MSI - MYANMAR SOCIETY INFORMATIONS
27K subscribers
90.7K photos
3.45K videos
142 files
17K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from Tachileik News Agency
နေပြည်တော်တွင် ရေကြီးမှုကြောင့် လျှပ်စစ်မီးဖြတ်တောက်ထားပြီး ဖုန်းလိုင်းများလည်း ဆက်သွယ်ရခက်ခဲနေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

နေပြည်တော်ကောင်စီနယ်မြေနှင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ရေကြီးမှုကြောင့် ၂၀၂၄ခုနှစ် စက်တင်ဘာလ ( ၁၁ ) ရက်နေ့မှ စတင်ပြီး လျှပ်စစ်မီးဖြတ်တောက်ထားကာ ဖုန်းလိုင်းများလည်း ဆက်သွယ်ရခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသန်းထန်စွာရွာသွန်းခဲ့ပြီး နေပြည်တော်တွင် စက်တင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းမှစတင်ကာ နေအိမ်ထောင်နှင့်ချီ ရေနစ်မြုပ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးများလည်း လုံလောက်မှုမရှိဘဲ လိုအပ်နေကြောင်း သိရသည်။

“နေပြည်တော်မှာတော့ မီးဖြတ်ထားတယ် ၊ ပျဉ်းမနားမှာတော့ ရသေးတယ်ပြောတယ်။ ဖုန်းလိုင်းတွေကလည်း လျှပ်စစ်မီးမရတော့ ရတချက် မရတချက်ပဲ။ ဒေတာ (Data) တွေတော့ ရသေးတယ်။”ဟု နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

လက်ရှိအချိန်တွင် နေပြည်တော်နယ်မြေအတွင်း ရေဆက်လက်မြင့်တက်နေကာ ရေစီးအားလည်းသန်သဖြင့် စိုးရိမ်ရသည့် အခြေအနေဖြစ်နေကြောင်း၊ထို့ပြင် ရေဘေးကြုံတွေ့နေရသည့် ဒေသခံများအနေဖြင့် အရေးပေါ် အကူအညီများရရှိရန် လိုအပ်နေကြောင်း သိရသည်။

ရာဂီမုန်တိုင်းအရှိန်ဖြင့် နိုင်ငံအနှံ့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ကာ မြို့ပေါင်း (၁၀)မြို့ထက်မနည်း ရေနစ်မြုပ်နေပြီး ပြည်သူပေါင်း သောင်းနှင့်ချီ ရေဘေးသင့်နေကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများ၏ ပြောပြချက်အရသိရသည်။

News : https://www.tachileik.net/mm/news/37416

#TachileikNewsAgency
Photo: အနာဂတ်ကြယ်ပွင့် သွေးအခမဲ့နှင့် လူမှုကူညီရေးအသင်း
Forwarded from Tachileik News Agency
ဖားကန့်မြို့ ဆိုင်းတောင်ရွာ လက်နက်ကြီးကျကာ နေအိမ်အများအပြား မီးလောင်နေ
https://youtu.be/8sLOoW94ORE?si=YhMNhvCLGlQ2ibTg
* * * * *

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ရွာ ဖားပြင်ရပ်ကွက်(၄)ကို လက်နက်ကြီးကျကာ နေအိမ်အများအပြား မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန်မြို့ Lucky Man Hotel စစ်တပ်ကတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ဖားပြင်ရပ်ကွက် (၄)ကိုကျကာ နေအိမ်များ မီးလောင်နေသည်ဟု သိရသည်။

"ဖားပြင်ရပ်ကွက်(၄)ကိုကျတာ။ နေအိမ်ဘယ်လောက် မီးလောင်နေလဲ မသိရသေးဘူး။ ဖားပြင်စျေးနားလောင်နေတာ။ အခု လေယာဉ်နဲ့ပါ ဗုံးကြဲနေတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယနေ့နံနက်ကတည်းက လက်နက်ကြီးကျကာ မီးလောင်နေခြင်းဖြစ်ပြီး ယခုနေ့လယ်ပိုင်းအထိ မီးငြိမ်းသတ်နိုင်ခြင်း မရှိသေးဘဲ ဒေသခံတချို့လည်း ရွာအတွင်းပိတ်မိနေသည်ဟု သိရသည်။

#TachileikNewsAgency
Video: Myat Min Htut
Forwarded from Tachileik News Agency
ရမည်းသင်းတွင် ရေစီးနှင့်မျောပါလာသည့် အလောင်း ၇ လောင်း ထပ်မံတွေ့ရှိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မြင်းနားကျေးရွာအနီးတွင် ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ရေစီးနှင့်အတူ မျောပါလာသော ရုပ်အလောင်း(၇)လောင်းကို တွေ့ရှိကြောင်း သိရသည်။

အဆိုပါရုပ်အလောင်းများမှာ မည်သူမည်ဝါဖြစ်ကြောင်း နှင့် မည်သည့်ဒေသကဖြစ်ကြောင်းကိုမူ မသိရသေးပါ။

လက်ရှိတွင် ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဆယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်တစ်ခုတည်းတွင် ရေကြီးရေလျှံမှုများကြောင့် ရပ်ကွက်နှင့်ကျေးရွာများမှ လူ(၁၀)ဦး သေဆုံးသွားပြီး လူဦးရေ ငါးသောင်းခွဲနီးပါ ရေဘေးသင့်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယနေ့ စက်တင်ဘာလ (၁၂)ရက်နေ့ အစောပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ရမည်းသင်းမြို့နယ်တစ်ခုတည်းတွင် ရေကြီးရေလျှံမှုများကြောင့် ရပ်ကွက်နှင့် ကျေးရွာများမှ အမျိုးသား (၂၃,၉၉၅)ဦး နှင့် အမျိုးသမီး (၂၉,၉၇၇)ဦး စုစုပေါင်း (၅၃,၉၇၂)ဦး ရေဘေးသင့်ခဲ့ရာ အိမ်ထောင်စုအနေဖြင့် (၁၅,၁၁၃)စုရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

နံနက်အစောပိုင်းထုတ်ပြန်ချက်အရ ရမည်းသင်းမြို့နယ်အတွင်း ဆည်ကြီးကျေးရွာမှ အမျိုးသား (၁)ဦး၊ ညောင်အိုင်ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်း ကံသာအေးကျေးရွာမှ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၄)ဦး သေဆုံးသွားကြောင်း သိရသည်။

ယင်းအပြင် ရွှေနန်းပေါက်ကျေးရွာမှ အမျိုးသမီး (၁)ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စုအတွင်း ချောင်းဖျားကျေးရွာမှ အမျိုးသား(၁)ဦး စုစုပေါင်း (၁၀)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/37419

#TachileikNewsAgency
Photo: Myanmar Fire Services Department
Forwarded from Tachileik News Agency
ပျော်ဘွယ်မြို့တွင် လူ ၁၅ ဦး ရေစီးနှင့် မျောပါ ၂ ဦးသာ ကယ်တင်ထားနိုင်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်တွင် လူ(၁၅)ဦး ရေစီးနှင့် မျောပါသွားပြီး (၂)ဦးသာ ကယ်တင်နိုင်ကာ (၃)ဦးသေဆုံးပြီး (၁၀)ဦး ပျောက်ဆုံးနေသည်ဟု ကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရသည်။

"ရေစီးနောက်မျောပါသွားတဲ့လူ (၁၅)ဦးရှိပါတယ်။ (၂)ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်။ (၃)ဦးကတော့ သေဆုံးတာ ပြန်တွေ့တယ်။ (၁၀)ဦးကတော့ ပျောက်ဆုံးနေလို့ ရှာနေကြတယ်။"ဟု ကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက Tachileik News Agency ကိုပြောသည်။

ပျော်ဘွယ်မြို့နယ်တွင် ရန်အောင်ကန်နှင့် ကျောက်ဆည်ကန်ကျိုးကာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့အထိ ရွာပေါင်း (၃၁၈)ရွာ ရေနစ်မြုပ်နေသည်။

"ပျော်ဘွယ်မြို့နယ်ထဲ ရေကြီးရေလျှံမှုက နေရာအနှံ့နီးပါးကိုဖြစ်နေတာပါ။ ဖြစ်တဲ့နေရာတိုင်းကို ကယ်ဆယ်ရေးဆောင်ရွက်နိုင်ဖို့ အခက်အခဲရှိပါတယ်။"ဟု ကယ်ဆယ်ရေးသမားတစ်ဦးက Tachileik News Agency ကို ယနေ့ မနက်ပိုင်းက ပြောသည်။

ထို့အပြင် လမ်းများလည်းပျက်စီးပြီး တံတားများပါ ကျိုးကျ မျောပါသွားပြီဖြစ်သဖြင့် လမ်းပန်းဆက်သွယ်‌ရေး ပြတ်တောက်နေသည်။

ရေနစ်မြုပ်မှုကြောင့် နေအိမ်များအတွင်း၌ ပိတ်မိနေသူ အများအပြားရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/37420

#TachileikNewsAgency
Forwarded from Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း စက်မှုဇုန်အလွန် ဓါတ်တိုင် (၂၇)တိုင် ပြိုလဲသွား၍ လျှပ်စစ်မီး အမြန်ဆုံး ပြန်လည်ရရှိရေး မြို့မီးလင်းရေးက လုပ်ဆောင်နေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * * *

ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် တာချီလိတ်မြို့နယ်အတွင်း လျှပ်စစ်မီးနှင့်ပတ်သက်၍ မိုင်းဖုန်းကျေးရွာအုပ်စုသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးတိုက် (၂၇)တိုင် ပြိုလဲမှုများရှိခဲ့၍ လျှပ်စစ်မီးများ အမြန်ဆုံး ရရှိရေးအတွက် မြို့မီးလင်းရေးဦးဆောင်ကော်မတီကော်မတီက လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။

မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း ဆွတ်ဆိုင် လမ်းဆုံကနေ စက်မှုဇုန်သွားလမ်းရှိ ဦးထွန်းအောင်တံတားအကြား သွယ်တန်းထားသော့် လျှပ်စစ်ပါဝါမီးတိုင် (၂၇)တိုင်တိတိ ပြိုလဲသွားသည့်အတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ချိန်အတွင်း အမြန်ဆုံးမီးပြန်လည်ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောက်ရွက်လျှက်ရှိကြောင်း တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီ က စက်တင်ဘာလ(၁၂)ရက်နေ့က အသိပေးထားရှိသည်။

တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာ(၁၀)ရက်နေ့ စပြီး စက်တင်ဘာလ(၁၃)ရက်နေ့အထိ ရေကြီးရေမှုများ ဖြစ်ပွားနေခြင်းကြောင့် စက်တင်ဘာလ(၁၀)ရက်နေ့ကတည်းက တာချီလိတ်မြို့နယ်တစ်ခုလုံး လျှပ်စစ်မီး ဖြတ်တောက်ထားရကြောင်းနှင့် စက်တင်ဘာလ(၁၁)ရက်နေ့ ညပိုင်းက ရေကြီးရေလျှံမှုနှင့် ကင်းလွတ်သည့် ရပ်ကွက်အချို့အပိုင်းတွင်သာ လျှပ်စစ်မီး ပြန်လွတ်နိုင်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်မီးများ ပြတ်တောက်နေ၍လည်း ဆက်သွယ်ရေးများလည်း ပြတ်တောက်နေကြောင်း သိရသည်။

News: https://www.tachileik.net/mm/news/37423

#TachileikNewsAgency
Photo: တာချီလိတ်မြို့မီးလင်းရေး
Forwarded from Tachileik News Agency
ကရင်နီပြည်နယ် ပွန်ချောင်းရေတလျှောက် ရွာများနှင့် စစ်ရှောင်စခန်းများ ရေဘေးကြုံနေရ
* * * * *

ကရင်နီ (ကယား)ပြည်နယ်အတွင်း ပွန်ချောင်းတစ်လျှောက်ရှိ ရှားတောနှင့် ဒီးမော့ဆိုမြို့နယ်များအတွင်းရှိ ကျေးရွာ (၃)ရွာနှင့် စစ်ရှောင်စခန်းများတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့ ညပိုင်းမှစ၍ ချောင်းရေ ရုတ်တရက်မြင့်တက်ကာ ရေဘေးကြုံနေကြရသည်။

ရှားတောမြို့နယ်တွင်းမှ ကျေးရွာ (၃)ရွာနှင့် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် နေအိမ်များ ရေနစ်မြုပ်သွားကြခြင်းဖြစ်သည်။

“ ရုတ်တရက် ရေကတတ်လာတာ။ တချို့ဆိုအိပ်နေတုန်းပဲ အိပ်ယာအောက်မှာ စိုလာတော့ထကြည့်မှ ရေတွေ တစ်ဖြည်းဖြည်း တက်ပြီး မြုပ်လာတာကို သိတာပေါ့။ သက်ကြီးရွယ်အိုတွေ ၊ ကလေးတွေရော အကုန်ပဲ တောင်ကုန်းဖက်တွေကို အမြန်ပြေးရှောင်ရတယ်။ ကျွန်တော်တို့က စစ်ဘေးရှောင်စခန်းဆိုတော့ တဲအိမ်လေးတွေပေါ့။ အကုန်မြုပ်တာမဟုတ်ဘဲ ရေကြီးတာနဲ့ ရေစီးလည်းသန်တော့ အဲဒီရေစီးထဲ အကုန်မျောပါသွား ကုန်တယ်။ တစ်ချို့အိမ်တွေလောက်ပဲမြုပ်ပြီးကျန်တယ် ။ ဘာပစ္စည်းမှ မယူရဘူး။ အကုန်ရေထဲပါကုန်တယ်။ လူတွေတော့ အထိခိုက်မရှိကြဘူး ။ “ ဟု ပွန်ချောင်းအနီးရှိ စစ်ရှောင်စခန်းမှ ဦးရှားရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာလ (၁၁)ရက်နေ့ ည (၈)နာရီကျော်အချိန်မှစ၍ ပွန်ချောင်းရေမြင့်တက်လာရာ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ပွန်ချောင်အနီးတွင် နေထိုင်ကြသော စစ်ဘေးရှောင်စခန်းများ စစ်ရှောင်များမှာ ညတွင်းချင်းအရေးပေါ် ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရပြီး စစ်ရှောင်များ၏ တဲအိမ်ပေါင်းများစွာ ရေစီးထဲမျောပါသွားခဲ့သလို အချို့နေအိမ်များမှာ ရေနစ်မြုပ်သွားခြင်းဖြစ်သည်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ပွန်ချောင်းအနီးတွင် နေထိုင်သည့် စစ်ဘေးရှောင်စခန်း (၇)ခုထိရှိ၍ လူဦးရေးများပြားကာ ချောင်းဘေးတစ်လျှောက်ရှိ ရိတ်သိမ်းနေဆဲနှင့် ရိတ်သိမ်းပြီးသည့် နှမ်း ၊ မြေပဲများ နှင့် နေအိမ်များအတွင်းသိုလှောင်ထားသည့် စိုက်ပျိုးသီးနှမ်းများလည်း ရေစီထဲ မျောပါသွားခဲ့သည်။

ရှားတောမြို့နယ်ထဲရှိ ပွန်ချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများဖြစ်သည့် တနော်ကလု ၊ ပွန်ချောင်း နှင့် ဆူဖဲလောကျေးရွာ တို့တွင်လည်း စက်တင်ဘာလ (၁၁)ရက်နေ့ မှစ၍ ပွန်ချောင်းရေမြင့်တက်လာကာ စက်တင်ဘာလ (၁၂) ရက်နေ့တွင် နေအိမ်အများအပြား ရေနစ်မြုပ်နေပြီး ဒေသခံများမှာ ရေနစ်မြုပ်ခြင်းမရှိသေးသည့် အဆောက်အဦးအမြင့်နေရာများ နှင့် နီးစပ်ရာကျေးရွာများတွင် တိမ်းရှောင်နေရကြောင်းသိရသည်။

လက်ရှိ စက်တင်ဘာလ (၁၂) ရက်နေ့တွင် ပွန်ချောင်းရေးမြင့်တက်မှုမှ ပြန်ကျခြင်းမရှိသေးဘဲ ညနေပိုင်းအချိန်ထိ အနည်းငယ်သာ ပြန်ကျသည်ကို တွေ့ရသည်။

ယခုကဲ့သို့ ပွန်ချောင်းရေ အဆမတန်မြင့်တက်လာခြင်းမျိုးကို ယခင်ကကြုံဖူးလေ့မရှိဘဲ ယခုအကြိမ်တွင် ပုံမှန်ထက် အဆမတန်မြင့်တတ်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

News: https://www.tachileik.net/mm/news/37421

#TachileikNewsAgency
Forwarded from Tachileik News Agency
တာချီလိတ်မြို့တွင် တစ်နေ့တည်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မြေပြို၍ သေဆုံးပြီး ရေထဲမျောပါ၍ သေဆုံးသူ (၂)ဦး ရှိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * * *

ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် တစ်နေ့တည်း ကိုယ်ဆောင်အမျိုးသမီးတစ်ဦး မြေပြိုမှုကြောင့် သေဆုံးပြီး လူ(၂)ဦး ရေထဲမျောပါ သေဆုံးသွားကြောင်း သိရသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ တစ်နေ့တည်းတွင် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း မြေပြိုမှုကြောင့် ကိုယ်ဆောင်တစ်ဦး ပိတ်မိပြီး သေဆုံးသွားကြောင်း သိရသည်။

မြေပြိုရာသို့ ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ သွားရောက် ရှာဖွေ ကယ်ဆယ်မှုများ ပြုလုပ်ရာတွင် အမျိုးသမီးအား သေဆုံးလျှက်ဖြင့် တွေ့ရပြီး ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ရင်ခွဲစစ်ဆေးချက်အရ ဝမ်းတွင်း၌ ကလေးမှာလည်း သေဆုံးနေကြောင်း သိရသည်။

ယင်းအပြင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် နှင့် ဝမ်ကောင်းရပ်ကွက်အကြားရှိ နမ့်ယွန်းချောင်း ရေလျှံပြီး ရေစီးသန်မှုကြောင့် မကာဟိုခမ်းဘက်ခြမ်း ချောင်းဘေးနေ အသက်(၅၆)နှစ်ရွယ် ဒေါ်ချို ဆိုသူမှာ ရေစီးနှင့်အတူ မျောပါပြီး သေဆုံးသွားကြောင်း သိရည်။

အလားတူ အဆိုပါ နေ့မှာပင် တာချီလိတ်မြို့နယ်အတွင်း ဖန်မင်ကျေးရွာအုပ်စု မယ်ယန်းရှိ မယ်ဟုတ်တံတားပေါ် ရေလွှမ်းမိုးပြီး ရေစီးသန်မှုကြောင့် စိတ်မနှံ့သည့် အမျိုးသားတစ်ဦး ရေထဲ မျောပါသေဆုံးသွားကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ(၁၃)ရက်နေ့အထိ ဖြစ်ပွားသည့် ဆိုးရွားဆုံး ရေကြီးရေလျှံ မြေပြိုမှုများကြောင့် ရေထဲမျောပါသေဆုံးသူ (၂)ဦး မြေပြိုမှုကြောင့် သေဆုံးသူ (၄)ဦးအထိ ရှိကြောင်း သိရသည်။

လက်ရှိတွင် အချို့နေရာများတွင် ဆက်သွယ်မှု ပြတ်တောက်နေဆဲဖြစ်၍ အဆိုပါ အရေအတွက်မှာ နီးစပ်ဆုံး အရေအတွက်သာဖြစ်သည်။

News: https://www.tachileik.net/mm/news/37422

#TachileikNewsAgency
Forwarded from Tachileik News Agency
တာချီလိတ်မြို့တွင် ၃ ရက်ကြာပိတ်မိနေသည့် ရေဘေးသင့်ပြည်သူများက သောက်ရေများ လိုအပ်နေ

ရေကြီးရေလျှံမှု့ဖြစ်ပွါးနေသည့် တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့အထိ (၃)ရက်ကြာပိတ်မိနေသည့် ထောင်နှင့်ချီသော ရေဘေးသင့် ပြည်သူများက အစားရေစာများပျက်လပ်နေပြီး လက်ရှိမှာ အစားအစာများ လာရောက်မပေးနိုင်ပါကလည်း သောက်ရေများလာ ရောက်ပို့ပေးနိုင်ပါရန် မျှော်လင့်နေကြသည်။


ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ မေဖလားဝါးကွင်း၊ လွယ်တော်ခမ်း နှင့် မယ်ယန်း တို့မှ ရေဘေးသင့်ပြည်သူများအတွက် အစားအစာနှင့် သောက်ရေသန့်များ အဓိက လိုအပ်နေပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်သူများလည်း လက်လှမ်းမမှီဖြစ်နေကြောင်း သိရသည်။

#TachileikNewsAgency
Forwarded from Tachileik News Agency
ဆန်ဆိုင်းဘုန်းကြီးကျောင်း အုတ်တံတိုင်း ပြို

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ ဆေးရုံဟောင်း
အနောက်ဘက်၊ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ ဆန်ဆိုင်းဘုန်းကြီးကျောင်း၏ အုတ်တံတိုင်း ပြိုကျနေသည်ကို ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့က တွေ့ရသည်။

#TachileikNewsAgency
Forwarded from Tachileik News Agency
ရေတာရှည်တွင် ဝါးဖောင်များဖြင့် ကယ်ဆယ်ရေး ဆောင်ရွက်နေသည့် PDF ရဲဘော်နှစ်ဦး ရေစီးနှင့်မျောပါ ပျောက်ဆုံးနေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

စစ်ကောင်စီတပ်က ကူညီကယ်ဆယ်ခွင့်ပိတ်ထားသည့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် အရှေ့ဘက်ကမ်းတွင် ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ရေဘေးကူညီကယ်ဆယ်နေသည့် နေပြည်တော် PDF တပ်ရင်း(၉၀၁)မှ ရဲဘော်(၂)ဦး ရေစီးနှင့်မျောပါ ပျောက်ဆုံးနေကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။

ရေတာရှည်စစ်ဒေသတွင် ရေနစ်မြုပ်နေသည့် ကျေးရွာများအတွင်းမှ ဒေသခံပြည်သူများကို ကယ်ဆယ်ရင်း နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း (၉၀၁)မှ ရဲဘော်အီးဂဲလ်နှင့် ရဲဘော်အငယ်ကောင်တို့ ရေစီးနှင့်မျောပါပျောက်ဆုံးနေသည်ဟု သိရသည်။

"ကြိုးနဲ့ဖောင်တွေအသုံးပြုတယ်။ ရေအားများတော့ မဆွဲနိုင်တော့ဘဲ ပြုတ်ပြီး ရေစီးနောက်ပါသွားတာ လိုက်ကယ်ပေမယ့်မရလိုက်ဘူး။"ဟု နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း(၉၀၁)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရေစီးနှင့် မျောပါသွားသည့် ရဲဘော်အီးဂဲလ်မှာ ကျဆုံးသွားပြီဟု ပြောနိုင်ပြီး ရဲဘော်အငယ်ကောင်မှာ ဘေးကင်နိုင်သော်လည်း လက်ရှိအချိန်အထိ ရှာမတွေ့သေးဟု သိရသည်။

PDF ရဲဘော်များသည် ရေဘေးသင့်ဒေသခံများကို ဝါးဖောင်၊ ကြိုးနှင့် ရဲဘော်အင်အားကိုသုံးပြီး ကယ်ဆယ်ရေးများ ပြုလုပ်နေကြရခြင်းဖြစ်ပြီး စက်လှေရှိပါက ကယ်ဆယ်ရေးအတွက် ပိုမိုအဆင်ပြေနိုင်မည်ဟု ဆိုသည်။

"ကလေးငယ်တွေ ရေစီးနဲ့ပါသွားတာရှိတယ်။ ပိတ်မိနေသူတွေများတယ်။ ကယ်ထုတ်ဆဲပဲ။ လိုအပ်ချက်က အဝတ်အထည်၊ ဆေးဝါး၊ အစားအသောက်နဲ့ အရေးပေါ်နေထိုင်နိုင်ရေး မိုးကာတွေလိုအပ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းအတွက် စက်လှေ ဝယ်ယူအသုံးပြုနိုင်မယ်ဆိုရင် ပိုပြီးခရီးတွင်မှာပါ။"ဟု ၎င်းက ဆက်ပြောသည်။

ဆွာဆည်က ရေလွှတ်ခြင်း၊ နေပြည်တော်ပေါင်းလောင်းဆည်မှ စစ်တောင်းမြစ်အတွင်းသို့ ရေအလုံးအရင်းလွှတ်ခြင်းတို့ကြောင့် စစ်တောင်းမြစ်ကမ်းတစ်လျှောက် ရေနစ်မြုပ်မှု ပိုတိုးလာနေသည်ဟု သိရသည်။

လက်ရှိတွင် ရေတာရှည််မြို့နယ် စစ်တောင်းမြစ်ဘေးတစ်လျှောက်ရှိ ကျေးရွာအများစု ရေနစ်မြုပ်နေကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/37429

#TachileikNewsAgency
Forwarded from Tachileik News Agency
စစ်တောင်းမြစ်ရေ၏ အခြေအနေ စိုးရိမ်ရေမှတ်ကို အလွန်အမင်းကျော်လွန်နေ၍ တောင်ငူအောက်ပိုင်းကို ဆင်းလာတော့မည်ဟု သတိပေး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * * *


ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့ အထက်ဘက်၌ စိုးရိမ်ရေမှတ်ကို အလွန်အမင်း ကျော်လွန်နေပြီး မြစ်အောက်ပိုင်းသို့ ဆင်းလာတော့မည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့ ညပိုင်းတွင် ပြောသည်။

စစ်တောင်းမြစ်ရေသည် တောင်ငူအောက်ဘက်၊ ရွှေကျင်အထက်ဘက်(နတ်သံကွင်း)တွင်လည်း စိုးရိမ် ရေအမှတ်ထက် အလွန်အမင်း ကျော်လွန်နေသည် ဟု သိရသည်။

အဆိုပါ ရေအခြေအနေသည် လာမည့် စက်တင်ဘာလ(၂၀)ရက်နေ့တွင် ပြန်ကျနိုင်မည်ဟု ခန့်မှန်းထားပြီး လက်ရှိ မြစ်ကမ်းဘေးနေသူများ သတိထားကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။

လက်ရှိတွင် တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ စစ် တောင်းမြစ်ကမ်းဘေးကျေးရွာများ ရေနစ်မြုပ်နေပြီး လူအသေအပျောက်လည်းရှိနေသည်။

စစ်တောင်းမြစ်ရေသည် လက်ရှိတွင် တောင်ငူမြို့တွင် စိုးရိမ်ရေအမှတ် ၃၅.၁၀ အထက် (၂)ပေခွဲကျော်လွန်နေသဖြင့် လာမည့်ရက်တွင် နောက်ထပ်တစ်ပေထပ်တိုးမည်ဟု မိုးဇလက ကြေညာထား သည်။

တောင်ငူအောက်ဘက်တွင် အုတ်တွင်း၊ ကျွဲပွဲ၊ ထန်းတပင်၊ ဇရပ်ကြီး စသည့်မြို့များရှိသည်။

News: https://www.tachileik.net/mm/news/37435

#TachileikNewsAgency
Forwarded from Tachileik News Agency
ကိုရီးယားနိုင်ငံတွင် ဖဲရိုက်နေသည့် မြန်မာများကို ဖမ်းဆီးရမိသဖြင့် လောင်းကစားမှုများကို ရှောင်ကြရန် ရဲအရာရှိများက NUG ကနေ တဆင့် တိုက်တွန်းပြောကြားသွား
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *


ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမြို့နယ်အတွင်း မြန်မာများ တရားမဝင်လောင်းကစားမှုများကို ရှောင်ရှားကြရန် ရဲအရာရှိများက ထပ်မံတိုက်တွန်းကြောင်း သိရသည်။

ရဲအရာရှိများက NUG ကိုယ်စားလှယ်ရုံးသို့ ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့တွင် လာရောက်ပြီး ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် ရုံးအဖွဲ့ဝင်များအား တွေ့ဆုံစဉ် တိုက်တွန်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံစဉ်အတွင်း ရဲအရာရှိများက ယမန်နေ့ညက ဘူဖျောင်းမြို့ စားသောက်ဆိုင်တခုတွင် ဖဲဝိုင်းဖမ်းမိ ခဲ့ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

လောင်းကစားပြုလုပ်ကြသူများအား ဖမ်းဆီးရာတွင် အိုင်ဒီကတ်များပါ စစ်ဆေးရာ ဗီဇာမဲ့နေထိုင်သူ (၅)ဦးအားတွေ့ရှိ၍ လဝကလက်သို့ အပ်နှံပေး လိုက်ရကြောင်း သိရသည်။


ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ရဲစခန်းမှ တာဝန်အရ ဆောင်ရွက်ရသည်ကို နားလည်ကြောင်း၊ မြန်မာကွန်မြူနတီအတွင်း အသိပေးမှုကို တိုးမြှင့်လုပ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်ဟု ဆိုသည်။

ကိုရီးယားရိုးရာ ကောက်သစ်ပွဲတော်ကာလ ပိတ်ရက်ရှည်အတွင်း ဘူဖျောင်းမြို့နယ်တွင် မြန်မာများ ထောင်နှင်ချီ စုဝေးရောက်ရှိနေခြင်းဖြစ်ရာ ရဲတပ်ဖွဲ့မှလည်း လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။

News: https://www.tachileik.net/mm/news/37480

#TachileikNewsAgency
Forwarded from Tachileik News Agency
အင်လေးဒေသအတွင်း ရေနစ်မြုပ်
https://youtu.be/mO27weHsJWI
* * * * *

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်လေးဒေသအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံဖြစ်ပြီး ရေနစ်မြုပ်နေတာကို ဒီနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းမှာ ပိုင်းလော့တစ်ဦး ရိုက်ထားတဲ့ ဗီဒီယိုမှတ်တမ်းအရ တွေ့မြင်ရပါတယ်။

အင်းလေးဒေသ ညောင်ရွှေမြို့နယ်အတွင်းက ရွာပေါင်း (၄၄၅)မှာထဲမှာဆိုရင် ရွာ ပေါင်း (၁၇၀)ကျော်ဟာ ယနေ့ စက်တင်ဘာလ(၁၆)ရက်နေ့အထိ ရေနစ်မြုပ်နေဆဲ ဖြစ်ပါတယ်။


အဲ့ဒီလို ဖြစ်ပွားနေတဲ့အတွက် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေပြီး အစားအသောက် နဲ့ သောက်သုံးရေအခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။


အင်းလေးကန်ထဲကို ဟဲဟိုး၊ ရွှေညောင် နဲ့ ညောင်ရွှေတို့ကနေ စီးဆင်းလာတဲ့ မိုးရေခံချောင်း (၁၂)ချောင်းရှိပြီး ရေထွက်ပေါက် အနေနဲ့ မိုးဗြဲဆည်ဘက်ကို ထွက်တဲ့ ရေထွက်ပေါက် တစ်ပေါက်တည်းသာရှိတဲ့အတွက်ကြောင့် အင်းလေးဒေသမှာ ရေကြီးရင် တခြားဒေသတွေလို မဟုတ်ဘဲ ရက်ပိုင်းအတွင်း ရေပြန်မကျဘဲနဲ့ လနဲ့ချီကြာမြင့်တတ်တဲ့အတွက် အင်းလေးဒေသခံတွေဟာ နေထိုင်စားသောက်ရေးအတွက် အတော်လေးကို စိုးရိမ်ပူပန်နေကြပါတယ်။

#TachileikNewsAgency
Forwarded from Tachileik News Agency
ရေကြီးရေလျှံမှုနှင့် မြေပြိုကျခြင်းများကြောင့် မြေမြှုပ်မိုင်းများ နေရာရွေ့ပြောင်းနိုင်သဖြင့် လိုက်နာရမည့် အချက်များကို တော်လှန်ရေးတပ်များ သတိပေး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

စစ်ပွဲများဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပြီးနောက် မြေမြှုပ်မိုင်းများ နေရာရွေ့နိုင်သဖြင့် သတိပြုလိုက်နာရမည့် စည်းကမ်းချက်များကို တော်လှန်ရေးအဖွဲ့အစည်းများက ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့တွင် ထုတ်ပြန် သတိပေးထားသည်။

စစ်ပွဲများဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများက ဘေးကင်းလုံခြုံကြောင်း ကြေငြာပြီးမှသာလျှင် ပြည်သူများနေရပ်သို့ပြန်ရန် အရေးကြီးပြီး ရေကြီး၊ ရေ လျှံမှုကြောင့် တောင်ပြိုခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ကာ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အန္တရာယ်ရှိ ပစ္စည်းများ နေရာရွေ့သွားပြီး ပေါက်ကွဲစေနိုင်သဖြင့် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ရေအောက်သို့ သေချာရှင်းလင်းစွာ မမြင်ရပါက မလိုအပ်ဘဲလ မ်းလျှောက်ခြင်း မပြုရန်၊ လေးလံသောပစ္စည်းများကို မြေကြီးပေါ်သို့ချသည့်အခါ မြေပြင်ကိုဘေးကင်းကြောင်း သေချာစစ်ဆေးပြီးမှ ချ ထားရန်၊ မသွားရောက်ဖူးသောနယ်မြေများကို နယ်မြေကျွမ်းကျင်သူမပါဘဲ သွားခြင်းမှရှောင်ကျဉ်ရန်၊ အမျိုးအ မည်မသိသော သံသယဖြစ်ဖွယ်ပစ္စည်းများကို တွေ့ရှိခဲ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ကျဉ်ရန် ထုတ်ပြန် ထားသည်။

ထို့အပြင် စစ်ဘက်ဆိုင်ရာပစ္စည်းများတွေ့ရှိပါက တာဝန်ရှိသူများကို ချက်ချင်းအကြောင်းကြားရန်၊ ကလေးသူ ငယ်များကို အန္တရာယ်ရှိသည့်နေရာနှင့် ဝေးရာတွင်ထားရန်၊ အန္တရာယ်ရှိကြောင်း အခြားသူများကိုလည်း သတိ ပေးရန်၊ မတော်တဆထိခိုက်မှုများ ဖြစ်ပေါ်လာပါက အရေးပေါ်ကူညီကယ်တင်ပေးနိုင်ရန် ရှေးဦးသူနာပြုစုနည်း များအား လေ့လာထားရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency
Photo: တောင်ပိုင်းစစ်ဒေသ
Forwarded from Tachileik News Agency
စစ်ကောင်စီက လားရှိုးမြို့ပေါ်ကို ညပိုင်းအချိန်အတွင်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * * *

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့ ည (၁၀)နာရီခွဲဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်။

ဗုံးကြဲတိုက်ခိုက်မှု (၂)ကြိမ်အတွင်း လားရှိုးမိုတယ်ရှေ့နှင့် ရပ်ကွက်(၁၂)အတွင်းရှိ အထက(၃)ကျောင်းရှေ့မှ ပြောင်းပွဲရုံတိုက်ပေါ်တို့တွင် ကျရောက်ပေါက်ကွဲပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

စစ်ကောင်စီသည် စက်တင်ဘာလ (၂၁)ရက်နေ့ နံနက် (၇)နာရီကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့မစျေးကို လေကြောင်းမှ ဗုံး (၅)လုံးကြဲ၍ တိုက်ခိုက်ခဲ့၍ ဆိုင်ခန်းအချို့ ပျက်စီးသွားခဲ့ရသည်။

စစ်ကောင်စီအခြေပြုရာ နေပြည်တော် အပါအဝင် ပဲခူး၊ ကယား (ကရင်နီ)၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ရှိ မြို့နယ်ပေါင်း (၅၉)ခုတွင် ယာဂီတိုင်ဖွန်းအရှိန်ကြောင့် ဆိုးရွားစွာ ရေဘေးသင့်နေပြီး အရေးပေါ် အကူအညီများစွာ လိုအပ်နေချိန်တွင် စစ်ကောင်စီသည် ၎င်းတို့ လက်လွတ်ထားသည့် နယ်မြေများအား လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေခြင်းဖြစ်သည်။

News: https://www.tachileik.net/mm/news/37556

ပုံအညွှန်း - လားရှိုးမြို့ကို စက်တင်ဘာလ (၂၁)ရက်နေ့ညက ဗုံးကြဲတိုက်ခိုက်ခံရသည့်မြင်ကွင်း

#TachileikNewsAgency
Photo: Nay Wai Soe
Forwarded from Tachileik News Agency
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပျက်စီးစေမည်ဖြစ်ကြောင်း MNDAA သတိပေး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

လားရှိုးတွင် တိုက်ပွဲများငြိမ်သက်ပြီးနောက် စစ်ကောင်စီမှ စတုတ္ထအကြိမ် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်မှုသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူတို့၏ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမည်ဖြစ်ကြောင်း MNDAA က ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ (၂၁) ရက်နေ့ ည (၁၀)နာရီ (၁၅)မိနစ်နှင့် ည (၁၀)နာရီ (၁၇) မိနစ်တို့တွင် စစ်ကောင်စီတပ်သည် လားရှိုးမြို့ကို လေကြောင်းဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ တစ်လုံးသည် လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိ အမှတ် (၃)အခြေခံပညာ အထက်တန်းကျောင်း၏ မျက်နှာချင်းဆိုင်ရှိ လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ၊ ကျန်တစ်လုံးသည် ရပ်ကွက် (၁)ရှိ ယခင် စည်ပင်သာယာဌာနရှေ့ လမ်းမပေါ်တွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၊ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူတဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ လူနေအဆောက်အအုံ (၂)လုံး ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယခုလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုသည် လားရှိုးတိုက်ပွဲများ ငြိမ်သက်ပြီးနောက် စစ်ကောင်စီတပ်၏ စတုတ္ထကြိမ်မြောက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပြီး စစ်ကောင်စီတပ်၏ ပစ်မှတ်များသည် မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် အခြား အများပြည်သူဆိုင်ရာ အဆောက်အအုံများနှင့် လူနေရပ်ကွက်များကိုပါ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း MNDAA က အသိပေးထားသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုပြီး လူ့အခွင့်အရေးကို နင်းချေသည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူမျိုးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူတို့၏ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမည်မှာ သေချာကြောင်း MNDAA ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့တွင် စစ်ကောင်စီတပ်သည် လားရှိုးမြို့၏ လူနေရပ်ကွက်များသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် စက်တင်ဘာလ (၁၉)ရက်နေ့တွင် MNDAAမှ စစ်ကောင်စီနှင့် အပစ်ရပ်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် ဖြေရှင်းမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် (၂)ရက်အကြာတွင် စစ်ကောင်စီမှ လားရှိုးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

News : https://www.tachileik.net/mm/news/37571

#TachileikNewsAgency
Forwarded from Tachileik News Agency
လားရှို့မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ထိခိုက်ဒဏ်ရာ ရရှိသူများပြား * * * * *


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ကို အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်က စက်တင်ဘာလ(၂၄)ရက်နေ့ အကူးပိုင်းတွင် ပေါင်(၅၀၀)ဗုံးများ ကြဲကျတိုက်ခိုက်သည့် အတွက် အဆောက််အဦးများ ပျက်စီးပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ များကြောင်း သိရသည်။ အာဏာသိမ်းစစ်ကောင်စီတပ်သည် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့အကူး နံနက်(၁)နာရီခွဲဝန်းကျင်ကနေ နံနက်(၄)နာရီကျော်အချိန်အထိ ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ လားရှိုးမြို့ပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရပ်ကွက်(၂)အတွက်ရှိ ရထိုက်ဟိုတယ်၊ Golden Sunflower(ဖူလီလိုက်)ဟိုတယ် နှင့် ကြက်ကင်ဆိုင်လမ်းကြား လပ်ကီးရွှေဆိုင်အိမ် အပေါ်အဝင် နေအိမ်များပေါ်လကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရသည်။ အာဏာသိမ်းစစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း လားရှိုးမြို့ အပါအဝင် နောင်ချို နှင့် သီပေါမြို့ပေါ်များသို့ ပြည်သူများ အိပ်ကောင်းနေချိန် ညစဉ် အလှည့်ကျ လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

#TachileikNewsAgency Photo: Nay Wai Soe
Forwarded from Tachileik News Agency
ပြည်သူ့ဒီမိုကရက်တစ်တပ်တော်၏ အခြေခံစစ်ပညာ သင်တန်းအပတ်စဉ် ၈ ကျင်းပပြုလုပ်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

အမှတ် (၁) စစ်ဒေသ၊ ယာယီဌာနချုပ်၌ အ‌ခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် ( PDA ) ထံမှ သိရသည်။

အခြေခံစစ်ပညာ သင်တန်းအပတ်စဉ် (၈) အား ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့၏ နိုင်ငံရေးဦးဆောင်မှုဖြင့် နိုင်ငံရေးသင်ခန်းစာများ ပို့ချခြင်း၊ အဖွဲ့နှင့် တပ်တော်၏ နိုင်ငံရေးနှင့် စစ်ရေးဖြတ်သန်းမှုများ မျှဝေခြင်း၊ အ‌ခြေခံစစ်ပညာအား ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့၏ စစ်ရေးရည်မှန်းချက်များအတိုင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော်မှ (၃) လတာ ကြီးကြပ်သင်ကြားပေးကာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့တွင် သင်တန်းဆင်းကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ ဥက္ကဌနှင့် ပြည်သူ့ဒီမိုကရက်တစ်တပ်‌တော် စစ်ဦးစီးချုပ်တို့မှ အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ မဟာမိတ်များ ဖြစ်သည့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ၊ ဒေသခံ ပအဖ ၊ ပကဖ ၊ ပလဖ နှင့် ဒေသခံပြည်သူလူထုများ ၊ တော်လှန်ရေး မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက် ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

#TachileikNewsAgency
Photo: People's Democratic Army - PDA
Forwarded from Tachileik News Agency
KNU ၏ ခရိုင် ၇ ခုအတွင်း ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၄ သိန်းခန့် ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရပြီး ပြန်လည်ထူထောင်နိုင်ရေး အကူအညီများစွာ လိုအပ်နေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ခရိုင် (၇) ခုအတွင်း ရေကြီးရေလျှံမှုကြောင့် လူဦးရေ (၄)သိန်းခန့် ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရပြီး ပြန်လည်ထူထောင်နိုင်ရေး အကူအညီများစွာ လိုအပ်နေကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်သည်။

KNU ၏ ခရိုင် (၇) ခုအတွင်းရှိ မြို့နယ် (၂၇) ခုအနက် မြို့နယ် (၂၀)ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ် ခဲ့ပြီး အထူးသဖြင့် ဒူးသထူ (သထုံ) ၊ ခလယ်လွီထူ (ညောင်လေးပင်) နှင့် တောအူး (တောင်ငူ) ခရိုင်တို့တွင် ရေကြီးရေလျှံမှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရကြောင်း ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေကြီးမှုကြောင့် KNU ၏ ခရိုင် (၇)ခုအတွင်းရှိ ပြည်သူ (၃၈၀,၀၀၀) ကျော် ထိခိုက်ပျက်စီးမှုဒဏ်ကို ခံခဲ့ရပြီး စပါးခင်းများ ၊ သိုလှောင်ထားသော စားနပ်ရိက္ခာများ ၊ ရေတွင်းများ ၊ ရေဘုံဘိုင်များနှင့် ရေကန်များအပါအဝင် သောက်သုံးရေ အရင်းအမြစ်များ ၊ အိမ်သာများ ၊ မွေးမြူရေး တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးခဲ့ရရုံသာမက နေရာအနှံ့အပြားတွင်လည်း အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

လတ်တလောအချိန်တွင် အစားအစာ ၊ သောက်သုံးရေနှင့် သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများသည် အရေးအကြီးဆုံး အရေးပေါ်လိုအပ်ချက်များဖြစ်ပြီး ၊ လယ်ယာသုံး ပစ္စည်း ကိရိယာများ ၊ မော်တော်ယာဉ်များနှင့် စက်ပစ္စည်းများ ပြင်ဆင်ရန် (သို့) ပြန်လည်အစားထိုးရန် ပံ့ပိုးကူညီမှုများလည်း လိုအပ်နေကြောင်း သိရသည်။

မိသားစု စားသုံးရန်နှင့် အသက်မွေးဝမ်းကြောင်းအတွက် တိရိစ္ဆာန်များ ပြန်လည်အစားထိုးရန် ပံ့ပိုးကူညီမှုများ ၊ ရေတွင်းနှင့် ရေပိုက်လိုင်းများကဲ့သို့ သောက်သုံးရေအရင်းအမြစ်များနှင့် ပစ္စည်းကိရိယာများ ပြန်လည်အစားထိုးခြင်း (သို့) ပြင်ဆင်ခြင်းအတွက် ပံ့ပိုးကူညီမှုများလည်း လိုအပ်နေကြောင်း သိရသည်။

နိုင်ငံတကာနှင့် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အေဂျင်စီများအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အုပ်ချုပ်သည့် နယ်မြေများရှိ ပြည်သူများကို အကူအညီများပေးရန်နှင့် ထိုသို့ အကူအညီများပေးအပ်ရာတွင် သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများနှင့် ညှိနိူင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း KNU ဗဟိုက အသိပေးထားသည်။

စစ်ကောင်စီသည် လက်ရှိတွင် ကျောင်းများနှင့် ဆေးရုံများအပါအဝင် အရပ်သားပြည်သူများနှင့် အခြေခံအဆောက်အဦးများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိပြီး လိုအပ်သူများထံသို့ အကူအညီများမရောက်နိုင်အောင် တားဆီးမှုများ ပြုလုပ်နေကြောင်း KNU ဗဟိုက အသိပေးထားသည်။

KNU ထိန်းချုပ်နယ်မြေများရှိ ပြည်သူများကို ထိုင်းနယ်စပ်မှ တဆင့် အကူအညီပေးနိုင်ရန် ထိုင်းအာဏာပိုင်များအနေဖြင့် KNU နှင့် ညှိနိူင်းဆောင်ရွက်သင့်ပြီး ၊ KNU အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများအတွက် ညှိနိူင်းမှုများပြုလုပ်ရန် အသင့်ရှိကြောင်း အသိပေးထားသည်။

News : https://www.tachileik.net/mm/news/37645

#TachileikNewsAgency
Forwarded from Tachileik News Agency
စစ်ကောင်စီတပ်က လားရှိုးမြို့ပေါ် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ၏ နေအိမ်များကို လေကြောင်းကနေ ညတိုင်း ဗုံးကြဲ တိုက်ခိုက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

အာဏာသိမ်း စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် လားရှိုးမြို့ပေါ်ကို ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့ ညပိုင်းတွင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦးများစွာ နှင့် ကားများ ထိခိုက် ပျက်စီးခဲ့ရကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များအား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် လူသိရှင်ကြား ကမ်းလှမ်းဖိတ်ခေါ်ထားသည့် အာဏာသိမ်းစစ်ကောင်စီက လားရှိုးမြို့ပေါ်ကို လေကြောင်းကနေ ညစဉ် ညတိုင်း ဗုံးကြဲတိုက်ခိုက်မှုအဖြစ် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်အချိန်က လားရှိုးမြို့ပေါ် ရပ်ကွက်(၈)အတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် လားရှိုးမြို့ပေါ် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပိုင် နေအိမ်အဆောက်အဦးများပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို ညစဉ် ညတိုင်း ပြုလုပ်နေရာ စက်တင်ဘာလ (၂၇)ရက်နေ့ နံနက် (၃)နာရီခွဲကျော်အချိန်ကလည်း ပေါင်(၂၀၀)နှင့် ပေါင်(၅၀၀)အပါအဝင် ဗုံးများဖြင့် အလုံးပေါင်း (၁၅)လုံး ကြဲချတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့၍ အရပ်သားပြည်သူ(၂)ဦး သေဆုံးပြီး (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူများကို လားရှိုးပြည်သူ့ဆေးရုံကြီးတွင် အရေးကြီးလူနာအဖြစ် ကုသပေးထားရကြောင်း သိရသည်။

#TachileikNewsAgency
Photo: Nay Wai Soe