MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Mpox ကျောက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်ခြင်း
(၂၅-၈-၂၀၂၄)
Forwarded from The Irrawaddy - Burmese
ရှမ်းနဲ့ ရခိုင် မှတ်ပုံတင်တွေ ကားလက်မှတ် မရောင်းပေး (ရုပ်/သံ)

မိုးသောက်၊ ဩဂုတ် ၂၅၊ ၂၀၂၄

အဝေးပြေးကားဂိတ်တွေက ရခိုင်၊ ရှမ်း၊ ပလောင်နဲ့ ကိုးကန့်လူမျိုးတွေကို လက်မှတ်မရောင်းပေးတော့ဘူးလို့ ကြေညာထားပါတယ်။

၁၁ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ရခိုင်လူမျိုးတွေ၊ ၁၃ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ရှမ်းပြည်နယ် ထဲက "ဝ" ၊ ကိုးကန့် နဲ့ ပလောင်လူမျိုးတွေကို အခုရက်ပိုင်း မှာ လက်မှတ်ရောင်းချမှုမရှိတော့တာလို့ ကားလက်မှတ်အရောင်းဌာနတွေ ဆီကနေသိရပါတယ်၊၊

စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေအားကောင်းတဲ့ ပဲခူး၊ စစ်ကိုင်းနဲ့ မကွေး မှတ်ပုံတင်နံပတ်တွေဖြစ်တဲ့ ၇မျဉ်းစောင်း၊၅မျဉ်းစောင်းနဲ့ ၈မျဉ်းစောင်း တွေကိုလည်း အရင်တတည်းက တင်းကြပ်နေတာဖြစ်ပြီး အခု ရှမ်းနဲ့ ရခိုင်ပြည်နယ် မှတ်ပုံတင်တွေကို ထပ်မံ တင်းကြပ်လိုက်တာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက သူတို့ လက်လွတ်လိုက်ရတဲ့ မြို့တွေကို လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ စစ်ဘေးရှောင်နေရချိန်မှာ အခုလိုကူးသန်းသွားလာ ခွင့်ပိတ်ပင်ခံ လိုက်ရတာဖြစ်ပါတယ်၊၊

https://youtu.be/OMhOx3JS508
#မြန်မာ #ဧရာဝတီ #ကားလက်မှတ် #ရှမ်း #ရခိုင် #ပလောင် #ကိုးကန့် #မှတ်ပုံတင်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
မျက်မှောက်ခေတ်မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် တော်လှန်ပြည်သူတစ်ဦး၏ ကြေညာစာတမ်း

ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်
Forwarded from Click For BPLA
ကိုနိုဗန်ထူး - အိုကေဗျာ။ ကျနော်ရဲ့မေးခွန်းကတော့လုံလောက်သွားပြီ။ အဲ့တော့ ပြည်သူတွေ ဘာမေးမလဲဆိုတဲ့ဘက်ကို ကျနော်နည်းနည်းလေး လှည့်လိုက်မယ်။ အဲ့တော့ ပထမဆုံးတစ်ခုက လက်နက်ကိုင်ပြီး ရမ်းကားနေတဲ့သူတွေအတွက်ကရော ဘယ်ကောင်ကအဖြေဖြစ်မလဲပေါ့ ဘယ်လို solution မျိုးရှိမလဲပေါ့။ လက်နက်ကိုင်ပြီး ရမ်းကားနေတယ်ဆိုတာ တခါတလေကျရင် ပြည်သူကို ပြန်ပြီးတော့ အနိုင်ကျင့်တဲ့ဟာမျိုးတွေ၊ ကျနော်တို့ အဲ့လိုသတင်းမျိုးတွေ၊ ပဋိပက္ခတွေကို ကြားရတယ်ပေါ့နော်။ လူတွေက ပြန်ပြီးဆန္ဒပြတယ်။ အဲ့လိုမျိုးတွေရော ကိုဆောင်းခအနေနဲ့ ဘယ်လိုအမြင်မျိုးရှိလဲပေါ့ ဒီဟာအတွက်ရော ဘယ်လိုမျိုးပြောချင်လဲပေါ့။

ကိုဆောင်းခ - ကျနော်ပြောခဲ့တာရှိတယ်လေ။ လက်နက်ကိုင်ရတာ အရသာရှိတယ်ဆိုတာ။ လက်နက်ကိုင်ထားရတဲ့သူ၊ ပါဝါရှိတဲ့သူဟာ အဲ့ဒီဟာကို ထိန်းကျောင်းနိုင်စွမ်း မရှိရင် မျောသွားပြီးတော့ နောက်ထပ် အာဏာရှင်ပေါက်စတွေ ဖြစ်လာနိုင်ချေ ပိုများတယ်။ အဲ့ဒါကြောင့်မလို့ ကျနော်တို့ လက်နက်ကိုင်ဖို့စဉ်းစားတဲ့အခါမှာ အရင်ဆုံး စိတ်ခံစားချက်က စတာကို။ အာ…ငါ့ညီကျသွာပြီ။ ငါ့အကို ပစ်ခံလိုက်ရပြီ။ ငါ့သူငယ်ချင်းတော့ လမ်းပေါ်မှာ ခေါင်းပွင့်သွားရပြီ။ ဒီမအေလိုးတွေကိုတော့ ပြိုင်ဝိုက်မှရမယ်။ ဒီကောင်တွေကိုတော့ ဆန္ဒပြနေရုံနဲ့မပြီးဘူး။ ဓားကိုဓားချင်း၊ လျှံကိုလျှံချင်း၊ သေနတ်ကိုသေနတ်ချင်း ထုတ်ပြီးတော့ ချရမယ်ဆိုတာမျိုးနဲ့ လူငယ်တွေက လက်နက်ကိုင်ဖို့ တောထဲရောက်လာကြတာပဲဖြစ်တယ်။ ဒါကနံပါတ်(၁) စိတ်ခံစားချက်ဖြစ်တယ်။ စိတ်ခံစားချက်ပေါ်မှာ အခြေခံရတာဖြစ်ပါတယ်။ ဒါနဲ့စရတာပေါ့။
အဲ့ဒီကနေမှတဆင့် တကယ်လက်နက်ကိုင်ရတော့မယ် ဆိုရင်တော့ အဲ့မှာ ကျင့်ဝတ်တွေရှိလာတယ်၊ principal ‌တွေ ရှိလာတယ်၊ စံတန်ဖိုးတွေရှိလာတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ ဒီစိတ်ခံစားချက်တခုတည်းပေါ်မှာပဲ အခြေခံပြီးတော့ အတွေးအခေါ်ပေါ်အခြေခံသော တော်လှန်ရေးကို မပြောင်းလဲလိုက်နိုင်ဘူးဆိုရင် အန္တရာယ်များတယ်။ ဆိုတော့ တော်လှန်ရေးရဲ့ အစပိုင်းမှာ အတွေးအခေါ်ကြောင့်မဟုတ်ဘဲ များသောအားဖြင့် လူငယ်တွေဟာ စိတ်ခံစားချက်အပေါ် အခြေခံပြီးတော့ပဲ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ကြတာကို။ အဲ့ဒီစိတ်ခံစားချက်အပေါ် အခြေခံတဲ့ တော်လှန်ရေးကနေ အတွေးအခေါ်ပေါ် အခြေခံသော တော်လှန်ရေးအဖြစ် ကျနော်တို့က ပြန်ပုံသွင်းယူဖို့ လိုတယ်။ ဒါကလည်း တနှစ်၊ နှစ်နှစ်လောက်အတွင်းမှာ လုပ်ဖို့လိုအပ်တယ်။ အခုလက်နက်နဲ့ အရမ်းအသားကျပြီးတော့ ပျော်ဝင်နေတဲ့အချိန်ကျမှ အတွေးအခေါ်ကို ပြန်ပြောင်းဖို့ မလွယ်တော့ဘူး။ အဲ့ဒါကလေ နဂိုကတည်းက လက်နက်ကို သူတို့လက်ထဲ မအပ်ခင်ကတည်းကပင် သူတို့ဟာ ငါတို့လုပ်ရတဲ့ဟာသည် ဒီလိုမျိုးပေါ့နော်...

👉 ကော်ဖီသောက်ရင်း တော်ကီရောင်း အပိုင်း (၃) by နိုဗန်ထူး၊ မောင်ဆောင်းခ
👇
https://ouo.io/DPtukXT
Media is too big
VIEW IN TELEGRAM
သက်တံ့တစင်း၏ တံပိုးခရာ
(ကေဇဝင်း)

ရွတ်ဆိုသူ | မင်းဟန်ထက်
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from The Irrawaddy - Burmese
သပိတ်ကျင်းကို PDF သိမ်း၊ ဒု ဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းထား

ဧရာဝတီ၊ ဩဂုတ် ၂၆၊ ၂၀၂၄

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့အား အမျိုးသားညီ ညွတ်ရေး အစိုးရ (NUG) လက်အောက်ရှိ အမှတ် ၁ စစ်ဒေသနှင့် ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူကို ဖမ်းဆီးရမိထားကြောင်း ယနေ့ ထုတ်ပြန်သည်။

သပိတ်ကျင်းမြို့ကို ဩဂုတ် ၁၇ ရက်က စ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဩဂုတ် ၁၉ ရက်တွင် မြို့အား တိုက်ခိုက်သိမ်းပိုက် နိုင်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ဦးတောင်စေတီသို့ ဆုတ်ခွာသွားသဖြင့် ဆက် လက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ဩဂုတ် ၂၅ ရက်တွင် သိမ်းနိုင်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် ဗုံးသီးအလုံး ၇၀ ကျော်ကြဲချခြင်း၊ Y-12 ဖြင့် ဗုံးသီး ၁၅၀ ကျော် ကြဲချတိုက် ခိုက်၍ Mi-35 ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုသို့ လေကြောင်းတိုက် ခိုက်မှုများ အပြင်းထန်လုပ်ဆောင်သည့်ကြားမှ မြို့ကို သိမ်းနိုင်ခဲ့ခြင်းဖြစ်ကာ လက်နက်မျိုးစုံ ၆၈ လက်၊ ကျည်မျိုးစုံ ၁၈၆၆၉ တောင့်၊ ဗုံးသီးမျိုးစုံ ၄၂ လုံး၊ RPG ဒုံးသီး ၃၆ လုံး၊ Jammer ၃ လုံး၊ ဆက်သွယ်ရေးစက် ၁ ခုနှင့် အခြားလူသုံးကုန် စက်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း အမှတ် ၁ စစ်ဒေသက ပုံများနှင့်တကွ ထုတ်ပြန်သည်။

သပိတ်ကျင်းရှိ စစ်ကောင်စီတပ်စခန်းများကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ- အမှတ် ၁ စစ်ဒေသ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရုရှားသွားပြန်

ဧရာဝတီ၊ ဩဂုတ် ၂၆၊ ၂၀၂၄

စစ်ကောင်စီ ရှုံးနိမ့်နေချိန် ရှရှားနိုင်ငံအနေဖြင့် စစ်ရေးအကူအညီများပေးရန် တောင်းဆိုခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီသည် ရှရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပမည့် International Municipal BRICS Forum(2024) သို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီအနေဖြင့် ဇူလိုင် ၃၀ ရက်က နေပြည်တော်ဌာနချုပ်၌ ပြုလုပ်ခဲ့သည့် နိုင်ငံတကာ သတင်းအေဂျင်စီ Rossiya Segodyna ၏ အာဆီယံသတင်းထောက်နှင့်တွေ့ဆုံဆွေးနွေးရာတွင် ရှရှားက မြန်မာပြည်တွင်းပဋိပက္ခကို အကြမ်းဖက်မှုအဖြစ် လက်ခံပြီး ပူးပေါင်းပါဝင်တိုက်ခိုက်ပေးရန် တောင်းဆိုခဲ့မှုကို ရှရှားသတင်းဌာနတခုဖြစ်သည့် SPUTNIK ဩဂုတ် ၄ ရက်က ထုတ်ပြန်ခဲ့သည်။

ရှရှားနိုင်ငံမှ စစ်ရေးအကူအညီပေးရန် တောင်းဆိုခဲ့ရာတွင် “အရေးကြီးတဲ့ပြဿနာက အကြမ်းဖက်နှိမ်နှင်းရေးပေါ့၊ အကြမ်းဖက်မှုနှိမ်နှင်းရေးအတွက် တာဝန်ရှိတဲ့ လူတွေနဲ့ အဖွဲ့အစည်း အချင်းချင်း ပိုပြီး နီးနီးစပ်စပ် နီးနီးကပ်ကပ် ဆောင်ရွက်ပေးဖို့ သင့်ပါတယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ် သည်။

ဓာတ်ပုံ- USDP
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၂၆)ရက်

၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည်
သပိတ်ကျင်းမြို့နယ် ၊ ကွင်း(၅၀၀)တွင် အခြေပြုလှုပ်ရှားလျက်ရှိသော စစ်ကောင်စီတပ်စခန်းကို ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၂၅)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိရခဲ့သည်။

၂။ ကွင်း(၅၀၀)တပ်စခန်းရှိ ဗိုလ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးသော စစ်ကောင်စီ အင်အား(၄၀၀)ခန့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၅)ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း(၂၀)ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။

၃။ ကွင်း(၅၀၀)တပ်စခန်းမှ ရန်သူ့လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့သည်။

၄။ ကွင်း(၅၀၀)တပ်စခန်းတိုက်ပွဲများတွင် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း ပေးဆပ်မှုအချို့ ရှိခဲ့သည်။

၅။ ယခုအခါ မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ၏ ဗျူဟာမြောက်တပ်စခန်းများ အပါအဝင် စခန်းငယ်များအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

စစ်ဦးစီးအဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

#MDY_PDF
#1027_Part2
#Thabeikkyin
Forwarded from RSN WEB
DAILY HIGHLIGHTS (25 Aug 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


မောင်တော တိုက်ပွဲပြင်းထန်၊ မြို့ကို အလုံးစုံထိန်းချုပ်နိုင်တော့မည်ဟု AA ကြေညာ – TI

သံတွဲရှိ မောင်ရွှေလေးရေတပ်ကို AA ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ – AT

အင်းတော်မြို့ရဲစခန်း၊ နဘားလမ်းဆုံနှင့် နဘားရွာဘုန်းကြီးကျောင်းရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်၊ ရဲစခန်း အချူပ်ခန်းမှ အချုပ်သား ၁၆ ဦးထက်မနည်းကို ကယ်ထုတ် – KT

KIA သိမ်းထားသည့် မိုးမောက်မြို့ကို စစ်ကောင်စီ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြန်ဖြစ် – DVB

မိုင်းရယ်မှာ စစ်ကောင်စီတပ်နဲ့ MNDAA စစ်ရေးတင်းမာနေ – RFA

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

“ဝ”ဒေသမှာ နယ်စပ်ဂိတ်ကနေ ကုန်စည်သယ်ယူခွင့် တရုတ်ကန့်သတ် – RFA

📰 စီးပွားရေးထူးခြားသတင်းများ

၃ ရက်အတွင်း စစ်ကောင်စီက ဒေါ်လာ သန်း ၁၂၀ ထုတ်ရောင်း – DVB

#rangoonscoutnetwork
Forwarded from Development Media Group
နိုင်ငံကို မူလအခြေအနေ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်သွားမည်ဟု စစ်ခေါင်းဆောင်ပြော

DMG ၊ ဩဂုတ် ၂၆

မြန်မာနိုင်ငံတဝန်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများပြင်းထန်နေသော်လည်း နိုင်ငံကို မူလအခြေအနေအတိုင်း ပြည်လည်ရောက်ရှိအောင် လုပ်ဆောင်သွားမည် စစ်ခေါင်းဆောင်က ပြောသည်။

ဩဂုတ် ၂၅ ရက်က မန္တလေးတိုင်း စစ်ကောင်စီအဖွဲ့နှင့် တွေ့ဆုံရာတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိဖို့အတွက် လုပ်ဆောင်သင့်တာတွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်။ အဲဒီလိုလုပ်ဆောင်နိုင်ဖို့ နိုင်ငံတော်နဲ့ လူမျိုးအပေါ် အမှန်တကယ် နားလည်သူတွေရှိပြီး ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိဖို့ လိုတယ်” ဟု ပြောသည်။

ထို့ကြောင့် ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်၍ ပြည်သူပါသည့်လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြည်သူ့လုံခြုံရေးစနစ်တွင် ပြည်သူများပါဝင်လျှင် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုများ ကောင်းမွန်လာနိုင်ကြောင်း ဆိုသည်။

ထိုမှသာ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပြီး ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက်ရပ်တည်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ပြောသည်။

ရခိုင်နိုင်ငံရေးသမားတစ်ဦးက “အခု နိုင်ငံအနှံ့မှာ တိုက်ပွဲဖြစ်နေတာက အာဏာသိမ်းမှုရဲ့ အကျိုးဆက်ဖြစ်တယ်။ ဆိုတော့ နိုင်ငံကို အရင်အတိုင်းဖြစ်ဖို့ဆိုရင် စစ်ကောင်စီအနေနဲ့ အာဏာကို စွန့်လွှတ်ရမယ်။ အဲဒီလိုမဟုတ်ရင် စစ်ကောင်စီကို တော်လှန်ရေးအဖွဲ့တွေက ဆက်လက်ချေမှုန်းနေမှာပဲ” ဟု ပြောသည်။

“နောက်တစ်ခုက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်။ သူတို့တွေက အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက ရှိနေတဲ့ အဖွဲ့တွေဖြစ်တယ်။ အဲဒီအဖွဲ့တွေရဲ့ တော်လှန်ရေးရည်မှန်းချက်တွေ ပြည့်ဝဖို့ လိုတယ်။ အဲဒီလိုမှပဲ နှစ်ပေါင်း ၇၀ ကျော်ကြာလာတဲ့ ပြည်တွင်းစစ်မီးတွေလည်း ငြိမ်းသွားမှာ ဖြစ်တယ်” ဟု သူက ဆက်ပြောသည်။

လက်ရှိတွင် ရခိုင်၊ ချင်း၊ ရှမ်း၊ ကချင်၊ ကရင်၊ စစ်ကိုင်း၊ မန္တလေး စသည့်ဒေသများ၌ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မြို့ပေါင်း ၇၆ မြို့ထိ ရှိလာသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ သန်းခန့် ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ဩဂုတ် ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း စစ်ရေးပဋိပက္ခအပြင် စီးပွားရေးကျဆင်းခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းတို့ကြောင့် မြန်မာပြည်သူများမှာ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရသည်။

ပုံစာ - ဩဂုတ် ၂၅ ရက်တွင် စစ်ခေါင်းဆောင်နှင့် မန္တလေးတိုင်း စစ်ကောင်စီအဖွဲ့တို့ တွေ့ဆုံစဉ်။ ဓာတ်ပုံ - CINCDS

DMG သတင်းများကို ကြည့်ရှုရန် >>>

t.me/dmgarakannews
www.dmgburmese.com/
www.youtube.com/@DMGarakannews

English Edition >>>

https://www.dmediag.com/
https://x.com/DMGEnglish
https://www.facebook.com/dmgenglishversion/
Forwarded from Kantarawaddy Times
လက်နက်ကိုင် လူထုများပြားတာက ရဲလုပ်ငန်းစဥ် ဆောင်ရွက်တဲ့အခါ အခက်အခဲဖြစ်စေတယ်လို့ KSP ဆို

ကန္တာရဝတီတိုင်း(မ်)

Website တွင်ဖတ်ရန် - https://www.kantarawaddytimes.org/9cbm

မှုခင်း အရေအတွက်များလာတဲ့ ကရင်နီပြည်မှာ တရားဥပဒေစိုးမိုး‌ရေး လုပ်ငန်းဆောင်ရွက်တဲ့အခါ ပြည်သူလူထုကြားထဲ အလွယ်တကူ လက်နက်ကိုင်ဆောင်ခွင့်ရနေတာတွေက ကရင်နီပြည်ရဲ KSP အတွက် စိန်ခေါ်မှုတစ်ခုဖြစ်စေတယ်လို့ KSP သတင်းနှင့်ပြန်ကြား‌ရေးတာဝန်ခံ ကိုဘိုဘိုက ပြောပါတယ်။

“ ကျနော်တို့က အခုမှစဖွဲ့တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် လူအင်အား၊ လက်နက်အင်အားပြည့်စုံမှုက ရှိသင့်သလောက်မရှိသေးဘူး‌ပေါ့နော။ ကျနော်တို့ ဖမ်းမဲ့ တရားခံတွေက လက်နက်တွေ ဘာ‌တွေကိုင်ထားမယ်ဆိုလို့ရှိရင် ကျနော်တို့ တော်‌‌တော်သတိထားရမယ်ပေါ့နော။ ကျနော်တို့ အပေါ် ပြန်ပြီးတော့ အန္တရာယ် ပြန်ရှိလာနိုင်တာမျိုးပါ။ အခု တော်လှန်ရေးကာလဖြစ်လို့ လူတိုင်းက လက်နက်ကိုင်ပြီးတော်လှန်နေကြတာဖြစ်တဲ့အတွက် အဲ့အပေါ်မှာ တချို့က အခွင့်ကောင်းယူပြီးမှ မကောင်းတဲ့နေရာမှာ အသုံးချတာ အဲ့လိုပုံစံမျိုးလေးပါ။ ” လို့ ကိုဘိုဘိုက ပြောပါတယ်။

တော်လှန်ရေးကာလထဲ ကရင်နီပြည်မှာ အာဏာသိမ်းကာလတွင်း ဖွဲ့စည်းထားတဲ့ KNDF၊ PDF အပါအဝင် ရှိနှင့်ပြီးသား လက်နက်ကိုင်တပ်ဖွဲ့တွေ ၅ဖွဲ့ထက်မနည်းရှိနေပါတယ်။ အဲဒီ လက်နက်ကိုင် အဖွဲ့တွေ အများစု ထဲမှာလည်း ဒေသခံ လူထုတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

၃နှစ်အတွင်းမှာ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေမှာ ရဲစခန်း (၁၄) ခု၊ လုံခြုံရေးရဲကင်း(၁၃)ခု နဲ့ မြို့နယ်ရဲဌာနရုံး(၅) ခုကိုလည်း ဖွဲ့စည်းထားပေမယ့် ရဲ ဝန်ဆောင်မှု လုပ်ငန်းစဥ်တွေ ဆောင်ရွက်ဖို့အတွက် KSP တပ်သားတွေရဲ့ အရေအတွက်ဟာ လိုအပ်တာထက် လျော့နည်းနေတယ်လို့ ကိုဘိုဘိုက ပြောပါတယ်။

“အမှန်တစ်ကယ် ကျနော်တို့ပြည်နယ်ရဲ့ အနေထားအရ အနည်းဆုံး KSP ကလူဦးရေ ၁၀၀၀ လောက်လိုတယ်ပေါ့နော။ ဒါပေမဲ့ အခုကျနော်တို့က ၅၀၀ ကျော်ပဲ ရှိသေးတယ်” လို့ ကိုဘိုဘိုက ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေကလွှဲပြီး သာမာန်လူထုတွေ လက်နက်ကိုင်ဆောင်ခွင့် မရအောင်ကိုလည်း သင့်တော်တဲ့ လက်နက်ထိန်းချုပ်ရေး ဥပဒေတစ်ခု ရှိဖို့လိုတယ်လို့ ကိုဘိုဘိုက ပြောပါတယ်။ ဒီ့အတွက်လည်း လက်နက်ကိုင်အဖွဲ့အစည်း၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC နဲ့ KSP တို့ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ ပြောပါတယ်။

၃နှစ်အတွင်း KSP အနေနဲ့ အမှုပေါင်း ၅၂၀ကို အရေးယူဆောင်ရွက်နိုင်ခဲ့ပြီး မူးယစ်ဆေးဝါးအမှုက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ကရင်နီပြည် ရဲဌာန (KSP) ဖွဲ့စည်းပြီး ၃ နှစ်အတွင်း ဖမ်းဆီးရမိပြီး အမိန့်ချအရေးယူပြီးစီးတဲ့ မူးယစ်ဆေးဝါး ၇သောင်းကျော်ကို ဩဂုတ်လ ၂၅ ရက်နေ့မှာ ပြုလုပ်သွားတဲ့ KSP ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အခမ်းအနားမှာ မီးရှို့ဖျက်ဆီးခဲ့တာရှိပါတယ်။

KSP အဖွဲ့ဝင်တွေအနေနဲ့လည်း ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို အရေးယူဆောင်ရွက်နေတယ်လို့ ကိုဘိုဘိုက ပြောပါတယ်။ ကရင်နီပြည်ရဲဌာန(KSP)ကို အာဏာရှင်စနစ်ဆန့်ကျင်ပြီး ပြည်သူလူထုတွေကို ဗဟိုပြုကာ ဖက်ဒရယ်ကိုအခြေခံတဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၂၁ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

-------------------------------------------------------
Kantarawaddy Times Mobile App ဒေါင်းလုဒ် လုပ်ရန် - https://bit.ly/3MAz6el
Telegram - https://t.me/+TdI_wMuy0TAwYWZl
Website (Bur) - www.kantarawaddytimes.org
(Eng) - www.ktnews.org
Facebook (Bur) - www.facebook.com/KantarawaddyTimes
(Eng) - www.facebook.com/ktimeseng
Twitter - www.twitter.com/KantarawaddyTim
Youtube - www.youtube.com/user/MrKtimes
Soundcloud - soundcloud.com/kantarawaddy-times
Forwarded from Chin World Media
ချင်းပြည်ကောင်စီ (CC) နဲ့ချင်းညီနောင်အဖွဲ့ (CB) အကြားတွေ့ဆုံမှုမျိုး မဟုတ်သေးဘဲ
(CMI) နဲ့ တစ်ဖွဲ့ခြင်း တွေ့ဆုံဖို့သာဖြစ်သေးတယ်လို့ သိရ

ဩဂုတ်လ ၂၆ ရက်။

ချင်းပြည်ကောင်စီ (CC)နဲ့ချင်းညီနောင်အဖွဲ့ (CB) အကြားတွေ့ဆုံမှုမျိုး မဟုတ်သေးဘဲ Crisis Management Initiative (CMI) နဲ့ တစ်ဖွဲ့ခြင်း တွေ့ဆုံပြီး အချက်အလက်စုဆောင်းတဲ့ အခြေအနေမျိုးသာ ဖြစ်သေးကြောင်း ချင်းညီနောင်အဖွဲ့ ပြောရေး
ဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကပြောပါတယ်။

Crisis Management Initiative (CMI) နဲ့ ချင်းညီနောင်ပါဝင်တဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC )အပါအဝင် ချင်းပြည်ကောင်စီ (CC) တို့နဲ့ တစ်ဖွဲ့ခြင်း ဆွေးနွေးတိုင်ပင်တာကို အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ သြဂုတ်လ တတိယအပတ်ထဲ တွေ့ဆုံဖို့ ကနဦးရည်မှန်းထားပေမယ့် တွေ့ဆုံမယ့် ရက်ကို နှစ်ဘက်အဖွဲ့က ရက်ပြန်ရွှေ့လိုက်တယ်လို့လည်း သိရပါတယ်။
မြင်ကွင်းကျယ်မှတ်စုများ (၁၁၉)

စစ်ကောင်စီ လက်လွှတ်လိုက်ရသည့် တရုတ်စီမံကိန်းများ

__________________________

ရှမ်းမြောက်နဲ့ ဆက်စပ်ဒေသတွေအပြင် ရခိုင်ဒေသမှာပါ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအများအပြားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်လာပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာ ဒီအကြောင်းအရာကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။



ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။

ဝက်ဘ်ဆိုက်တွင်လည်း ဖတ်ရှုနိုင်ပါသည်။

https://youtu.be/tMMOJ7KTYSM