Forwarded from PSLF/TNLA News
တအာင်း FM Radio သတင်းအစီအစဉ်များ နားဆင်နိုင်ပါပြီ !
• Frequency - 90.5 MHz ဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။
• မနက် (၆)နာရီကနေ (၈)နာရီ တစ်ကြိမ်
• မနက် (၁၁)နာရီ ကနေ နေ့လည် (၁)နာရီတစ်ကြိမ်
• ညနေ (၆)နာရီကနေ (၈) နာရီတစ်ကြိမ်
တစ်ရက် (၃) ကြိမ် ထုတ်လွှင့်ပေးနေပါသည်။
တအာင်း FM အစီစဉ်တွေကို Radio အပြင် Spotify ၊ Amazon music စတဲ့ Application တို့မှာလည်း ဒေါင်းယူပြီး နားဆင်နိုင်ပါတယ်။
တအာင်း FM ထံ သတင်း၊ ဆောင်းပါး၊ ကဗျာနဲ့ အခြားပေးစာများ ပေးပို့လိုပါက Ta’ang FM ၏ Email လိပ်စာဖြစ်သည့် taangfmradio@gmail.com ဖြစ်သော်လည်းကောင်း၊ Ta’ang FM ၏ Facebook page Messenger တွင် သော်လည်းကောင်း ရေးသားပေးပို့နိုင်ပါတယ်။
Application Download လုပ်ရန် Link
Spotify >> https://play.google.com/store/apps/details?id=com.spotify.music
Amazon music >> https://play.google.com/store/apps/details?id=com.amazon.mp3

Google Play
Spotify: Music and Podcasts - Apps on Google Play
Listen to songs, play podcasts, create playlists and discover music you'll love
Forwarded from MPANews
ပုလဲကို တော်လှန်ရေးတပ်များ ဝင်စီးကာ မြို့အား နေ့တစ်ဝက် ထိန်းချုပ်ခဲ့
8 July 2024 By Ko Paing/MPA
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို တော်လှန်ရေးတပ်တို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ မြို့အား နေ့တစ် ဝက်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။
ဇူလိုင်ခုနှစ်ရက်၊ နံနက် ခြောက်နာရီမှစတင်၍ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထား သော မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို တစ်ပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ သုံးနာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)ထံက သိရသည်။
အပြည့်အစုံဖတ်ရန် >>>> https://shorturl.at/mM3L5
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

မိုးကုတ်မြို့တွင် ဓာတ်ဆီတစ်ဂါလံ ကျပ် ခြောက်သောင်းအထိ မြင့်တက်နေပြီး စားသုံးဆီလည်း ပြတ်လပ်နေ
8 July 2024 By Hlaing / MPA
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်တွင် ဓာတ်ဆီတစ်ဂါလံလျှင် ကျပ် ခြောက်သောင်းအထိ စျေးမြင့်တက်နေပြီး စားသုံးဆီများလည်း ပြတ်လပ်နေကြောင်း စစ်ရှောင် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက်နေ့မှစ၍ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နှစ်ဘက်တပ်ဖွဲ့များအကြား စစ်ရေးပြင်းထန်လျက်ရှိပြီး၊ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ မိုးမိတ်၊ မိုးကုတ်၊ မတ္တရာ၊ စဥ့်ကူးမြို့နယ်နှင့် မန္တလေး - မိုးကုတ်ကားလမ်းမတစ်ကြောရှိ ပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်။
အပြည့်အစုံဖတ်ရန် >>>> https://shorturl.at/nQXd2
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
8 July 2024 By Hlaing / MPA
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်တွင် ဓာတ်ဆီတစ်ဂါလံလျှင် ကျပ် ခြောက်သောင်းအထိ စျေးမြင့်တက်နေပြီး စားသုံးဆီများလည်း ပြတ်လပ်နေကြောင်း စစ်ရှောင် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ ဇွန် ၂၅ ရက်နေ့မှစ၍ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နှစ်ဘက်တပ်ဖွဲ့များအကြား စစ်ရေးပြင်းထန်လျက်ရှိပြီး၊ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ မိုးမိတ်၊ မိုးကုတ်၊ မတ္တရာ၊ စဥ့်ကူးမြို့နယ်နှင့် မန္တလေး - မိုးကုတ်ကားလမ်းမတစ်ကြောရှိ ပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်။
အပြည့်အစုံဖတ်ရန် >>>> https://shorturl.at/nQXd2
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from Myanmar Now
လားရှိုးလေဆိပ်အနီးရှိ ရမခကို ထိုးစစ်ဆင်နိုင်ရန် ကြိုးပမ်းနေ ရာ မြို့ပေါ် လူနေ ရပ်ကွက်များအနီး တိုက်ပွဲ ပြင်းထန်လာသဖြင့် ဒေသခံကား ထောင်ချီသည် မြို့မှ ထွက်ခွာရန် ကြိုး ပမ်းနေကြ သည်။
စစ်ကောင်စီသည် မြို့အနီးရှိထိုးစစ်များကို ခုခံနေရသလို လားရှိုး-သီပေါလမ်း မြို့နှင့် ၁၇ မိုင်အကွာရှိ နောင်မွန် ကျေးရွာတွင်လည်း မဟာမိတ်တပ်များ၏ ထိုးစစ်ကို ခုခံနေရသောကြောင့် ထိုလမ်းကို အသုံးပြုနေသည့် စစ်ရှောင်ကား အစီးရေ တစ်ထောင်ကျော် ယနေ့ ပိတ်မိနေသည်။
ဇူလိုင် ၂ ရက် ညသန်းခေါင်ယံတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့က လားရှိုးမြို့ဝန်းကျင် ၁၀ မိုင်ခန့်အကွာရှိ စစ်ကောင်စီတပ်စခန်း ၄ ခုထက်မနည်းကို တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
https://myanmar-now.org/mm/news/54361/

Myanmar Now
လားရှိုးမြို့ပေါ် ရပ်ကွက်သို့ တိုက်ပွဲကူးစက်၊ စစ်ရှောင်ကား ထောင်ချီပိတ်မိ - Myanmar Now
Latest news & insightful features on Myanmar
Forwarded from Tachileik News Agency
လားရှိုးတိုက်ပွဲ ဆက်လက်ပြင်းထန်သဖြင့် ဒေသခံများ အလုံးအရင်းထွက်ပြေးရကာ ကားလမ်းပိတ်နေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသဖြင့် ဒေသံများ မြို့တွင်းမှ အလုံးအရင်းဖြင့် ထွက်ခွာတိမ်းရှောင်နေရာ ကားများထောင်ချီ ပိတ်မိနေကြောင်း သိရသည်။
လားရှိုးမြို့ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲပြီး ဒေသခံများထိခိုက်သေဆုံးနေရခြင်းကြောင့် ဒေသခံအများအပြား လားရှိုးမြို့မှ ထွက်ခွာနေကြခြင်းဖြစ်ကြောင်း သိရသည်။
“တိမ်းရှောင်တဲ့သူတွေများတော့ လားရှိုးမြို့အဝင်ကော၊ အထွက်ကော ကားတွေပိတ်မိနေတယ်။ စစ်ဘေးရှောင် ကားတွေ မြို့ဝင်မုဒ်ဦးကနေ မယ်ဟန်ဂိတ်ထိပိတ်နေတာ။ ပြည်ထောင်စုလမ်းမကြီး နောင်မွန်ရွာနားမှာလည်း ပစ်ခတ်မှုဖြစ်နေတယ်လို့ သိရတယ်။”ဟု ဒေသခံတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် Tachileik News Agency ကို ပြောသည်။
လက်ရှိ လားရှိုးမြို့အခြေအနေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ကောင်းမွန်စွာမရသည့်အခြေအနေဖြစ်သည်ဟု သိရသည်။
“လက်နက်ကြီးတွေက မြို့တွင်းပိုင်းကိုကျတော့ တိမ်းရှောင်တဲ့လူပိုများလာတာ။ နေတဲ့သူကလည်းနေတုန်းပေါ့။ ပထမတစ်ကြိမ်တုန်းကလည်း ပြေးခဲ့ကြရပြီးပြီ။ တခါပြောင်းရင် တခါကုန်ကျစာရိတ်ကများတော့ မပြေးကြတော့တဲ့သူတွေလည်းရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့မနက်ပိုင်းတွင် လားရှိုး ရက်ကွက်(၅)အထက်မန်အိုင်နှင့် (၅၀၇)တပ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။
"လားရှိုးကနေ မန္တလေးရောက်ဖို့ (၃)ရက်တောင်ကြာတယ်။ စဥ့်အင်ကနေ လားရှိုးမြို့တွင်း လွတ်လပ်ရေးပန်းခြံနားထိ ပိတ်နေတာ။ ပြည်သူ တွေအရမ်းခက်ခဲနေကြပါတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ကလည်း ရက်ကွက်(၅)အတွင်းသို့ လက်နက်ကျသည့်အပြင် ရက်ကွက်(၇) ကွက်သစ်နယ်မြေ(၁၉)ကိုလည်း လက်နက်ကြီးကျကာ ဒေသခံ(၄)ဦး ထပ်မံသေဆုံးသည်ဟု သိရသည်။
#TachileikNewsAgency
Photo: CJ

Forwarded from CJ Platform
ရွေးကောက်ပွဲကျင်းပနိုင်ရေး အရှိန်အဟုန်မြှင့်ပြီး အသင့်ဖြစ်အောင်လုပ်ဆောင်နေလို့ စစ်ကောင်စီ ရွေး/ကော်ဥက္ကဋ္ဌဆို
CJ Platform
လာမယ့် ၂၀၂၅ ခုနှစ်ထဲ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြောထားတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး အရှိန်အဟုန်မြှင့်ပြီး အသင့်ဖြစ်အောင်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားလိုက်ပါတယ်။
၎င်းက မနေ့ ဇူလိုင် ၇ ရက်က နေပြည်တော်မှာ စတင်ကျင်းပတဲ့ မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(စတုတ္ထအကြိမ်)မှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/8720247/

တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး တရုတ်ရောက်နေတဲ့ ဒုစစ်ခေါင်းဆောင်ပြော
CJ Platform
ရှမ်းမြောက်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေစဉ်သွားတဲ့ ဒုချုပ် စိုးဝင်းရဲ့ တရုတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးနဲ့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)ရဲ့ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်ကိုသွားတက်တဲ့ ဒုချုပ် စိုးဝင်းဟာ မနေ့ ဇူလိုင် ၇ ရက်က တရုတ်တာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။
Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/8720245/

Forwarded from Click For BPLA
ကွဲဖို့ ခွဲရခြင်းများ
- လူ့အဖွဲ့အစည်းထဲမှာ နယ်ရုပ်တွေအတွက်
ချိန်ခွင်လျှာအမြဲစောင်းနေကြောင်း
မိုးကုတ်စက်ဝိုင်းရဲ့ အစွန်းလေးမှာထိုင်နေချိန်
မြင်ခဲ့ကြားခဲ့တယ်
ရေလည်းမစီး ကမ်းလည်းမပြို
မလိုရင်ပစ်ချမှာမို့
အရာရာဟာ ခဏလေးများသာတဲ့
လွယ်လိုက်တာ ပေါ့လိုက်တာ
ဖင်ပြန်ခေါင်းပြန် ဆက်ဆံရေးတွေ
ယူနီဗအတော်များများမှာ
ကြီးကျယ်ခမ်းနားလာပေါ့
ခေတ်ကာလအရ နောက်ကျောမှာ ဓားစိုက်ပြီး
အဆင်ပြေလားမေးတတ်ဖို့
သင်တန်းဘယ်နှစ်ခုတက်ကြရလဲ
ကျောက်ခေတ်၊သံခေတ်ဝိုင်းတွေထဲက
လက်ကျန်နင်းမိုင်းတွေကြောင့်
မျိုးဆက်တိုင်းဟာ ဒုတ္ခိတတွေကြည့်ပဲ
အသွေးအသားကိုယစ်ပူဇော်ဖို့
ယဥ်ယဥ်လေး ရိုင်းရတာကို
သိပ်ခိုက်သွားကြပြီ
ခေါင်းထဲ ပေါ်လာသမျှချန်နယ်တွေကို
ဝေဖန်နေရေးဟာလည်း
စောက်လုပ်တစ်ခုကိုဖြစ်လို့
ဖက်ရှင်ရေစီးကြောင်းထဲ
တော်လှန်ရေးပါလာတော့
ငယ်ငယ်ကြည့်ခဲ့ရတဲ့ တီဗီကြေငြာတွေတောင်
မကြိုက်ချင်တော့ဘူး
လူတွေဟာလည်း မြို့ကြီးပြကြီးတွေအစား
တောအုပ်တွေကို အရေခြုံချင်လာကြ
သာမန်ကာလျှံကာ လှိုင်းထချင်တဲ့စိတ်ထက်
အာသာဖြေချင်တဲ့စိတ်က ပိုမြတ်တဲ့အကြောင်း
ညရှစ်နာရီသတင်းမှာ ဖော်ပြသင့်တယ်
ကိုယ်ကျင့်တရားကိုတော့
အိတ်လှလှလေးထဲ ထည့်သိမ်းထားပါ
ကျွတ်တန်းမဝင်နိုင်သရွေ့တော့
သင်ကြားခံခဲ့ရတဲ့
ဗိုလ်နေမြဲ ကျားနေမြဲ ဒီဇိုင်းလေးပဲဖိုင်းတယ်
ဆက်တွေးနေရင်လည်း မရွေ့နိုင်တော့ဘူး
တစ်ခြမ်းပဲ့ညတွေအတောင်ပေါက်ဖို့
အငွေ့တစ်ခုခုကို ရှုရှိုက်ကြရမယ်
ပြီးရင်တော့ လိုရာခရီးကို
သပ်သပ်ရပ်ရပ်လေး ပျံသန်းကြမယ်။ ။
👉 by နောင်မိုးလတ်
👇
https://ouo.io/6DWeNF1

MSI - MYANMAR SOCIETY INFORMATIONS
Boycott နဲ့ပတ်သက်လို့ ကိုပဒေသာ ဘယ်လိုတွေးလဲ👇👇👇
Boycott တွေ မအောင်မြင်ရခြင်းရဲ့အကြောင်း
တရားတွေထဲမှာ ရွေးချယ်စရာရှားပါးမှုကလည်း
အချက်တစ်ချက်ဖြစ်မယ်ထင်ပါတယ်။
လေးဖြူနဲ့ပဲဥပမာပေးပါရစေ။လေးဖြူကို boycott
ကြပြီဆိုကြပါစို့ ၊ ဘယ်သူ့ကိုအစားထိုးနားထောင်ကြမလဲ၊နှစ်ပေါင်းများစွာကိုယ်ချစ်ခင်အားပေးခဲ့တဲ့သူတစ်ယောက်ကိုအစားထိုးဖို့ဆိုတာထင်သလောက်မလွယ်ပါ။
အဲ့လိုပဲ တခြားနှစ်ပေါင်းများစွာသုံးစွဲလာခဲ့တဲ့ ကိုယ်နှစ်သက်ခဲ့တဲ့အရာတွေကိုအစားထိုးဖို့ဆိုတာလည်း
မလွယ်လှပါဘူး။ဒါတောင်အစားထိုးဖို့ရှိဦးမှသာအစား
ထိုးနိုင်တာပါ၊အစားထိုးဖို့မရှိတဲ့အခါမလွဲမရှောင်သာ
ရွေးချယ်ရတာမျိုးလည်းရှိပါတယ်။ဥပမာစစ်တပ်ထုတ်ကုန်တွေပဲရနိုင်တဲ့ဒေသမျိုးမှာနေတဲ့သူတွေက
စစ်တပ်ထုတ်ကုန်ကိုဘယ်လိုသပိတ်မှောက်မလဲ။
ကိုယ်ကပြည်ပတစ်နေရာ ဒါမှမဟုတ် ဒီအရာတွေနဲ့
လွတ်ကင်းတဲ့နေရာမှာရှိနေလို့သပိတ်မှောက်ဖို့ပြော
နိုင်နေရင်တောင် ပြည်တွင်းကလူတွေအတွက်က
စစ်တပ်နဲ့လုံးဝလွတ်ကင်းအောင်နေဖို့ စစ်တပ်ထုတ်ကုန်အားလုံးသပိတ်မှောက်ဖို့ဆိုတာ ပြောသလောက်မလွယ်တဲ့ကိစ္စပါ။ကျနော်တို့တိုင်းပြည်မှာဟိုးထိပ်ဆုံးကနေ
အောက်ဆုံးအထိစစ်တပ်နဲ့ကင်းတဲ့အရာမရှိသလောက်
ပါပဲ။
မြင်သာအောင်ပြောရရင်ဗျာ ပတ်စပို့လုပ်ဖို့လိုတဲ့သူက ပတ်စပို့လုပ်ရလိမ့်မယ်၊မီတာဆောင်ဖို့လိုတဲ့သူက မီတာသွားဆောင်ရလိမ့်မယ်။အဲ့လိုကိစ္စတွေကိုကျနော်တို့က နားလည်ပေးဖို့လိုတယ်။
အဲ့လိုမဟုတ်ဘဲ နိုင်ငံခြားကနေ မင်းတို့စစ်ကောင်စီကိုအခွန်တွေသွားပေးနေတာဘလာဘလာဆိုပြီးအာသွားချောင်လို့မရဘူး။သူတို့ရှင်သန်ဖို့အတွက်သူတို့ရင်ဆိုင်ရတာ။အဲ့ဒါကို ကိုယ့်စံနှုန်းနဲ့လိုက်တိုင်းပြီးကိုယ်နဲ့မတူရင် ရန်သူဆိုပြီးသတ်မှတ်လို့မရဘူး။
ကိုယ်နဲ့တည့်ရင်ပါးစပ်ပိတ်နေပြီးကိုယ်နဲ့မတည့်ရင်တော့ boycott ဆိုတာမျိုးမလုပ်မိကြဖို့လိုတာပေါ့ဗျာ။
ဒီအကြောင်းတွေကျနော် video လေးနဲ့အသေးစိတ်
ပြောပြထားပါတယ်။ကောမန့်ကလင့်ကနေဝင်ပြီးတော့
ကြည့်လို့ရပါတယ်။
တစ်ခုပြောချင်တာက ကျနော်ကလည်းကျနော့်အမြင်
တွေကိုပြောတာဖြစ်ပြီး မိတ်ဆွေတို့ကလည်းမိတ်ဆွေ
တို့အမြင်တွေကိုပွင့်လင်းစွာပြောလို့ရပါတယ်။အမြင်
မတူလို့ရန်သူတော့မဖြစ်ပါရစေနဲ့ခင်ဗျာ ✌️
Ko Padaythar