MSI - MYANMAR SOCIETY INFORMATIONS
26.5K subscribers
91.1K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from PNLA News&Info
ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကျဲတိုက်ခိုက်

မတ်လ ၁၅ ရက် ၂၀၂၄ ခုနှစ်

ယနေ့ နေ့လည် ၁း၃၀ နာရီအချိန်တွင် အကြမ်းဖက် စစ်ကောင်စီသည် ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ၏ ဘုန်းတော်ကြီးကျောင်းကို အကြောင်းမဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့သည်။

ယင်းသို့ တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းကြီးအပါအဝင် ကျောင်းဆောင် ၂ ဆောင် ထိခိုက် ပျက်စီးသွားသည်။

စစ်ကောင်စီက အကြောင်းမဲ့ ဘုန်းတော်ကြီးကျောင်းကို ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကျောင်းတွင်းရှိ သာမဏေကိုရင် ၂ ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဘုန်းတော်ကြီးကျောင်းနှင့်နီးကပ်သည့် နေအိမ်များသည်လည်း ပြတင်းပေါက်များ တံခါးများ ထိခိုက်ပျက်စီးခဲ့သည်။

ယမန်နေ့တွင်လည်း ဘုရားပင့်ဆောင်သည့် ဒေသခံများ၏ ယာဉ်တန်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားပင့်ဆောင်သည့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

စစ်ကောင်စီသည် ပအိုဝ်းဒေသများကို နေ့စဉ်နေ့တိုင်း နည်းမျိုးစုံဖြင့် တိုက်ခိုက်ဖျက်ဆီးနေလျက်ရှိသည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Forwarded from PNLA News&Info
စစ်ကောင်စီက ထမ်းယံကျေးရွာကို ယမန်နေ့တွင် ဗုံးအကြိမ်ကြိမ်ကျဲချတိုက်ခိုက်သဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များပျက်စီး

မတ်လ ၁၆ ရက် ၂၀၂၄ ခုနှစ်

စစ်ရာဇဝတ်မှုများ အကြိမ်ကြိမ်ပေါ်တင်ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီသည် ယမန်နေ့တွင် ထမ်းယံကျေးရွာကို ဂျက်ဖိုက်တာဖြင့် အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ နေ့လည် ၁း၃၀ နာရီတွင် စစ်ကောင်စီသည် ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာဘုန်းတော်ကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းထိခိုက်ပျက်စီးခဲ့ရသည်။

ထို့အပြင် ယမန်နေ့ ညနေခင်း ၅ နာရီအချိန်တွင်လည်း စစ်ကောင်စီသည် ထမ်းယံကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာအတွင်းသို့ မီးလောင်ဗုံးဖြင့် လေးကြိမ် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ထမ်းယံကျေးရွာအတွင်းရှိ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ရသည်။

ထို့အပြင် ယမန်နေ့တွင်လည်း ဆီဆိုင်မြို့နယ် အနောက်ဘက်တနေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်သေဆုံးခဲ့သည်။

ဆိုက်ခေါင်စံပြကျေးရွာနှင့် ဆီဆိုင်မြို့အရှေ့မြောက်ဘက်ရှိ မွေတော်ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဆီဆိုင်မြို့တွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ပြီး မြို့ကိုဆက်လက်ဖျက်ဆီးနေလျက်ရှိသည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlanews
Forwarded from PNLA News&Info
ကျောက္ကဆျာကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကျဲတိုက်ခိုက်

မတ်လ ၁၇ ရက် ၂၀၂၄ ခုနှစ်

ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ယမန်နေ့ နေ့လည် ၂ နာရီခန့်တွင် ပေါင် ၅၀၀ ဗုံးဖြင့် ၂ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၄ အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။

မတ်လ ၁၅ ရက်တွင်လည်း စစ်ကောင်စီသည် ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာကို ပေါင် ၅၀၀ ဗုံးများ မီးလောင်ဗုံးများဖြင့် တရက်တည်းအတွင်း ၆ ကြိမ်တိုက်ခိုက်ခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်၂ လုံး ပျက်စီးခဲ့ရသည်။

PNLA သတင်းစဉ်

#PNLO #PNLA
Forwarded from PNLA News&Info
စစ်ကောင်စီက ပအိုဝ်းဒေသကို လက်နက်ကြီးများနှင့် ဆက်လက်ပစ်ခတ်ဖျက်ဆီးနေ

မတ်လ ၂၀ ရက် ၂၀၂၄ ခုနှစ်

စစ်ကောင်စီသည် နေ့စဉ် ပအိုဝ်းဒေသကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးနေလျက်ရှိပြီး ယမန်နေ့တွင်လည်း လက်နက်ကြီးများ ဒရုန်းများဖြင့် ဆက်လက်ပစ်ခတ်နေဆဲဖြစ်သည်။

ယမန်နေ့တွင် စစ်ကောင်စီသည် ဆိုက်ခေါင်ကျေးရွာတွင် အခြေစိုက်သည့် လက်နက်ကြီးဖြင့် ဆီဆိုင်မြို့ကို အချက်ပေါင်း ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆီဆိုင်မြို့ရှိ လမ်းမကြီးပေါ် နှင့် ကျေးရွာအချို့တွင်လည်း စစ်ကောင်စီက ပစ်ခတ်သည့် မပေါက်ကွဲသေးသည့် လက်နက်ကြီးများလည်း အများအပြားရှိနေဆဲဖြစ်သည်။

ထို့အပြင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် အချက်ပေါင်း ၄၀ ကျော်ပစ်ခတ်ခဲ့သည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Forwarded from PNLA News&Info
စစ်ကောင်စီက မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု ထီရီးကျေးရွာအနီးကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်

မတ် ၂၀ ရက် ၂၀၂၄ ခုနှစ်

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု ထီရီးကျေးရွာအနီးတွင် အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ယမန်နေ့ ညနေခင်း ၄း၀၀ နာရီတွင် စစ်ကောင်စီသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ထိန်းချုပ်နယ်မြေအတွင်းရှိ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု ထီရီးကျေးရွာအနီးရှိ ကောင်နွေတိုက် တောင်ပေါ်ကို လေယာဉ်ဖြင့် ဗုံး၂ ကြိမ် ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီမှ ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ သွားလာနေသည့် လမ်းအနည်းငယ်ပျက်စီးခဲ့ပြီး အခြားထိခိုက်မှုများ မရှိခဲ့ပေ။

စစ်ကောင်စီသည် ပအိုဝ်းဒေသအား လက်နက်ကြီးများ တိုက်လေယာဉ်များဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးနေခြင်းကြောင့် မိမိတို့ ပြည်သူများအနေဖြင့် သတိဝီရိယကြီးစွာဖြင့် သွားလာကြရန် အထူးတိုက်တွန်းအပ်ပါသည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်