Forwarded from ဆီသို့ - Towards
❐ တကသများ-ရန်ကုန်နှင့် ကျောင်းသားလက်ရုံးတပ်တော်တို့ ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ် အခမ်းအနားများပြုလုပ်။
ဇူလိုင် ၈၊ ၂၀၂၄။
ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) နှင့် ကျောင်းသားလက်ရုံးတပ်တော်တို့ သည် ယမန်နေ့ ဇူလိုင်လ (၇) ရက်နေ့တွင် ကျရောက်သော ဆဲဗင်းဂျူလိုင်နေ့အထိမ်းအမှတ် အခမ်းအနားနှင့် ချီတက်ဟောပြောခြင်းများကို အခြေစိုက်ရာဒေသအသီးသီးတွင် ပြုလုပ်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့တွင် တကသများ-ရန်ကုန်အပါအဝင် ကျောင်းသားသမဂ္ဂများ၊ မြို့နယ်သပိတ်ကော်မတီများပူးပေါင်းကာ ဆဲဗင်းဂျူလိုင်၏ သမိုင်းဆိုင်ရာ ပြောကြားခြင်းများ၊ ဆိုင်ကယ်များဖြင့် ချီတက်ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ပြီး ဆဲဗင်းဂျူလိုင်မှ ယနေ့တိုင် ကျောင်းသားများမှ အာဏာရှင်ကို ခေတ်အဆက်ဆက်တော်လှန်တိုက်ပွဲဝင်လျက်ရှိကြောင်း ကျောင်းသားလူထုနှင့်အတူ ဆဲဗင်းဂျူလိုင်အောက်မေ့ဦးညွှတ် အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ကြကြောင်း ဆိုထားသည်။
ဘုတလင်မြို့နယ်အခြေခံကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ တကသများ ရန်ကုန်၊ ရေဆင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် နယ်ခံ သပိတ်အင်းအားစုများအပြင် ပြည်သူများ ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ကျောင်းသားလက်ရုံးတပ်တော်၏ ဗဟိုဌာနချုပ်တွင်လည်း ရဲဘော်များက မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ တက်ရောက်သူများနှင့်အတူ ဆဲဗင်းဂျူလိုင်နေ့အခမ်းအနားပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် တိုက်ပွဲဝင် သမဂ္ဂခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်း၊ စစ်အာဏာရှင်စနစ်ကိုတော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သော ရဟန်းရှင်လူ အာဇာနည်ရဲဘော်များအား အလေးပြုခြင်း၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် (၁) မိနစ်ငြိမ်သက်ခြင်းနှင့် ဆဲဗင်းဂျူလိုင်နေ့ အမှတ်တရစကားပြောကြားခြင်း၊ ထုတ်ပြန်ချက်များ၊ သဝဏ်လွှာများဖတ်ကြားခြင်း အစီအစဥ်များ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
တကသများ-ရန်ကုန်၏ (၆၂) နှစ်ပြည့် ဆဲဗင်းဂျူလိုင်နေ့ထုတ်ပြန်ကြေညာချက်တွင် လက်ရှိကာလသည် ကျောင်းသားပြည်သူများက အခက်အခဲများကြားကပင် တော်လှန်ရေးလမ်းခရီးကိုဆက်လျှောက်နေသည်မှာ ပန်းတိုင်သို့နီးကပ်နေပြီဖြစ်ကြောင်း၊ အဆိုပါအခြေအနေတွင် တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ပြည်သူလူထုကို မျက်နှာမူရန် လိုအပ်ကြောင်း ဆိုထားသည်။
လက်ရှိတွင်မူ အာဏာရှင်ကိုတော်လှန်ရင်း အာဏာရှင်ဆန်လာကြသည်ကို တွေ့မြင်နေရကာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပသုံးလုံးများ၏လုပ်ရပ်များကို ထုတ်ပြန်ကြေညာချက်တွင် ထောက်ပြထားသည်။
ထို့အပြင် ကျောင်းသားသမဂ္ဂများအနေဖြင့်လည်း အဖိနှိပ်ခံလူထုဘက်ကို မျက်နှာမူလျက် စစ်သုံးစစ်အမြစ်ဖြုတ်ရေးနှင့် နိုင်ငံတော်သစ်တစ်ရပ်ကို အောင်မြင်စွာထူထောင်နိုင်ရန် ကြိုးပမ်းရာတွင် NUCC၊ NUG နှင့် ERO များအပါအဝင် တော်လှန်ရေးဦးဆောင်အင်အားစုများကို ဝေဖန်ထောက်ပြခြင်း၊ တိုက်တွန်းတောင်းဆိုခြင်းများအား ပြည်သူလူထုနှင့်အတူ ရပ်တည်လျက် လုပ်ဆောင်ရမည်ဟု ရှုမြင်ကြောင်း ဖော်ပြထားသည်။
သတင်းဓာတ်ပုံ - Alliance of Students' Unions Yangon
#တကသများရန်ကုန် #ကျောင်းသားလက်ရုံးတပ်တော် #ဆဲဗင်းဂျူလိုင်
#ဆီသို့ #Towards
---------------------------
Subscribe to us on;
Telegram >>> https://t.me/towardsweeklynews
SoundCloud >>> https://soundcloud.com/towards-podcast
YouTube >>> https://www.youtube.com/@SiTho-Towards-Media
Website >>> https://towardsmedia.com

Media is too big
VIEW IN TELEGRAM
လက်ရှိ မြန်မာ့ဖက်ဒရယ် တည်ဆောက်ရေးမှာ Bottom-Up Federalism ကိုချဉ်းကပ်တဲ့ အခါမှာ သတိပြုစရာတွေနဲ့ လူထုပါဝင်မှုတွေကို ပိုမို အားကောင်းစေဖို့ ဘယ်လိုခြေလှမ်းမျိုးကို ပြင်ဆင် ဆောင်ရွက်သင့်သလဲ။
Forwarded from RSN WEB
DAILY HIGHLIGHTS (07 Jul 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ
မောင်တော နခခ၂ နယ်ခြားစောင့်စခန်းနှင့် သံတွဲ ခမရ ၅၆၆ တို့အပြင် သံတွဲလေဆိပ် ကိုပါရရှိခဲ့ပြီး တိုက်ပွဲ ၂ ခုမှ စစ်ကောင်စီတပ်ဖွဲ့ အလောင်း ၇၅၀ ကျော် ရရှိကြောင်း AA ကြေညာ – AT
သံတွဲ လေဆိပ်ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ လေယာဉ်ကွင်းနှင့် လေဆိပ်ကိုပါ ထိန်းချုပ်ထားဟု AA ပြော – KT
သံတွဲဒေသ တိုက်ပွဲများအတွင်း စစ်သား အလောင်း ၄၀၀ ကျော်နှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိကာ ငပလီ (မဇင်) လေဆိပ်ကို ထိန်းချုပ်ထားပြီး အမ်းမြို့နယ်ရှိ တောဟိန်းတောင်ဗျူဟာကိုလည်း AA က သိမ်းပိုက်ထား – KT
လားရှိုးမြို့ ၏ခံတပ်စခန်းကြီးဖြစ်သော ခမရ ၅၀၇ တပ်ရင်းဌာနချုပ်စခန်းကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်ရရှိ – KT
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁၃ ရက်မြောက်နေ့တွင် မိုးမိတ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ – KT
📰 နိုင်ငံရေးထူးခြားသတင်းများ
NUG၊ CRPH နှင့် PDF ကို အကြမ်းဖက် အဖွဲ့များအဖြစ် တရုတ် အပါအဝင် စစ်ကောင်စီ ၏ မိတ်ဆွေ နိုင်ငံများက သတ်မှတ်ကြေညာရေး စစ်ခေါင်းဆောင်များက ကြိုးပမ်းနေ – KT
📰 နိုင်ငံခြားရေးထူးခြားသတင်းများ
စစ်ကောင်စီအဖွဲ့ ဒုတိယခေါင်းဆောင် တရုတ်နိုင်ငံ ရောက်ရှိ – RFA
📰 အခြားထူးခြားသတင်းများ
ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏မိခင် ထိုင်းနိုင်ငံတွင် ကွယ်လွန် – DVB
ပြင်းထန် ဝမ်းရောဂါကြောင့် သေဆုံးသူမရှိသေးဟု ကျန်းမာရေးဌာန ထုတ်ပြန် – DVB
#rangoonscoutnetwork

MSI - MYANMAR SOCIETY INFORMATIONS
တော်လှန်ရေး ၃နှစ်ကျော်လာပြီ အခုထိ Boycott နဲ့ Social Punishment နဲ့ CDM တို့နဲ့တင် ဒယ်လစ်နေကြတုန်း ဒယ်လစ်မှာပေါ့ .... မူ မရှိ/ မူ မခိုင်/ မူ မရှင်းဘဲ စိတ်ခံစားချက်ပေါက်ကွဲရုံသက်သက်နဲ့ပဲ တော်လှန်ရေးလုပ်ကြတဲ့ကောင်တွေ များနေတာကိုးး ပြီးရင်လည်း ဒေါ်စုမွေးနေ့ရောက်ရင်…
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်ခဲ့မှုတွေကို လေးစားတာကသက်သက်ပါပဲ
ဒါပေမယ့် လူထုခေါင်းဆောင်နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အတိတ်ကလူသိမများဘဲ တိမ်မြုပ်နေခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေကို နောက်မျိုးဆက်တွေလူငယ်ခေါင်းဆောင်တွေအနေနဲ့ “သင်ခန်းစာယူဖို့ တာဝန်ရှိတယ်” ဆိုတဲ့ ရှူထောင့်ကနေ ဒီစာကိုဖတ်ရှူနိုင်စေဖို့ Aung Moe Win ရဲ့ Post ကို ပြန်လည်မျှဝေပါတယ်
ဒါပေမယ့် လူထုခေါင်းဆောင်နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အတိတ်ကလူသိမများဘဲ တိမ်မြုပ်နေခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေကို နောက်မျိုးဆက်တွေလူငယ်ခေါင်းဆောင်တွေအနေနဲ့ “သင်ခန်းစာယူဖို့ တာဝန်ရှိတယ်” ဆိုတဲ့ ရှူထောင့်ကနေ ဒီစာကိုဖတ်ရှူနိုင်စေဖို့ Aung Moe Win ရဲ့ Post ကို ပြန်လည်မျှဝေပါတယ်
MSI - MYANMAR SOCIETY INFORMATIONS
Photo
(အခြားသောဆယ်လီအပေါင်းအပါအုပ်စုများနဲ့အတွဲလိုက်ပုံများလည်းရှိပါသေးတယ်)