The Tunnel to Summer The Exit of Goodbye (2022)
”နွေရာသီလိုဏ်ခေါင်း ခွဲခွာခြင်းထွက်ပေါက်“ တစ်ခါတလေလည်း ရဲရဲတင်းတင်း ပြုတ်ကျလိုက်၊
တစ်ခါတလေလည်း ရဲရဲတင်းတင်း ထိုးဆင်းလိုက်၊ငါတို့တကယ်မရှိခဲ့ဘူးလို့ငါတို့သိလိုက်ရတဲ့နှစ်တွေမှာ
နွေရာသီ အမြဲစိမ်းလှပနေတဲ့ လှိုဏ်ခေါင်းလေးထဲငါ ပြေးဆင်းကြည့်မိတယ်… အချိန်တွေ ဘယ်လောက်ထိဟောင်းသွားခဲ့လည်း…ငါတို့ကမ္ဘာရဲ့အပြင်ဘက်မှာ နေဘယ်နှစင်းဝင်သွားလဲလူတွေ ဘယ်လောက်ထိ ခရီးပေါက်သွားလဲလူတွေ ဘယ်လောက်ထိ ခရီးရောက်သွားလဲအပြင်မှာဘယ်လောက်ထိ ပြောင်းသွားကြလဲ
အပြင်မှာ ဘယ်လောက်ထိ ဟောင်းသွားကြလဲ ဘယ်တော့မှမဟောင်းတဲ့ ထီးကလေးတစ်ချောင်းဟာ
ငါဘာမှမသိရတော့တဲ့ ဘူတာရုံကလေးကို ဖြတ်သန်းဒီကမ္ဘာဝန်းထဲ တို့ထပ်ရောက်ခဲ့ကြပြန်တယ် အချစ်ရယ်…ထွက်ပေါက်မှာ ခွဲခွာခြင်းများမရှိဘူးလို့စုံလုံးမှိတ်ယုံလိုက်ကြတာပေါ့နွေရာသီတွေလည်း လင်းဦးမယ်…
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/44

❤18👍3🍓2😭1
Sing (2016)
ဇာတ်လမ်းအကျဉ်းမှာတော့ ဒေဝါလီခံရခါနီး ဇာတ်ရုံပိုင်ရှင် မွန်းဟာ သူ့ရဲ့ မအောင်မြင်တဲ့ ရှိုးတွေကနေ ဖောက်ထွက်ပြီး ဇာတ်ရုံကို ပြန်အဖတ်ဆယ်ဖို့ အဆိုပြိုင်ပွဲတစ်ခု လုပ်ဖို့စတင်ပါတော့တယ်။ သူပိုင်ဆိုင်သမျှဒေါ်လာ တစ်ထောင်ကို ဆုကြေးအဖြစ်ကြေညာမလို့လုပ်ပေမယ့် စာရိုက်အမှားကြောင့် ဒေါ်လာတစ်သိန်းအဖြစ်ကြေညာမိပြီး တစ်မြို့လုံးက လာရောက် အရွေးခံကြတဲ့အခါ… သီချင်းကိုရူးသွပ်တဲ့ အိပ်မက်ကိုယ်စီနဲ့ ဝါသနာရှင်တွေ ထွက်ပေါ်လာပါတော့တယ်…ကလေး ၂၅ ယောက်အမေ အိမ်ထောင်ရှင် ရိုစီတာ…လူဆိုးဂိုဏ်းခေါင်းဆောင်ရဲ့သားပေမယ့် အဆိုတော်ပဲလုပ်ချင်တဲ့ ဂျွန်နီ…လူလည်အဆိုတော် မိုက်….အသဲကွဲရော့ကာလေး အက်ရှ်…နဲ့ လူအရမ်းကြောက်တဲ့ မီနာတို့ပါပဲ…ဒါပေမယ့် တကယ်မရှိတဲ့ ဆုကြေးအတွက် မွန်းဘယ်လိုဖြေရှင်းမှာလဲ…ဘာမျှော်လင့်ချက်မှ မရှိတဲ့ ရှိုးပွဲမှာ သူတို့ဘဝတွေကရော သီချင်းတွေအတွက် ဘယ်လောက်ပေးဆပ်နိုင်မလဲဆိုတာ…
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/45

❤17
Sing 2 (2021)
Sign 1အပြီး ကဇာတ်ရုံကြီး ပြန်ဖွင့်ခွင့်ရသွားတဲ့ Buster Moonနဲ့ သူ့ရဲ့ တေးသရုပ်ဖော်အဖွဲ့ဟာဒီတစ်ခေါက်မှာ ကမ္ဘာ့ဖျော်ဖြေရေးမြို့တော်ကြီးဖြစ်တဲ့ Redshore Cityအထိ တက်ပြီးကမ္ဘာနဲ့ချီအောင် အောင်မြင်တဲ့ တေးသရုပ်ဖော်အဖွဲ့ဖြစ်ဖို့ ကြိုးစားကြပါတယ်၊
ဒါပေမဲ့ သူတို့ရဲ့ဖျော်ဖြေပွဲကြီး အောင်မြင်ဖို့ လိုအပ်နေတာကတော့
ဇနီးသည် သေဆုံးပြီးကတည်းက ၁၅နှစ်ကြာ အများမြင်ကွင်းကပျောက်နေတဲ့ကမ္ဘာကျော် Rock Starကြီး Clay Callowayကို သူတို့ဖျော်ဖြေပွဲမှာ ပါဝင်လာအောင် ခေါ်ရမှာပါ၊အသည်းကွဲရော့ခ်ဘုရင်ကြီး Clayကို Buster Moonတို့တစ်သိုက် ရအောင်ခေါ်နိုင်မှာလား၊
သူတို့ရဲ့ရှိုးပွဲက တစ်ကမ္ဘာလုံးက နားဆင်သူတွေရဲ့ ရင်ကိုဖမ်းစားနိုင်ပြီးအောင်မြင်တဲ့တေးသရုပ်ဖော်အဖွဲ့ကြီး ဖြစ်သွားမလားဆိုတာကို
သီချင်းအမိုက်စား အလျှံအပယ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/46

❤15👍6
Ratatouille (2007)
Remyက အိုင်ဒီယာကောင်းပြီး အနံ့ အရသာခံတဲ့နေရာမှာ ထူးချွန်တဲ့ ကြွက်တစ်ကောင်ဖြစ်ပါတယ်
သူ့က ချက်ပြုတ်တာကို အလွန်ဝါသနာပါသလို သူရဲ့Heroကတော့ စားဖိုမှူး Auguste Gusteaပဲဖြစ်ပြီး သူ့ရဲ့ ဟင်းချက်နည်းကို တီဗီကနေ အဘွားကြီးတစ်ယောက်ထဲနေတဲ့အိမ်မှာ အမြဲတမ်း သွား သွားကြည့်ပါတယ်တစ်ရက်မှာတော့ ဟင်းလျာတွေကို အကဲဖြတ်ရတဲ့ Egoက Auguste Gusteaရဲ့ဟင်းလျာတွေကို Rating နည်းနည်းသာပေးတာကြောင့် Auguste Gustea ကိုယ့်ကိုကို သတ်သေသွားတဲ့ သတင်းကို တွေ့လိုက်ရပြီး ဝမ်နည်းစွာ အော်မိတာကြောင့် အဘွားကြီးက ကြွက်ရှိကြောင်း သိသွားပြီး သေနတ်နဲ့ လိုက်ပြစ်တာကြောင့် တစ်ဆွေလုံး တစ်မျိုးလုံးထွက်ပြေးရင်း Remyကတော့ သူ့အမျိုးတွေနဲ့ ကွဲသွားပြီး စားသောက်ဆိုင်တစ်ခုကို ရောက်သွားရကနေ အစမ်းခန့်ထားတဲ့ စာဖိုမှူး Linguini နဲ့ဆုံတွေ့ခဲ့ရပါတယ်အဲဒီမှာ ဟင်းချက်ဝါသနာပါတဲ့ Remyက ဟင်းချက်ညံ့တဲ့ Linguiniကို ချက်ပြုတ်ဖို့ ကူညီပေးခဲ့ပြီး သူ့ကို ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ ထိန်းချူပ်ပုံက သဘောကျစရာပါ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/47

❤20🐳2🍓2
Luck (2022)
ဆမ်ဆိုတဲ့မိဘမဲ့ဂေဟာက ကောင်မလေးတစ်ယောက်ပေါ့။ ငယ်ငယ်ကတည်းက ကံအမြဲဆိုးပြီး အကုန်တလွဲဖြစ်တယ်၊ မွေးစားမိဘလည်းရှာမရဘဲ အသက် ၁၈ နှစ်ပြည့်သွားလို ကိုယ်ပိုင်အခန်းကိုပြောင်းပြီး အလုပ်လုပ်နေရတဲ့ ကောင်မလေးပါပဲ။ တစ်နေ့မှာတော့ သူဘာလို ကံတွေဆိုးနေလဲဆိုတဲ့အဖြေကို မတော်တဆတွေ့သွားပါတော့တယ်။တကယ်တော့ လူသားတွေဆီကို ကံဆိုးခြင်းတွေကံကောင်းခြင်းတွေကို ပိုနေတဲ့နေရာတွေရှိပါတယ်။ အဲဒီမှာ ဌာနပေါင်းစုံရှိပြီး ကံဆိုးနည်းကံကောင်းနည်းမျိုးစုံကို သတ္တဝါပေါင်းစုံက စီမံထုတ်လုပ်နေပြီး လူတွေဆီကို ကြုံသလိုပိုနေတာကို သိလိုက်ရတာပါ။ အဲဒီ ကမ္ဘာတွေဆီကို ဆမ် တစ်ယောက် မတော်တဆရောက်သွားပြီး သူအလိုချင်ဆုံးဆန္ဒတစ်ခုအတွက် ကံကောင်းဖို ကြိုးစားလာတဲ့အခါ…
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/48

❤21
Cloudy With A Chance Of Meatballs 1 (2009)
အဓိကဇာတ်ကောင်က ဖလင်လော့ခ်ဝုဒ်ဆိုတဲ့ ကောင်လေးပါ။ငယ်ငယ်ကတည်းက သိပ္ပံပညာကို စိတ်ဝင်စားပြီးပစ္စည်းအသစ်အဆန်းတွေကို ဖန်တီးရတာ ဝါသနာပါခဲ့တယ်။ဒါပေမဲ့ သာမန်ကလေးတွေကြားမှာသူ့ရဲ့ တီထွင်မှုတွေက လှောင်ပြောင်စရာဖြစ်ခဲ့တယ်။သူနေတဲ့ မြို့လေးက ဆာဒင်းငါးသေတ္တာလုပ်ငန်းအပေါ် မှီခိုနေရတဲ့ မြို့လေး။ဒါပေမဲ့ အဲဒီလုပ်ငန်းပိတ်သိမ်းသွားချိန်မှာ သူအပါအဝင်တစ်မြို့လုံးက ဆာဒင်းငါးကလွဲပြီး တခြားဘာမှမစားနိုင်ခဲ့တော့ဘူး။တစ်မြို့လုံးက ဆားဒင်းငါးပြီးရင်း ဆာဒင်းငါးစားနေရတော့ကြာတော့ လူတွေပါ ဆာဒင်းငါးရုပ်ပေါက်မတတ်ပဲပေါ့။တစ်နေ့မှာတော့ ဖလင့်က သူ့မြို့ကလူတွေကို ဒီအဖြစ်ဆိုးကနေကယ်တင်ဖို့အတွက် အစားအစာဖန်တီးတဲ့စက်ကိုတီထွင်ဖို့ ကြိုးစားတော့တယ်။
ရေထည့်လိုက်ရုံနဲ့ မှာတဲ့အစားအစာကို အလိုလျောက်ထုတ်လုပ်ပေးသွားမယ့် စက်မျိုးပါ။ငယ်ငယ်ကတည်းက မြို့ရဲ့ ငကြောင်လို့ သတ်မှတ်ခံထားရတာမလို့သူ့ရဲ့ တီထွင်မှုကို မြို့ခံတွေကသဘောကျလက်ခံပါ့မလား၊ သူ ထွင်တဲ့ စက်ကရောဘာချွတ်ယွင်းချက်မှမရှိ အလုံးစုံ ပြည့်စုံနေနိုင်ပါ့မလား၊ ဘယ်လိုပြဿနာတွေပေါ်လာမလဲဆိုတာကိုတော့ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ပါနော်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/49

❤16💯2🍓1
Cloudy With A Chance Of Meatballs 2 (2013)
ဖလင့်လော့ခ်ဝုဒ်မှာငယ်ငယ်ကတည်းက လေးစားအားကျခဲ့ရတဲ့ သိပ္ပံပညာရှင်တစ်ယောက် ရှိခဲ့တယ်။သူ့နာမည်ကတော့ ချက်စတာဗွီပါ။ဖလင့်တို့ ကျွန်းလေးက အစားအသောက် ရာသီဥတုကြောင့် ကျန်ခဲ့တဲ့စားစရာတွေနဲ့ ရှုပ်ပွနေခဲ့တယ်။ ဒါကို ချက်စတာဗွီတို့ ကုမ္ပဏီက လာရောက်ရှင်းလင်းပေးတာပါ။ချက်စတာဗွီနဲ့အဖွဲ့ဟာ သန့်ရှင်းရေးအမည်ခံပြီး ကျွန်းပေါ်ကဒေသခံတွေကို တခြားနေရာကို ရွှေ့ပြောင်းခဲ့တယ်။ဒါပေမဲ့ တကယ်တမ်းမှာ ချက်စတာဗွီက
ဖလင့်ရဲ့ အစားအသောက်ဖန်တီးစက်ကို လိုက်ရှာချင်ခဲ့တာပါ။ဒါပေမဲ့လည်း အသက်ဝင်နေတဲ့ အစားအသောက်တွေကြောင့်သူထင်သလို အလွယ်မရှာနိုင်ခဲ့ဘူး။အဲဒီအခါမှာ ချက်စတာဗွီက ဖလင့်ကို သူ့အစား စက်ကိုလိုက်ရှာဖို့
လှည့်ကွက်တွေ ထုတ်သုံးတော့တယ်။ဖလင့်ကလည်း ချက်စတာဗွီကို နဂိုကတည်းက လေးစားအားကျခဲ့တာမလို့သူ့ရဲ့ အလိမ်အညာတွေထဲ နစ်သွားခဲ့တော့တာပါ။ဖလင့်တစ်ယောက် သူ့ရဲ့စက်ကို ကျွန်းဆီ ပြန်သွားရှာတဲ့အခါဘယ်လိုအန္တရာယ်တွေ စွန့်စားခန်းအသစ်တွေကို ကြုံတွေ့ရမလဲ၊ ချက်စတာဗွီကရောဒီစက်ကိုယူပြီး ဘာလုပ်ဖို့ ကြံစည်ထားတာလဲဆိုတာကိုတော့ဇာတ်ကားလေးကို ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာလိုက်ကြပါနော်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/50

❤23🔥2👍1💯1🍓1
Tom and Jerry (2021)
မတည့်အတူနေ ကြောင်နဲ့ကြွက်ကလေး Tom & Jerry တို့ရဲ့ live action ဇာတ်ကားလေးပါ။ဒီတစ်ခါမှာတော့ စန္ဒယားပညာရှင်ကြီးဖြစ်ချင်နေတဲ့ တွမ်နဲ့ ဇိမ်ကျကျအိမ်အကောင်းစားကြီးတစ်လုံးလိုချင်နေတဲ့ ဂျယ်ရီတို့ကို နယူးယောက်မြို့ကြီးမှာ တွေ့မြင်ကြရမှာပါ။ သူတို့အပြင်ရွိုင်ရယ်ဂိတ်ဆိုတဲ့ နယူးယောက်မြို့က ထိပ်တန်းဟိုတယ်ကြီးမှာ သူများစီဗီဖောင်နဲ့ အလုပ်ဝင်ခွင့်ရသွားတဲ့ ကေလာဆိုတဲ့ကောင်မလေးတစ်ယောက်ကလည်း တွမ်နဲ့ဂျယ်ရီတို့ရဲ့ အရှုပ်တော်ပုံထဲပါဝင်လာမှာပါ။ဂျယ်ရီ့အတွက်တော့ တစ်ရန်ပေါ်နှစ်ရန်ဆင့်တယ်ပဲ ပြောရမှာပေါ့။ သူ့ဘာသာ ရွိုင်ရယ်ဂိတ်ဟိုတယ်ကကြွက်တွင်းထဲမှာ ဇိမ်ကျနေတုန်း အလုပ်မပြုတ်ချင်တဲ့ ဝန်ထမ်းသစ်ကလေး ကေလာရော သူ့ကိုမကြေပွဲနွှဲချင်နေတဲ့ တွမ်ရော နှစ်ယောက်ပေါင်းအမဲလိုက်တာကိုခံရမှာပါ။ လှစ်ခနဲလှစ်ခနဲနဲ့ သိပ်သွက်တဲ့ ကြွက်ကလေးဂျယ်ရီ၊ သူ့မွှေသမျှခံနေရရှာတဲ့ ဘော်ဒါကြီးတွမ်နဲ့ အပြောလည်းကောင်း လည်လည်းလည်တဲ့ဟိုတယ်ဝန်ထမ်းမလေး ကေလာတို့ သုံးယောက်ပေါင်း ဘယ်လိုလောင်းကျော်ကြမလဲဆိုတာကို ကြည့်ရှု
လိုက်ကြပါဦး။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/51

❤15👍5
Finding Dory (2016)
မျက်လုံးလေး ပြူးပြူးနဲ့အဖြစ်အပျက်တွေကို ကြာကြာမခံပဲမေ့တတ်တဲ့ Dory ဟာ တစ်နေ့တော့ အကြောင်းတစ်ခုကြောင့်
သူ့အဖေနဲ့ အမေကို ပြန်သတိရလာတာကနေသူ့သူငယ်ချင်းတွေဖြစ်တဲ့ Merlinနဲ့ Nemo တို့ရဲ့အကူအညီကို ယူပြီး သူ့မိဘတွေကို ပြန်တွေ့ချင်ဇောနဲ့ရှာပုံတော်ခရီးဖွင့်ပါတော့တယ်…ဒီကားဟာ Finding Nemo အပြီး နောင် ဆယ့်သုံးနှစ်ကြာမှထွက်လာခဲ့တာ ဖြစ်ပါတယ်ထွက်လာတော့လည်း Finding Nemo လောက်တော့ဇာတ်လမ်းပိုင်း မကောင်း ထပ်တူကျနေခဲ့ပေမယ့်လည်းFinding Nemo လောက်ကို ခံစားရအောင်လုပ်ပြီးMessageတွေ ပေးသွားခဲ့တယ်ငါးပြာလေး ဒိုရီဟာ သူ့မိဘတွေနဲ့ ပြန်တွေ့နိုင်ပါ့မလားသူ ဒီလောက်မေ့တတ်တာကိုလေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ဒွိဟအတွေးတွေကို Disneyနဲ့ Pixarရဲ့ ရေအောက်ကမ္ဘာ အန်နီမေးရှင်းအလန်းကြီးတွေတစ်ချက် တစ်ချက်ထဖောက်တဲ့ဟာသလေးတွေချစ်စရာ ရယ်စရာကောင်လေးတွေနဲ့ အတူဇာတ်လမ်းအဆုံးထိကို ဆွဲခေါ်သွားခဲ့တယ်Ed O’ Neill ရဲ့ ရေဘဝဲကြီး Hank ဇာတ်ကောင်ဟာလည်းDisney ကားတွေရဲ့ အကောင်းဆုံးဇာတ်ကောင်အဖြစ်ထည့်ရဖို့ ဖြစ်လာခဲ့တယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/52

❤11👍1
The Boss Baby (2017)
မိဘနှစ်ပါးရဲ့ အလိုလိုက်ချင်းကိုခံထားရတဲ့ တင်ဆိုတဲ့ကလေးလေးဘဝထဲကို ညီလေးတစ်ယောက် ယောက်လာခဲ့တယ်။အဲ့ဒီကလေးပေါက်စကို မနာလိုလည်းဖြစ် မသင်္ကာတဲ့အစ်ကိုဖြစ်သူ တင်မ် ဟာ လျို့ဝှက်ထောက်လှမ်းရင်းဘော့စ်ဘေဘီလေးရဲ့ လျို့ဝှက်ချက်ကို သိသွားခဲ့ပါတယ်။သူ့ညီမြန်မြန်ထွက်သွားစေဖို့အတွက် သူ့ညီရဲ့လျို့ဝှက်စစ်ဆင်ရေးကို လိုက်ကူညီရင်း ကမ္ဘာပေါ်က ကလေးတွေရဲ့ချစ်ခြင်းကို လုယူမယ့် ဗီလိန်ကြီးတစ်ယောက်နဲ့ ရင်ဆိုင်လာရတဲ့အခါ…ဒါရိုက်တာ Tom McGrath က ရိုက်ကူးပြီးဇာတ်ညွှန်းရေးသူကတော့ Michael McCullers ပါကာတွန်းဇာတ်ကောင်တွေရဲ့ နောက်ခံစကားပြောသူတွေအနေနဲ့ကတော့ Boss Baby အဖြစ်Alec Baldwin နဲ့ Older Tim အဖြစ်Patton Wswalt တို့က အဓိကပါဝင်အားဖြည့်ပေးထားပါတယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/53

❤15💋2🍓1
The Boss Baby: Family Business 2 (2021)
2017 လောက်တုန်းက အားလုံးကို အမွှေစိန်လုပ်သွားတဲ့ boss baby လေးကို မှတ်မိကြဦးမယ်ထင်ပါတယ်၊သူအခု အရွယ်ရောက်သွားပြီဗျ အရွယ်ရောက်တဲ့အပြင် တူမ ၂ ယောက်တောင်ရပြီး အလုပ်ကြိုးစားတဲ့ အချစ်တော်အန်ကယ်ဖြစ်နေပါပြီ။သို့ပေမယ့် ကျွန်တော်တို့ရဲ့ ကလေးသူဌေးကြီး ဒီဇာတ်လမ်းမှာ သူငယ်ပြန်ရပါဦးမယ်ဖြစ်စဉ်ကဒီလိုရယ်ပါ သူကလေးဘ၀က လာခဲ့တဲ့BabyCorp ဆိုတဲ့ အဖွဲ့အစည်းမှာ ပြဿနာတစ်ခု ပေါ်ပေါက်လာပါတယ်၊ ပြဿနာကတော့ ဒေါက်တာတစ်ယောက်ဟာ ကလေးတွေရဲ့ ခေါင်းထဲကို အတွေးမှားတွေ ရိုက်ထည့်ပေးနေပြီးကလေးတွေက မိဘတွေအပေါ် သွေးအေးလာတာပါ။ ဒီ ပြဿနာကို ဖြေရှင်းဖို့ရာ Boss Baby တို့ ညီအစ်ကို ၂ ယောက်အသက်ငယ်ဆေး ဖော်မြူလာကို သောက်ပြီး ကလေးဘ၀ကို ပြန်ရောက်သွားချိန်မှာတော့..ဘာတွေဆက်ဖြစ်မလဲ အဖြေရှာရင်း ဘယ်ပြဿနာတွေ ထပ်တက်ဦးမလဲ မတည့်တဲ့ ညီအစ်ကို ၂ ယောက် ဒီတစ်ခါရော
ဘယ်လိုတွေ နောင်ချိန်ပလေးပြီး ပရိသတ်ကို ဖမ်းစားဦးမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှူခံစားလိုက်ပါဦး။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/54

❤16👍1🍓1
Onward (2020)
ဟိုးရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ မှော်ပညာ တည်ရှိခဲ့ပေမယ့်
အချိန်ကြာလာတာနဲ့အမျှ လူတွေ၊နတ်သူငယ်တွေ၊ မှော်ဝင်သတ္တဝါတွေဟာခေတ်မီလာကြပြီး မှော်ပညာကို မေ့ပျောက်သွားပါတော့တယ်။အီယန် နဲ့ ဘာလေ ဆိုတဲ့ နတ်သူငယ် ညီအစ်ကိုနှစ်ယောက်ဟာလည်းငယ်ငယ်ကတည်းက အဖေဆုံးသွားလို့မိခင်နဲ့ပဲ အတူနေကြတဲ့ သူတွေပါ။ညီဖြစ်သူ အီယန်၁၆ နှစ်ပြည့်မွေးနေ့မှာတော့ သူတို့အဖေထားခဲ့တဲ့မှော်တောင်ဝှေးနဲ့ ဂါထာတစ်ခုကို တွေ့ရှိသွားပါတယ်။ဂါထာရဲ့ အစွမ်းကတော့ သေဆုံးသွားတဲ့ အဖေဖြစ်သူကို တစ်ရက်တိတိပြန်ရှင်သန်လာစေပြီး တွေ့ခွင့်ရမှာပါပဲ။ဒါပေမယ့် ဒီဂါထာကိုသုံးဖို့ စွမ်းအားကြီးတဲ့ ရတနာတစ်ခုလိုအပ်ပြီးအဲဒီရတနာ မလုံလောက်တာကြောင့် သူတို့အဖေဟာခန္ဓာကိုယ် အောက်ပိုင်းပဲ ကွက်ပြီး ရှင်လာခဲ့တယ်။ဒီလိုနဲ့ပဲ ညီအစ်ကို ၂ ယောက်ဟာ သူ့တို့အဖေရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို သယ်ပြီး တစ်ရက်မပြည့်ခင်အဖေကို နောက်ဆုံးတွေ့နိုင်ဖို့မှော်ဝင်ရတနာကို အရှာထွက်ရပါတော့တယ်…ဒစ္စနေးရဲ့ ထုံးစံအတိုင်း ပျော်စရာတွေ ရယ်စရာတွေနဲ့ဝမ်းနည်းစရာတွေ ခံစားမှုတွေကို ရောယှက်ပေးထားမယ့်ကာတွန်းရုပ်ရှင်အသစ်မို့ ကြည့်တဲ့သူတွေသဘောကျကြမယ်ထင်ပါတယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/55

❤13👍1
Tinkerbell : Secret of the Wings (2012)
Pixie Hollow ရဲ့ ဥတုလေးပိုင်းကွဲနေတဲ့ နယ်မြေတွေထဲမှာဆောင်းသစ်တောကတော့ ဘယ်အနွေးပိုင်းနတ်သားနတ်သမီးမဆို မြင်သာမြင် မကြင်ရဖြစ်နေတဲ့နေရာတစ်ခုပေါ့။စူးစမ်းနတ်သူငယ်ပီပီ စပ်စုတတ်တဲ့ Tinkerbellကတော့ ဆောင်းသစ်တောကို ကုန်တွေတင်မကဘဲ သူ့ကိုယ်သူပါအရောက်ပို့ချင်နေမိတာပါ။ တစ်နေ့မှာတော့နွေဦးရင်ပြင်ကတိရစ္ဆာန်လေးတွေကို ဆောင်းခိုဖို့အတွက် နယ်စပ်ကိုပြောင်းရွှေ့ပေးဖို့ဖြစ်လာပါတယ်။ Tinkerbell ကတော့ Fawn ကိုကူညီရင်းအလစ်မှာ ဆောင်းသစ်တောဘက်ခုန်ဝင်မိလို့ အတောင်ခဲတယ်အထင်ခံရပြီး ဆေးခန်းရောက်သွားပါတော့တယ်။Tinkerbell ကတော့ အတောင်ခဲတာမဟုတ်ဘဲ သူ့အတောင်တွေအရောင်တောက်လာတာပါလို့ ပြောပေမယ့် ဘယ်သူမှမယုံကြပါဘူး။ ဒါပေမယ့်Tinkerbell ရဲ့စိတ်ထဲမှာ တစ်စုံတစ်ရာကို အခိုင်အမာခံစားလိုက်ရတာမို့လို့ ဆောင်းသစ်တောကို ခိုးသွားဖို့ကြံရာကနေရှိလို့ရှိနေမှန်းတောင် မသိခဲ့ရတဲ့ ဘဝရဲ့ အရေးအပါဆုံးပျောက်ဆုံးပစ္စည်းလေးတစ်ခုကို ရှာတွေ့သွားတဲ့အခိုက်မှာတော့ …
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/56

❤20
Tinkerbell and Pirate fairy (2014)
Pixie Hollow ရဲ့ ဝေယျာဝစ္စအဝဝကို အောက်ခြေသိမ်းလုပ်ရတဲ့
လက်သမားနတ်သူငယ်တွေနည်းတူ ရွှေမှုန်ထိန်းသိမ်းရေးနတ်သူ
ငယ်တွေဟာလည်း အားလုံးရဲ့အသက်သွေးကြောကို ထိန်းသိမ်းကိုင်တွယ်နေရတဲ့သူတွေပါပဲ။ အရေးကြီးပြီး အမှားမခံတဲ့အလုပ်မို့လို့လုပ်ငန်းခွင်ကို အပိုအလိုမရှိစေဘဲ တိတိကျကျ အထွန့်မတက်ရတဲ့ရှေးရိုးစွဲနည်းနဲ့ပဲ လည်ပတ်စေတာပေါ့။ စိတ်ကူးစိတ်သန်းကောင်းပြီးကိုယ်တတ်ထားတဲ့ပညာကိုပိုနားလည်အောင် လေ့လာစမ်းသပ်လိုစိတ်ပြင်းပြတဲ့ Zarina ကတော့ ဒီလိုစာအုပ်ကြီးစနစ်အမြင်နဲ့ အများကြားမှာ ကြောင်တောင်ကျားပါပဲ။ပြဿနာအရှာကြမ်းပေမယ့် အထက်လူကြီးက ဆူရုံသာဆူပြီး အလျှော့ပေးတာမို့ Zarina လည်း လက်ရဲဇက်ရဲရှိနေပါတယ်။ တစ်နေ့လက်တည့်စမ်းမိရာကနေ အဆမတန်ကြီးထွက်လာတဲ့အပင်ကြောင့် နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်သွားမလဲ..
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/57

❤15😭2🐳1💘1
TinkerBell and the Legend of the NeverBeast (2014)
ကာကွယ်ရေးအဖွဲ့တွေရယ် FAWNလို့ခေါ်တဲ့နတ်သမီးလေးရယ် ခြေ၄ချောင်းပါကြောက်စရာအကောင်ကြီးရယ် ဆက်ဖြစ်မဲ့အကြောင်းအရာတွေက တကယ့်ကို စိတ်ဝင်စားစရာပါ ဒီကားက ANNIMATIONကားဆိုပေမဲ့ ကလေးတွေအတွက်ရောလူကြီးတွေအတွက်ရောပါ ဆင်ခြင်စရာတွေပေးတဲ့ဇတ်ကားလေးပါ။ ရှေးရိုးစွဲအယူအဆတွေကို တစ်ဖက်ပိတ်အမြင်တွေနဲ့ဆုံးဖြတ်တာတွေရယ်၊ ဖြူစင်တဲ့နှလုံးသားစေရာအတိုင်းလုပ်ခဲ့တာတွေ၊ စူးစမ်းဆင် ခြင်စိတ်လေးတွေရဲ့ကောင်းကျိုးအဖြစ် Messageပေးတဲ့ဇာတ်ကားလေးပါ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/58

❤22
Ferdinand (2017)
ဖာဒီနန်ဟာ နွားရိုင်းသတ်ပွဲ ဝင်ဖို့ စပိန်နိုင်ငံ မြို့စွန့်က လေ့ ကျင့်ရေးစခန်းမှာ မွေးမြူထားတဲ့ နွားလေးဖြစ်ပြီးသူ့အဖေဟာ နွား ရိုင်းသတ်သမားတစ်ယောက်နဲ့ မက်ဒရစ်ကိုပါသွားပြီးပြန်ရောက် မလာတော့တဲ့နောက်မှာတော့ လေ့ကျင့်ရေးစခန်းကနေ ထွက်ပြေးခဲ့ပါတယ်။ဖာဒီနန်ကို နီနာဆိုတဲ့ မိန်းကလေးက သူ့ယာတောမှာခေါ် မွေးထားခဲ့တာမို့ဖာဒီနန်လေးဟာ ယာတောက သူငယ်ချင်းတွေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါတယ်။အနီရောင် အဝတ်စမြင်လိုက်တာနဲ့ ဒေါသ တဝင်းဝင်းနဲ့ လိုက်လံခတ်ချင်တဲ့ နွားရိုင်းစိတ်မျိုး လုံးဝမရှိဘဲပန်း ပွင့်လေးတွေကို တယုတယ ထွေးပွေ့နမ်းရတာကိုပဲ ဖာဒီနန် သဘောကျတာပါ။ဒီလိုနဲ့ ဖာဒီနန်လေး အရွယ်ရောက်လာတဲ့အခါမှာတော့ သာမန်နွားတွေထက်အရွယ်အစား ကြီးမားတောင့်တင်းတာမို့တွေ့ တဲ့သူတိုင်း အံ့ဩဘနန်းဖြစ်ကြရ ပါတယ်။နောက်တော့ ဖာဒီနန်ကို အရင်နွားရိုင်း လေ့ကျင့်ရေးစခန်း က လူတွေတွေ့သွားပြီးမျက်စိ ကျကာ ပြန်ခေါ်သွားတဲ့အတွက်အေးချမ်းနေတဲ့ ဖာဒီနန်ရဲ့ဘဝ လေးပျက်သုဉ်းခဲ့ရပြီးဘာတွေဆက်ဖြစ်သွားမလဲ..
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/59

❤14👍4😭1
Ice Age (2002)
မန်နီ၊ ဒီယေဂို၊ ဆစ်ဒနေ ဘော်ဒါ
သုံးယောက်ဟာ အဖွဲ့မဖြစ်သေးပါဘူး။သူတို့ကိုဆုံစေခဲ့တဲ့ အဓိကအကြောင်းရင်းကတော့ကလေးတစ်ယောက်ပါပဲ။ဒီယေဂိုရဲ့ ကျားအုပ်က လူသားတွေကို တိုက်ခိုက်ရင်း ထွက်ပြေးလွတ်မြောက်လာတဲ့ မိခင်တစ်ယောက်နဲ့ ကလေးတစ်ယောက်ကဆစ်ဒ် မန်နီတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ပြီး မိခင်ဆုံးပြီးနောက်ကျန်ခဲ့တဲ့ လူမမယ်ကလေးလေးကို သူ့ဖခင်လူသားတွေဆီ ပြန်ပို့ပေးဖို့က မန်နီတို့ရဲ့တာဝန် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်းဒီယေဂိုရဲ့ခေါင်းဆောင်ကျားက အဲဒီကလေးကို အရှင်လတ်လတ်ပြန်ဖမ်းခေါ်လာဖို့ အမိန့်ပေးထားလို့ ဒီယေဂိုအနေနဲ့ မန်နီနဲ့ ဆစ်ဒနီ၂ကောင်ကြား ဝင်ရောဖို့ ကြိုးစားရင်း အလွဲလွဲအချော်ချော်တွေ၊ပဋိပက္ခတွေ ပေါင်းစုံနဲ့ ဗရုတ်သုက်ခအဖွဲ့ကြီးရဲ့ မဟာစွန့်စားခန်းစတင်ခဲ့ပါတော့တယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/60

❤8👍3
Bambi (1941)
ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့်သစ်တောကိုစောင့်ရှောက်ပေးမယ်ဆိုတဲ့ နိမိတ်နဲ့ နောက်ထပ်သမင်လေးတစ်ကောင်မွေးဖွားလာပြီဆိုပြီး
ဘမ်ဘီဆိုတဲ့ သမင်လေးတစ်ကောင်မွေးဖွားလာခဲ့ပါတယ်…သူ့အတွက်သူငယ်ချင်းအသစ်တွေလည်းရလာခဲ့ပါတယ်…တစ်နေ့မှာ ဘမ်ဘီရဲ့ အမေသမင်မကြီးဟာ လူမုဆိုးတွေရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်…ဒါကြောင့် လူသားမျိုးနွယ်တွေရဲ့ ဖျက်ဆီးနေတဲ့ ဒီတောကြီးကို ဘမ်ဘီလေးအရွယ်ရောက်လာတဲ့အချိန်မှာကာကွယ်ပေးနိုင်မလား…အဲ့ဒီမုဆိုးတွေကကောတောထဲကို ပြန်ပြီးလာဦးမလားဆိုတာ စိတ်ဝင်စားဖွယ်ရာကြည့်ရမှာပဲဖြစ်ပါတယ်..Animation အပိုင်းမှာကျော်ကြားလှတဲ့ Disney ဟာ ဒီ Animation ကားလေးထဲမှာလည်းချစ်စရာကောင်းလှတဲ့ အကောင်လေးတွေနဲ့ လှပတဲ့ရှု့ခင်းများကိုလည်း ထပ်ပြီးအားဖြည့်ထားခဲ့ပါတယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/61

❤11🍓1
Peter pan (1953)
အနောက်နိုင်ငံကလေးတွေရဲ့ပါးစပ်ဖျားမှာရေပန်းစားတဲ့ပီတာပန်ဆိုတာကို အားလုံးပဲကြားဖူးနားဝရှိကြမယ်ထင်ပါတယ်။ ကလေးတွေဟာ ညအိပ်ရာဝင်တိုင်း ပီတာပန်လာနိုးလာနိုးနဲ့ စောင့်နေတတ်တာကြောင့် တချို့မိဘတွေကတော့ ဒီလိုအယူသည်းတာမျိုးကို အားမပေးတတ်ကြပါဘူး။ဝမ်ဒီတို့မောင်နှမ ၃ယောက်ကတော့ ပီတာပန်ကို ယုံကြည်ရုံတင်မကဘဲ ပီတာပန်ရဲ့စွန့်စားခန်းတွေမှာပါ ဝင်ရောက်ပါရမီဖြည့်ချင်နေကြတာပါ။ တစ်ညမှာ ပီတာပန်တစ်ယောက် လူကြီးတွေမသိအောင် ဝမ်ဒီတို့အခန်းဆီ ထပ်လာဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပီတာပန်ဟာ ဝမ်ဒီတို့မောင်နှမ ၃ယောက်ကို ရင့်ကျက်ခြင်းကင်းတဲ့ Never Land မှာလိုက်နေဖို့ ခေါ်တဲ့အခါ.. လူသားကလေး (၃)ယောက်အနေနဲ့ နတ်သူငယ်တို့ရဲ့မြေမှာ ကြုံရဆုံရမယ့်စွန့်စားခန်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။1953 ကာလကို အခြေပြုတဲ့ဇာတ်လမ်းလေးဖြစ်တဲ့အပြင်Tinker Bell – Pirate Fairy နဲ့ပါ အချိတ်အဆက်ရှိနေတာ
မို့လို့ Disney Fan တွေအတွက် Nostalgia ဖြစ်စေမယ့်Animation ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/62

❤13👍2
Bolt (2008)
ဘို့တ် ဆိုတဲ့ ခွေးလေးနဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီတို့ဟာထူးခြားတဲ့ဆက်နွယ်မှုနဲ့ တစ်ယောက်ကိုတစ်ယောက်ရှာတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။သူ့ရဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီရဲ့အဖေပြန်ပေးဆွဲခံရပြီးနောက်ဘို့တ်ဟာလည်း သူ့ရဲ့စွမ်းအားတွေနဲ့ သခင်ဖြစ်သူ ပန်နီကိုကာကွယ်ပေးရတဲ့သူလေး ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူကိုယ်တိုင်ထင်မှတ်ထားသလိုမဟုတ်ခဲ့ဘဲ သူ့ဘဝတစ်ခုလုံးကို တီဗီရှိုးတစ်ခုထဲမှာအချိန်ကုန်ခဲ့ရပြီး သူ့ရဲ့ စူပါပါဝါတွေကလည်းအတုအယောင်တွေသာ ဖြစ်နေခဲ့ပါတယ်။သူ့ရဲပိုင်ရှင် ပန်နီဖြစ်သူ ပြန်ပေးဆွဲခံရပြီး နောက်မှာတော့ဘို့တ်ဟာ ရိုက်ကွင်းကနေထွက်ပြေးပြီး သခင်ဖြစ်သူကိုကယ်တင်ဖို့ လိုက်လံရှာဖွေနေခဲ့ပါတယ်။ဆက်တင်ကနေ တစ်ဖဝါးမှ မခွာဖူးသူ ဘို့တ်ဟာ သူ့စူပါပါဝါတွေဟာအစစ်အမှန်တွေလို့ ယုံကြည်နေပြီး
အပြင်လောကကြီးထဲမှာလိုက်လျောညီထွေနေနိုင်ဖို့ ခက်ခဲလာပါပြီ။နောက်ဆုံးမှာတော့ လမ်းကြားကကြောင်လည်လေး မစ်တမ်းစ် နဲ့ သူ့ရဲ့ပရိသတ်အကြီးစားဖြစ်သူကြွက်ကလေး ရိုင်နို တို့နဲ့အတူပြည်နယ်ကျော်ပြီး အိမ်အပြန်စွန့်စားခန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/63

❤8💯2👍1
Brave (2012)
မာရီဒါလေးဟာ မင်းသမီးတစ်ယောက်ရဲ့ နေထိုင်ပြုမူရမှာတွေနဲ့ ဆန့်ကျင်ဖက် မြားပစ်တာ မြင်းစီးတာတွေကိုပဲ စိတ်ဝင်စားပါတယ်သူ့မိခင်က သူ့ကို မင်းသမီးတစ်ယောက်လို ပြုမူနေထိုင်ဖို့ အမြဲဆုံးမပေမဲ့ သူနားမထောင်ပါဘူး
တနေ့တော့ သူမဟာ မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း လက်ထပ်ဖို့ ပြင်ဆင်ရဖို့ ဖြစ်လာပါတယ် ဒီအခါ သူမဟာ မိခင်ဖြစ်သူကို ဆန့်ကျင်ပြီး ထွက်ပြေးရင်း စုန်းမတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်စုန်းမက သူ့မိခင်ကို စိတ်ပြောင်းသွားအောင် လုပ်ပေးမယ်ဆိုပြီး ကိတ်မုန့်တစ်ခုပေးလိုက်ပါတယ်မာရီဒါလေးဟာ အိမ်ပြန်လာပြီး သူ့မိခင်ကိုကျွေးလိုက်တဲ့အခါမှာတော့ ရလဒ်က သူမျှော်လင့်မထားတာတွေ ဖြစ်လာခဲ့ပါတော့တယ်ဒီတော့ သူ့ကြောင့် ဖြစ်သွားရတဲ့ အမှားကို ပြန်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားရတဲ့အခါ မာရီဒါလေးတစ်ယောက် အခက်အခဲတွေကြားထဲ ဘယ်လိုရုန်းကန်ရမလဲ ဘယ်လိုတွေစွန့်စားရမလဲ ဆိုတာ…
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtancmovie/64

❤15