MxT Anime & Cartoon
35.4K subscribers
1.51K photos
250 videos
1.74K links
အရမ်းကြည့်ချင်နေတဲ့ ဇာတ်ကားများကို တစ်ကား ၅၀၀ ကျပ်နဲ့လာရောက်တောင်းဆိုနိုင်ပါပြီ - @quanxisfei
Download Telegram
Snoopy Presents Welcome Home, Franklin (2024)

Snoopy ခွေးလေးတို့ Charlie Brown တို့က ပုံမှန်ဇာတ်လိုက်ကျော်တွေပေါ့။ ဒီကားထဲမှာတော့ သူတို့Peanutဂိုဏ်းထဲကို Franklin တစ်ယောက် ဘယ်လိုရောက်ရှိလာတယ်ဆိုတာကို ဦးစားပေး ပြသထားတာပါ။ Franklin ရဲ့ဖခင်ဖြစ်သူဟာစစ်တပ်တာဝန်ထမ်းဆောင်သူ ဖြစ်တဲ့အလျောက် နေရာပေါင်းစုံကိုရွှေ့ပြောင်းနေထိုင်ရသူ ဖြစ်ပါတယ်။ ဒီတော့Franklinလေးတစ်ယောက် ရောက်လေရာမှာ သူငယ်ချင်းသစ်တွေခက်ခက်ခဲခဲ ရှာရတယ် ပြီးရင်လည်း နှုတ်ဆက်ခဲ့ရပြန်ရော…ဒီလိုနဲ့ သံသရာ လည်နေခဲ့ပြီး ဒီဘဝကို စိတ်ကုန်နေတာပေါ့။တစ်ရက်ကျ Snoopy တို့ ရှိတဲ့မြို့လေးကို ရောက်လာတော့ထုံးစံအတိုင်း Franklin တစ်ယောက် သူငယ်ချင်းရှာဖွေရေးနည်းလမ်းစာအုပ်နဲ့ ပတ်ပြီး မိတ်ဆွေဖွဲ့ခဲ့ရမှာ ကံကောင်းခြင်းမရှိခဲ့ပါဘူး။ ဒီအချိန်မှာ သူတို့မြို့လေးထဲ ဆပ်ပြာပုံးကားပြိုင်ပွဲလေးကျင်းပမယ် တွဲဖက်တစ်ယောက်ရှာရမယ်ဆိုတော့ Franklinတစ်ယောက် ကျန်တဲ့လူတွေနဲ့ မိတ်ဆွေ ဖြစ်နိုင်အောင်သူများတွေက ဝိုင်းပယ်ထားတဲ့ Charlie နဲ့ အတူတူဒီ ကားပြိုင်ပွဲလေးကို အနိုင်ရအောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/274
3
New Gods: Yang Jian (2022)

ရှန်မင်းဆက်နဲ့ ကျိုးမင်းဆက်တို့ရဲ့ တိုက်ပွဲအပြီးနှစ်ပေါင်း ၁၅၀၀ ကြာပြီးတဲ့နောက် ကောင်းကင်ဘုံစည်းမျဥ်း စည်းကမ်းတွေ ပျက်ပြားနေချိန် ဆင်းရဲမွဲတေနေတဲ့ရန်ကျန်ဆိုတဲ့ လူငယ်လေးက ငွေအသပြာလက်ခံရယူပြီးလူတွေကိုဖမ်းဆီးပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီးတော့အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပါတယ်တစ်နေ့မှာတော့ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်တဲ့ချန်ရှန်း ကိုလိုက်လံ ဖမ်းဆီးဖို့ ဖောက်သည်တစ်ယောက်ထံကနေပြီးငွေအသပြာတွေလက်ခံရရှိခဲ့ပါတယ် တစ်ဆက်ထဲမှာပဲအဲဒီလူငယ် ချန်ရှန်းက ရန်ကျန်ရဲ့ တူဖြစ်တဲ့အကြောင်းမတော်တဆသိရှိသွားခဲ့ပါတော့တယ် ချန်ရှန်းဆိုတဲ့လူငယ်လေးဟာ ကြာပန်းမီးအိမ်ကို ရှာဖွေပြီးမိခင်ဖြစ်သူကိုကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားသူလေးပါဒါပေမဲ့လဲ အဲဒီအစား ဘေးအန္တရာယ်နဲ့ပဲ ရင်ဆိုင်ခဲ့ရရှာပါတယ်အဲဒီအချိန်မှာပဲ ရန်ကျန် တစ်ယောက် တူဖြစ်သူရဲ့ရှုပ်ထွေးလှတဲ့ အတိတ်ကိုဖော်ထုတ်ဖို့ ခရီးလမ်းကြောင်းစတင်ခဲ့ချိန်မှာတော့..ဘာတွေဆက်ဖြစ်ကြမှာလဲ တူရီးနှစ်ယောက်အတူတူ ဘယ်လိုဘေးအန္တရာယ်မျိုးတွေကို ရင်ဆိုင်ကြရမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရမဲ့ တရုတ်ကာတွန်းဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/277
10😭1
White Plastic Sky (2023)

စိတ်ဝင်စားဖို့ကောင်းတဲ့ ဟန်ဂေးရီးယန်းအန်နီမေးရှင်းရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ ဇာတ်လမ်းရော တင်ဆက်ပုံရောဆန်းကျယ်ပြီး အဆင့်တစ်ခုထိရှိတယ်လို့ ကျွန်တော်တော့ခံစားရတာမို့ ခဏလောက်ဖြစ်ဖြစ် ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ဗျ။2123ခုနှစ်….၊ ကမ္ဘာကြီးပျက်စီးစပြုနေပြီး မြို့ကြီးနှစ်မြို့ပဲ ကျန်တော့တဲ့အချိန် လူတွေမှာ အစားအသောက် ရှားပါးပြတ်လတ်နေခဲ့။ဒီမှာပဲ ပရော်ဖက်ဆာတစ်ယောက်တီထွင်ခဲ့တဲ့ မျိုးစေ့ကြောင့် လူတွေဆက်လက်ရှင်သန်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ပြီးပေးဆပ်ရတဲ့တန်ဖိုးက အသက်ငါးဆယ်ပြည့်တာနဲ့ ဆန္ဒအလျောက်မိမိကိုယ်ကိုယ်စတေးပြီး အစားအသောက်တစ်ခုဖြစ်လာဖို့ ခန္ဓာကိုယ်တွင်း မျိုးစေ့ထည့်သွင်းပြီး စားသောက်ဖို့ အပင်တစ်ပင်ဖြစ်ပေးရတာပါ။သုံးဆယ်ဝန်းကျင်ပဲရှိသေးတဲ့ စတက်ဖန်တို့ဇနီးမောင်နှံနှစ်ဦး။ စိတ်သောကတွေ ခံစားနေရတာမို့ ငါးဆယ်မပြည့်ခင်မှာပဲ ဇနီးဖြစ်သူ နိုရာက ဆန္ဒအလျောက် သူ့ကိုယ်သူစတေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီမှာပဲ ဇနီးဖြစ်သူကို မစွန့်လွှတ်နိုင်တဲ့ စတက်ဖန်တစ်ယောက် ဇနီးဖြစ်သူကိုကယ်တင်ဖို့ ကြိုးစားပါတော့တယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/279
5
Solo Leveling (2024) Season - 1

ကမ္ဘာတစ်ဝန်းမှာ တခြားဒိုင်မေးရှင်းတွေနဲ့ ဆက်နေတဲ့ Gate တွေပေါ်လာတာ ဆယ်ရာစု ကြာပြီဖြစ်ပါတယ်။အဲ့ အချိန်ကစပြီး လူသားအချို့ဟာ ''သဘာဝလွန်အစွမ်း'' တွေကိုနိုးထခဲ့ပါတယ်။ အဲ့လိုလူတွေကိုတော့ မုဆိုး လို့ခေါ်ဝေါ်ကြလေရဲ့။မုဆိုး တွေဟာ သူတို့ရဲ့ အစွမ်းတွေနဲ့ Gate အတွင်းက Dungeon တွေကို ဖြေရှင်းရင်း အသက်မွေးကြပါတယ်။ဒီလိုခက်ခဲကြမ်းတမ်းတဲ့ ကမ္ဘာကြီးမှာ အားအနည်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ မုဆိုး Sung Jinwoo ရှိ​လေတယ်။တစ်နေ့ အကြောင်းအမျိုးမျိုးကြောင့် အဆင့်မြင့် Dungeon တစ်ခုထဲရောက်သွားကာ သေမလိုဖြစ်နေတဲ့ Sung Jinwoo တစ်ယောက်ရှေ့မှာ Quest တွေလက်ခံလို့ရပြီး Level တင်နိုင်တဲ့ System တစ်ခုပေါ်လာလေရဲ့။သေခံနီးဆဲဆဲ ဖြစ်နေတဲ့ Jinwoo တစ်ယောက် သူ့ရှေ့ရုတ်တရက်ပေါ်လာတဲ့ Quest ကိုလက်ခံဖို့ဆုံးဖြတ်ခဲ့တဲ့နောက် တစ်ချိန်က အားအနည်းဆုံး မုဆိုး လို့ သတ်မှတ်ခံထားရတဲ့လူတစ်ယောက်က Level တင်လို့ရတဲ့ System ကြောင့် အကြမ်းဆုံး မုဆိုး တစ်ယောက် ဖြစ်လာပြီး ကမ္ဘာကြီးကို ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေမလဲဆိုတာအပြင် အဲ့ System က လူတွေအများကြီးထဲမှာမှ ဘာလို့ သူ့ကိုရွေးရတာလဲ ဆိုတာကိုတော့....

Linkစုpost👇

https://t.me/mxtani/89
9
The Knight & The Princess (2019)

ဒီတစ်ခါတော့ Animationကားကောင်းကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။၇ ရာစုပိုင်းလောက်မှာ အာရပ်တွေနေထိုင်တဲ့ အာရေးဗီးယန်းကျွန်းဆွယ်နဲ့…အန္ဒိယသမုဒ္ဒရာအတွင်းမှာရှိတဲ့ ဆိပ်ကမ်းရှိတဲ့တိုင်းပြည်တွေဟာ…ရောင်းဝယ်ဖောက်ကားမှုတွေ ကုန်သွယ်မှုတွေလုပ်ခဲ့ကြပါတယ်….ပလိပ်ရောဂါစတင်ဖြစ်ပွားတဲ့အချိန်မှာ အာရပ်ကုန်သည်တွေဟာလည်း…ပလိပ်ရောဂါခံစားခဲ့ရပြီးတော့ သူတို့တိုင်းပြည်အတွင်း ရောဂါမကူးစက်နိုင်ဖို့ပင်လယ်ပြင်မှာပဲအသေခံဖို့ဆုံးဖြတ်ခဲ့ကြပါတယ်….သူတို့သေသွားပြီးတဲ့နောက် ကျန်ရှိခဲ့တဲ့ သူတို့ရဲ့ဇနီးတွေနဲ့သားသမီးတွေကို..သင်္ဘောတစ်စီးနဲ့ ရတနာပစ္စည်းတွေကိုတင်ပြီးတော့ သူတို့နေရပ်…အာရပ်တိုင်းပြည်ကိုပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲဘုရင်ဒယ်ဟာအမိန့်ပေးခိုင်းစေတဲ့ မဒ်ပင်လယ်ဓားပြတွေရဲ့ တိုက်ခိုက်ပြန်ပေးဆွဲခံခဲ့ရပြီး..စစ်ပွဲကြီးဖြစ်လာဖို့ အကြောင်းဖန်လာပါတော့တယ်။စွန်းစားခန်း အမိုက်စား Animation ကိုမှ ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/281
5
The Emperor's New Groove (2010)

ဘုရင်တစ်ပါးရှိတယ်..သူဟာ လက်ဖြောက်တစ်ချက်တီးလိုက်ရုံနဲ့လိုရာအကုန်ရတယ်..လက်ညှိုးညွှန်ရာရေဖြစ်တဲ့သူ..အရာအားလုံးဟာ သူလိုချင်တဲ့အတိုင်းဖြစ်နေတော့ ဘုရာဟာ အောက်ခြေလွပ်သလိုဖြစ်နေတယ်..သူဟာ ဘယ်သူ့ကိုမှလည်း အထင်မကြီးဘူး… သူသည်သာ အတော်ဆုံး အတတ်ဆုံးဆိုတဲ့ ဝါဒလက်ကိုင်ထားတယ်..ဒီလို အပြုအမူတွေကြောင့်ပဲ သူ့ရဲ့ရွှေရောင်နေ့ရာက်တွေဟာ သိပ်ကြာကြာမခံပါဘူး…တစ်နေ့မှာတော့ သူဟာ သူ့လူယုံတော်တွေရဲ့လုပ်ကြံမှုကြောင့် လူစင်စစ်ကနေ လားမားတစ်ကောင်ဘဝကိုရောက်သွားပါတော့တယ်။အဲဒီအခြေအနေကိုသူဘယ်လိုကိုင်တွယ်မလဲ။အပေါင်းအသင်းယုံကြည်စရာတစ်ယောက်မှမရှိတဲ့ သူ့ဘဝထဲမှာ သူဘာဆက်လုပ်မလဲ။လူ့ဘဝကိုပြန်ရောက်ဖို့ သူဘယ်လိုကြိုးစားမှာလဲ…ဇာတ်လမ်းကောင်းကောင်း Rating မြင့်မြင့် ကြည့်ရှုခံစားရမယ့် Animation ကားလေးပါ။Imdb 7.3 Rotten Tomatoes 85% ရထားပြီး ဆုပေါင်းများစွာလည်း ရရှိထားလေတော့ Classic ကားကောင်းတစ်ကားလို့တောင်ပြောလို့ရပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/282
5
The Bad Guys: A Very Bad Holiday (2023)

ဒီ ဇာတ်ကားလေးကတော့ ခရစ်စမတ် မနက်ခင်းမှာ ဓားပြမှုကြီးကျူးလွန်ကြမဲ့ လူဆိုးကြီးများအကြောင်း ဟာသလေးနှောပြီးရိုက်ပြထားတဲ့ Animation ဇာတ်လမ်းတိုလေးပါပဲ……ဝံပုလွေကြီးရယ်၊ ငါးမန်းကြီးရယ်၊ မြွေကြီးရယ်၊ ပုတ်သင်ညိုကြီးရယ်၊ ပင့်ကူလေးရယ် ၅ယောက်သား ခရစ်စမတ်နေ့ တမြို့လုံး ပွဲတော်လုပ် နားကြမဲ့အချိန်မှာ ဓားပြမှုကြီးကျူးလွန်ကြမယ်လို့ တိုင်ပင်ထားကြရင်း အဲဒီနေ့မတိုင်ခင်မှာပဲ တမြို့လုံးက စွဲလန်းနေကြတဲ့ ဘစ်နစ်ဆိုတဲ့ ဆန်တာကလော့ မိုးပျံပူဖောင်းကြီးကို မထင်မှတ်ဘဲ ဖျက်ဆီးလိုက်မိတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/283
13
Sirocco and the Kingdom of the Winds (2023)

ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကာတွန်းကားလေးကတော့ ပြင်သစ်ကာတွန်းကားလေးဖြစ်ပြီး

Stuttgart Festival for Animated Film 2024 ပွဲတော်မှာဆုရရှိထားတဲ့ ကာတွန်းကားလေးဖြစ်ပါတယ်။

ပြင်သစ်ဒါရိုက်တာဖြစ်သူ Benoît Chieux ဖန်တီးပုံဖော်ထားတဲ့လက်ရာဖြစ်ပြီးတော့

ဂျပန်အန်နီမေးရှင်းကားတစ်ကားဖြစ်တဲ့ Yellow Submarine ကို
မှီငြမ်းထားတယ်လို့လည်း ဖော်ပြထားပါတယ်။

Box officeအနေနဲ့လည်း $902,063ရရှိထားတဲ့ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/284
5🍓1
Mononoke the Movie: The Phantom in the Rain (2024)

Mononoke ရဲ့ အကြောင်းပြောရမယ်ဆို သူက Supernatural စီးရီးက ညီအစ်ကိုနှစ်ကောင်လိုဆရာမ ဒဂုန်ခင်ခင်လေးရဲ့ မှော်ဆရာမှတ်တမ်းထဲက အထက်လမ်းအပနှင်ဆရာတွေလိုပဲဒီထဲက ဘဲကြီးကလည်း ဆေးကုန်သည်အဖြစ် ရွာရိုးကိုးပေါက် လျှောက်သွားပြီးပရလောက ဖြစ်ရပ်ဆန်းကြယ်တွေကို လိုက်လံဖြေရှင်းပေးတဲ့လူပါ။သူ့ဆီမှာ ထူးဆန်းတဲ့ ဓားတစ်ချောင်း ရှိနေပြီး အဲဒီ ပရလောကသားတွေကို နှိမ်နှင်းဖို့“သွင်ပြင်သဏ္ဍာန်” “အမှန်တရား” “အကြောင်းရင်း” ဒီ အချက် ၃ ချက်နဲ့ ပြည့်စုံမှ ဓားကို ကိုင်စွဲပြီး သုတ်သင်ဖြေရှင်းပေးတာပါ။ဒီရုပ်ရှင်မှာကျ ဇာတ်လမ်းက ဂျပန်ရှေးခေတ် နန်းတွင်း အပျိုတော်အတွင်းဆောင်တစ်ခုမှာ အခြေခံထားတာပါ။မကြာခင် အရှင်မင်းမြတ်ရဲ့ ကလေးမွေးဖွားခြင်း မင်္ဂလာပွဲအခမ်းအနားက စတော့မယ်။အရင်တုန်းက အခမ်းအနားပွဲက ဘာကြောင့်ပျက်သွားရတာလဲ၊ အပျိုတော်တစ်ယောက် ပျောက်ဆုံးခဲ့တာကရော ဘာကြောင့်များလဲ စသဖြင့် ပဟေဠိများစွာနဲ့ အစပိုင်းမှာ ဇာတ်ကို ရုပ်လုံးဖော်ပြီးနောက်ကျမှ တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားတဲ့ Anime ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/285
12
Merry Little Batman (2023)

ခရစ္စမတ်အန်နီမေးရှင်း တစ်ကားလုံးအပြည့်ကောင်းကောင်းတန်းတန်းကားလည်း မကြည့်ရတာကြာပြီ… ဘတ်မန်းအန်နီမေးရှင်းကိုလည်း မြင်နေကျပုံစံမဟုတ်ဘဲ ပုံစံအသစ်နဲ့မြင်ချင်တယ်ဆိုရင်ကြည့်ရမယ့် ဘတ်မန်းအန်နီမေးရှင်းကားပါပဲ။ဘတ်မန်းရဲ့နာမည်ကျော်ဗီလိန်တွေ အကုန်ပါသလို ခရစ္စမတ်အရသာလည်း အပြည့်အဝရတာမို့ သိပ်မလိုတော့တဲ့ ခရစ္စမတ်ကို စောင့်မျှော်ရင်း ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်ဟာ ခင်ဗျားငယ်ငယ်က ပုတက်တို့ ကစ်ဇုန်တို့ရဲ့ ခရစ္စမတ်အထူးထုတ်တွေမှာ ဖတ်ရတဲ့ ကာတွန်းတွေရဲ့အရသာကို ပေးနိုင်ပါတယ်။ဘတ်မန်းအဖြစ် Luke Wilson တို့၊ အဲဖရက်အဖြစ် James Cromwell တို့လို နာမည်ရှိ သရုပ်ဆောင်တွေက အသံသရုပ်ဆောင်ပေးထားပြီး ထွက်ခဲ့တဲ့ ဘတ်မန်းကားတွေကိုလည်း Tribute ထားပါတယ်။သိသလောက်ဆို ဒါပထမဆုံး Christmas Theme သုံးထားတဲ့ တစ်ကားတည်းအပြီး ဒီစီအန်နီမေးရှင်းကားလည်းဟုတ်သလို Christmas Theme သုံးထားတဲ့ ပထမဆုံးဘတ်မန်းကားလည်း ဟုတ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/286
5
Klaus (2019)

ဒီဇာတ်ကားလေးကတော့ အေးမြတဲ့ ခရစ္စမတ်အကြောင်းကိုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ပုံဖော်ထားတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်…ခရစ္စမတ်မှာ လက်ဆောင်တွေ လာပေးနေတဲ့ ခရစ္စမတ်ဘိုးဘိုးကြီးလို့ခေါ်တဲ့စန်တာကလောက်စ် အကြောင်း အခြေခံပြီး ပုံဖော်ထားတာပါ…အခွင့်ထူးခံ လူပေါ်ကျော့ ဂျက်စပါဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာအဖေ့ရဲ့စာပို့လုပ်ငန်းကြီးမှာ လက်ကျောတင်းအောင် မလုပ်ချင်ဘဲပျင်းရိနေတဲ့အတွက်ကြောင့် သူ့ကိုအပြစ်ပေးတဲ့အနေနဲ့ လူသူမနီးတဲ့ကျွန်းတစ်ကျွန်းပေါ်က မြို့ကလေးမှာ စာပို့သမားလုပ်ဖို့ ပို့လွှတ်စေခိုင်းခဲ့ပါတယ်…ရိုင်းပြပြီး အမြဲဒေါသထွက်နေတဲ့ လူတွေနေတဲ့ အေးခဲပြီး ခေါင်ဖျားလွန်းတဲ့စမီရင်ဘာ့ဂ် မြို့ကလေးကနေ တစ်နှစ်အတွင်းပေးစာ ၆၀၀၀ ထွက်လာအောင်လုပ်မှ ဒီမြို့ကနေပြန်ရမယ့်သူပါ မဟုတ်ရင် အဖေကအမွေပြတ်စွန့်လွှတ်မတဲ့…Klaus ဆိုတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၉ မှာထွက်ရှိထားပြီးIMDb – 8.4/10 နဲ့Rottentomatoes – 89% တောင်ရရှိထားတာမို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်တယ်လို့ပဲပြောလိုက်ပါရစေ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/287
15
Rise of the Guardian (2012)

ဇာတ်လမ်းပုံစံကတော့ ကြင်နာတက်တဲ့ စိတ်ထားရှိတဲ့ ဂျက်ဖရော့ဒ်ဟာ လူသား ဘ၀ မှာ သူရဲ့ ညီမလေးကို ကယ်ဆယ်ဖို့ သူ့အသက်ကိုစွန့်လွှတ်ခဲ့ပြီး ရေခဲပြင်ထဲမှာ သေဆုံးသွားပါတယ်…တစ်ရက်သော လပြည့်ညမှာတော့ လနတ်သား ဟာ ဂျက်ဖရော့ဒ်ကိုသေရွာကနေ နှိုးယူပြီး လူသားကလေးတွေ ရဲ့ ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးမယ့်နှင်းလူသား အဖြစ် ဖန်တီး ပေးလိုက်ပါတယ်….ဂျက်ဖရော့ဒ် ရဲ့ အတိတ်ဘ၀ မှတ်ဉာဏ်ကို ဖျောက်ထားခဲ့တဲ့အတွက်၎င်း ကိုယ်တိုင် စိတ်ထားကောင်းမွန်တဲ့ ကောင်လေး တစ်ယောက်ဆိုတာ မသိခဲ့ပါဘူးဒါကြောင့် သူ့ကိုသူ နတ်ဆိုး တစ်ယောက်လို့ မှတ်ယူပြီး လေလွင့်နေတုန်းဆန်တာကလော့ တို့ အက်စတာဘန်နီ တို့ အပြင် အိပ်မက်ဖန်ဆင်းရှင် သဲလူသား နဲ့သွားနတ်သမီး တို့ ကို တွေ့ဆုံလိုက်ရပြီး ၎င်းတို့ နဲ့ အတူ ကလေးတွေ ရဲ့ ပျော်ရွှင်မှု ယုံကြည်မှုကိုလိုက်လံ ဆောင်ရွတ်နေရင်း နဲ့ ကလေးတွေ ကို ညဘက် အိပ်မက်ဆိုးတွေ ပေးမက်နေတဲ့Dream Worker နတ်ဆိုး ရဲ့ ညစ်ပတ်လှတဲ့ လှည့်ကွက်တွေနဲ့ သူတို့ အဖွဲ့ တွေ့ကြုံလိုက်ရတဲ့အခါ…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/288
14
Master Ji Gong (2021)

၂၀၂၁ ရုံတင် animationဇာတ်ကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။အခုလိုကာလမှာ ပုံဆွဲတာ ပန်းချီလေ့လာသူတွေများတော့inspiration ရမယ်လို့လည်းထင်လို့ ကာတွန်းလေး တင်ပေးတာပါ။ဇာတ်ကားနာမည်က MasterJi Gong တဲ့ဟုတ်ပါတယ် အားလုံးငယ်ငယ်က ကြည့်ဖူးတဲ့ ကျိကုန်းကိုယ်တော်အကြောင်းပါ။ဒါပေမယ့် ဒီကျိကုန်းကိုယ်တော်က ငယ်ငယ်က ကြည့်ဖူးတဲ့ ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။နဂါးတွေရော နတ်မင်းတွေရော ငှက်မိစ္ဆာတွေရောဇာတ်လမ်းက အတော်တော့ ရှုပ်သား။ရှုပ်တဲ့အပြင် နီကျားငယ်ဘဝနဲ့လည်း နည်းနည်းဆင်သေးတယ်။နီကျားလိုပဲ အမေက အလိုလိုက်ပြီး အဖေက တင်းကြပ်။ သူကလည်းကဲ ။ဒီလိုနဲ့ မိုးကောင်းကင်အလိုကျ ကမ္ဘာမြေကြီးကိုကယ်တင်မယ် အဲ လူဘုံကိုကယ်တင်ရမယ်ဆိုပြီး နတ်ဆိုးမိစ္ဆာကို ရင်ဆိုင်ဖို့ကြိုးစား အဲ့လိုမျိုးပေါ့။ဒါပေမယ့် ဒီမှာ တပ်ကူတွေလည်း ပါရတာပေါ့။ နောက်ပြီး သူရဲကောင်းတိုင်းနောက်ကွယ်မှာပေးဆပ်မှုတွေရှိစမြဲမို့ သူလည်း ထိုက်သင့်သလောက် ပေးဆပ်လိုက်ရတာပေါ့။ကဲ နတ်ဆိုးကြီးကို ရင်ဆိုင်နိုင်ပါ့မလားနောက်ပြီး တပ်ကူတွေက ဘယ်သူတွေလဲ ပေးဆပ်မှုက ဘာလဲဇာတ်လမ်းလေးကြည့်ပြီးရင် အကုန်နားလည်သွားပါလိမ့်မယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/291
12
Dandadan Episode 10 ရပါပြီ။

episode - 10ကြည့်ရန်👇
https://t.me/mxtani/105

Linkစုpost👇
https://t.me/mxtani/9
8
Bilal: A New Breed of Hero (2015)

လွန်ခဲ့သောနှစ်ပေါင်းများစွာကြာက ဘာသာရေးယုံကြည်မှုများမထွန်းကားချိန်အခါတုန်းက ဘီလာနဲ့ဂူဖိုးယားတို့မောင်နှမနှစ်ယောက်ဟာရွာလေးတစ်ရွာမှာ သူတို့အမေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေနေခဲ့ကြတယ်ဘီလာဟာငယ်ငယ်လေးထဲကမြင့်မြတ်တဲ့စစ်သည်တော်ကြီးတစ်ယောက်ဖြစ်ချင်ခဲ့သူတစ်ယောက်ပါခေတ်အခါကလဲ မှောင်ခေတ်ကလဲ မှောင်ခေတ်လို့ပြောရလောက်အောင်သက်ဦးဆံပိုင်ကျွန်ခေတ်ဖြစ်နေတော့ တစ်ရက်မှာ သူတို့ရွာလေးကိုအင်အားကြီးနယ်မြေက သိမ်းသွားပြီး သူတို့အမေလဲသေသူတို့ကိုလဲ ကျွန်အဖြစ်နဲ့ဖမ်းသွားခဲ့ပါတယ်အဲ့ဒီလိုနဲ့ဘီလာတို့မောင်နှနှစ်ယောက် ကျွန်အဖြစ်နဲ့နေလာရင်းဘာသာရေးကိုခုတုံးလုပ်ပြီး စီးပွားရှာနေတဲ့သူဌေးကြီးရဲ့ အစေခံမဖြစ်နေခဲ့ရပါတယ်ဒီလိုနဲ့ပါ နှစ်တွေကြာလာတဲ့အချိန်မှာ ဘာသာရေးရဲ့အနှစ်သာရကိုတကယ်သိရှိတဲ့လူနဲ့တွေ့ပြီး ဘီလာတစ်ယောက် မှန်ကန်တဲ့လမ်းကိုရွေးပြီးလွတ်လပ်ပြီးတန်းတူအခွင့်အရေးရရှိဖို့အတွက် ကြိုးစားလာပါတော့တယ်။ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်Rating 8.5 ရရှိထားတဲ့ ဒီကားလေးဟာ ကြည့်တဲ့လူတွေအဖို့အတိုင်းတာတစ်ခုထိကျေနပ်စေမှာပါ…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/292
5🐳1
Watchmen Chapter II (2024)

Watchmen Chapter II ‌animated movie လေးကတော့Chapter 1 ရဲ့အဆက်ဖြစ်ပါတယ်Chapter 1 မှာ Comedian အသတ်ခံရလို လိုက်စုံစမ်းနေတဲ့Rorschach တစ်ယောက် ချောက်ချခံရပြီး ထောင်ကျနေတာကနေစပါတယ်။ဒီလို လုပ်ကြံမှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေတာလဲ..တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးရဲ့ အရှေ့အနောက်အားပြိုင်မှုတွေကနေ တတိယကမ္ဘာစစ် ပေါ်လာခါနီးပြဿနာတွေကရောဘယ်လိုဆက်စပ်နေမလဲ အဆုံးသတ်မှာ ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာကို ပညာသားပါပါ ရိုက်ပြထားတဲ့ အမိုက်စား animation movieတစ်ကားပဲ ဖြစ်လို Chapter 1 မကြည့်ရသေးရင် ၂ ခုလုံးကြည့်ဖိုChapter 1 ကြည်ပြီးသူတွေလည်း ဒါကို ဆက်ကြည့်ဖိုတိုက်တွန်းလိုက်ပါတယ်…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/294
5
Wolfwalkers (2020)

Wolfwalkers ဇာတ်ကားလေးက စိတ်ကူးယဉ် စွန့်စားခန်း animation ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အေဒီ နှောင်းပိုင်းကာလမှာ လူသားတွေက ဝံပုလွေကို အရမ်း မုန်းတီးနေကြပါတယ်။မိန်းကလေးဆိုရင် အိမ်မှူ ကိစ္စပဲ လုပ်ရမယ်ဆိုတဲ့ ခေတ်ကြီးမှာ ရောဘင်လို့ ခေါ်တဲ့ ကလေးမလေးကသူ့အဖေနဲ့ အတူ ဝံပုလွေေတွေကို လိုက်သတ်ချင်တယ်။ အဲ့ဒါနဲ့ တစ်နေ့မှာ အဖေ့နောက် ခိုးလိုက်ရင်းတောထဲမှာ သူနဲ့အသက်သိပ်မကွာတဲ့ မေ့ဆိုတဲ့ ဝံပုလွေစောင့်ရှောက်သူနဲ့ ခင်သွားတယ်။တစ်တိုင်းပြည်လုံးက ဝံပုလွေတွေကို မုန်းတီးနေတာကြောင့် အန္တရာယ်ကင်းအောင်ထွက်သွားဖို့မေ့ကပြောပါတယ်… အဲဒီနောက် ရောဘင် လေးဟာ မမျှော်လင့်ဘဲသိလိုက်ရတာကမေ့ရဲ့အမေဟာ ပြန်မလာတော့ဘဲ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားပါတယ်…မနေနိုင်လွန်းတဲ့ ရောဘင်ဟာ မေ့ရဲ့ အမေကို ပြန်ရှာပေးဖို့ ကတိပေးလိုက်တယ်။အဲဒီနောက်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…ဇာတ်လမ်းကောင်းကောင်းနဲ့စွန့်စားခန်းAnimation ကားတွေကိုမှ သဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်ပါကြောင်း…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/295
5
How To Train Your Dragon (2010)

ဇာတ်လမ်း ရဲ့ အစကတော့ ဗိုက်ကင်းတွေ နေတဲ့ ကျွန်းလေးတစ်ခုကနေအစပြုတာပါပဲ ဗိုက်ကင်း သူရဲကောင်းတွေ ရဲ့ ရွာဟာ ပြသနာ တစ်ခုကိုအမြဲ လိုလို ရင်ဆိုင်နေရပါတယ် အဲ့ဒါကတော့ နဂါးတွေပါပဲတစ်ချို့ ညတွေမှာ နဂါးတွေဟာ ခိုးဝင်လာပြီးအစားအသောက်တွေကိုခိုးယူသွားတက်ကြသလို အိမ်တွေကိုလဲ မီးရှို့သွားတက်ကြပါသေးတယ်ဗိုက်ကင်း တွေရဲ့ အိမ်တွေဟာ အမြဲလိုလို အသစ်တွေ ဖြစ်နေတာနဂါးတွေ ရဲ့ လက်ချက်ပါပဲ…ဒီဗိုက်ကင်း ရွာလေး မှာ ဟစ်ကပ် ဆိုတဲ့ ကောင်လေးရှိပြီးသူက ဗိုက်ကင်းတွေ ထဲမှာ အားအနည်းဆုံးမို့ရွယ်တူတွေလိုနဂါးတွေ ဖမ်းရမယ့် အစားလက်နက်တိုက်မှာ အကူလုပ်နေရတာပါ ဗိုက်ကင်းတွေ ရဲ့သတ္တိရှိမှု ရဲစွမ်းရှိမှုကို ပြဖို့ဆိုရင် နဂါးတစ်ကောင်တော့အနည်းဆုံး သတ်ပြ ဖမ်းပြရမှာပဲ ဖြစ်ပါတယ်လူကောင်သေးတဲ့ဟစ်ကပ်ကတော့ နဂါးတစ်ကောင်ဖမ်းဖို့ကိုတက်ကြွနေပြီး သူ့ရဲ့အစွမ်းကိုလဲ ပြချင်နေပါတယ် တစ်ရက်မှာတော့ သူထွင်ထားတဲ့ နဂါးဖမ်းတဲ့ လက်နက်နဲ့နိုက်ဖျူရီ လို့ ခေါ်တဲ့ နဂါးတွေထဲမှာ အလျင်မြန်ဆုံး နဲ့ အဖမ်းရခက်ဆုံးအကောင်လေးတစ်ကောင်ကိုမတော်တဆ ဖမ်းမိသွားတဲ့အခါမှာတော့...


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/296
14🍓1
How To Train Your Dragon 2 (2014)

စာရေးဆရာမ Cressida Cowell ရဲ့How to Train Your Dragon ဝတ္ထုကို သုံးပိုင်းခွဲ ရိုက်ကူးတဲ့ထဲက ဒုတိယမြောက် ဇာတ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Dean DeBlois ရိုက်ကူးပြီးJay Baruchel ၊ Cate Blanchett ၊ Gerald Butler ၊ Craig Ferguson ၊ America Ferrera နဲ့ Djimon Hounsou တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။IMDb မှာ Rating 7.8 ရရှိထားပြီး Rotten Tomatoes မှာတော့Tomatometer 91% ထိ ရရှိထားပါတယ်။ နဂါးတွေ အရောင်စုံနဲ့ရုပ်ထွက်လှပမှုကလည်း Rio 2 နဲ့ အပြိုင်ပါပဲ။ ဗိုက်ကင်းတွေရဲ့ ဇာတ်အိမ်နဲ့ ခိုင်မာတဲ့ ဇာတ်ကြောင်းကိုလည်း ပရိသတ်နှစ်သက်မှာပါ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/297
14
How to Train Your Dragon 3: The Hidden World (2019)

How To Train Your Dragon ဟာ ၁ နဲ့ယခုဇာတ်သိမ်းမယ့် ၃ ဟာ ၉ နှစ်ခြားခဲ့ပါတယ်…How To Train Your Dragon ရဲ့ပရိတ်သတ်တွေအမြောက်အမြားဆိုတာယုံမှားဖွယ်မရှိပါဘူး...ဇာတ်လမ်းအကျဉ်းကတော့ ဟစ်ကပ်တို့ရဲ့ ဘာ့ခ်မှာ နဂါးတွေ တဖြည်းဖြည်းများပြားလာသလိုနဂါးမုဆိုးတွေရဲ့ ရန်ကလည်း ပိုကြီးမားလာပါတယ်။ဒါကြောင့် နဂါးတွေနဲ့ သူ့လူတွေ လုံခြုံစေဖို့ ဟစ်ကပ်ဟာကမ္ဘာကြီးရဲ့ အဆုံးက လျို့ဝှက်နေရာတစ်ခုကိုရှာဖွေဖို့ ကြိုးစားပါတော့တယ်...


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/298
15