဲ့ဂယက်​တွေ​ကြောင့်ပဲ ကမ္ဘာ​ပေါ်ကို ဥက္ကာခဲကြီးတစ်ခုပြုတ်ကျလာပြီး အဲဒီဥက္ကာခဲက​နေတဆင့် ​​နောက်ထပ်ဥက္ကာခဲ​​တွေတစ်လုံးပြီး တစ်လုံး ဆင့်ကျလာရင်း ကမ္ဘာပျက်မယ့်အ​ရေးအထိ
ကြုံလာရပါ​တော့တယ်။ဒါ​ကြောင့် မန်နီ ဆစ် ဒီ​ယေဂိုတို့ သူငယ်ချင်း​တွေနဲ့ မိသားစုဝင်​တွေIce Age 3မှာ ပါဝင်ခဲ့တဲ့ ဘက်ခ်တို့ပါ ပြန်လည်ပါဝင်လာပြီး ကမ္ဘာပျက်မယ့်အ​ရေးကို ကာကွယ်ဖို့ ဖြစ်လာပါတယ်။တစ်ဖက်မှာလည်းမန်နီရဲ့သမီး​လေးပိချက်စ်မှာ ချစ်ရတဲ့သူရှိလာပြီး တစ်အိုးတစ်အိမ်​ထူ​ထောင်ဖို့ ကြိုးစားလာတာ​ကြောင့် သမီးကို တုန်​နေ​အောင်ချစ်တဲ့ဆင်ကြီးမန်နီခမျာ သမီးကိုလက်မလွှတ်နိုင်၊ နှ​မြောလည်းနှ​မြောပြီးသမီးဖြစ်သူရဲ့ ချစ်သူ သမက်​လောင်းကို ဘုကလန့်တိုက်ပုံ​တွေကအ​တော်​လေးရယ်ရပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/312
9🐳2
Ice Age : Adventure of Buck Wild (2022)

ဒီတစ်ခေါက်အဓိက စွန့်စားခန်းဖွင့်မှာကတော့ မမ်မို့ဆင်မလေး အယ်လီရဲ့ မောင်နှမဖြစ်တဲ့ ပေါ့ဆမ်နှစ်ကောင် ခရက်ရှ် နဲ့ အက်ဒီတို့ပါပဲ။ခရက်ရှ်နဲ့အက်ဒီဟာ သူတို့ကို အမြဲစိုးရိမ်ပြီး ချုပ်ချယ်နေတဲ့ အယ်လီတို့ဆီကနေ ခိုးထွက်လာပြီးမြေအောက်ကမ္ဘာမှာနေတဲ့ ဘက်ခ် ဆီကို သွားလည်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ဒိုင်နိုအော်ဆန်က ရက်ပ်တာတွေကို ခေါ်လာပြီးပျောက်ဆုံးနေတဲ့ကမ္ဘာကို သိမ်းပိုက်ဖို့ ကြိုးစားလာတဲ့အခါတလွဲတချော် စွန့်စားခန်းအသစ်တွေ စတင်ပါတော့တယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/313
16😭1
Ice Age: Scrat Tales (2022)

သစ်ချသီးတစ်လုံးသည် သူ့ချည်းသီးသန့်ဆို အခွံမာသီးတစ်လုံးသာဖြစ်သလိုရှဉ့်တစ်​ကောင်သည်လည်း အ​မွေးပွ​ယောင်း​​ယောင်း နှင့် ချစ်စရာတိရစ္ဆာန်​လေးဖြစ်သည် ဟု ဆိုပါစို့၊သူ့ဘသာသူ သီးသန့်ရှိ​​​နေကြမည်ဆိုရင်ဖြင့် ဘာဆိုဘာမှ မဖြစ်​ပေမယ့်တို့​တွေဆုံစည်းမိလျှင်​တော့ ​ကမ္ဘာအစ ​ရေခဲ​ခေတ် အရည်​ပျော်ပါသည်၊ကမ္ဘာ့ဝင်ရိုး​ပြောင်းကာ တစုတစည်း​တည်းရှိ​သော ကုန်း​မြေပြင်မှသည် တိုက်ကြီး ၇ခုအထိ ကွဲထွက်သွားနိုင်သည်၊ယုတ်စွအဆုံး ​​မြေ​အောက်ကမ္ဘာထဲမှာ သွား​နေ​နေတဲ့ ဒိုင်နို​ဆော​တွေပါ ငါးပါး​မှောက်ရသည်။အဟုတ်ဖြစ်သည်၊ဒီ​လောက်ဒုက္ခများရသည်မှာ ထိုသစ်ချသီးနဲ့ ရှဉ့်က အပြင်​လောကမှာရှိ​နေတဲ့ အရာ​တွေမဟုတ်ဘဲIce Age ကမ္ဘာထဲက ကမ္ဘာဦးရှဉ့်နှင့် ဝက်သစ်ချသီး ဖြစ်​နေ​သော​ကြောင့် ဖြစ်သည်Ice Ageအစကတည်းက ကိုယ့်လက်ဝယ်ရပြီးသား သစ်ချသီးကိုအနှီကမ္ဘာဦးရှဉ့်က မစားဘဲသိမ်းထားဖို့ ကြိုးပမ်းရာမှ Ice Age franchiseကြီး စတင်ခဲ့ချေသည်တမုံ့။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/314
12
The Secret Life of Pets (2016)

၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး လူကြီးလူငယ်မရွေး သဘောကျနှစ်သက်ခဲ့ကြတဲ့The Secret Life Of Pets ကာတွန်းကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ကိုယ်အိမ်မှာမရှိတုန်း တိလေးတွေ ဘာလုပ်နေမလဲလို့ တွေးကြည့်ဖူးလားဗျ။ကျွန်တော် ငယ်ငယ်ကတော့ အပြင်သွားချင်ယောင်ဆောင်ပြီးအိမ်က ခွေးလေးတွေ ဘယ်လိုနေထိုင်ကြလဲ စောင့်ကြည့်ဖူးပါတယ်။ ဒီကာတွန်းကားလေးဟာလည်း သခင်တွေအိမ်မှာမရှိတုန်းအပီအပြင်သောင်းကျန်းကြတဲ့ တိလေးတွေရဲ့ လျှို့ဝှက်ဘဝကိုဟာသနှော တင်ဆက်သွားတာပါ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/315
10
The Secret Life of Pets 2 (2019)

Secret Life Of Pets 1 ရဲ့ Sequel အနေနဲ့ထွက်ရှိထားတဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ကျွန်တော်တို့ ဇာတ်လိုက်လေး Max ဟာ အခုတော့ Duke နဲ့အတော်လေး အပေးအယူမျှသွားကြပါပြီ။ဆိုတော့ အရင်ကလို သခင်နဲ့အတူအပူအပင်ကင်းကင်းနေတော့မယ်ဆိုတဲ့အချိန်မှKatie ဟာ ရုတ်တရက်အိမ်ထောင်ကျသွားပါတယ်။ ဒီလိုနဲ့ Liam ဆိုတဲ့ ကလေးလေး မွေးဖွားလာခဲ့ပါတယ်။Liam လေး အရွယ်ရောက်လာတဲ့အခါမှာ Max နဲ့သံယောဇဉ်တွယ်လာခဲ့သလို Max ဟာလည်းမျက်စိရှေ့က အပျောက်မခံနိုင်လောက်အောင်ကို အဖြစ်သည်းလာခဲ့ပါတယ်။Liam ကို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ကာကွယ်ရင်း ဗျာများနေရတဲ့ Max အဖြစ်ကို မြင်ရမှာဖြစ်ပါတယ်။ကာတွန်းကားဆိုပေမဲ့ ယူသင့်ယူထိုက်တဲ့ သင်ခန်းစာလေးတွေကိုပါးပါးနပ်နပ် ထည့်သွင်းပြသသွားတာမို့ အချိန်ပေးကြည့်ရှုရတာ တန်ပါတယ်ဗျာ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/316
12
That Christmas (2024)
 
နှစ်ကုန်မှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖို့ မကြာသေးခင်ကမှထွက်ရှိထားတဲ့ဇာတ်ကားလေးတင်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့ IMDb 6.8/10ရရှိထားပြီး ပေါ့ပေါ့ပါးပါးနဲ့အေးအေးဆေးဆေးကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါပဲ။ဇာတ်လမ်းအညွှန်းပြောရရင်တော့ ခရစ်စမတ်အကြိုနေ့မှာ လူတိုင်းဟာကိုယ့်အစီအစဉ်နဲ့ကိုယ် ပျော်ရွှင်ဖွယ်ရာပွဲတွေလုပ်ဖို့စီစဉ်နေကြတဲ့အချိန်မထင်မှတ်ထားတဲ့ ရာသီဥတုကြောင့်နှင်းမုန်တိုင်း၂ခါတိုက်ပြီး လူတိုင်းလိုလိုရဲ့အစီအစဉ်တွေပျက်သွားပြီး အားလုံးစိတ်ညစ်ကုန်ကြ‌ပါတယ်။ဒါပေမဲ့ ခရစ်စမတ်ဆိုတာပျော်ပွဲရွှင်ပွဲတွေနဲ့မဆိုင်ပဲ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ်နဲ့အတူရှိနေဖို့သာအဓိကဖြစ်ပြီး နေတတ်ရင်အရာရာတိုင်းကပျော်ရွှင်ဖို့ကောင်းကြောင်းကို ရသအစုံနဲ့ရိုက်ပြထားပါတယ်။ဒီတော့ အားလုံးလဲဒီဇာတ်ကားလေးနဲ့အတူတူလိုက်ပါစီးမျောပြီးကြည့်ရှုခံစားလိုက်ကြပါဦး။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/317
14
The Tigger Movie (2000)

ဒီဇာတ်ကားလေးက ကျွန်တော်တို့ငယ်ငယ်က အတော်လေးသဘောကျခဲ့ရတဲ့Winnie The Pooh ကာတွန်းဇာတ်လမ်း တွေထဲက Tiggerလေးကို အဓိကထားပြီးရိုက်ကူးထားတဲ့Animationဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။အမြဲပျော်ပျော်နေတတ်ပြီး စပရိန်လိုမျိုး အမြီးတစ်ချောင်းနဲ့ အမြဲခုန်ပေါက်နေတတ်တဲ့၊အမြဲရှေ့နောက်မကြည့်တတ်ဘဲ သူများတကာကို မရည်ရွယ်ဘဲ ဒုက္ခပေးမိသလိုအမြဲတမ်း ဖြစ်တတ်တဲ့ Tiggerလေးတစ်ကောင်ဆောင်းတွင်းတစ်ခုကို အရောက်မှာတော့သူ ငယ်စဉ်ကတည်းက မတွေ့ခဲ့ဖူးတဲ့ သူ့မိသားစုဝင်တွေကို ပြန်တွေ့ချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်လာတာ‌ကြောင့်အပြောကျယ်လှတဲ့ ဧကတစ်ရာတောထဲမှာ မိသားစုပျာက်ရှာပုံတော် ဖွင့်ခဲ့ပါတော့တယ်။သူ့ကို ကူရှာပေးတဲ့သူကတော့ သားပိုက်ကောင်‌မေမေကြီး ကန်ဂါရဲ့သားလေး ရူးပဲ ဖြစ်ပါတယ်။သူတို့နှစ်ကောင်သားတစ်တောလုံးအနှံ့ ရှာပုံတော်ထွက်ရင်း သူတို့ရှာ‌နေကြတဲ့ တစ်ဂါးမိသားစုတွေနဲ့ ပြန်ဆုံတွေ့နိုင်ကြမှာလား။ဘယ်လိုအလွဲအ‌ချော်တွေ ဖြစ်ကြဦးမလဲဆိုတာ မိသားစုနဲ့အတူ ငယ်ဘဝရဲ့အမှတ်တရအ‌နေနဲ့ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/318
13
Ice age ရဲ့ထွက်ထားသမျှဇာတ်ကားအကုန်ကို Link စုထားပေးပါတယ်။

Ice age (2002)
https://t.me/mxtcartoon/129

Ice Age: The Meltdown (2006)
https://t.me/mxtcartoon/756

Ice Age: Dawn of the Dinosaurs (2009)
https://t.me/mxtcartoon/758

Ice Age: A Mammoth Christmas (2011)
https://t.me/mxtcartoon/575

Ice Age: Continental Drift (2012)
https://t.me/mxtcartoon/762

Ice Age: Collision Course (2016)
https://t.me/mxtcartoon/764

Ice Age: Adventure of Buck Wild (2022)
https://t.me/mxtcartoon/768

Ice Age: Scrat Tales (2022)
https://t.me/mxtcartoon/771
29🍓3
Strawberry Shortcakes Spring Spectacular (2024)

Strawberry Shortcake’s Spring Spectacular က ကလေးတွေနဲ့ မိသားစုများအတွက် ပျော်စရာကောင်းပြီး စိတ်ဝင်စားဖွယ်ကာတွန်းဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို MGA Entertainment နှင့် Iconix Entertainment တို့က ထုတ်လုပ်ပြီး animation ကို DHX Media (အခု WildBrain) မှ တာဝန်ယူထားတာဖြစ်ပါတယ်….ဇာတ်လမ်းလေးကတော့ Strawberry Shortcake နဲ့ သူငယ်ချင်းတသိုက် နွေဦးပွဲတော်အတွက် ဘယ်လိုပေါင်းစည်းစုရုံးပြီး ပြင်ဆင်ကြလဲဆိုတာကို ရိုက်ပြတင်ဆက်ပေးထားတာဖြစ်ပါတယ်။ အရောင်အသွေးစုံ animation များ စိတ်ဖိစီးမှုမရှိတာတွေ သီချင်းတွေကတော့ ပိုမိုထူးခြားစေပါတယ် ကလေးများအတွက် အထူးသင့်တော်ပါတယ်။မိသားစုနှင့်အတူ ပျော်ရွှင်စွာကြည့်ရှုနိုင်ပြီး Strawberry Shortcake ချစ်သူများအတွက် အကြိုက်တွေ့စေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပါ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/319
7🍓3
Solo Leveling Season 2 Episode 1 ရပါပြီ။

Episode - 1👇
https://t.me/mxtani/132

Link Collection👇
https://t.me/mxtani/130
9
Blue Eye Samurai (2023)

Animation ဆိုပေမဲ့ 18နှစ်အထက်မှ ကြည့်ဖို့ သတိပေးချင်ပါတယ်ဗျ..

နာမည်မှာ မြင်တဲ့အတိုင်း ဆာမူရိုင်းသိုင်းကားပါခင်ဗျ။

ဂျပန်ခေတ် Edo Period ကို နောက်ခံထားပြီး သိုင်းကွက်တွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မြင်တွေ့ရပါမယ်။

ဇာတ်ကြောင်းကတော့ ကပြား ဓားသမားတစ်ယောက် ရုပ်ဖျက်ပြီးငယ်စဉ်က စိတ်ဒဏ်ရာတစ်ခုအတွက်လက်စားချေဖို့ ကြိုးစားတဲ့ဇာတ်လမ်းမျိုးပါ။

သူဘာလို့ ရုပ်ဖျက်ထားတာလဲ..ဘာကိုလက်စားချေချင်တာလဲ..ဘယ်သူ့ကိုလက်စားချေချင်တာလဲ..သိရဖို့အပိုင်း 8 ပိုင်းပါဝင်တဲ့ ဒီစီးရီးကို ကြည့်ရှုပေးကြပါဦးခင်ဗျာ။

Linkစုpost👇

https://t.me/mxtani/120
12
Sakamoto Days (2025)

Sakamoto ဆိုတဲ့ဘဲကြီးက မြေအောက်လောကမှာ ဆရာတစ်ဆူပါ။ဂန္ဒဝင်တွင်ရတဲ့ ကြေးစားလူသတ်သမားကြီးတစ်ယောက်ပေါ့။ဒါပေမဲ့ အချစ်စစ်နဲ့ တွေ့သွားတဲ့နောက် လူတွေလည်းမသတ်တော့ပဲ ကြေးစားဘဝကနေ စွန့်လွှတ်ပြီး မိသားစုဘဝလေးထူထောင် ဈေးရောင်းရင်း ဖတ်တီးပုတ်ကြီး ဖြစ်လို့နေပါပြီ။လူသာဝတာပါ လက်ရည်ကတော့ တစ်စက်မှ မကျသေးတဲ့ ဝတုတ်ပေါ့ဗျာ။အဲဒီမှာ Sakamoto ကို လေးစားအားကျပြီး သူများစိတ်ကို ဖတ်နိုင်တဲ့အစွမ်းရှိတဲ့ ဂိုဏ်းလူမိုက်လေး Shin ဆိုတာ ရှိပါတယ်။သူက Sakamoto ကို အားကျနေပါတယ်ဆိုကာမှ သူ့ခေါင်းဆောင်က အဲ့ဒီဖက်တီးက ဒီလောကထဲကနေ နုတ်ထွက်သွားတာကြောင့်ဒီလိုမျိုး မရှိရဘူး သူ့ကိုသတ်ခဲ့ဆိုပြီး စေခိုင်းလိုက်တဲ့အချိန်ကနေ နောက်ထပ် ဘယ်လိုတွေဆက်ဖြစ်ရမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။​ဇာတ်လမ်းလေးက ပုံမှန်အတိုင်း သွားထားတယ်ဆိုပေမဲ့ နောက်ပိုင်းတွေ ဘာဆက်ဖြစ်လာမလဲ မျှော်လင့်ရပြီး တိုက်ခိုက်ခန်းတွေကတော့ ထူးခြားပြီး မိုက်ပါတယ်။ဟာသလေးတွေလည်း ပါဝင်တာမို့ ကြည့်ပျော်ရှုပျော် ဖြစ်နေမှာ အမှန်ပဲ။

Linkစုpost👇

https://t.me/mxtani/133
16
Solo Leveling Season 2 Episode 2 ရပါပြီ။

Episode - 2👇
https://t.me/mxtani/136

Link Collection👇
https://t.me/mxtani/130
13
Chainsaw Man (2022)

Chainsaw Man ဟာ Manga မှာထဲကတော်တော်ကို hype ခဲ့တဲ့ ဇာတ်လမ်းပါ။

အကြွေးတွေ ပတ်လည်ဝိုင်းပြီး မသေရုံတမယ် စားသောက်ပြီး

အသက်ရှင်နေရတဲ့ Denji ဆိုတဲ့ ကောင်လေး တစ်ယောက်ရှိပါတယ်။

သူ့မှာ ဖခင်ချန်ခဲ့တဲ့ အကြွေးတွေ ဆပ်ရင်းတစ်ရက်ကို ပေါင်မုန့်တစ်ချပ်လောက်စားရဖို့ အရေး ရုန်းကန်လှုပ်ရှားနေရသူပါ တစ်ရက်မှာတော့..

သူ့ဘ၀ ထဲကို Pochita လို့ခေါ်တဲ့ Devil Pet လေး တစ်ကောင်စရောက်လာပြီး..

အတူတူ မကောင်းဆိုးဝါးတွေကိုကြေးစားလိုက်သတ်ရင်း အကြွေးတူတူ ဆပ်ကြတာပေါ့

တစ်ရက်မှာတော့ Denji ရဲ့ အလုပ်ရှင်က အလုပ်တစ်ခုကို ထပ်အပ်ပါတယ်..

အဲ့ဒီ အလုပ်ကနေ စပြီး Denji ရဲ့ ဘ၀ပြောင်းလဲသွားဖို့ အကြောင်းဖန်လာခဲ့သောအခါ....

Chainsaw Man Movie မထွက်ခင်ပြန်ကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်။

Linkစုpost👇

https://t.me/mxtani/138
17💋3🐳1