MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
BBC က ကိုဝေဖြိုး နဲ့ NUG က ဒေါက်တာဆာဆာ အင်တာဗျူးအောက်မှာ နု-ပိတ်တွေအုပ်စုလိုက် ဟောင်နေတာတွေ့ရတယ် (ဒီကောင်တွေကြည့်နေကြ စကစရဲ့ လော်ဘီမီဒီယာတွေဖြစ်တဲ့ MRTV MWD လိုမျိုး NUG ရဲ့ NUG Radio တို့ PVTV တို့လို တဖက်ပိတ်လော်ဘီမီဒီယာတွေနဲ့ ယှဉ်ကြည့်နေသလားမှတ်ရတယ်)

အဲ့တာနဲ့ significant comments တချို့ကို (တတိယနိုင်ငံမှာခိုလှုံနေကြတဲ့) နီ-ပိတ် နု-ပိတ်တွေ သိပ်အထင်ကြီး အားကျရတဲ့ အမေဒိကန် သမ္မတများနဲ့ အင်တာဗျူးပုံတချို့ကို တွဲတင်ပေးလိုက်ပါတယ်

နီ-ပိတ် နု-ပိတ်တွေ ဒီအင်တာဗျူးကနေရလိုက်တာဆိုလို့ သတင်းသမားရဲ့ behavior တချို့ကိုသာ one sided highlight အဖြစ် အဆိုးမြင်အပြစ်တင်သွားတာပါ

ဒေါက်တာဆာဆာပြန်ဖြေတဲ့ အဖြေတွေရဲ့ ၇၀% လောက်က BBC မေးခွန်းတွေအပေါ် မထင်ဟပ် မထိရောက်သလို ကျန် ၃၀% လောက်ကလည်း မီဒီယာတကာက ဒေါ်ဇင်မာကိုပဲမေးမေး ကိုမိုးဇော်ဦးကိုပဲမေးမေး ဒီအဖြေတွေပဲ ထပ်နေတယ်ဆိုတာ နု-ပိတ်နဲ့ နီ-ပိတ်မဟုတ်သူတွေ ပိုသိပါလိမ့်မယ်😉


အင်တာဗျူးအပြည့်အစုံကြည့်ချင်ရင်👇
https://www.youtube.com/watch?v=IccChP2FBa0



“တစ်ဖက်ပိတ်အစွန်းရောက် တစ်ပါတီအာဏာရှင် အတွေးအခေါ်နဲ့ ဝါဒများ

စ-စ်အာ-ဏာ-ရှင်စနစ်နဲ့အတူ အမြစ်ဖြတ်ကြ လူထုတစ်ရပ်လုံး ပါဝင်ကြ”
MSI - MYANMAR SOCIETY INFORMATIONS
တစ်နှစ်ကျော်ကြာသည့်တိုင် တရားမျှတမှုမရရှိသေးသည့် ထိုင်းနိုင်ငံမဲဆောက်မြို့က CDM ဆရာမ၏ (၅)နှစ်အရွယ် သမီးငယ်တစ်ဦးအား NLD အလုပ်အမှုဆောင်တစ်ဦးမှ သက်ငယ်မဒိန်းမှုမြောက်စေခဲ့သည့်ကျုးလွန်မှုကို NLD တာဝန်ရှိသူတချို့နှင့် NUG ဝန်ကြီးဌာနများပူးပေါင်းပြီး ဖုံးကွယ်ပေးခဲ့ကြသည့်…
NLD NUG မှ အဖွဲ့ဝင်ခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ကျူးလွန်ထားခဲ့တဲ့ အထင်ရှားဆုံး လိင်အကြမ်းဖက်နှောက်ယှက်မှု နှစ်ခုဖြစ်တဲ့ မဲဆောက်ကသက်ငယ်မဒိန်းမြောက်စေခဲ့သည့် NLDပါတီဝင်၏ကျူးလွန်မှုနဲ့ NUG အိန္ဒိယကိုယ်စားလှယ်၏ အဖွဲ့ဝင်အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ကျူးလွန်မှု နှစ်ခုအနက် ပထမဆုံးခြေလှမ်းအဖြစ် အိန္ဒိယကိုယ်စားလှယ်အမှုဟာတော့ အောင်မြင်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်

ထုတ်ပယ်တာတစ်ခုထက်ပိုတဲ့ကျန်ခြေလှမ်းများကိုလည်း တော်လှန်ပြည်သူတစ်ရပ်လုံးက မျက်ခြည်မပြတ် ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်

နောက်တစ်မှုဖြစ်တဲ့ မဲဆောက်က သက်ငယ်မဒိန်းမှုမြောက် လိင်အကြမ်းဖက်မှုဟာတော့ တစ်နှစ်ကျော်သည့်တိုင် တိမ်မြုပ်ပျောက်ကွယ်နေဆဲမို့ ဒီအမှုကို ဒီနေ့ကစပြီး လူထုတရပ်လုံးတက်ညီလက်ညီ ပါဝင်ဖော်ထုတ်ကြဖို့လိုပါတယ်

လူထုသာပါဝင်ရင် မအလလိုစစ်အာဏာရှင်အုပ်စုတွေကော တစ်ပါတီသပ်လျှိုအာဏာရှင်အုပ်စုတွေကော အရှူံးပေးရမှာဖြစ်ပြီး ထိုက်သင့်တဲ့အပြစ်ဒဏ်ကိုပေးဆပ်ရမယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ပါတယ်

“မဲဆောက်ကသက်ငယ်မုဒိန်းမှု
NUG ဘာလဲ ဘယ်လဲ”

“တရားမျှတမှုအတွက် မည်သူမျှနှုတ်မဆိတ်ရ”

https://t.me/msi22222/133406 👈
Media is too big
VIEW IN TELEGRAM
တစ်နှစ်ကျော်ကြာသည့်တိုင် တရားမျှတမှုမရရှိသေးသည့် ထိုင်းနိုင်ငံမဲဆောက်မြို့က CDM ဆရာမ၏ (၅)နှစ်အရွယ် သမီးငယ်တစ်ဦးအား NLD အလုပ်အမှုဆောင်တစ်ဦးမှ သက်ငယ်မဒိန်းမှုမြောက်စေခဲ့သည့်ကျုးလွန်မှုကို NLD တာဝန်ရှိသူတချို့နဲ့ NUG ဝန်ကြီးဌာနများပူးပေါင်းပြီး ဖုံးကွယ်ပေးခဲ့ကြသည့် ရုပ်သံမှတ်တမ်း

"သူတို့ကိုယ်တိုင်တဖြည်းဖြည်းပျောက်ကွယ်အောင်ဖုံးအောင်လုပ်တဲ့အရာကို ကျမအဲ့နောက်လိုက်မသွားဘူး... ကျမသွားရမယ် ကျမရအောင်ပြောရမယ်... ဒါမျိုးနဲ့ဆက်သွားမှာ"

"လူမှုအဖွဲ့အစည်းကြီးတစ်ခုလုံးကိုခြိမ်းခြောက်တာ ဒီလိုအလွှတ်ပေးတာသည် ကျမတို့တစ်ခုထဲထက် ခြိမ်းခြောက်ရုံတင်မဟုတ်ဘူး... ကျမတို့လူ့အဖွဲ့အစည်းကြီးအတွက် ဥပဒေလွှမ်းမိုးမှုကော လုံခြုံမှုတွေကော ခြိမ်းခြောက်နေတဲ့အတွက် ကျမဘယ်တော့မှမရပ်တန့်ဘူး ... ရတဲ့အထိကိုကျမလုပ်မယ်"

(အဆိုပါရုပ်သံဖိုင်အား MPATV ၏ youtube မှတဆင့် ပြန်လည်ကူးယူဖော်ပြလိုက်ပါသည်)

#JusticeForAlice #End_Impunity
#NoMoreSilence #Silence_Is_Compliance
Forwarded from RSN WEB
DAILY HIGHLIGHTS (03 Aug 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


လားရှိုးတိုင်းစစ်ဌာနချုပ် ကျ – TI

တိုင်းစစ်ဌာနချုပ် ကျသွားချိန် ရဲချုပ် နီလင်းအောင်ကို မူလစစ်ဖက်တာဝန်ပြန်ယူရန် အမိန့်ထုတ် – TI

လားရှိုးသို့ စစ်ကူလာသော စကခ ၁၂ စစ်ကြောင်းမှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး အဆုံးစီရင်၊ မိုးမောက်မြို့နယ်၊ ခမရ ၄၃၇ တပ်မှ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး စည်သူကျော် တိုက်ပွဲတွင် သေဆုံး – KT

ဒဏ်ရာရစစ်သားများနှင့် မိသားစုဝင် ၅၀၀ နီးပါးကို စစ်တပ်က စွန့်ပစ်ထားခဲ့ ဟုဆို – TI

မြစ်ကြီးနားမြို့နယ် ၊တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ၊ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်ရင်း ခမရ ၄၃၇ တပ်ရင်းကို ဆက်လက်တိုက်ခိုက်နေ – KT

စစ်ကောင်စီ အင်ဆွပ်စခန်းကို KIA သိမ်းပိုက် – MZM

စစ်ရေးအရ အရေးပါသည့် သပိတ်ကျင်းရဲစခန်းတစ်ခုကို PDF သိမ်းပိုက် – MPA

📰 စီးပွားရေးထူးခြားသတင်းများ

စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ချိန် ပြည်ပကြွေးမြီ ပေးဆပ်ရမည့် ကျပ်သိန်းပေါင်းလေးသောင်းကျော်တန်ဖိုးရှိ အမေရိကန်ဒေါ်လာများကို MFTB ဘဏ်မှ ဦးဆောင် ညွှန်ကြားရေး မှူး ဒေါ်ကေသီနှင့်အပေါင်းအပါကုမ္ပဏီတို့က ခိုးယူ – KT

📰 အခြားထူးခြားသတင်းများ

ပြည်ပသွားမဲ့လူငယ်တွေ ရန်ကုန်လေဆိပ်မှာ ကန့်သတ်ခံရ – RFA

NUG က အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်အား ရာထူးမှထုတ်ပယ် – PS

#rangoonscoutnetwork
MSI - MYANMAR SOCIETY INFORMATIONS pinned «NLD NUG မှ အဖွဲ့ဝင်ခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ကျူးလွန်ထားခဲ့တဲ့ အထင်ရှားဆုံး လိင်အကြမ်းဖက်နှောက်ယှက်မှု နှစ်ခုဖြစ်တဲ့ မဲဆောက်ကသက်ငယ်မဒိန်းမြောက်စေခဲ့သည့် NLDပါတီဝင်၏ကျူးလွန်မှုနဲ့ NUG အိန္ဒိယကိုယ်စားလှယ်၏ အဖွဲ့ဝင်အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာ နှေ…»
MSI - MYANMAR SOCIETY INFORMATIONS
Photo
ရာသီသွေးနဲ့ ပတ်သက်တဲ့ မတူညီတဲ့ ရှုထောင့်တွေ၊ ဆန်းသစ်တဲ့အတွေးအမြင်တွေကို မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှ လူငယ်တွေရဲ့ အားတက်သရောယှဥ်ပြိုင်မှုကို ကြည့်ရှုနားဆင်နိုင်မယ့် 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗶𝗻 𝗔𝗰𝘁𝗶𝗼𝗻 𝗠𝗲𝗻𝘀𝘁𝗿𝘂𝗮𝗹 𝗜𝗺𝗽𝗿𝗼𝗺𝗽𝘁𝘂 𝗧𝗮𝗹𝗸 အွန်လိိိုင်းကျပန်းစကားပြိုင်ပွဲကို မိတ်ဆက်ပေးပါရစေ။

ဒီအွန်လိိုင်းကျပန်းစကားပြောပြိုင်ပွဲမှာယှဥ်ပြိုင်ဖို့ ရွေးချယ်ခံရတဲ့ လူငယ်တစ်ဦးချင်းစီကနေ ရာသီသွေးနဲ့ပတ်သက်တဲ့ ကြီးပြင်းလာတဲ့ လူမှုအသိုင်းအ၀ိုင်းက အခက်အခဲတွေ၊ ရာသီသွေးနဲ့ ပတ်သက်တဲ့ လွဲမှားနေတဲ့ အယူအဆတွေ၊ လက်တွေ့ဖော်ဆောင်ဖို့လိုအပ်နေတဲ့ ဖြေရှင်းချက်တွေကို ဘယ်လိုထောက်ပြဖော်ထုတ်သွားမလဲဆိုတာကို နားဆင်နိုင်မယ့် အခွင့်အရေးမလို့ လာရောက်ကြည့်ရှုအားပေးဖိို့အတွက် တိုက်တွန်းလိုက်ပါတယ်။

ယခုအွန်လိိုင်းကျပန်းစကားပြောပြိုင်ပွဲမှာ ပါ၀င်နားဆင်လိုသူများအနေနဲ့ အောက်ပါလင့်ခ်မှ စာရင်းပေးသွင်းပြီး အခမဲ့ ၀င်ရောက်နားဆင်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

စာရင်းပေးသွင်းရန် >>> https://us06web.zoom.us/meeting/register/tZYldOqqrDwtGd13jiZqddVoSlAbTUbiNC6a

𝗘𝘃𝗲𝗻𝘁 𝗗𝗲𝘁𝗮𝗶𝗹𝘀
🗓️ 𝗗𝗮𝘁𝗲 : 𝟭𝟭𝘁𝗵 𝗔𝘂𝗴𝘂𝘀𝘁, 𝟮𝟬𝟮𝟰 (𝗦𝘂𝗻𝗱𝗮𝘆)
🕙 𝗧𝗶𝗺𝗲 : 𝟭𝟬:𝟬𝟬 𝗔𝗠 - 𝟮:𝟯𝟬 𝗣𝗠 (𝗠𝗠 𝗧𝗶𝗺𝗲)
💻 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 : 𝗭𝗼𝗼𝗺

အခက်အခဲတစုံတရာရှိပါက A Ni Yaung Yar Thi Facebook Page Messenger
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#‌aniyaungyarthi
#menstrualimpromptutalk
#pfgmyanmar
Forwarded from Infinity Group
စစ်​ကြောင်း​တွေထိုး​နေတဲ့ ကန့်ဘလူမြို့နယ်​တောင်ခြမ်းအ​ခြေအ​နေ

ဩဂုတ် ၄ ၊ ၂၀၂၄

ကန့်ဘလူမြို့နယ်​တောင်ခြမ်းကို ဇူလိုင်လ ၂၅ ရက်​နေ့ကစပြီး စစ်​ကောင်စီနဲ့ပျူ​စောထီးအင်အား ၂၀၀ ​ကျော်ပါတဲ့ စစ်​ကြောင်း​တွေထိုး​နေတာ ဒီ​နေ့ထိဆို ၂ ပတ်ထဲ​ရောက်​နေပါပြီ။ဒီ ၂ ပတ်အတွင်းမှာ စစ်​ကောင်စီဟာ ကန့်ဘလူမြို့နယ်​တောင်ခြမ်းရဲ့ စစ်​ရေးအရ အချက်အခြာကျတဲ့ ​နောက်ထပ်​နေရာတခုမှာ အထိုင်ချတပ်စွဲလာပါတယ်။

ထန်းကုန်း–ဇီးကုန်းမူး​ဘောင်လမ်း​ဘေးက မင်းကုန်း(က)ရွာ–​ဒေသအ​ခေါ် မဂုံးရွာကို ဇူလိုင်လ ၂၇ ရက်​နေ့မှာ မီးရှို့ပြီး ဘန်ကာများပြုလုပ်ကာ အထိုင်ချတပ်စွဲခဲ့ပါတယ်။ဇူလိုင်လ ၃၁ ရက်​နေ့မှာ​တော့ မင်းကုန်း(က)ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်​ကောင်စီနဲ့ပျူ​စောထီးအဖွဲ့ကို ကာကွယ်​ရေးပူး​ပေါင်းတပ်​တွေက ဝင်​ရောက်တိုက်ခိုက်ခဲ့ရာမှာ ကာကွယ်​ရေးပူး​ပေါင်းတပ်က ရဲ​ဘော် ၁ ဦး ကျဆုံးခဲ့ကာ စစ်​ကောင်စီဘက်ကလည်း အကျအဆုံးရှိခဲ့​ပေမယ့် အ​ရေအတွက်ကို မသိရ​သေးပါ။

စစ်​ကောင်စီဟာ မင်းကုန်း(က)ရွာမှာ အ​ထိုင်ချတပ်စွဲလာပြီး​နောက်​ အနီးနားပတ်ဝန်းကျင်​ကျေးရွာ​တွေကို လှည့်လည်စစ်​ကြောင်းထိုးလျက်ရှိပြီး ပြည်သူပိုင် စားနပ်ရိက္ခာများ၊ကျွဲနွားများ၊စက်ပစ္စည်းများ၊ပရိ​ဘောဂများကို ထန်းကုန်းစံပြရွာဘက်သို့ ကားများဖြင့် ခိုးယူသယ်​ဆောင်ခဲ့ပါတယ်။

ဇူလိုင်လ ၂၅ ရက်​နေ့မှ ဩဂုတ်လ ၄ ရက်​နေ့ထိ စစ်​ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းခံထားရ​သော ​ကျေးရွာများမှာ မင်းကုန်း(က)၊မဲသည်(​နေအိမ် ၄၀ မီး​လောင်ကျွမ်း)၊ရှမ်းတပ်(​နေအိမ် ၁၁၅ မီး​လောင်ကျွမ်း)၊သရက်​ခေါင်း(​နေအိမ် ၇၁ မီး​လောင်ကျွမ်း)၊​ညောင်ဇင်ကြီး၊ကိုးမြို့၊​တောင့်တည်းကုန်း၊​ပေလည်၊ဘိုတည်းကုန်း၊ဘိုကုန်း(​နေအိမ် ၇၄ မီး​လောင်ကျွမ်း)၊ဆူးဘုတ်ကုန်း(​နေအိမ် ၈ မီး​လောင်ကျွမ်း)နဲ့ သ​ပြေသာ​လေး(​နေအိမ် ၄၀ မီး​လောင်ကျွမ်း) စတဲ့​ကျေးရွာ ၁၂ ရွာ မီးရှို့ဖျက်ဆီးခံထားရပါတယ်။

စစ်​ကောင်စီတပ်ဟာ ကန့်ဘလူမြို့နယ်​တောင်ခြမ်းကို အငြိုးအ​တေးထားပြီး မင်းကုန်း(က)​ကျေးရွာမှာ အထိုင်ချတပ်စွဲ​လာကာ လှည့်လည်စစ်​ကြောင်းထိုးလှုပ်ရှားနေခြင်း​ကြောင့် မင်းကုန်း(က)၊မဲသည်၊ကျွန်းပင်ကုန်း၊ရှမ်းတပ်၊သရက်​ခေါင်း၊​ညောင်ဇင်ကြီး၊သိုးဘိုး၊ကိုးမြို့၊ဖလံချိုင်၊​တောင့်တည်းကုန်း၊ငါးရာနဲ၊​ပေလည်၊ဘိုတည်းကုန်း၊ဘိုကုန်း၊ဆူးဘုတ်ကုန်း၊သ​ပြေသာ​လေး အစရှိတဲ့ ​ကျေးရွာ​ပေါင်း ၁၆ ရွာက ပြည်သူ​ပေါင်း ၂၀,၀၀၀ နီးပါးဟာ စစ်​ဘေး​ရှောင်​နေရပါတယ်။

မင်းကုန်း(က)​ကျေးရွာဟာ ပျူ​စောထီးအား​ကောင်းရာ​ကျေးရွာ​တွေဖြစ်တဲ့ ထန်းကုန်းစံပြရွာနဲ့ ၄ မိုင်အကွာ၊​ညောင်ဇင်၊သင်​ပေါင်းကျင်း၊ဒါန်းပင်ရွာ​တွေနဲ့ ၃ မိုင်အကွာမှာရှိတာ​ကြောင့် စစ်​ကောင်စီအ​နေနဲ့ ​ရေရှည်အထိုင်ချတပ်စွဲကာ နယ်​မြေစိုးမိုးမှုအရယူမည်ဆိုပါက အထက်ပါ​စစ်​ရှောင်ကျေးရွာ ၁၆ ရွာအပြင် ကန့်ဘလူမြို့နယ်​တောင်ခြမ်း​ရှိကျေးရွာအားလုံးနီးပါးမှာ ​​ရှေ့​လျှောက် စားဝတ်​နေ​ရေး၊လမ်းပန်းဆက်သွယ်​ရေး လွန်စွာခက်ခဲလာမည်ဖြစ်သည်။

စစ်​ကောင်စီစစ်​ကြောင်း​တွေထိုး​နေတဲ့ ၂ ပတ်အတွင်းမှာ ကန့်ဘလူမြို့နယ်​တောင်ခြမ်းက အရပ်သားပြည်သူ ၃ ဦး စစ်တပ်ရဲ့ဒရုန်း၊လက်နက်ကြီး​ကြောင့် ထိခိုက်​သေဆုံးခဲ့ရပြီး အဖမ်းဆီးခံဓါးစာခံအရပ်သား​တွေလည်း ရှိ​နေပါ​သေးတယ်။ထို့အတွက်​ကြောင့် ကန့်ဘလူမြို့နယ်​တောင်ခြမ်းရှိ စစ်​ရှောင်​ကျေးရွာများအား တတ်နိုင်သမျှ စားနပ်ရိက္ခာအကူအညီများ၊လူသားစာနာအကူအညီများ ​ပေးအပ်နိုင်ရန် ​မျှော်လင့်ပါသည်။

#infinitygroup
Forwarded from People's Spring
CNF/CNA ဖမ်းထားသည့် AAတပ်ဖွဲ့ဝင်နှစ်ဦး အမြန်ဆုံးပြန်လွှတ်ပေးရန် ချင်းညီနောင်တောင်းဆို

ဟန်နွေ/People’s Spring

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ဖမ်းထားသည့် အာရက္ခတပ်တော်(AA) ရဲဘော် ၂ဦးအား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် AA၏ မဟာမိတ်ဖြစ် သည့် ချင်းညီနောင်က တောင်းဆိုထုတ်ပြန်သည်။

ချင်းညီနောင်၊ AA နှင့် မဟာမိတ်များကမတူပီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးနောက် AA တပ်ဖွဲ့ဝင် ၂ဦးသည် ဒဏ်ရာရ ရဲဘော်များအား စာရင်းကောက်ယူရန် တာဝန်ထမ်းဆောင်နေချိန် CNA ဘက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထို့နောက် အဆိုပါ ရဲဘော်နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ လိမ်လည် ဝန်ခံထွက်ဆိုခိုင်းစေပြီး ဆိုရှယ်မီဒီယာမှ မဟုတ်မမှန်ရေးသား ဖြန့်ဝေခြင်း၊ ပြောဆိုခြင်းများ တွေ့ရကြောင်း ချင်းညီနောင်၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

AAသည် မြန်မာတပြည်လုံးရှိ တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စည်းလုံးညီညွတ်စွာ ပူးပေါင်းကူညီ၍ တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ကောင်စီအား ဖြုတ်ချရာတွင် လူမျိုးမရွေး နေရာမရွေး ဘဲ ညီနောင်အဖွဲ့များ၊ မိတ်ဖက်အဖွဲ့များ နှင့်အတူ မိတ်ဆွေကောင်း၊ အိမ်နီးနားချင်းကောင်းပီသစွာဖြင့် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည်ဟုလည်း ချင်းညီနောင်က ဆိုသည်။

CNA ၏အာရက္ခ အစိုးရ ၊အာရက္ခတပ်တော်အပေါ် ထားရှိသည့်အမြင်နှင့် လုပ်ရပ်သည် ချင်းပြည်သူများကို ကိုယ်စားမပြုကြောင်း ချင်းညီနောင်က ထုတ်ပြန်ခဲ့ပြီး စည်းလုံးညီညွတ်မှုကို ထိခိုက်စေသည်ကို သတိချပ်စေလိုသည်ဟု ဖော်ပြသည်။

ချင်းညီနောင်၊ AA မဟာမိတ်တပ်များနှင့် CNA ပူးပေါင်းတပ်များသည်ဇွန်လ၁၈ရက်မှစ၍ မတူပီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာနှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှုအပေါ် အပြန်အလှန်ပြစ်တင်မှုများ ရှိခဲ့သည်။

Chinland Information Centerက ဖမ်းမိထားသည့် AA တပ်ဖွဲ့ဝင်တို့၏ ထွက်ဆိုချက်ကို ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့ရာ CDFများက စစ်ကူခေါ်၍ ချင်းပြည်ကိုရောက်ရှိလာခြင်းဖြစ်ကြောင်း AA ရဲဘော်က ပြောသည်။ ချင်းညီနောင် မဟာမိတ်အဖွဲ့က လာရောက်ကြိုဆိုခြင်းဖြစ်ကြောင်း AA ရဲဘော်က ပြောသည်။

AA အနေဖြင့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် တိုက်ပွဲကို အနိုင်ရအောင် တိုက်ပေးပါက ချင်းပြည်တွင်း၌ သုံးနှစ်ခန့် နေရမည်ဟု ချင်းညီနောင်အဖွဲ့ဝင် နှင့်AA အကြား သဘောတူခဲ့သည်ဟု မင်းတပ်ဒေသခံနှင့် AA ရဲဘော်တို့က ထွက်ဆိုသည်။

"ကျင်ဒွေးတိုက်ပွဲကို တိုက်မယ်ပေါ့ စစ်ကူလာခေါ်တယ်။ အဲဒီ ကျင်ဒွေးတိုက်ပွဲမှာ ရတဲ့လက်နက်ခဲယမ်းတွေကျတော့ ကျနော်တို့(AA) ယူတယ်ခင်ဗျ။ ကျန်တာကျတော့ မယူဘူးပေါ့။ အဲဒီမှာ ကျင်ဒွေးတိုက်ဖို့ဆိုပြီး အဲဒီလို သဘောတူညီချက်နဲ့ရောက်လာတာပါ”ဟု AA ရဲဘော်က ထွက်ဆိုခဲ့သည်။

AA တပ်ဖွဲ့ဝင်တစ်ဦးက ၎င်းတို့ စစ်တိုက်သည့်အချိန်တွင် မူးယစ်ဆေးပေးပြီး စစ်တိုက်ခိုက်ခြင်းရှိကြောင်း ထွက်ဆိုခဲ့သည်။ ချင်းညီနောင်၏ ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို CNA မှ အတင်းအဓမ္မ လိမ်လည် ဝန်ခံထွက်ဆိုခိုင်းစေခြင်းဖြစ်ကြောင်းဖော်ပြသည်။

ချင်းညီနောင်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မေးမြန်းရန် CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။
ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ကို ပြည်ထဲရေးဒုဝန်ကြီးနဲ့ရဲချုပ်ရာထူးမှ ဖြုတ်ချ၊ ဒုရဲချုပ် ၁ ရဲဗိုလ်ချုပ် ဝင်းဇော်မိုး ကို ရဲချုပ်အဖြစ် ခန့်အပ်

မြေလတ်အသံ၊ ဩဂုတ် ၄၊ ၂၀၂၄။

စစ်ကောင်စီရဲ့ ပြည်ထဲရေးဒုတိယဝန်ကြီးနဲ့ ရဲချုပ်ရာထူး ပူးတွဲရယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး နီလင်း အောင်ကို မူလစစ်ဘက်တာဝန်ပြန်လည်ထမ်းဆောင်စေတယ်လို့ စစ်ကောင်စီက ယမန်နေ့ ဩဂုတ် ၃ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

လစ်လပ်သွားတဲ့ ရဲချုပ်ရာထူးနေရာကို ဒုရဲချုပ် ၁ ရဲဗိုလ်ချုပ် ဝင်းဇော်မိုးကို ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက ဒီမနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

“ ရဲချုပ်ရာထူးက ဒုဝန်ကြီးတွဲကိုင်တာဆိုပေမယ့် ခုသတင်းထွက်နေတာ ဒုချုပ်(ရဲဒုချုပ်) ၁ ရဲချုပ် ဖြစ်မယ်လို့ ထွက်နေတာ။ ဒုဝန်ကြီးအတွက်က တပ်ကတယောက်လာမယ်လို့လည်း ကြားတယ်။ ဘယ်သူတွေရောက်မလဲတော့ ဒီနေ့မှ အမိန့်ထွက်မှာ” လို့ နေပြည်တော်ရဲချုပ်ရုံးနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကို_ပြည်ထဲရေးဒုဝန်ကြီးနဲ့ရဲချုပ်ရာထူးမှဖြုတ်ချ
Forwarded from Than Lwin Khet News
🟩စစ်တပ်က ဒဏ်ရာရတပ်သားများနှင့် မိသားစုဝင်များ ၄၇၀ ကျော်ကို ရမခ စစ်ဆေးရုံတွင် ချန်ထားခဲ့
သံလွင်ခက်

ဩဂုတ်လ ၃ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်စခန်းဝန်းရှိ စစ်ဆေးရုံတွင် ဒဏ်ရာရတပ်သားများနှင့် ၎င်းတို့၏မိသားဝင်များကို စစ်ကောင်စီက စွန့်ပစ်ထားခဲ့ကြောင်း ကိုးကန့်တပ်-MNDAA က သတင်းထုတ်ပြန်ထားသည်။

****
Telegram- > https://t.me/ThanLwinKhetNews/5165
YouTube -> https://youtu.be/9JbdHoog91s?si=lLsKduIjVwEki6rp
Website -> https://thanlwinkhet.net/?p=11341
Forwarded from People's Spring
လားရှိုးရမခတိုင်းစစ်ဌာနချုပ်သိမ်းပိုက်နိုင်မှုအပေါ် ဂုဏ်ပြုကြောင်း KNU၊KNPPနှင့် CNF ပူးပေါင်း သဝဏ်လွှာပို့

◾️ဟန်ချက်ညီစွာဖြင့် အာဏာသိမ်းစစ်တပ် ပြိုလဲသည်အထိတိုက်ပွဲဝင်မည်ဟု ဖော်ပြ

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ရမခ)အား ကိုးကန့်တပ်မတော်(MNDAA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ခြင်းအပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့က ယနေ့(ဩဂုတ် ၄ရက်)တွင် ဂုဏ်ပြုသဝဏ်လွှာပေးပို့သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့ ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အခိုင်အမာ တပ်တည်ဆောက်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင်၏ ရမခကို ဩဂုတ် ၃ရက်တွင် အောင်မြင်စွာ သိမ်းပိုက်လိုက်သည့်အတွက် ကျွန်ုပ်တို့ ညီနောင်တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော KNPP၊ KNUနှင့် CNF တို့က လွန်စွာ အားရနှစ်သက်ပြီး ဝမ်းသာဂုဏ်ယူကြောင်း သိစေအပ်သည်ဟု ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၏ အောင်မြင်မှုများအတွက် ဂုဏ်ယူအားရခြင်းဖြင့် အောင်ပွဲများ ဆက်လက်ရရှိရေးအတွက် ဆန္ဒပြုသကဲ့သို့ KNU၊ KNPPနှင့် CNF ညီနောင်တော်လှန်ရေးအဖွဲ့များကလည်း ဟန်ချက်ညီစွာဖြင့် အာဏာသိမ်းစစ်တပ်များ ပြိုလဲသည်အထိ ဆက်လက် တိုက်ပွဲဝင်ကြမည်ဟု သံဋိဌာန်ပြုကြောင်း အသိပေးသည်။

ရမခ သိမ်းပိုက်နိုင်မှုအောင်ပွဲသည် စစ်ကောင်စီ ပြိုလဲရေးအတွက် မှတ်တိုင်တစ်ခုအဖြစ် အရေးပါသကဲ့သို့ စစ်ဆင်ရေးအောင်ပွဲမှတဆင့် စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်မဆို ဖယ်ရှားပြီး ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် နိုင်ငံရေး နှင့် စစ်ရေး ဟန်ချက်ညီသည့် လုပ်ငန်းစဉ်ဖြင့် ပြည်သူလူထု လိုလားတောင့်တသော စနစ်သစ်ပြုပြင်ပြောင်းလဲရေးအတွက် အတူတကွ တိုက်ပွဲဝင်ကြမည်ဖြစ်ကြောင်း သဘောထား ထုတ်ဖော် ဂုဏ်ပြုအပ်သည်ဟု KNU၊ KNPPနှင့် CNF တို့က ထုတ်ပြန်ခဲ့သည်။

လားရှိုးမြို့သိမ်းတိုက်ပွဲကို MNDAAနှင့် မဟာမိတ်တပ်များက ဇူလိုင် ၃ရက်တွင် စတင်ခဲ့ရာ တစ်လအကြာ ဩဂုတ် ၃ရက်တွင် ရမခ စစ်တိုင်းဌာနချုပ် အပါအဝင် လားရှိုးရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ရမခ တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်မှုဖြစ်စဉ်မှာ စစ်တပ်၏ တိုင်းစစ်ဌာနချုပ်ကို ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်မှုလည်းဖြစ်သည်။
Forwarded from The Irrawaddy - Burmese
ဂန္ထဝင် ရသ ကာတွန်းများ

ဧရာဝတီ၊ သြဂုတ် ၄၊ ၂၀၂၄

ကာတွန်းဆရာကြီး မောင်စိန် ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR