MxT Anime & Cartoon
35.4K subscribers
1.52K photos
250 videos
1.74K links
အရမ်းကြည့်ချင်နေတဲ့ ဇာတ်ကားများကို တစ်ကား ၅၀၀ ကျပ်နဲ့လာရောက်တောင်းဆိုနိုင်ပါပြီ - @quanxisfei
Download Telegram
Channel created
The Wind Rises (2013)

ဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်မတော်ကအသုံးပြုခဲ့တဲ့ Mitsubishi A6M zeroတိုက်လေယာဉ်ကို တည်ဆောက်ခဲတဲ့ လေကြောင်းအင်ဂျင်နီယာ Jiro Horikoshi အကြောင်းအပါအဝင် ထိုခေတ်အချိန်အခါကဂျပန်ပြည်အခြေအနေများအကြောင်းကိုပါ အခြေခံပြီး ရိုက်ကူးရေးဆွဲထားတာဖြစ်ပါတယ်။ဒီကားအဓ်ိကဇာတ်ဆောင်ရဲ့ ငယ်ဘဝအိမ်မက်က အရမ်းလှပြီး လူသားတွေကိုသယ်ဆောင်နိုင်တဲ့လေယာဉ်မျိုးကိုဖန်တီးချင်ခဲ့ပေမယ့်သူတကယ်တည်ဆောက်လိုက်ရတာကတော့ စစ်လက်နက်ဖြစ်နေပါတယ်။ဒါ့အပြင် ၁၉၂၃ တိုကျိုငလျင်နဲ့ ဒုတိယကမ္ဘာစစ်အဖြစ်အပျက်၂မျိုးနဲ့ ဇာတ်လမ်းကို ချိတ်ပေးထားတဲ့အတွက်သုတ ရသ ၂မျိုးလုံးပေးနိုင်မယ့် animation ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/3
59👍4🔥3🍓1
Spirited Away (2001)

၁၀နှစ်သမီးလေး Chihiroဟာ
သူမရဲ့မိဘနှစ်ပါးနဲ့အတူတစ်ခြား မြို့တစ်မြို့ကိုအိမ်ပြောင်းဖို့ခရီးထွက်လာပါတယ်။တောလမ်းခရီး တစ်နေရာမှာလိုဏ်ခေါင်းကြီးတစ်ခုကိုတွေ့တော့Chihiroရဲ့မိဘတွေက ဝင်ကြည့်ပါတယ်။လိုဏ်ဂူထဲကိုဝင်မကြည့်ချင်ပေမဲ့လည်းကားပေါ်မှာတစ်ယောက်တည်း နေဖို့ ကြောက်တဲ့Chihiroကလည်းမိဘတွေနဲ့အတူ လိုက်လာပါတယ်။လိုဏ်ခေါင်းရဲ့ တစ်ဖက်ခြမ်းမှာတော့ပျက်စီးနေပြီ ဖြစ်တဲ့theme parkကြီး တစ်ခုကို တွေ့ကြရပါတယ်။Parkထဲမှာ လျှောက်သွားကြရင်းတစ်နေရာမှာဖွယ်ဖွယ်ရာရာပြင်ဆင်ထားတဲ့ စားစရာတွေကိုတွေ့တော့ Chihiro ရဲ့မိဘများကမနေနိုင်ပဲယူစားမိပါတယ်။Chihiroကတော့စားချင်စိတ် မရှိတာကြောင့်မစားပဲလျှောက်သွားနေရင်း တစ်နေရာမှာကြီးမားလှတဲ့Bath houseကြီးကိုတအံ့တဩ မော့ကြည့်နေတုန်းမှာပဲရုတ်တရက် ဆိုသလိုအနီးအနားကအိမ်တွေက မီးတွေ လင်းလာပြီးChihiroဟာကြောက်လန့်တကြားနဲ့မိဘတွေရှိရာကိုပြေးထွက်သွားပါတယ်။ဒါပေမဲ့သူမရဲ့မိဘတွေကိုမြင်လိုက် ရတဲ့အခါမှာပုံမှန်မဟုတ်ပဲ​ပြောင်းလဲနေပါတယ်။Chihiroတစ်ယောက်ပိတ်မိသွားပြီးSpirit world မှာအသက်ရှင်ရပ်တည်ဖို့နဲ့ပြန်လည်လွတ်မြောက်ဖို့ Chihiroတစ်ယောက်လုပ်နိုင်ပါ့မလား။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/4
36🍓12👍9💋2
Howl's Moving Castle (2004)

ဇာတ်လမ်းလေးကတော့အလွန်လှပတဲ့ဦးထုတ်ရောင်းတဲ့ကောင်မလေးဆိုဖီအလွန်ထူးဆန်းတဲ့လူပုံစံဆောက်လုပ်ထားတဲ့မှော်ရဲတိုက်ရှင်စုန်းထီးလေးဟအိုယုသူတို့နှစ်ယောက်ဘယ်လိုမတော်တဆတွေ့ကြမလဲလူသားနဲ့စုန်းထီးဘယ်လိုပေါင်းစပ်ခွင့်ရမလဲဟအိုယုရဲ့နှလုံးသားကိုလိုချင်နေတဲ့စုန်းမကြီးကဟအိုယုနဲ့ဆိုဖီအကြောင်းကိုသိသွားတဲ့အချိန်မှာဆိုဖီလေးကိုကျိန်စာတိုက်လိုက်တဲ့အချိန်မှာတော့အလွန်ချောမောတဲ့ကောင်မလေးဆိုဖီဟာအဖွားအိုတစ်ယောက်အဖြစ်ပြောင်းလဲသွားတဲ့အခါမှာကောလောကဓံကိုသူမဘယ်လိုရင်ဆိုင်မလဲဟအိုယုနဲ့ကောပြန်တွေ့ကြမှာလားစုန်းထီးလို့ဆိုပေမဲ့စိတ်သဘောထားအလွန်နူးညံ့တဲ့ဟအိုယုတစ်ယောက်လူသားတွေနဲ့မိစ္ဆာတွေစစ်မက်ဖြစ်ပွားလာတဲ့အချိန်မှာလူသားတွေဘက်ကဘယ်လိုဦးဆောင်ပြီးတိုက်ခိုက်မလဲဆိုဖီလေးရဲ့ကျိန်စာကောပျက်ပြယ်သွားမှာလားဒီအတိုင်းအဖွားကြီးတစ်ယောက်အဖြစ်တစ်သက်လုံးနေသွားရမလားဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရမှာပါanimation ကိုအရမ်းကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ကျေးနပ်အားရမှုအပြည့်အဝဖြစ်စေမယ်လို့အာမခံရင်းကြည့်ရူလိုက်ကြပါအုံးနော်။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/5
53🥰13🍓5
Ponyo (2008)

သင်္ဘောသားတစ်ဦးရဲ့အသက်ငါးနှစ်သာရှိတဲ့ သားလေးဟာ သူ့အမေနဲ့အတူပင်လယ်နားက တောင်ကုန်းလေးမှာ နေထိုင်တယ်။တစ်နေ့မှာ မမျှော်လင့်ပဲ ရွှေငါးလေးတစ်ကောင်ကို တွေ့ရှိခဲ့တယ်အဲ့ရွှေငါးလေးဟာ ရိုးရိုးငါးလေးမဟုတ်ပဲငါးတစ်ပိုင်းလူတစ်ပိုင်း ဖြစ်နေတဲ့ ရွှေငါးလေးဖြစ်တယ်ရွှေငါးလေးဟာ ဆိုဆုကီဆိုတဲ့ ကောင်လေးကိုသံယောဇဉ် တွယ်မိပြီး ဆိုဆုကီပေးထားတဲ့ပွန်းညို ဆိုတဲ့ နာမည်လေးနဲ့ လူသားတွေအနားမှာ နေခဲ့တယ်လူသားတွေကို မုန်းတဲ့ ပွန်းညို အဖေကသူ့သမီးလေးကို ဆိုဆုကီ ရှိကနေ နည်းအမျိုးမျိုးနဲ့ ပြန်လည်လုယူခဲ့တယ်ဒါပေမယ့် ပွန်းညိုက မှော်စွမ်းအားတွေရပြီးပြန်လွတ်သွားချိန်မှာ သူ့အစွမ်းတွေကြောင့် ဆိုဆုကီတို့မြို့တစ်မြို့လုံးရေနစ်မြုပ်ခဲ့တယ်သူကတော့ လူသားတစ်ယောက်အဖြစ်ဆိုဆုကီရှိကိုပြန်လာခဲ့တယ် ပွန်းညိုရဲ့မှော်အစွမ်းတွေကြောင့် ကမ္ဘာကြီးပျက်လုနီးပါးဖြစ်နေချိန်မှာငါးနှစ်အရွယ်သာရှိတဲ့ ဖြုစင်တဲ့ သူတို့ရဲ့ အချစ်စစ်နဲ့ကမ္ဘာကြီးကိုဘယ်လိုပြန်တည်ဆောက်သွားမလဲပွန်းညိုဟာ လူသားတွေကိုမုန်းတဲ့ သူ့အဖေ နဲ့ပဲရေအောက်မှာ ငါးအဖြစ်ဆက်နေသွားရမလားလူသားအဖြစ် ဆိုဆုကီအနားမှာနေရမလားဆိုတာ
...

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/6
❤‍🔥3131💋2🍓1
Your name (2016)

ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီးYour Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ…ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း တစ်နေ့တာကို အရသာရှိရှိဖြတ်သန်းလိုက်ကြရအောင်(ဒါနဲ့ ဒီဇာတ်ကားထဲမှာ The Garden Of Words (2013) ဇာတ်ကားထဲကဆရာမ ယူကာရီ က cameo အနေနဲ့ ပြန်လည်ပါဝင်ပါသေးတယ်..ဒါ့အပြင် အခု Your Name ထဲက ဇာတ်ကောင်တွေဖြစ်တဲ့တကိ..မိဆုဟ..ယော့ဆုဟ..တက်ရှီ..ဆယက တို့တတွေလည်းWeathering With You (2019) မှာ cameo အဖြစ်ပြန်လည်ပါဝင်ကြပါသေးတယ်..


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/7
54❤‍🔥13🍓4😭2
Castle in the Sky (1986)

ဒီကားလေးကတော့ ဒဏ္ဍာရီဆန်ဆန် animeဇာတ်ကားကောင်းလေးပါ။လေထဲပေါလောပေါ်နေတဲ့ လပျူတာကျွန်းရဲ့ ရဲတိုက်ကြီးထဲမှာ ရတနာတွေရှိတယ်လို့ရှေးလူကြီးတွေကပြောခဲ့ပါတယ်တဲ့‌ကောင်လေး ပါဇုဆီ ကိုမှော်ဆန်ဆန်လေထဲကကျလာတဲ့ကောင်မလေးရှီးတတို့စတင်တွေ့ဆုံရာက အစပြုတယ်။ရှီးတရဲ့ဘိုးဘွားပိုင်လည်ဆွဲကိုစစ်အစိုးရနဲ့ဓားပြအုပ်စုတွေဝိုင်းလုယက်ရင်းပါဇုဆီရောက်လာခဲ့တယ်ပေါ့။စစ်အစိုးရနဲ့ဓားပြအုပ်စု၂ဖွဲ့လုံးဟာဒီကျွန်းကိုအပြိုင်အဆိုင်ရှာဖွေကြရင်းဘာတွေဖြစ်လာမလဲဆိုတာကတော့ဆက်လက်ကြည့်ရှုလိုက်ပါအုံး


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmvc/308
❤‍🔥2520👍1
Whisper of the heart (1995)

၁၄နှစ်အရွယ်ကျောင်းသူလေးShizuku ဟာ သူ့မိသားစုနဲ့ Tokyo မြို့မှာနေသတဲ့…သူဘဝကလည်းပုံမှန်ကျောင်းသူတယောက်လိုပါပဲ…ဒါပေမယ့် တခုထူးခြားတာက Shizuku ဟာကျောင်းပိတ်ရက် ဆိုတာနဲ့ဒေသခံစာကြည့်တိုက် သွားပြီးရှိသမျှFairy Tale (အကြမ်းဖျင်းအားဖြင့်ကလေးပုံပြင်ပေါ့)စာအုပ်တွေငှားဖတ်လေ့ရှိပြီးသူကိုယ်တိုင်ကလည်းစာရေးသူတယောက်ဖြစ်ချင်တဲ့သူပါ…ဒါမယ့် သူစာအုပ်တွေဖတ်ရင်းဖတ်ရင်း နာမည်တခုနဲ့ ရင်းနှီးလာတယ်…သူငှားဖတ်သမျှစာအုပ်တိုင်းရဲ့ငှားဖတ်သူစာရင်းကဒ်မှာSeiji ဆိုတဲ့ကောင်လေးကသူ့ရှေ့အမြဲရောက်နေတယ်…ဒီတော့ဆယ်ကျော်သက်မိန်းခလေးသဘာဝအတိုင်းမမြင်ဘူးတဲ့ကောင်လေးကိုပဲအထင်ကြီးမိပြီး သံယောဇဉ်တွယ်သွားတယ်တဲ့…ဒီလိုနဲ့တနေ့မှာ Shizuku က သူ့အဖေကိုထမင်းဘူး သွားပို့ပေးရင်းရထားစီးလာရာမှာရထားပေါ်ကိုမှတ်တိုင်တခုမှာကြောင်ကြီးတကောင်ကတက်လာပြီး Shizuku အတွက် အထူးအဆန်းဖြစ်သွားတာပေါ့…ပိုထူးဆန်းတာကကြောင်ကြီးကလူအတိုင်းပဲ သူဆင်းချင်တဲ့မှတ်တိုင်မှာဆင်းသွားတယ်တဲ့…ဒါနဲ့ကြောင်ကြီးကိုစိတ်ဝင်စားလို့ Shizukuကနောက်ကလိုက်ရင်း Alice ကနေ Wonderlandရောက်သလိုဖြစ်သွားမလား
..

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/9
❤‍🔥4021🥰5🍓1
The cat returns (2002)

ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ဟရုဆိုတဲ့အထက်တန်းကျောင်းသူလေးဟာကျောင်းသွားတဲ့လမ်းမှာ လမ်းဖြတ်ကူးနေတဲ့ကြောင်လေးကို ကားတိုက်ခံရမှာကနေ ကယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ သူကယ်ခဲ့တဲ့ကြောင်လေးဟာ စကားပြောတတ်တဲ့အပြင်ကြောင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးဖြစ်နေပါတော့တယ်။အဲဒီကနေစလို့ ဟရုရဲ့နေ့စဥ်ဘဝမှာ ကြောင်တွေနဲ့ပတ်သက်လို့
ထူးဆန်းဆန်းတွေ စဖြစ်လာပြီး နောက်ဆုံးမှာ ကြောင်တိုင်းပြည်ကို ခေါ်ဆောင်သွားခံရဖို့ ဖြစ်လာတဲ့အခါမှာတော့…ဒီဇာတ်လမ်းဟာ Whisper of the heart ရဲ့ MC ဖြစ်တဲ့ Shizuku ရေးခဲ့တဲ့fiction ဆိုပြီး fan theory လည်းရှိပါတယ်။အဓိကကတော့ WOTH မှာပါတဲ့ Baron ဆိုတဲ့ကြောင်ရုပ်တုလေးက
ဒီမှာအသက်ဝင်နေတဲ့အပြင် နာမည်ရော ရုပ်ပါအတူတူပါပဲ။ဒါ့အပြင် သေချာသတိထားကြည့်ရင် ဒီနှစ်ကားရဲ့ဆက်စပ်နေတဲ့scene တော်တော်များများကိုလည်း တွေ့ရမှာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/10
❤‍🔥2211🥰1🍓1
The secret world of Arrietty (2010)

ဇာတ်လမ်းအညွှန်းမှာဆိုရင် အိမ်ထောင်ကွဲမိသားစုတစ်စုရဲ့ အပစ်ပယ်ခံဖြစ်တဲ့ နှလုံးရောဂါသည် ကောင်လေး Sho ဟာ သူ့ရဲ့ရောဂါခွဲစိတ်မှုမပြုလုပ်ခင်မှာအနားယူနိုင်ရန်သူ့အမေငယ်စဉ်ကနေထိုင်ကြီးပြင်းခဲ့တဲ့သူ့ရဲ့အဖွားဖြစ်သူ အန်တီSadako နဲ့ အိမ်ထိန်းမိန်းမကြီး Haru တို့ရဲ့အိမ်သို့ပြောင်းရွှေ့လာတာနဲ့အစပျိုးထားပါတယ်။Sadako အိမ်ကြီးရဲ့မြေအောက်ရှိအိမ်လေးထဲတွင်လည်း လက်မအရွယ်လောက်ရှိတဲ့ ဆယ့်လေးနှစ်အရွယ်Arrietty ဆိုတဲ့မိန်းမငယ်လေးဟာ သူမရဲ့မိဘတွေနဲ့အတူနေထိုင်လျက်ရှိပါတယ်။Arrietty တို့မိသားစုဟာ သူတို့ကိုယ်သူတို့ ချေးငှားသူများလို့အမည်ခံယူထားပြီး ညအချိန်များတွင်လူနေအိမ်ခြေများသို့ဝင်ကာ အိမ်သုံးပစ္စည်းများခိုးယူလေ့ရှိပေမဲ့ သူတို့ယူခဲ့တဲ့ပစ္စည်းတွေဟာ လူတွေအဖို့နစ်နာမှုမရှိနိုင်တဲ့ ဆား သကြား တစ်ပွင့်နှစ်ပွင့်အစရှိတဲ့အသေးမွှားလေးများပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ Arrietty ဟာ သူမရဲ့ပထမဆုံးချေးငှားခြင်းစလုပ်တဲ့ညမှာပဲShoရဲ့အိပ်ခန်းထဲမှာရှိတဲ့ တစ်ရှူး ကိုသွားယူရာမှမတော်တဆSho မြင်တွေ့သွားခဲ့ရာမှာတော့..


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/11
51❤‍🔥11🍓7
When Marnie Was There (2014)

ဇာတ်လမ်းအကျဉ်းကတော့ကျန်းမာရေးမကောင်းလို့ဘောင်ပြင်ရောက်နေတဲ့ဆယ်ကျော်သက်ကောင်မလေးနဲ့ပိုက်ဆံချမ်းသာလွန်းလို့ဘောင်ပြင်ထွက်ပေးနေရတဲ့ဆယ်ကျော်သက်ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtcartoonnn/282
44❤‍🔥12🍓1
Princess Mononoke (1997)

ဇာတ်လမ်းအကျဉ်းကတော့….
ရှေးပဝေဏသီ အတိတ်တစ်ခုတုန်းကသားရိုင်းတွေ သစ်တောဝိညာဉ် နတ်ဘုရားတွေသစ်တောထဲ နေခဲ့ကြတယ်။ သူတို့ကို စောင့်ရှောက်တဲ့သားရိုင်းကြီးတွေနဲ့ လူတွေလည်း အတူသဟာဇာတ ဖြစ်ဖြစ် ရှိခဲ့ကြတယ်။သစ်တောကို ရှင်းလင်းပြီး အမျိူးသမီးတစ်ယောက်ကပြည့်တန်ဆာနဲ့ နူနာသည်လို လူ့လောက အပယ်ခံတွေအတွက် မြို့တစ်မြို့ တည်ဆောက်တဲ့အချိန်သစ်တောရဲ့ မူလနေထိုင်သူတွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အပြင်သံသတ္တုပေါများတဲ့ ဒေသဖြစ်တာကြောင့် ဧကရာဇ်ရဲ့ မျက်စိကျ ခံရပြီးတိုက်ခိုက်ခံရတဲ့ ဒေသလည်း ဖြစ်ခဲ့တယ်။သစ်တောဝိညာဉ်နတ်ဘုရားရဲ့ ခေါင်းကထာဝရအသက်ကို ပေးနိုင်တယ်လို့ ယုံကြည်သွားတဲ့ဘုရင်တစ်ပါးက ခေါင်းရဖို့ ကြိုးစားလာတဲ့အခါ…..။ဇာတ်အိမ်ခိုင်လွန်းပြီးDialouge တွေပါ အသေးစိတ်လေးတွေအထိအနုစိတ်ထားတဲ့မို့ လုံးဝလက်မလွတ်သင့်ကြောင်းပါ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/12
❤‍🔥318👍2🍓2
Grave of the fireflies (1988)

အညွှန်းပေးရမယ်ဆိုရင်တော့….
ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့အချိန်ဂျပန်နိုင်ငံလည်းနေရာအနှံ့ဗုံးကျဲခံရလို့…ထွက်ပြေးကြရ-ဗုံးကျင်းတွေခိုကြရတဲ့အချိန်မှာ…..ဆဲတိုနဲ့ဆဲဆု တို့မောင်နှမ နဲ့သူတို့အမေလည်း ဗုံးခိုကြရရင်း..သူတို့အမေသေဆုံးသွားခဲ့ပါတယ်…အဖေကလည်းတိုက်ပွဲမှာတိုက်ခိုက်နေရတဲ့အတွက်အဆက်အသွယ်ကလည်းမရဖြစ်နေပြန်တော့ခိုကိုးရာမဲ့မောင်နှမနှစ်ယောက်လည်းအမေ့ညီမ တစ်ဝမ်းကွဲ အဒေါ်အိမ်ကိုမှီခိုဖို့ရောက်လာခဲ့ကြပါတယ်ရောက်ခါစကတော့ မောင်နှမနှစ်ယောက်ဆီကပါလာတဲ့အစားအသောက်တွေမျက်နှာကြောင့်ကြည်ကြည်ဖြူဖြူဖြစ်ပေမယ့်အားလုံးကုန်သွားတဲ့အခါမှာတော့ ညိုငြင်စပြုလာပါတော့တယ်ကြံခိုင်တဲ့အကိုဖြစ်ဆဲတို က အပြောအဆိုမခံချင်တာနဲ့မောင်နှမလေးနှစ်ယောက်အမေချန်ထားခဲ့တဲ့ပိုက်ဆံလေးနဲ့လမ်းဘေးနေရာ တစ်ခုမှာ စားသောက်ခဲ့ကြတယ်ညမှောင်လာတဲ့အခါ ပိုးစုန်းကြူးလေးတွေဖမ်းပြီးအရင်ကမိသားစု စုံစုံလင်လင်ရှိချိန်တွေပြန်စဉ်းစားကြတယ်တဖြည်းဖြည်းနဲ့စားစရာတွေမရှိတော့တဲ့အချိန်မှာသူတို့မောင်နှမနှစ်ယောက်ဘာတွေဆက်ဖြစ်ကြမှာလဲသူတို့ရဲ့အဖေနဲ့ရော ပြန်လည်ဆုံတွေ့နိုင်မှာလား..


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/13
😭7822🍓3
Ocean Waves (1993)

1993 ခုနှစ်တုန်းက ကားဟောင်းလေးဖြစ်ပြီးကျောင်းပြောင်းလာတဲ့ကောင်မလေးချောချောလေးနဲ့စတဲ့ဇာတ်လမ်းလေးပါမိဘတွေကွဲလို့ တိုကျိုကနေ မြို့ငယ်လေးဆီပြောင်းလာရတဲ့ကောင်မလေးအတန်းထဲမှာ အမှတ်တွေကောင်းပြီးရင်းကောင်းလို့ရောသူ့ရုပ်ရည်ကြောင့်ရော နာမည်ကြီးလာတဲ့ကောင်မလေးသူရောက်လာတည်းက ကြိတ်ကြိုက်နေတဲ့ ကောင်လေး
သုံးပွင့်ဆိုင်လိုမျိုးလေး ရိုက်ထားတဲ့ကားမျိုးလေးကောင်မလေးက အဖေ့ဆီပဲ ပြန်သွားနေချင်လို့ကြိုးစားခဲ့ပေမယ့် သူမအဖေမှားတာမှန်းသိရတဲ့အခါနောက်ဆုံး မိုရီဆာကီတာကု ဆိုတဲ့ကောင်လေးနဲ့ကျောင်းက မနာလိုသူတွေ ဝိုင်းပြောတာကိုမိဘတွေကွဲခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ ကောင်မလေးဘယ်လိုတုံ့ပြန်မှာလဲဒီကားလေးကို သဘောကျမိတာကကောင်မလေးရဲ့စိတ်က ဘယ်လိုမျိုးလဲသူကဘာကိုနှစ်သက်တာလဲသူ့စိတ်ကဘယ်လိုမျိုးလဲဆိုပြီးသူ့ကို နားမလည်နိုင်တာလေးကို ကြိုက်တယ်
ကိုယ်တိုင်က အသည်းကွဲသမားမို့လားမသိဘူးနားလည်ရခက်တဲ့ ကောင်မလေးတွေကို သဘောကျနေတာဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ဒီကားလေးကို ကြည့်မိတာနဲ့ ငယ်စဉ်ကျောင်းသားဘဝကိုပြန်လွမ်းသွားရမယ်ဆိုတာကို အာမခံတယ်ဗျာ။


ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmovie/14
45😭2
From Up on Poppy Hill (2011)

Umi ဟာ အဖေဆုံးသွားပြီးနောက် အလုပ်များလွန်းတဲ့အမေနဲ့လဲ အတူမနေနိုင်ဘဲ အဖွားအိမ်မှာနေထိုင်ရတဲ့ လူကြီးဆန်ဆန်ရင့်ကျက်လှတဲ့ကောင်မလေးပါ.. သူ့အကျင့်ကတော့ အိမ်ရှေ့မှာ အမြဲတမ်း အလံလေးတွေ လွှင့်ထူထားတတ်တာပါပဲ Shun ကတော့ ဖျက်သိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားသူပါ.. Umi နဲ့ခင်မင်ပြီးနောကUmi ရဲ့အကြံပေးချက်အတိုင်း ကျောင်းသူမိန်းကလေးတွေရဲ့ အကူအညီနဲ့ ကလပ်အဖွဲ့ကြီးတစ်ခုလုံးကိုမဖျက်သိမ်းရရေးအတွက် အတူဆောင်ရွက်ရင်း နှစ်ယောက်ကြားကသံယောဇဉ်တွေကလဲ ခိုင်မာသထက် ခိုင်မာလာပါတယ်.. တစ်ရက် Umi တို့အိမ်မှာအတူနေတဲ့ Dr.Hotaru ရဲ့ နှုတ်ဆက်ပွဲမှာ Shun ရောက်လာတော့ အိမ်ကြီးကို လှည့်ပတ်ပြသရင် အလံလွှင့်ဖြစ်တဲ့အကြောင်းကို ပြောပြမိတယ်.သူ့အဖေဟာ ကိုရီးယားတွေနဲ့စစ်ပွဲဖြစ်တဲ့အချိန်မှာ ကျဆုံးခဲ့ပေမယ့် Umi ကတော့ အဖေလာရာလမ်းကိုမျှော်ရင်း အစဉ်အလာမပျက် အလံဆက်လွှင့်နေခဲ့တာပဲဖြစ်ပါတယ်.. ဒါတွေကို ပြောပြရင်း သူ့အဖေရဲ့ဓာတ်ပုံကို ပြသပြီးတဲ့နောက်မှာတော့
...

ဇာတ်ကားကြည့်ရန်👇

https://t.me/mxtancmvc/206
29👍4🐳1🍓1