MxT Anime & Cartoon
35.4K subscribers
1.52K photos
250 videos
1.74K links
အရမ်းကြည့်ချင်နေတဲ့ ဇာတ်ကားများကို တစ်ကား ၅၀၀ ကျပ်နဲ့လာရောက်တောင်းဆိုနိုင်ပါပြီ - @quanxisfei
Download Telegram
Moana (2016)

တီဖီတီ ဟာ ကျွန်းကို စောင့်ရှောက်တဲ့ နတ်သမီးတစ်ပါးဖြစ်ပြီး ကျွန်းတွေ၊ အသက်ဝိညာဉ်တွေစတဲ့ အရာအားလုံးကို ဖန်ဆင်းထားသူလဲ ဖြစ်ပါတယ်တီဖီတီ ရဲ့ နှလုံးသားဟာ ကျောက်စိမ်းတုံးလေးတစ်ခုအနေနဲ့ရှိပြီး အသက်ဝိညာဉ်တွေ ဖန်ဆင်းရာမှာ အသုံး ပြုနိုင်ပါတယ်အဲဒါကို လူသားနတ်ဘုရားဖြစ်တဲ့ မာဝီက သူ့ရဲ့ စွမ်းအားတွေ၊ ဝိညာဉ်တွေ မြှင့်တင်ဖို့နဲ့ မှော်ငါးမျှားချိတ်ကြီး ဖန် တီးဖို့အသုံးပြုခဲ့ပြီး မီးတောင်ချော်ရည်မိစ္ဆာကောင်ကြီး တီခါ နဲ့ ဆုံပြီးတဲ့နောက် တီဖီတီရဲ့ နှလုံးသားရော၊ မှော်ငါးမျှားချိတ်ကြီးရော သမုဒ္ဒရာထဲမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/21
21👍3
Encanto (2021)

Encantoဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာနိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊ ဒီ​နေရာမှာ​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို
 Encanto​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို့ ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကိုအကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်​တွေကိုမျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်ဒါ​ကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီရှိပါတယ်၊မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊တစ်​နေ့မှာ​တော့ Encanto​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေးအ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲသူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ​မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/22
20
The Good Dinosaur (2015)

ဒီ Animation ရုပ်ရှင်လေးဟာ ကလေးတွေတင်မကပါဘူး လူကြီးတွေပါ ကြိုက်ပါတယ်…ကျနော်တို့ မသိလိုက်တဲ့ ကျောက်ခေတ် မှာဒိုင်နိုဆော တွေဟာ သူတို့ဘာသာ အသက်ရှင်ရပ်တည်ဖို့ အသီးအရွက်စားတွေ ဆို လယ်တွေ စိုက်တယ်ရိတ်သိမ်းတယ် လှောင်ထားတယ် နွေစာ မိုးစာ ဆောင်းစာသက်သက်မှတ်မှတ် သိမ်းကြပြီး အသားစား သတ္တဝါတွေကတော့အသားစားလို့ရတဲ့ သတ္တဝါငယ်တွေကို မွေးမြူပြီး စားသောက်ကြပါတယ်အဲ့ဒီအချိန်မှာ လူသားတွေ ဆိုတာ ဒိုင်နိုဆော လောက်တောင်အသိဉာဏ် မဖွင့်ဖြိုးသေးတဲ့ ပုံစံ ပြသထားပြီးဒီရုပ်ရှင်ကား ရဲ့ အဓိက ဇတ်ကောင် ၂ ခုဖြစ်တဲ့အာလို ဆိုတဲ့ ဒိုင်နိုဆော ငကြောက်လေး ရယ်သူ့ကို အမြဲ လိုက်စောင့်ရှောက်ပေးတဲ့ စပေါ့ ဆိုတဲ့လူသားပေါက်စ လေးရယ် က ဇတ်လမ်းကိုအဆုံးထိ ထိုင်ရာက မထစတမ်း ကြည့်ချင်အောင်
စွဲဆောင်သွားပါတော့တယ်…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/23
24🍓1
Suzume no Tojimari (2022)

ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့Suzumeဟာ အ​ဒေါ်နဲ့အတူ​နေထိုင်တဲ့ မိဘမဲ့တစ်​​ယောက်ပါ။ သူငယ်စဥ်တုန်းက အ​မေ​သေချိန်မှာ အ​မေကိုလိုက်ရှာရင်း ​လမ်း​ပျောက်သွားခဲ့ဖူးပြီး ဘာ​တွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုမမှတ်မိတဲ့သူလည်းဖြစ်ပါတယ်။ တ​နေ့မှာ​တော့ ​ကျောင်းကိုသွားရင်း လမ်းမှာ လူငယ်တစ်​ယောက်နဲ့ဆုံခဲ့ပြီး လူမရှိတဲ့​နေရာကိုလိုက်ရှာ​နေ​ကြောင်း၊ တံခါးတစ်ချပ်အ​ကြောင်း​​မေးသွားခဲ့ပါတယ်။ ​နောက်​တော့Suzumeဟာ သိလိုစိတ်ပြင်းလာပြီး အဆိုပါလူငယ်သွား​လောက်တဲ့လူမရှိတဲ့​နေရာ​ဆီကိုလိုက်သွားရင်း တံခါးတစ်ချပ်ကို​တွေ့သွားခဲ့ပါတယ်။ အဆိုပါတံခါးကို Suzumeဟာ ဖွင့်လိုက်တဲ့အခါမှာ​တော့
...

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/24
20😭7🍓2
Soul (2020)

ဂျိုးဂါဒင်နာ ဆိုတဲ့ အလယ်တန်းပြဂီတ ဆရာတစ်ယောက်မှာ ဂျပ်ဇ်ဂီတကို စင်မြင့်ပေါ်မှာ ဖျော်ဖြေချင်တဲ့အိမ်မက် ဟိုးငယ်ငယ်ကလေးကတည်းကရှိခဲ့ပါတယ်။Half Note Club မှာ တစ်ခြား ဂျပ်ဇ် ပညာရှင်တွေကို အံ့သြသွားလောက်အောင် သူ့အရည်အချင်းကိုပြသနိုင်ပြီးတဲ့နောက်မှာ သူ့အိမ်မက်အတွက် ရောင်ခြည်လေးသန်းလာပါတော့တယ်။အဲ့ဒီလိုအချိန်ကျမှ ရုတ်တရက်မတော်တဆမှုတစ်ခုနဲ့ သူ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ဖယ်ခွာပြီး နောက်ဘဝကို ပြောင်းဖို့လောကထဲ ရောက်ရှိသွားတဲ့အခါ..။တစ်သက်လုံးမက်လာတဲ့ အိမ်မက်တွေ ဆက်မက်ဖို့ မျှော်လင့်ချက်လေးကို ပျပျမြင်ရပြီဖြစ်တဲ့ ဂျိုးအတွက် နောက်ဘဝကို ပြောင်းဖို့အဆင်သင့်မဖြစ်သေးပါဘူး။အဲ့ဒီဘုံကနေ လွတ်မြောက်ဖို့ သူအစွမ်းကုန်ကြိုးစားပါတော့တယ်။မဖြစ်မနေဆိုသလိုပဲ သူ့အနေနဲ့ ကမ္ဘာပေါ်ကိုမစေလွှတ်ခင် ဝိဉာဉ်တွေကိုပင်ကိုယ်စရိုက် ဓလေ့တွေ လေ့ကျင့်ပေးရတဲ့ နေရာတစ်ခုမှာ တွဲဘက်ကျလာတဲ့ ဝိဉာဉ်လေးတစ်ကောင်ကိုလေ့ကျင့်ပေးရဖို့ဖြစ်လာပါတယ်။အဲ့ဒီဝိဉာဉ်လေးက ကမ္ဘာပေါ်ကိုပြန်မသွားချင်လို့ နည်းပေါင်းစုံနဲ့ ဒီဘုံမှာပဲကပ်တွယ်ဖို့ကြိုးစားနေတဲ့ ထူးဆန်းတဲ့သတ္တဝါလေးဖြစ်နေတော့ သူ့မှာအခက်အခဲပေါင်းစုံကြုံရတော့တာပါပဲ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/25
12💋2🐳1
Zootopia (2016)

Zootopiaကို ရုံတင်တုန်းက သွားကြည့်ရတဲ့ ဖီလင်က ယခင် ကားသစ်တွေ ရုံမှာသွားကြည့်ရတဲ့ ခံစားချက်တွေနဲ့ ဘာမှမဆိုင်ဘူးပိုက်ဆံပေးကြည့်ရတာထက် ပိုတန်တယ်…ပြီးတော့ ယုန်မလေး ရဲ့ မျက်နှာဟာ ယုန်တစ်ကောင်နဲ့ မတူပဲချစ်စဖွယ်ကောင်မလေး မျက်နှာလိုပဲ ဘယ်လိုကြည့်ကြည့် ချစ်ဖို့ကောင်းတယ်ဒါ့အပြင် မြေခွေး ဆိုလဲ သူ့ရဲ့ ပုံစံနဲ့ လိုက်ဖက်စွာ အကျင့်ယုတ်တာတွေလိမ်တာတွေ နောက်ပြောင်တာတွေက မျက်နှာထား အပြင် ဝတ်စားပုံနဲ့ပါလိုက်ဖက်နေတယ် ဥပမာ ကျနော်တို့ ပျိုတိုင်းကြိုက်တဲ့ လူစီဖာမောနင်းစတား
ရဲ့ မျက်ခွက်နက် ချွတ်စွတ်သွားတူနေတာမျိုးပိုသဘောကျမိတာက ဒီကာတွန်းကားတွက် ဇတ်ကောင်တွေ အများကြီးသုံးထားတာကိုပေါ့…မြေခွေး နဲ့ ယုန်မလေး ဆီမှာပဲ အာရုံစိုက်နေလို့ မရပြန်ဘူးကျန်တဲ့ သတ္တဝါလေးတွေကတစ်ယောက်တစ်မျိုး ချစ်ဖို့ကောင်း စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်…ပိုလန်းတာက လူတွေ ရူးသွပ်နေတဲ့ iPhone ပုံစံ ဆင်တူတဲ့မုံလာဥ တံဆိပ် ဖုန်းကို ဒီဇာတ်ကားထဲမှာ မြင်မိတာနဲ့ သင်ပြုံးမယ်ဆိုတာအာမခံပါတယ်ဇာတ်ဝင်သီချင်းတွေကလဲ အလန်းတွေကြီးပါပဲ မြူးမြူးကြွကြွ နဲ့ဇတ်ကားပုံစံ ကို ပိုပြီး အသက်ဝင်စေပါတယ်


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/26
23
Big Hero 6 (2014)

ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီး ပေးထားတဲ့ Message တွေကောင်းမွန်လှပပါတယ်။Baymax ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေနဲ့ပုံစံတွေကို သဘောကျမိမှာ အမှန်ဖြစ်ပြီး Baymax ရဲ့လှုပ်ရှားပြုမှုပုံတွေကို ပင်ဂွင်းပေါက်စလေးတွေရဲ့အပြုအမှုကို ပုံစံတူယူပြီး ဖန်တီးထားတာပါ။Walt Disney နဲ့အတူ Marvel Entertainment ကပါပူးပေါင်းရိုက်ကူးထားတဲ့အတွက် အစောပိုင်းထွက်ခဲ့တဲ့Walt Disney ဇာတ်ကောင်တွေနဲ့ မတူကွာခြားလို့နေပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/27
17👍5
Wish (2023)

တစ်ခါတုန်းက မဂ္ဂနီဖီကိုဆိုတဲ့လူတစ်ယောက်ဟာ မှော်ပညာကိုအသည်းအသန်လေ့လာခဲ့ပြီး ဆုတောင်းတွေကိုပါ ဖြည့်ပေးနိုင်တဲ့အစွမ်းအထိပိုင်ဆိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်းတစ်ကျွန်းမှာ သူ့ဇနီးအမာရာနဲ့အတူ ရိုဆက် ဆိုတဲ့ တိုင်းပြည်တစ်ခုတည်ထောင်ခဲ့ပြီး
လူအားလုံးကို လက်ခံထားခဲ့ပါတယ်။ အဲဒီကျွန်းက လူတွေဟာသူတို့အလိုချင်ဆုံး ဆုတောင်းတစ်ခုကို ဘုရင်ကြီးဆီမှာ အပ်ထားနိုင်ပြီးဘုရင်ကြီးက ဆုတောင်းတွေကို ကာကွယ်ပေးထားတဲ့အပြင်တစ်လတစ်ခါ ထိုက်တန်သူတစ်ယောက်ရွေးပြီး ဆုတောင်းဖြည့်ပေးပါသေးတယ်။ အားနည်းချက်အနေနဲ့ကတော့ ကိုယ့်ရဲ့အလိုချင်ဆုံးဆုတောင်းတစ်ခုကို အပ်ထားလိုက်ပြီးသွားရင် ကိုယ်အလိုချင်ဆုံးအရာက ဘာလဲဆိုတာပါ မမှတ်မိတော့ဘဲ တစ်နေ့မှာဆုတောင်းပြည့်ဖို့စောင့်နေရတော့တာပါပဲ။ ဒီလိုစောင့်နေတဲ့သူတွေထဲမှာ အားရှာဆိုတဲ့မိန်းကလေးရဲ့ အသက် ၁၀၀ ပြည့်သွားတဲ့အဘိုးနဲ့အမေလည်း ပါဝင်ပါတယ်။အနည်းဆုံးတော့ ဆုတောင်းတွေ မပြည့်တော့ရင်တောင်ကိုယ်အလိုချင်ဆုံးအရာကို ကိုယ်သတိရပြီး ကြိုးစားခွင့်ရှိဖို့ ထိုက်တန်တယ်လို့ ယုံကြည်တဲ့ အားရှာဟာ ဘုရင်ကြီးဆီကနေ ဆုတောင်းတွေကိုခိုးယူပြီး ပိုင်ရှင်တွေကို ပြန်ပေးဖို့ ကြိုးစားတဲ့အခါ…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/28
13
Corpse Bride (2005)

ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့် တစ်ခါမှမမြင်ဖူးကြတဲ့ VIctoria နဲ့ Victaတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ အစမ်းလေ့ကျင့်တဲ့အခမ်းနားလေးနဲ့ဇာတ်လမ်းလေးကိုစတင်ခဲ့ပါတယ်ဒါမဲ့ မိဘတွေအတင်းပေးစားလို့ယူရမှာဖြစ်ပြီး….တစ်ခါမှမမြင်ဖူးတဲ့သူကိုလက်ထပ်ချင်စိတ်မရှိတဲ့ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးတွေ့ရှိသွားကြတဲ့အခါ….Victa တစ်ယောက်လက်ထပ်ပွဲRehersalမှာအယောင်ယောင်အမှားမှားဖြစ်စေခဲ့ပြီး လက်ထပ်ပွဲအစမ်းလေ့ကျင့်မှုကိုသေချာလုပ်ဆောင်နိုင်မှ မဂ်လာပွဲကျင်းပရတော့မဲ့အဖြစ်ရောက်သွားခဲ့ပါတယ်….အစမ်းလေ့ကျင့်မှုကိုသေချာလေ့ကျင့်ဖို့ တောထဲကိုပြေးထွက်သွားကာတစ်ယောက်တည်းလေ့ကျင့်နေချိန် သူလေ့ကျင့်နေတဲ့ လက်ထပ်ခွင့်စကားကြောင့်ချစ်သူပြန်အလာကိုမျှော်နေရင်းသေဆုံးသွားတဲ့ Amali မိန်းကလေး သေရာမှနိုးထလာတဲ့ အခါVictaတစ်ယောက် Amaliနဲ့လက်ထပ်လိုက်ရပြီး သရဲတွေနေတဲ့နေရာသို့ဘုမသိဘမသိပါသွားရရှာပါတော့တယ်အချစ်ငတ်နေတဲ့ AmaliလေးVictaနဲ့တွေ့ရှိကာ သံယောဇဉ်နှောင်ကြိုးတွယ်ငြိသွားမှာလား…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/29
47😭18🥰3🍓2🐳1
Coraline (2009)

ဒီဇာတ်ကားလေးမှာ ကိုရာလိုင်းဆိုတဲ့ကလေးမလေးကအဓိကသရုပ်ဆောင်ထားပါတယ်စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့…သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာအဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်တစ်နေ့သူတို့မိသားစုဟာ အိမ်အသစ်ဆီကိုပြောင်းရွှေ့လာခဲ့ရပါတယ်ထုံးစံအတိုင်း ကိုရာလိုင်း ကတော့တစ်ယောက်တည်းပဲပေါ့ဒီလိုနဲ့ တစ်နေ့မှာ အိမ်ရဲ့တစ်နေရာကမှော်ဝင်တံခါးပေါက်တစ်ခုကိုတွေ့သွားခဲ့တဲ့အချိန်ကစပြီး ဇာတ်လမ်းစပါပြီ…ဒီမှော်ဝင်တံခါးပေါက်ရဲ့တစ်ဖက်မှာ ဘာတွေရှိနေမလဲ?စူးစမ်းတတ်ပြီး သတ္တိရှိတဲ့ ကိုရာလိုင်းတစ်ယောက် ဘာတွေဖြစ်လာမှာလဲ ?ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/30
31🍓10👍5😭2
The Sea Beast (2022)

ဒီဇာတ်လမ်းကတော့ ပင်လယ်ထဲက ထူးဆန်းတဲ့ သားရဲကြီးတွေနဲ့ ပင်လယ်မုဆိုးတွေရဲ့တိုက်ပွဲကို အခြေခံထားတာပါ။ အကောင်ဆန်းတွေကိုချစ်စရာတွေလုပ်ထားတော့ကလေးတွေလည်း ကြည့်လို့အရမ်းသဘောကျမှာပါ။ဇာတ်လမ်းထဲမှာတော့မေစီဆိုတဲ့ ကောင်မလေးဟာ မုဆိုးမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီးသူ့မိဘတွေက ပင်လယ်တိုက်ပွဲမှာ သေဆုံးသွားခဲ့လို့ မိဘမဲ့ဖြစ်နေသူပါ။သူကလည်း သူ့မိဘတွေလို မုဆိုးလုပ်ချင်တာကြောင့် မုဆိုးသင်္ဘောတွေထဲကနာမည်အကြီးဆုံးဖြစ်တဲ့ အင်အက်ဗစ်ထဘဲဆိုတဲ့ သင်္ဘောပေါ်ကို ခိုးပြီးတက်လိုက်သွားပါတယ်။အဲဒီမှာပဲ သင်္ဘောပေါ်က ကပ္ပတိန်ကြီး ခရိုး ရယ် သူ့ရဲ့ မွေးစားသားလက်ထောက် ဂျေကော့ တို့ရယ်နဲ့ပေါင်းပြီး ပင်လယ်ပြင်မှာ စွန့်စားခန်းတွေဖွင့်ကြတဲ့အခါ….


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/31
13👍3
Red Shoes and the Seven Dwarfs (2020)

ဒီကားထဲမှာ ပါ​လေရာသူရဲ​ကောင်း မင်းသားမာလင်နဲ့သူ့အ​ပေါင်းအပါ၆​ယောက်က ပါးစပ်သရမ်း​တော့ စုန်းမတစ်​ယောက်ရဲ့ကျိန်စာမိပြီး လူပု​တို​လေး၇​ယောက်ဖြစ်​နေပါတယ်။ သူတို့ကျိန်စာက​နေလွတ်ဖို့အတွက် ကမ္ဘာ​ပေါ်ကအလှဆုံး​သောမိန်းက​​လေးကနမ်းမှသာ ရမှာပါ။ စနိုးဝိုက်ကျ​တော့ တစ်မျိုး သူက ဘုတ်အီးမ​လေး သန်မာတယ် ချစ်ဖို့​ကောင်းတယ်။ သူ့မိ​ထွေးကစုန်းမသူ့အ​ဖေကလည်း သူ့မိ​ထွေးစုန်းမမှန်းသိ​တော့ စနိုးဝိုက်​လေးကို​ဘေးကင်းရာပို့ထားတယ်။ သူကိုယ်တိုင်လည်း​ပျောက်သွားတယ်။စနိုးဝိုက်​လေးက သူ့အ​ဖေကိုရှာဖို့ သူ့မိ​ထွေးဆီအသွား သူ့မိ​ထွေးရဲ့ ထာဝရလှပ​စေမယ့် ​မှော်ဖိနပ်​လေးကိုစီးမိပြီး တအားလှသွား​ရောသူစုန်းမလက်က​နေထွက်​ပြေးရင်း သူ့အ​ဖေမှာခဲ့တဲ့ သူရဲ​ကောင်း၇ဦး ဆိုတာကိုရှာရင်း အလွဲလွဲအ​ချော်​ချော်​လေး​တွေနဲ့ အဆုံးထိကြည့်ချင်​အောင်ဆွဲ​ဆောင်မှု အပြည့်ရှိလွန်းလှတဲ့ လက်ရာ​မြောက် animation ကားကောင်း​လေးဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/32
25👍5
Luca (2021)

လူကာဆိုတဲ့ ကောင်လေးဟာ လူတွေက ပင်လယ်မိစ္ဆာလို့ခေါ်ကြတဲ့ ရေအောက်မှာနေထိုင်တဲ့ ရေသူမျိုးနွယ်ကောင်လေးတစ်ောယက်ပဲ ဖြစ်ပါတယ်။ရေထဲက လူကာတို့ မျိုးနွယ်တွေကလည်း လူတွေကို ကုန်းမိစ္ဆာဆိုပြီး ကြောက်ကြတာပါပဲ။အပြန်အလှန်ပေါ့။ ဒီတော့ ကုန်းပေါ်ကိုမတက်ဖို့အသည်းအသန်တားမြစ်ထားတာပါ။ဒါပေမယ့် တစ်နေ့မှာတော့ ရေအောက်မျိုးနွယ်ကောင်လေးတစ်ယောက်နဲ့ အတူကုန်းပေါ်ကို ခိုးတက်သွားမိတယ်။ အဲဒီကုန်းပေါ်ကနေ ကမ္ဘာကြီးအနှံ့ကို ပတ်သွားချင်စိတ်ဖြစ်လာပြီးဗက်စ်ပါဆိုတဲ့ ဆိုင်ကယ်လေးကို ပိုင်ဆိုင်ဖို့ကြိုးစားကြတာပေါ့။ဒါပေမယ့် သူတို့မှာ ငွေမရှိတဲ့အတွက် တစ်ခုတည်းသော နည်းလမ်းကအဲဒီမြို့လေးရဲ့ သုံးဆင့်ပြိုင်ပွဲဖြစ်တဲ့ ပက်စတာ အစားပြိုင်ပွဲ၊ ရေကူး၊ စက်ဘီးစီးပြိုင်ပွဲမှာ နိုင်အောင်ဝင်ပြိုင်ဖို့ ကြိုးစားရပါတော့တယ်။သူတို့ ၂ ယောက်နဲ့အတူ မြို့ထဲက တံငါသည်ကြီးရဲ့ သမီးလေး ဂျူလီယာကပါအတူပါဝင်ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်လာလဲဆိုတဲ့ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးကိုကြည့်လိုက်ပါဦး။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/34
14👍9🍓1😭1
Mary and the Witch's Flower (2017)

မယ်ရီဆိုတဲ့ ကလေးမလေးဟာ မွေးရာပါ ဆံပင်နီကြောင်ကြောင်လေးပေါ့အရမ်းသွတ်သွတ်လက်လက် နေတက်သလို လုပ်သမျှတိုင်းကလဲ အလွဲတွေကြီးပါပဲ သူဟာလူကြီးမိဘ တွေကို အရမ်းကူညီချင်ပေမယ့် သူလုပ်လိုက်တိုင်း အလွဲကြီးတွေ ဖြစ်လို့ မခိုင်းရဲကြဘူးဒီလိုနဲ့ မယ်ရီ လေးဟာ ဟိုယောင်ယောင် ဒီယောင်ယောင် လေး ဖြစ်နေတာပေါ့တစ်ရက်မှာတော့ တောစပ်အနီးမှာ မုန့်စားနေတုန်း ကြောင်လေး တစ်ကောင် မုန့်လာတောင်းစားလို့ကျွေးလိုက်မိရင်း အဲ့ဒီကြောင်လေး တောအုပ်ထဲကို အဝင် စပ်စုပြီး လိုက်သွားပါတော့တယ်မယ်ရီ တစ်ဖြေးဖြေး လိုက်သွားရင် ကြောင်လေးဟာ ၂ ကောင်ဖြစ်သွားပြီးထူးဆန်းတဲ့ ပန်းတွေ ရှိရာကို လမ်းပြပေးခဲ့ပါတယ်အရမ်းလှလွန်းတဲ့ ပန်းလေးမို့ မနေနိုင်ပဲ ခူးမိပြီး အိမ်သို့ သယ်သွားတဲ့နောက်မယ်ရီ ဘ၀ မှာ ထူးထူးဆန်းဆန်း ကိစ္စတွေပဲ ဆက်တိုက်ကြုံလာခဲ့ရသောအခါ…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/35
24👍7
Wish Dragon (2021)

စိတ်ထားကောင်း သဘောကောင်းတဲ့ တင်းစီးကျီး တစ်ယောက်မမျှော်လင့်ဘဲ တရုတ်ရေနွေးခရားလေးတစ်လုံး ရရှိခဲ့ပါတယ်။ခရားလေးထဲကနေ ထွက်လာတာက သူ့ရဲ့မိုက်ပြစ်ကြောင့် အပြစ်ဒဏ်ခံနေရတဲ့ မင်းသားကြီးဂျက်ကီချန်းသရုပ်ဆောင်ထားတဲ့ နဂါးကိုယ်တော်လေး ကောင်းကင်ပေါ်ကိုပြန်တက်ဖို့ သခင်ဆယ်ပါးရဲ့ အလိုဆန္ဒကိုဖြည့်ဆည်းပေးရမယ်တဲ့ ရွှေတွေငွေတွေအများကြီး ဆုတောင်းလို့ရပေမဲ့ တင်းစီးကျီး လေးကတော့ လိန လို့ခေါ်တဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ကို ဆုတောင်းခဲ့ပါတယ်။ကျန်တာတောင်း သူငယ်ချင်းဆုတောင်းတော့ မဖြည့်ပေးနိုင်ဘူးလို့ဆိုပြီး တင်းစီးကျီးနဲ့စကားများကြပါတော့တယ်..လူ့သဘာဝကိုနားမလည်နိုင်တဲ့ နဂါးကိုယ်တော်လူသားတွေရဲ့လောဘအကြောင်းကိုနားမလည်တဲ့ တင်းစီးကျီးအဖေ့အလိုကျ နေပေးနေရတဲ့ ရွှေသမီးလေး လိန လောဘဇောတက်ပြီး မကောင်းမှုလုပ်နေတဲ့ လူဆိုးတစ်သိုက်တွေနဲ့အရှေိ့တိုင်းဆန်ဆန် ဆုတောင်းပြည့်နဂါးမင်းကြီး ဘယ်လိုစခန်းသွားမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါတော့နော်…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/36
16👍7
Wall-E (2008)

ကမ္ဘာမြေပေါ်မှ ညစ်ညမ်းမှုများကို
လိုက်လံသန့်ရှင်းရန် ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ အထီးကျန်စက်ရုပ်လေး၏ စွန့်စားခန်းကို ပုံဖော်ထားခြင်း ဖြစ်ပါတယ်။ဇာတ်ကားအစ မိနစ်(၄၀)ခန့်ထိ ထူးခြားသော တင်ဆက်ပုံများကိုတွေ့မြင်နိုင်ပြီး အပြန်အလှန် စကားပြောဆိုမှုပင်အလွန်နည်းပါးခဲ့တာကိုတွေ့ရပါမယ်..။အစဉ်အလာဟောင်းများကို တော်လှန်ခဲ့သည့် Pixar ၏ဇာတ်ကားသည်အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ဒေါ်လာ သန်း(၅၂၀)ကျော်ထိ ရုံဝင်ကြေး ရရှိခဲ့ပါတယ်..ယင်းဇာတ်ကားသည် အကယ်ဒမီ ဆုပေးပွဲတွင် ကဏ္ဍအတော်များများအတွက်ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ထူးခြားမှု တစ်ရပ်အဖြစ်WALL-Eသည်TIME မဂ္ဂဇင်း၏ ဆယ်စုနှစ်အတွင်း အကောင်းဆုံး ရုပ်ရှင်များစာရင်း၌နံပါတ်(၁)နေရာ၌ သတ်မှတ်ခံခဲ့ပါတယ်..


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/37
19👍3🍓1😭1
The princess and the frog (2009)

ဇာတ်လမ်းလေးရဲ့အစကဒီလိုပါ….
အပျော်အပါးကိုခုံမင်ပြီးဘာမှကိုစိတ်မဝင်စားတဲ့ မင်းသားလေးနာဗင်းဟာအရိပ်လူသားရဲ့လိမ်ညာ
ပြုစားခြင်းခံလိုက်ရလို့ဖားတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတယ်….နန်းစည်းစိမ်တွေကို လိုချင်လို့အပျော်အပါးမက်တဲ့ မင်းသားလေးကိုဖားအသွင်ပြုစားလိုက်တဲ့တစ္ဆေတွေနဲ့ပူးပေါင်းထားတဲ့စုန်းဘိုးတော်….အလုပ်ပဲကြိုးစားလုပ်ကိုင်ရင်း အဖေဖြစ်သူရဲစားသောက်ဆိုင်ကိုပြန်ဝယ်ချင်လို့ပိုက်ဆံစုနေရတဲ့ သာမာန်စားပွဲထိုးမလေး တီယာနာ….တီယာနာ့ သူငယ်ချင်းပါတီပွဲမှာတီယာနာကို မင်းသမီးလေးထင်ပြီးကျိန်စာပြယ်ချင်ဇောနဲ့သူမကိုနမ်းလိုက်တဲ့မင်းသားလေးဟာ
ကျိန်စာမပျယ်တဲ့အပြင်တီယာနာလေးပါ ဖားမလေးအဖြစ်ပြောင်းသွားပါတော့တယ်…ဒီတော့ ဒီဖားလေးနှစ်ကောင်လူပြန်ဖြစ်အောင်ဘယ်လိုတွေကြိုးစားကြမလဲအရိပ်လူသားနဲ့အပေးအယူလုပ်ထားတဲ့ စုန်းဘိုးတော်ကကော သူတို့ကိုဘယ်လိုတွေဒုက္ခတွေပေးမလဲသူတို့နှစ်ယောက်ကျိန်စာတွေပျယ်သွားမလား…Disney ရဲ့အကောင်းဆုံး Animation Effect တွေနဲ့ချစ်စရာပိုးစုန်းကြူးလေးတွေမိကျောင်းတွေနဲ့ တစ်ကားလုံး မပျင်းရလေအောင် တင်ဆက်ထားတဲ့ Animation ကားလေးပဲဖြစ်ပါတယ်


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/38
16👍6🍓2
The Lion King (1994)

တောဘုရင်ခြင်္သေကြီး မူဖာဆာ မှာ စင်ဘာဆိုတဲ့ သားလေးမွေးဖွားလာပြီးသူ့နေရာကို တစ်နေဆက်ခံခွင့်ပေးဖို့ လျာထားခဲ့ပါတယ်။ အဲဒါကို မကျေနပ်တဲ့စင်ဘာရဲ့ ဦးလေး မူဖာဆာရဲ့ ညီက ခွေးအတွေနဲ့ ပေါင်းပြီး မူဖာဆာကိုလုပ်ကြံပြီး စင်ဘာလေးကို သူ့အပြစ်လို့ထင်အောင်လုပ်ပြီးအဝေးကြီးကိုထွက်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာ ခွေးအတွေကို ခြင်္သေ့တွေနဲ့ပေါင်းနေစေပြီးတောအုပ်ကြီးတစ်ခုလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီရှာဖို့ထွက်လာတဲ့ခြင်္သေမငယ်သူငယ်ချင်းနဲ့ အတိတ်ကနေ ထွက်ပြေးနေတဲ့စင်ဘာတွေ့ ပြန်တွေ့ကြတဲ့အခါမှာ…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/39
7
The Lion King 2 Simba’s Pride (1998)

အားလုံးရဲ့ အချစ်တော် ခြင်္သေ့လေးစင်ဘာဟာ အရွယ်ရောက်လို့ဘုရင်ကြီးစင်ဘာအဖြစ် အုပ်စုကို တာဝန်ယူနေပါပြီ။ အရိုက်အရာဆက်ခံမယ့် ခီယာရာဆိုတဲ့ အဖေတူသမီးတော်လေး တစ်ယောက်လည်းရှိပါတယ်။ ခီယာရာလေးဟာ အရွယ်ရောက်လို့ အရာရာကိုစူးစမ်းလိုစိတ်ပြင်းပြနေပါတယ်။တစ်ဘက်မှာလည်း နယ်နှင်ခံလိုက်ရတဲ့အုပ်စုက ခြင်္သေ့မ ဇီရာဟာစကားရဲ့အရိုက်အရာကို ဆက်ခံမယ့် ကိုဘူးလေးကို ပျိုးထောင်ပေးနေပါတယ်။ လက်စားချေဖို့ အမုန်းတရားတွေနဲ့ အပြင်းအထန်လေ့ကျင့်ပေးနေပါပြီ။ ဇီရာဟာ စင်ဘာကို အလစ်ချောင်း လုပ်ကြံဖို့ ကိုဘူးကိုအသုံးချပါတော့တယ်။ အစီအစဉ်အရ ကိုဘူးတစ်ယောက် စင်ဘာနဲ့နီးစပ်နိုင်ဖို့ သမီးဖြစ်သူ ခီယာရာကို အရင်ချဉ်းကပ်ရပါတယ်။ အသုံးချဖို့စခဲ့ပေမယ့် ကံကြမ္မာရဲ့လှည့်စားမှုကြောင့် သူတို့နှစ်ဦး ချစ်မိသွားပါတော့တယ်။အမုန်းတရား လှည့်စားမှုတွေ သစ္စာဖောက်မှုတွေနဲ့ အုပ်စုနှစ်ခုကြားကချစ်သူနှစ်ဦးရဲ့ လမ်းခရီး‌လေး ဖြောင့်ဖြူးပါ့မလားကိုတော့…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/40
12👍1
Up (2009)

ဇာတ်လမ်းလေးကတော့ Carl ဆိုတဲ့ကောင်လေးနဲ့ Ellie ဆိုတဲ့ကောင်မလေးက explorer Charles F. Muntz ဆိုတဲ့ ပုဂ္ဂိုလ်ကို လေးစားအားကျသူတွေဖြစ်ပါတယ်Charles အကြောင်းကို ပြပြီးတဲ့နောက်မှာ Carl နဲ့ Ellie တို့ ကလေးဘဝနဲ့ တွေ့ကြပုံက စပြီးသူတို့ ရဲ့ လူငယ်ဘ၀ ချစ်သူတွေဖြစ်သွားပုံ၊လူလတ်ပိုင်း လက်ထပ်ကြပုံ၊ အိမ်ထောင်သည်ဘ၀ ချစ်ကြည်နူးကြပုံ၊ ကလေးမရနိုင်တဲ့အကြောင်း ဇာတ်ဝင်ခန်းလေးက ပညာသားပါပြီး လက်ရှိအချိန်ထိ ရုပ်ရှင်လောကရဲ့ အထင်ရှားဆုံးနဲ့ လူကြိုက်အများ ဆုံး ဇာတ်ဝင်ခန်းလေး ဖြစ်နေပါတယ်။ဇာတ်လမ်းက အခုမှစတာဖြစ်ပြီး လူငယ်ဘ၀ က Paradise Fall ကို သွားဖို့ ပိုက်ဆံစုခဲ့၊ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုး ကြောင့်မရောက်ဖြစ်ခဲ့ပါဘူး။Ellie မရှိတော့တဲ့အချိန်ကြမှ သူ့မိန်းမရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အတွက် သူတို့ရဲ့ အိမ်ကြီးကို မိုးပျံပူပေါင်းတွေ နဲ့ ဆင်ပြီး ဘယ်သူနဲ့မှ မတူနဲ့ ပုံစံနဲ့ခရီးထွက်ဖြစ်ရာကနေ Adventure စတင်ပါတော့တယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/41
24
Rio (2011)

ဘလူးလို့ခေါ်တဲ့ အပြာရောင် ကြက်တူရွေးငှက်ကလေးဟာ
သူ့သခင် လင်ဒါ ဆိုတဲ့ အမျိုးသမီးနဲ့အတူမင်နီဆိုဒါ ပြည်နယ်မှာ အေးချမ်းစွာ နေထိုင်ပါတယ်။လင်ဒါက ဘလူးကို အပြာရောင် မက်ကော်မျိုးစိတ်ရဲ့နောက်ကျန်တဲ့အကောင်လို့ သိထားပါတယ်။ဒါပေမယ့် နောက်ထပ်မက်ကော်ငှက်မလေးတစ်ကောင်ကိုရီယိုမြို့မှာ ရှာတွေ့ထားတယ်လို့ သိလိုက်ရချိန်မှာတော့…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/42
24