MxT Anime & Cartoon
35.4K subscribers
1.51K photos
250 videos
1.74K links
အရမ်းကြည့်ချင်နေတဲ့ ဇာတ်ကားများကို တစ်ကား ၅၀၀ ကျပ်နဲ့လာရောက်တောင်းဆိုနိုင်ပါပြီ - @quanxisfei
Download Telegram
The Boss Baby (2017)

မိဘနှစ်ပါးရဲ့ အလိုလိုက်ချင်းကိုခံထားရတဲ့ တင်ဆိုတဲ့ကလေးလေးဘဝထဲကို ညီလေးတစ်ယောက် ယောက်လာခဲ့တယ်။အဲ့ဒီကလေးပေါက်စကို မနာလိုလည်းဖြစ် မသင်္ကာတဲ့အစ်ကိုဖြစ်သူ တင်မ် ဟာ လျို့ဝှက်ထောက်လှမ်းရင်းဘော့စ်ဘေဘီလေးရဲ့ လျို့ဝှက်ချက်ကို သိသွားခဲ့ပါတယ်။သူ့ညီမြန်မြန်ထွက်သွားစေဖို့အတွက် သူ့ညီရဲ့လျို့ဝှက်စစ်ဆင်ရေးကို လိုက်ကူညီရင်း ကမ္ဘာပေါ်က ကလေးတွေရဲ့ချစ်ခြင်းကို လုယူမယ့် ဗီလိန်ကြီးတစ်ယောက်နဲ့ ရင်ဆိုင်လာရတဲ့အခါ…ဒါရိုက်တာ Tom McGrath က ရိုက်ကူးပြီးဇာတ်ညွှန်းရေးသူကတော့ Michael McCullers ပါကာတွန်းဇာတ်ကောင်တွေရဲ့ နောက်ခံစကားပြောသူတွေအနေနဲ့ကတော့ Boss Baby အဖြစ်Alec Baldwin နဲ့ Older Tim အဖြစ်Patton Wswalt တို့က အဓိကပါဝင်အားဖြည့်ပေးထားပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/53
15💋2🍓1
The Boss Baby: Family Business 2 (2021)

2017 လောက်တုန်းက အားလုံးကို အမွှေစိန်လုပ်သွားတဲ့ boss baby လေးကို မှတ်မိကြဦးမယ်ထင်ပါတယ်၊သူအခု အရွယ်ရောက်သွားပြီဗျ အရွယ်ရောက်တဲ့အပြင် တူမ ၂ ယောက်တောင်ရပြီး အလုပ်ကြိုးစားတဲ့ အချစ်တော်အန်ကယ်ဖြစ်နေပါပြီ။သို့ပေမယ့် ကျွန်တော်တို့ရဲ့ ကလေးသူဌေးကြီး ဒီဇာတ်လမ်းမှာ သူငယ်ပြန်ရပါဦးမယ်ဖြစ်စဉ်ကဒီလိုရယ်ပါ သူကလေးဘ၀က လာခဲ့တဲ့BabyCorp ဆိုတဲ့ အဖွဲ့အစည်းမှာ ပြဿနာတစ်ခု ပေါ်ပေါက်လာပါတယ်၊ ပြဿနာကတော့ ဒေါက်တာတစ်ယောက်ဟာ ကလေးတွေရဲ့ ခေါင်းထဲကို အတွေးမှားတွေ ရိုက်ထည့်ပေးနေပြီးကလေးတွေက မိဘတွေအပေါ် သွေးအေးလာတာပါ။ ဒီ ပြဿနာကို ဖြေရှင်းဖို့ရာ Boss Baby တို့ ညီအစ်ကို ၂ ယောက်အသက်ငယ်ဆေး ဖော်မြူလာကို သောက်ပြီး ကလေးဘ၀ကို ပြန်ရောက်သွားချိန်မှာတော့..ဘာတွေဆက်ဖြစ်မလဲ အဖြေရှာရင်း ဘယ်ပြဿနာတွေ ထပ်တက်ဦးမလဲ မတည့်တဲ့ ညီအစ်ကို ၂ ယောက် ဒီတစ်ခါရော
ဘယ်လိုတွေ နောင်ချိန်ပလေးပြီး ပရိသတ်ကို ဖမ်းစားဦးမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှူခံစားလိုက်ပါဦး။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/54
16👍1🍓1
Onward (2020)

ဟိုးရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ မှော်ပညာ တည်ရှိခဲ့ပေမယ့်
အချိန်ကြာလာတာနဲ့အမျှ လူတွေ၊နတ်သူငယ်တွေ၊ မှော်ဝင်သတ္တဝါတွေဟာခေတ်မီလာကြပြီး မှော်ပညာကို မေ့ပျောက်သွားပါတော့တယ်။အီယန် နဲ့ ဘာလေ ဆိုတဲ့ နတ်သူငယ် ညီအစ်ကိုနှစ်ယောက်ဟာလည်းငယ်ငယ်ကတည်းက အဖေဆုံးသွားလို့မိခင်နဲ့ပဲ အတူနေကြတဲ့ သူတွေပါ။ညီဖြစ်သူ အီယန်၁၆ နှစ်ပြည့်မွေးနေ့မှာတော့ သူတို့အဖေထားခဲ့တဲ့မှော်တောင်ဝှေးနဲ့ ဂါထာတစ်ခုကို တွေ့ရှိသွားပါတယ်။ဂါထာရဲ့ အစွမ်းကတော့ သေဆုံးသွားတဲ့ အဖေဖြစ်သူကို တစ်ရက်တိတိပြန်ရှင်သန်လာစေပြီး တွေ့ခွင့်ရမှာပါပဲ။ဒါပေမယ့် ဒီဂါထာကိုသုံးဖို့ စွမ်းအားကြီးတဲ့ ရတနာတစ်ခုလိုအပ်ပြီးအဲဒီရတနာ မလုံလောက်တာကြောင့် သူတို့အဖေဟာခန္ဓာကိုယ် အောက်ပိုင်းပဲ ကွက်ပြီး ရှင်လာခဲ့တယ်။ဒီလိုနဲ့ပဲ ညီအစ်ကို ၂ ယောက်ဟာ သူ့တို့အဖေရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို သယ်ပြီး တစ်ရက်မပြည့်ခင်အဖေကို နောက်ဆုံးတွေ့နိုင်ဖို့မှော်ဝင်ရတနာကို အရှာထွက်ရပါတော့တယ်…ဒစ္စနေးရဲ့ ထုံးစံအတိုင်း ပျော်စရာတွေ ရယ်စရာတွေနဲ့ဝမ်းနည်းစရာတွေ ခံစားမှုတွေကို ရောယှက်ပေးထားမယ့်ကာတွန်းရုပ်ရှင်အသစ်မို့ ကြည့်တဲ့သူတွေသဘောကျကြမယ်ထင်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/55
13👍1
Tinkerbell : Secret of the Wings (2012)

Pixie Hollow ရဲ့ ဥတုလေးပိုင်းကွဲနေတဲ့ နယ်မြေတွေထဲမှာဆောင်းသစ်တောကတော့ ဘယ်အနွေးပိုင်းနတ်သားနတ်သမီးမဆို မြင်သာမြင် မကြင်ရဖြစ်နေတဲ့နေရာတစ်ခုပေါ့။စူးစမ်းနတ်သူငယ်ပီပီ စပ်စုတတ်တဲ့ Tinkerbellကတော့ ဆောင်းသစ်တောကို ကုန်တွေတင်မကဘဲ သူ့ကိုယ်သူပါအရောက်ပို့ချင်နေမိတာပါ။ တစ်နေ့မှာတော့နွေဦးရင်ပြင်ကတိရစ္ဆာန်လေးတွေကို ဆောင်းခိုဖို့အတွက် နယ်စပ်ကိုပြောင်းရွှေ့ပေးဖို့ဖြစ်လာပါတယ်။ Tinkerbell ကတော့ Fawn ကိုကူညီရင်းအလစ်မှာ ဆောင်းသစ်တောဘက်ခုန်ဝင်မိလို့ အတောင်ခဲတယ်အထင်ခံရပြီး ဆေးခန်းရောက်သွားပါတော့တယ်။Tinkerbell ကတော့ အတောင်ခဲတာမဟုတ်ဘဲ သူ့အတောင်တွေအရောင်တောက်လာတာပါလို့ ပြောပေမယ့် ဘယ်သူမှမယုံကြပါဘူး။ ဒါပေမယ့်Tinkerbell ရဲ့စိတ်ထဲမှာ တစ်စုံတစ်ရာကို အခိုင်အမာခံစားလိုက်ရတာမို့လို့ ဆောင်းသစ်တောကို ခိုးသွားဖို့ကြံရာကနေရှိလို့ရှိနေမှန်းတောင် မသိခဲ့ရတဲ့ ဘဝရဲ့ အရေးအပါဆုံးပျောက်ဆုံးပစ္စည်းလေးတစ်ခုကို ရှာတွေ့သွားတဲ့အခိုက်မှာတော့ …


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/56
20
Tinkerbell and Pirate fairy (2014)

Pixie Hollow ရဲ့ ဝေယျာဝစ္စအဝဝကို အောက်ခြေသိမ်းလုပ်ရတဲ့
လက်သမားနတ်သူငယ်တွေနည်းတူ ရွှေမှုန်ထိန်းသိမ်းရေးနတ်သူ
ငယ်တွေဟာလည်း အားလုံးရဲ့အသက်သွေးကြောကို ထိန်းသိမ်းကိုင်တွယ်နေရတဲ့သူတွေပါပဲ။ အရေးကြီးပြီး အမှားမခံတဲ့အလုပ်မို့လို့လုပ်ငန်းခွင်ကို အပိုအလိုမရှိစေဘဲ တိတိကျကျ အထွန့်မတက်ရတဲ့ရှေးရိုးစွဲနည်းနဲ့ပဲ လည်ပတ်စေတာပေါ့။ စိတ်ကူးစိတ်သန်းကောင်းပြီးကိုယ်တတ်ထားတဲ့ပညာကိုပိုနားလည်အောင် လေ့လာစမ်းသပ်လိုစိတ်ပြင်းပြတဲ့ Zarina ကတော့ ဒီလိုစာအုပ်ကြီးစနစ်အမြင်နဲ့ အများကြားမှာ ကြောင်တောင်ကျားပါပဲ။ပြဿနာအရှာကြမ်းပေမယ့် အထက်လူကြီးက ဆူရုံသာဆူပြီး အလျှော့ပေးတာမို့ Zarina လည်း လက်ရဲဇက်ရဲရှိနေပါတယ်။ တစ်နေ့လက်တည့်စမ်းမိရာကနေ အဆမတန်ကြီးထွက်လာတဲ့အပင်ကြောင့် နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်သွားမလဲ..


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/57
15😭2🐳1💘1
TinkerBell and the Legend of the NeverBeast (2014)

ကာကွယ်ရေးအဖွဲ့တွေရယ် FAWNလို့ခေါ်တဲ့နတ်သမီးလေးရယ် ခြေ၄ချောင်းပါကြောက်စရာအကောင်ကြီးရယ် ဆက်ဖြစ်မဲ့အကြောင်းအရာတွေက တကယ့်ကို စိတ်ဝင်စားစရာပါ ဒီကားက ANNIMATIONကားဆိုပေမဲ့ ကလေးတွေအတွက်ရောလူကြီးတွေအတွက်ရောပါ ဆင်ခြင်စရာတွေပေးတဲ့ဇတ်ကားလေးပါ။ ရှေးရိုးစွဲအယူအဆတွေကို တစ်ဖက်ပိတ်အမြင်တွေနဲ့ဆုံးဖြတ်တာတွေရယ်၊ ဖြူစင်တဲ့နှလုံးသားစေရာအတိုင်းလုပ်ခဲ့တာတွေ၊ စူးစမ်းဆင် ခြင်စိတ်လေးတွေရဲ့ကောင်းကျိုးအဖြစ် Messageပေးတဲ့ဇာတ်ကားလေးပါ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/58
22
Ferdinand (2017)

ဖာဒီနန်ဟာ နွားရိုင်းသတ်ပွဲ ဝင်ဖို့ စပိန်နိုင်ငံ မြို့စွန့်က လေ့ ကျင့်ရေးစခန်းမှာ မွေးမြူထားတဲ့ နွားလေးဖြစ်ပြီးသူ့အဖေဟာ နွား ရိုင်းသတ်သမားတစ်ယောက်နဲ့ မက်ဒရစ်ကိုပါသွားပြီးပြန်ရောက် မလာတော့တဲ့နောက်မှာတော့ လေ့ကျင့်ရေးစခန်းကနေ ထွက်ပြေးခဲ့ပါတယ်။ဖာဒီနန်ကို နီနာဆိုတဲ့ မိန်းကလေးက သူ့ယာတောမှာခေါ် မွေးထားခဲ့တာမို့ဖာဒီနန်လေးဟာ ယာတောက သူငယ်ချင်းတွေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါတယ်။အနီရောင် အဝတ်စမြင်လိုက်တာနဲ့ ဒေါသ တဝင်းဝင်းနဲ့ လိုက်လံခတ်ချင်တဲ့ နွားရိုင်းစိတ်မျိုး လုံးဝမရှိဘဲပန်း ပွင့်လေးတွေကို တယုတယ ထွေးပွေ့နမ်းရတာကိုပဲ ဖာဒီနန် သဘောကျတာပါ။ဒီလိုနဲ့ ဖာဒီနန်လေး အရွယ်ရောက်လာတဲ့အခါမှာတော့ သာမန်နွားတွေထက်အရွယ်အစား ကြီးမားတောင့်တင်းတာမို့တွေ့ တဲ့သူတိုင်း အံ့ဩဘနန်းဖြစ်ကြရ ပါတယ်။နောက်တော့ ဖာဒီနန်ကို အရင်နွားရိုင်း လေ့ကျင့်ရေးစခန်း က လူတွေတွေ့သွားပြီးမျက်စိ ကျကာ ပြန်ခေါ်သွားတဲ့အတွက်အေးချမ်းနေတဲ့ ဖာဒီနန်ရဲ့ဘဝ လေးပျက်သုဉ်းခဲ့ရပြီးဘာတွေဆက်ဖြစ်သွားမလဲ
..

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/59
14👍4😭1
Ice Age (2002)

မန်နီ၊ ဒီ​ယေဂို၊ ဆစ်ဒ​နေ ​ဘော်ဒါ
သုံး​​ယောက်ဟာ အဖွဲ့မဖြစ်သေးပါဘူး။သူတို့ကိုဆုံ​စေခဲ့တဲ့ အဓိကအ​ကြောင်းရင်းက​တော့က​လေးတစ်​ယောက်ပါပဲ။ဒီ​ယေဂိုရဲ့ ကျားအုပ်က လူ​သားတွေကို တိုက်ခိုက်ရင်း ထွက်​ပြေးလွတ်​မြောက်လာတဲ့ မိခင်တစ်​ယောက်နဲ့ က​​လေးတစ်​ယောက်ကဆစ်ဒ် မန်နီတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ပြီး မိခင်ဆုံးပြီး​နောက်ကျန်ခဲ့တဲ့ လူမမယ်က​လေး​​လေးကို သူ့ဖခင်လူသား​တွေဆီ ပြန်ပို့​ပေးဖို့က မန်နီတို့ရဲ့တာဝန် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်းဒီ​ယေဂိုရဲ့ခေါင်း​ဆောင်ကျားက အဲဒီက​လေးကို အရှင်လတ်လတ်ပြန်ဖမ်း​ခေါ်လာဖို့ အမိန့်​ပေးထားလို့ ဒီ​ယေဂိုအ​နေနဲ့ မန်နီနဲ့ ဆစ်ဒနီ၂​​ကောင်ကြား ဝင်​ရောဖို့ ကြိုးစားရင်း အလွဲလွဲအ​ချော်​ချော်​​တွေ၊ပဋိပက္ခ​တွေ ​ပေါင်းစုံနဲ့ ဗရုတ်သုက်ခအဖွဲ့ကြီးရဲ့ မဟာစွန့်စားခန်းစတင်ခဲ့ပါ​တော့တယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/60
8👍3
Bambi (1941)

ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့်သစ်တောကိုစောင့်ရှောက်ပေးမယ်ဆိုတဲ့ နိမိတ်နဲ့ နောက်ထပ်သမင်လေးတစ်ကောင်မွေးဖွားလာပြီဆိုပြီး
ဘမ်ဘီဆိုတဲ့ သမင်လေးတစ်ကောင်မွေးဖွားလာခဲ့ပါတယ်…သူ့အတွက်သူငယ်ချင်းအသစ်တွေလည်းရလာခဲ့ပါတယ်…တစ်နေ့မှာ ဘမ်ဘီရဲ့ အမေသမင်မကြီးဟာ လူမုဆိုးတွေရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်…ဒါကြောင့် လူသားမျိုးနွယ်တွေရဲ့ ဖျက်ဆီးနေတဲ့ ဒီတောကြီးကို ဘမ်ဘီလေးအရွယ်ရောက်လာတဲ့အချိန်မှာကာကွယ်ပေးနိုင်မလား…အဲ့ဒီမုဆိုးတွေကကောတောထဲကို ပြန်ပြီးလာဦးမလားဆိုတာ စိတ်ဝင်စားဖွယ်ရာကြည့်ရမှာပဲဖြစ်ပါတယ်..Animation အပိုင်းမှာကျော်ကြားလှတဲ့ Disney ဟာ ဒီ Animation ကားလေးထဲမှာလည်းချစ်စရာကောင်းလှတဲ့ အကောင်လေးတွေနဲ့ လှပတဲ့ရှု့ခင်းများကိုလည်း ထပ်ပြီးအားဖြည့်ထားခဲ့ပါတယ်


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/61
11🍓1
Peter pan (1953)

အနောက်နိုင်ငံကလေးတွေရဲ့ပါးစပ်ဖျားမှာ​​ရေပန်းစားတဲ့ပီတာပန်ဆိုတာကို အားလုံးပဲကြားဖူးနားဝရှိကြမယ်ထင်ပါတယ်။ ကလေးတွေဟာ ညအိပ်ရာဝင်တိုင်း ပီတာပန်လာနိုးလာနိုးနဲ့ စောင့်နေတတ်တာကြောင့် တချို့မိဘတွေကတော့ ဒီလိုအယူသည်းတာမျိုးကို အားမပေးတတ်ကြပါဘူး။ဝမ်ဒီတို့မောင်နှမ ၃ယောက်ကတော့ ပီတာပန်ကို ယုံကြည်ရုံတင်မကဘဲ ပီတာပန်ရဲ့စွန့်စားခန်းတွေမှာပါ ဝင်ရောက်ပါရမီဖြည့်ချင်နေကြတာပါ။ တစ်ညမှာ ပီတာပန်တစ်ယောက် လူကြီးတွေမသိအောင် ဝမ်ဒီတို့အခန်းဆီ ထပ်လာဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပီတာပန်ဟာ ဝမ်ဒီတို့မောင်နှမ ၃ယောက်ကို ရင့်ကျက်ခြင်းကင်းတဲ့ Never Land မှာလိုက်နေဖို့ ခေါ်တဲ့အခါ.. လူသားကလေး (၃)ယောက်အနေနဲ့ နတ်သူငယ်တို့ရဲ့မြေမှာ ကြုံရဆုံရမယ့်စွန့်စားခန်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။1953 ကာလကို အခြေပြုတဲ့ဇာတ်လမ်းလေးဖြစ်တဲ့အပြင်Tinker Bell – Pirate Fairy နဲ့ပါ အချိတ်အဆက်ရှိနေတာ
မို့လို့ Disney Fan တွေအတွက် Nostalgia ဖြစ်စေမယ့်Animation ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/62
13👍2
Bolt (2008)

ဘို့တ် ဆိုတဲ့ ခွေးလေးနဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီတို့ဟာထူးခြားတဲ့ဆက်နွယ်မှုနဲ့ တစ်ယောက်ကိုတစ်ယောက်ရှာတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။သူ့ရဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီရဲ့အဖေပြန်ပေးဆွဲခံရပြီးနောက်ဘို့တ်ဟာလည်း သူ့ရဲ့စွမ်းအားတွေနဲ့ သခင်ဖြစ်သူ ပန်နီကိုကာကွယ်ပေးရတဲ့သူလေး ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူကိုယ်တိုင်ထင်မှတ်ထားသလိုမဟုတ်ခဲ့ဘဲ သူ့ဘဝတစ်ခုလုံးကို တီဗီရှိုးတစ်ခုထဲမှာအချိန်ကုန်ခဲ့ရပြီး သူ့ရဲ့ စူပါပါဝါတွေကလည်းအတုအယောင်တွေသာ ဖြစ်နေခဲ့ပါတယ်။သူ့ရဲပိုင်ရှင် ပန်နီဖြစ်သူ ပြန်ပေးဆွဲခံရပြီး နောက်မှာတော့ဘို့တ်ဟာ ရိုက်ကွင်းကနေထွက်ပြေးပြီး သခင်ဖြစ်သူကိုကယ်တင်ဖို့ လိုက်လံရှာဖွေနေခဲ့ပါတယ်။ဆက်တင်ကနေ တစ်ဖဝါးမှ မခွာဖူးသူ ဘို့တ်ဟာ သူ့စူပါပါဝါတွေဟာအစစ်အမှန်တွေလို့ ယုံကြည်နေပြီး
အပြင်လောကကြီးထဲမှာလိုက်လျောညီထွေနေနိုင်ဖို့ ခက်ခဲလာပါပြီ။နောက်ဆုံးမှာတော့ လမ်းကြားကကြောင်လည်လေး မစ်တမ်းစ် နဲ့ သူ့ရဲ့ပရိသတ်အကြီးစားဖြစ်သူကြွက်ကလေး ရိုင်နို တို့နဲ့အတူပြည်နယ်ကျော်ပြီး အိမ်အပြန်စွန့်စားခန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/63
8💯2👍1
Brave (2012)

မာရီဒါလေးဟာ မင်းသမီးတစ်ယောက်ရဲ့ နေထိုင်ပြုမူရမှာတွေနဲ့ ဆန့်ကျင်ဖက် မြားပစ်တာ မြင်းစီးတာတွေကိုပဲ စိတ်ဝင်စားပါတယ်သူ့မိခင်က သူ့ကို မင်းသမီးတစ်ယောက်လို ပြုမူနေထိုင်ဖို့ အမြဲဆုံးမပေမဲ့ သူနားမထောင်ပါဘူး
တနေ့တော့ သူမဟာ မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း လက်ထပ်ဖို့ ပြင်ဆင်ရဖို့ ဖြစ်လာပါတယ် ဒီအခါ သူမဟာ မိခင်ဖြစ်သူကို ဆန့်ကျင်ပြီး ထွက်ပြေးရင်း စုန်းမတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်စုန်းမက သူ့မိခင်ကို စိတ်ပြောင်းသွားအောင် လုပ်ပေးမယ်ဆိုပြီး ကိတ်မုန့်တစ်ခုပေးလိုက်ပါတယ်မာရီဒါလေးဟာ အိမ်ပြန်လာပြီး သူ့မိခင်ကိုကျွေးလိုက်တဲ့အခါမှာတော့ ရလဒ်က သူမျှော်လင့်မထားတာတွေ ဖြစ်လာခဲ့ပါတော့တယ်ဒီတော့ သူ့ကြောင့် ဖြစ်သွားရတဲ့ အမှားကို ပြန်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားရတဲ့အခါ မာရီဒါလေးတစ်ယောက် အခက်အခဲတွေကြားထဲ ဘယ်လိုရုန်းကန်ရမလဲ ဘယ်လိုတွေစွန့်စားရမလဲ ဆိုတာ…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/64
15
Meet the Robinsons (2007)

ဉာဏ်အလွန်ထက်တဲ့၁၁နှစ်သားမိဘမဲ့ကလေး ရော်ဘင်ဆင်ဟာ
ပစ္စည်းအသစ်တွေတီထွင်လိုစိတ်ရှိသူတစ်ယောက်ပါ…မိဘမဲ့ကျောင်းမှာနေထိုင်ရင်း သူ့ကိုမွေးစားမယ့်မိဘတွေကိုမျှော်လင့်နေပေမယ့်
ကံမကောင်းချင်တော့မွေးစားချင်သူမပေါ်လာခဲ့ပါဘူး…ဒါကြောင့်ရော်ဘင်ဆင်လေးဟာ လောကမှာ
သူ့ကိုလိုချင်တာသူ့အမေတစ်ယောက်ပဲရှိလိမ့်မယ်လို့တစ်ထစ်ချမှတ်ယူပြီး(ကလေးဆိုတော့လည်း)ငယ်ငယ်ကသူ့ကိုမိဘမဲ့ကျောင်းမှာစွန့်ပစ်ခဲ့တဲ့ မိခင်ကိုပြန်ရှာဖို့အတွက်မိခင်ရဲ့ရုပ်ပုံလွှာကိုပြန်ဖော်နိုင်မယ့်မှတ်ဉာဏ်ဖော်စက်ကိုတီထွင်ခဲ့ပါတယ်..တီထွင်မှုတွေမှာကျရှုံးနေကျဖြစ်တဲ့အတွက် သိပ္ပံပြပွဲမှာသူ့ရဲ့စက်အလုပ်မဖြစ်ခဲ့တဲ့အပေါ်ကိုယ့်ကိုယ်ကိုသာဒေါသထွက်နေမိတာပေါ့..တကယ်တမ်းတော့ သူ့စက်ဟာအောင်မြင်ခဲ့ပြီး မသမာသူတစ်ဦးကြောင့် ပျက်ခဲ့ရတယ်ဆိုတာမရိပ်မိခဲ့ပါဘူး…စက်ကိုလာရောက်ခိုးယူခဲ့တဲ့မသမာသူက နှယ်နှယ်ရတော့မဟုတ်ဘူး…
အနာဂတ်ကလာတာကဲ ဘာလို့အနာဂတ်ကတောင်လာပြီး ကလေးရဲ့စက်ကိုခိုးရတာလဲ…ဒီကလေးကအနာဂတ်မှာဘာများဖြစ်နေလို့ပါလိမ့်ပေါ့နော်…


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/65
5👍2😍1
The Smurfs (2011)

Neil Patrick Harris,Sofia Vergaraတို့လို နာမည်ကြီးတွေ ပါဝင်ပြီး Hank Azariaက မှော်ဆရာကြီး Gargamelအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အပြာရောင်မှော်ဝင်သတ္တဝါလေးတွေဖြစ်တဲ့ Smurfsလေးတို့ရွာကို မှော်ဆရာကြီး Gargamelက လိုက်ဖျက်ဆီးလို့ထွက်ပြေးရင်းနဲ့ မတော်တဆ လူ့ကမ္ဘာရဲ့portalပွင့်သွားပြီး NewYorkမြို့ကိုရောက်ရှိသွားပါတယ်။အိမ်ပြန်နိုင်ဖို့ကြိုးစားရင်း Patrickဆိုသူရဲ့ အကူအညီနဲ့ Gargamelရဲ့ အနှောင့်အယှက်တွေကြားထဲကဘယ်လိုဆက်ဖြစ်မလဲကြည့်ရမှာပါ။ ကလေးကားဆိုပေမယ့် ဟာသနဲ့ adventureကြိုက်တဲ့လူကြီးတွေလည်းအကြိုက်တွေ့မှာပါ။ပျော်ဖို့လည်းကောင်းပြီး လေးလေးပင်ပင်တွေမကြိုက်တဲ့သူတွေဆိုကြိုက်လောက်မယ့် feel-good movieလေးဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/66
13🐳2👍1
Spiderman:Into the Spider-verse (2018)

ဇာတ်လမ်းအကျဉ်းကတော့ villain ဖြစ်တဲ့ ကင်းပင်က အမှုန်အရှိန်ပေးစက်သုံးပြီး portal တွေဖွင့်အခြားuniverse က သူ့မိသားစုကိုပြန်ခေါ်ဖို့လုပ်ပါတော့တယ်ဒါပေမယ့် အမှုန်အရှိန်ပေးစက်ရဲ့ side effect ကြောင့် reality တွေပျက်စီးပြီး မြို့ပျက်တော့မှာသိလို့ ပီတာပါကာက ဝင်တားတယ် အဲ့အချိန်မှာပဲ မိုင်းစ်မိုရဲလတ်စ်ကပင့်ကူကိုက်ခံရပြီး spider man အစွမ်းတွေရခါစ ဒီလိုနဲ့multiverse တွေက portal တွေပွင့်ပြီး မိုင်းစ်မိုရဲလတ်စ် တို့ universe ကို အခြား universe တွေကPeter Parker, Spider Gwen, Peni Parker, Spider man Noir နဲ့ PeterPorker တို့ရောက်လာပါတယ် အတော်လေးကိုပြီးပြည့်စုံတဲ့ story lineလို့မြင်မိပါတယ်။Animationပိုင်းတွေကတော့ပြောစရာကိုမလိုဘူးPeni Parker တို့ Peter Porker(SpiderHam)တို့ပါထည့်ထားတာ စိတ်ဝင်စားဖို့ကောင်းတယ်။Tobey ရဲ့ spider man တုန်းကလိုဖီလ်းမျိုးအငွေ့အသက်မျိုး ပြန်ခံစားလိုက်ရတယ်ကြည့်ရတာတော်တော်တန်ပါတယ် Spider man ကို ကလေးဘဝကတည်းကကြိုက်ခဲ့တာခုချိန်ထိပဲ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/67
19
Spider-Man: Across The Spider-Verse ( 2023 )

Into the Spider-Verse ရဲ့အဆက်ပါပဲ။ အရင်ကာတွန်းမှာလည်း
စပိုက်ဒါမန်းမျိုးစုံနဲ့ ဟာသတွေနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့လူကြိုက်များခဲ့သလို အခုကားမှာလည်း နောက်ထပ်တဆင့်ပါမြှင့်ထားလိုက်ပါပြီ။ 2 hours and 20 minutes ရှိလို့ ကာတွန်းကားတွေထဲမှာ အရှည်ဆုံးကာတွန်းလည်းဖြစ်သွားပါတယ်။မိုင်းစ် မိုရားလစ်စ်ဟာ အပြိုင်စကြဝဠာတွေက သူငယ်ချင်းတွေနဲ့ခွဲခွာပြီးနောက် ပြန်မတွေ့ရတော့တာ ကြာပါပြီ။ သူသတိရနေပေမဲ့တစ်ယောက်မှ လာမတွေ့ဖြစ်ကြပါဘူး။ တစ်နေ့မှာတော့ အပြိုင်စကြဝဠာတွေကြားထဲကို ခရီးသွားနိုင်တဲ့ စပေါ့ဆိုတဲ့ စူပါဗီလိန်နဲ့ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ အဲဒီအချိန်မှာပဲ စပိုက်ဒါဂွမ်တို့ ပီတာပါကာတို့တွေနဲ့တွေ့ပြီး အပြိုင်စကြဝဠာတွေကိုစောင့်ရှောက်တဲ့ အဖွဲ့ခေါင်းဆောင်စပိုက်ဒါမန်း မီဂဲဆီကိုရောက်သွားပါတယ်။ အဲဒီမှာမှ စကြဝဠာပေါင်းစုံကစပိုက်ဒါမန်းရာထောင်ချီနဲ့ထပ်တွေ့ပြီး စကြဝဠာကြီးကို ဘယ်လိုကယ်တင်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/68
32👍3
Despicable me 4 (2024)

ဇာတ်လမ်းအကျဉ်းကတော့…ဗီလိန်တိုက်ဖျက်ရေးအဖွဲ့ရဲ့အေးဂျင့် ဖြစ်လာတဲ့ ဂရု ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ သူ့ရဲပြိုင်ဘက်ဟောင်း ဗီလိန် မက်ဆင်းကို ဖမ်းပေးလိုက်ပါတယ်။ဒါပေမဲ့ မက်ဆင်းက ထောင်ကနေ ဖောက်သွားပြီး ဂရုကိုလက်စားချေဖို့ ကြိုးစားလာတဲ့အတွက်ဗီလိန်တိုက်ဖျက်ရေးအဖွဲ့က ဂရုတို့ မိသားစုကိုနာမည်ဝှက်နဲ့ မြို့လေးတစ်မြို့မှာ သွား ခြေရာဖျောက်ခိုင်းထားလိုက်ပါတယ်။အဲဒီမြို့မှာ သာမန်မိသားစုလို နေဖို့ကြိုးစားရင်း တလွဲတွေ ဖြစ်ပုံတွေ၊ မက်ဆင်းနဲ့ တိုက်ခိုက်ရပုံတွေကို မြင်ရမှာပါ။ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး မီနီယံတွေရဲ့ ဟာသယ်တွေ ဂရုရဲ့တလွဲတွေနဲ့ ကြည့်ရမှာမို့ လူကြီးရောကလေးရော မိသားစုလိုက်ရော ကြည့်ဖို့အဆင်ပြေတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/69
20👍6
Toy Story (1995)

အန်ဒီဆိုတဲ့ ​ကောင်​လေးရဲ့ အရုပ်​တွေဖြစ်ကြတဲ့ ဝူဒီတို့ဟာ ​မွေး​နေ့ပွဲလို ခရစ္စမတ်လို ​နေ့​တွေ ​ရောက်တိုင်း လက်​ဆောင်​တွေထဲမှာသူတို့နေရာကို အစားထိုးမယ့် အရုပ်အသစ်​တွေ ​ရောက်လာမှာကိုအမြဲ​​တမ်း စိုးရိမ်နေခဲ့တာပါ။အရုပ်အသစ်​တွေ​ကြောင့် အန်ဒီ သူတို့ကိုအချစ်​လျော့သွားမှာကိုစိုးရိမ်​နေကြတာ​ပေါ့။ အဲဒီလိုနဲ့ အန်ဒီရဲ့​မွေး​နေ့တစ်ခုအ​ရောက်မှာသူတို့မလိုချင်ဆုံး အရာတစ်ခု အန်ဒီ့ဆီ ​ရောက်လာပါ​တော့တယ်။အဲဒါက​တော့ ​နောက်ဆုံးထွက်ထားတဲ့အာကာသရိန်းဂျား ဘတ်ဇ်လိုက်ရီးယားပဲဖြစ်ပါတယ်။ က​လေး​တွေရဲ့ထုံးစံအတိုင်း အန်ဒီကအသစ်ရတဲ့ အရုပ်အသစ်ကို ပိုသ​ဘောကျ​နေတဲ့အချိန် အရင်ကအန်ဒီအကြိုက်ဆုံးအရုပ်​လေး ဖြစ်ခဲ့တဲ့ ​ကောင်းဘွိုင်​လေးဝူဒီကဘတ်ဇ်ကို မ​ကျေမနပ်ဖြစ်ရာက​နေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။​နေရာလုဘက် ဖြစ်​နေတဲ့ သူတို့၂​ယောက်ကို ဘယ်လိုကိစ္စမျိုးကနားလည်မှုရသွား​စေမလဲ၊ မထင်မှတ်ဘဲကြုံလာရတဲ့ ပြဿနာကိုမတည့်တဲ့ကြားထဲက​နေဘယ်လိုပုံစံမျိုး​နဲ့ အချင်းချင်းရိုင်းပင်းပြီးကူညီ​ဖြေရှင်းသွားကြမလဲဆိုတာ ကြည့်ရှုရမှာပါ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/70
16👍2
Toy Story 2 (1999)

အန်ဒီတစ်ယောက်ဆော့နေရင်း ဝူဒီရဲ့လက်ကမတော်တဆပြဲသွားတာကြောင့် နောက်မှပြန်ချုပ်ဖို့ သိမ်းထားချိန်အန်ဒီ့အမေရဲ့ နားလည်မှုလွဲမှုကြောင့် အိမ်ပစ္စည်းအဟောင်းတွေရောင်းမယ့်ပုံးထဲ ဝူဒီတစ်ယောက်ပါသွားခဲ့ပါတယ်။
အဲဒီအချိန်မှာ မြို့ထဲက အရုပ်ဆိုင်ပိုင်ရှင်က မြင်သွားပြီး ဝူဒီကို ရှားပါးအရုပ်မှန်းသိနေတာကြောင့် ပစ္စည်းပုံးထဲက ခိုးသွားခဲ့ပါတယ်။ အရုပ်သည်ရဲ့ဆိုင်မှာ ဝူဒီရဲ့လူဆိုးဖမ်းဂိုဏ်းလို့ ပြောရမယ့် ဂျက်စီနဲ့ဘူးလ်အိုင်းစ်နှစ်ယောက်နဲ့ စဆုံခဲ့ပါတယ်။အရုပ်သည်ရဲ့အကြံက ရှားပါးအရုပ်ဖြစ်တဲ့ ဝူဒီတို့ကို ဂျပန်ကအရုပ်ပြတိုက်ကို ရောင်းပစ်လိုက်ဖို့ပါပဲ။အစပိုင်းမှာ ဝူဒီက အိမ်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ဂျက်စီတို့အဖွဲ့ နားချတာကြောင့် သူတို့နဲ့ပဲအတူနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာအရုပ်သည်လက်ထဲပါသွားတဲ့ ဝူဒီနောက်ကို ဘတ်ဇ်တို့တစ်သိုက်လိုက်ကယ်ဖို့ ကြိုးစားရင်းနဲ့ အရုပ်ဆိုင်ထိ ရောက်လာခဲ့ပါတယ်။တစ်ချိန်ကျရင် အန်ဒီစွန့်ပစ်သွားမှာစိုးလို့ ပြန်မလိုက်ချင်တော့တဲ့ဝူဒီကို ဘတ်ဇ်တို့အဖွဲ့ ပြန်ခေါ်နိုင်မှာလား၊ ဘယ်လိုအခက်အခဲတွေကြုံရဦးမလဲဆိုတာ ကြည့်ရှုရမှာပါ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/71
11👍1
Toy Story 3 (2010)

ဒီဇာတ်ကားက ၂၀၁၀မှာထွက်ရှိခဲ့တာဖြစ်ပြီး animation တွေရဲ့
Villainစာရင်းမှာ ထိပ်ဆုံးနားအထိ စာရင်းချိတ်နိုင်တဲ့ ပန်းရောင်
မွေးပွဝက်ဝံရုပ်ကြီး လော့ဆိုက ဒီဇာတ်ကားရဲ့ အမှတ်အသားလို
ဖြစ်ခဲ့ပါတယ်။အရွယ်ရောက်လာတဲ့ အန်ဒီက ကောလိပ်ကျောင်းကို
သွားရတော့မှာမို့လို့ ဝူဒီကလွဲလို့ ကျန်တဲ့အရုပ်တွေကို ထပ်ခိုးထပ်
ပေါ် ထားခဲ့ဖို့ လုပ်ခဲ့ပေမဲ့ မိသားစုချင်းနားလည်မှုလွဲကာ အမှိုက်ပုံး
ထဲကို ရောက်သွားခဲ့ပါတယ်။
ဒါကိုအထင်လွဲသွားတဲ့ အရုပ်တွေကအမှိုက်ကားထဲ လိုက်သွားမယ့်အစား မူကြိုကျောင်းကိုသွားလှူမယ့်ပစ္စည်းပုံးထဲကို လိုက်သွားခဲ့ကြပါတယ်။ ဒီလိုနဲ့ ဆန်နီဆိုက်ဒ်ဆိုတဲ့မူကြိုကျောင်းကို ရောက်လာပြီး အဲဒီမှာ နဂိုရှိပြီးသား လော့ဆိုတို့အရုပ်အဖွဲ့ရဲ့ ကြိုဆိုမှုကြောင့် သူတို့တွေပြန်အဆင်ပြေတော့မှာလို့
ထင်ခဲ့ပေမဲ့ လက်တွေ့မှာ လော့ဆိုက မင်းသားမျက်နှာဖုံးနဲ့ ဘီလူး
တစ်ယောက်လို ဖြစ်နေခဲ့တာကြောင့် မူကြိုကျောင်းကနေ အန်ဒီဆီ
ပြန်ထွက်ပြေးလာဖို့ ကြိုးစားရပါတော့တယ်။သူတို့ရဲ့ကြိုးစားမှုကအရာထင်ပါ့မလား၊ ကောက်ကျစ်ယုတ်မာတဲ့လော့ဆိုတို့အဖွဲ့ကဘယ်လိုမျိုး ဒုက္ခပေးကြမလဲဆိုတာ ကြည့်ရှုရမှာပါ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/72
15👍2
Toy Story 4 (2019)

ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့်
သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့အရုပ်လေးတွေ ရှိတတ်ပါတယ်။
အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော်ဝုဒီလည်း ပါနေတာပေါ့။ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကိုဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာအားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာဖော့ကီကို လိုက်ကယ်ဖို့ သူ့မိတ်ဆွေတွေနဲ့အတူစွန့်စားခန်းတွေ ဖွင့်ရပါတော့မယ်…တွိုင်းစတိုရီ-၄ ဟာလည်း အရင်ကားတွေလိုပဲမိတ်ဆွေစိတ်တွေ၊ အရုပ်တွေနဲ့ကလေးတွေရဲ့ သံယောဇဉ်တွေကိုလှလှပပ ပုံဖော်ထားတာပဲမို့ကြည့်တဲ့သူတွေ ကြိုက်ကြမှာပါ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/73
11👍4