Winnie The Pooh, Heffalump Halloween The Movie (2005)
Winnie The Pooh,Heffalump Halloween Movieက ဒီနှစ်ဟောလိုးဝင်းမှာ ခင်ဗျားတို့ ရွေးချယ်သင့်တဲ့ ဟောလိုးဝင်းVibeအရဆုံး Movieပါပဲ။ဝကစ်ညဏ်ထိုင်းပြီး လုပ်သမျှတိုင်းက ချစ်ဖို့ကောင်းနေတဲ့ ကျွန်တော်တို့ရဲ့ Winnie The Pooh ကလေးနဲ့ ဟောလိုးဝင်းကို တွဲမြင်ရမှာပါ။အဆက်အဟပ်မတည့်သလို ထင်ကြမှာပေမယ့် ဟောလိုးဝင်း Vibeအရဆုံး လို့ပြောရင်မလွန်ပါဘူး။winnie the poohစာရေးဆရာက လက်တွေ့ဘဝက သူ့သားရဲ့ အရုပ်ကလေးတွေကို တာအိုအတွေးအခေါ်တွေနဲ့ ရောနှောပြီး လက်စွမ်းပြထားတယ်ဆိုကြတယ်။ကျွန်တော်တော့ တာအိုပါပါမပါပါ အစားနင်းကန်စားပြီး ကို့အိမ်အဝမှာ ယက်ကန်ယက်ကန်ကိုယ်ပြန်တစ်နေတဲ့ ဝက်ဝံကြီးကိုချစ်လို့ပဲ ကြည့်ပါတယ်။ခင်ဗျားရဲ့ ဟောလိုးဝင်းမှာ ဟောလိုးဝင်းဆန်ပြီး ကြောက်ဖို့မကောင်းဘဲ ချစ်ဖို့ကောင်းတဲ့ ပျော်စရာကားတစ်ကားရှာနေတယ်ဆိုရင်တော့Winnie the Pooh ,Heffalump Halloweenဟာ နောင်တမရမယ့် အကောင်းဆုံးရွေးချယ်မှုပါပဲ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/235

❤8🍓2
Happy Halloween Scooby-Doo! (2020)
ပဟေဠိဖော်သူများအဖွဲ့က ဟောလိုးဝင်းမှာ ပဟေဠိတစ်ခုကိုဖော်ထုတ်ရင်း စာခြောက်ရုပ်နဲ့တည့်တည့်တိုးခဲ့ရပါတယ်။စာခြောက်ရုပ်ကိုဖမ်းနိုင်ခဲ့ပြီး အောင်ပွဲခံချိန်မှာပဲ စကူဘီအဖွဲ့ရဲ့ အကုန်သွတ်၂ ကောင်ဖြစ်တဲ့ စကူဘီနဲ့ ရှက်ဂီတို့နှစ်ယောက် ဟောလိုးဝင်းမှာ မုန့်လိုက်တောင်းရင်းဖရဲသီးသရဲကြီးနဲ့ပက်ပင်းတိုးခဲ့ရပါတယ်။ ထုံးစံအတိုင်းသုတ်ခြေတင်ပြီး အဖွဲ့ကိုပြော လူတွေကိုပြောပေမဲ့ဘယ်သူမှမယုံကြဘဲ သူတို့နှစ်ကောင်သာအရူးဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီပုစ္ဆာဟာ ပဟေဠိဖော်သူများရဲ့ဉာဏ်ကြီးရှင်ဖြစ်တဲ့ ဗယ်မာကိုယ်တိုင်တောင် မတွေးတတ်အောင် ပဟေဠိဆန်လွန်းပြီး တကယ့်လက်တွေ့ဖြစ်ပျက်နေတော့ အားလုံးအခက်ကြုံခဲ့ရပါတော့တယ်။ ဒီတစ်ခေါက် ဖရုံသီးသရဲပဟေဠိကို စကူဘီတို့အဖွဲ့ဘယ်လို ဘယ်လိုဒုက္ခတွေရောက်ကြမလဲဆိုတာနဲ့ MIDB 6.7 ရရှိထားတဲ့ပဟေဠိဖော်သူများအဖွဲ့ရဲ့ဟောလိုးဝင်းပုစ္ဆာဖြေရှင်းပုံများကို ကြည့်ရူအားပေးလိုက်ကြပါဦး။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/236

❤13
The Spooky Tale of Captain Underpants Hack-a-ween (2019)
အနောက်နိုင်ငံတွေမှာအောက်တိုဘာ(၃၁)ရက်ဆိုရင် ကလေးတိုင်းပျော်ရတဲ့ပွဲတော်တစ်ခုရှိပါတယ်။သိကြမှာပေါ့Halloweenဆိုပြီး ဟောလိုးဝင်းညတွေမှာကလေးတွေဟာဝတ်စုံဆန်းတွေဝတ်ပြီးတစ်အိမ်တက်တစ်အိမ်ဆင်း သကြားလုံးတောင်းကြပါတယ်။ သကြားလုံးမပေးရင်သရဲလိုလုပ်ခြောက်ခံရမယ့်ဓလေ့လေးပါ။ ပီကွာဆိုတဲ့မြို့လေးကမယ်လ်ဗင်ဆိုတဲ့ကလေးတစ်ယောက်ဟာဟောလိုးဝင်းကိုမုန်းရာကနေ ဖျက်ပစ်ဖို့ထိလူစုနိုင်ခဲ့ပါတယ်။ မယ်လ်ဗင်ဘာလို့ဟောလိုးဝင်းကိုမုန်းရတာလဲရယ်ဟောလိုးဝင်းကိုမပပျောက်စေချင်တဲ့ သူငယ်ချင်းတစ်စု ဘယ်လိုအကြံတွေထုတ်ကြမလဲရယ်ဆိုတာတွေကိုရိုက်ကူးထားတဲ့Netflix Animation ကားလေးပါ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/237

❤7🍓1
Heroes of the Golden Mask (2024)
ဒီဇာတ်ကာလေးကတော့ စွန့်စားခန်းတွေနဲ့ ဟာသကို နှောပြီး ရိုက်ထားတဲ့Animation ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ချာလီဆိုတဲ့ အိမ်ခြေရာမဲ့ အမေရိကန် သူခိုးကောင်လေးဟာ တစ်ရက်မှာတရုတ်မင်းဆက်တစ်ခုရဲ့ ဆန်ချွင်ဒီ တိုင်းပြည်ကို မှော်ဂိတ်ပေါက်ကနေရောက်သွားရာကနေ ..အဲဒီတိုင်းပြည်ရဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာပုံကို ဒီဇာတ်ကားထဲမှာအရောင်စုံစုံနဲ့ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ဒီဇာတ်ကားက ၈၀ ခုနှစ်နှောင်းပိုင်းတွေတုန်းက တရုတ်ပြည်တောင်ပိုင်းမှာရှေးဟောင်း မျက်နှာဖုံးတွေ ရှာတွေ့ထားတဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ပြီးစိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်ကားအနေနဲ့ Rating သိပ်မကာင်းပေမဲ့ ကလေးတွေနဲ့ လူငယ်တွေအတွက်တော့ ကြည့်လို့ အဆင်ပြေတဲ့ Comedy & Adventure ဇာတ်ကားတစ်ကားပါပဲ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/238

❤10
The Bad Guys Haunted Heist (2024)
ဒါကတော့ ဟောလိုးဝင်းအတွက် အထူးစပါရှယ် ထွက်ရှိလာတဲ့ ဇာတ်လမ်းတိုလေးပါ။ ထုံးစံအတိုင်း ဝို့ဖ်ရဲ့ ဦးဆောင်မှုနဲ့အတူ လူဆိုးများအဖွဲ့ဟာ သရဲခြောက်တဲ့ အိမ်ကြီးက တန်ဖိုးကြီး အဆောင်ပစ္စည်းတစ်ခုကို သွားခိုးကြမှာပါ။ဒါပေမဲ့ အိမ်ကြီးရဲ့ ပိုင်ရှင်ဖြစ်သူက သူ့ပစ္စည်းခိုးရင် လိုက်ခြောက်ခံရမယ်ဆိုတဲ့ ကျိန်စာ တိုက်ခဲ့ပါတယ်။ ဒါကို အလေးမထားတဲ့ လူဆိုးများအဖွဲ့ ဘာတွေ ကမောက်ကမ ဖြစ်ကြမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/239

❤25
The Wild Robot (2024)
DreamWorks Animation ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့တောရိုင်းစက်ရုပ်ဆိုတဲ့ ကာတွန်းရုပ်ရှင်ပါ။ဇာတ်လမ်းအကျဉ်းကတော့လူသားတွေအတွက် အကူအညီပေးတဲ့ စက်ရုပ်အမျိုးအစားတစ်ခုဖြစ်တဲ့ရော့ဇမ်အမျိုးအစား စက်ရုပ်တစ်ရုပ်ဟာ လူမရှိတဲ့ကျွန်းတစ်ကျွန်းအပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်။ အဲဒီကျွန်းပေါ်ကတိရစ္ဆာန်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားရင်းကနေ မတော်တဆငန်းမိသားစုတစ်စုကို သေစေမိလိုက်ပါတယ်။အဲဒီငန်းမိသားစုမှာ ငန်းပေါက်လေးတစ်ကောင် ကျန်ခဲ့ပြီးအဲဒီငန်းလေးကို မသေအောင်စောင့်ရှောက်ရမဲ့ တာဝန်ကိုပရိုဂရမ်ကနေ လက်ခံမိလိုက်ပါတယ်။အဲဒီငန်းကို သူနဲ့အတူစောင့်ရှောက်ချင်ယောင်ဆောင်ပြီးအမြတ်ထုတ်ဖို့ ကြိုးစားတဲ့ မြေခွေးတစ်ကောင်နဲ့လည်း တွေ့လိုက်ရပါတယ်။စက်ရုပ်နဲ့မြေခွေးဟာ ငန်းပေါက်လေးကို အတူစောင့်ရှောက်ရင်းနဲ့အချိန်တွေကြာလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာရယ် စက်ရုပ်ရဲ့ မူလကုမ္ပဏီက ဘယ်လိုတွေ တုံ့ပြန်လာမလဲဆိုတာရယ်ကို ကြည့်ရမှာပါ။ကာတွန်းကောင်းတွေရဲ့ ထုံးစံအတိုင်း အသေငိုခိုင်းလိုက်ပြန်ပြုံးခိုင်းလိုက် ဖြစ်မှာမို့ တစ်ရှုးလေးတွေ ဆောင်ပြပြီးကြည့်ကြဖို့ မမေ့ကြပါနဲ့လို့ ပြောချင်ပါတယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/240

❤80😭11🔥6🐳2🍓2💋2
Uzumaki (2024)
ကြောက်တတ်သူများ၊ရွံတတ်သူများ လုံးဝမကြည့်သင့်ပါ!!!!!
ဒီကားလေးကတော့ ဂျပန်မှာ ကြောက်ဖို့ကောင်းတဲ့ ရွံ့ဖို့ကောင်းတဲ့ ဇာတ်လမ်းတွေကို ဖန်တီးတဲ့ Junji Ito ရဲ့လက်ရာပါ။
ထူးထူးဆန်းဆန်းအနေနဲ့ ရုပ်ပြစာအုပ်ဆန်ဆန်ပြောရမလား အဖြူနဲ့အမဲပဲ ပါမယ်ဆိုတော့ Horror,mystery themeနဲ့အရမ်းလိုက်မယ်ထင်မိပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ခုလိုဇုချိုမြို့လေးဟာ ကျိန်စာတခုပေါ်လာခဲ့ပါတယ်။
ကနဦးအစမှာတော့ အိမ်တွင်းအောင်းနေတဲ့လူတစ်ယောက်ဟာအရစ်အဝဲတွေကို စွဲလန်းလွန်းလာတာကနေစပါတယ်။
အဲ့ဒီနောက်တဖြည်းဖြည်းဆိုးလာပြီး တမြို့လုံးမှာပါ စွဲလန်းမှုကသက်ရောက်လာချိန်မှာတော့…..
Linkစုpost👇
https://t.me/mxtani/3

❤26😭11
Dandadan (2024)
မထွက်ခင်ကတည်းက နာမည်ကြီး Manga ကိုAnime လုပ်မှာဆိုပြီး Hype ခဲ့ကြတာ အခု တကယ်ထွက်လာတော့လည်းCritic တွေကြား Fan တွေကြား အပိုင်း ၁ နဲ့တင် ပွဲခံနေကြပါပြီ။ဇာတ်လမ်းကလည်း အစကတည်းက ဝုန်းဒိုင်းကြဲလာ ဖြစ်ချင်ရာဖြစ်မယ်ဆိုပြီး သောင်းကျန်းထားတာရယ်။ဘဲက ဖြတ်သွားလို့ဆိုပြီး ကြွေကွဲလူငယ်ဖြစ်နေတဲ့ Ayase Momo ဆိုတဲ့ စွာတေးလန်မလေးရယ်၊အတန်းထဲမှာ အမြဲတမ်း အနိုင်ကျင့်ခံနေရတဲ့ အူစကူ မှန်ကြောင်လေး Ken Takakuraရယ်ကောင်မလေးက သရဲယုံတယ် ကောင်လေးက ဂြိုလ်သားယုံတယ်။အဲဒါ ၂ ယောက်သား ရန်ဖြစ်ပြီး စိန်ခေါ်တယ် “သရဲမယုံတဲ့ကောင် သရဲခြောက်တယ်ဆိုတဲ့ နေရာသွား” “ဂြိုလ်သားမယုံတဲ့နင် ဂြိုလ်သား UFO ရှိတယ်ပြောနေကြတဲ့ နေရာသွား” ဆိုပြီး စလိုက်ရာကနေ ဒီဇာတ်လမ်း ဖြစ်လာတာပါပဲ။ဇာတ်လမ်းလေးကလည်း သရဲတွေ ဂြိုလ်သားတွေ ရောသမမွှေထားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အပြင်မင်းသားနဲ့ မင်းသမီးကြားမှာ ရိုမန်တစ်ဆန်ဆန်လေးလည်း ပါဦးမယ်ဆိုတော့ ပို ပြည့်စုံသွားတာပေါ့။
Linkစုpost👇
https://t.me/mxtani/9

❤16
Alice In Wonderland (1951)
Animation ကားကောင်းလေးတစ်ကားဖြစ်တဲ့ Alice In Wonderland စာ 1951 ခုနှစ်ကထွက်ရှိထားခဲ့ပြီးတော့Movie ပြန်ရိုက်ရတဲ့အထိကိုအောင်မြင်မှု့ရရှိခဲ့ပါတယ်….ဇာတ်လမ်း အကျဉ်းကိုပြောပြရမယ်ဆိုရင်ယုန်လေးတစ်ကောင်နောက်ကို စူးစမ်းပြီးလိုက်ခဲ့တဲ့ အဲလပ်လေးတစ်ယောက် သူစိတ်ကူးထားတဲ့သူတကယ်ဖြစ်ချင်နေတဲ့ ထူးဆန်းပြီး အပြင်မှတကယ်မဖြစ်နိုင်တဲ့စိတ်ကူးယဉ်ကမ္ဘာလေးထဲကိုရောက်ရှိသွားခဲ့ပါတယ်…မြင်မြင်သမျှအရာအားလုံးက သူမအတွက်တော့တကယ်ကိုအထူးဆန်းတွေချည်းပဲဖြစ်နေလို့နောက်ဆုံးတော့ သူမအိမ်ကိုပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်…ဒါပေမယ့် သူမအိမ်ပြန်ဖို့လမ်းရှာနေတဲ့အချိန်မှာ အနီရောင်ဘုရင်မနဲ့စတွေ့ပါတော့တယ်…အနီရောင်ဘုရင်မကတော့ ရက်စက်တဲ့နေရာမှာ နှစ်ယောက်မရှိသူပါ…ဒီလိုရက်စက်တဲ့ အနီရောင်ဘုရင်မလက်ထဲကနေ လွတ်မြောက်အောင် အဲလပ်လေးဘယ်လိုလုပ်မလဲ…သူမအိမ်ကောပြန်ရောက်နိုင်မလားဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်….ဒီကားလေးဟာတော့ Animation ကြိုက်သူများအတွက်အထူးသင့်တော်တဲ့ညအိပ်ရာဝင်ပုံပြင်ကားလေးပဲဖြစ်ပါတယ်..
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/242

❤11
Bee Movie (2007)
ဇာတ်ကားလေးထဲမှာ ပျားကလေးတွေ ဘယ်လိုအလုပ်လုပ်ကြတယ်ဆိုတာကိုဗဟုသုတအနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီးပျားတွေနဲ့လူတွေသာ စကားပြောဖြစ်ကြရင် ဘယ်လိုတွေဖြစ်လာမလဲဆိုပြီးစိတ်ကူးယဉ်ဇာတ်လမ်းလေးဖွဲ့ထားတာပဲဖြစ်ပါတယ်…ပျားတွေဟာ နှစ်သန်းပေါင်း ၂၇နှစ် ကြာအောင်ကမ္ဘာပေါ်မှာ တစ်ရက်မှ မနားဘဲ အလုပ်လုပ်နေကြတဲ့ အကောင်လေးတွေဖြစ်ပါတယ်…တစ်နေ့မှာ ဘယ်ရီဆိုတဲ့ ပျားကလေးတစ်ကောင်ဟာ ကျောင်းပြီးဘွဲ့ရလို့အလုပ်ခွင်ဝင်ရမယ့် အချိန်ရောက်လာခဲ့ပေမယ့်ပျားတွေလုပ်ရမယ့် သာမန်အလုပ်ကို မလုပ်ချင်ဘဲ စူးစမ်းချင်စိတ်ရှိတဲ့ ဘယ်ရီဟာပျားအုံရဲ့အပြင်ကို ထွက်သွားမိရာကနေ …လူသားတွေနဲ့ တွေ့ဆုံမိတဲ့အခါမှာ ဘယ်လိုစွန့်စားမှုမျိုးတွေ ကြုံရမှာလဲဆိုတာကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦးနော်..
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/243

❤12🐳1🍓1
Tasogare Out Focus (2024)
Tasogare Out Focus ဆိုတဲ့ BL Manga ကို ပြန်လည်ပုံဖော်ထားတဲ့ ၁၂ ပိုင်းပါ BL Anime လေး ဖြစ်ပါတယ်။
ဖြစ်တည်မှုတိုင်းဟာ အချစ်နဲ့ မပတ်သက်တာမျိုးမရှိနေခဲ့ပါဘူး။ လိင်တူဖြစ်ဖြစ်၊ လိင်ကွဲဖြစ်ဖြစ် အချစ်ဟာ အချစ်ပါပဲ။ ဒီကားလေးမှာတော့ အခန်းဖော်တွေဖြစ်ကြတဲ့ Mao Tsuchiya နဲ့ Hisahi Ootomo တို့ကြားက ကတိကဝတ် တစ်ခုကိုအရင်းခံပြီးဖြစ်တည်လာခဲ့တာပါ။ Hisahi ဟာ "လိင်တူ ခြင်း လိင်စိတ်တိမ်းညွှတ်နေတဲ့ လူတစ်ဦး" ဖြစ်ကြောင်းကို Mao က ထုတ်မပြောရသလို Hisahi ဟာလည်း Mao ကို မချစ်မိအောင် ထိန်းထားပေးဖို့ ဆိုတဲ့ ကတိလေးပေါ့လေ။အရာအားလုံးဟာချောချောမွှေ့မွှေ့ဖြစ်နေရာကနေ သူတို့ရဲ့ ရိုက်ကူးရေး ကလပ်မှာ Bl ကားရိုက်တာကနေစပြီးတော့ သံယောဇဉ်တွေ ရစ်ပတ်ချည်နှောင်သွားရင်း အပြန်အလှန် ကတိကဝတ်တွေကို ထိန်းထားနိုင်ပါ့မလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ် သိင်္ဂါရ ရသ မြောက်တဲ့ ကားလေးပါ။
Linkစုpost👇
https://t.me/mxtani/26

❤35🐳1
10 Lives (2024)
10 Lives ဆိုတဲ့ ဇာတ်ကားက Beckett ဆိုတဲ့ ကြောင်တစ်ကောင်ရဲ့ ဘဝအတွေ့အကြုံတွေကို အဓိကဖော်ပြထားပါတယ်။ သူ့ရဲ့ အမျိုးမျိုးသော အိမ်ရှင်တွေမှာ ကျင်လည်သွားရင်း ကြောင်အဖြစ်ဘဝရဲ့ အဓိပ္ပါယ်ကို နားလည်သွားဖို့ ကြိုးစားရတဲ့ ခရီးလမ်းကို ပုံဖော်ထားတာပါ။ဒီကားက ကြောင်တစ်ကောင်ရဲ့ ခံစားချက်တွေနဲ့ လူတွေကြားက ခင်မင်မှုတွေအပေါ် အမြင်တွေကို ကောင်းကောင်းပြနိုင်ပါတယ်။ ဇာတ်ကားက ပေါ့ပေါ့ပါးပါး ဟာသဆန်တဲ့ စကားပြောတွေ၊ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ထားပြီး မိသားစုကြည့်ဖို့အတွက်လည်း အထူးသင့်တော်ပါသေးတယ်။
Beckett ရဲ့ အခွင့်အရေးဖြစ်တဲ့ အသက် ၉ ချောင်းကနေမှ ဘဝရဲ့ တန်ဖိုးကို နားလည်သွားတာကို မြင်ရမှာဖြစ်ပြီး၊ အမြင်ပြောင်းလဲဖို့ လိုအပ်တဲ့အခါမှာ ဘယ်လိုကြိုးစားရလဲဆိုတာလည်း သင်ခန်းစာဖြစ်စေပါတယ်။ ဒီဇာတ်ကားကို ကြောင်ချစ်သူတွေ၊ ကလေးတွေနဲ့ မိသားစုတွေ ကြည့်ရင်း ပျော်စရာ အမှတ်တရတွေ ဖန်တီးနိုင်ပါတယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/246

❤9😭1
Piece by piece (2024)
2024ခုနှစ်ထွက် Piece by Piece ဆိုတဲ့ LEGO ဇာတ်ကားအသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီ LEGO ဇာတ်ကားလေးမှာတော့ အဆိုတော် Pharrell Williams ရဲ့ဇာတ်ကြောင်းကို အသားပေးဖော်ပြထားပါတယ်။သူ့ရဲ့ နာမည်ကျော်ခဲ့တဲ့သီချင်းတွေအကြောင်းလဲပါ၀င်ထားတာမလို့ သီချင်းကြိုက်တဲ့သူတွေဆိုရင်ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဘာသာပြန်သူကတော့ သူ့ရဲ့ “Happy”ဆိုတဲ့သီချင်းလေးကိုကြိုက်ပါတယ်။
သီချင်းကောင်းလေးတစ်ပုဒ်မို့လို့ နားမထောင်ဖူးသေးရင် ဒီကားလေးကြည့်ရင်း နားထောင်ကြည့်လိုက်ပါဦးနော်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/247

❤8
HAIKYU!! The Dumpster Battle Movie (2024)
Sport Anime မှာဆိုရင်တော့ Haikyu ကို မသိကြတဲ့လူ ရှားပါလိမ့်မယ်။သူကတော့ ဘော်လီဘော အားကစားကို အခြေခံထားတဲ့ Anime ကောင်းတစ်ခု ဖြစ်ပါတယ်။အခု ဒီ ရုပ်ရှင်လေးကတော့ Season 4 အပြီး တိုက်ရိုက်ဆက်စပ်ထားတဲ့ ရုပ်ရှင်လေးပါ။နောက်ထပ် စီးရီးမလာတော့ပဲ Ending အဖြစ် နောက်ဆုံးရုပ်ရှင်နှစ်ကားထုတ်မယ်ဆိုပြီးကြေငြာထားရာမှာ ဒီကောင်က ပထမကား ဖြစ်ပါတယ်။ဒီကားထဲမှာတော့ မင်းသားတို့ Karasuno ကျီးနက်တွေ အစမ်းဆော့ကြည့်တိုင်းဘယ်တော့မှအနိုင်မရတဲ့ ဟိုးအရင်ကတည်းက ပြိုင်ဖက်ဟောင်းအသင်းကြောင်ရိုင်းတွေရဲ့ Nekoma အသင်းနဲ့ ပထမဆုံးအကြိမ်အဖြစ်အမျိုးသားပြိုင်ပွဲ တတိယအဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်ကြတာကို ဦးစားပေး တင်ဆက်ထားပါတယ်။Hinata အနေနဲ့လည်း ဘော်လီဘောအားကစားကို ပေါ့ပေါ့တန်တန် ကစားပေမဲ့ဉာဏ်အသေပြေးတဲ့ Kenma နဲ့ ပွဲထဲမှာ ဘယ်လိုတွေ ပညာစမ်းကြဦးမလဲဘယ်လိုတွေ ဒီအဆင့်ကို ကျော်ဖြတ်ပြီး ဘယ်အသင်းက အနိုင်ရသွားဦးမလဲဆိုတာထုံးစံအတိုင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရဦးမယ့် Haikyuu ရုပ်ရှင်လေး ဖြစ်ပါတယ်ဗျာ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/248

❤14🐳1
Alien Xmas (2020)
ဇာတ်လမ်းအစမှာတော့ ခရစ္စမတ်ဘိုးဘိုးကြီးက ပုံပြင်ပြောပြနေတာနဲ့အစပြုထားပါတယ်။ဟိုးရှေးရှေးတုန်းက ခလက်စ်ဆိုတဲ့ ဂြိုဟ်သားမျိုးနွယ်စုတစ်ခုရှိတယ်။အစကတော့ ခလက်စ်တွေဟာ အရောင်အသွေးစုံကြတယ်။ ဒါပေမဲ့သူတို့ရဲ့အမိဂြိုဟ်ပေါ်က သယံဇာတတွေကို လောဘတကြီးသုံးဖြုန်းရင်းကြာတော့ ဂြိုဟ်ကြီးလည်းပြောင်၊ သူတို့ရဲ့အရောင်တွေလည်း မှောင်ကုန်ကြတယ်။ အဲလိုနဲ့ ခလက်စ်တွေဟာ တစ်ဂြိုဟ်ပြီးတစ်ဂြိုဟ်ကူးပြီးပစ္စည်းတွေခိုးဝှက်အလစ်သုတ်ကြတော့တယ်။ တစ်ရက်ကျ ကမ္ဘာဂြိုဟ်ကို မျက်စိကျသွားတော့ ကမ္ဘာ့မြေဆွဲအားကိုဖျက်ဆီးပြီး အာကာသထဲလွင့်လာတဲ့ ပစ္စည်းတွေကို လုယက်ဖို့စီစဉ်ကြပါလေရော။အဲ့အတွက် မြေဆွဲအားဖျက်ဆီးမဲ့ ဂျိုင်ရိုထရွန်ဆိုတဲ့ စက်ကြီးကို မြောက်ဝင်ရိုးစွန်းမှာ သွားဆောက်ဖို့ ဂြိုဟ်သားတွေက အရွယ်အသေးဆုံးလေးဖြစ်တဲ့ အိက်စ်ကို တာဝန်ပေးလိုက်တယ်။ အိက်စ်က အသေးဆုံးသာဖြစ်တာ အခိုးဆုံးပဲ။ သိပ်တော်တဲ့သူခိုးပိစိလေး မြောက်ဝင်ရိုးစွန်းကိုရောက်လာပြီး ဆန်တာတို့ရဲ့ခရစ္စမတ်မြို့တော်ကို ဘယ်လိုဝင်မွှေမလဲဆိုတာကြည့်ရှုခံစားလိုက်ပါဦး။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/249

The Boss Baby: Christmas Bonus (2022)
Boss Baby လေးရဲ့ Christmas အတွက် အထူးအပိုင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီအပိုင်းမှာတော့ Boss Baby လေး တစ်နှစ်သားအရွယ် ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ ခရစ်စမတ်ကာလကို နောက်ကြောင်းပြန်ပုံဖော်ပေးထားပါတယ်။ ခရစ်စမတ်မတိုင်ခင် နာရီပိုင်းလေးအလိုမှာ ဆန်တာ့ရဲ့
အားအကိုးရဆုံး နတ်သူငယ်လေး နဲ့ Boss baby တို့ နေရာချင်းလွဲသွားပြီးBoss baby တစ်ယောက် ဆန်တာရှိရာ မြောက်ဝင်ရိုးစွန်းဆီ ရောက်ရှိသွားခဲ့ပါတယ်။အစောတည်းက ခရစ်စမတ်ရိုးရာတွေကို မကြိုက်တဲ့ Boss baby တစ်ယောက် ဆန်တာရဲ့ ခရစ်စမတ်လက်ဆောင်စက်ရုံကြီးထဲကို ရောက်ရှိသွားပြီး ကလေးတွေအတွက် အရုပ်တွေ လုပ်ပေးရတဲ့အခါမှာ ဘုနဲ့ဘောက်တွေ စတင်လာတာပါပဲ။ ဒီတော့ ဆရာ့ဆရာကြီး Boss baby တို့ ဆန်တာ့ဆီမှာ ဘယ်လိုတွေသွားဆရာကျဦးမလဲ တစ်ဖက်က Boss baby နေရာကိုရောက်သွားတဲ့ နတ်သူငယ်ကရော ဘာတွေ ကြုံတွေ့ရမလဲ ဆိုတာကိုChristmas theme လေးနဲ့အတူ မြင်တွေ့ရမဲ့ကားကောင်းလေးပဲ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/250

❤19🍓1
Si Juki the Movie: Harta Pulau Monyet (2024)
စီဂျူကီနှင့် မျောက်ကျွန်းရတနာသိုက်ဒီတစ်ခါတော့အပျင်းပြေကြည့်ရှုနိုင်ဖို့ အင်ဒိုနီးရှားကာတွန်းကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။မိသားစုရဲ့စီးပွားရေးကျဆင်းနေမှုကြောင့် အခက်တွေ့နေရတဲ့ ဂျူကီတစ်ယောက်လုပ်ငန်းကိုပြန်လည်ကြီးပွားတိုးတက်ဖို့ အကြံမျိုးစုံထုတ်ပြီး ကြိုးပမ်းနေရပါတယ်။ဘယ်လိုလုပ်လုပ်မအောင်မြင်တာမို့ ရုန်းကန်နေရချိန် နောက်မတော်တဆနဲ့ဘိုးဘေးတွေချန်ထားခဲ့တဲ့ ရတနာမြေပုံကိုရှာတွေ့သွားပြီးတဲ့နောက်မှာအန္တရာယ်စွန့်စားခန်းအပြည့်နဲ့ ရတနာသိုက်ရှာပုံတော်ဖွင့်ပါတော့တယ်။သူတို့ရဲ့စွန့်စားခန်းခရီးစဉ်မှာ ဘာတွေကြုံတွေ့ရမလဲ… အောင်မြင်စွာပဲ ရတနာတွေရလာမှာလား…ရတနာမြေပုံအတုဖြစ်နေတာမျိုးကြုံရပြီး လက်ဗလာနဲ့ပဲပြန်လာရမလား…ရှိရင်းစွဲလုပ်ငန်းကိုပဲ အောင်မြင်ကြီးပွားအောင်ကြိုးစားကြမလားဆိုတာကိုတော့စွန့်စားခန်းအပြည့်နဲ့ဟာသဆန်ဆန်ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/251

❤5
Eight Crazy Nights (2002)
မင်းသားကြီး Adam Sandler ကိုယ်တိုင် အသံသရုပ်ဆောင်ထားတဲ့ ခရစ္စမတ်ကာလ ကာတွန်းကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒေဗီ စတုန်းကတော့ ရာဇဝတ်မှတ်တမ်းများစွာနဲ့ ပျက်စီးနေတဲ့ အရက်သမားတစ်ယောက်ဖြစ်ပြီး ဒူ့စ်ဘယ်ရီမြို့မှာနေပါတယ်။ငယ်ငယ်ကတော့ လူငယ်ဘက်စကက်ဘောအသင်းရဲ့ကြယ်ပွင့်ဖြစ်ခဲ့ပေမဲ့ အသက် ၁၂ နှစ်သားအရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် သူ့ရဲ့အနာဂတ်ရော သူကိုယ်တိုင်ပါပျောက်ဆုံးသွားခဲ့တာပါ။ ခရစ္စမတ်မတိုင်ခင် ဟာနူကာပွဲတော်ညမှာလည်း အရက်မူးပြီး မြို့ထဲကရေခဲရုပ်တုတွေကိုဖျက်ဆီးမိလို့ ထောင် ၁၀ နှစ်ထိချခံရတော့မလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လူငယ်ဘက်စကက်ဘောပွဲဒိုင်လူကြီး ဝှိုက်တီရဲ့ ကြားဝင်ဖြောင့်ဖျပေးမှုကြောင့် လူငယ်ဘက်စကက်ဘောပွဲအတွက် အလုပ်သင်ဒိုင်လူကြီးလုပ်ဖို့ ပြစ်ဒဏ်ချခံလိုက်ရပါတယ်။ဒီလိုနဲ့ သက်ကြီးပု ဝှိုက်တီနဲ့ အရက်သမား စတုန်းတို့နှစ်ယောက်ကြားက ဟာနူကာပွဲညရှစ်ရက်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ စတုန်းတစ်ယောက်ရော သူ့ရဲ့အကျင့်ဟောင်းတွေကို ဖျက်နိုင်ပါ့မလားဆိုတာတွေကို ဟာသဆန်ဆန်ကြည့်ရှုကြရမှာပါ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/252

❤3
A Christmas Carol (2009)
ဒီAnimation,ဇာတ်ကားကိုတစ်ဝက်လောက်ပဲကြည့်ရသေးတယ် အံ့အားသင့်လောက်စရာတွေတွေ့လို့ ဒီကားနဲ့ ပတ်သက်တာတွေစုံစမ်းကြည့်တော့ Charles Dickens ရဲ့နာမည်ကြီးဝတ္ထုဖြစ်နေတဲ့အပြင် ဒါရိုက်တာလည်းForrest Gump ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ဖြစ်နေတယ်…ဒါကြောင့်လည်း Best Animated Film ဆန်ကာတင်စာရင်းဝင်ခဲ့သလိုအခြားဆု(၃)ဆုလည်းရရှိခဲ့တယ် Jim Carrey အသံပိုင်းသရုပ်ဆောင်ထားပါတယ်…Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်…သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်…ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ….ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ…ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ..ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်..
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/253

Arcane (Season - 2)
IMDB – 9.0/10, RT – 100%
ဒီနှစ်ထဲမှာ ကျွန်တော်အပါအဝင် လူတိုင်းစောင့်မျှော်နေတဲ့ နာမည်ကျော်ဂိမ်း League of Legend ထဲကဇာတ်ကောင်တွေနဲ့ Netflix ကနေ တင်ဆက်ပေးလိုက်တဲ့ Arcane Season 2 ဟာယခုထွက်ရှိလို့လာခဲ့ပါပြီ။
Animation စီးရီးထဲမှာ ဘတ်ဂျတ်အသုံးအများဆုံးနဲ့ အအောင်မြင်ဆုံးလို့လည်း ပြောလို့ရပါတယ်။
ဒီ အတွဲ ၂ ကတော့ ဇာတ်သိမ်းအတွဲတစ်ခု ဖြစ်မှာပါ။ Season 1ရဲ့အဆက်ဖြစ်တာမို့မကြည့်ရသေးရင် အရင်သွားကြည့်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။
ဒီ Season 2 မှာတော့ တခြားဇာတ်ကောင်သစ်တွေနဲ့အတူတူ ဒီ ဇာတ်လမ်းတွဲကြီးက ဘယ်လိုမျိုး အဆုံးသတ်ပေးမလဲဆိုတာကို
သေသပ်လှပတဲ့ Animation တွေ ဇာတ်ဝင်တေး အမိုက်စားတွေ ဇာတ်လမ်း ဇာတ်ညွန်းအမိုက်စားတွေနဲ့ ခမ်းနားစွာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်…။
Arcane Season - 1👇
https://t.me/mxtani/15
Arcane Season - 2👇
https://t.me/mxtani/40

❤6🐳1
Dandadan ep 5 နဲ့ ep 6 ရပါပြီ။
Episode - 5
https://t.me/mxtani/45
Episode - 6
https://t.me/mxtani/46
Linkစုpost👇
https://t.me/mxtani/9
Episode - 5
https://t.me/mxtani/45
Episode - 6
https://t.me/mxtani/46
Linkစုpost👇
https://t.me/mxtani/9
❤9🐳1