MxT Anime & Cartoon
35.4K subscribers
1.51K photos
250 videos
1.74K links
အရမ်းကြည့်ချင်နေတဲ့ ဇာတ်ကားများကို တစ်ကား ၅၀၀ ကျပ်နဲ့လာရောက်တောင်းဆိုနိုင်ပါပြီ - @quanxisfei
Download Telegram
Dandadan (2024)

မထွက်ခင်ကတည်းက နာမည်ကြီး Manga ကိုAnime လုပ်မှာဆိုပြီး Hype ခဲ့ကြတာ အခု တကယ်ထွက်လာတော့လည်းCritic တွေကြား Fan တွေကြား အပိုင်း ၁ နဲ့တင် ပွဲခံနေကြပါပြီ။ဇာတ်လမ်းကလည်း အစကတည်းက ဝုန်းဒိုင်းကြဲလာ ဖြစ်ချင်ရာဖြစ်မယ်ဆိုပြီး သောင်းကျန်းထားတာရယ်။ဘဲက ဖြတ်သွားလို့ဆိုပြီး ကြွေကွဲလူငယ်ဖြစ်နေတဲ့ Ayase Momo ဆိုတဲ့ စွာတေးလန်မလေးရယ်၊အတန်းထဲမှာ အမြဲတမ်း အနိုင်ကျင့်ခံနေရတဲ့ အူစကူ မှန်ကြောင်လေး Ken Takakuraရယ်ကောင်မလေးက သရဲယုံတယ် ကောင်လေးက ဂြိုလ်သားယုံတယ်။အဲဒါ ၂ ယောက်သား ရန်ဖြစ်ပြီး စိန်ခေါ်တယ် “သရဲမယုံတဲ့ကောင် သရဲခြောက်တယ်ဆိုတဲ့ နေရာသွား” “ဂြိုလ်သားမယုံတဲ့နင် ဂြိုလ်သား UFO ရှိတယ်ပြောနေကြတဲ့ နေရာသွား” ဆိုပြီး စလိုက်ရာကနေ ဒီဇာတ်လမ်း ဖြစ်လာတာပါပဲ။ဇာတ်လမ်းလေးကလည်း သရဲတွေ ဂြိုလ်သားတွေ ရောသမမွှေထားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အပြင်မင်းသားနဲ့ မင်းသမီးကြားမှာ ရိုမန်တစ်ဆန်ဆန်လေးလည်း ပါဦးမယ်ဆိုတော့ ပို ပြည့်စုံသွားတာပေါ့။

Linkစုpost👇

https://t.me/mxtani/9
16
Alice In Wonderland (1951)

Animation ကားကောင်းလေးတစ်ကားဖြစ်တဲ့ Alice In Wonderland စာ 1951 ခုနှစ်ကထွက်ရှိထားခဲ့ပြီးတော့Movie ပြန်ရိုက်ရတဲ့အထိကိုအောင်မြင်မှု့ရရှိခဲ့ပါတယ်….ဇာတ်လမ်း အကျဉ်းကိုပြောပြရမယ်ဆိုရင်ယုန်လေးတစ်ကောင်နောက်ကို စူးစမ်းပြီးလိုက်ခဲ့တဲ့ အဲလပ်လေးတစ်ယောက် သူစိတ်ကူးထားတဲ့သူတကယ်ဖြစ်ချင်နေတဲ့ ထူးဆန်းပြီး အပြင်မှတကယ်မဖြစ်နိုင်တဲ့စိတ်ကူးယဉ်ကမ္ဘာလေးထဲကိုရောက်ရှိသွားခဲ့ပါတယ်…မြင်မြင်သမျှအရာအားလုံးက သူမအတွက်တော့တကယ်ကိုအထူးဆန်းတွေချည်းပဲဖြစ်နေလို့နောက်ဆုံးတော့ သူမအိမ်ကိုပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်…ဒါပေမယ့် သူမအိမ်ပြန်ဖို့လမ်းရှာနေတဲ့အချိန်မှာ အနီရောင်ဘုရင်မနဲ့စတွေ့ပါတော့တယ်…အနီရောင်ဘုရင်မကတော့ ရက်စက်တဲ့နေရာမှာ နှစ်ယောက်မရှိသူပါ…ဒီလိုရက်စက်တဲ့ အနီရောင်ဘုရင်မလက်ထဲကနေ လွတ်မြောက်အောင် အဲလပ်လေးဘယ်လိုလုပ်မလဲ…သူမအိမ်ကောပြန်ရောက်နိုင်မလားဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်….ဒီကားလေးဟာတော့ Animation ကြိုက်သူများအတွက်အထူးသင့်တော်တဲ့ညအိပ်ရာဝင်ပုံပြင်ကားလေးပဲဖြစ်ပါတယ်..


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/242
11
Bee Movie (2007)

ဇာတ်ကားလေးထဲမှာ ပျားကလေးတွေ ဘယ်လိုအလုပ်လုပ်ကြတယ်ဆိုတာကိုဗဟုသုတအနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီးပျားတွေနဲ့လူတွေသာ စကားပြောဖြစ်ကြရင် ဘယ်လိုတွေဖြစ်လာမလဲဆိုပြီးစိတ်ကူးယဉ်ဇာတ်လမ်းလေးဖွဲ့ထားတာပဲဖြစ်ပါတယ်…ပျားတွေဟာ နှစ်သန်းပေါင်း ၂၇နှစ် ကြာအောင်ကမ္ဘာပေါ်မှာ တစ်ရက်မှ မနားဘဲ အလုပ်လုပ်နေကြတဲ့ အကောင်လေးတွေဖြစ်ပါတယ်…တစ်နေ့မှာ ဘယ်ရီဆိုတဲ့ ပျားကလေးတစ်ကောင်ဟာ ကျောင်းပြီးဘွဲ့ရလို့အလုပ်ခွင်ဝင်ရမယ့် အချိန်ရောက်လာခဲ့ပေမယ့်ပျားတွေလုပ်ရမယ့် သာမန်အလုပ်ကို မလုပ်ချင်ဘဲ စူးစမ်းချင်စိတ်ရှိတဲ့ ဘယ်ရီဟာပျားအုံရဲ့အပြင်ကို ထွက်သွားမိရာကနေ …လူသားတွေနဲ့ တွေ့ဆုံမိတဲ့အခါမှာ ဘယ်လိုစွန့်စားမှုမျိုးတွေ ကြုံရမှာလဲဆိုတာကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦးနော်..


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/243
12🐳1🍓1
Tasogare Out Focus (2024)

Tasogare Out Focus ဆိုတဲ့ BL Manga ကို ပြန်လည်ပုံဖော်ထားတဲ့ ၁၂ ပိုင်းပါ BL Anime လေး ဖြစ်ပါတယ်။

ဖြစ်တည်မှုတိုင်းဟာ အချစ်နဲ့ မပတ်သက်တာမျိုးမရှိနေခဲ့ပါဘူး။ လိင်တူဖြစ်ဖြစ်၊ လိင်ကွဲဖြစ်ဖြစ် အချစ်ဟာ အချစ်ပါပဲ။ ဒီကားလေးမှာတော့ အခန်းဖော်တွေဖြစ်ကြတဲ့ Mao Tsuchiya နဲ့ Hisahi Ootomo တို့ကြားက ကတိကဝတ် တစ်ခုကိုအရင်းခံပြီးဖြစ်တည်လာခဲ့တာပါ။ Hisahi ဟာ "လိင်တူ ခြင်း လိင်စိတ်တိမ်းညွှတ်နေတဲ့ လူတစ်ဦး" ဖြစ်ကြောင်းကို Mao က ထုတ်မပြောရသလို Hisahi ဟာလည်း  Mao ကို မချစ်မိအောင် ထိန်းထားပေးဖို့ ဆိုတဲ့ ကတိလေးပေါ့လေ။အရာအားလုံးဟာချောချောမွှေ့မွှေ့ဖြစ်နေရာကနေ သူတို့ရဲ့ ရိုက်ကူးရေး ကလပ်မှာ Bl ကားရိုက်တာကနေစပြီးတော့ သံယောဇဉ်တွေ ရစ်ပတ်ချည်နှောင်သွားရင်း အပြန်အလှန် ကတိကဝတ်တွေကို ထိန်းထားနိုင်ပါ့မလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ် သိင်္ဂါရ ရသ မြောက်တဲ့ ကားလေးပါ။

Linkစုpost👇

https://t.me/mxtani/26
35🐳1
10 Lives (2024)

10 Lives ဆိုတဲ့ ဇာတ်ကားက Beckett ဆိုတဲ့ ကြောင်တစ်ကောင်ရဲ့ ဘဝအတွေ့အကြုံတွေကို အဓိကဖော်ပြထားပါတယ်။ သူ့ရဲ့ အမျိုးမျိုးသော အိမ်ရှင်တွေမှာ ကျင်လည်သွားရင်း ကြောင်အဖြစ်ဘဝရဲ့ အဓိပ္ပါယ်ကို နားလည်သွားဖို့ ကြိုးစားရတဲ့ ခရီးလမ်းကို ပုံဖော်ထားတာပါ။ဒီကားက ကြောင်တစ်ကောင်ရဲ့ ခံစားချက်တွေနဲ့ လူတွေကြားက ခင်မင်မှုတွေအပေါ် အမြင်တွေကို ကောင်းကောင်းပြနိုင်ပါတယ်။ ဇာတ်ကားက ပေါ့ပေါ့ပါးပါး ဟာသဆန်တဲ့ စကားပြောတွေ၊ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ထားပြီး မိသားစုကြည့်ဖို့အတွက်လည်း အထူးသင့်တော်ပါသေးတယ်။
Beckett ရဲ့ အခွင့်အရေးဖြစ်တဲ့ အသက် ၉ ချောင်းကနေမှ ဘဝရဲ့ တန်ဖိုးကို နားလည်သွားတာကို မြင်ရမှာဖြစ်ပြီး၊ အမြင်ပြောင်းလဲဖို့ လိုအပ်တဲ့အခါမှာ ဘယ်လိုကြိုးစားရလဲဆိုတာလည်း သင်ခန်းစာဖြစ်စေပါတယ်။ ဒီဇာတ်ကားကို ကြောင်ချစ်သူတွေ၊ ကလေးတွေနဲ့ မိသားစုတွေ ကြည့်ရင်း ပျော်စရာ အမှတ်တရတွေ ဖန်တီးနိုင်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/246
9😭1
Piece by piece (2024)

2024ခုနှစ်ထွက် Piece by Piece ဆိုတဲ့ LEGO ဇာတ်ကားအသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီ LEGO ဇာတ်ကားလေးမှာ‌တော့ အဆိုတော် Pharrell Williams ရဲ့ဇာတ်ကြောင်းကို အသားပေးဖော်ပြထားပါတယ်။သူ့ရဲ့ နာမည်ကျော်ခဲ့တဲ့သီချင်းတွေအကြောင်းလဲပါ၀င်ထားတာမလို့ သီချင်းကြိုက်တဲ့သူတွေဆိုရင်ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဘာသာပြန်သူကတော့ သူ့ရဲ့ “Happy”ဆိုတဲ့သီချင်းလေးကိုကြိုက်ပါတယ်။
သီချင်းကောင်းလေးတစ်ပုဒ်မို့လို့ နားမထောင်ဖူးသေးရင် ဒီကားလေးကြည့်ရင်း နားထောင်ကြည့်လိုက်ပါဦးနော်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/247
8
HAIKYU!! The Dumpster Battle Movie (2024)

Sport Anime မှာဆိုရင်တော့ Haikyu ကို မသိကြတဲ့လူ ရှားပါလိမ့်မယ်။သူကတော့ ဘော်လီဘော အားကစားကို အခြေခံထားတဲ့ Anime ကောင်းတစ်ခု ဖြစ်ပါတယ်။အခု ဒီ ရုပ်ရှင်လေးကတော့ Season 4 အပြီး တိုက်ရိုက်ဆက်စပ်ထားတဲ့ ရုပ်ရှင်လေးပါ။နောက်ထပ် စီးရီးမလာတော့ပဲ Ending အဖြစ် နောက်ဆုံးရုပ်ရှင်နှစ်ကားထုတ်မယ်ဆိုပြီးကြေငြာထားရာမှာ ဒီကောင်က ပထမကား ဖြစ်ပါတယ်။ဒီကားထဲမှာတော့ မင်းသားတို့ Karasuno ကျီးနက်တွေ အစမ်းဆော့ကြည့်တိုင်းဘယ်တော့မှအနိုင်မရတဲ့ ဟိုးအရင်ကတည်းက ပြိုင်ဖက်ဟောင်းအသင်းကြောင်ရိုင်းတွေရဲ့ Nekoma အသင်းနဲ့ ပထမဆုံးအကြိမ်အဖြစ်အမျိုးသားပြိုင်ပွဲ တတိယအဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်ကြတာကို ဦးစားပေး တင်ဆက်ထားပါတယ်။Hinata အနေနဲ့လည်း ဘော်လီဘောအားကစားကို ပေါ့ပေါ့တန်တန် ကစားပေမဲ့ဉာဏ်အသေပြေးတဲ့ Kenma နဲ့ ပွဲထဲမှာ ဘယ်လိုတွေ ပညာစမ်းကြဦးမလဲဘယ်လိုတွေ ဒီအဆင့်ကို ကျော်ဖြတ်ပြီး ဘယ်အသင်းက အနိုင်ရသွားဦးမလဲဆိုတာထုံးစံအတိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရဦးမယ့် Haikyuu ရုပ်ရှင်လေး ဖြစ်ပါတယ်ဗျာ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/248
14🐳1
Alien Xmas (2020)

ဇာတ်လမ်းအစမှာတော့ ခရစ္စမတ်ဘိုးဘိုးကြီးက ပုံပြင်ပြောပြနေတာနဲ့အစပြုထားပါတယ်။ဟိုးရှေးရှေးတုန်းက ခလက်စ်ဆိုတဲ့ ဂြိုဟ်သားမျိုးနွယ်စုတစ်ခုရှိတယ်။အစကတော့ ခလက်စ်တွေဟာ အရောင်အသွေးစုံကြတယ်။ ဒါပေမဲ့သူတို့ရဲ့အမိဂြိုဟ်ပေါ်က သယံဇာတတွေကို လောဘတကြီးသုံးဖြုန်းရင်းကြာတော့ ဂြိုဟ်ကြီးလည်းပြောင်၊ သူတို့ရဲ့အရောင်တွေလည်း မှောင်ကုန်ကြတယ်။ အဲလိုနဲ့ ခလက်စ်တွေဟာ တစ်ဂြိုဟ်ပြီးတစ်ဂြိုဟ်ကူးပြီးပစ္စည်းတွေခိုးဝှက်အလစ်သုတ်ကြတော့တယ်။ တစ်ရက်ကျ ကမ္ဘာဂြိုဟ်ကို မျက်စိကျသွားတော့ ကမ္ဘာ့မြေဆွဲအားကိုဖျက်ဆီးပြီး အာကာသထဲလွင့်လာတဲ့ ပစ္စည်းတွေကို လုယက်ဖို့စီစဉ်ကြပါလေရော။အဲ့အတွက် မြေဆွဲအားဖျက်ဆီးမဲ့ ဂျိုင်ရိုထရွန်ဆိုတဲ့ စက်ကြီးကို မြောက်ဝင်ရိုးစွန်းမှာ သွားဆောက်ဖို့ ဂြိုဟ်သားတွေက အရွယ်အသေးဆုံးလေးဖြစ်တဲ့ အိက်စ်ကို တာဝန်ပေးလိုက်တယ်။ အိက်စ်က အသေးဆုံးသာဖြစ်တာ အခိုးဆုံးပဲ။ သိပ်တော်တဲ့သူခိုးပိစိလေး မြောက်ဝင်ရိုးစွန်းကိုရောက်လာပြီး ဆန်တာတို့ရဲ့ခရစ္စမတ်မြို့တော်ကို ဘယ်လိုဝင်မွှေမလဲဆိုတာကြည့်ရှုခံစားလိုက်ပါဦး။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/249
8
The Boss Baby: Christmas Bonus (2022)

Boss Baby လေးရဲ့ Christmas အတွက် အထူးအပိုင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီအပိုင်းမှာတော့ Boss Baby လေး တစ်နှစ်သားအရွယ် ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ ခရစ်စမတ်ကာလကို နောက်ကြောင်းပြန်ပုံဖော်ပေးထားပါတယ်။ ခရစ်စမတ်မတိုင်ခင် နာရီပိုင်းလေးအလိုမှာ ဆန်တာ့ရဲ့
အားအကိုးရဆုံး နတ်သူငယ်လေး နဲ့ Boss baby တို့ နေရာချင်းလွဲသွားပြီးBoss baby တစ်ယောက် ဆန်တာရှိရာ မြောက်ဝင်ရိုးစွန်းဆီ ရောက်ရှိသွားခဲ့ပါတယ်။အစောတည်းက ခရစ်စမတ်ရိုးရာတွေကို မကြိုက်တဲ့ Boss baby တစ်ယောက် ဆန်တာရဲ့ ခရစ်စမတ်လက်ဆောင်စက်ရုံကြီးထဲကို ရောက်ရှိသွားပြီး ကလေးတွေအတွက် အရုပ်တွေ လုပ်ပေးရတဲ့အခါမှာ ဘုနဲ့ဘောက်တွေ စတင်လာတာပါပဲ။ ဒီတော့ ဆရာ့ဆရာကြီး Boss baby တို့ ဆန်တာ့ဆီမှာ ဘယ်လိုတွေသွားဆရာကျဦးမလဲ တစ်ဖက်က Boss baby‌ နေရာကိုရောက်သွားတဲ့ နတ်သူငယ်ကရော ဘာတွေ ကြုံတွေ့ရမလဲ ဆိုတာကိုChristmas theme လေးနဲ့အတူ မြင်တွေ့ရမဲ့ကားကောင်းလေးပဲ ဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/250
19🍓1
Si Juki the Movie: Harta Pulau Monyet (2024)

စီဂျူကီနှင့် မျောက်ကျွန်းရတနာသိုက်ဒီတစ်ခါတော့အပျင်းပြေကြည့်ရှုနိုင်ဖို့ အင်ဒိုနီးရှားကာတွန်းကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။မိသားစုရဲ့စီးပွားရေးကျဆင်းနေမှုကြောင့် အခက်တွေ့နေရတဲ့ ဂျူကီတစ်ယောက်လုပ်ငန်းကိုပြန်လည်ကြီးပွားတိုးတက်ဖို့ အကြံမျိုးစုံထုတ်ပြီး ကြိုးပမ်းနေရပါတယ်။ဘယ်လိုလုပ်လုပ်မအောင်မြင်တာမို့ ရုန်းကန်နေရချိန် နောက်မတော်တဆနဲ့ဘိုးဘေးတွေချန်ထားခဲ့တဲ့ ရတနာမြေပုံကိုရှာတွေ့သွားပြီးတဲ့နောက်မှာအန္တရာယ်စွန့်စားခန်းအပြည့်နဲ့ ရတနာသိုက်ရှာပုံတော်ဖွင့်ပါတော့တယ်။သူတို့ရဲ့စွန့်စားခန်းခရီးစဉ်မှာ ဘာတွေကြုံတွေ့ရမလဲ… အောင်မြင်စွာပဲ ရတနာတွေရလာမှာလား…ရတနာမြေပုံအတုဖြစ်နေတာမျိုးကြုံရပြီး လက်ဗလာနဲ့ပဲပြန်လာရမလား…ရှိရင်းစွဲလုပ်ငန်းကိုပဲ အောင်မြင်ကြီးပွားအောင်ကြိုးစားကြမလားဆိုတာကိုတော့စွန့်စားခန်းအပြည့်နဲ့ဟာသဆန်ဆန်ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/251
5
Eight Crazy Nights (2002)

မင်းသားကြီး Adam Sandler ကိုယ်တိုင် အသံသရုပ်ဆောင်‌ထားတဲ့ ခရစ္စမတ်ကာလ ကာတွန်းကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒေဗီ စတုန်းကတော့ ရာဇဝတ်မှတ်တမ်းများစွာနဲ့ ပျက်စီးနေတဲ့ အရက်သမားတစ်ယောက်ဖြစ်ပြီး ဒူ့စ်ဘယ်ရီမြို့မှာနေပါတယ်။ငယ်ငယ်ကတော့ လူငယ်ဘက်စကက်ဘောအသင်းရဲ့ကြယ်ပွင့်ဖြစ်ခဲ့ပေမဲ့ အသက် ၁၂ နှစ်သားအရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် သူ့ရဲ့အနာဂတ်ရော သူကိုယ်တိုင်ပါပျောက်ဆုံးသွားခဲ့တာပါ။ ခရစ္စမတ်မတိုင်ခင် ဟာနူကာပွဲတော်ညမှာလည်း အရက်မူးပြီး မြို့ထဲကရေခဲရုပ်တုတွေကိုဖျက်ဆီးမိလို့ ထောင် ၁၀ နှစ်ထိချခံရတော့မလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လူငယ်ဘက်စကက်ဘောပွဲဒိုင်လူကြီး ဝှိုက်တီရဲ့‌ ကြားဝင်ဖြောင့်ဖျပေးမှု‌ကြောင့် လူငယ်ဘက်စကက်ဘောပွဲအတွက် အလုပ်သင်ဒိုင်လူကြီးလုပ်ဖို့ ပြစ်ဒဏ်ချခံလိုက်ရပါတယ်။ဒီလိုနဲ့ သက်ကြီးပု ဝှိုက်တီနဲ့ အရက်သမား စတုန်းတို့နှစ်ယောက်ကြားက ဟာနူကာပွဲညရှစ်ရက်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ စတုန်းတစ်ယောက်ရော သူ့ရဲ့အကျင့်‌ဟောင်းတွေကို ဖျက်နိုင်ပါ့မလားဆိုတာတွေကို ဟာသဆန်ဆန်ကြည့်ရှုကြရမှာပါ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/252
3
A Christmas Carol (2009)

ဒီAnimation,ဇာတ်ကားကိုတစ်ဝက်လောက်ပဲကြည့်ရသေးတယ် အံ့အားသင့်လောက်စရာတွေတွေ့လို့ ဒီကားနဲ့ ပတ်သက်တာတွေစုံစမ်းကြည့်တော့ Charles Dickens ရဲ့နာမည်ကြီးဝတ္ထုဖြစ်နေတဲ့အပြင် ဒါရိုက်တာလည်းForrest Gump  ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ဖြစ်နေတယ်…ဒါကြောင့်လည်း Best Animated Film ဆန်ကာတင်စာရင်းဝင်ခဲ့သလိုအခြားဆု(၃)ဆုလည်းရရှိခဲ့တယ် Jim Carrey အသံပိုင်းသရုပ်ဆောင်ထားပါတယ်…Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်…သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး  အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်…ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ….ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ…ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ..ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်..


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/253
13
Arcane (Season - 2)

IMDB – 9.0/10, RT – 100%

ဒီနှစ်ထဲမှာ ကျွန်တော်အပါအဝင် လူတိုင်းစောင့်မျှော်နေတဲ့ နာမည်ကျော်ဂိမ်း League of Legend ထဲကဇာတ်ကောင်တွေနဲ့ Netflix ကနေ တင်ဆက်ပေးလိုက်တဲ့ Arcane Season 2 ဟာယခုထွက်ရှိလို့လာခဲ့ပါပြီ။

Animation စီးရီးထဲမှာ ဘတ်ဂျတ်အသုံးအများဆုံးနဲ့ အအောင်မြင်ဆုံးလို့လည်း ပြောလို့ရပါတယ်။

ဒီ အတွဲ ၂ ကတော့ ဇာတ်သိမ်းအတွဲတစ်ခု ဖြစ်မှာပါ။ Season 1ရဲ့အဆက်ဖြစ်တာမို့မကြည့်ရသေးရင် အရင်သွားကြည့်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။

ဒီ Season 2 မှာတော့ တခြားဇာတ်ကောင်သစ်တွေနဲ့အတူတူ ဒီ ဇာတ်လမ်းတွဲကြီးက ဘယ်လိုမျိုး အဆုံးသတ်ပေးမလဲဆိုတာကို
သေသပ်လှပတဲ့ Animation တွေ ဇာတ်ဝင်တေး အမိုက်စားတွေ ဇာတ်လမ်း ဇာတ်ညွန်းအမိုက်စားတွေနဲ့ ခမ်းနားစွာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်…။

Arcane Season - 1👇
https://t.me/mxtani/15

Arcane Season - 2👇
https://t.me/mxtani/40
6🐳1
Dandadan ep 5 နဲ့ ep 6 ရပါပြီ။

Episode - 5
https://t.me/mxtani/45
Episode - 6
https://t.me/mxtani/46

Linkစုpost👇
https://t.me/mxtani/9
9🐳1
Diary of a Wimpy Kid Christmas Cabin Fever (2023)

ခရစ္စမတ်ချိန်ခါနီးပြီဆိုတော့Disneyက အသစ်ထွက်ထားတဲ့ဟာသကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Christmas ရဲ့ထုံးစံအတိုင်း Santaဟာ လိမ္မာတဲ့ကလေးတွေကို လက်ဆောင်တွေအများကြီးပေးတယ်လို့ မိဘတွေကပြောကြပါတယ်။ ဒီတော့ ကလေးတွေမှာ ကိုယ်လိုချင်တဲ့လက်ဆောင်ရဖို့အရေး Christmasရောက်ဖို့တစ်လလုံး လိမ္မာပြရပါတယ်။Santaကြားသွားရင် လက်ဆောင်မပေးတော့မှာဆိုးလို့ ယောင်လို့တောင် စကားအမှားမထွက်ရဲကြပါဘူး။ ဒီကလေးတွေထဲကမှ Gregဆိုတဲ့ကောင်လေးဟာ ဂိမ်းစက်အသစ်လိုချင်နေပါတယ်။ လိမ္မာမှလိုချင်တာရမယ်ဆိုပေမဲ့ Christmasမရောက်ခင်တစ်ပတ်လောက်အလိုမှာ သူ့သူငယ်ချင်းနဲ့အတူအပြစ်ကြီးကြီးမားမားတစ်ခုလုပ်မိသွားပါတယ်။ ဒီအချိန်မှာ ဂိမ်းစက်ကိုလည်းဂရုမစိုက်နိုင်တော့ဘဲ ‌ဒီကိစ္စကိုဘယ်သူမှမသိဖို့အရေး လူတကာပျော်နေချိန်မှာ အပူအပင်တွေနဲ့လုံးပမ်းနေရပါတယ်။Greg တို့သူငယ်ချင်း၂ယောက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/254
9🍓1💋1
Ice Age: A Mammoth Christmas (2011)

ဒီဇာတ်လမ်း​လေးက Ice ageရဲ့ခရစ္စမတ်အထူး ဇာတ်လမ်းတို​လေးဖြစ်ပြီး၂၀၁၁ခုနှစ်က ထွက်ရှိခဲ့တာပါ။ Ice Age 3 ပြီးတဲ့ကာလကိုဇာတ်အိမ်တည်ထားတာ ဖြစ်ပြီး မန်နီနဲ့ အယ်လီတို့ရဲ့သမီး ပိချက်စ်စတင်ပါဝင်လာတဲ့ ဇာတ်လမ်း​လေးပါ။ခရစ္စမတ်အတွက် မန်နီတို့တ​တွေ ပြင်ဆင်​နေကြချိန် ထုံးစံအတိုင်းဆစ်ဒ်​ကြောင့် ပြင်ဆင်ထားတာ​တွေ အကုန်ပျက်စီးသွားလို့ မန်နီက​ဒေါသထွက်ပြီး ဆန်တာက​​လော့စ်ရဲ့ ခရစ္စမတ် လူဆိုးစာရင်းထဲမှာဆစ်ဒ်ပါသွားပြီဖြစ်​ကြောင်း ​ခြောက်လိုက်တာကို ဆစ်ဒ်ကတကယ်ထင်မှတ်ပြီး ​မြောက်ဝင်ရိုးစွန်းအထိသွားကာ ဆန်တာက​လော့စ်ကိုရှာဖို့ လုပ်ပါ​တော့တယ်။သူနဲ့အတူတူ ပိချက်စ်​အပြင် အက်ဒီနဲ့ ခရက်ပါ ပါသွားတာ​ကြောင့်မလွဲရရင် မ​နေနိုင်တဲ့ ဆစ်ဒ်ကို​ကြောက်တဲ့ မန်နီတို့တ​တွေပါ သူတို့​လေး​ယောက်ကို လိုက်ရှာရပါ​တယ်။ ​သူတို့ရဲ့ ဆန်တာရှာပုံ​တော်မှာဘယ်လိုအလွဲ​တွေ ဖြစ်ဦးမလဲဆိုတာ မိသားစုနဲ့အတူ ဒီပိတ်ရက်မှာအပန်း​ဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်​ပေးလိုက်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/255
10🐳3
Mickey's magical christmas: snowed in at the house of mouse (2001)

ခရစ္စမတ်အရသာ အပြည့်အဝရမယ့် အန်နီမေးရှင်းလေးတစ်ပုဒ်ပေါ့။ ဒီဇာတ်လမ်းမှာ ၂၀၀၁မတိုင်ခင်ထွက်ခဲ့တဲ့ ဒစ္စနေးရဲ့ရှိသမျှ ဇာတ်ကောင်တွေ အကုန်နီးနီးပါတယ်။ ဘာလို့ပါသတုန်းဆို ဒီရုပ်ရှင်က House of Mouse လို့ခေါ်တဲ့ မစ်ကီမောက်စ်စီးရီးရဲ့ Spin-Off အဖြစ်ထုတ်ထားတာ။ House of Mouse က ပြောရရင် ဒစ္စနေးရဲ့ မှတ်တိုင်စိုက်ထူမှုတစ်ခုလို့ ပြောရမယ်။ ဘာလို့ဆို House of Mouse ဆိုတဲ့ နာမည်ကိုက ဒစ္စနေးရဲ့ နာမည်ပြောင်လည်းဟုတ်နေတယ်။ နောက် House of Mouse စီးရီးမှာ ၁၉၃၀ကနေ ၁၉၅၀ဝန်းကျင်က ဒစ္စနေးကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြထားကြတာတွေတော်တော်ပါတယ်။ House of Mouse ဆိုတာက မစ်ကီတို့သူငယ်ချင်းတွေဖွင့်ထားတဲ့ Dinner Theatre Club… အဲဒီကို ဒစ္စနေးက ဇာတ်ကောင်တွေအကုန်လာကြတယ်ပေါ့။ခရစ္စမတ်ရဲ့ အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ A Christmas Carol ရဲ့ ကျောရိုးအတိုင်း မစ်ကီမောက်စ်တို့နဲ့ ကြည့်ရမှာဆိုတော့ ခရစ္စမတ်မှာ ကြည့်လို့လည်း တော်တော်အရသာရှိလိမ့်မယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/256
9
Glisten and the Merry Mission (2023)

ခရစ်စမတ်နေ့မှာ ဆန်တာကြီးကနေ ကလေးတွေကို လက်ဆောင်ပေး
နိုင်ဖို့အတွက် အရုပ်လေးတွေကို ဖန်တီးပေးရတဲ့ နတ်သူငယ်လေးတွေနေထိုင်တဲ့ ရွာလေးတစ်ရွာရှိပါတယ်။ မာဇီပန်ကတော့ အဲဒီရွာမှာ နေထိုင်တဲ့ နတ်သူငယ်မလေးတစ်ယောက်ပါ။ မာဇီပန်ရဲ့ အမေဖြစ်သူကတော့အရုပ်ထုပ်လုပ်ရေးအလုပ်ရုံရဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဖြစ်ပြီးသမားရိုးကျအတိုင်း သွားနေတဲ့ အလုပ်ရုံကြောင့် အရုပ်တွေ လုံ‌လုံလောက်လောက် မထုတ်နိုင်မှာကို အမြဲစိုးရိမ်နေတတ်ပါတယ်။တစ်ရက်မှာတော့ စက်ချို့ယွင်းမှုကြောင့် အရုပ်စာရင်းတွေ အဆမတန်တက်လာခဲ့ပြီး မာဇီပန့်အမေပြောခဲ့တဲ့အတိုင်း နတ်သူငယ်တို့ ဒုက္ခလှလှနဲ့တွေ့လာကြတာပေါ့။ ဆိုတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သူတို့တွေစစ်ဆင်ရေးတစ်ခုကို ဆွဲလိုက်ကြပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ နာမည်ကတော့“Merry Mission” ပါတဲ့။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/257
8
The Grinch (2018)

Grinch ကြီးက ခရစ္စမက်စ်ပွဲကိုမုန်းတီးတဲ့သူတစ်ယောက်။Who-ville ကလူတွေ ခရစ္စမက်စ်ပွဲအတွက်ပြင်ဆင်နေကြတာကိုကြည့်မရတဲ့အတွက် နောက်တစ်ခါထပ်ပြီး ပွဲကျင်းပလို့မရအောင် ခရစ္စမက်စ်ပျောက်ဆုံးသွားအောင်ကြံတာလေးကို 3D animation ရုပ်ရှင်အဖြစ်ပြန်လည်ပြီးသရုပ်ဖော်ထားပါတယ်။နာမည်ကျော် Animation Studio ဖြစ်တဲ့ Illumination ကထုတ်လုပ်ဖြန့်ချိထားတဲ့ ဒီ The Grinch မှာ အဓိကဇာတ်ဆောင် Grinch အဖြစ် ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီး Benedict Cumberbatch က အသံသရုပ်ဆောင်ပေးထားပါတယ်။ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်စရာကောင်းတဲ့ဇာတ်ကားလေးဖြစ်တာကြောင့် မိသားစုနဲ့လည်းကြည့်ဖို့ အထူးသင့်လျော်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/258
6
The Polar Express (2004)

ဇာတ်လမ်းလေးက ခရစ်စမတ်အကြိုညတစ်ညမှာ မှော်ဆန်ဆန်ရထားကြီးနဲ့မြောက်ဝင်ရိုးစွန်းဒေသမှာရှိတဲ့ ဆန်တာကလော့စ်ရဲ့ နေရပ်ကိုရောက်သွားတဲ့ကောင်လေးတစ်ယောက် အကြောင်းပါ။ပျော်စရာတွေဟာ ယုံကြည်မှုရှိသူတစ်ယောက်အတွက် အမြဲရှိနေမယ်ဆိုတာသိလိုက်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းဆိုပါတော့။မြောက်ဝင်ရိုးစွန်းကိုသွားတဲ့ ဒီခရီး တစ်လျှောက်မှာ ကောင်လေးကသူငယ်ချင်းတွေလည်းရခဲ့သလို ယုံကြည်မှုဆိုတဲ့စကားလုံးကိုကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပါတယ်။ကိုယ့်လူတို့လည်း ခရစ်စမတ်မရောက်ခင် ဇာတ်လိုက်လေးနဲ့အတူPolar Express ကြီးစီးပြီး စွန့်စားခန်း ထွက်ကြည့်ကြပါဦးနော်…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/260
16
Gundam: Requiem for Vengeance (2024)

ခုနှစ်က Universal ရာစုနှစ် ၀၀၇၉၊ ဇီယွန်နိုင်ငံတပ်တော်ကြီးဟာ အာကာသ ကိုလိုနီများဖြစ်တာနဲ့အညီကမ္ဘာကို စစ်မျက်နှာဖွင့်ကာ ကျူးကျော်လာခဲ့ပါတယ်။အဲဒီမှာ ကမ္ဘာပေါ်မှာရှိတဲ့ ဖက်ဒရေးရှင်းတပ်မတော်က ဇီယွန်တပ်တော်ကို ပြန်လည်တွန်းလှန်ခဲ့ပါတယ်။စစချင်းမှာတော့ နည်းပညာအစစအရာရာသာတဲ့ ဇီယွန်တပ်တော်ကြီးဟာကမ္ဘာဖက်ဒရေးရှင်းတပ်ပေါင်းစုကို ဦးနှိမ်ကာ အသာစီးကနေ တိုက်နိုင်ခဲ့ပါတယ်။သို့သော်လည်း သူတို့ဟာ တစ်ကမ္ဘာလုံးကို အပြည့်မသိမ်းနိုင်ခဲ့ပါဘူး။ဒါတင်မကသေးပဲ ဖက်ဒရေးရှင်းတွေဟာ ဇီယွန်တွေရဲ့ စခန်းတစ်ခုကို ပြန်သိမ်းနိုင်ခဲ့ပါတယ်။တပ်ပျက်ပြီး ထွက်ပြေးလာတဲ့ ဇီယွန်တွေကြားထဲမှာ “Red Wolves” တပ်ခွဲကကပ္ပတိန် အီရီယာ ဆိုလာရီဦးဆောင်တဲ့ “Mobile Suit” တပ်ဖွဲ့လည်းပါဝင်ခဲ့ပါတယ်။သူတို့ဟာ “Mobile Suit” ရှိနေတာတောင်မှ ဖက်ဒရေးရှင်းတို့ရဲ့ အမည်မသိနည်းပညာကို ကျော်နိုင်ခြင်းမရှိခဲ့ပါဘူး။ဖက်ဒရေးရှင်းတွေမှာ ဘာနည်းပညာတွေရှိနေတာလဲ။နည်းပညာအစစအရာအရာသာတဲ့ ဇီယွန်တို့ရဲ့ စခန်းပျက်သွားလောက်တဲ့အထိ ဘာတွေများရှိနေတာလဲ။အီရီယာတို့ ဘယ်လိုများ ဖောက်ထွက်သွားမှာလဲဆိုတာကိုဆက်ပြီးခံစားကြည့်လိုက်ကြပါခင်ဗျာ။

Linkစုpost👇

https://t.me/mxtani/47
5