MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from Tachileik News Agency
ပအိုဝ်းဒေသရှိ သံဃာတော်များကို သင်္ကန်းကို ရိုသေသော်လည်း လူကိုမရိုသေနိုင်ဟု ခြိမ်းခြောက်ပြောဆို
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရ‌ဒေသအတွင်း ရဟန်းသံဃာများကိုပါ စစ်ဆေးမည်ဖြစ်ပြီး အစစ်ဆေးမခံပါက PNO ရဲဘော်များ အမှားမဟုတ်၊ သင်္ကန်းကို ရိုသေသော်လည်း လူကိုမရိုသေနိုင်ဟုဆိုကာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ဒေသခံများအား ခြိမ်းခြောက်ပြောဆိုကြောင်း PNLA ထံမှ သိရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များသည် ၂၀၂၄ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် ရပ်ရွာများအား အစည်းအဝေးခေါ်ယူပြီး ဒေသခံများအား ရွာအပြင်သို့ ထွက်ခွင့်မပြုကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည့်အပြင် ပင်အွန်းရွာသူကြီးကိုလည်း ရိုက်နှက်၍ ယင်းသို့ ပြောဆိုခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ဒေသခံများ ရွာအပြင်ထွက်ပါက တော်လှန်ရေးတပ်ဖွဲ့များဟု သတ်မှတ်ကာ ပစ်ခတ်မည်ဖြစ်ကြောင်း ရဟန်း၊ သံဃာတော်များအနေဖြင့်လည်း သတိထားသွားလာကြရန် ပြောဆိုသည်။

ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များသည် လွယ်မောတောင်ဒေသတွင် ကျေးရွာအတွင်းနေထိုင်ခြင်း၊ လက်နက်ကြီးများဖြင့် တောင်ယာအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူများအား ရွာပြင်ထွက်ခွင့်မပြုခြင်းများကြောင့် ကလေးငယ်များ စာသင်ခွင့်ဆုံးရှုံးနေသည့်အပြင် ဒေသခံများလည်း တောင်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်းမရှိဟု သိရသည်။

ယမန်နေ့က ဆီဆိုင်မြို့နယ် နောင်စကာကျေးရွာအနီးတွင် အင်အား (၃၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PNLA တို့ တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သဘက်ချောင်းအနီးရှိ ကျေးရွာမှ ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ရသည်ဟု သိရသည်။

ထို့အပြင် သဘက်ချောင်းအနောက်ဘက်ကမ်းရှိ ရွှေတဂူဘုရားကိုလည်း စစ်ကောင်စီက ဒုတိယအကြိမ် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်သည်ဟု သိရသည်။

News: https://www.tachileik.net/mm/news/36369

#TachileikNewsAgency
Forwarded from The Irrawaddy - Burmese
ကရင်နယ်ခြားစောင့်တပ် ယာဉ်များတွင် ကြယ်တံဆိပ် မတပ်ရန် BGF အမိန့်ထုတ်

ဧရာဝတီ ၊ ဇွန် ၂၂ ၊ ၂၀၂၄

ကရင်နယ်ခြားစောင့်တပ်မှ တပ်မှူး တပ်သားများ အပါအဝင် စစ်သည်အားလုံး တပ်ဖွဲပိုင် မော်တော်ယာဉ်များတွင် ကြယ်တံဆိပ် အမှတ်အသား (လုံးဝ)တပ်ဆင်ခြင်း မပြုရန် ကရင်နယ်ခြားစောင့်တပ် BGF က အမိန့်ထုတ်ပြန်သည်။

BGF ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးလက်မှတ်ဖြင့် ထုတ်ပြန်သော ဇွန်လ ၂၀ ရက်စွဲပါ အမိန့်ကြေညာစာ၌ BGF တပ်မိသားစု အသိုင်းအဝိုင်းအားလုံး ယာဉ်အမှတ်အသား ကြယ်တံဆိပ် တပ်ဆင်ခြင်း မပြုရန်၊ အဆိုပါထုတ်ပြန်ချက်အား လိုက်နာမှုမရှိဘဲ ပြဿနာတစုံတရာဖြစ်ပေါ်လာပါက(လုံးဝ) ဖြေရှင်းပေးမည်မဟုတ်ဟု ဆိုသည်။

"လူကြီးတွေဆီက ကြယ်အမှတ်တံဆိပ်တွေ အသုံးမပြုဖို့ ညွှန်ကြားမှုတွေရပါတယ်။ ဘယ်လိုဘာကြောင့်ဆိုတာ ကြေးနန်းတွေလည်း မရတော့ ကျနော်တို့လည်း မသိရသေးဘူး။ အောက်ခြေကိုလည်း သေချာ မချပြရသေးဘူး "ဟု ကရင်နယ်ခြားစောင့်တပ် BGF စည်းကမ်းထိန်းသိမ်းရေး ရုံးတာဝန်မှူး ဗိုလ်ဖြိုးဝေခန့်က ပြောသည်။

ကရင်နယ်ခြားစောင့်တပ် BGF ဘက်က ထိုကဲ့သို့ညွှန်ကြားလာသည့် အကြောင်းအရင်းများကို BGF နှင့်နီးစပ်သည့် မြဝတီမြို့ခံတချို့မေးမြန်းရာ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်/ပြဿနာတစုံတရာ မကြားမိကြောင်း ပြောသည်။

လက်ရှိချိန်ထိ BGF တပ်ဖွဲ့ဝင်များ၏ကားများတွင် ၎င်းတို့၏ အမှတ်အသားကြယ်တံဆိပ်မဖြုတ်ဘဲ သွားလာနေသည်ကိုလည်း တွေ့နေရသေးကြောင်း မြဝတီမြို့ခံ အမျိုးသမီးတဦးက ပြောသည်။

ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သော BGF အဖွဲ့သည် စစ်ကောင်စီလက်အောက်မှ ခွဲထွက်ပြီး သီးခြားရပ်တည်မည်ဟု ယခုနှစ် မတ်လအတွင်းက သတင်းများထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် တပ်နယ်များအကြား ညှိနှိုင်းမှုများ အဆင်မပြေဟုဆိုကာ ခွဲထွက်မည့်အစီအစဉ်မှာ အကောင်အထည်ပေါ်ခြင်း မရှိခဲ့ပေ။

ကရင်နယ်ခြားစောင့်တပ်သည် ယခင်တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့ DKBA ၏ အစိတ်အပိုင်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ စစ်တပ်၏ လက်အောက်ခံဖြစ်သော နယ်ခြားစောင့်တပ်( BGF)အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

BGF အဖြစ်ဖွဲ့စည်းပြီးနောက် စစ်တပ်၏ အဆောင်အယောင်များရရှိခဲ့သလို တပ်ဖွဲ့ကားများတွင်လည်း ကြယ်အမှတ်တံဆိပ်များ တပ်ဆင် အသုံးပြုခဲ့ကြသည်။

ပုံစာ- ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း BGF တပ်ဖွဲ့ဝင်များ KNU ထိန်းချုပ်နယ်မြေတချို့မှ တပ်စခန်းများကို ရုတ်သိမ်းပြီး ထွက်ခွာလာခဲ့စဉ် / CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
စစ်တပ်ရဲ့ အမှားကို မေ့ပစ်ဖို့ သီတဂူဆရာတော် မိန့်ကြား (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၂၂၊ ၂၀၂၄

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) အဖွဲ့ဝင်ဆရာတော်လည်းဖြစ် ရွှေကျင်နိယာယ ဗဟိုအလုပ်မှုဆောင် ဆရာတော်လည်းဖြစ်တဲ့ ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ကို စစ်တပ်က ပစ်သတ်ခဲ့မှုနဲ့ပတ်သက်ပြီး မေ့ပစ်ဖို့ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ ကမိန့်ကြားပါတယ်။

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်မှာပြုလုပ်နေတဲ့ ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ အန္တိမစျာပန အခမ်းအနားဆီကို ရောက်ရှိလာပြီး မိန့်ကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ဟာ ဆရာတော်ကို ပစ်သတ်ခဲ့မှုနဲ့ ပတ်သက်ပြီး လူထုနဲ့ သံဃာတော်တွေက စစ်တပ်အပေါ် စိတ်ဆိုးဒေါသထွက်နေကြတဲ့ အချိန်လည်းဖြစ်ပါတယ်။

သီတဂူဆရာတော် က "ဒီကနေ့ တိုင်းပြည်အခြေအနေက ညီညွတ်ဖို့က သိပ်အရေးကြီးနေတယ်။ နိုင်ငံတော်နဲ့ တပည့်တော်တို့ သံဃာ၊ နိုင်ငံတော်အစိုးရနဲ့ သံဃာ လက်မတွဲနိုင်ရင် တပည့်တော်တို့ တိုင်းပြည်က ဒုက္ခဖြစ်စရာအများကြီးရှိတယ်။ အဲ့ဒါကြောင့်တိုင်းသူပြည်သားလူအများကို ပြန်ငဲ့ညှာ တိုင်းပြည်ရဲ့ အစဉ်အမြဲတည်တံ့မှု Union United ဆိုတဲ့ ညီညွတ်မှုကိုလည်း အားပေးတဲ့အနေနဲ့ တစ် သည်းခံတော်မူကြပါဘုရား။ နှစ် ခွင့်လွှတ်တော်မူကြပါ။ သုံး မေ့ပျောက်တော်မူကြပါ။ ပြန်ပြင်လို့ မရတော့တဲ့ ဒီအမှားကို တစုံတယောက်မှားတဲ့ ဒီအမှားကို တပည့်တော်တို့ သံဃာတော်တွေဟာ အားပေးမိရာ မရောက်အောင် ထပ်ပြီးတော့ မမှားမိအောင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်း စောင့်ရှောက်တော်မူကြပါဘုရား" လို့ မိန့်ကြားသွားတာဖြစ်ပါတယ်။

ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ဟာ ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းက မန္တလေးတိုင်း၊ မြို့သာနဲ့ ငါန်းဇွန် လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

https://youtu.be/KLa1RVIAKTs
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
မင်းအောင်လှိုင်ကို ချီးကျူးခဲ့တဲ့ သီတဂူဆရာတော်က ဆရာတော်ကြီးပျံလွန်တော်မှုရခြင်းအပေါ် သည်းခံ၊ မေ့ပျောက်ကြဖို့ မိန့်ကြား

မြေလတ်အသံ၊ ဇွန် ၂၂၊ ၂၀၂၄။

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ပျံလွန်တော်မူရမှုအပေါ် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်က သည်းခံ၊ ခွင့်လွှတ်၊ မေ့ပစ်ကြဖို့ မိန့်ကြား လိုက်ပါတယ်။

ဆရာတော်ကြီးရဲ့အန္တိမအဂ္ဂိစျာပန ၄ ရက်မြောက်နေ့ ဒီကနေ့မှာ ဝင်းနိမ္မိတာရုံကျောင်းစာသင်တိုက်ကို သီတဂူဆရာတော်ကြွရောက်လာပြီး စာသင်တိုက်ရှိသံဃာတွေကို မိန့်ကြားတာမှာ “ ၁ သည်းခံခြင်း၊ ၂ ခွင့်လွှတ်ခြင်း၊ ၃ မေ့ပျောက်ခြင်းရယ် အဲ့ဒီတရားသုံးပါးဟာ ယူနိုက်တက်ရယ်၊ ယူနီယံရဲ့ အခြေခံဖောင်ဒေးရှင်းဖြစ်ပါတယ်။ ဘုရားတပည့်တော်တို့ရဲ့ ဗုဒ္ဓသာသာနာတော်ကြီးကို ဒီသုံးပါးအခြေခံပြီး တည်ဆောက်ရမှာဖြစ်တော့ အားလုံးသောသံဃာတော်များ၊ ခွင့်လွှတ်တော်မူကြပါ၊ မေ့ပျောက်အောင် ကြိုးစားတော်မူကြပါ၊ သည်းခံတော်မူကြပါ၊ စိတ်ဆိုးမှုတွေကို ထိန်းသိမ်းတော်မူကြပါ” လို့ ဆိုပါတယ်။


သတင်းအပြည့်အစုံ...
https://www.myaelattathan.org/articles/မင်းအောင်လှိုင်ကိုချီးကျူးခဲ့တဲ့_သီတဂူဆရာတော်က_ဆရာတော်ကြီးပျံလွန်တော်မှုရခြင်းအပေါ်_သည်းခံ_မေ့ပျောက်ကြဖို့_မိန့်ကြား
MSI - MYANMAR SOCIETY INFORMATIONS pinned «“သာ့ဒ်ပါတီ (Third Party) ရှင်းတမ်း” (ပြည်သူတစ်ဦး၏အစွဲမပါသောရှူထောင့်မှသုံးသပ်ခြင်း) အခုချိန်ထိ တတိယအင်အားစု(Third Party) သာ့ဒ်ပါတီဆိုတာ ပေါ်ပြီလားဆို မရှိသေးပါ မပေါ်သေးပါ။ ပေါ်ဖို့လည်း အလားအလာမရှိနိုင်ပါ။ ပေါ်ခဲ့ရင်လည်း သာဒ်ပါတီအနေနဲ့ရှိလာကြမှာမဟုတ်ပါ။…»
Forwarded from Tachileik News Agency
ဆော်ဒီနိုင်ငံ မက္ကာမြို့တွင် အပူချိန် အဆမတန် လွန်ကဲလာမှုကြောင့် ဟာ့ဂျ်ခရီးစဥ်အတွင်း လူ(၁၀၀၀)ကျော် သေဆုံး

ကမ္ဘာတဝန်းမှ အစ္စလာမ်ဘာသာဝင်များ၏ ၂၀၂၄ ခုနှစ် ဟာ့ဂျ် ခရီးစဥ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံတွင် အပူချိန် အလွန်အမင်း မြင့်တက်မှုကြောင့် သေဆုံးသူ (၁,၀၀၀) ကျော်အထိရှိလာကြောင်း AFP သတင်းဌာန၏ ၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့ စာရင်းအရ သိရှိရသည်။

အလွန်ပူပြင်းနေသည့် ဆော်ဒီအာရေဗျတွင် ဟာ့ဂျ်ခရီးစဥ်အတွင်း သေဆုံးခဲ့သူများအနက် ထက်ဝက်ကျော်မှာ တရားဝင် စာရင်းသွင်းထားခြင်းမရှိသည့် ဟာ့ဂျ်ဘုရားဖူးများဟု ဆိုသည်။

၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ဟာ့ဂျ်ခရီးစဥ်အတွင်း နောက်ထပ် သေဆုံးသူများအနက် အီဂျစ်နိုင်ငံမှ (၅၈) ဦး ပါဝင်ကြောင်း အာရပ်သံတမန်တစ်ဦးက ပြောသည်။

ဟာ့ဂျ်ခရီးစဥ်အတွင်း အီဂျစ်နိုင်ငံသား (၆၅၈) ဦး သေဆုံးခဲ့ရာ (၆၃၀) ဦးမှာ တရားဝင် စာရင်းသွင်းထားခြင်းမရှိသော ဟာ့ဂျ်ဘုရားဖူးများ ဖြစ်သည်။

ဟာ့ဂျ်ခရီးစဥ်အတွင်း နိုင်ငံ (၁၀)နိုင်ငံဝန်းကျင်မှ လူ (၁,၀၈၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဟာ့ဂျ်ခရီးစဥ်မှာ အလွန်ပူပြင်းသော ဆော်ဒီ၏ နွေရာသီအတွင်း ထပ်မံကျရောက်ခဲ့သည်။

National Meteorological Centre က ထုတ်ပြန်မှုအရ ယခု သီတင်းပတ်တွင် ဆော်ဒီနိုင်ငံ မက္ကာမြို့ရှိ Grand Mosque ဗလီ၌ အပူချိန် (၅၁.၈) ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်း ထုတ်ပြန်ခဲ့သော ဆော်ဒီ၏ လေ့လာမှုတစ်ခုက ဒေသတွင်း အပူချိန်မှာ ဆယ်စုနှစ်တစ်ခုလျှင် (၀.၄) ဒီဂရီဆဲလ်စီးယပ် မြင့်တက်လာနေကြောင်း ပြောထားသည်။

ဆော်ဒီသို့ နှစ်စဥ် ဟာ့ဂျ်ခရီးစဥ် လာရောက်ကြသူများအနက် ထောင်ပေါင်းများစွာမှာ အကုန်အကျများသော တရားဝင် ခရီးစဥ်ကို မတတ်နိုင်ကြရာ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဟာ့ဂျ်ဘုရားဖူး လာရောက်လေ့ရှိကြသည်။

၂၀၂၄ ခုနှစ် ဇွန်လအတွင်း တရားမဝင် ဟာ့ဂျ်ဘုရားဖူး ထောင်ပေါင်းများစွာကို မက္ကာမြို့ကနေ ထွက်ခွာစေခဲ့ကြောင်း ဆော်ဒီအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။

သို့သော် အများအပြားမှာ ကျန်ရှိနေဆဲဖြစ်ပြီး ဟာ့ဂျ်ပြုမှုတွင် ပါဝင်ခဲ့ကြပုံရကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ပါကစ္စတန်နှင့် အင်ဒိုနီးရှားကလည်း ၎င်းတို့၏ နိုင်ငံသားများ နောက်ထပ် သေဆုံးမှုရှိကြောင်း အတည်ပြုခဲ့ကြသည်။

ပါကစ္စတန်နိုင်ငံမှ ဟာ့ဂျ်ဘုရားဖူး (၁၅၀,၀၀၀) ဝန်းကျင်အနက် ယခုအချိန်အထိ (၅၈) ဦး သေဆုံးခဲ့ကြောင်း သံတမန်တစ်ဦးက AFP သတင်းဌာနကို ပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှာ ဟာ့ဂျ်ခရီးစဥ် လာရောက်ကြသူ (၂၄၀,၀၀၀) ခန့်အနက် (၁၈၃) ဦး သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား ဘာသာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အီရတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ္စတန်နယ်မြေ၊ မလေးရှား၊ အိန္ဒိယ၊ ဂျော်ဒန်၊ အီရန်၊ ဆီနီဂေါ၊ တူနီးရှား၊ ဆူဒန် နိုင်ငံတို့ကလည်း ဟာ့ဂျ်ခရီးစဥ်အတွင်း သေဆုံးမှုများရှိကြောင်း အတည်ပြုထားသည်။

ဟာ့ဂျ်ပြုခြင်းမှာ အစ္စလာမ်၏ မဏ္ဍိုင်ကြီး (၅) ခုအနက်မှ တစ်ခုဖြစ်ပြီး ကမ္ဘာတဝန်းမှ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်များက ဟာ့ဂျ်ပြုရန် နှစ်စဥ် ဆော်ဒီသို့ လာရောက်ကြသည်။

News: https://www.tachileik.net/mm/news/36373

#TachileikNewsAgency
Source: AFP
"ကိုမျိုးချစ်"

ကာတွန်း - နေညိုအေး (ဥသျှစ်ပင်)
Forwarded from RSN WEB
DAILY HIGHLIGHTS (22 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


သိုင်းငင်းရွာတိုက်ပွဲ ပြင်းထန်၊ ကနေဒီတောင်စခန်းကို ချင်းပြည်ကောင်စီထိန်းချုပ် – MZM

မိတ္တီလာမြို့နယ်၊ မြင်တော်ကန်ကျေးရွာအနီးတွင် စစ်ကောင်စီလေယာဉ် ၁ စီး ပျက်ကျ၊ ပျက်ကျသည့် နေရာကိုစစ်တပ်ဖြင့် ပိတ်ဆို့ပြီး ဓာတ်ပုံရိုက်ခွင့်နှင့် ပြည်သူများ ဝင်ခွင့် မပြုဘဲ သတင်းအမှောင်ချ – KT

စစ်ကောင်စီက ဖားဆောင်းတိုက်ပွဲအတွင်း အသုံးပြုသည့် လက်နက်ဆန်းကြောင့် မျက်စိ၊ မျက်နှာစပ်ပြီး ယားယံမှုတွေဖြစ် – MKN

📰 နိုင်ငံရေးထူးခြားသတင်းများ

စစ်ကောင်စီနှင့် တွေ့ဆုံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို ဦးတည်သော ၂၀၀၈ ခြေ/ဥ ပြင်ဆင်နိုင်ရေး ဆွေးနွေးခဲ့ဟု ဦးကိုကိုကြီးပြော – AT

📰 စီးပွားရေးထူးခြားသတင်းများ

အကြမ်းဖက်စစ်ကောင်စီက ဆန်စျေးနှုန်းများ သတ်မှတ်ထုတ်ပြန်လိုက်ပြီး သတ်မှတ်စျေးထက် ပိုရောင်းလျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက် – KT

ရန်ကုန်နှင့်ဧရာ၀တီတိုင်းမှ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များကို စစ်ကောင် စီက လိုက်လံ ဖမ်းဆီးနေပြီး ဆန်စက်နှင့်ဆန်ဂိုဒေါင်များ၊ ဘုရင့်နောင်မှ ဆန်ပွဲရုံများကိုပါ ချိတ်ပိတ် – KT

တစ်နိုင်ငံလုံး ဆန်စျေးကွက်တွင် ဆန်စျေးကို လိုသလို ကစားနိုင်သည်ဟု ယူဆရသော လက်ကြီး ကုန်သည်များ၊ ဆန်စက်များကို စစ်ကောင်စီက စီမံချက်ဖြင့် ဖမ်းဆီးနေ၊ စစ်ဆေးချက်အပေါ် မူ တည်​ပြီး အရေးယူမည် – KT

စစ်ကောင်စီက စားအုန်းဆီ လုပ်ငန်းရှင်များကို အရေးပေါ် အစည်းအဝေးခေါ်ယူ – KT

📰 အခြားထူးခြားသတင်းများ

ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်တပ်က ပစ်ခတ်ရာမှ ပျံလွန်တော်မူခဲ့သည်ကို မူလကတည်းက သိရှိခဲ့သော်လည်း PDF အပေါ် အပြစ်ပုံချ သတင်းထုတ်ပြန်ရန် မင်းအောင်လှိုင် အပါ အဝင် စစ်ကောင်စီက အမိန့်ပေးညွှန်ကြားခဲ့ – KT

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသည့်ဖြစ်စဥ်ကို သည်းခံမေ့ပျောက်‌ရန် သီတဂူဆရာတော် မိန့်ကြား – PS

#rangoonscoutnetwork
Forwarded from MPANews
ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခြင်းဖြစ်စဉ်ကို သည်းခံ၊ခွင့်လွှတ် ၊မေ့ပျောက်ရန် သီတဂူဘုန်းကြီး၏ ပြောကြားချက် သံဃာနှင့်ပြည်သူအား စော်ကားလိုက်ခြင်းဟုဆို

23 June 2024 By Ko Paing / MPA

ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်မှုအပေါ် သံဃာများအနေဖြင့် သည်းခံ၊ ခွင့်လွှတ်၊ မေ့ပျောက်ကြရန် သီတဂူဘုန်းကြီးက ပြောဆိုလိုက်ခြင်းသည် သံဃာထုနှင့်ပြည်သူ တစ်ရပ်လုံးအား စော်ကားလိုက်ခြင်းဖြစ်ကြောင်း သံဃသမဂ္ဂ(မန္တလေး)မှ အရှင်သူရိယာလင်္ကာရ ကမိန့်သည်။

ဇွန်လ ၂၂ ရက်တွင် သီတဂူဘုန်းကြီးသည် ဝင်းနိမ္မိတာရုံဆရာတော်၏ အန္တိမဈာပနသို့ ကြွလာစဉ် ယင်းသို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/1Txnx
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from The Irrawaddy - Burmese
ဂန္ထဝင် ရသ ကာတွန်းများ

ဧရာဝတီ၊ ဇွန် ၂၃၊ ၂၀၂၄

ကာတွန်းဆရာကြီး မောင်ဝဏ္ဏ ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။
Forwarded from The Irrawaddy - Burmese
ဆန်လုပ်ငန်းရှင်များ ဖမ်းဆီးပြီးနောက် လက်လီဆိုင်တချို့ လိုက်စစ်နေ

ဧရာဝတီ၊ ဇွန် ၂၃၊ ၂၀၂၄

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတချို့အား ယခုရက်ပိုင်းအတွင်း ခေါ်ယူစစ်ဆေးပြီးနောက် ဆန်ဈေးနှုန်းများ သတ်မှတ်ဈေးဖြင့် ရောင်းချရန် ထုတ်ပြန်ခဲ့သလို ဆန်ဆိုင်များကို လိုက်လံ စစ်ဆေးနေကြောင်း လက်လီကုန်သည်များထံက သိရသည်။

ရန်ကုန်မြို့ရှိ လက်လီ ဆန်အရောင်းဆိုင်ပိုင်ရှင်တဦးက “မနေ့ကတော့ လသာဘက်မှာ ဝင်စစ်တာတွေ ရှိတယ်။ ဆန်ဘယ်ဈေးရောင်းလည်း ဘာညာပေါ့။ ကျနော်တို့ ဆိုင်တွေဘက်လည်း စစ်မယ်ဘာညာတော့ ကြိုတော့ မပြောဘူး။ သူတို့ (စကစ) က ရုတ်တရက် လာကြတာဆိုတော့ ပြင်ဆင်ထားရတာတော့ ရှိတာပေါ့။ လက်လီ ဈေးတွေကို ပြင်ရတာပေါ့။ သူတို့ ဈေးနဲ့ မကိုက်တဲ့ဟာတွေက သိမ်းပြီးတော့၊ သူတို့ ဈေးနဲ့ကိုက်တဲ့ ဆန်ပဲ စာကပ်ရောင်းပေါ့၊ အဲဒီလို လုပ်ရတယ်”ဟု လက်ရှိအခြေအနေကို ဧရာ ဝတီသို့ ပြောသည်။

ထို့ပြင် စစ်ကောင်စီ ခေါ်ယူစစ်ဆေးနေသော နာမည်ကြီး ဆန်လုပ်ငန်းရှင်တချို့မှာ ပြန်လွတ်လာသည့် အခြေ အနေရှိသော်လည်း ကုန်စည်ဒိုင်အတွင်းရှိ လိုင်းခေါင်းဆောင် ဆန်သမားများမှာ ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

“မြောင်းမြဆို မြောင်းမြ၊ ရွှေဘိုဆို ရွှေဘို လိုင်းခေါင်းဆောင်တွေကတော့ ထွက်မလာသေးဘူး။ အကုန်တော့ မလွှတ်ပေးပေါ့ဗျာ။ မြောင်းမြဘက်က စက်ပိုင်တွေ ဘာတွေ ဆိုရင် ၅ ယောက် ဖမ်းရင် ၂ ယောက် လောက် လွှတ် ပေးတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်” ဟု အထက်ပါ ဆန်သမားက ပြော သည်။

ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၃၅,၀၀၀ ကျပ်မှ ၁၄၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၁၀၀၀၀ ကျပ် မှ ၁၂၀,၀၀၀ ကျပ်၊ ဧည့်မထ (၁၅%) ၁ အိတ်လျှင် ၇၂ ၀၀၀ ကျပ်မှ ၇၅,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

ဆန်စပါးအသင်းချုပ်အသင်းချုပ်၊ ဝါးတန်းလမ်းကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင် ယင်းသတ်မှတ် ဈေးဖြင့် အိမ်ထောင်စု တစုလျှင် တလအတွက် ရွှေဘိုပေါ်ဆန်းတအိတ်နှင့် ဧည့်မထအမျိုးအစား ဆန် ၁ အိတ်ကို သန်းခေါင်စာရင်း မိတ္ထူ၊ မှတ်ပုံတင်မူရင်းတို့ဖြင့် ဇွန်လ ၂၄ ရက်တွင် လာရောက် ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ဈေးကွက်အတွင်း ရောင်းချရာတွင် ၎င်းတို့သတ်မှတ်ဈေးနှင့် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း ကွာဟရမည် ဖြစ်ပြီး စူပါမားကတ်များ၌ ရောင်းချပါက ၁၀ ရာခိုင်နှုန်းမှ၂၀ ရာခိုင်နှုန်းအထိသာ ကွာဟ၍ ရောင်းရမည်ဟု စစ်ကောင်စီ ထုတ်ပြန်ထားသည်။

ပုံစာ - စက်တင်ဘာ ၄ ရက်က ဆန်စပါးအသင်းချုပ် အစီအစဉ်ဖြင့် ရောင်းချပေးသည့် ဆန်ကို ဝယ်ယူနေကြစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်)
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from Tachileik News Agency
စစ်ကိုင်းမြို့မှ ရိက္ခာသယ်ဆောင်လာသည့် တွဲကားနှစ်စီးနှင့် စစ်ကောင်စီကင်းများအား PDF ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်
https://youtu.be/Q_7HHH0NmV4?si=7NxVK3Vw4rhzdGtU
* * * * *

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှ မုံရွာမြို့ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်(နမခ) သို့ ပို့ဆောင်ရန် ရိက္ခာအပြည့်သယ်ဆောင်လာသည့် စစ်ကောင်စီတွဲကား (၂)စီးနှင့် စစ်ကောင်စီကင်းများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Special Forces 11–PDF အဖွဲ့မှ သတင်းထုတ်ပြန်သည်။

စစ်ကိုင်းမြို့မှ မုံရွာမြို့ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ) သို့ ပို့ဆောင်ရန် ရိက္ခာအပြည့်သယ်ဆောင်လာသည့် စစ်ကောင်စီတွဲကား (၂)စီးနှင့် ချောင်းဦး မြပုလဲဂိတ်မှ ကင်းလာယူပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မုံရွေးတိုးဂိတ်အနီးတွင် ၂၀၂၄ခုနှစ် ဇွန်လ (၂၁)ရက်နေ့ မနက် (၇) နာရီခွဲတွင် ရှေ့ထွက်မိုင်း (၄) လုံး တစ်ပွိုင့် နှင့် ပဒေသာမိုင်း (၄)လုံး တစ်ပွိုင့်တို့ဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် တွဲကား ပထမအစီးမှာ နောက်ပိုင်းပွင့်ထွက်၍ တိုးဂိတ်ရှေ့ထိုးရပ်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် ထိခိုက်မှုများရှိနိုင်ကြောင်း Special Forces 11–PDF အဖွဲ့မှ ဆိုသည်။

ထို့နောက် ဇွန်လ (၂၂) ရက်နေ့ မနက် (၉) နာရီဝန်းကျင်တွင် ချောင်းဦး မြပုလဲ စစ်ကောင်စီဂိတ်မှ ကင်းလာယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းနှင့် ဗုံးသီး (၄)လုံးချ၍ ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်သော်လည်း အရပ်သား ပြည်သူ (၂)ဦး ထိခိုက်မှုရှိကြောင်း သိရသဖြင့် အနူးအညွတ်တောင်းပန်ကြောင်း Special Forces 11 – PDF အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို Special Force-11(PDF)၊ မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)နှင့် Monywa Dynamite(STF)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency
Video : Special Forces 11 - PDF
Forwarded from Tachileik News Agency
မြင်းခြံတွင် လူနာလိုက်ပို့သည့် ဆခမဆရာတော် ဥူးဥတ္တမကို စစ်ကောင်စီတပ် ပစ်သတ်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေးတိုင်း မြင်းခြံမြို့တွင် လူနာလိုက်ပို့သည့် ဆခမဆရာတော် ဥူးဥတ္တမကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းတွင် ပစ်သတ်လိုက်ကြောင်း သိရသည်။

ယမန်နေ့ ည(၁၀)နာရီဝန်းကျင်က မြင်းခြံမြို့၊ အမှတ်(၁၈)၊ ဝန်ထမ်းကွက်သစ်တွင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းနေစဉ် မြင်းခြံမြို့ပေါ်သို့ လူနာတင်ယာဉ်ဖြင့် လူနာလိုက်ပို့သည့် ဆရာတော်ကို ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်မှာ သက်တော်(၅၀)၊ ဝါတော် (၁၂)ဝါရှိပြီး စစ်တပ်ဂိတ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကာ စစ်ကောင်စီဘက်က Myingyan Black Tiger PDF အဖွဲ့က ပစ်ခတ်သည်ဟု စွပ်စွဲထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်သည် Myingyan Black Tiger အဖွဲ့နှင့် လုံးဝမသက်ဆိုင်ကြောင်း၊ Myingyan Black Tiger (MBT)က မြင်းခြံနှင့် နီးနီးကပ်ကပ်မှာရှိမနေသည့်အပြင် ယခုရက်ပိုင်းတွင်လည်း စစ်ရေးလှုပ်ရှားမှုမရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကောင်စီသည် ငါန်းဇွန်နယ်၌ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကိုလည်း ပစ်ခတ်ပြီးနောက် PDFက ပစ်ကြောင်း သတင်းမှားဖြန့်ဝေပြီးနောက် အတူပါဆရာတော်ကြီးက စစ်တပ်ကပစ်ကြောင်း မိန့်ကြားမှသာ ၎င်းတို့ပစ်ခတ်ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။

News : https://www.tachileik.net/mm/news/36388

#TachileikNewsAgency
MSI - MYANMAR SOCIETY INFORMATIONS
လိင်ပိုင်းဆိုင်ရာနှောက်ယှက်ကျူးလွန်မှုများအပေါ် ကြားကာလ NUG မှ တာဝန်မဲ့စွာ ကင်းလွတ်ခွင့်ပြုနေသလား ဇွန် ၁၉၊ ၂၀၂၄ MSI ဒီနေ့မှာပဲ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင် ဆိုသူမှ အဖွဲ့တွင်း အတွင်းရေးမှူးအ…
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံး ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုင်းဇက်ခင်မှ အတွင်းရေးမှူး အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် အမြတ်ထုတ်မှုအပေါ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ ထုတ်ပြန်ကြေညာချက်

Full PDF: https://www.womenofburma.org/statements/amiusaannyiinnyttreaciur-niungngnkhaarewnkiitthaan-aindiyniungngn-mnmaakiuycaalyrun

#End_Impunity
#NoMoreSilence
#silenceiscompliance