Your name (2016)
ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီးYour Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ…ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း တစ်နေ့တာကို အရသာရှိရှိဖြတ်သန်းလိုက်ကြရအောင်(ဒါနဲ့ ဒီဇာတ်ကားထဲမှာ The Garden Of Words (2013) ဇာတ်ကားထဲကဆရာမ ယူကာရီ က cameo အနေနဲ့ ပြန်လည်ပါဝင်ပါသေးတယ်..ဒါ့အပြင် အခု Your Name ထဲက ဇာတ်ကောင်တွေဖြစ်တဲ့တကိ..မိဆုဟ..ယော့ဆုဟ..တက်ရှီ..ဆယက တို့တတွေလည်းWeathering With You (2019) မှာ cameo အဖြစ်ပြန်လည်ပါဝင်ကြပါသေးတယ်..
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/7

❤54❤🔥13🍓4😭2
Castle in the Sky (1986)
ဒီကားလေးကတော့ ဒဏ္ဍာရီဆန်ဆန် animeဇာတ်ကားကောင်းလေးပါ။လေထဲပေါလောပေါ်နေတဲ့ လပျူတာကျွန်းရဲ့ ရဲတိုက်ကြီးထဲမှာ ရတနာတွေရှိတယ်လို့ရှေးလူကြီးတွေကပြောခဲ့ပါတယ်တဲ့ကောင်လေး ပါဇုဆီ ကိုမှော်ဆန်ဆန်လေထဲကကျလာတဲ့ကောင်မလေးရှီးတတို့စတင်တွေ့ဆုံရာက အစပြုတယ်။ရှီးတရဲ့ဘိုးဘွားပိုင်လည်ဆွဲကိုစစ်အစိုးရနဲ့ဓားပြအုပ်စုတွေဝိုင်းလုယက်ရင်းပါဇုဆီရောက်လာခဲ့တယ်ပေါ့။စစ်အစိုးရနဲ့ဓားပြအုပ်စု၂ဖွဲ့လုံးဟာဒီကျွန်းကိုအပြိုင်အဆိုင်ရှာဖွေကြရင်းဘာတွေဖြစ်လာမလဲဆိုတာကတော့ဆက်လက်ကြည့်ရှုလိုက်ပါအုံး။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmvc/308

❤🔥25❤20👍1
Whisper of the heart (1995)
၁၄နှစ်အရွယ်ကျောင်းသူလေးShizuku ဟာ သူ့မိသားစုနဲ့ Tokyo မြို့မှာနေသတဲ့…သူဘဝကလည်းပုံမှန်ကျောင်းသူတယောက်လိုပါပဲ…ဒါပေမယ့် တခုထူးခြားတာက Shizuku ဟာကျောင်းပိတ်ရက် ဆိုတာနဲ့ဒေသခံစာကြည့်တိုက် သွားပြီးရှိသမျှFairy Tale (အကြမ်းဖျင်းအားဖြင့်ကလေးပုံပြင်ပေါ့)စာအုပ်တွေငှားဖတ်လေ့ရှိပြီးသူကိုယ်တိုင်ကလည်းစာရေးသူတယောက်ဖြစ်ချင်တဲ့သူပါ…ဒါမယ့် သူစာအုပ်တွေဖတ်ရင်းဖတ်ရင်း နာမည်တခုနဲ့ ရင်းနှီးလာတယ်…သူငှားဖတ်သမျှစာအုပ်တိုင်းရဲ့ငှားဖတ်သူစာရင်းကဒ်မှာSeiji ဆိုတဲ့ကောင်လေးကသူ့ရှေ့အမြဲရောက်နေတယ်…ဒီတော့ဆယ်ကျော်သက်မိန်းခလေးသဘာဝအတိုင်းမမြင်ဘူးတဲ့ကောင်လေးကိုပဲအထင်ကြီးမိပြီး သံယောဇဉ်တွယ်သွားတယ်တဲ့…ဒီလိုနဲ့တနေ့မှာ Shizuku က သူ့အဖေကိုထမင်းဘူး သွားပို့ပေးရင်းရထားစီးလာရာမှာရထားပေါ်ကိုမှတ်တိုင်တခုမှာကြောင်ကြီးတကောင်ကတက်လာပြီး Shizuku အတွက် အထူးအဆန်းဖြစ်သွားတာပေါ့…ပိုထူးဆန်းတာကကြောင်ကြီးကလူအတိုင်းပဲ သူဆင်းချင်တဲ့မှတ်တိုင်မှာဆင်းသွားတယ်တဲ့…ဒါနဲ့ကြောင်ကြီးကိုစိတ်ဝင်စားလို့ Shizukuကနောက်ကလိုက်ရင်း Alice ကနေ Wonderlandရောက်သလိုဖြစ်သွားမလား..
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/9

❤🔥40❤21🥰5🍓1
The cat returns (2002)
ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ဟရုဆိုတဲ့အထက်တန်းကျောင်းသူလေးဟာကျောင်းသွားတဲ့လမ်းမှာ လမ်းဖြတ်ကူးနေတဲ့ကြောင်လေးကို ကားတိုက်ခံရမှာကနေ ကယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ သူကယ်ခဲ့တဲ့ကြောင်လေးဟာ စကားပြောတတ်တဲ့အပြင်ကြောင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးဖြစ်နေပါတော့တယ်။အဲဒီကနေစလို့ ဟရုရဲ့နေ့စဥ်ဘဝမှာ ကြောင်တွေနဲ့ပတ်သက်လို့
ထူးဆန်းဆန်းတွေ စဖြစ်လာပြီး နောက်ဆုံးမှာ ကြောင်တိုင်းပြည်ကို ခေါ်ဆောင်သွားခံရဖို့ ဖြစ်လာတဲ့အခါမှာတော့…ဒီဇာတ်လမ်းဟာ Whisper of the heart ရဲ့ MC ဖြစ်တဲ့ Shizuku ရေးခဲ့တဲ့fiction ဆိုပြီး fan theory လည်းရှိပါတယ်။အဓိကကတော့ WOTH မှာပါတဲ့ Baron ဆိုတဲ့ကြောင်ရုပ်တုလေးက
ဒီမှာအသက်ဝင်နေတဲ့အပြင် နာမည်ရော ရုပ်ပါအတူတူပါပဲ။ဒါ့အပြင် သေချာသတိထားကြည့်ရင် ဒီနှစ်ကားရဲ့ဆက်စပ်နေတဲ့scene တော်တော်များများကိုလည်း တွေ့ရမှာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/10

❤🔥22❤11🥰1🍓1
The secret world of Arrietty (2010)
ဇာတ်လမ်းအညွှန်းမှာဆိုရင် အိမ်ထောင်ကွဲမိသားစုတစ်စုရဲ့ အပစ်ပယ်ခံဖြစ်တဲ့ နှလုံးရောဂါသည် ကောင်လေး Sho ဟာ သူ့ရဲ့ရောဂါခွဲစိတ်မှုမပြုလုပ်ခင်မှာအနားယူနိုင်ရန်သူ့အမေငယ်စဉ်ကနေထိုင်ကြီးပြင်းခဲ့တဲ့သူ့ရဲ့အဖွားဖြစ်သူ အန်တီSadako နဲ့ အိမ်ထိန်းမိန်းမကြီး Haru တို့ရဲ့အိမ်သို့ပြောင်းရွှေ့လာတာနဲ့အစပျိုးထားပါတယ်။Sadako အိမ်ကြီးရဲ့မြေအောက်ရှိအိမ်လေးထဲတွင်လည်း လက်မအရွယ်လောက်ရှိတဲ့ ဆယ့်လေးနှစ်အရွယ်Arrietty ဆိုတဲ့မိန်းမငယ်လေးဟာ သူမရဲ့မိဘတွေနဲ့အတူနေထိုင်လျက်ရှိပါတယ်။Arrietty တို့မိသားစုဟာ သူတို့ကိုယ်သူတို့ ချေးငှားသူများလို့အမည်ခံယူထားပြီး ညအချိန်များတွင်လူနေအိမ်ခြေများသို့ဝင်ကာ အိမ်သုံးပစ္စည်းများခိုးယူလေ့ရှိပေမဲ့ သူတို့ယူခဲ့တဲ့ပစ္စည်းတွေဟာ လူတွေအဖို့နစ်နာမှုမရှိနိုင်တဲ့ ဆား သကြား တစ်ပွင့်နှစ်ပွင့်အစရှိတဲ့အသေးမွှားလေးများပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ Arrietty ဟာ သူမရဲ့ပထမဆုံးချေးငှားခြင်းစလုပ်တဲ့ညမှာပဲShoရဲ့အိပ်ခန်းထဲမှာရှိတဲ့ တစ်ရှူး ကိုသွားယူရာမှမတော်တဆSho မြင်တွေ့သွားခဲ့ရာမှာတော့..
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/11

❤51❤🔥11🍓7
When Marnie Was There (2014)
ဇာတ်လမ်းအကျဉ်းကတော့ကျန်းမာရေးမကောင်းလို့ဘောင်ပြင်ရောက်နေတဲ့ဆယ်ကျော်သက်ကောင်မလေးနဲ့ပိုက်ဆံချမ်းသာလွန်းလို့ဘောင်ပြင်ထွက်ပေးနေရတဲ့ဆယ်ကျော်သက်ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtcartoonnn/282

❤44❤🔥12🍓1
Princess Mononoke (1997)
ဇာတ်လမ်းအကျဉ်းကတော့….
ရှေးပဝေဏသီ အတိတ်တစ်ခုတုန်းကသားရိုင်းတွေ သစ်တောဝိညာဉ် နတ်ဘုရားတွေသစ်တောထဲ နေခဲ့ကြတယ်။ သူတို့ကို စောင့်ရှောက်တဲ့သားရိုင်းကြီးတွေနဲ့ လူတွေလည်း အတူသဟာဇာတ ဖြစ်ဖြစ် ရှိခဲ့ကြတယ်။သစ်တောကို ရှင်းလင်းပြီး အမျိူးသမီးတစ်ယောက်ကပြည့်တန်ဆာနဲ့ နူနာသည်လို လူ့လောက အပယ်ခံတွေအတွက် မြို့တစ်မြို့ တည်ဆောက်တဲ့အချိန်သစ်တောရဲ့ မူလနေထိုင်သူတွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အပြင်သံသတ္တုပေါများတဲ့ ဒေသဖြစ်တာကြောင့် ဧကရာဇ်ရဲ့ မျက်စိကျ ခံရပြီးတိုက်ခိုက်ခံရတဲ့ ဒေသလည်း ဖြစ်ခဲ့တယ်။သစ်တောဝိညာဉ်နတ်ဘုရားရဲ့ ခေါင်းကထာဝရအသက်ကို ပေးနိုင်တယ်လို့ ယုံကြည်သွားတဲ့ဘုရင်တစ်ပါးက ခေါင်းရဖို့ ကြိုးစားလာတဲ့အခါ…..။ဇာတ်အိမ်ခိုင်လွန်းပြီးDialouge တွေပါ အသေးစိတ်လေးတွေအထိအနုစိတ်ထားတဲ့မို့ လုံးဝလက်မလွတ်သင့်ကြောင်းပါ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/12

❤🔥31❤8👍2🍓2
Grave of the fireflies (1988)
အညွှန်းပေးရမယ်ဆိုရင်တော့….
ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့အချိန်ဂျပန်နိုင်ငံလည်းနေရာအနှံ့ဗုံးကျဲခံရလို့…ထွက်ပြေးကြရ-ဗုံးကျင်းတွေခိုကြရတဲ့အချိန်မှာ…..ဆဲတိုနဲ့ဆဲဆု တို့မောင်နှမ နဲ့သူတို့အမေလည်း ဗုံးခိုကြရရင်း..သူတို့အမေသေဆုံးသွားခဲ့ပါတယ်…အဖေကလည်းတိုက်ပွဲမှာတိုက်ခိုက်နေရတဲ့အတွက်အဆက်အသွယ်ကလည်းမရဖြစ်နေပြန်တော့ခိုကိုးရာမဲ့မောင်နှမနှစ်ယောက်လည်းအမေ့ညီမ တစ်ဝမ်းကွဲ အဒေါ်အိမ်ကိုမှီခိုဖို့ရောက်လာခဲ့ကြပါတယ်ရောက်ခါစကတော့ မောင်နှမနှစ်ယောက်ဆီကပါလာတဲ့အစားအသောက်တွေမျက်နှာကြောင့်ကြည်ကြည်ဖြူဖြူဖြစ်ပေမယ့်အားလုံးကုန်သွားတဲ့အခါမှာတော့ ညိုငြင်စပြုလာပါတော့တယ်ကြံခိုင်တဲ့အကိုဖြစ်ဆဲတို က အပြောအဆိုမခံချင်တာနဲ့မောင်နှမလေးနှစ်ယောက်အမေချန်ထားခဲ့တဲ့ပိုက်ဆံလေးနဲ့လမ်းဘေးနေရာ တစ်ခုမှာ စားသောက်ခဲ့ကြတယ်ညမှောင်လာတဲ့အခါ ပိုးစုန်းကြူးလေးတွေဖမ်းပြီးအရင်ကမိသားစု စုံစုံလင်လင်ရှိချိန်တွေပြန်စဉ်းစားကြတယ်တဖြည်းဖြည်းနဲ့စားစရာတွေမရှိတော့တဲ့အချိန်မှာသူတို့မောင်နှမနှစ်ယောက်ဘာတွေဆက်ဖြစ်ကြမှာလဲသူတို့ရဲ့အဖေနဲ့ရော ပြန်လည်ဆုံတွေ့နိုင်မှာလား..
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/13

😭78❤22🍓3
Ocean Waves (1993)
1993 ခုနှစ်တုန်းက ကားဟောင်းလေးဖြစ်ပြီးကျောင်းပြောင်းလာတဲ့ကောင်မလေးချောချောလေးနဲ့စတဲ့ဇာတ်လမ်းလေးပါမိဘတွေကွဲလို့ တိုကျိုကနေ မြို့ငယ်လေးဆီပြောင်းလာရတဲ့ကောင်မလေးအတန်းထဲမှာ အမှတ်တွေကောင်းပြီးရင်းကောင်းလို့ရောသူ့ရုပ်ရည်ကြောင့်ရော နာမည်ကြီးလာတဲ့ကောင်မလေးသူရောက်လာတည်းက ကြိတ်ကြိုက်နေတဲ့ ကောင်လေး
သုံးပွင့်ဆိုင်လိုမျိုးလေး ရိုက်ထားတဲ့ကားမျိုးလေးကောင်မလေးက အဖေ့ဆီပဲ ပြန်သွားနေချင်လို့ကြိုးစားခဲ့ပေမယ့် သူမအဖေမှားတာမှန်းသိရတဲ့အခါနောက်ဆုံး မိုရီဆာကီတာကု ဆိုတဲ့ကောင်လေးနဲ့ကျောင်းက မနာလိုသူတွေ ဝိုင်းပြောတာကိုမိဘတွေကွဲခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ ကောင်မလေးဘယ်လိုတုံ့ပြန်မှာလဲဒီကားလေးကို သဘောကျမိတာကကောင်မလေးရဲ့စိတ်က ဘယ်လိုမျိုးလဲသူကဘာကိုနှစ်သက်တာလဲသူ့စိတ်ကဘယ်လိုမျိုးလဲဆိုပြီးသူ့ကို နားမလည်နိုင်တာလေးကို ကြိုက်တယ်
ကိုယ်တိုင်က အသည်းကွဲသမားမို့လားမသိဘူးနားလည်ရခက်တဲ့ ကောင်မလေးတွေကို သဘောကျနေတာဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ဒီကားလေးကို ကြည့်မိတာနဲ့ ငယ်စဉ်ကျောင်းသားဘဝကိုပြန်လွမ်းသွားရမယ်ဆိုတာကို အာမခံတယ်ဗျာ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/14

❤45😭2
From Up on Poppy Hill (2011)
Umi ဟာ အဖေဆုံးသွားပြီးနောက် အလုပ်များလွန်းတဲ့အမေနဲ့လဲ အတူမနေနိုင်ဘဲ အဖွားအိမ်မှာနေထိုင်ရတဲ့ လူကြီးဆန်ဆန်ရင့်ကျက်လှတဲ့ကောင်မလေးပါ.. သူ့အကျင့်ကတော့ အိမ်ရှေ့မှာ အမြဲတမ်း အလံလေးတွေ လွှင့်ထူထားတတ်တာပါပဲ Shun ကတော့ ဖျက်သိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားသူပါ.. Umi နဲ့ခင်မင်ပြီးနောကUmi ရဲ့အကြံပေးချက်အတိုင်း ကျောင်းသူမိန်းကလေးတွေရဲ့ အကူအညီနဲ့ ကလပ်အဖွဲ့ကြီးတစ်ခုလုံးကိုမဖျက်သိမ်းရရေးအတွက် အတူဆောင်ရွက်ရင်း နှစ်ယောက်ကြားကသံယောဇဉ်တွေကလဲ ခိုင်မာသထက် ခိုင်မာလာပါတယ်.. တစ်ရက် Umi တို့အိမ်မှာအတူနေတဲ့ Dr.Hotaru ရဲ့ နှုတ်ဆက်ပွဲမှာ Shun ရောက်လာတော့ အိမ်ကြီးကို လှည့်ပတ်ပြသရင် အလံလွှင့်ဖြစ်တဲ့အကြောင်းကို ပြောပြမိတယ်.သူ့အဖေဟာ ကိုရီးယားတွေနဲ့စစ်ပွဲဖြစ်တဲ့အချိန်မှာ ကျဆုံးခဲ့ပေမယ့် Umi ကတော့ အဖေလာရာလမ်းကိုမျှော်ရင်း အစဉ်အလာမပျက် အလံဆက်လွှင့်နေခဲ့တာပဲဖြစ်ပါတယ်.. ဒါတွေကို ပြောပြရင်း သူ့အဖေရဲ့ဓာတ်ပုံကို ပြသပြီးတဲ့နောက်မှာတော့...
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmvc/206

❤29👍4🐳1🍓1
Kiki's Delivery Service (1989)
၁၃နှစ်ပြည့်တဲ့စုန်းလေးတွေဟာ အိမ်ကထွက်ပြီးကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့စုန်းတို့ရဲ့ရိုးရာအတိုင်း ၁၃နှစ်အရွယ်စုန်းမလေးခီခီဟာတိမ်ကင်းစင်တဲ့လပြည့်ညတစ်ညမှာသူ့ရဲ့ကြောင်နက်လေးဂျီဂျီရယ် အဖေ့ရေဒီယိုလေးရယ်နဲ့အတူတံမြက်စည်းပျံစီးပြီး အိမ်ကထွက်လာခဲ့ပါတော့တယ်။
ဒီလိုနဲ့ နာရီစင်ကြီးရှိတဲ့ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာအခြေချဖို့ဖြစ်လာတဲ့အခါ စုန်းမလေးခီခီဟာအခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ရပါတော့တယ်။ တဖြည်းဖြည်းနဲ့ ခီခီ့ရဲ့တစ်ပါးသူအပေါ်ကူညီပေးမှုတွေ၊သနားကြင်နာတတ်မှုတွေကြောင့် လူချစ်လူခင်ပေါလာပြီးသူ့ကိုယ်ပိုင်ပစ္စည်းပို့လုပ်ငန်းလေးကိုလည်းတစ်နိုင်တစ်ပိုင်ထူထောင်လာနိုင်ပါတော့တယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmvc/207

❤28👍4🐳3
Coco (2017)
အင်မယ်ဒါရစ်ဗာရာဟာ ဂီတပညာရှင်တစ်ယောက်ရဲ့ဇနီးဖြစ်ပြီး ခင်ပွန်းဖြစ်သူကမိသားစုထက် ဂီတကိုရွေးချယ်ခဲ့ တာကြောင့်ဂီတကိုစိတ်နာခဲ့ပြီးသမီးဖြစ်သူ ကိုကိုကိုလည်း ဂီတနှင့်ခပ်ကင်းကင်းနေဖို့တားမြစ်ခဲ့ပါတယ်။ဒီလိုနဲ့ ဂီတပိုးရှိနေတဲ့မစ်ဂဲလ်လေးဟာသူ့အဘွားရဲ့ မိသားစုဓာတ်ပုံကို ရှာတွေ့ပြီးနောက်မှာတော့ဂီတနဲ့ သူ့မိသားစုကြားမှာ ကြီးမားတဲ့ဆက်စပ်မှုတစ်ခုရှိတယ်ဆိုတာသိသွားခဲ့ပါတော့တယ်။တစ်ရက်မှာတော့ မက္ကဆီ ကန်အထိမ်းအမှတ်ပွဲတစ်ခုဖြစ်တဲ့သေသူအတွက် မိသားစုဝင် တွေ ရည်မှန်းဆုတောင်းတဲ့ပွဲမှာမစ်ဂဲလ်ဟာ ဂီတာစွမ်းရည်ပြသဖို့လုပ်ထားပေမယ့်သူ့အဘွားကဂီတာကို ဖျက်ဆီးပြီးတားဆီးပါတယ်။အဲဒီနောက်မှာတော့သူ့အဘိုးဖြစ်တဲ့ အာနက်စ်တိုရဲ့ ဂီတာနဲ့ ပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်ပြီး အာနက်စ်တိုရဲ့ဂူမှာ ဂီတာသွား ယူပါတော့တယ်။သူ့အဘိုးရဲ့ ဂီတာကို တီးလိုက်ပြီးနောက်မှာ တော့မစ်ဂဲလ်ဟာ သက်ရှိလူသား တွေကို မတွေ့ရတော့ဘဲသေပြီး သားလူတွေကိုပဲ တွေ့ရတဲ့ပုံစံမျိုး ဖြစ်သွားခဲ့ပါတယ်။မစ်ဂဲလ်တစ်ယောက်ကွယ်လွန်သွားပြီဖြစ်တဲ့သူ့မိသား စုဝင်တွေနဲ့ ဆုံခဲ့သလိုသူ့အဘိုးအာနက်စ်တိုကိုလိုက်ရှာပြီး သက်ရှိ လူသားတစ်ယောက်ပြန်ဖြစ်ဖို့ ကြိုးပမ်းခဲ့ပါတယ်..
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/17

❤34
Elemental (2023)
ဒီကာတွန်းထဲက ဇာတ်ကောင်လေးတွေကတော့မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးတွေကို ယူထားတာပါ။ဒြပ်မြို့တော်ကြီးမှာ ရေ၊ လေ၊ သစ်သား နဲ့ တိမ်တွေ နေကြပေမဲ့မီးနိုင်ငံကလူတွေကိုတော့ အဝင်မခံပါဘူး။မီးမျိုးနွယ်တွေဟာ မြို့စွန်တစ်နေရာမှာ မီးမြို့လေးဆောက်ပြီးသတ်သတ်နေကြရတာပါ။အဲဒီမီးမျိုးနွယ်တွေထဲမှာ အမ်ဘာဆိုတဲ့ ဒေါသကြီးတဲ့မီကောင်မလေးတစ်ယောက်ရှိပါတယ်။သူဟာ သူ့အဖေရဲ့မီးမုန့်ဆိုင်ကိုလက်လွှဲယူဖို့ စောင့်နေရပြီးသူ့အဖေကတော့ အမ်ဘာ့ရဲ့ ဒေါသတွေကို ထိန်းနိုင်တဲ့နေ့မှာဆိုင်ကိုလွှဲပေးပြီး အနားယူမှာပါ။ဒါပေမဲ့ ဆိုင်ကို မဆက်ခံနိုင်ခင်မှာပဲ ရေပိုက်တွေနဲ့မတော်တဆမှုတွေဖြစ်ပြီး ဆိုင်အပိတ်ခံရမဲ့ပြဿနာတက်လာပါတယ်။အဲဒီအချိန်မှာ ရေကောင်လေး တစ်ကောင်နဲ့ခင်မိပြီးမီးမြို့တော်ထဲကို ရေတွေစိမ့်လာတဲ့ပြဿနာကိုဖြေရှင်းဖို့ ကြိုးစားကြတဲ့အခါ…
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/18

❤50👍1💋1
Raya And The Last Dragon (2021)
ဟိုးရှေးရှေးတုန်းကပေါ့ဗျာ …..
ပုံပြင်ဆိုတော့ ဒီလိုပဲ စရမယ်လေနော့။ကူမန်ဒြာ ဆိုတဲ့ တိုင်းပြည်မှာ လူတွေရယ် နဂါးတွေ ရယ် အတူတူ နေကြသတဲ့။တစ်နေ့မှာတော့ ဒရွန်း ဆိုတဲ့ ကျောက်ရုပ်ဖြစ်စေနိုင်တဲ့ မိစ္ဆာတွေကလာရောက်အနိုင်ကျင့်ကြတဲ့အခါမှတော့ …… နဂါးတွေက လူတွေကို ကူညီတိုက်ခိုက်ပေးကြပါတယ်။နဂါးတွေရဲ့ အစွမ်းတွေ စုထားတဲ့ ရတနာနဲ့ ဒရွန်း မိစ္ဆာတွေကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကူညီတဲ့ နဂါးတွေအားလုံး ကျောက်ရုပ်တွေ ဖြစ်သွားကြပြီး နဂါးတစ်ကောင်ကတော့ရှင်ကျန်နေရစ်ခဲ့ပါတယ်။ကူမန်ဒြာ တိုင်းပြည်ကြီးလည်း လူမျိုးစု ၅ စု ကွဲသွားသလို ရတနာကလည်း၅ ပိုင်းကွဲသွားခဲ့ပါတယ်။နောက် နှစ် ၅၀၀ အကြာမှာတော့ ဒရွန်းတွေ ပြန်ပေါ်လာခဲ့ပါတယ်။ နှလုံးသားမျိုးနွယ်စု ခေါင်းဆောင်ရဲ့သမီးလေး ရာယာ က နောက်ဆုံးကျန်ခဲ့တဲ့ နဂါး ကို ရှာဖွေပြီး ဒရွန်းတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့အခါမှာတော့ …
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/19

❤22🥰5
Ultraman Rising (2024)
Netflix က ရိုက်ကူးထားတဲ့ကျွန်တော်တို့ရဲ့ ငယ်ဘဝစူပါဟီးရိုး Ultraman animated ဇာတ်ကားပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝ Ultraman ကိုမြင်နေကျတိုက်ခိုက်တာချည်းပဲ မဟုတ်ဘဲလူကြီးဆန်ဆန် familydramaလေးနဲ့ပါ တွဲထားတာမို့ဒါက ကလေးကားလို့တောင် မခေါ်နိုင်ပါဘူး။ဇာတ်လမ်းလေးကို ပြောရရင်တော့ Ken Sato ဆိုတဲ့ကျွန်တော်တို့ရဲ့ အဓိက ဇာတ်ကောင်က အိုလာတဲ့သူ့အဖေအရင် Ultraman နေရာကို ဝင်ဖို့အတွက် သူ ဘေ့စ်ဘောနဲ့အောင်မြင်နေတဲ့ အမေရိကန်ကနေ ဂျပန်ကို ပြန်လည်ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ သူ ဂျပန်ပြန်ရောက်လာတဲ့အချိန်မှာ သူ့ရဲ့ Ultraman တာဝန်၊ ဘေ့စ်ဘောပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ရဲ့ တာဝန်တွေပိနေတဲ့အချိန်မှာပဲ မထင်မှတ်ထားတဲ့ မိသားစုတာဝန်တွေပါရောက်လာတဲ့အခါမှာ သူ ဘယ်လို ဒီတာဝန်တွေကြားရုန်းကန်ရမလဲ။အဆုံးသတ်မှာ သူ့အတွက် ဘယ်လိုဇာတ်သိမ်းမှာလဲ။ သူ့ရဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေကရောဘယ်လို ကူညီစောင့်ရှောက်ပေးနိုင်မှာလဲ စတာတွေကိုအရမ်းမိုက်တဲ့animation style နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/20

❤18🍓1
Moana (2016)
တီဖီတီ ဟာ ကျွန်းကို စောင့်ရှောက်တဲ့ နတ်သမီးတစ်ပါးဖြစ်ပြီး ကျွန်းတွေ၊ အသက်ဝိညာဉ်တွေစတဲ့ အရာအားလုံးကို ဖန်ဆင်းထားသူလဲ ဖြစ်ပါတယ်တီဖီတီ ရဲ့ နှလုံးသားဟာ ကျောက်စိမ်းတုံးလေးတစ်ခုအနေနဲ့ရှိပြီး အသက်ဝိညာဉ်တွေ ဖန်ဆင်းရာမှာ အသုံး ပြုနိုင်ပါတယ်အဲဒါကို လူသားနတ်ဘုရားဖြစ်တဲ့ မာဝီက သူ့ရဲ့ စွမ်းအားတွေ၊ ဝိညာဉ်တွေ မြှင့်တင်ဖို့နဲ့ မှော်ငါးမျှားချိတ်ကြီး ဖန် တီးဖို့အသုံးပြုခဲ့ပြီး မီးတောင်ချော်ရည်မိစ္ဆာကောင်ကြီး တီခါ နဲ့ ဆုံပြီးတဲ့နောက် တီဖီတီရဲ့ နှလုံးသားရော၊ မှော်ငါးမျှားချိတ်ကြီးရော သမုဒ္ဒရာထဲမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/21

❤21👍3
Encanto (2021)
Encantoဆိုတာက တောင်အမေရိကတိုက် ကိုလံဘီယာနိုင်ငံတွင်းက စိတ်ကူးယဉ်နေရာလေးတစ်ခုပါ၊ ဒီနေရာမှာမှော်အစွမ်းတွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို
Encantoဒေသလေးကိုထိန်းသိမ်းပေးဖို့ ဒေသနေပြည်သူတွေရဲ့ဘဝကိုအကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်တွေကိုမျိုးဆက်အဆင့်ဆင့် လက်ဆောင်ပေးခဲ့ပါတယ်ဒါကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ မှော်အစွမ်းကိုယ်စီရှိပါတယ်၊မင်းသမီးလေး မီရာဘယ်ကလွဲရင်ပေါ့၊တစ်နေ့မှာတော့ Encantoကို မလိုလားအပ်တဲ့ အမှောင်စွမ်းအင်ထုကြီး ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်လေးအနေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲသူမဘာကြောင့် မှော်အစွမ်းမရနိုင်တာလဲမှော်အစွမ်းရအောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/22

❤20
The Good Dinosaur (2015)
ဒီ Animation ရုပ်ရှင်လေးဟာ ကလေးတွေတင်မကပါဘူး လူကြီးတွေပါ ကြိုက်ပါတယ်…ကျနော်တို့ မသိလိုက်တဲ့ ကျောက်ခေတ် မှာဒိုင်နိုဆော တွေဟာ သူတို့ဘာသာ အသက်ရှင်ရပ်တည်ဖို့ အသီးအရွက်စားတွေ ဆို လယ်တွေ စိုက်တယ်ရိတ်သိမ်းတယ် လှောင်ထားတယ် နွေစာ မိုးစာ ဆောင်းစာသက်သက်မှတ်မှတ် သိမ်းကြပြီး အသားစား သတ္တဝါတွေကတော့အသားစားလို့ရတဲ့ သတ္တဝါငယ်တွေကို မွေးမြူပြီး စားသောက်ကြပါတယ်အဲ့ဒီအချိန်မှာ လူသားတွေ ဆိုတာ ဒိုင်နိုဆော လောက်တောင်အသိဉာဏ် မဖွင့်ဖြိုးသေးတဲ့ ပုံစံ ပြသထားပြီးဒီရုပ်ရှင်ကား ရဲ့ အဓိက ဇတ်ကောင် ၂ ခုဖြစ်တဲ့အာလို ဆိုတဲ့ ဒိုင်နိုဆော ငကြောက်လေး ရယ်သူ့ကို အမြဲ လိုက်စောင့်ရှောက်ပေးတဲ့ စပေါ့ ဆိုတဲ့လူသားပေါက်စ လေးရယ် က ဇတ်လမ်းကိုအဆုံးထိ ထိုင်ရာက မထစတမ်း ကြည့်ချင်အောင်
စွဲဆောင်သွားပါတော့တယ်…
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/23

❤24🍓1
Suzume no Tojimari (2022)
ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့Suzumeဟာ အဒေါ်နဲ့အတူနေထိုင်တဲ့ မိဘမဲ့တစ်ယောက်ပါ။ သူငယ်စဥ်တုန်းက အမေသေချိန်မှာ အမေကိုလိုက်ရှာရင်း လမ်းပျောက်သွားခဲ့ဖူးပြီး ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုမမှတ်မိတဲ့သူလည်းဖြစ်ပါတယ်။ တနေ့မှာတော့ ကျောင်းကိုသွားရင်း လမ်းမှာ လူငယ်တစ်ယောက်နဲ့ဆုံခဲ့ပြီး လူမရှိတဲ့နေရာကိုလိုက်ရှာနေကြောင်း၊ တံခါးတစ်ချပ်အကြောင်းမေးသွားခဲ့ပါတယ်။ နောက်တော့Suzumeဟာ သိလိုစိတ်ပြင်းလာပြီး အဆိုပါလူငယ်သွားလောက်တဲ့လူမရှိတဲ့နေရာဆီကိုလိုက်သွားရင်း တံခါးတစ်ချပ်ကိုတွေ့သွားခဲ့ပါတယ်။ အဆိုပါတံခါးကို Suzumeဟာ ဖွင့်လိုက်တဲ့အခါမှာတော့...
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/24

❤20😭7🍓2
Soul (2020)
ဂျိုးဂါဒင်နာ ဆိုတဲ့ အလယ်တန်းပြဂီတ ဆရာတစ်ယောက်မှာ ဂျပ်ဇ်ဂီတကို စင်မြင့်ပေါ်မှာ ဖျော်ဖြေချင်တဲ့အိမ်မက် ဟိုးငယ်ငယ်ကလေးကတည်းကရှိခဲ့ပါတယ်။Half Note Club မှာ တစ်ခြား ဂျပ်ဇ် ပညာရှင်တွေကို အံ့သြသွားလောက်အောင် သူ့အရည်အချင်းကိုပြသနိုင်ပြီးတဲ့နောက်မှာ သူ့အိမ်မက်အတွက် ရောင်ခြည်လေးသန်းလာပါတော့တယ်။အဲ့ဒီလိုအချိန်ကျမှ ရုတ်တရက်မတော်တဆမှုတစ်ခုနဲ့ သူ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ဖယ်ခွာပြီး နောက်ဘဝကို ပြောင်းဖို့လောကထဲ ရောက်ရှိသွားတဲ့အခါ..။တစ်သက်လုံးမက်လာတဲ့ အိမ်မက်တွေ ဆက်မက်ဖို့ မျှော်လင့်ချက်လေးကို ပျပျမြင်ရပြီဖြစ်တဲ့ ဂျိုးအတွက် နောက်ဘဝကို ပြောင်းဖို့အဆင်သင့်မဖြစ်သေးပါဘူး။အဲ့ဒီဘုံကနေ လွတ်မြောက်ဖို့ သူအစွမ်းကုန်ကြိုးစားပါတော့တယ်။မဖြစ်မနေဆိုသလိုပဲ သူ့အနေနဲ့ ကမ္ဘာပေါ်ကိုမစေလွှတ်ခင် ဝိဉာဉ်တွေကိုပင်ကိုယ်စရိုက် ဓလေ့တွေ လေ့ကျင့်ပေးရတဲ့ နေရာတစ်ခုမှာ တွဲဘက်ကျလာတဲ့ ဝိဉာဉ်လေးတစ်ကောင်ကိုလေ့ကျင့်ပေးရဖို့ဖြစ်လာပါတယ်။အဲ့ဒီဝိဉာဉ်လေးက ကမ္ဘာပေါ်ကိုပြန်မသွားချင်လို့ နည်းပေါင်းစုံနဲ့ ဒီဘုံမှာပဲကပ်တွယ်ဖို့ကြိုးစားနေတဲ့ ထူးဆန်းတဲ့သတ္တဝါလေးဖြစ်နေတော့ သူ့မှာအခက်အခဲပေါင်းစုံကြုံရတော့တာပါပဲ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/25

❤12💋2🐳1
Zootopia (2016)
Zootopiaကို ရုံတင်တုန်းက သွားကြည့်ရတဲ့ ဖီလင်က ယခင် ကားသစ်တွေ ရုံမှာသွားကြည့်ရတဲ့ ခံစားချက်တွေနဲ့ ဘာမှမဆိုင်ဘူးပိုက်ဆံပေးကြည့်ရတာထက် ပိုတန်တယ်…ပြီးတော့ ယုန်မလေး ရဲ့ မျက်နှာဟာ ယုန်တစ်ကောင်နဲ့ မတူပဲချစ်စဖွယ်ကောင်မလေး မျက်နှာလိုပဲ ဘယ်လိုကြည့်ကြည့် ချစ်ဖို့ကောင်းတယ်ဒါ့အပြင် မြေခွေး ဆိုလဲ သူ့ရဲ့ ပုံစံနဲ့ လိုက်ဖက်စွာ အကျင့်ယုတ်တာတွေလိမ်တာတွေ နောက်ပြောင်တာတွေက မျက်နှာထား အပြင် ဝတ်စားပုံနဲ့ပါလိုက်ဖက်နေတယ် ဥပမာ ကျနော်တို့ ပျိုတိုင်းကြိုက်တဲ့ လူစီဖာမောနင်းစတား
ရဲ့ မျက်ခွက်နက် ချွတ်စွတ်သွားတူနေတာမျိုးပိုသဘောကျမိတာက ဒီကာတွန်းကားတွက် ဇတ်ကောင်တွေ အများကြီးသုံးထားတာကိုပေါ့…မြေခွေး နဲ့ ယုန်မလေး ဆီမှာပဲ အာရုံစိုက်နေလို့ မရပြန်ဘူးကျန်တဲ့ သတ္တဝါလေးတွေကတစ်ယောက်တစ်မျိုး ချစ်ဖို့ကောင်း စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်…ပိုလန်းတာက လူတွေ ရူးသွပ်နေတဲ့ iPhone ပုံစံ ဆင်တူတဲ့မုံလာဥ တံဆိပ် ဖုန်းကို ဒီဇာတ်ကားထဲမှာ မြင်မိတာနဲ့ သင်ပြုံးမယ်ဆိုတာအာမခံပါတယ်ဇာတ်ဝင်သီချင်းတွေကလဲ အလန်းတွေကြီးပါပဲ မြူးမြူးကြွကြွ နဲ့ဇတ်ကားပုံစံ ကို ပိုပြီး အသက်ဝင်စေပါတယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/26

❤23