MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။


@web_site_tree
@Dora999999
MSI - MYANMAR SOCIETY INFORMATIONS
Photo
ရန်ကုန်၊ မန္တလေးနှင့် တနင်္သာရီတိုင်းတို့တွင် အမျိုးသမီးများ အပါအဝင် ပြည်သူ ၂၉ ဦးထက်မနည်းကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီး

By ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်း အတွင်းရှိ ပြည်သူ ၂၉ ဦးထက်မနည်းကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယခုရက်ပိုင်းအတွင်း တွင်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မတ္တရာတွင် Mytel တာဝါတိုင်း ဗုံးခွဲ ဖျက်ဆီးသည်ဟု စွပ်စွဲကာ ပြည်သူ ၈ဦးကို စစ်တပ်က ဖမ်းဆီး
===========================================================================

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းရွာတွင် နိုဝင်ဘာလ၂၁ရက်က ည ၁ဝ နာရီခွဲက ရွာတောင်ပိုင်းရှိ Mytel တာဝါတိုင် ဗုံးခွဲ တိုက်ခိုက်ခံရကာ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နေ့လည် ၁၂ နာရီအချိန်တွင် စစ်ကား၄စီးဖြင့် ရွာသို့ ရောက်ရှိလာပြီး ကျေးရွာနေပြည်သူ ၈ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၆ဦးကို ဖမ်းဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် တချို့ကိုလည်း ဝင်ရောက် မွှေနှောက်ခဲ့ကာ ဖမ်းဆီးခံရသူတစ်ဦး၏ မိခင်ဖြစ်သူက မဖမ်းရန် တောင်းပန်ခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်က အလောင်းလာယူဖို့ ပြင်ထားရန် ပြန်လည်ပြောဆိုခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုချက်အရသိရသည်။

မိတ္ထီလာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်နှင့် ဖခင် ဦးမြင့်သိန်းကို ဖမ်းဆီး
=============================================================================

မိတ္ထီလာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း မသဲစုနိုင်ကိုနှင့် ၎င်း၏ ဖခင်ဖြစ်သူ တို့ကို PDF တပ်ဖွဲ့ဝင်ဟု ဆိုကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၂၂ရက်နေ့ ညနေ ၅ နာရီတွင် ၎င်းတို့ နေအိမ်၌ ပစ်ခတ်ဖမ်းခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

မသဲစုနိုင်သည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ထားသည့် ကျောင်းဆရာမတစ်ဦး ဖြစ်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ၎င်းတို့နေအိမ်ရှိ ဖုန်းအားလုံးကိုပါ သိမ်းယူသွားခဲ့ပြီး မည်သည်နေရာတွင် ဖမ်းဆီးထားသည်ကို လက်ရှိချိန်ထိ မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ကံပေါက်‌တွင် အပြစ်မဲ့ပြည်သူ ၈ဦးကို ဓားစာခံအဖြစ် စစ်တပ်က အကြောင်းမဲ့ဖမ်းဆီး
==================================================================

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ကျေးရွာတွင် နိုဝင်ဘာလ ၂၁ ရက်နေ့ ည၁၁နာရီခွဲခန့်က အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ပြီး ၎င်းတို့ ဖမ်းဆီးမည့်သူများ နေအိမ်တွင် မရှိသောကြောင့် မိသားစုဝင်များ ဓားစာခံအဖြစ်ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ ၈ဦးမှာ ဦးတင်ညွန့်၊ ဦးကင်မြင့်၊ ဦးကိုလေး၊ ဦးဝင်းရှိန်၊ ကိုပြည်စိုး၊ ဦးငယ်ငယ်၊ ဦးနွမ်မဲ၊ မမြင့်မြတ်တို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

"သူတို့က နေအိမ်တွေထဲကို အတင်းဝင်ပြီး လူတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်ဖမ်းဆီး ဆဲဆိုတာတွေလုပ်တယ်။ လူမရှိတဲ့ အိမ်တွေမှာဆို ရတဲ့ပစ္စည်းမှန်သမျှခိုးယူပြီး မလိုအပ်တာတွေဖျက်ဆီးသွားတယ်။ သူတို့ ဖမ်းသွားတဲ့ သူတွေက သက်ကြီးရွယ်အိုတွေ များတယ်။ သူတို့ ဖမ်းချင်တဲ့လူကို မတွေ့လို့ အိမ်မှာတွေ့တဲ့သူ ဖမ်းတဲ့ ပုံစံမျိုးနဲ့ကို ဖမ်းတာ" ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ရန်ကုန် သင်္ဃန်းကျွန်းတွင် အမျိုးသမီး ၈ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး
============================================================

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက် ဘုရင့်နောင်လမ်းမပေါ်တွင် ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၆နာရီ ၂ဝမိနစ်က အမျိုးသမီး ၈ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

" ကြီးပွားရေးရပ်ကွက် ဘုရင့်နောင်လမ်းမပေါ်ကို စခတွေ အင်အားအများကြီးရောက်လာပြီး အမျိုးသမီး ၈ဦးလောက်ကို ဖမ်းသွားတယ်လို့ သိရတယ်။ ဘယ်သူတွေလည်း ဘယ်နားက သူတွေလည်း ဘာကိစ္စကြောင့် ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး" ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

တောင်သာတွင် စစ်ကောင်စီ တပ်ဖွဲ့များက ကိုကျော်ထက်ဝေကို ဖမ်းဆီး
===========================================
MSI - MYANMAR SOCIETY INFORMATIONS
Photo
မန္တလေးတိုင်း တောင်သာမြို့နယ် ရုံးပင်ကျေးရွာက ဆန္ဒပြပွဲများတွင်ပါဝင်သည့် ကိုကျော်ထက်ဝေကို နိုဝင်ဘာလ ၂၁ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက PDF တပ်ဖွဲ့ဝင်ဟု စွတ်စွဲကာ ဖမ်းဆီးသွားပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် လက်ပြန်ကြိုးတုပ်ကာ ရုံးပင်ရွာသို့ခေါ်ဆောင်လာပြီး ကျေးရွာတွင်းရှိလမ်းများပေါ်တွင် အများပြည်သူရှေ့ ရိုက်နှက်ပြပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁ဝ လုံးကို ဝင်ရောက်ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများကို လုယက် ယူဆောင်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ကမာရွတ်မြို့နယ် ပြည်သူ ၂ ဦး ဖမ်းဆီးခံရ
==========================
နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၃နာရီဝန်းကျင်မှ စ၍ ကမာရွတ်မြို့နယ်၊ ရပ်ကွက် (၄)ခုရှိ နေရာ (၁၅)ခုကို ည၈နာရီအထိ ဝင်မွှေသွားခဲ့ပြီး ပြည်သူ (၂)ဦးအဖမ်းခံရကြောင်း၊ ကမာရွတ်မြို့နယ် ၁ရပ်ကွက်၊ ပတ္တမြားလမ်း တိုက်အမှတ် (၁၂၄)မှ အမျိုးသား (၁)ဦး၊ လှည်းတန်း ၇လမ်း၊ တိုက် (၂၈) မြေညီထပ်မှ ​အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

KTM
တကူရဲကင်းစခန်း မိုင်းဆွဲမီးရှို့ခံရပြီးနောက် ဒေသခံ ၄ ဦး အဖမ်းခံရ

တနင်္သာရီ၊ နိုဝင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် တကူရွာမှာ ရဲကင်းစခန်းတစ်ခု မိုင်းဆွဲမီးရှို့ခံရပြီးနောက် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဒေသခံလေးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယနေ့ ညနေပိုင်းမှာ လမိုင်းကော့ရွာက ဒေသခံနှစ်ဦးနဲ့ ကိုးအင်းရွာကနှစ်ဦး စုစုပေါင်းအမျိုးသားလေးဦးကိုဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

"ဒေသခံ ၄ ဦးဖမ်းခံထိတာတော့ သိတယ်။ ဘယ်သူတွေဆိုတာကတော့ လိုက်စုံစမ်းနေတုန်းဘဲ။ ရွာထဲမှာလဲ စကစ အဖွဲ့တွေ အရပ်ဝတ်တွေနဲ့သွားလာနေတယ်။ ရဲစခန်းမီးရှို့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူတို့တွေ လိုက်စစ်နေတယ်လို့ သိရတယ်။''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင်ကူရွာနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကိုပါ စစ်ကောင်စီတပ်တွေ သွားရောက်စစ်ဆေးတာတွေလုပ်ဆောင်ခဲ့ပြီး ဒီနေ့ ညနေပိုင်းက သာရဘွင်ရွာမှာ သေနတ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ညပိုင်းမှာ တကူရဲစခန်းကို ဓူဝွတော်လှန်ရေးအဖွဲ့က မိုင်းခွဲမီးရှို့ခဲ့တာဖြစ်ပြီး ရဲစခန်းအဆောက်အအုံနဲ့အတွင်းရှိ ပရိဘောက ပစ္စည်းတွေ စာရွက်စာတမ်းတွေပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်
ရခိုင်အခြေစိုက်သတင်းဌာနများကို စုံစမ်းရှာဖွေမှုများမရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှငြင်းဆို

DMG ၊ နိုဝင်ဘာ ၂၃

ရခိုင်အခြေစိုက်သတင်းဌာနများကို စုံစမ်းရှာဖွေမှုများမရှိကြောင်းနှင့် အမှုဖွင့်ထားခြင်းများလည်းမရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၃ ရက်တွင် DMG သို့ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့မကြားမိဘူး။ လက်ရှိလည်း အဲဒါနဲ့ပတ်သက်လို့ အရေးယူတာလည်းဘာမှမရှိဘူး”ဟု ၎င်းရဲအရာရှိကပြောသည်။

ရဲတပ်ဖွဲ့ဝင်များအပါအဝင် သတင်းရဲတပ်ဖွဲ့(SB)ဟုယူဆရသူများမှ နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ရခိုင်ပြည်နယ်အခြေစိုက် "Western News"သတင်းဌာန၏ ရုံးစိုက်ရာနေရာကို စစ်တွေမြို့ရှိရပ်ကွက်များ၌ စုံစမ်းမေးမြန်းမှုများရှိခဲ့ကြောင်း ယင်းသတင်းဌာနမှ ထုတ်ပြန်ထားသည်။

Western News သတင်းဌာနမှ AA က ကျဆုံးခဲ့သည့် ဗိုလ်လောင်း ၈ ဦး၏ သတင်းရေးသားခဲ့သည်နှင့်ပတ်သက်၍ လာရောက်စုံစမ်းခြင်းဖြစ်သလို ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ ရေးသားခဲ့သည့်အပေါ် ယခုကဲ့သို့လာရောက်စုံစမ်းစစ်ဆေးမှုများလုပ်သည်ဟုယူဆကြောင်းလည်း ယင်းသတင်းဌာနမှထုတ်ပြန်သည်။

ယင်းသို့ ရခိုင်အခြေစိုက်သတင်းဌာနများအား စုံစမ်းမေးမြန်းမှုများမရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ငြင်းဆိုသည်။

Western News သတင်းဌာနမှ အယ်ဒီတာချုပ်က “မီဒီယာသတင်းမားတွေကို စစ်ကားတွေနဲ့လာပြီးတော့ ခြိမ်းခြောက်တာတွေ။ နောက်ပြီးတော့ နောက်ယောင်ခံပြီးတော့ လိုက်ရှာတာတွေ။ ဒါကအကျိုးရလဒ်ထက် အဆိုးဆီပိုပြီးဦးတည်သွားတာပေါ့"ဟု ပြောသည်။

လက်ရှိတွင် Western News သတင်းဌာနမှ သတင်းထောက်များမှာတိမ်းရှောင်ကာ သတင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေရကြောင်း သိရသည်။

မကြာသေးမီက Western News သတင်းဌာနမှ တာဝန်ရှိသူများကို နယ်/လုံနှင့် ပြည်နယ်ရဲမှူးတို့မှခေါ်ယူပြီး စစ်ကောင်စီဟုမသုံးနှုန်းရန် ခေါ်ယူသတိပေးမှုများရှိခဲ့ကြောင်းလည်း ယင်းသတင်းဌာနမှ အယ်ဒီတာချုပ်ကပြောသည်။

# R002
၂၂-၁၁-၂၀၂၁ နေ့တွင် လမ်း ၆၀ / ၂၃×၂၄ ကြား ရေစစ်ကန်အနီး တပ်စွဲထားတဲ့ အာဏာရူးလက်ပါးစေ စခများကို MDY-PDF နှင့် Dragon Warrior ပူးပေါင်းအဖွဲ့မှ တန်ဆောင်တိုင်လက်ဆောင် နာနတ်သီးလေး‌ပစ်ပေးထားခဲ့ရာ အာဏာရူးနောက်လိုက် စခ (၃) ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများအနေဖြင့် စစ်အာဏာရှင်စနစ်ပြုတ်ကျပြီး ပြည်သူ့အာဏာပြည်သူ့လက်ဝယ်ပြန်လည်ရရှိသည်အထိ မိမိတို့အသက်ကို ပဓာနမထားပဲဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

#ပြည်သူကမွေး
#ပြည်သူ့သွေး
#ပြည်သူ့အတွက်PDF
ချက်နိုင်ငံရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် NUG မြန်မာကိုယ်စားလှယ်ရုံးသို့ ဆက်သွယ်နိုင်
https://vb.me/tachileiknewsagency
*****
ချက်နိုင်ငံရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးရာတွင် အခက်အခဲရှိပါက အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရျိ မြန်မာကိုယ်စားလှယ်ရုံးသို့ ဆက်သွယ်နိုင်ကြောင်း NUG ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ထုတ်ပြန်သည်။

#TachileikNewsAgency
(Zawgyi/Unicode)

ရခိုင်ပြည်နယ်မှာ လက်ရှိအားဖြင့် ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီ နှစ်ဘက်စလုံးက စစ်တိုက်လိုတဲ့ဆန္ဒ ပြင်းပြင်းထန်ထန် ရှိကြပုံမပေါ်ဘူးလို့ ထိပ်တန်း ရခိုင်နိုင်ငံရေးသမားတဦးက ဗွီအိုအေကိုပြောပါတယ်။

ဒါပေမယ့်လည်း ရှုပ်ထွေးနေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကြောင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Yōhei Sasakawa အနေနဲ့ ရခိုင်ပြည်မှာ ဒီ့ထက်ခိုင်မာတဲ့ ငြိမ်းချမ်းတည်ငြိမ်မှုရဖို့ အများကြီး စွမ်းဆောင်ပေးနိုင်မယ် မထင်ဘူးလို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ နိုင်ငံရေးဦးဆောင်ကော်မတီ ဝင်၊ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

#Sasakawa #Rakhine #KyawKyawThein #voaburmese #ဆာဆာကာဝါ #ရခိုင် #ကျော်ကျော်သိန်း #ဗွီအိုအေမြန်မာပိုင်း
................................

(Unicode)

ဆာဆာကာဝါခရီးစဉ် ရခိုင်ပြည်အတွက် ခိုင်မာတဲ့ငြိမ်းချမ်းရေး မျှော်လင့်နိုင်မလား

ရခိုင်ပြည်နယ်မှာ လက်ရှိအားဖြင့် ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီ နှစ်ဘက်စလုံးက စစ်တိုက်လိုတဲ့ဆန္ဒ ပြင်းပြင်းထန်ထန် ရှိကြပုံမပေါ်ဘူးလို့ ထိပ်တန်း ရခိုင်နိုင်ငံရေးသမားတဦးက ဗွီအိုအေကိုပြောပါတယ်။

ဒါပေမယ့်လည်း ရှုပ်ထွေးနေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကြောင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Yōhei Sasakawa အနေနဲ့ ရခိုင်ပြည်မှာ ဒီ့ထက်ခိုင်မာတဲ့ ငြိမ်းချမ်းတည်ငြိမ်မှုရဖို့ အများကြီး စွမ်းဆောင်ပေးနိုင်မယ် မထင်ဘူးလို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ နိုင်ငံရေးဦးဆောင်ကော်မတီဝင်၊ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

#Sasakawa #Rakhine #KyawKyawThein #voaburmese #ဆာဆာကာဝါ #ရခိုင် #ကျော်ကျော်သိန်း #ဗွီအိုအေမြန်မာပိုင်း

https://burmese.voanews.com/a/how-much-sasakawa-can-help-to-achieve-long-lasting-peace-in-rakhine/6324421.html?fbclid=IwAR1r7sDcj8R2AbSXD5fnqF2cxfpfQR1YmxCRffcAmq7ELFwMRcqbLxFAv6U
23-11-2021 (MSI Summary News)

-

Comments တွင်အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။
နတခ တပ်နယ် အတွင်း ပေါက်ကွဲမှု ဖြစ်
---------------------
သတင်းနှင့် မီဒီယာ ကွန်ရက်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တပ်နယ်အတွင်း ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်ဟု ပုသိမ်မြို့တွင်း နေထိုင်သူများ က ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသည် နတခ တပ်နယ် အတွင်းရှိ စစ်မြေပြင် အင်ဂျင်နီယာတပ်တွင်း ဘက်က ဖြစ်သည်ဟု စစ်တပ်သိုင်းအဝိုင်းနှင့် နီးစပ်သူ အချို့က ပြောသည်။

"ပေါက်ကွဲသံက အကျယ်ကြီးပဲ အိမ်တွေတောင်တုန်သွားတယ်။ ဗဟိုကင်း လက်နက် တိုက်ပေါက်ကွဲတာလို့ ပြောကြတယ်။ တပ်ထဲဝင်ခွင့်မရတော့ အသေအချာမသိဘူး" ဟု တပ်နယ် အတွင်းနေထိုင်သည့် ဒေသခံ တစ်ဦး က ပြောသည်။

ပုသိမ်မြို့တွင်းမှ ၄ မိုင်ခန့်အကွာအဝေးတွင် ရှိနေသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)တပ်နယ် အတွင်းရှိ အမှတ် ၉၀၇ စစ်မြေပြင် အင်ဂျင်နီယာတပ်တွင်းမှ ပေါက်ကွဲသံဖြစ်သည်ဟု ယင်းတပ်တည်ရှိသည့် သရက်ကုန်းကျေးရွာက စစ်တပ်မိသားစု အသိုင်းအဝိုင်းနှင့် နီးစပ်သူများက အတည်ပြုပြောသည်။

အမှတ် ၉၀၇ စစ်မြေပြင် တပ်ရင်း မိသားစု အသိုင်းအဝိုင်းကမူ တပ်အတွင်းရှိ စက်ပစ္စည်း တစ်ခု ရုတ်တရက် ပေါက်ကွဲခြင်း ဖြစ်သည် ပြောဆိုသည်။

ပေါက်ကွဲသံကြားရပြီး ခဏအကြာတွင် ပုသိမ်မြို့တွင်း ဧရာဝတီတိုင်း မီးသတ်တပ်ဖွဲ့က မီးသတ်ကားများ အနောက်တောင်တိုင်း စစ်ဌာနချုပ်သို့ ဦးတည်မောင်းနှင်သွားသည်ဟု ပုသိမ်မြို့တွင်း နေထိုင်သူများက ပြောသည်။

"တပ်ထဲမီးလောင်တယ် ဆိုလို့ သွားကြရတာ။ တပ်နယ်ထဲရောက်တယ်။ ဖြစ်တဲ့နေရာ အထိမရောက်ဘူး မီးလည်းမသတ်ခဲ့ရပါဘူး" ဟု ဧရာဝတီတိုင်း မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုဖြစ်စဉ် နှင့် ပတ်သက်၍ သေဆုံး ထိခိုက်မှု ရှိမရှိကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် တပ်နယ်မှ CDM လုပ်ကာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် စစ်သည် များထဲတွင် အမှတ် ၉၀၇ စစ်မြေပြင် တပ်ရင်းမှ စစ်သည်အချို့လည်း ပါဝင်သည်ဟု တပ်နယ်မိသားစု အသိုင်း အဝိုင်း၏ ပြောပြချက်များအရ သိရသည်။

Mizzima
Office Diary ကို ပြည်သူတွေ Boycott လုပ်သင့်လားဆိုရင်
ဟုကဲ့ လုပ်သင့်ပါတယ် ၊ ဘာလို့လဲဆိုရင် -

နံပါတ် (၁) ငါတို့က အောင်မြင်နေပြီ ဘယ်သူ့ကို သောက်ဂရုစိုက်ရမလဲဆိုတဲ့ သောက်ချိုးမျိုးနဲ့ ပြည်သူတွေကိုချိုးသွားလို့ ၊ သူတို့က ဘောသွားမတာကို ပြည်သူတွေက ထောက်ပြတော့ ပြည်သူတွေကို သူတို့ပြန်ပြောတဲ့စကားက မကျေနပ်ရင် Block လိုက်ပါတဲ့ 🤬

နံပါတ် (၂) ဘောသွားမရင် ငါတို့ပြည်သူတွေက ဘောမတဲ့သူတွေကို ဘယ်လို ဒဏ်ခတ်မယ်ဆိုတာ နောင် ဘောမ မယ့်လူတွေကိုလည်း ပြတ်ပြတ်သားသားသိစေချင်။

Link https://www.facebook.com/mmlofficediary/

Link & Follow ဖြုတ်ပေးဖို့ တောင်းဆိုပါတယ်။
အများသိအောင်လည်းပြောပေးပါ။
ပြည်သူတွေ ညီပေးဖို့တောင်းဆိုပါတယ်။

ပြည်သူ့ရင်ခွင်အဖွဲ့က ကိုလင်းထက်အောင် ပြောသလိုပဲ Boycott- Social Punishment လုပ်မယ်ဆို ထိရောက်အောင်လုပ်ပါ ၊ ဒိုပြည်သူတွေ ခုချိန်ထိ ဘယ်လောက် သွေးစည်းနေလဲဆိုတာကို ပြပါ။ ဒါက စစ်တပ်က လူတွေကို ထိုးနှက်ချက်တစ်ခုပဲ Coup အစတုနါးကလို ငါတို့ သွေးမအေးဖူး ၊ ငါတို့ စည်းလုံးနေတယ်ဆိုတာကို ပြရအောင်ပါ။

MSI

Share plz

https://www.facebook.com/111970331262627/posts/127418886384438/?d=n
မန္တလေးမြို့၊24.11.2021
8:00AM

တည်နေရာ-41လမ်း၊ညဈေး၌ တပ်စွဲထားသော စခများနေရာ၌
ဗုံးပေါက်မှုဖြစ်ပွားခဲ့သည်။
ယခု စခကားများပါရောက်ရှိနေပြီး စစ်ဆေးမှုများပြုလုပ်နေသည်။

#သပြေညိုသတင်းလွှာ
ခရီးသွားပြည်သူများခင်များ
မန္တလေး-မုံရွာ လမ်းမကြီးပေါ်မှာ လုံးဝသွားလာခြင်း မလုပ်ကြပါရန် အပြင်းအထန် တားမြစ်ကြောင်း သတ်ိပေးအပ်ပါသည်ခင်များ။

ရောက်ရှိနေပါက ရောက်ရာနေရာမှာ ရပ်နားထားပေးကြပါခင်များ။

MyinmuPDF