Forwarded from ဆီသို့ - Towards
❐ (၆၂) နှစ်မြောက် ဆဲဗင်းဂျူလိုင် အထူးထုတ်စာစဉ်ထွက်ပါပြီ။
ဆဲဗင်းဇူလိုင် အရေးတော်ပုံကြီးသည် (၆၂) နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သည်။ စစ်အာဏာရှင်၏ ဆိုးယုတ်မှုကို ကျောင်းသားထု သွေးနှင့် ရင်းကာ ကမ္ဘာသို့ ပြသခဲ့သော ၇.၇.၆၂ သည် မေ့ပျောက်၍ ရမည် မဟုတ်ပါ။
အာဏာရှင်သည် ကျောင်းသားထု၏ သမဂ္ဂ စိတ်ဓာတ်ကို စိုးရွံ့ကာ သမဂ္ဂ အဆောက်အအုံကို မြေသို့ခစေခဲ့သည်။ သို့သော် သမဂ္ဂ စိတ်ဓာတ်မှာမူ ရှင်သန်ဆဲ။ ဆဲဗင်းဇူလိုင်စိတ်ဓာတ် သမဂ္ဂ စိတ်ဓာတ်ကို အလေးအမြတ်ပြုသည့် အနေဖြင့် ဆီသို့မှလည်း ဆဲဗင်းဇူလိုင် အမှတ်တရ စာစဥ်ကို ထုတ်ဝေလိုက်ရပါသည်။
စစ်အာဏာရှင်တို့သည် ယင်းတို့၏ ရက်စက် ယုတ်မာသော သမိုင်းကို ဖုံးကွယ်လိုကြသည်။
၇.၇.၆၂ ကိုမူ ဖျောက်ဖျက်၍ ရမည်မဟုတ်ပါ။
အထူးထုတ်စာစဉ်အား ဖတ်ရှုရန်နှင့် ပြန်လည်မျှဝေရန် Comment ရှိ Link မှ PDF file အား Download ပြုလုပ်နိုင်ပါသည်။
#ခြောက်ဆယ့်နှစ်နှစ်မြောက်ဆဲဗင်းဇူလိုင်အထူးထုတ်
#ဆဲဗင်းဂျူလိုင်
#61th7July
#7july
#ဆီသို့စာစဥ်
#Towards
နိုင်ငံတော်သစ်ဆီသို့ မျှော်ရည်၍

Forwarded from မြေလတ်အသံ - Myaelatt Athan
ကျောက်တံခါးနဲ့ကျောက်ကြီးမြို့နယ်မှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၃ ဦးသေဆုံး
ကျောက်ကြီး၊ ဇူလိုင် ၇၊ ၂၀၂၄။
ပဲခူးတိုင်း၊ ကျောက်တံခါးနဲ့ ကျောက်ကြီးမြို့နယ်မှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဇူလိုင် ၆ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၁ ရက်မှာ ကျောက်ကြီးမြို့နယ်၊ သာစည်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ နောင်ချိုကျေးရွာနေ ကိုမင်းနိုင်ဦး ၄၁ နှစ်နေအိမ်ပေါ်ကိုကျရောက်ပေါက်ကွဲပြီး ကိုမင်းနိုင်ဦးနဲ့ ဇနီးဖြစ်သူ မပပ ၃၅ နှစ်တို့ သေဆုံးပြီး သားသမီးတွေဖြစ်တဲ့ မဇင် ၁၇ နှစ်၊ မနွေသဇင် ၈ နှစ်၊ မောင်မိုးထက်နိုင် ၂ နှစ်၊ တူဖြစ်သူ မောင်ကျော်ထက်ဦး ၁၇ နှစ်တို့ ဒဏ်ရာရသွားပါတယ်။
ဒဏ်ရာရသွားတဲ့ကလေးတွေကိုတော့ဒေသခံတွေက ကျောက်ကြီးဆေးရုံပို့ထားရပြီး ဇူလိုင် ၇ ရက်အထိ ဆေးကုသမှုခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ကျောက်တံခါးနဲ့ကျောက်ကြီးမြို့နယ်မှာ_စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့_ပြည်သူ၃ဦးသေဆုံး

ပြင်းထန် ကာလဝမ်းရောဂါအကြောင်း သိမှတ်ဖွယ်ရာ
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ ဘက်တီရီးယား၊ ဗိုင်းရပ်စ်၊ toxins, food poisoning စသဖြင့် အကြောင်းအရင်းများစွာ ရှိပါတယ်။ အဲဒီအထဲကမှ Cholera လို့ခေါ်တဲ့ ကာလဝမ်းရောဂါဟာ ကူးစက်မြန်ပြီး ရောဂါပြင်းထန်တာမို့ သေချာမကုသရင် နာရီပိုင်းအတွင်း အသက်အန္တရာယ်ထိခိုက်တဲ့ရောဂါ ဖြစ်ပါတယ်။
.
🚨 ဘာကြောင့် ဖြစ်ရတယ်
ပြင်းထန် ဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့ Vibrio Cholerae ကြောင့်ဖြစ်ပွားတဲ့ ဒီရောဂါဟာ မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာတွေကြောင့် ကူးစက်ရခြင်း ဖြစ်ပါတယ်။
Vibrio cholerae ဘက်တီးရီးယားဟာ မျိုးကွဲပေါင်းများစွာရှိပေမယ့် မျိုးကွဲ O1 နဲ့ O139 ကသာ အစုလိုက်အပြုံလိုက် ပြန့်ပွားမှုတွေ ဖြစ်စေတာပါ။ မျိုးကွဲပေမယ့် ဖြစ်ပွားတဲ့ လက္ခဏာတွေကတော့ အတူတူပါပဲ။
.
🚨 ရောဂါကူးစက်ပုံနှင့် လက္ခဏာများ
ရောဂါပိုးပါဝင်တဲ့ ရေ၊ အစားအစာ၊ ရောဂါကူးစက်ခံရသူရဲ့ အန်ဖတ်နဲ့ အညစ်အကြေးတွေကနေတစ်ဆင့် ကူးစက်ခံရနိုင်ပါတယ်။ ကာလဝမ်းရောဂါနှင့် သေဆုံးသူကို လက်ဗလာဖြင့် ကိုင်တွယ်ခြင်းမှလည်း ကူးနိုင်ပါတယ်။
ရောဂါကူးစက်ခံရသူတွေတိုင်း လက္ခဏာ မပြတတ်ပါဘူး။ ဒါပေမယ့် ဒီလူတွေရဲ့ဝမ်းထဲမှာ ရောဂါပိုးတွေဟာ (၁၀) ရက်ခန့်အထိ ပါဝင်နေတတ်ပြီး ဒါတွေကတစ်ဆင့် သူ့ပတ်ဝန်းကျင်ကို ရောဂါပြန့်ပွားနိုင်ပါသေးတယ်။
ရောဂါကူးစက်ခံရတဲ့သူများရဲ့ (၂၀)% ခန့်သာ လက္ခဏာပြပြီး ရောဂါလက္ခဏာ မပြင်းထန်တတ်ပေမယ့် တကယ်ဖြစ်လာပြီဆိုရင် လူနာ (၁၀) ယောက်မှာ (၁) ယောက်ခန့်ဟာ ရောဂါဆိုးရွား ပြင်းထန်နိုင်ပါတယ်။
ရောဂါကူးစက်ခံရသူအများစုမှာ ဝမ်းလျှောဝမ်းပျက်ဝေဒနာကို (၁၂) နာရီမှ (၅) ရက်အတွင်း စတင်ခံစားရတတ်ပြီး ဝမ်းလျှောဝမ်းပျက်ခြင်း အလွန်ပြင်းထန်ရင် နာရီပိုင်းအတွင်း ရေဓာတ်ဆုံးရှုံးမှုများပြီး ဒီလူတွေဟာ ဆေးကုသမှုမရရင် အသက်ဆုံးရှုံးရနိုင်ပါတယ်။
အဓိက ရောဂါလက္ခဏာတွေအနေနဲ့...
• ဝမ်းအရည် ပမာဏများစွာသွားခြင်း ဖြစ်ပါတယ်။
(ဝမ်းဟာ ဆန်ဆေးရည်လို အရည်ဖြူနောက်နောက်တွေ ဖြစ်နေတတ်ပါတယ်)
• ဗိုက်မအီမသာဖြစ်တာ၊ အန်တာနဲ့ ဆားဓာတ်ဆုံးရှုံးခြင်းကြောင့် ကြွက်တက် နုံးချိတာတွေလည်း ဖြစ်နိုင်ပါတယ်။
• ပြင်းထန်ဝမ်းလျှောခြင်းဟာ ပမာဏများတဲ့အတွက် အကြိမ်ရေမများရင်တောင် နာရီပိုင်းအတွင်း လူက နုံးခွေပြီး သွေးပေါင်ကျ၊ ဆီးနည်းတာ၊ ကျောက်ကပ်ပျက်တာ၊ shock ရတာတွေ ဖြစ်နိုင်ပါတယ်။ ကုသမှုမရရင် သေဆုံးနိုင်ပါတယ်။
.
🚨 ရောဂါပြင်းထန်မှု ပိုဖြစ်နိုင်သူတွေကတော့
- ဆီးချိုရောဂါ စတဲ့ရောဂါအခံရှိသူများ
- အစာအိမ် ခွဲစိတ်ဖြတ်တောက်ထားသူများ
- အစာအိမ်အက်ဆစ်ဓာတ် မလုံလောက်သူများ (Achlorhydria) ဖြစ်ပါတယ်။
.
🚨 ဂရုစိုက်ရန်လိုအပ်ခြင်း
ကာလဝမ်းရောဂါ ကူးစက်မှုဟာ သန့်ရှင်းသောရေနှင့် အိမ်သာများ လုံလောက်စွာမရရှိခြင်းနဲ့ ဆက်စပ်နေပါတယ်။ လူနေထူထပ်တဲ့ မြို့ပြရပ်ကွက်များအပြင် စစ်ဘေးရှောင်စခန်းများ၊ ဒုက္ခသည်စခန်းများ၊ ကျောင်းများ၊ လူအများစုဝေးနေထိုင်ရာ နေရာများလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ရေကြီးရေလျှံတဲ့နေရာတွေလည်း သတိထားဖို့လိုပါမယ်။
.
🚨 ရောဂါရှာဖွေကုသခြင်း
ကာလဝမ်းရောဂါလို့ သံသယရှိရင် ဝမ်းနမူနာကို ဓာတ်ခွဲခန်းပို့စစ်ပြီး Cholera ရောဂါပိုး ဟုတ်/မဟုတ် ရောဂါရှာရမှာဖြစ်ပါတယ်။
ရောဂါဟာ ပြင်းထန်နိုင်ပေမယ့် ကုသမှုအလျင်မီရင် လွယ်ကူစွာ ပျောက်ကင်းနိုင်ပါတယ်။ ရောဂါကုသနည်းများကတော့....
💉 ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်ဖြည့်ခြင်း
ရေဓာတ်ဆုံးရှုံးမှု ပြင်းထန်လွန်းတဲ့အတွက် ရေဓာတ်ပြန်ပြည့်အောင် ဝမ်းလျှောတာနဲ့ ဓာတ်ဆားရည် လုံလောက်စွာသောက်ခြင်းကို မမေ့မလျော့ ပြုလုပ်ရပါမယ်။
WHO က သတ်မှတ်ထားတဲ့ အချိုးအစားရှိတဲ့ ဓာတ်ဆားထုပ် တစ်ထုပ်ကို ရေတစ်လီတာနဲ့ ဖျော်ရပါမယ်။ ရောဂါအသင့်အတင့်ပြင်းထန်တဲ့ လူနာဟာ ပထမဆုံးဝမ်းလျှောတဲ့နေ့မှာ ဓာတ်ဆားရည် (၆) လီတာခန့်အထိ ရေနဲ့ဓာတ်ဆား ပြန်ဖြည့်တင်းပေးဖို့ လိုတတ်ပါတယ်။
ရေဓာတ်ဆုံးရှုံးမှု ပြင်းထန်တဲ့ သွေးလန့်လူနာများမှာတော့ သွေးကြောကနေတစ်ဆင့် ဓာတ်ဆားနဲ့ရေကို ပြန်လည်ဖြည့်တင်းကုသဖို့ (IV treatment) လိုပါတယ်။
ဆုံးရှုံးသွားတဲ့ရေဓာတ်ကို အချိန်မီသေချာစွာ ဖြည့်တင်းနိုင်လျှင် ကာလဝမ်းရောဂါ ဖြစ်ပွားတဲ့လူနာကို အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။
ဓာတ်ဆားရည်မရခဲ့သော် ရနိုင်တဲ့ သန့်ရှင်းသော အရည်များ (စွပ်ပြုတ်၊ ဆန်ပြုတ်၊ အုန်းစိမ်းရည်) ကို သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် သကြားပါဝင်မှုများတဲ့ Energy drink လို ဖျော်ရည်တွေတော့ မသောက်သုံးသင့်ပါ။ ဝမ်းလျှောတာကို ပိုဆိုးစေပါတယ်။
စစ်ရှောင်ဒေသတွေနဲ့ အခြား ဓာတ်ဆားထုပ် အလွယ်တကူမရရှိနိုင်တဲ့ ဒေသတွေမှာ သကြား လက်ဖက်စားဇွန်း (၆) ဇွန်းနဲ့ ဆား လက်ဖက်စားဇွန်းရဲ့ တစ်၀က်ကို သန့်ရှင်းတဲ့ရေ တစ်လီတာနဲ့ဖျော်ပြီး ဓာတ်ဆားရည်ကို ဖန်တီးနိုင်ပါတယ်။
.
💉 ပိုးသတ်ဆေး

ဝမ်းလျှောတိုင်း ပိုးသတ်ဆေးမပေးပေမယ့် ဒီလိုလူနာများမှာ သင့်လျော်တဲ့ ပိုးသတ်ဆေးပေးဖို့ လိုတတ်ပါတယ်။ ပိုးသတ်ဆေးများက ဝမ်းပျက်ဝမ်းလျှောတဲ့ ကြာချိန်ကို လျှော့ချပေးနိုင်ပြီး၊ လိုအပ်သော ရေဓာတ်ပမာဏကိုလည်း လျော့နည်းစေပါတယ်။ ဝမ်းထဲ Vibrio Cholerae စွန့်ထုတ်တဲ့ ပမာဏနဲ့ကြာချိန်ကိုလည်း တိုစေပါတယ်။ ပိုးသတ်ဆေးတစ်ခုထဲက ကုသမှုမဟုတ်ဘဲ ရေဓာတ်ဖြည့်တင်းခြင်းကိုပါ တွဲဖက်လုပ်ဆောင်ရပါမယ်။ ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးရပါမယ်။
.
💉 ဝမ်းလျှောလည်း အစာမဖြတ်ရပါ
သန့်ရှင်းစွာ ပြင်ဆင်ထားတဲ့ အစားအသောက်များကို စားနိုင်ပါတယ်။
အစားစားနိုင်သူဟာ အစာကြေလွယ်တဲ့ အစာပျော့ပျော့ ပူပူနွေးနွေး စားပါ။ အရည်များများသောက်ပါ။ ကလေးငယ်များကို နို့ရည် ဆက်လက်တိုက်ကျွေးပါ။
.
💉 Zinc ဆေးပြား
သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ Zinc ဟာ ဝမ်းလျှောတဲ့ကြာချိန်ကို လျော့စေပြီး နောက်ထပ် ထပ်ဖြစ်တာကို ကာကွယ်ပေးနိုင်တဲ့အတွက် အသက် (၅) နှစ်အောက် ကလေးတွေမှာ ကုသမှုတစ်ခုအနေနဲ့ ထည့်သွင်း အသုံးပြုပါတယ်။
.
💉 ပိုးသတ်ဆေး ကြိုသောက်ခြင်း မပြုရပါ
မိမိသဘောအလျောက် ဝမ်းလျှောမှုကာကွယ်အောင် ပိုးသတ်ဆေး ကြိုသောက်တာမျိုးကိုတော့ လုံးဝ မလုပ်သင့်ပါ။ မထိရောက်တဲ့အပြင် ပိုးသတ်ဆေးယဉ်ပါးမှုကိုပါ တိုးလာစေနိုင်တဲ့အတွက် ပြင်းထန်ရောဂါပိုးတွေ ပိုလို့ ပွားစေနိုင်ပါတယ်။
ကာလဝမ်းရောဂါဖြစ်တယ်လို့ သံသယရှိလျှင် နီးစပ်ရာကျန်းမာရေးဌာနမှာ ဆေးကုသမှု အမြန်ဆုံးခံယူပါ။ ကျန်းမာရေးဌာနသို့ သွားနေစဉ် လမ်းခရီးမှာ ရေဓာတ်ဆုံးရှုံးမှုကို ဖြည့်တင်းရန် ဓာတ်ဆားရည် လုံလောက်စွာ သောက်သုံးပါ။
.
🚨 မိမိ သို့မဟုတ် မိသားစုပတ်ဝန်းကျင်တွင် ကာလဝမ်းရောဂါဖြစ်ပွားသည်ဟု သံသယရှိလျှင်
ပထမဆုံး အရမ်းထိတ်လန့်မသွားပါနဲ့။ ရောဂါဟာ အချိန်မီကုသမှုရရင် ထိန်းနိုင်၊ ပျောက်ကင်းနိုင်ပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကို ဖြည့်တင်းရန် ဓာတ်ဆားနှင့် အရည်များများသောက်ပါ/ တိုက်ကျွေးပါ။ လက်ကို သေချာဆေးပါ။ နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပါ။
တကယ်လို့ ပျို့အန်ခြင်းကြောင့် ပါးစပ်မှတစ်ဆင့် မသောက်သုံးနိုင်လျှင် သို့ ဝမ်းလျှောတာ ပြင်းထန်လျှင် ပိုလို့အရေးကြီးပါတယ်။ ဆေးကုသမှု အမြန်ဆုံးခံယူရပါမယ်....။
.
အထူးကုသမားတော်တစ်ဦး
တယ်လီကျန်းမာ
Reference: 📚
https:// www. cdc. gov / cholera
https:// www. who. int / news-room/fact-sheets/detail/cholera

Forwarded from MPANews
တီးတိန်တွင် အသက်မပြည့်သေးသော မိန်းကလေးငယ်ကို စစ်သားနှစ်ဦး အဓမ္မကျင့်ဟုဆို
7 July 2024 By Nadi Shweyi / MPA
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို စစ်သားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
ဇူလိုင်ငါးရက်၊ နံနက်ပိုင်းတွင် ကလေးမြို့မှ စစ်ကားခြောက်စီးဖြင့် ချင်းတောင်သို့တက်လာသော စစ်ကောင်စီတပ်သည် တီးတိန်မြို့နယ်၊ စီးယင်းဒေသ မွှောလ်ပီးကျေးရွာသို့ ရောက်ရှိနေရာယူပြီး နောက် အနီးရှိ နေအိမ်သို့ဝင်ရောက်ကာ မီးဖိုချောင်ထဲ၌ ထမင်းဟင်းချက်ရန်ပြင်နေသော မိန်းကလေးငယ်ကို စစ်သားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း CDF CDM Siyin က ဇူလိုင် ၆ ရက်၌ သတင်းထုတ်ပြန်ထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/QDlhg
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

Forwarded from Tachileik News Agency
ရန်ကုန်တွင် ဝမ်းရောဂါဖြစ်ပွားသူများနေပြီး ကာလဝမ်းရောဂါပိုးရှိသူ ၅ ဦး ဓါတ်ခွဲတွေ့ရှိထား
https://www.tachileik.net/mm/news/36581
* * * * *
ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူများရှိလာပြီးနောက် ကာလဝမ်းရောဂါပိုးဖြစ်ပွားသူ (၅)ဦးကို ဓါတ်ခွဲစစ်ဆေးတွေ့ရှိထားသည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ၂၀၂၄ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
လတ်တလောအချိန်ထိ ဆေးရုံတက် ဝမ်းရောဂါဖြစ်ပွားသူများအား ဓါတ်ခွဲစစ်ဆေးတွေ့ရှိချက်အရ ဝိတိုရိယဆေးရုံမှ လူနာ (၁)ဦးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံမှ လူနာ (၄)ဦးတို့တွင် ကာလဝမ်းရောဂါပိုး တွေ့ရှိထားသည်ဟု သိရသည်။
ရန်ကုန်မြို့ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်၊ သဲကွင်းကျူးကျော်ရပ်ကွက်တို့တွင် ဇွန်လကုန်ပိုင်းကစတင်၍ ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူနာ (၁၂)ဦးအနက် (၉)ဦး ဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့သည့်အနက် (၁)ဦး သေဆုံးသွားသည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ရေးက သတင်းထုတ်ပြန်သည်။
လက်ရှိတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုအား ဖြေရှင်းရေးအတွက် လမ်းဘေးစားသောက်ဆိုင်များပိတ်ခြင်းနှင့် ရေနှင့်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။
သို့သော် ဒေသတွင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံများကို ကိုးကားရေးသားထားသည့် သတင်းဌာနများတွင် ရန်ကုန်၌ ဝမ်းရောဂါဖြင့် သေဆုံးသူ (၅)ဦးရှိသည်ဟုဆိုသည်။
ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူများကို ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် လက်မခံဘဲ ပြည်သူ့ဆေးရုံကြီးကိုသာ စေလွှတ်နေသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူနာအများအပြားရောက်နေသည်ဟု ဇူလိုင်လ (၇)ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှောလူနာအား ဆေးရုံပို့ခဲ့သည့် လူနာရှင်တစ်ဦးထံမှ သိရသည်။
ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းရောဂါဖြစ်ပွားစေသော ကာလဝမ်းရောဂါပိုး (Vibrio Cholerae) ကဲ့သို့သော ရောဂါပိုးမွှားများပါရှိသည့် မသန့်ရှင်းသော ရေနှင့် အစားအစာများ စားသောက်မိခြင်းမှတစ်ဆင့် ကူးစက် ဖြစ်ပွားစေသည်။
မသန့်ရှင်းသော ရေကို သောက်သုံးမိခြင်း၊ ယင်နားစာများနှင့် မသန့်ရှင်းသော အစားအစာများ စားသုံးခြင်း၊ အိမ်သာတက်ပြီး လက်မဆေးခြင်း၊ အစားမစားမီ လက်ကို စင်ကြယ်စွာ မဆေးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှု နည်းပါးခြင်း သို့မဟုတ် သန့်ရှင်းမှု မရှိခြင်းနှင့် ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲမှု အားနည်းခြင်းတို့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရခြင်းဖြစ်သည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကြောင့် ခန္ဓာကိုယ်မှ ရေနှင့် ဓာတ်ဆားများ လျင်မြန်စွာ ဆုံးရှုံးပြီး အားအင် ကုန်ခမ်းကာ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်၍ ရောဂါဖြစ်ပွားပါက စောလျင်စွာကုသမှုခံယူရန် လိုအပ်သည်ဟု ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် ရေကို ကျိုချက်၍သော်လည်းကောင်း၊ ကလိုရင်း ဆေးခပ်၍ သော်လည်းကောင်း အသုံးပြုခြင်း၊ အစားအစာများကို ယင်မနားစေရန် ဖုံးအုပ်ခြင်းနှင့် ပူပူနွေးနွေးစားသုံးခြင်း၊ မှိုတက်နေသော အစားအစာများ၊ ယင်နားစာများနှင့် အမှည့်လွန်သော အသီးများကို မစားသုံးခြင်း၊ အစာမစားမီနှင့် အိမ်သာမှဆင်းလျှင် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း၊ အစားအစာများကို ကိုင်တွယ်ခြင်း၊ ပြင်ဆင်ခြင်း၊ အစာစားခြင်းမပြုမီနှင့် အိမ်သာအသုံးပြုပြီးချိန်တို့တွင် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်းတို့ လုပ်ဆောင်ရန် လိုအပ်သည်ဟု ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။
ကာလဝမ်းရောဂါပိုးသည် ရောဂါရှိသူစွန့်ထုတ်လိုက်သည့် မစင်မှတစ်ဆင့် ပျံ့နှံ့ခြင်းဖြစ်၍ လူနာ၏ အဝတ်အစားများကို သောက်သုံးရေကန်များအနီးတွင် မလျှော်ဖွပ်ခြင်း၊ ကလေးငယ်များ၏ မစင်များကို ယင်မနားစေရန် စနစ်တကျစွန့်ပစ်ခြင်းနှင့် ယင်လုံအိမ်သာများ ဆောက်လုပ်သုံးစွဲခြင်းဖြင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ကြောင်း ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။
#TachileikNewsAgency
Photo: သာကေတမြို့နယ် ထူပါရုံလမ်းသွယ်တွင် ကျန်းမာရေးဌာနက ဇူလိုင်လ ၅ ရက်နေ့က ဝမ်းရောဂါ စစ်ဆေးနေသည်ကို သင်္ခါရဝိမုတ္တိအသင်းက မှတ်တမ်းပုံ ဖေါ်ပြထားခြင်းဖြစ်ပါသည်။

Tachileik News Agency
ရန်ကုန်တွင် ဝမ်းရောဂါဖြစ်ပွားသူများနေပြီး ကာလဝမ်းရောဂါပိုးရှိသူ ၅ ဦး ဓါတ်ခွဲတွေ့ရှိထား
ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူများရှိလာပြီးနောက် ကာလဝမ်းရောဂါပိုးဖြစ်ပွားသူ (၅)ဦးကို ဓါတ်ခွဲစစ်ဆေးတွေ့ရှိထားသည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ၂၀၂၄ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ လတ်တလောအချိန်ထိ ဆေးရုံတက် ဝမ်းရော…
Forwarded from MMWeather
မြစ်ရေအခြေအနေ
ဇူလိုင်လ ၇ ရက်(မိုး/ဇလ)
မူရင်း link:
https://www.facebook.com/dmhmoezalanaypyitaw/posts/pfbid04T2J6U9AUnUrXBRnfoSPeLv1fikbagQepWxPEc9H2uSRxKozzueQmw85bPYRAmphl
ဇူလိုင်လ ၇ ရက်(မိုး/ဇလ)
မူရင်း link:
https://www.facebook.com/dmhmoezalanaypyitaw/posts/pfbid04T2J6U9AUnUrXBRnfoSPeLv1fikbagQepWxPEc9H2uSRxKozzueQmw85bPYRAmphl
Forwarded from မြေလတ်အသံ - Myaelatt Athan
ဆဲဗင်းဇူလိုင်နေ့ အောက်မေ့ဖွယ်အခမ်းအနား ကျောင်းသားတပ် ABSDF ကျင်းပ (Photo News)
မြေလတ်အသံ၊ ဇူလိုင် ၇၊ ၂၀၂၄။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF Column 3 က ဇူလိုင် ၇ ရက် ဒီကနေ့မှာကျရောက်တဲ့ ၆၂ နှစ်မြောက် ဆဲဗင်းဇူလိုင်နေ့ အောက်မေ့ခြင်းအခမ်းအနားကို တပ်ရင်း ၁၂၊ ယောဒေသတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
၁၉၆၂၊ ဇူလိုင်လ ၇ ရက်မှာ ကျဆုံးခဲ့တဲ့ ကျောင်းသားရဲဘော်များနဲ့ ခေတ်အဆက်ဆက် အာဏာရှင်ဆန့်ကျင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ အလံတဝက်လွှင့်ထူတာနဲ့ ကျဆုံးရဲဘော်တွေကို အလေးပြုတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
၁၉၆၂၊ ဇူလိုင်လ ၇ ရက် ကျောင်းသားအရေးအခင်းမှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့စစ်တပ်က ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးခွဲဖျက်ဆီးခဲ့သလို ကျောင်းသားတွေကို ပစ်ခတ်ဖြိုခွင်းခဲ့လို့ အများအပြားကျဆုံး၊ ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။
ပုံစာ - ABSDF တပ်ဖွဲ့ ဆဲဗင်းဇူလိုင်အခမ်းအနား ကျင်းပနေမှု မြင်ကွင်းများ။
သတင်း - ခန့်အောင်
#မြေလတ်အသံ
#ABSDF #ဆဲဗင်းဇူလိုင် #အခမ်းအနား #Photonews