ဒီတပတ် အားကစားအစီအစဉ်မှာ တိုကျိုအိုလံပစ်ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် အားကစားသမားတွေ ဂျပန်နိုင်ငံကို ရောက်နေကြပြီဆိုတဲ့သတင်းနဲ့ ဗြိတိန်နိုင်ငံက British Open ဂေါက်သီးရိုက်ပြိုင်ပွဲ သတင်းတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
Originally published at - https://burmese.voanews.com/a/weekly-sport-british-open-and-tokyo-olympics/5973876.html

ဗွီအိုအေ
တပတ်အတွင်း အားကစား
အကြမ်းဖက် စစ်ကောင်စီ ကင်းစခန်းကို ကလေးPDF ဝင်တိုက်၊ စစ်ကောင်စီတပ်သား ၂ဦး သေဆုံး
************************
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ ကင်းစခန်းတစ်ခုကို ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ် PDFမှ ဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ဦး သေဆုံးခဲ့သည်ဟု ကလေး PDFက ယနေ့ ဇူလိုင်လ၂၁ရက်တွင် ထုတ်ပြန်ထားသည်။
"ယနေ့ ညပိုင်း ၈နာရီဝန်းကျင်အချိန်ခန့်တွင် ကလေးမြို့ တာဟန်းရပ်ကွက် နေကြာတိုက်လမ်းနှင့် ဝယ်စလီဆေးရုံလမ်း အကြား ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကင်းစခန်းများကို PDF (Kalay) တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား အနည်းဆုံး ၂ ဦးကို အသေပစ်ခတ် သုတ်သင်နိုင်ခဲ့ပြီး PDF (Kalay) တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါသည်"ဟု ကလေးPDFကထုတ်ပြန်ထားသည်။
သံလွင်ခက် - Than Lwin Khet News

ပြည်မြို့က ဇောတိကာရုံဆရာတော်ကြီး ကိုဗစ်ရောဂါကြောင့် ဘဝနက်ထံပျံလွန်တော်မူ
ဇူလိုင်လ ၂၂ရက် ၊ ၂၀၂၁။
ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့တွင်ရှိသော ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် သက်တော်(၉၃)နှစ် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ ကုဏ္ဍလဇောတိမထေရ်မြတ် သည် ၂၀၂၁ ခုနှစ်ဇူလိုင်လ ၂၁ရက်နေ့ မြန်မာသက္ကရစ် ၁၃၈၃ခုနှစ် ဝါဆိုလဆန်း ၁၃ရက်နေ့ ဗုဒ္ဒဟူးနေ့ ည (၁၁:၃၀)အချိန်ခန့်တွင် ကိုဗစ်၁၉ ရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ပါသည်။
ဆရာတော်ကြီးမှာ ဇူလိုင်လ ၁၅ရက်နေ့က ကိုဗစ်၁၉ ပိုးကို စတင်တွေ့ရှိခဲ့ပြီး ဆေးကုသမှူခံယူနေရင်း ပျံလွန်တော်မူသွားသည်ဟု ဆရာတော်ကြီး၏ ဒယိကာ တစ်ဦးက ပြည်သတင်းစဉ်ကိုပြောကြားခဲ့ပါတယ်။
#ပြည်သတင်းစဉ်

ဆိုင်ကယ်နဲ့ နာရေးပို့ရတဲ့ မင်းတပ်
~~~~~~~~~~~~
ချင်းပြည်နယ် မင်းတပ်မြို့မှာ နာရေးယာဉ်အခက်အခဲကြောင့် ဆိုင်ကယ်နဲ့ ဒီနေ့ အသုဘပို့ခဲ့ရတဲ့ မြင်ကွင်းကို တွေ့ရတာဖြစ်ပါတယ်။
RFA👇

ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာမှ ဦးသိန်းတင့်ကို စစ်ကောင်စီတပ်များက ပစ်သတ်
ရန်ကုန်၊ ဇူလိုင် ၂၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာမှ ဦးသိန်းတင့်ကို စစ်ကောင်စီတပ်များက ယမနေ့ ညနေက ပစ်သတ်လိုက်ကြောင်း ဒေသခံများကို ကိုးကား၍ Shwebo Entertainment က သတင်းဖော်ပြသည်။
KTM 👇🏻👇🏻👇🏻

ULA/AAက ရခိုင်ပြည်နယ်မှာ Stay at Home ကြေညာထားပေမယ့် စစ်ကောင်စီရဲ့ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းကတော့ မကြေညာသေးပါဘူးး။ ULA/AA ရဲ့ ကြေညာချက်အပေါ် ပြည်သူတွေဘယ်လောက်ထိလိုက်နာမှုရှိပါလဲ၊ အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကရော ဒီအပေါ်မှာ ဘယ်လိုသဘောထား ရှိပါလဲ။
#dvbtvnews #Arakan #Rakhine #AA #StayAtHome #COVID19 #WhatIsHappeningInMyanmar
https://m.youtube.com/watch?v=Ms_nb1_oDbk&feature=share&fbclid=IwAR1LaWr7QwRnrUBIqetgil0NzN1n_ABfPpfwmnWm-ClvJft40CdvYRBhmQg

YouTube
DVB - အေအေက ရခိုင်ပြည်နယ်မှာ Stay at Home ကြေညာထား
ULA/AAက ရခိုင်ပြည်နယ်မှာ Stay at Home ကြေညာထားပေမယ့် စစ်ကောင်စီရဲ့ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းကတော့ မကြေညာသေးပါဘူးး။ ULA/AA ရဲ့ ကြေညာချက်အပေါ် ပြည်သူတွေဘယ်လောက်ထိလိုက်နာမှုရှိပါလဲ၊ အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကရော ဒီအပေါ်မှာ ဘယ်လိုသဘောထား…
စစ်တပ်ထဲမှာ သာမန်ပြစ်မှုတွေကို ပုံမှန်ထက် လျော့ပေါ့ပြီး အရေးယူလေ့ရှိပါတယ်။ ဒါကြောင့် စစ်သားတွေဟာ အခြားအမှုတွေကို ကျုးလွန်ချင် ကျုးလွန်မယ်။ တပ်ကို ဆန့်ကျင်တာမျိုးတော့ မလုပ်ရဲကြပါဘူး။
ပြည်သူကို ရက်ရက်စက်စက် ပစ်သတ်လိုက်လို့ အရေးယူခံရချင်မှ ခံရနိုင်ပေမဲ့ စစ်တပ်ကိုဆန့်ကျင်ရင် သေချာပေါက်အရေးယူပါတယ်။ ဒါကြောင့်ပဲ စစ်တပ်ကို ဆန့်ကျင်ရဲသူနည်းနေတာပါ။

ဘိုကလေးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရန် ဆိုင်ကယ်တစ်စီး ၂ ယောက် စီးပါက ဖမ်းမည်
DVB
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မှာ ဇူလိုင် ၂၁ ရက်ကစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် မြို့တွင်း ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးပါက ဆိုင်ကယ်သိမ်းမယ့် အပြင် လူကိုပါ ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်နေပါတယ်။
http://burmese.dvb.no/archives/476525

burmese.dvb.no
ဘိုကလေးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရန် ဆိုင်ကယ်တစ်စီး ၂ ယောက် စီးပါက ဖမ်းမည်
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မှာ ဇူလိုင် ၂၁ ရက်ကစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် မြို့တွင်း ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးပါက ဆိုင်ကယ်သိမ်းမယ့် အပြင် လူကိုပါ ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်နေပါတယ်။ ဘိုကလေးမြို့မှာ ဇူလိုင် ၂၁ ရက်ကစတင်ပြီး…
ကန် - တရုတ် အဆင့်မြင်အရာရှိ ၂ ဦး တွေ့ဆုံမည်
အမေရိကန် ပြည်ထောင်စု ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ဟာ လာမယ် တနင်္ဂနွေနေ့မှာ တရုတ်နိုင်ငံမှာ တွေ့ဆုံကြမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က မနေ့က ပြောပါတယ်။ ၂ နိုင်ငံအစိုးတွေအကြား တင်းမာမှုတွေမြင့်လာနေချိန်မှာ အဲဒီလိုတွေ့ဆုံကြမှာဖြစ်ပါတယ်။
နောင်အခါမှာ အဆင့်မြင့်ခေါင်းဆောင်တွေ တွေ့ဆုံကြဖို့အတွက် ဒါဟာ ပထမချေလှမ်းဖြစ်တယ်လို့ သုံးသပ်သူတွေက ရှုမြင်နေကြတာပါ။
တောင်တရုတ်ပင်လယ်တွင်း တရုတ်အစိုရရဲ့ ရန်စတဲ့ လုပ်ရပ်တွေဟာ ဒီခရီးစဉ်ရဲ့ အစီအစဉ်ထဲမှာ ထိပ်ဆုံးကရှိနေတယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
နောက်ပြီးတော့ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့အကြားအငြင်းပွားနေကြတာပါ။
အာဆီယံအဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံရဲ့ဘုံသဘောတူညီချက်ငါးချက်ကို မြန်မာစစ်ခေါင်းဆောင်တွေက လိုက်နာပေးဖို့ မိမိတို့အစိုးရက တောင်းဆိုထားကြောင်း အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Henrietta Levin က ပြောပါတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာ မတရားထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ အကြမ်းဖက် ဖိနိုပ်မှုတွေရပ်တန့်ရေး နဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးတို့အတွက် မြန်မာစစ်ခေါင်းဆောင်တွေကို ဖိအားပေးရေးတို့အတွက် အာဆီယံအသင်းကြီးကို အမေရိကန် ကွန်ကရက်လွှတ်တော်အမတ်တွေ နဲ့ အစိုးရထိပ်ပိုင်းအရာရှိတွေက တောင်းဆိုနေကြောင်းပြောပါတယ်။
အမေရိကန် အာဆီယံ မိတ်ဖက်ဆက်ဆံရေး ဗွီဒီယိုအွန်လိုင်း ကဆွေးနွေးပွဲမှာ အဲဒီလိုတောင်းဆိုခဲ့တာလို့ဆိုပါတယ်။
https://burmese.voanews.com/a/us-and-chinese-diplomats-are-set-to-meet-sunday/5974808.html

မြန်မာနိုင်ငံမှာ ကိုဗစ် - 19 ရောဂါ အဖြစ်များလွန်းလာပြီး၊ ဆေးရုံတွေ အလျှင်မမီတော့တာကြောင့်၊ အိမ်မှာပဲစောင့် ကိုယ့်ဟာကိုယ်ကုသရရင်း သေဆုံးကြရသူတွေ ရုတ်တရက် မြင့်မားလာနေပါတယ်။
အခုလိုအချိန်မှာ အထူးကုသမားတော်ကြီးတွေ ဝိုင်းဝန်းပြုစုထားတဲ့ ကိုဗစ်ကုသမူညွှန်ကြားချက် (Clinical Guideline) အပေါ် အခြေခံပြီး၊ အိမ်မှာ အတတ်နိုင်ဆုံး စီမံကုသသင့်တာတွေ ရှိပါတယ်။ ပထမဆုံးတစ်ခုကတော့ လက်ရှိအများရင်ဆိုင်နေရတဲ့ အောက်ဆီဂျင် ပိုရနိုင်ရေး အထောက်အကူပြုတဲ့ မှောက်အိပ် အသက်ရူနည်းပါ။
https://burmese.voanews.com/a/healthcare-covid-home-based-care-treatment/5974876.html

ကိုဗစ်လူနာ ဆေးရုံက လက်မခံနိုင်ချိန်၊ အိမ်မှာ စီမံကုသမူ
ဇူလိုင် ၂၂၊ ၂၀၂၁ - အထူးကုသမားတော်ကြီးတွေ ဝိုင်းဝန်းပြုစုထားတဲ့ ကိုဗစ်ကုသမူညွှန်ကြားချက် (Clinical Guideline) အပေါ် အခြေခံပြီး၊ အိမ်မှာ ဘယ်လို စီမံကုသသင့်ပါလဲ။
ကိုဗစ်ကိုလည်း ကာကွယ်မယ်၊ အာဏာရှင်ကိုလည်း တော်လှန်မယ်" သရက်ချောင်းမြို့နယ်သပိတ်စစ်ကြောင်း စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ဆန္ဒပြ
ရန်ကုန်၊ ဇူလိုင် ၂၂
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းက ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေကာ "ကိုဗစ်ကိုလည်းကာကွယ်မယ် အာဏာရှင်ကိုလည်း တော်လှန်မယ်" ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ချီတက်ဆန္ဒထုတ်ဖော်ကြသည်။
KTM

စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ကာမိုင်းမြို့အဝင်ဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံး ဟုဆို
ရန်ကုန်၊ ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကားမိုင်းမြို့အဝင်၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ဂိတ်တစ်ခုအား ကာမိုင်း PDF မှာ ယနေ့ ဇူလိုင်လ နံနက် ၇ နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးသည်ဟု ဒေသခံသတင်းရင်းမြစ်များမှ ပြောသည်။
စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးစာရင်း အတိအကျကို ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဓါတ်ပုံ - မိုင်းခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီ ဂိတ်