Forwarded from မြေလတ်အသံ - Myaelatt Athan
လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ စစ်ခေါင်းဆောင် ပြောဆိုပြန်
မြေလတ်အသံ၊ ဇွန် ၁၆၊ ၂၀၂၄ ။
လာမယ့် ၂၀၂၅ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲလုပ်ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ထပ်မံပြောဆိုပြန်ပါတယ်။
ဇွန်လ ၁၅ ရက် မနေ့က မိတ္ထီလာခရိုင်အတွင်းရှိ ၄င်းရဲ့လက်အောက် ခရိုင်၊မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကို တွေ့ဆုံပြီး စစ်ခေါင်းဆောင်က အခုလိုပြောဆိုခဲ့တာပါ။
စစ်ခေါင်းဆောင်က ၄င်းတို့အနေဖြင့် လာမယ့်အောက်တိုဘာလအတွင်းမှာ လူဦးရေနဲ့သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့တာပါ။
သတင်းအပြည့်အစုံ
#မြေလတ်အသံ
#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #အထွေထွေရွေးကောက်ပွဲ #၂၀၂၅ #MilitaryCoup #သတင်းတို

MSI - MYANMAR SOCIETY INFORMATIONS
လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ စစ်ခေါင်းဆောင် ပြောဆိုပြန် မြေလတ်အသံ၊ ဇွန် ၁၆၊ ၂၀၂၄ ။ လာမယ့် ၂၀၂၅ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲလုပ်ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ထပ်မံပြောဆိုပြန်ပါတယ်။ ဇွန်လ…
Telegram
MSI - MYANMAR SOCIETY INFORMATIONS
“ပြည်သူအများစုရဲ့၂၀၂၀ မဲရလဒ်နဲ့ စကစရဲ့တရားမဝင်ရကပရလဒ်ကြား နိုင်ငံတကာရဲ့ရွေးချယ်မှုဘယ်လိုဖြစ်နိုင်မလဲ”
လွန်ခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီလောက်က အကြမ်းဖက်စကစရဲ့ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ဖို့ပြင်ဆင်စုဖွဲ့နေတဲ့အဖွဲ့တော်ကြီးများကို စကစရဲ့ရွေးကောက်ပွဲထောင်ချောက်ထဲမှာပဲ…

Forwarded from Dawei Watch
ပဋိပက္ခဒေသများနှင့် အစားအသောက်ဖူလုံရေး
Dawei Watch| Infographic
တနင်္သာရီတိုင်းမှာ စစ်ရေးတွေပြင်းထန်လာတာကြောင့် တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့ ဒေသတွေကို စစ်ကောင်စီက စားနပ်ရိက္ခာ ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။
ထားဝယ်နဲ့ မြိတ်ခရိုင်ထဲက မြို့နယ်လေးခုမှာ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံထားရတာ နှစ်နဲ့ချီ ရှိနေပါပြီ။
တိုင်းအတွင်းမှာ စစ်ဘေးရှောင်ဦးရေကလည်း ခြောက်သောင်းနီးပါး ရှိနေပါတယ်။
တော်လှန်ရေးအားကောင်းလာလို့ စစ်ရေးတွေ ပိုမိုပြင်းထန်လာဖို့ရှိတာကြောင့် စားနပ်ရိက္ခာဖြတ်တောက်ပိတ်ဆို့မှုတွေ ပိုမိုလုပ်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။
ဒီလိုအခြေအနေမှာ အသက်ရှင်ရပ်တည်နိုင်ဖို့ စားနပ်ရိက္ခာဖူလုံရေး ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

Forwarded from The Tanintharyi Times
ရနောင်းလဝကအချုပ်မှာ အချုပ်သားတွေကို ထုတ်ပေးမယ်ဆိုပြီး ငွေကြေးလိမ်လည်တာတွေရှိနေ
------------------------------
ထိုင်းနိုင်ငံ၊ ခရိုင် မြို့နယ် အသီးသီးမှာ အထောက်အထားမရှိလို့ အဖမ်းခံရသူအပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာဘက်သို့ပြန်မလွှတ်ခင်မှာ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ချုပ်ထားလေ့ရှိပါတယ်။
(အပြည့်အစုံဖတ်ရန် Link ကို နှိပ်ပါ)
https://www.tntynews.com/?p=37299

Forwarded from MPANews
စစ်ကောင်စီတပ် လမ်းပိတ်ဆို့ပြီးနောက် သိန္နီ၊ကွတ်ခိုင်နှင့် နမ္မတူမြို့တို့တွင် ကုန်ဈေးနှုန်း ထိုးတက်
16 June 2024 By Poe Sangle / MPA
စစ်ကောင်စီက လမ်းပိတ်ဆို့ဖျက်ဆီးမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီ၊ကွတ်ခိုင်နှင့် နမ္မတူမြို့တို့တွင် ကုန်ဈေးနှုန်း ထိုးတက်သွားကြောင်းသိရသည်။
ဇွန်လ ၁၃ ရက်တွင် လားရှိုးမြို့အဝင်လမ်းသုံးခုကို စစ်ကောင်စီက ဖျက်ဆီးခဲ့ခြင်းကြောင့် ကုန်စည်တင်သွင်းမှုလျော့ကျလာကာ ဇွန်၁၄ရက်မှစတင်ကာ သိန္နီနှင့် ကွတ်ခိုင်မြို့တို့၌ အခြေခံစားသောက်ကုန်ဈေး မြင့်တက်သွားကြောင်း ဒေသခံအချို့ထံက သိရသည်။
“အလုအယက် ဝယ်ထားကြတယ်။ ပထမတစ်ခေါက်အတွေ့အကြုံ တွေရှိထားတော့ အစားသောက်တွေ စုဆောင်းကြတယ်” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက MPAသို့ ပြောသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/BCj0w
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

Forwarded from RSN WEB
DAILY HIGHLIGHTS (15 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ
မောင်တောက စစ်စခန်း ၄ ခုကို အေအေသိမ်းပိုက်၊ သံတွဲဒေသခံများကို ကယ်ထုတ်ပေး – DVB
တောင်ကုတ်မြို့အနီးတွင် AA နှင့် စစ်တပ်တို့ စစ်ရေး တင်းမာနေပြီး မြို့အနီးအနားရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ – KT
နှစ်ပေါင်း ၃၀ နီးပါးရှိ အောင်သာဝရ စစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက် – MZM
စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းက နယ်မြေများကို အသက်ပေး ကာကွယ်ရန် အမိန့်ပေးသော်လည်း ပြည်သူ့စစ် နှင့် BGF စခန်းများကို KIA က တောက်လျှောက် သိမ်းယူနေ – KT
မြောက်ပိုင်းညီနောင်တပ်ဖွဲ့များ လားရှိုးမြို့အနီးသို့ ရောက်ရှိလာပြီဆိုသော သ တင်း များကြောင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်များအားလုံး စစ်ပြင်နေပြီး တရုတ်နိုင်ငံသို့ တရားဝင် အသိပေး – KT
📰 စီးပွားရေးထူးခြားသတင်းများ
ဒီဂျစ်တယ် ငွေကြေးနှင့် ငွေပေးချေမှု အကောင်အထည်ဖော်ရန် ငွေသားအသုံး ပြုမှုနှင့် ဘဏ်များမှ ငွေသားထုတ်ပေးမှုများကို စစ်ကောင်စီက ကန့်သတ်နိုင် – KT
စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်များက လူတစ်ဦးလျှင် အခေါက် ရွှေ တစ်ပဲနှုန်း သတ်မှတ်စျေးဖြင့် ရောင်းပေး ၊ အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်း ၇ သောင်းကျော် စျေးတန်းရှိ – KT
📰 အခြားထူးခြားသတင်းများ
ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသား ၁၆၀ ခန့် ထောင်ပြောင်းရွှေ့ခံရ – RFA
#rangoonscoutnetwork

မြန်မာပဋိပက္ခ ဖြေရှင်းရေးသည် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆို
16 June 2023 By MPA
မြန်မာနိုင်ငံ ပဋိပက္ခဖြေရှင်းရေးသည် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ပြောသည်။
ဇွန် ၁၄ရက်က ၎င်း၏ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအပေါ် ၎င်း၏အမြင်ကို “Ignite Thailand၊ Re-ignite Thai Diplomacy” ခေါင်းစဉ်ဖြင့် မျှဝေခဲ့သည်။
“ကျနော်တို့ လုံခြုံရေးကဏ္ဍမှာ မြန်မာနိုင်ငံကို ဦးစားပေးလုပ်ဆောင်သွားရမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြဿနာကို ထိထိရောက်ရောက်ဖြေရှင်းနိုင်ဖို့အတွက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်မြောက်အောင် ဖော်ဆောင်ရာမှာလည်း အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ချင်ပါတယ်” ဟု မစ္စတာ Maris က ပြောသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/cqM8O
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
16 June 2023 By MPA
မြန်မာနိုင်ငံ ပဋိပက္ခဖြေရှင်းရေးသည် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ပြောသည်။
ဇွန် ၁၄ရက်က ၎င်း၏ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအပေါ် ၎င်း၏အမြင်ကို “Ignite Thailand၊ Re-ignite Thai Diplomacy” ခေါင်းစဉ်ဖြင့် မျှဝေခဲ့သည်။
“ကျနော်တို့ လုံခြုံရေးကဏ္ဍမှာ မြန်မာနိုင်ငံကို ဦးစားပေးလုပ်ဆောင်သွားရမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြဿနာကို ထိထိရောက်ရောက်ဖြေရှင်းနိုင်ဖို့အတွက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်မြောက်အောင် ဖော်ဆောင်ရာမှာလည်း အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ချင်ပါတယ်” ဟု မစ္စတာ Maris က ပြောသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/cqM8O
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from The Irrawaddy - Burmese
Media is too big
VIEW IN TELEGRAM
အမျိုးသမီးတွေ စစ်မှုထမ်းဖို့ စစ်ကောင်စီ စာရင်းကောက်နေပြီ
နေ့စဉ်နဲ့အမျှ တိုက်ခိုက်ရေး အင်အားနည်းလာတဲ့ စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေကို မက်လုံးပေးစည်းရုံးကာ စစ်တပ်ထဲ ပြန်ခေါ်နေသလို အမျိုးသမီးတွေကိုလည်း စစ်မှုထမ်းဖို့ စာရင်း စတင်ကောက်ယူတာတွေ လုပ်နေတဲ့ စစ်တပ်ရဲ့ စစ်အင်အား ဖြည့်တင်းနေတဲ့ အကြောင်းအရာတွေကို ဒီတပတ် ပြည်သူ့စစ်သား ရင်တွင်းစကား အစီအစဉ်မှာ နားဆင်ရမှာပါ။
ဒီလင့်တွေမှာ အစအဆုံး နားဆင်ပါ။
Google Podcasts : https://bit.ly/45pucLg
Apple Podcasts : https://apple.co/3RpI42r
Spotify : https://spoti.fi/3xlAMWC
Buzzsprout : https://bit.ly/3Rrzu2Y

ဝမ်းရေးပိုခက်လာသည့် လူထု
“ ဈေးမေးလိုက်တာ သွေးတောင်တက်တယ် ”
သတင်းအပြည့်အစုံဖတ်ရန် >
https://www.facebook.com/DaweiWatch/posts/834170715528945?ref=embed_post

Forwarded from Tachileik News Agency
ညောင်ရွှေတိုက်ပွဲအတွင်း သေဆုံးတပ်သားများကို စစ်ကောင်စီ အလောင်းလာမကောက်၍ ကာကွယ်ရေးတပ်များ ကောက်ယူသင်္ဂြိုလ်ပေးနေရ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကို စွန့်ပစ်သွားသဖြင့် တော်လှန်ရေးတပ်များက ကောက်ယူသင်္ဂြိုလ်ပေးနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလက ညောင်လေးပင်နှင့် ရေပူရွာကြား၌ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ သေဆုံးသွားသော စစ်ကောင်စီတပ်သားရုပ်အလောင်းများကို ယနေ့ ဇွန်လ (၁၆)ရက်နေ့တွင် ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းအထူးစစ်ဆင်ရေးအဖွဲ့တို့က ပူးပေါင်းရှင်းလင်းခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် (၂)လကျော်ကြာသည်အထိ အလောင်းလာရောက်ကောက်ယူခြင်းမရှိသည့်အတွက် ပူးပေါင်းအဖွဲ့များက ကောက်ယူ သင်္ဂြိုလ်ပေးခဲ့ရခြင်းဖြစ်သည်ဟု ပျားစစ်ကြောင်းက ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တပ်သား(၄၀)ကျော် သေဆုံးသည်ဟု သိရသည်။
News : https://www.tachileik.net/mm/news/36299
#TachileikNewsAgency

အိုးဘိုထောင်မှ နိုင်ကျဉ်း ၇၀ ကျော်ကို မကွေးနှင့် မြင်းခြံထောင်များသို့ ပြောင်းရွှေ့
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *
မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၇၀) နှင့် မူးယစ်မှု (၃)ဦးကို နှစ်ယောက်တစ်တွဲ ခြေကျင်းခတ်၍ မကွေးနှင့် မြင်းခြံအကျဉ်းထောင်များသို့ ထောင်ပြောင်းလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ (၁၅)ရက်နေ့ နံနက် (၆)နာရီဝန်းကျင်တွင် မြင်းခြံအကျဉ်းထောင်သို့ နိုင်ငံရေးအကျဉ်းသားအချို့ကို ပို့ဆောင်ခဲ့ပြီး ယင်းနေ့ နံနက်(၁၁)နာရီဝန်းကျင်တွင် မကွေးအကျဉ်းထောင်သို့ ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို ပို့ဆောင်ထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။
ထောင်မပြောင်းရွှေ့မီ ဇွန်လ(၇)ရက်နေ့တွင် PPNM က မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို လူဦးရေ(၅၀)သာ ပုံမှန်ထားလေ့ရှိသည့်အခန်းများအတွင်း လူဦးရေ(၁၀၀)ကျော်ခန့်ထားနေကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ထောင်အာဏာပိုင်များ၏ အကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ထောင်အာဏာပိုင်များ၏ လာဘ်စားမှုများကို စောင့်ကြည့်ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။
ထုတ်ပြန်ပြီး ဇွန်လ(၈)ရက်နေ့တွင် အကျဉ်းဦးစီးဝန်ထမ်းအမျိုးသမီး အိနွယ်ဦး (၁ ပွင့်)၊ ဒေါ်မြင့်မြင့်လှိုင်နှင့် ဒေါ်ခင်ပပလှိုင် တို့ကို အလုပ်မှထုတ်ပယ်ခြင်းနှင့် သုံးပွင့်(ဦးစီးအရာရှိ)တို့ကို ရာထူးလျှော့ချ၍ ထောင်ပြောင်းဖြင့် အပြစ်ပေးခြင်းတို့ကို လုပ်ဆောင်ခံရသည်ဟု သိရသည်။
ထို့အပြင် ထောင်ပိုင် အောင်မျိုးချွန်ကို လွိုင်ကော်အကျဉ်းထောင်၏ ထောင်ပိုင်အဖြစ် ပြောင်းရွှေ့ထမ်းဆောင်စေခဲ့ပြီး လက်ရှိ မန္တလေးအိုးဘိုအကျဥ်းထောင်တွင် ထောင်ပိုင်အသစ် သိန်းဇော်မင်းဆိုသူ အုပ်ချုပ်နေကြောင်း သိရသည်။
News : https://www.tachileik.net/mm/news/36302

Forwarded from RFA Burmese
အိန္ဒိယ၊ မဏိပူရ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့မြန်မာတွေ အစာငတ်ခံဆန္ဒပြ
~~~
■ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည် ၂၈ ဦး အစာငတ်ခံဆန္ဒပြနေတယ်လို့ အကူအညီပေးနေတဲ့ အိန္ဒိယ- မြန်မာလေ့လာစောင့်ကြည့်ရေးအဖွဲ့ (India For Myanmar) တာဝန်ခံ ဆလိုင်းဒိုခါရ်က RFA ကိုပြောပါတယ်။
သူတို့တွေကို မဏိပူရ်အစိုးရက မြန်မာနိုင်ငံထဲ အတင်းအကျပ်ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် အခုလိုဆန္ဒပြနေတာလို့ ဆိုပါတယ်။
"အခုဆန္ဒပြနေတဲ့သူတွေက ယောကျာ်းလေး လူငယ်တွေ၊ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေထဲ ဘောင်ဝင်တဲ့သူတွေ၊ မလုံခြုံလို့ ဒီဘက်ကို ပြေးလာတဲ့သူတွေ ဖြစ်ရင်၊ မြန်မာနိုင်ငံကို ပြန်ပို့ရင် ဖမ်းဆီးခံရနိုင်တဲ့သူတွေဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံပြန်မပို့ဘဲ အိန္ဒိယပြည်နယ်ထဲမှာ အမြန်လွှတ်ပေးဖို့ တောင်းဆိုနေတာ"
ပြီးခဲ့တဲ့ မေလဆန်းမှာ အမျိုးသမီးချည်း ၃၈ ဦး၊ ဇွန်လထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ၃၈ ဦး စုစုပေါင်း ၇၆ ဦးကို ဖမ်းဆီးပြီး မဏိပူရ်အစိုးရက စစ်ကောင်စီလက်ထဲ ပြန်ပို့လိုက်တယ်လို့လည်း သူကပြောပါတယ်။
မဏိပူရ်ပြည်နယ်ထဲမှာ လတ်တလောဖြစ်နေတဲ့ ကသည်းနဲ့ ကူကီးတွေရဲ့ လူမျိုးရေးပဋိပက္ခဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကြောင့် ပြည်နယ်အစိုးရက အပြစ်ပုံချထားပြီး၊ ဒုက္ခသည်တွေကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးနေတာပါ။
"နယူးဒေလီကို UNHCR ဒုက္ခသည်စာရင်း လျှောက်ဖို့ စာရွက်စာတမ်းသွားတင်ရင်း လမ်းမှာအဖမ်းခံရတာရှိတယ်။ စာရွက်စာတမ်းအတုကိုင်တယ်ဆိုပြီး အဖမ်းခံရတာရှိတယ်။ တချို့ကျတော့ စစ်ဆင်ရေးထဲမှာ အဖမ်းခံနေရတယ်" လို့ ဆလိုင်းဒိုခါရ်ကပြောပါတယ်။
လက်ရှိ အင်ဖာထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည် ၁၅၉ ဦး ကျန်သေးတယ်လို့ အိန္ဒိယ- မြန်မာလေ့လာစောင့်ကြည့်ရေးအဖွဲ့ က ပြောပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန် ...

Radio Free Asia
မဏိပူရ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့မြန်မာတွေ အစာငတ်ခံဆန္ဒပြ
သူတို့တွေကို မဏိပူရ်အစိုးရက မြန်မာနိုင်ငံထဲ အတင်းအကျပ်ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် အခုလိုဆန္ဒပြနေတာလို့ ဆိုပါတယ်။
Forwarded from AA Info Desk
မောင်တောမြို့နှင့်ပတ်သက်၍ ကြိုတင်အသိပေးခြင်းနှင့် အရေးပေါ်ထုတ်ပြန်ချက်
၁၃၈၆ ခုနှစ်၊ နယုန်လဆန်း (၁၀) ရက်
၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်
ဘင်္ဂလားပင်လယ်အော်နှင့် အပြိုင်တည်ရှိနေသော မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးနီးပါးအား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ်သိမ်းပိုက်ထားပြီးသည့်အချိန်တွင် မောင်တောမြို့နှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကိုလည်း မိမိတို့မှ ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်သည်။
စစ်ကောင်စီသည် မောင်တောမြို့အား ၎င်းတို့၏ စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ အဆိုပါ လက်ကျန်စခန်းများ အားလုံးကို မိမိတို့မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန် သတိပေးအပ်ပါသည်။
မောင်တောဒေသခံ ပြည်သူလူထုတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် ယနေ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်၊ ည (၉) နာရီအချိန်မှစတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ အလေးအနက် အသိပေး ထုတ်ပြန်အပ်ပါသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်

၂ဝ၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြော
~~~
■ လာမယ့် ၂ဝ၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲအများဆုံးနဲ့ အနိုင်ရခဲ့ပေမဲ့ မဲမသမာမှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး၊ စစ်တပ်က နိုင်ငံ့အာဏာသိမ်းယူထားတာဖြစ်ပါတယ်။
အာဏာသိမ်း သုံးနှစ်ကျော်ကြာ ကာလတစ်လျှောက်လုံး ရွေးကောက်ပွဲကျင်းပမယ်လို့ အကြိမ်ကြိမ်ပြောဆိုခဲ့ပေမဲ့ အချိန်ကာလကို စစ်ခေါင်းဆောင်ဘက်က ထုတ်ပြောတာမရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ၁၅ ရက်နေ့မှာ မိတ္ထီလာမြို့က ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံချိန်မှာတော့ ၂ဝ၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပထမဆုံးထုတ်ပြောလာတာဖြစ်ပါတယ်။
အဲဒီလိုကျင်းပနိုင်ရေး လာမယ့်အောက်တိုဘာလကစလို့ လူဦးရေသန်းခေါင်စာရင်းကောက်ယူမယ်လို့လည်း ဆိုပါတယ်။
လတ်တလော ဒေသတော်တော်များများမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ လေ့လာသူတွေက ထောက်ပြနေတာပါ။
ဘယ်လိုပုံနဲ့ ရွေးကောက်ပွဲကျင်းပမလဲ၊ ဘယ်ဒေသတွေမှာ ကျင်းပမလဲဆိုတာကိုတော့ စစ်ခေါင်းဆောင်က မပြောသေးပါဘူး။
နိုင်ငံရေးကို အကြောင်းပြပြီး ရွေးကောက်ပွဲ မကျင်းပဘဲနေရင် နောက်ကျကျန်ခဲ့လိမ့်မယ်လို့လည်း သူကပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တချို့အပါအဝင် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဒေသကာကွယ်ရေးတပ်တွေကတော့ ရွေးကောက်ပွဲမဖြစ်အောင်လုပ်သွားမယ်လို့ ကြေညာထားကြပါတယ်။

ရွေးကောက်ပွဲကျင်းပနိုင်ရေး လာမဲ့အောက်တိုဘာလကစလို့ လူဦးရေသန်းခေါင်စာရင်းကောက်ယူမယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီမှ လာမည့်နှစ် ၂၀၂၅ တွင် အတုအယောင်ရွေးကောက်ပွဲကို နည်းမျိုးစုံသုံး၍ အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပါက နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိုရကပရလဒ်အား အသိအမှတ်ပြုထောက်ခံမည်ဟု ထင်မြင်ပါသလား။
Anonymous Poll
15%
ထင်ပါသည်
85%
မထင်ပါ
NUG+CRPH+NLD တို့မှ people mandate အဖြစ်ကိုင်စွဲထားသော ၂၀၂၀ ရွေးကောက်ပွဲရလဒ် နှင့် အကြမ်းဖက်စစ်ကောင်စီတို့၏ ၂၀၂၅ခုနှစ်တွင် ကျင်းပပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲ နှစ်ခု၌ မည်သည့်တစ်ခုကို “နိုင်ငံတကာ” မှ အသိအမှတ်ပြုရွေးချယ်လိမ့်မည်ဟု ထင်မြင်ပါသနည်း။
Anonymous Poll
53%
NUG+CRPH+NLD တို့၏ ၂၀၂၀ ရွေးကောက်ပွဲရလဒ်
8%
အကြမ်းဖက်စစ်ကောင်စီ၏ ၂၀၂၅ တရားမဝင်ရွေးကောက်ပွဲ
39%
နှစ်ခုစလုံးကို အသိအမှတ်ပြုထောက်ခံမည်မဟုတ်ပါ