စစ်အာဏာရှင်ဖြုတ်ချရေး အမရပူရ ကျောင်းသားပြည်သူများ ချီတက်သပိတ်မှောက်
ရန်ကုန်၊ ဇွန် ၆
ယနေ့ ဇွန်လ ၆ ရက် နေ့လယ်ပိုင်းတွင် အမရပူရမြို့နယ်၌ ဗကသများအဖွဲ့ချုပ်၊ အမရပူရမြို့နယ် ကျောင်းသားများသမဂ္ဂနှင့် ပြည်သူလူထုပူပေါင်းပြီး ပြောက်ကျားသပိတ်ပြုလုပ်ကာ စစ်အာဏာရှင် ဖြုတ်ချရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
kt

သာကေတ သုမနလမ်းမကြီးပေါ်ရှိ ဒေါ်ဖွားမေ မုန့်ဟင်းခါးဆိုင် ပေါက်ကွဲမှုဖြစ်
ရန်ကုန်၊ဇွန် ၆
ရန်ကုန်တိုင်း သာကေတ သုမနလမ်းမကြီးပေါ်က ဒေါ်ဖွားမေ မုန့်ဟင်းခါးဆိုင်မှာဒီနေ့နေ့လည် ၂နာရီခန့်က ပေါက် ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်မသိရှိရသေးပါဘူး ။
လက်ရှိပေါက်ကွဲမှုဖြစ်တဲ့ ဒေါ်ဖွားမေ မုန့်ဟင်းခါးဆိုင်မှာ နေထိုင်သူတစ်ဦးက ကြံ့ဖွတ်ပါတီ ရဲ့ အမတ်လောင်း ရွေးချယ်ခံ တစ်ဦးဖြစ်တယ်လို့သိရပါတယ်။
ဒေါ်ဖွားမေ မုန့်ဟင်းခါးဆိုင် ပေါက်ကွဲမှုက ဒုတိယအကြိမ်ဖြစ်ပြီး ပထမတစ်ကြိမ်လည်းပေါက်ကွဲဖူးတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
ပုံ - CJ
KT

Forwarded from HTY Scout Channel
သမကုန်းမီးပွိုင့်နှင့်KBZဘဏ်ကြား ဆိုင်ကယ်ဖမ်းဆီးနေ
3:00pm
3:00pm
လှေဆွဲရွာက ဒေသခံ (၄)ဦးရဲ့ အလောင်းတွေကို မနက်(၁၁)နာရီမှာ သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။ လေးဦးလုံးက ခေါင်းကို ကျည်ထိပြီး ကျဆုံးရတာပါ။
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေသခံ(၄) ဦးကိုတော့ ပုဒ်မ (၅၀၅ ) အမှုဖွင့်ထားပါတယ်။

မင်းကင်းမြို့နယ် ကြာပင် အထက ကျောင်းအား ပျူစောထီးအဖွဲ့က မီးရှို့၊ကျောင်းပြာကျ
မျက်မှောက်ခေတ် ဇွန် ၆
မင်းကင်းမြို့နယ် တောင်တွင်းဒေသ ကြာပင်အထက စာသင်ကျောင်းအား ယနေ့ နံနက် ၂ နာရီအချိန်ခန့်က ပျူစောထီးအဖွဲ့မှ မီးရှို့ခဲ့ကြောင်း ယင်းအတွက် ကျောင်းပြာကျသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရပါသည်။
မီးလောင်နေသောစာသင်ကျောင်းကိုကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပါသည်။ ထို့သို့မီးငြိမ်းနေစဥ် ကျေးရွာအတွင်းမှ စစ်ကောင်စီထောက်ခံသော အိမ်ထောင်စုများနှင့် ကျေးရွာအုပ်ချုပ်ရေးမှုးဆိုသူတို့မှာလည်းလာရောက် မီးငြိမ်းခြင်းမပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ယခုလို မီးလောင်မှု မဖြစ်ခင် သုံးရက်လောက်က ကျေးရွာအတွင်း စကစ ထောင်ခံသူများနှင့် ကြာပင်ကျေးရွာ အုပ်ချုပ်ရေးမှုးတို့သည် လျှိုဝှက်အစည်းဝေးပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အသေစိတ်ကိုတော့ မသိရှိရသေးပါ။
ရွှေဇွန်ညို
(မျက်မှောက်ခေတ်သတင်းဌာနသည် ရန်ကုန်ခေတ်သစ် ၏ မဟာမိတ်သတင်းဌာနဖြစ်သည်)

တောင်တွင်းကြီးမြို့ ၌ ကျောင်းသားများကို ဖုန်းဆက်ခြိမ်းခြောက်ပြီး ကျောင်းတက်ခိုင်းနေ
DVB
အထက(၁) မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ အ.ထ.က (၁) ကျောင်းမှာ ကျောင်းအပ်ပြီး ကျောင်းမတက်တဲ့ ကလေးတချို့ရဲ့မိဘတွေဆီကို ဖုန်းဆက်ပြီး ကလေးတွေကို ကျောင်းတက်ခိုင်းဖို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဒေသခံ ကျောင်းသားမိဘတွေက ပြောပါတယ်။
ကျောင်းသားမိဘတစ်ဦးက ''ကျနော့်ကလေးကို ကျောင်းသွားအပ်စဉ်က ဖုန်းနံပါတ်ပေးခဲ့ရတယ်။ ကလေးကို ကျောင်းအပ်ပြီး စိတ်မချလို့ ကျောင်းမတက်ခိုင်းတာ။ ယောက်ျားသံနဲ့ အ.ထ.က (၁) ပါဆိုပြီး ဖုန်းဝင်လာတယ်။ ကလေးကို ကျောင်းလွှတ်မှာလား၊ ရဲစခန်းသွားမှာလားလို့ မေးတယ်။ ကျနော်က အခုဖုန်းဆက်တဲ့သူရဲ့ အမည်နဲ့ရာထူး ပြောပါလားလို့ ပြန်မေးလိုက်တော့ ဖုန်းချသွားတယ်။ ကျနော့်အိမ်နားက ကျောင်းသားမိဘတွေဆီကိုလည်း ဖုန်းဆက်ပြီး အခုလို ခြိမ်းခြောက်ခံရတယ်လို့ သိရတယ်။ ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်'' လို့ ပြောပါတယ်။
အ.ထ.က (၁) ကျောင်းမှာ အခုနှစ် ကျောင်းတက်တဲ့ ကျောင်းသား၊ ကျောင်းသူ ဦးရေဟာ အရင်နှစ်ထက် ၅ ပုံ ၁ ပုံတောင် မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တိုကျိုတွင် PDF ရန်ပုံငွေဖလား ဘောလုံးပြိုင်ပွဲကျင်းပ
DVB
ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရန်ပုံငွေဖလားဘောလုံးပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မိဇုနိုဖူဆယ်ကွင်းမှာ ဇွန် ၆ ရက်က စတင်ကျင်းပပါတယ်။
ဂျပန်ရောက် ဘောလုံးချစ်သူ မြန်မာနိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားအသင်း ၄၁ သင်းနဲ့ အမျိုးသမီးအသင်း ၄ သင်း ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။
http://burmese.dvb.no/archives/468359
#DVB #News #PDFရန်ပုံငွေ #တိုကျို #ဘောလုံးပြိုင်ပွဲ

မန္တလေးက သံဃာတော်များ မြန်မာပြည် အမြန်အေးချမ်းစေရေး နေ့စဥ်ပရိတ်ရွတ်ဖတ် ဆုတောင်းမှုပြုလုပ်
ဧရာဝတီတိုင်းမ်။
(မန္တလေး)၊ဇွန်လ ၆ ရက်။
မန္တလေးတိုင်းဒေသကြီး သံဃသမဂ္ဂမှ သံဃာတော်များက မြန်မာပြည်သူပြည်သားများ ဆင်းရဲဒုက္ခအပေါင်းမှ အမြန်လွတ်မြောက်စေရေး၊ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်စေရေးတို့အတွက် ယနေ့တွင်လည်း ပရိတ်တရားတော်များ ရွတ်ဖတ်ကာ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- CJ
#Ayeyarwaddy_Times

Forwarded from 36Myanmar
"မော်လမြိုင်-ဘားအံလမ်းမကြီး ခရုံဂူအနီး ကား၁စီးစလစ်ဖြစ်ပြီး မြောင်းထဲထိုးကျ "
ကျိုက်မရောမြို့နယ် ၊မော်လမြိုင်-ဘားအံလမ်းမကြီး ခရုံဂူအနီးကား၁စီး စလစ်ဖြစ်ထဲထိုးကျသွားရာ ကားပေါ်ပါသူ ၄ဦးတွင် ကလေး၁ဦးအနည်းငယ်ထိခိုက်ဒဏ်ရာရာရရှိ
ခဲ့ကြောင်းသိရပြီးဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည်။
#36Myanmar

Forwarded from Mratt's Channel
ဒီနေ့ည ၇ နာရီ Mratt's Channel ဖေ့စ်ဘွတ် စာမျက်နှာမှာ ထုတ်လွှင့်သွားပါမယ်။
Forwarded from Zalen
ဟားခါးမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေနေအိမ်ကို အကြမ်းဖက်သမားတွေကဖောက်ထွင်းပြီး ပစည်းတွေခိုးယူ
========
ဟားခါးမြို့နယ် ကျေးရွာ ၇ ရွာက စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်ကို ဖောက်ထွင်းဝင်ရောက်ကာ ပစည်းတွေခိုးယူသွာကြတယ်။