Forwarded from MPANews
လားရှိုးတွင် ကိုးကန့်တပ် MNDAAနှင့် စစ်တပ် ထိတွေ့တိုက်ပွဲဖြစ်ဟုဆို
29 June 2024 By Poe Sangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှောင်လမ်း ၁၂ မိုင်တွင် ကိုးကန့် MNDAAနှင့် စစ်ကောင်စီတပ် အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ယနေ့ (ဇွန်လ ၂၉ ရက်)နံနက် ၁၀ နာရီခန့်တွင် လားရှိုးမှ သိန္နီသို့ တက်သည့်လမ်း ၁၂ မိုင်တွင် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ပြီး လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) မှ ၁၂ မိုင်ဘက်သို့ လက်နက်ကြီး ပစ်ကူခဲ့ကြောင်း လားရှိုးမြို့ခံအမျိုးသားတစ်ဦးကပြောသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/ECorZ
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

Forwarded from CJ Platform
ကန်ပက်လက်နဲ့ ပလက်ဝမှာ ဝမ်းလျှောနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်ပွားမှုမြင့်တက်နေ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်
CJ Platform
ချင်းပြည်(တောင်ပိုင်း)၊ ကန်ပက်လက်နဲ့ ပလက်ဝမြို့နယ်တို့မှာ ဝမ်းပျက်၊ ဝမ်းလျှောနဲ့ ငှက်ဖျားရောဂါဖြစ်ပွားမှုမြင့်တက်နေလို့ ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ အဲဒီကဒေသခံများထံမှ သိရပါတယ်။
ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတချို့မှာ ဇွန်လ ဒုတိယပတ်ထဲကစလို့ ဖျားနာသူတွေဟာ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပြီး အော့အန်နေကြသလို အဖျားတက်ပြီး ချမ်းတုန်နေတာတွေဖြစ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။
Website တွင် ဖတ်ရှုရန် >>> https://cjplatform.com/29620249-2/

Forwarded from RFA Burmese
Media is too big
VIEW IN TELEGRAM
ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာအရေး ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားရှေ့နေ လျှောက်ထား
~~~
■ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားရှေ့နေက တရားရုံးထံ ဇွန်လ ၂၈ ရက်နေ့က တင်သွင်းလိုက်တဲ့ လျှောက်လွှာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ရဲ့ အမည်စာရင်းတွေ ပါဝင်လာပါတယ်။ RFA သတင်းထောက် မဝေမာထွန်း တင်ပြထားပါတယ်။

Forwarded from The Irrawaddy - Burmese
တော်လှန်ရေးအဖွဲ့တွေအနေနဲ့ မတူပီပြီးရင် မင်းတပ်၊ ကန်ပက်လက်၊ ပြီးရင် ယောနယ်ဘက်ကို ဆက် ကူညီပေးမယ်ဆိုရင် တိုက်ခိုက် မောင်းထုတ်လို့ရပြီဆိုတာနဲ့ ကပစ စက်ရုံတွေ၊ ပေါင် ၂၅၀၊ ပေါင် ၅၀၀ လေယာဉ်ဗုံးတွေ အဓိက ထုတ်တဲ့ စက်ရုံတွေကို အနီးကပ်ထိန်းချုပ်လို့ ရပြီ။ ကပစတွေ ပြိုလဲသွားတာနဲ့ စစ်ကောင်စီရဲ့ ယန္တရားကြီးက လုံး၀ ပြိုလဲသွားမှာပဲ
Website တွင် ဖတ်ရန် https://bit.ly/3L7ME1y
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

ဧရာဝတီ
မတူပီကို ချင်းညီနောင် သိမ်းပိုက်
မတူပီမြို့ အခြေစိုက်စစ်ဗျူဟာနှင့် အမှတ် ၁၄၀ ခြေလျင်တပ်ရင်းအား ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်ရှင်းလင်းပြီး ဇွန် ၂၉ ရက်တွင် မြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြီ
Forwarded from Tachileik News Agency
အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်များကို လျစ်လျူရှုထားခြင်းကြောင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း စစ်ကောင်စီအား MNDAA အသိပေး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီမှ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်များကို လျစ်လျူရှုထားပြီး တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးတွင် စစ်ကောင်စီ၏ စတင်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ( ၂ ) ဦး ကျဆုံးခဲ့ပြီး ၊ ( ၃ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ ၂၀၂၄ ခုနှစ် ဇွန်လ ( ၂၉ ) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
လားရှိုးမြို့ မြောက်ဘက် နမ့်ဖူးယိုင်ရှိ မဟာမိတ်တပ်များ ထိန်းချုပ်နယ်မြေကို စစ်ကောင်စီ တပ်ရင်း ( ၅၇၉ ) မှ ဇွန်လ (၂၉) ရက်နေ့ မနက် (၈) နာရီတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၊ မဟာမိတ်တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MNDAA အဖွဲ့မှ ဆိုသည်။
ဇွန်လ ( ၂၉ ) ရက်နေ့ နံနက် ဆယ်နာရီခွဲတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကို MNDAA တပ်ဖွဲ့ဝင်များမှ ဖြတ်တောက်ပိတ်ဆို့ထားနိုင်ခဲ့ပြီး နံနက် (၁၁) နာရီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
ထိုးစစ်ဆင်လာသည့်အဖွဲ့ ဆုတ်ခွာခဲ့ပြီးနောက် စစ်ကောင်စီမှ လားရှိုးမြို့၊ ဟိုပိတ် ၊(၁၃) မိုင် မှနေ၍ မဟာမိတ်တပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအား အမြောက်ကျည်မျိုးစုံဖြင့် ပစ်ခတ်ခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့ ညရှစ်နာရီခွဲအချိန်အထိ စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် မဟာမိတ်တပ်များဖြစ်သည့် တအောင်းတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့နှင့်အတူ လက်မှတ်ထိုးထားသည့် ဟိုဂင်သဘောတူညီချက်ကို စစ်ကောင်စီမှ ချိုးဖောက်ပြီး တအောင်းတပ်မတော်၏ ခံစစ်နယ်မြေကို ဇွန်လ (၁၈) ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း MNDAA အဖွဲ့မှ ဆိုသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တွင် ပါဝင်သည့် တအောင်းတပ်မတော်နှင့် စစ်ကောင်စီတို့အကြား ဇွန်လ (၂၅)ရက်နေ့မှ စတင်ပြီး ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်တို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ၏ စတင်တိုက်ခိုက်မှုကြောင့် လားရှိုးမြို့အနီးတွင် MNDAA အဖွဲ့နှင့် စစ်ကောင်စီတို့ စစ်ရေး ပြန်လည်တင်းမာနေခြင်းဖြစ်သည်။
News : https://www.tachileik.net/mm/news/36485
#TachileikNewsAgency

Forwarded from People's Spring
စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက် ချိုးဖောက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာ၍ လားရှိုး၌ တိုက်ပွဲဖြစ်ဟု MNDAA ပြော
▪️ရှမ်းမြောက်၌ တိုက်ပွဲပိုပြင်းထန်လာနိုင်ကြောင်း MNDAA ထုတ်ပြန်
ဟန်နွေ/People’s Spring
အာဏာသိမ်းစစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ချိုးဖောက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်လာ၍ ခုခံတိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်အသိပေးသည်။
MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၉ရက်က လားရှိုးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAA ရဲဘော်အချို့ ကျဆုံးခဲ့ရဟု ဆိုသည်။
"ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ကကျနော်တို့ရဲ့ ပါတီ တည်ထောင်ခြင်း (၁၁)နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ပျော်ရွှင်ကြိုဆိုနေတဲ့ အချိန်မှာ စစ်ကောင်စီဘက်က ကျနော်တို့ရဲ့ တပ်စခန်းတစ်ခုကို အလစ်အငိုက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။
ဇွန်လ ၂၉ရက် နံနက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်း(၅၇၉) တပ်ဖွဲ့ဝင်များက လားရှိုးမြို့ မြောက်ဘက်ရှိ MNDAA တပ်စခန်း တစ်ခုကို ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ဆိုသည်။
"ကျနော်တို့လည်း ပြန်လည် ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီ နောက်ပြန်ဆုတ်အောင် ပြန်လည်တိုက်ခိုက်နိုင်ခဲ့တယ်။ စစ်ကောင်စီဆုတ်သွားပြီးတဲ့နောက်မှာ သူတို့က လားရှိုးမြို့ထဲကနေ ကျနော်တို့ တပ်စခန်းဘက်ကို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ မနေ့က တိုက်ပွဲမှာ ကျနော်တို့ တပ်အနေနဲ့ ၂ယောက်ကျဆုံးခဲ့ရပြီး ၃ယောက်ဒဏ်ရာရရှိခဲ့ပါတယ်”ဟု လီကျာဝင်းက ပြောသည်။
MNDAAကလည်း တိုက်ပွဲသတင်းထုတ်ပြန်ထားရာ ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် မင်းအောင်လှိုင်မှ အာဏာသိမ်းတပ်ဖွဲ့ဝင်များက စစ်ပွဲများဆင်နွှဲကာ MNDAA၏ ကာကွယ်ရေး နယ်မြေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်မှု မအောင်မြင်ဘဲ ပြန်လည် ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်များက မဟာမိတ်တပ်များ၏ ကာကွယ်ရေးနယ်မြေအား အမြောက်ကျည်မျိုးစုံဖြင့် ပစ်ခတ်ခဲ့ရာ ည ၈နာရီခွဲထိ စစ်ကောင်စီ၏ တိုက်ခိုက်မှုများ ဆက်ရှိနေကြောင်း အသိပေးသည်။
လက်ရှိအချိန်တွင် အာဏာသိမ်းတပ်ဖွဲ့ မင်းအောင်လှိုင်သည် မဟာမိတ်တပ်များ၊ တအောင်းတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့နှင့်အတူ ရရှိထားသည့် "ဟိုဂင်သဘောတူညီချက်"ကို ချိုးဖောက်ပြီး မဟာမိတ်တပ်များကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ၁၈နေ့ တွင် တအောင်း တပ်မတော်၏ ခံစစ်နယ်မြေကို ဗုံးကြဲတိုက်ခိုက်ခြင်းအပြင်၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။
မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်များသည် နှစ်ဖက်စလုံး၏ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်များကို လျစ်လျူရှုထားခြင်းကြောင့် မြန်မာနိုင်ငံရှိ ရှမ်းမြောက်ဒေသပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း အသိပေးထားသည်။

MSI - MYANMAR SOCIETY INFORMATIONS
Photo
“မြန်မာ့လူ့စွမ်းအားအရင်းအမြစ်ကြီး ကပ်ဘေးဆိုက်တော့မလား”
ဇွန် ၃၀ ၊ ၂၀၂၄
MSI
ဒီမနက်မှာပဲ ဖက်ဆစ်ကောင်စီက စစ်မှုမထမ်းမနေရအမိန့်နဲ့ အတင်းအဓမ္မခေါ်ယူစုဆောင်းထားတဲ့ လူငယ်တွေဟာ အပတ်စဉ် ၁ သင်တန်းပို့ချပြီးတဲ့နောက် နိုင်ငံအနှံ့ကရှေ့တန်းစစ်မျက်နှာပြင်များကို စေလွှတ်ခံနေရပြီး မိဘများကိုလည်းအသိမပေးထားကြောင်း ခေတ်သစ်သတင်းဌာနကတက်လာပါတယ်။
*
စကစရဲ့ စမထ(ပေါ်တာ)ကြောင့် လူငယ်ပေါင်းများစွာ စစ်ကြီးထဲရောက်ကုန်ကြရတာဟာ အလွန်စိတ်မကောင်းဖွယ်ရာ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ပါတယ်။ စစ်ကောင်စီလူတစ်စုအတွက်ကတော့ ဒါဟာဝမ်းသာကျေနပ်အားရစရာဖြစ်နေမှာပါပဲ။
*
စစ်တပ်ကိုအားကျလို့ပဲဖြစ်စေ စစ်တပ်ကအတင်းအဓမ္မသွတ်သွင်းခံရလို့ဖြစ်စေ ရွေးချယ်မှုမရှိလို့ဖြစ်စေ ဘယ်လိုနည်းလမ်းမျိုးနဲ့မဆို စစ်ထဲရောက်ကုန်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်ကြရတာဟာ အလွန်ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ပြီး အနာဂတ်တိုင်းပြည်ရဲ့လူ့စွမ်းအားအရင်းအမြစ်အတွက်ပါ အလွန်ရင်လေးစရာ စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။
*
(၂၀၂၄ ခုနှစ် နောက်ပိုင်း)တိုက်ပွဲတွေမှာ လူအသေအပျောက်တိုးလာတဲ့အခါ ဘယ်ဘက်ကပဲဖြစ်ဖြစ် ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်လူ့စွမ်းအားအရင်းအမြစ် အနာဂတ်အဖိုးတန်လူငယ်တွေ “ပျက်သုဉ်းခြင်း မျိုးတုန်းခြင်း” လို့ပဲ မှတ်ယူပါတယ်။
*
ဘာကြောင့်လဲဆိုရင် စစ်အုပ်စု/အာဏာရှင်များရဲ့အာဏာစည်းစိမ်အတွက် အဖိုးတန်လူငယ်ပေါင်းများစွာ ရင်းနှီးမြုပ်နှံခံရပြီး အသက်ပေးနေရတာကြောင့်ပဲဖြစ်ပါတယ်။
*
ဇွန် ၂၈ ရက်နေ့ က ပြီးသွားခဲ့တဲ့ ပထမစမထအသုတ်မှာတင် လူဦးရေသင်တန်းသား ၅သောင်း(တကယ်ရှိမရှိတော့အတည်မပြုနိုင်) မှာ အတင်းအဓမ္မသွတ်သွင်းခံရ/ဝါဒမှိုင်းမိနေတဲ့ အနာဂတ်အဖိုးတန်လူငယ်တွေ ထောင်သောင်းချီပါဝင်နေမှာ ဖြစ်ပါတယ်။
*
ဒါကြောင့် ဒီ ၂၀၂၄ ခုနှစ် တိုက်ပွဲတွေမှာ အဘက်ဘက်က လူသေစာရင်းတိုးလာတာဟာ ပျော်စရာ ရီစရာ ဝမ်းသာစရာ အားတက်စရာအဖြစ် မဟုတ်တော့ပါဘူး။
*
ပြောမယ့်သာပြောတာပါ
ကျနော်တို့တိုင်းပြည်ရဲ့အနာဂတ်လူ့စွမ်းအားအရင်းအမြစ်ကြီးဟာ ပျက်စီးလုနီးပါးဖြစ်နေပါပြီ ...
ပညာရေးစနစ်ဆုတ်ယုတ်နေတဲ့အပြင် ပညာရေးနဲ့အသုံးချပြီးထူထောင်ရမယ့် ပညာသင်ကြားရမယ့်လူငယ်အင်အားစုကြီးဟာလည်း မျိုးတုန်းအန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ ...
*
တိုင်းပြည်ရဲ့အဖိုးတန်ရတနာဆိုတာ တွင်းထွက်သယံဇာတတွေမဟုတ်ပါဘူး။
လူ့အသက်တွေ လူငယ်တွေ ပညာရှိ/ပညာတတ်တွေ ပဲ ဖြစ်ပါတယ်။
*
အခုတော့ ..
မြန်မာ့လူ့စွမ်းအားအရင်းအမြစ်ကြီးတစ်ခုလုံး ကပ်ဆိုက်ခံနေရပြီ ...
မျိုးတုန်းလုနီးပါးအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ ...

စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ဆိုင်းဘုတ်ထောင် ဝါဒဖြန့်နေ
30 June 2024 By Than Lyan / MPA
နိုင်ငံတဝှမ်း တိုက်ပွဲများဖြစ်ပွားနေပြီးပြည်သူများ၏ လူမှုစီပွားရေး အထွေထွေကြပ်တည်းနေချိန်တွင် စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်အတွက် ဆိုင်းဘုတ်ထောင်ဝါဒဖြန့်ချီလျှက်ရှိသည်။
ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီးနောက် ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတဝှမ်းလုံးတွင်စစ်ကောင်စီနှင့် တော်လှန်ရးတပ်ဖွဲ့များကြားတိုက်ပွဲများပြင်းထန်နေပြီး ပြည်သူ လူမှထုမှာ အကြပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေရသည့်အတွက်ကြောင့် စစ်ကောင်စီ ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း မဖြစ်နိုင်ကြောင်း ပြည်သူအများကပြောဆိုကြသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စုအရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ထားသည်။
၂၀၁၀ ခုနှစ် စစ်အုပ်ချုပ်ရေးမှ ဦးသိန်းစိန် အစိုးရ ပြောင်းလဲပြီးနောက်ပိုင်းတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်စီစဉ် ဆောင်ရွက်ခဲ့ပြီး နှစ် ၃၀ အကြာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၀ ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ခံခဲ့သည်။
#Photo #Census #MPA #Myanmar

နယ်စပ် တရားဥပဒေစိုးမိုးရေး ထိုင်း- မြန်မာ စစ်တပ် ဆွေးနွေး
ဧရာဝတီ၊ ဇွန် ၃၀၊ ၂၀၂၄
နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များအပါအဝင် မူးယစ်ဆေး ဝါးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်မည့်အခြေအနေများအား ထိုင်းဘုရင့်တပ်မတော်မှ Lt.Gen Prasan Saengsirirak နှင့် စစ်ကောင်စီ ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ဇွန် ၂၉ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ပုလဲသန္တာဟိုတယ်၌ ဇွန် ၂၈ နှင့် ၂၉ ရက်တို့က ပြုလုပ်သည့် ၃၆ ကြိမ်မြောက် မြန်မာ- ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော် မတီ အစည်းအဝေးသို့ တက်ရောက်ရန်လာသော ထိုင်းကိုယ်စားလှယ်အဖွဲ့သည် ဒုစစ်ခေါင်းဆောင်နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထိုနယ်ခြားကော်မတီအစည်းအဝေးတွင်လည်း ထိုင်း-မြန်မာ စစ်တပ်တို့ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များနှင့် တရားမဝင် ကုန်သွယ်မှု လုပ်ငန်းများအကြောင်းတို့ကို ဆွေးနွေး သဘောတူ လက် မှတ်ထိုးခဲ့ကြကြောင်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- CINCDS
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Clickandpledge
The Irrawaddy