MSI - MYANMAR SOCIETY INFORMATIONS
27K subscribers
90.7K photos
3.45K videos
142 files
17K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
MSI - MYANMAR SOCIETY INFORMATIONS
စစ်ကောင်စီလေတပ်သို့ ဝင်ရောက်သူနည်းပါးနေသဖြင့် ၆ တန်းအောင်မှစတင်၍ တပ်သားသစ်ခေါ်ယူ ဟိန်းစံ/ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၂၈ ရက်
စစ်ကောင်စီလေတပ်သို့ ဝင်ရောက်သူနည်းပါးနေသဖြင့် ၆ တန်းအောင်မှစတင်၍ တပ်သားသစ်ခေါ်ယူ

ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်

စစ်ကောင်စီက ၄င်း၏လက်အောက်ခံ လေတပ်သို့ဝင်ရောက်လိုပါက ၆ တန်းအောင်မှစတင်ဝင်ရောက်နိုင် သည်ဟု ကြေငြာချက်ထုတ်ပြန်ကာတပ်သားသစ်စု ဆောင်းနေကြောင်း သိရသည်။

ယခင်စစ်အာဏာမသိမ်းမီကာလများတွင် စစ်ကောင် စီ၏ရေတပ်နှင့်လေတပ်သို့ဝင်ရောက်လိုပါက ပညာအ ရည်အချင်း အထက်တန်းတက်ရောက်ဖူးသူများကိုသာစုဆောင်းခြင်းဖြစ်ပြီး ယခုဝင်ရောက်လိုသူနည်းပါးနေသဖြင့် ၆ တန်းအောင်များထိပါခေါ်ယူနေခြင်းဖြစ်ကြောင်းသိရသည်။

'' အရင်က ရေနဲ့လေဆိုရင် အနည်းဆုံးဆယ်တန်း ထိတက်ဖူးတဲ့သူတွေကိုစုရတာပေါ့။ ဆယ်တန်းမတက်ဖူးတဲ့ ၉တန်းတို့ ၉တန်းအောင်တို့ဆိုရင် ကျနော်တို့က ဆယ်တန်းတက်ဖူးတဲ့ထောက်ခံစာရအောင် အတုလိုက်လုပ်ရတယ်။အဲ့တာမှ လေ တပ်စုဆောင်းရေးကလက်ခံတာ။ ဆယ်တန်းအောင်တွေဆိုရင်ပိုကြိုက်တာပေါ့။ ခုက အဲ့ဒီပညာအရည်အချင်းနဲ့ ဝင်မယ့်သူမရှိတော့လို့လား နည်းလာလို့လားဘဲ အတန်းလျှော့ပေးလိုက်တာဖြစ်မယ်။ ၆ တန်း က အရင်က ကြည်းတပ်တောင်တိုက်ခိုက်ရေးတပ်လောက်ဘဲစုလို့ရတာ။လက်ရုံးတပ်ဆိုရင် စုလို့မရဘူး'' ဟု စစ်သားသစ်နယ်လှည့်စုဆောင်းနေသူတဦး က ဧရာ ဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် စစ်ကောင်စီမှ ဆယ်တန်းအောင်မြင်ပြီး သက် ဆိုင်ရာစစ်ဘက်တက္ကသိုလ်များကိုသာ ၄င်းတို့ ၏ဝါဒဖြန့်သတင်းစာမှခေါ်ယူခြင်းဖြစ်ပြီး ယခုကဲ့သို့ တပ်သားသစ်အဆင့်အား သတင်းစာမှ ခေါ်ယူခြင်းသည် ယခုမှကြုံဘူးခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် ၄င်းတို့၏လက်အောက်ခံ တပ်များသို့ ဝင်ရောက်သူနည်းပါးနေသဖြင့် နည်း မျိုးစုံဖြင့်လိုက် လံစုဆောင်းနေပြီး ​လေတပ်အပြင်ကြည်းတပ်သားစု ဆောင်းမှုများတွင်လည်း ၄ တန်း အောင်ထိစုဆောင်းနိုင်ရန် အတန်းလျှော့ပေးထားကြောင်း သိရသည်။​

#စစ်ကောင်စီ #လေတပ် #ရဲဘော်သစ် #၈တန်းအောင် #AyeyarwaddyTimes
နေပြည်တော်သို့ PDFများစိမ့်ဝင်နိုင်ခြင်းမရှိစေရန် လူဝင်ရောက်မှုအားတင်း ကြပ်စွာစစ်ဆေးနေပြီး ရပ်ကွက်ထောက်ခံစာမပါလျှင်လုံးဝပေးမဝင်

ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၉ ရက်

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်သို့အဝင်ဂိတ်များတွင် လုံခြုံရေးပိုမိုတင်းကြပ်စွာစစ်ဆေးနေပြီးနေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာမပါလျှင် လုံးဝပေးမဝင်တော့ကြောင်း သတင်းရရှိသည်။

နေပြည်တော်သို့ PDF များစိမ့်ဝင်ခြင်းမရှိစေရန်အတွက် လူဝင်ရောက်မှုများအား အဓိက ထားစစ်ဆေးနေခြင်းဖြစ်ကာ မည်သည့်နေရာတွင် နေထိုင်ခဲ့သည်ဆိုသည့် အ ထောက်အထားပြသနိုင်မှသာ ဝင်ခွင့်ပြုကြောင်းသိရပြီး ရပ်ကွက်ထောက်ခံစာမပါရှိပါက လုံးဝပေးမဝင်ကြောင်း သိရသည်။

" အဓိက ကတော့ နေပြည်တော်ထဲကို PDF တွေစိမ့်ဝင်လာတာမျိုး ဖြစ်မှာစိုးလို့ ဝင်လာမဲ့သူက နောက်ဆုံးနေခဲ့တဲ့ နေရာရပ်ကွက်၊ကျေးရွာ ဘယ် မှာနေခဲ့တယ်၊ PDF အားကောင်းတဲ့ဒေသတွေကလာတာလားဆိုတာမျိုး။ ဘယ်ကနေလာပါတယ်ဆိုတဲ့နေရာအတိအကျသိချင်လို့ အ ထောက်အထား ပြခိုင်းတာ။ နောက်ပြီး နေပြည်တော် ဘယ်နေရာကိုသွားမယ်ဆိုတာအတိအကျလိပ်စာတောင်းတယ်။ ကိုဗစ်ဆေးထိုးပြီးတာတွေဘာတွေက အဓိက မ ဟုတ်ဘူး။အဲ့တာတွေမစစ်တော့ဘူး။ ရပ်ကွက်ထောက် ခံစာမပါရင်တော့လုံးဝပေးမဝင်ဘူး'' ဟု နေပြည်တော်အဝင်မိုင် ၂၀၀ တိုးဂိတ်နှင့်နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နေပြည်တော်အဝင်ဂိတ်များတွင် ကိုဗစ်ရောဂါပိုး အားအဓိကထားစစ်ဆေးခြင်းမဟုတ်တော့ဘဲ လုံ ခြုံရေးနှင့်လူအဝင်အထွက်စာရင်းကိုအဓိကထား စစ်ဆေးနေခြင်းဖြစ်ကာ လုံခြုံရေးကိုလည်း ယခင်ထက်ပိုမိုတင်းကြပ်နေပြီး နေပြည်တော်သို့ပြေးဆွဲသည့်ယာဥ်လိုင်းများကို ရပ်ကွက်ထောက်ခံစာပါရှိမှ လက်မှတ်ရောင်းချရန် စစ် ကောင်စီလက်ရှိ နေပြည်တော်ကောင်စီရုံးက ညွှန်ကြားထားကြောင်း သိရသည်။

'' နေပြည်တော်အဝင်နဲ့ပတ်သက်ပြီးတော့ ကားဂိတ်တွေလက်မှတ်ရောင်းရင် နေထိုင်ကြောင်းရပ်ကွက်ထောက် ခံစာပါမှ လက်မှတ်ရောင်းပေးဖို့ညွှန်ကြားထားတာရှိတယ်။ အရင်လို ထောက်ခံစာမပါလို့ဆိုပြီးတော့ ကွာရန်တင်းဝင်ခိုင်းတာတွေဘာတွေ မရှိဘူး။ မပါရင်ဝင်လို့မရဘူး။ ဘယ်ကနေလာတယ်ဆိုတဲ့ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးထောက် ခံစာတော့ မဖြစ်မနေပြရမယ်။'' ဟု နေပြည် တော်အခြေစိုက်ယာဥ်လိုင်းတခု၏ တာဝန်ခံတဦးက ဆို သည်။

နေပြည်တော်သို့ဝင်ရောက်သူများကိုသာ အဓိက ထားစစ်ဆေးနေခြင်းဖြစ်ပြီးနေပြည်တော်မှထွက်ခွာပါက အ မေးအမြန်းမရှိထွက်ခွာနိုင်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

နေပြည်တော်ကောင်စီနယ်မြေများအတွင်းဒေသခံ PDF များက စစ်ကောင်စီလက်အောက်ခံ ရုံးဌာနများ ဗုံးခွဲတိုက်ခိုက်​ခြင်း၊ စစ်ကောင်စီယာဥ်တန်းများအားကြားဖြတ် တိုက်ခိုက်ခြင်း၊မိုင်းဆွဲခြင်းများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရသည်။

#နေပြည်တော် #အဝင်ဂိတ် #တင်းကြပ်စစ်ဆေး
#AyeyarwaddyTimes
ကရင်ပြည်နယ်သို့မလိုက်ချင်၍ စကခ-၂၀ လက်အောက် ခံတပ်ရင်း ( ၇ )ခုမှစစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထွက် ပြေး

ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ဝ ရက်

တနင်္သာရီတိုင်း၊ကော့သောင်းမြို့နယ်၊ ခမောက်ကြီး အ ခြေစိုက် စကခ-၂၀လက်အောက်ခံတပ်ရင်း ( ၇ )ခုမှ စစ်ကောင်စီတပ်သားတပ်သား ၂၀ဦး ကရင်ပြည်နယ်သို့ ရှေ့ တန်းမထွက်ချင်သဖြင့် ခွင့်မဲ့ပျက်ကွက်ပြုလုပ်၍ ထွက် ပြေးနေ ကြောင်း အဆိုပါ တပ်ရင်းများနှင့်နီးစပ်သူတဦးထံက သိရသည်။

စစ်ကောင်စီ၏ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်လက် အောက်ရှိ ကော့သောင်းမြို့၊ခမောက်ကြီး အခြေစိုက် စကခ -၂၀ လက်အောက်တွင် ခမရ(၂၆၂/၄၃၁/၄၃၂/ ၂၈၂/၅၈၄/ ၅၈၂ / ၅၉၅/ ၅၉၂/၅၉၆/၅၉၇)စသည့်တပ် ရင်းများပါဝင်ပြီး ခွင့်မဲ့ပျက်ကွက်ဖြင့်ထွက်ပြေးနေသူ များမှာ အဆိုပါတပ်ရင်းများ၏ တပ်ရင်း ၇ ခုမှဖြစ် ကြောင်း သိရသည်။

"ရှေ့တန်းကိုမလိုက်ချင်လို့ ခွင့်မဲ့လုပ်ပြီး ထွက်ပြေးတာ။ ခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ စစ်တပ်က ထိတာတွေများနေတော့ ကြောက်နေကြတာနေမယ်ဗျ။ထွက်ပြေးသွားတဲ့သူတွေကိုကော့သောင်းမြို့နယ်ထဲမှအခု တစ်ရွာဝင်တစ်ရွာထွက် လိုက်ရှာနေကြတယ်" ဟု အဆိုပါတပ်ရင်းများနှင့်နီးစပ်သူ ကော့သောင်းမြို့ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ဒီဇင်ဘာ ၂၀ ရက်နေ့ဝန်းကျင်က ထွက်ပြေးသွားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှသတင်းဖုံးဖိထားကာ ကော့သောင်းမြို့အနီးတဝိုက်တွင် ကြိတ်၍ ပိတ်ဆို့ရှာဖွေနေကြောင်း သိရသည်။

"သတင်းကိုဖုံးထားကြတာတာ သူတို့ပြေးသွားတာ ဒီဇင် ဘာလ၂၀ ရက်နေ့လောက်ထဲက။ သူတို့ကို ရှာတဲ့သူတွေကရှာနေတယ်။ ဒီရက်ပိုင်းထဲမှာဘဲ အဲ့ဒီတပ်တွေကဘဲစစ် သား ၇၀ လောက်ရှေ့တန်းကိုလွှတ်လိုက်တာလည်းရှိတယ်'' ၎င်းက ဆက်လက်ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ ​လေးကေ့ကော်ဒေသ တိုက်ပွဲများမတိုင်မီကပင် စစ်ကောင်စီ၏ ကရခ လက်အောက်ခံ ခမောက်ကြီးအခြေစိုက် စကခ - ၂၀၊ ဘုတ်ပြင်း အခြေစိုက် စကခ-၁၃ နှင့် ရေဖြူမြို့နယ်အ ခြေစိုက် စကခ-၈ လက်အောက်ခံ တပ်ရင်းများက ကရင် ပြည်နယ်အတွင်း လှုပ်ရှားနေခြင်းဖြစ်ပြီး လေးကေ့ကော်တိုက်ပွဲများဖြစ်ပွားပြီးနောက် သေဆုံးမှုများပြားနေသည်မှာ အဆိုပါ စကခ လက်အောက်ခံ တပ်ရင်းများမှဖြစ် ကြောင်း သိရသည်။

'' စကခ-၈၊ ၁၃ နဲ့ ၂၀ က ခုလက်ရှိ ကရင်ပြည်နယ်ထဲမှာ စကခ-၂၀ က လက်ကျန်တွေကို အဲ့ဒီကိုအင်အားဖြည့်ဖို့လွှတ်တာဖြစ်နိုင်တယ် ။ ထိခိုက်ကျဆုံးများနေတယ်ဆိုတာလည်း ဟုတ်ပါတယ် ။'' ဟု စစ်ကောင်စီတပ်၏ စက ခ-၁၃ လက်အောက်ခံတပ်ရင်းတခုမှ နောက်တန်း တပ် ကြပ်ကြီး/စာရေး တဦးက ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားနေပြီး ဆက်လက်မတိုက်ခိုက်လိုသဖြင့် စစ်ကောင်စီ ရှေ့တန်းစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ KNUတပ်ရင်းများထံ လက်နက်ချအလင်းဝင်သူအများအပြားရှိပြီဖြစ် ကြောင်း KNUသတင်းရင်းမြစ်များထံက သိရသည်။

#စစ်ကောင်စီ #တပ်ဖွဲ့ဝင်များ #ထွက်ပြေး #ကရင်ပြည်နယ် #တိုက်ပွဲများ #AyeyarwaddyTimes
လေးကေ့ကော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးနေမှုနှင့် အရှင်ဖမ်းဆီးခံရမှုအပေါ် စစ်ခေါင်း ဆောင်ကို စစ်တပ်ထောက်ခံသူများ ပြစ်တင်ဝေဖန်

ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသအတွင်း ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ ၁ ဦးအပါ ၇ ဦးအရှင်ဖမ်းဆီးခံထားရပြီး အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ စစ်တပ်ထောက်ခံသူအများအပြားက စစ်အာဏာသိမ်းခေါင်း ဆောင် ဗိုလ်ချုပ်မှုကြီး မင်းအောင်လှိုင်ကို ပြစ်တင်ဝေဖန်နေကြကြောင်း စစ်တပ်ထောက်ခံသည့်အသိုင်းအဝိုင်းထံကသိရသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့ကစတင်၍ ပြင်းထန်နေသည့် လေးကေ့ကော်ဒေသတိုက်ပွဲများအကြား စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများမြင့်တက် နေသည့်အပြင် အရှင်ဖမ်းဆီးခံရမှုများရှိနေကာ ယမန်နေ့ကလည်း ထပ်မံဖမ်း ဆီးခံခဲ့ရခြင်းဖြစ်သဖြင့် အောက်ခြေစစ်သားများပေး ဆပ်နေရသည်ဟုဆိုကာ စစ်ခေါင်းဆောင်ကိုဝေဖန်နေခြင်းဖြစ်သည်။

'' အောက်ခြေက စစ်သားတွေပေးဆပ်ရတာတွေက တအားများနေပြီ။ တရက်တရက်ကြားရမြင်ရတာတွေက လုံးဝမျက်စိရောနားရောမချမ်းသာ ဘူး။ ဒီလူကြောင့်ဘဲ အသက်တွေပေးဆပ်နေရတာ။အရမ်းကိုဒေါသထွက်ဖို့ကောင်းတယ်။ သူတို့ကစားပွဲဝိုင်းကနေညှိနှိုင်းလို့မပြီးဘူး။ စစ်သားတွေက အောက်ခြေမှာပေးဆပ်နေရတာ'' ဟု စစ်တပ်ထောက်ခံသူတဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။

စစ်တပ်လော်ဘီများကလည်း လေးကေ့ကော်ဒေသအ တွင်း စစ်ကောင်စီဘက်မှ အပစ်ရပ်ညှိနှိုင်းရန်စီစဥ်နေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်မိန့်မပေးထားသဖြင့် ၄င်းတို့၏ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အ သာတကြည် ဖမ်းဆီးခံခဲ့ရသည်ဟု ဝါဒဖြန့်ထားကြောင်း သိရသည်။

''ရိက္ခာပို့သွားတဲ့ အရာရှိ/စစ်သည်၁+၇ ကို knu တပ်မဟာ ၆ ကဖမ်းသွားတယ်။ပစ်ခတ်မှု မရှိပါဘူး။ တပ်ကို ပစ်မိန့်ပေးမထားတာကိုအခွင့်ကောင်းယူပြီး ရသေဂူနားမှာ ဖမ်း သွားတာလို့ သိရပါတယ်။မနေ့က အဖွဲ့အစည်းအသီးသီးညှိနှိုင်းပြီးပါပြီ။ ယနေ့ အောက်ခြေမှာစည်းစဖောက်လာ တာတွေ့ရပါတယ်။'' ဟု အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ စစ်တပ်လော်ဘီ ''ကျော်စွာ'' က၄င်း၏ လူမှုကွန်ယက်တွင် ဝါဒဖြန့်ရေးသားထားသည်။

အဆိုပါဖြစ်စဥ်ဖြစ်ပွားပြီးနောက်စစ်တပ်ထောက်ခံသူ များက ၄င်းတို့ထောက်ခံသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အယုံအကြည်မရှိတော့ကြောင်း၊ စိတ်ပျက်ဖွယ်ရာကိစ္စရပ်များကိုလုပ်ဆောင်နေကြောင်း၊ အထက် အောက်တာဝန်ခံမှုမရှိကြောင်း၊ ၄င်း ၏သားသမီးမဟုတ်သဖြင့်ကိုယ်ချင်းစာစိတ်မရှိကြောင်း စသည်ဖြင့် ၄င်းတို့၏လူမှုကွန်ယက်များတွင် ပြစ်တင်ဝေ ဖန်ရေသားနေကြကြောင်း သိရသည်။

လက်ရှိလေးကေ့ကော်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုမြင့်တက်နေပြီး ရှေ့တန်းစစ်စခန်းများမှ KNU ဘက်သို့ အလင်းဝင်ရောက်လာသူများ များပြားနေကြောင်း သိရပြီး ရှေ့တန်း စစ်ဆင်ရေးသို့မလိုက်ပါလိုသဖြင့် ခွင့်မဲ့ပျက်ကွက်ဖြင့် ထွက်ပြေးသူအ များအပြားရှိ နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များအရသိရသည်။

#စစ်ခေါင်းဆောင် #စစ်တပ်ထောက်ခံသူများ #ဝေဖန်ပြစ်တင် #AyeyarwaddyTimes
စစ်ကောင်စီတပ်က ရေတပ်၊လေတပ်၊လက်ရုံးတပ်များတွင်တာဝန်ထမ်းဆောင်ရမည်၊စစ်မတိုက်ရဘူးဟု ပြော ဆို၍လူသစ်စုဆောင်းပြီး စစ်သင်တန်းဆင်းပါက ရှေ့ တန်းတိုက်ခိုက်ရေးတပ်များသို့စေလွှတ်နေ

ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

စစ်ကောင်စီလက်အောက်ခံစစ်သားစုဆောင်းရေးလုပ် ဆောင်နေသူများက စစ်မတိုက်ရသည့် ရေတပ်၊လေတပ်နှင့် လက်ရုံးတပ်များတွင် တာဝန်ထမ်းဆောင်ရမည်ဟုလိုက်လံစည်းရုံးစုဆောင်းနေပြီး စစ်သင်တန်းတက်ရောက်ပြီးပါက ရှေ့တန်းတိုက်ခိုက်ရေးတပ်များသို့ ပို့ ဆောင်နေကြောင်း သတင်းရရှိသည်။

စစ်သားစတင်စုဆောင်းစဥ်က နီးစပ်ရာလက်ရုံးတပ်ဖွဲ့များတွင်တာဝန်ထမ်းဆောင်ရမည်ဟု စုဆောင်းခေါ်ဆောင်လာပြီး စုဆောင်းရေးတပ်များသို့ရောက်ရှိချိန်တွင် တပ်သားသစ်များအားခြေလျင်၊ခြေမြန်တပ်များသို့ စာ ရင်းသွင်း၍ ပို့ဆောင်ခြင်းဖြစ်ကြောင်း စစ်သားစုဆောင်းရေးတပ်နှင့်နီးစပ်သူများထံက သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သို့ဝင်ရောက်မည်ဆိုပါက ရေတပ်၊လေတပ်၊လက်ရုံးတပ်၊ခြေလျင် တပ်အားလုံးကို ပညာအရည်အချင်း ၆ တန်းအောင်မှ စတင်ခေါ်ယူနေပြီး စစ်သင်တန်းတက်ရောက်ပြီးပါက အင်အားလိုအပ်သည့် ခြေလျင်၊ခြေမြန်တိုက်ခိုက်ရေးတပ်များသို့ပို့ဆောင်ခံရနိုင်ကြောင်း သိရသည်။

'' စုတုန်းကတော့အိမ်နဲ့နီးတဲ့တပ်၊ စစ်မတိုက်ရတဲ့တပ်တွေမှာပြန်ကျမှာဆိုပြီးခေါ်လာတယ်။ စုဆောင်းရေးရောက်ပြီးသွားရင် သူတို့ရဲဘော်သစ်စုတဲ့သူအချင်းချင်းညှိပြီး အင်အားလို​နေတဲ့ခြေလျင်၊ခြေမြန်တပ်မှာစာရင်းသွင်းတယ်။ ကကအင် (တပ်မတော်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံး)ကိုပို့တဲ့တပ်သားသစ်ပြေစာမှာ အဲ့ဒီတပ်သား သစ်ကခြေလျင်ခြေမြန်စာရင်းဝင်သွားတယ်။ သင်တန်း ဆင်းလို့ခွဲဝေမိန့်ကျရင်အဲ့ဒီတပ်သားသစ်က ခြေလျင်ခြေမြန်ပါသွားရော။ ဒါတွေက အရင်ထဲက အဲ့ဒီပြသနာတွေခနခနဖြစ်နေလို့ အတိုင်ခံရတာတွေရှိတယ်။'' ဟု စစ်သားစုဆောင်းရေးတပ် တပ်တွင်းသတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကိုဝင်ရောက်မည့်သူနည်းပါးနေသဖြင့် ပညာအရည်အချင်း ၆ တန်းအောင်သို့လျှော့ချခေါ်ယူနေပြီး မည်သည့်တပ်ဖွဲ့ကပင်စုဆောင်းလာသည်ဖြစ်စေ အင်အားလိုအပ်နေသည့်ခြေလျင်၊ခြေမြန်တပ်များကိုသာ ပို့ဆောင်ခံရနိုင်ကြောင်း ၄င်းကသုံးသပ်ပြောဆိုသည်။

'' အခု ဘာတပ်ဖွဲ့ဖြစ်ဖြစ် ၆ တန်းအောင်ဖြစ်သွားပြီ။ ၆ တန်းအောင်ဆိုတာ C group(အထွေထွေ) ဘဲရမယ်။ အရင်ထဲကတောင် လက်ရုံးဆိုပြီးစုလာပြီး ခြေလျင်မှာလူလိုရင် ခြေလျင်ကိုရွှေ့ပစ်နေတာ။ သင်တန်းလည်းဆင်းရော ခွဲဝေမိန့်မှာ ခြေလျင်ဆိုပြီး ပါလာတော့ခြေလျင်ပါ သွားရော။ ခုအခြေအနေဆိုပိုဆိုးမယ်။ ရေ၊လေ၊လက်ရုံးတပ်တွေမှာက ၆ တန်းအောင်က ဖွဲ့စည်းပုံနဲတယ် ။ ခြေ လျင်၊ခြေမြန်ဘဲအပို့ခံရဖို့များတယ်။ ဝင်ပြီးသွားမှတော့ ငြင်းလို့မရဘူး။ လွှတ်တဲ့ဆီသွားရမှာဘဲ။''ဟု ၄င်းက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်က တိုက်ခိုက်ရေးတပ်များအင်အားယုတ်လျော့လာသဖြင့် လက်ရုံးတပ်ဖွဲ့များကိုထုတ်နှုတ်၍ စစ်ဆင်ရေးနယ်မြေများသို့ပို့ဆောင်၍ စစ်တိုက်ခိုင်းနေရပြီး ထိခိုက်သေဆုံးများပြားနေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သို့ ဝင်ရောက်မည့်သူ သိသိသာသာလျော့နည်းနေပြီး စစ်သားသစ်များမရရှိသဖြင့် စစ်တိုင်းလေးလပတ်အစည်းအဝေးများတွင်တပ်မှူးများဖိအားပေးကြိမ်းမောင်းခံနေရကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံကသိရသည်။

#စစ်ကောင်စီတပ် #တပ်သားသစ် #လိမ်လည်စုဆောင်း #AyeyarwaddyTimes
ကရင်ပြည်နယ်တိုက်ပွဲအတွင်းသေဆုံးသွားသည့် ကော့သောင်းမြို့အခြေစိုက် ခမရ(၅၈၂)တပ်ရင်းမှစစ်ကောင်စီတပ်သား ၆ ဦးအတွက် ရက်လည်ဆွမ်းသွတ်

ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊မလိဝမ်းကျေးရွာရှိ ခမရ (၅၈၂) တပ်ရင်းတွင် ဒီဇင်ဘာ ၂၀ ရက်ဝန်းကျင်က ကရင်ပြည်နယ်တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သား ၆ ဦးအတွက် ဒီဇင်ဘာလ ၂၈ ရက်နေ့က မုန့်ဟင်းခါးဖြင့်ဧည့်ခံ၍ ရက်လည်ဆွမ်းသွပ်ပြုလုပ်ခဲ့ကြောင်း အဆိုပါစစ်တပ်နှင့်နီးစပ်သူများထံက သိရသည်။

"လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ကရင်ပြည်နယ်တိုက်ပွဲမှာ သေသွားကြတယ်။ ကော့သောင်းမြို့ အခြေစိုက်တပ်ရင်းတွေက အဖမ်းခံရတာလဲများကြတယ်။ အများကြီးတော့ မဖိတ်ပါဘူး စစ်တပ်နှင့်နီးစပ်သူတွေပဲ ဖိတ်တာလို့ သိရတယ်။ကျန်ခဲ့တဲ့ မိန်းမတွေကတော့ မျက်နှာတွေမကောင်းကြဘူးပေါ့" ဟု အဆိုပါတပ်ရင်းနှင့် နီးစပ်သူ မိသားစုဝင် တဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ကရင်ပြည်နယ်တိုက်ပွဲများအတွင်း စကခ- ၂၀ လက်အောက်ခံတပ်ရင်းများမှစစ်ကြောင်းထိုးနေပြီး အဆိုပါတပ်ရင်းအပါအဝင် အခြားတပ်ရင်းများမှ သေ ဆုံးသွားသည့်စစ်ကောင်စီတပ်သား ၆ ဦးအပြင် အဆက် အသွယ်မရရှိသည့် စစ်ကောင်စီတပ်သားများလည်း ရှိနေသည်ဟု တပ်တွင်းသတင်းအရသိရှိရပြီး စစ်ကောင်စီဘက်မှ သတင်းဖုံးဖိထားကြောင်း ကော့သောင်းမြို့ခံများကပြောသည်။

"သေဆုံးစာရင်းအတိကျ ပေါ်ထွက်လာတဲ့ မိသားစုဝင်
တွေကတော့ ရက်လည်ဆွမ်းသွတ်ပြုလုပ်ပေးကြတယ်။ အချို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဇနီးသည်များကတော့ လွတ်လာမလား အသက်ပဲရှင်နေသလားဆိုတာ အတိကျ မသိရှိရတော့ ဘာလုပ်ရမှန်း မသိကြဘူး ဖြစ်နေကြတယ်" ဟု တပ်နှင့်နီးစပ်သူ တဦးက ဆက်လက်ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက် ဝန်းကျင်ကပင် ကရင်ပြည်နယ်တိုက်ပွဲတွင် အကျဆုံးနှင့် သေဆုံးမှု သတင်းတွေကြားပြီနောက်ပိုင်း ကော့သောင်းမြို့နယ်၊ ခမောက်ကြီး အခြေ စိုက် စကခ-၂၀လက်အောက်ခံတပ်ရင်း ( ၇ )ခုမှ စစ်ကောင်စီတပ်သားတပ်သား ၂၀ဦး ကရင်ပြည်နယ်သို့ ရှေ့ တန်းမထွက်ချင်သဖြင့် ခွင့်မဲ့ပျက်ကွက်ပြုလုပ်၍ ထွက် ပြေးနေကြောင်း သိရသည်။

စစ်ကောင်စီ၏ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်လက် အောက်တွင် ကော့သောင်းမြို့၊ခမောက်ကြီး အခြေစိုက် စကခ -၂၀ လက်အောက်တွင် ခမရ(၂၆၂/၄၃၁/၄၃၂/ ၂၈၂/၅၈၄/ ၅၈၂ / ၅၉၅/ ၅၉၂/၅၉၆/၅၉၇)စသည့် အခြေစိုက်တပ်ရင်း များရှိသည်။

လက်ရှိဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ ​လေးကေ့ကော်ဒေသ တိုက်ပွဲများမတိုင်မီကပင် စစ်ကောင်စီ၏ ကရခ လက်အောက်ခံ ခမောက်ကြီးအခြေစိုက် စကခ - ၂၀၊ ဘုတ်ပြင်း အခြေစိုက် စကခ-၁၃ နှင့် ရေဖြူမြို့နယ်အ ခြေစိုက် စကခ-၈ လက်အောက်ခံ တပ်ရင်းများက ကရင် ပြည်နယ်အတွင်း လှုပ်ရှားနေခြင်းဖြစ်ပြီး လေးကေ့ကော်တိုက်ပွဲများဖြစ်ပွားပြီးနောက် သေဆုံးမှုများပြားနေသည်မှာ အဆိုပါ စကခ လက်အောက်ခံ တပ်ရင်းများမှဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားနေပြီး ဆက်လက်မတိုက်ခိုက်လိုသဖြင့် စစ်ကောင်စီ ရှေ့တန်းစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ KNUတပ်ရင်းများထံ လက်နက်ချအလင်းဝင်သူအများအပြားရှိပြီဖြစ် ကြောင်း KNUသတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ ကရင်ပြည်နယ်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အသေအဆုံးစာရင်းကို စစ်ကောင်စီက ယနေ့အချိန်ထိ ထုတ်ပြန်ထားခြင်းမရှိသည့်အတွက် ဧရာဝတီတိုင်းမ်သတင်းဌာနမှ စစ်ကောင်စီ သေဆုံးစာရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

#ကော့သောင်းမြို့#စစ်ကောင်စီ
#တပ်ဖွဲ့ဝင် ၆ ဦး #ရက်လည်သပိတ်သွပ်
#AyeyarwaddyTimes
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှ မိန်းကလေးအများအပြား စင်္ကာပူသို့ အိမ်ဖော်လုပ်ရန် ထွက်ခွာနေ

ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင် ဧရာဝတီတိုင်းမှ မိန်းကလေး အများအပြားမှာ စင်္ကာပူနိုင်ငံသို့ အိမ်ဖော်အလုပ် လုပ်ကိုင်ရန်အတွက် ထွက်ခွာမှုများပြားနေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်အတွင်းက စတင်ဖြစ်ပွားခဲ့သည့် COVID 19 ဂယက်နှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့သည့် စစ်တပ်အာဏာသိမ်းမှုအကျိုးဆက်ကြောင့် မိန်းကလေးအများအပြား အလုပ်လုပ်ကိုင်နေကြသည့် အထည်ချုပ်စက်ရုံများအပါအဝင်ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းများနှင့် အခြားသော ဝန်ဆောင်မှုလုပ်ငန်းများစွာ ပိတ်သိမ်းခဲ့သည်။

ယင်းသို့ စက်ရုံအလုပ်ရုံများပိတ်သိမ်းမှုကြောင့် အလုပ် လက်မဲ့ဖြစ်ခဲ့ကြသည့်ဧရာဝတီတိုင်းမှ အရေအတွက် ရာနှင့်ချီသော မိန်းကလေး အများအပြားမှာ စင်္ကာပူနိုင်ငံ၌ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ပြုစုစောင့် ရှောက်ခြင်း (အိမ်ဖော်နှင့် ကလေးထိမ်း) အလုပ်များလုပ်ကိုင်ရန် ထွက်ခွာနေကြခြင်း ဖြစ်သည်။

''ဒီမှာ အလုပ်အကိုင်အဆင်ပြေရင် နိုင်ငံခြားကို ဘယ်သွားချင်ပါ့မလဲ။ မြန်မာပြည်က အလုပ်က ရှားပါးပြီး ရတဲ့အလုပ်ကျတော့လည်း လစာက အရမ်းနည်းတယ်။ စျေးဆိုင်တွေမှာ စျေးကူရောင်းတဲ့အလုပ်မျိုးဆို လစာက တစ်လ ၆ သောင်းလောက်ပဲရကြတာ။ အခြားအလုပ် အကိုင်တွေကလည်း လစာကောင်းတယ် ဆိုရင် တစ်လ ၁ သိန်း ၂ သိန်း ထက်မပိုဘူး။ နောက်ပြီး ပိုက်ဆံကလည်း အသုံးမခံဘူး။ ကုန်စျေးနှုန်းကလည်း တက်နေတော့ ဘယ်လိုမှဆက်ပြီး ရပ်တည်လို့မရတော့လို့ စင်္ကာပူကို ထွက်ဖို့လုပ်ကြတာ''ဟု စင်္ကာပူသို့ သွားရောက်အလုပ်လုပ်ရန် ပြင်ဆင်နေသည့် ညောင်တုန်းမြို့နယ်မှ အမျိုး သမီးငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စင်္ကာပူနိုင်ငံသို့ အိမ်ဖော်သွားရောက်လုပ်ကိုင်ရာတွင် အလုပ်အကိုင်ရှာဖွေပေးသည့် အေးဂျင့်များအား ငွေအကြေပေးချေ၍ သွားရောက်သူများရှိသလို အကြွေးစနစ်ဖြင့် သွားရောက်ကာ စင်္ကာပူ၌ အလုပ်လုပ်ပြီး အကြွေးပြန်ဆပ်သည့်နည်းဖြင့် သွားရောက်သူများစွာရှိကြောင်း သိရသည်။

စင်္ကာပူကို အိမ်ဖော်သွားလုပ်တာမှာ တချို့ကျရှိတဲ့ပစ္စည်းတွေ ထုခွဲရောင်းချပြီး အေးဂျင့်ကိုငွေအကြေချေပြီး သွား ကြတယ်။ ဟိုရောက်မှ အလုပ်လုပ်ပြီး အိမ်ကိုငွေပြန်ပို့ကြတယ်။ တချို့ကျတော့ အေးဂျင့်က ပိုက်ဆံအကုန် စိုက်ထားပြီး ဟိုရောက်မှ ၆ လ၊ ၈ လစသဖြင့် လစာနဲ့ပြန်ဆပ်ကြတာလည်း ရှိတယ်။ အများစုကတော့ အကြွေးနဲ့ သွားကြတာများပါတယ်။ ကိုယ့်တိုင်းပြည်မှာက ကိုဗစ်ကလည်းဖြစ်၊ အာဏာကလည်းသိမ်းတော့ အလုပ်လက်မဲ့တွေများကြတော့ ရွာတွေက မိန်းကလေးတွေ တော်တော်များများကို စင်္ကာပူကို အိမ်ဖော် ထွက်လုပ်နေတာဟု ညောင်တုန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၈ လအကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစတင်၍ စင်္ကာပူနိုင်ငံသို့ အိမ်ဖော်အလုပ်လုပ်ရန် ထွက်ခွာသူတွေ များပြားနေခြင်းကြောင့် ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရုံးတွင် လူများတိုးကြိတ်စည်ကားနေကြောင်း သိရသည်။

စင်္ကာပူနိုင်ငံတွင် အိမ်ဖော်လုပ်ငန်းကို မြန်မာအပါအဝင် အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများမှ လာရောက်လုပ်ကိုင်သူများစွာ ရှိနေသော်လည်း အိမ်ဖော်အလုပ်သမားအရေ အတွက်မှာ မြန်မာနိုင်ငံမှ အများဆုံးဖြစ်ကြောင်း သိရသည်။

#AyeyarwaddyTimes
လောင်းရှည်မြို့ မီးသတ်ကုန်းမှာတပ်စွဲထားတဲ့ ကပစ ၂၅ တပ်ကို အဝေးထိန်းနည်းပညာဖြင့် မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်ထိခိုက်မှုများပြား

ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့အတွင်း မီး သတ်စခန်းကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ဒီကနေ့မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းရှည်ဒေသပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံက သိရပါတယ်။

လောင်းရှည်မြို့အတွင်းမှာ စစ်ကောင်စီရဲ့ ကပစ၂၅ တပ်က ရဲစခန်းကုန်း၊ မီးသတ်စခန်းကုန်းနဲ့ စက်တော်ရာကုန်းတွေမှာ တပ်စွဲထားတာဖြစ်ပြီးတော့ မီးသတ်ကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အဝေးထိန်းဖုန်းနည်းပညာနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" လောင်းရှည်ထဲမှာ ကပစ ၂၅ တပ်က ကုန်း ၃ ကုန်း မှာတပ်စွဲထားတာရှိတယ်။ ရဲစခန်းကုန်းရယ်၊ မီးသတ်စခန်းကုန်းရယ်၊ စက်တော်ရာကုန်းရယ် ၃ ခုမှာ။အဲ့ဒီထဲကမှ မီးသတ် ကုန်းကိုမိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။ထိခိုက်သေဆုံးမှုရှိတယ် ။ အသေးစိတ်ကိုတော့မသိရသေးဘူး။ စုံစမ်းအ တည်ပြုနေဆဲဘဲ'' လို့ လောင်းရှည်ဒေသပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတဦးက ဧရာဝတီ တိုင်းမ်ကိုပြောပါတယ်။

စစ်တပ်တပ်စွဲထားတဲ့မီးသတ်ကုန်းကို မိုင်းခွဲခံရပြီး တဲ့နောက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ လက် နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့လို့ စစ်ကောင်စီတပ်စွဲထားတဲ့ စက်တော်ရာကုန်းနားမှာရှိတဲ့ လောင်းရှည်တံတားထိပ်နဲ့အနီးတဝိုက်မှာ ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လောင်းရှည်ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေနဲ့အနီးတဝိုက်ကို ဖြတ်သန်းသွားလာတာတွေမလုပ်ကြဖို့ သတိပေးတားမြစ်ထုတ်ပြန်ထားပါတယ်။

လောင်းရှည်ဒေသမှာအခြေစိုက်နေတဲ့ ကပစ ၂၅ တပ်ကို လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကချောင်းမြောင်းတိုက်ခိုက်တာတွေနဲ့ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် ကပစ ၂၅ တပ်က အရပ်ဘက်သုံးယာဥ်တွေ အသုံးပြုပြီးသွားလာတာတွေလုပ်ဆောင်နေရတယ်လို့ အဆိုပါတပ်နဲ့နီးစပ်တဲ့ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ရက်ကလည်း ဆော မြန်မာ့စီးပွားရေးဘဏ်မှာ လစာထုတ်သွားတဲ့ ကပစ၂၅ စစ်တပ် ကားကို လောင်းရှည်နဲ့သီးကုန်းကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ယာဥ်နဲ့တပ်ဖွဲ့ဝင်အချို့ထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။

#လောင်းရှည် #ကပစ ၂၅ #PDF #မိုင်းခွဲတိုက်ခိုက်
#AyeyarwaddyTimes
သောက်စားပျော်ပါးခြင်းလျှော့ပြီး ဝင်ငွေနှင့်ထွက်ငွေမျှတအောင်သုံးစွဲကြဖို့ စစ်ခေါင်းဆောင်မှာကြားမှုအပေါ် စစ်တပ်အသိုင်းအဝိုင်းကဝေဖန်

ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ၄င်း၏လက်အောက်ခံတပ်ဖွဲ့ဝင်များကိုသောက်စားပျော်ပါးခြင်းများလျှော့ချပြီး ဝင်ငွေနှင့်ထွက်ငွေမျှတအောင်သုံးစွဲကြရန်မှာကြားခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် ယနေ့ ဇန်နဝါရီလ ၁၃ ရက်တွင် ၄င်း၏လက်အောက်ရှိ တနင်္သါရီတိုင်း၊ ထားဝယ်အခြေ စိုက် မောရဝတီရေတပ်စခန်းကတပ်ဖွဲ့ဝင်များနှင့်သွား ရောက်တွေ့ဆုံခဲ့ပြီး တွေ့ဆုံစဥ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အောက်ခြေစစ်သားတဦးလျှင် ၁၄၄၀၀၀ ကျပ်သာရရှိပြီး အဆိုပါလစာငွေဖြင့် သောက်စားပျော်ပါးနိုင်ရန်မရှိကြောင်းနှင့် ကုန်စျေးနှုန်းများမြင့်တက်နေသဖြင့် စားဝတ်နေရေးပင်အဆင်မပြေကြောင်း စစ်တပ်အသိုင်းအဝိုင်းက ပြောဆိုသည်။

" ရတဲ့လစာက ၂ သိန်းတောင်မပြည့်ဘူး။ ရတဲ့လစာနဲ့သွားပြီးသောက်စားပျော်ပါးနေဖို့နေနေသာသာ ထ မင်းနပ်မှန်ဖို့တောင် အလောလုပ်နေရတယ်။ Ration Money(ရိက္ခာစိုငွေ)ကလည်းတလမှ ၁၂၀၀၀ လောက်ရတာ။ ခုကာလကုန်စျေးနှုန်းနဲ့ အဆင်မပြေ ဘူး။ပိုက်ဆံထုတ်လားပြီးရင် အကြွေးတွေပတ်လည်ဝိုင်းနေလို့ အတိုးပေါ်အတိုးဆင့်တဲ့အခြေအနေဖြစ်နေတယ်။ ခုလည်းကင်းစောင့်နေရလို့ ကလေးထိန်းမဲ့သူတောင်မရှိဘူး။'' ဟု တနင်္သါရီတိုင်းအတွင်းက အောက်ခြေ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် ဖုန်းအင်တာနက်ဒေတာစျေးမှအစ အခြေခံ ကုန်စျေးနှုန်းများအပါအဝင် အားလုံးနီးပါး စျေးကြီးနေသည့်အပြင် ကိုဗစ်ချေးငွေများပါ လစာငွေမှပြန်လည်ဖြတ်တောက်နေသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားမှာ အဆင်မပြေကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ပြောဆိုသည်။

'' သောက်စားပျော်ပါးနေဖို့နေနေသာသာ ဖုန်းဘေလ် တောင်မထည့်နိုင်လို့ အင်တာနက်တောင်မသုံးနိုင်ဘူး။ ပြောရရင်လည်းကိုယ့်ပေါင်ကိုယ်လှန်ထောင်း ရာကျတယ်။ စိတ်ပျက်ဖို့ကောင်းပါတယ်။ ခုလည်း ကိုဗစ်ချေးငွေတွေပြန်ဖြတ်ခံနေရတာ။ဝင်ငွေနဲ့ထွက် ငွေက မျှတယ်။ ဒီနေ့လစာထုတ်နောက်နေ့ကုန်တာဘဲ။ အကုန်လုံးအဆင်မပြေကြဘူး။ '' ဟု မကွေးတိုင်းအခြေစိုက် ကပစတပ်တခု၏ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ဆိုသည်။

စစ်ကောင်စီအောက်ခြေ တပ်ဖွဲ့ဝင်များအနေဖြင့် အခြားအဆင့်စစ်သည်၏ အမြင့်ဆုံးအဆင့်ဖြစ်သည့် အရာခံဗိုလ်တဦးလျှင် ၂သိန်းခွဲဝန်းကျင်သာ ရရှိပြီး ပြီးခဲ့သည့် NlD အစိုးရလက်ထပ်က အဆိုပါ လစာပမာဏကို နောက်ဆုံးလစာတိုးပေးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

#စစ်ခေါင်းဆောင် #တပ်အသိုင်းအဝိုင်း #ဝေဖန်
#AyeyarwaddyTimes
အဝေးကြည့်မှန်ပြောင်းကို တန်ဆာအဖြစ်တင်ဆောင်သဖြင့် သူရရွှေမန်းပိုင် Elite ကား ဖမ်းဆီးခံရ

ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်

စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် ရန်ကုန်-မုံရွာပြေးဆွဲသည့် Eliteကားအားစစ်ဆေးရာ အဝေးကြည့်မှန် ပြောင်းတွေ့ ရှိသည်ဟုဆိုကာ ယမန်နေ့ (ဇန်နဝါရီ ၁၆) ရက်မနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း မုံရွာရဲ တပ်ဖွဲ့အသိုင်းအဝိုင်းထံက သိရသည်။

အဆိုပါ အဝေးကြည့်မှန်ပြောင်းအား Eliteကားမှ ရန်ကုန်မြို့မှတန်ဆာအဖြစ်တင်ဆောင်လာခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှစစ်ဆေးစဥ် ဆက်လက်စုံစမ်းရန် ရှိသည်ဟုဆိုကာ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့မှန်ပြောင်း တွေ့ရှိမှုကြောင့် ယာဥ်မောင်းနှင်လာသည့်ယာဥ်မောင်း ၂ ဦးနှင့်ယာဥ်နောက်လိုက် တဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးထားခြင်းဖြစ်သည်။

'' မနေ့မနက်ပိုင်းက ကားတွေကိုစစ်တော့ မန္တလာမင်းက ခဲယမ်းဆက်စပ်ပစ္စည်းတွေနဲ့ပျောက်ကြားယူနီ ဖောင်းတွေစမိတယ်။ပြီးတော့ Eliteမှာလည်း မှန် ပြောင်းတွေ့လို့ ကားသမား ၂ ယောက်နဲ့ စပယ်ယာနဲ့ ဖမ်းခံထားရတယ် ။''ဟု မုံရွာရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီအနေဖြင့် အဆိုပါမှန်ပြောင်းတင်ဆောင် သည့်ဖြစ်စဥ်နှင့်ပတ်သက်၍ ရန်ကုန်မှပေးပို့သူနှင့်မုံရွာမှလက်ခံသူ များအား စစ်ဆေးနေကြောင်း သိရသည်။

Elite ယာဥ်လိုင်းသည် စစ်ကောင်စီနှင့်နီးစပ်သည့် ဗိုလ် ချုပ်ကြီးဟောင်း သူရရွှေမန်း၏သား အောင်သက်မန်းတည်ထောင်ထားသည့် ယာဥ်လိုင်းဖြစ်ပြီး မြန်မာနိုင်ငံမြို့နယ်အများအပြားကိုပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ယမန်နေ့မနက်ပိုင်းကပင် အဆိုပါမုံရွာမြို့အဝင် စစ်ဆေးရေးဂိတ်တွင် မန္တလာမင်းယာဥ်လိုင်းမှ ခဲယမ်းပစ္စည်းများနှင့် PDFပြောက်ကျားယူနီဖောင်း များတင်ဆောင်သည်ဟုဆိုကာ ယာဥ်မောင်း၊ ယာဥ် နောက်လိုက်အပါအဝင် ၄ ဦးဖမ်းဆီးခံထားရကြောင်း သိရသည်။

#မှန်ပြောင်း #တန်ဆာပစ္စည်း #Elite #ယာဥ်ဝန်ထမ်းများ #ဖမ်းဆီးခံရ #AyeyarwaddyTimes
စစ်ကောင်စီတပ်နှင့်နီးစပ်သူ သံဖြူဇရပ်မြို့နယ် YMBA အတွင်းရေးမှူး ဌေးအောင် သေနတ်နဲ့ ၅ ချက်ပစ်သတ်ခံရ
ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်
မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ် စစ်ကောင်စီ သ တင်းပေးဟု နာမည်ကြီးသူ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၏အတွင်းရေးမှူး ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ပစ်သတ်ခံရသူမှာ သံဖြူဇရပ်မြို့နယ်၊ ကျုံဂဒတ်ရွာ တွင်နေထိုင်သူ မြို့နယ် YMBAအတွင်းရေးမှူး ဦးဌေးအောင် ဆိုသူဖြစ်ပြီး ၄င်းသည် သံဖြူဇရပ်-ကျိုက္ခမီကားလမ်းဘေး စျေးဆိုင်အတွင်းရှိနေစဥ် အ မည်မသိလူနှစ်ဦးက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်သွားကြောင်း သိရသည်။
'' စျေးဆိုင်ထဲမှာရှိနေတုန်း လူနှစ်ယောက်ဆိုင်ကယ်နဲ့ ရောက်လာပြီး နောက်ကလူကသေနတ်နဲ့ ၅ချက်ပစ်သွားတယ်လို့သိရတယ်။ သူကသံဖြူဇရပ်က စစ်တပ်နဲ့နီးစပ်တယ်။တပ်တွေထဲအဝင်အထွက်ရှိတယ်။'' ဟု သံဖြူဇရပ် ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းကဲ့သို့ပစ်ခတ်ခံရမှုကြောင့်ဦးဌေးအောင်သည် ကျည် ၅ ချက်ဖောက်ဝင်ဒဏ်ရာဖြင့်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် YMBAအသင်းအနေဖြင့် စစ်အာဏာသိမ်းမှုကိုထောက်ခံခဲ့ပြီး စစ်ကောင်စီတပ်ကို သ တင်းပေး(ဒလန်)လုပ်ခြင်းများပြုလုပ်ခဲ့သဖြင့် မွန် ပြည်နယ် ရေးမြို့၊အပေါင်နှင့်သထုံမြို့နယ်၊ရန်ကုန်တိုင်း၊တိုက်ကြီး မြို့နယ်တို့မှ YMBAဥက္ကဌနှင့်အတွင်း ရေးမှူးများ ပစ်သတ်ခံခဲ့ရကာ ရန်ကုန်မြို့ YMBAအသင်းရုံးချုပ်လည်းဗုံးဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ- စစ်အာဏာသိမ်းမှုကိုထောက်ခံခဲ့သည့် ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း YMBAအသင်းအဖွဲ့ဝင်များ
#မွန်ပြည်နယ် #သံဖြူဇရပ် #YMBA #အတွင်းရေးမှူး #AyeyarwaddyTimes
ပြည်မြို့မှာ နာရေးကပြန်လာတဲ့ ဗိုလ်ကြီး ကားနဲ့တိုက်မိလို့ ပွဲချင်းပီးသေဆုံး

ဟိန်းစံ/ဧရာဝတီတိုင်းမ်
မတ်လ ၂၄ ရက်

ဓာတ်ပုံ - စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး ရန်နိုင် (အနောက်)(ကပစ ၂၅ တွင်တာဝန်ထမ်းဆောင်စဥ်ပုံဟောင်း)

#AyeyarwaddyTimes
သတင်းအပြည့်အစုံမှာ👇
မန္တလေးမြို့ခံ မိသားစုဝင် ၃ ဦး စစ်ကိုင်းတိုင်း အ တွင်းတပတ်ကျော်ကြာ ပျောက်ဆုံးနေ

ကိုကိုလေး/ဧရာဝတီတိုင်းမ်
မတ်လ ၂၅ ရက်

#AyeyarwaddyTimes
သတင်းအပြည့်အစုံမှာ👇
စစ်ကောင်စီက နေပြည်တော်မှာ ပုဒ်မ ၁၄၄ ထုတ် ထားပြီး သင်္ကြန်မ​ဏ္ဍပ် ဆောက်လုပ်နေ

ဟိန်းစံ/ဧရာဝတီတိုင်းမ်
မတ်လ ၂၆ ရက်

#AyeyarwaddyTimes
သတင်းအပြည့်အစုံမှာ👇
ဝေါလေဒေသတိုက်ပွဲမှ စစ်ကောင်စီတပ်သားများထံမှ ကော်သီးသေနတ်ပစ္စတိုပါ သိမ်းဆည်းရမိ

ဧရာဝတီတိုင်းမ်
မတ်လ ၂၈ ရက်

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ဝေါလေဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်များနှင့် ကရင့်တပ်မတော်များအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၆၀ ကျော်သေဆုံးကာ ၄င်းတို့၏ စစ်လက်နက်ပစ္စည်းအများအပြားရရှိခဲ့ ကြောင်း KNUနှင့်နီးစပ်သည့်သတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရမိသည့် လက်နက်များတွင် ကော်စိပစ္စတို သေနတ်များပါ သိမ်းဆည်းရမိခဲ့ကြောင်း ကရင့်တပ်မတော်နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့သည့် Cobra Colum အဖွဲ့ဝင်တဦးထံက သိရသည်။

#AyeyarwaddyTimes
MSI - MYANMAR SOCIETY INFORMATIONS
ဝေါလေဒေသတိုက်ပွဲမှ စစ်ကောင်စီတပ်သားများထံမှ ကော်သီးသေနတ်ပစ္စတိုပါ သိမ်းဆည်းရမိ ဧရာဝတီတိုင်းမ် မတ်လ ၂၈ ရက် ယမန်နေ့က ဖြစ်ပွားခဲ့သည့် ဝေါလေဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်များနှင့် ကရင့်တပ်မတော်များအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၆၀…
ဝေါလေဒေသတိုက်ပွဲမှ စစ်ကောင်စီတပ်သားများထံမှ ကော်သီးသေနတ်ပစ္စတိုပါ သိမ်းဆည်းရမိ

ဧရာဝတီတိုင်းမ်
မတ်လ ၂၈ ရက်

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ဝေါလေဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်များနှင့် ကရင့်တပ်မတော်များအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၆၀ ကျော်သေဆုံးကာ ၄င်းတို့၏ စစ်လက်နက်ပစ္စည်းအများအပြားရရှိခဲ့ ကြောင်း KNUနှင့်နီးစပ်သည့်သတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရမိသည့် လက်နက်များတွင် ကော်စိပစ္စတို သေနတ်များပါ သိမ်းဆည်းရမိခဲ့ကြောင်း ကရင့်တပ်မတော်နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့သည့် Cobra Colum အဖွဲ့ဝင်တဦးထံက သိရသည်။

#AyeyarwaddyTimes

Video credit
စစ်ကောင်စီခန့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနဲ့ သူ့ရဲ့ယာဥ်မောင်း ဦးနေလင်းအောင် တို့ မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်နေ

ဟိန်းစံ/ဧရာဝတီတိုင်းမ်
မတ်လ ၂၈ ရက်

#AyeyarwaddyTimes
သတင်းအပြည့်အစုံမှာ👇
မှတ်ပုံတင်ရှိမှကားလက်မှတ်ရောင်းရမည်ဖြစ်ပြီး မှတ်ပုံ တင်ပြနိုင်မှကားစီးခွင့်ပြုရန် စစ်ကောင်စီညွှန်ကြား

ဟိန်းစံ/ဧရာဝတီတိုင်းမ်
မတ်လ ၃၁ ရက်

#AyeyarwaddyTimes
သတင်းအပြည့်အစုံမှာ👇
ကော့သောင်းမြို့က စစ်ကောင်စီတပ် ညပတ်ကင်းလှည့်ရာတွင် အောက်ခြေတပ်သားများ၏ဇနီးများပါ ပါဝင်နေ

ကိုက်ိုလေး/ဧရာဝတီတိုင်းမ်
(ကော့သောင်း)ဧပြီလ ၁ ရက်

#AyeyarwaddyTimes
သတင်းအပြည့်အစုံမှာ👇
စစ်ကောင်စီရဲ့တက္ကသိုလ်ဝင် စိတ်ကြိုက်မြန်မာစာ ၃ ဦးသာဖြေဆို၊ ၄ ဦးသာစာရင်းပေးသွင်းထားလို့ ၇၅ ရာ ခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်

ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ ရက်

စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးဘာ သာရပ် စိတ်ကြိုက်မြန်မာစာကို မနေ့ ဧပြီ ၉ ရက်မှာ ပြုလုပ်ခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုသူ ၃ ဦးရှိတယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။

အဲ့ဒီစိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ဖြေဆိုဖို့ စာရင်းပေးသွင်းသူ ၄ ဦးရှိခဲ့ပြီး ၃ ဦးဝင်ရောက်ဖြေဆိုကာ ၁ ဦး ပျက်ကွက်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့ကစတင်ပြုလုပ်ခဲ့တာဖြစ်ပြီး တနိုင်ငံလုံး စာဖြေဆိုသူ စုစုပေါင်း ၂ သိန်းကျော်ရှိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

#AyeyarwaddyTimes