MSI - MYANMAR SOCIETY INFORMATIONS
26.5K subscribers
91.1K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
မီးရှို့ခံရတဲ့ အိမ်ထောင်စု ၁၉၉ စုအတွက် သိန်း ၇၀၀ ကျော်လှူဒါန်းပေးခဲ့တဲ့ 96 DoNation

ရွှေဘို၊ ဇွန် ၁၃၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက မီးရှို့ခံထားရတဲ့ ကျေးရွာတခုကို 96 DoNation-စစ်ရှောင်ပရဟိတ အဖွဲ့က အိမ်ထောင်စု ၁၉၉ စုအတွက် သိန်း ၇၀၀ ကျော် လှူဒါန်းပေးခဲ့တယ်လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။

စစ်ကြောင်းထိုးမီးရှို့ခံလိုက်ရတဲ့ ရွှေဘိုမြို့နယ်ထဲက ရွာတရွာကို ဇွန် ၁၁ ရက်မှာ အိမ်ထောင်စုတစုကို ၃ သိန်း ၈ သောင်းကျပ်နှုန်းနဲ့ လှူဒါန်းပေးခဲ့တာလို့ 96 DoNation-စစ်ရှောင်ပရဟိတ တာဝန်ခံ အမျိုးသမီးက ပြောပါတယ်။

" သူတို့ဒီကာလမှာ ဒီလောက်များတဲ့ ငွေပမာဏကို မရဖူးသေးဘူးပေါ့နော်။ တခါရလည်း ဆန်တအိတ်၊ ငွေနှစ်သောင်း အဲ့လိုအခြေအနေလေးတွေပဲရှိတော့ ၃သိန်း၈သောင်းဆိုတာက သူတို့အတွက် ယာယီကောင်းကောင်းမွန်မွန်နေလို့ရမယ့် ယာယီအဆောက်အအုံတခုကို ဆောက်နိုင်တဲ့ အနေအထားရှိတယ်ဆိုပြီးတော့ ဝမ်းသာကြတယ်" လို့ တာဝန်ခံအမျိုးသမီးက ပြောပြပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/မီးရှို့ခံရတဲ့အိမ်ထောင်စု၁၉၉စုအတွက်_သိန်း၇၀၀ကျော်လှူဒါန်းပေးခဲ့တဲ့_96DoNation
Forwarded from Chin World Media
တီးတိန်-သိုင်ငင်းကားလမ်းမကြီးကို မနက် ၆ နာရီ ကနေ ညနေ ၇ နာရီ အတွင်းသာ အသုံးပြုကြဖို့ CDF/CDM – Siyin အသိပေး

ဇွန်လ ၁၃ ရက်။

ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်ငင်းကာလမ်းမကြီးကို မနက်် ၆ နာရီကနေ ညနေ ၇ နာရီအတွင်းသာ အသုံးပြုကြဖို့ Civi Defense Militia – Siyin (CDF/CDM – Siyin) က ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ရေးမတည်မငြိမ်ဖြစ်နေတဲ့ ကာလဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အရေးပေါ်ကိစ္စမရှိဘဲ အကြောင်းမဲ့ လမ်းဘေး ရပ်နားတာ လမ်းမဘေးမှာ လူစုလူဝေးနဲ့ စကားပြောတာတွေ ဟာ လျှက်တပြတ် တိုက်ခိုက်မှုတွေအဖြစ်များတာကြောင့်၊အလွန်အန္တရာယ်များ တာကြောင့် ရှောင်ကြဉ်ပေးကြဖို့ CDF/CDM – Siyin က သတိပေးထားပါတယ်။
Forwarded from RFA Burmese
ဖုန်းမှာ VPN တွေ့လို့ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုတွေရှိလာ
~~~
■ ဖုန်းထဲမှာ VPN ဆော့ဝဲလ်တွေ့လို့ ခြိမ်းခြောက်ငွေကြေးတောင်းခံတဲ့ ဖြစ်စဉ်တွေရှိလာတယ်လို့ ကိုယ်တိုင်ခံရသူတွေက RFA ကို ပြောပါတယ်။

ဖုန်းထဲမှာ VPN ဆော့ဝဲလ်ကိုတွေ့ရင် ခြိမ်းခြောက်ငွေကြေးတောင်းခံတဲ့ ဖြစ်စဉ်တွေဟာ ချင်းပြည်နယ်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတိုင်းတွေမှာလည်း ဖြစ်ပေါ်နေပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ ဖုန်းတွေကို ရှောင်တခင် စစ်ဆေးတာတွေလုပ်ပြီး VPN တွေ့ရင် ကျပ်ငွေဆယ်သိန်းကနေ သိန်း ၃၀ အထိ ခြိမ်းခြောက်တောင်းယူတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မပေးရင် ဖမ်းဆီးထောင်ချမယ်လို့ ပြောဆိုကြောင်း ကိုယ်တိုင်ကြုံရသူတစ်ဦးက RFA ကို ပြောပါတယ်။

"မြို့ထဲမှာ စစ်ဆေးရေးတွေလုပ်တယ်။ ဖုန်းထဲကို စစ်တယ်။ အဓိကတော့ VPN ရှိလား၊ သုံးလား စသဖြင့် စစ်တယ်။ VPN တွေ့ရင် ဒဏ်ကြေးပေးရတယ်။ သူတို့ ကြိုက်သလို တောင်းတာပေါ့။ ပိုက်ဆံမပါရင်လည်း ဘယ်လောက်ရွေးမယ်၊ မဟုတ်ရင် ဖမ်းမယ်ပေါ့၊ အဲလိုမျိုး။ ဆယ်သိန်းကနေ သိန်းသုံးဆယ်အထိ တောင်းတာရှိတယ်"

စစ်ကောင်စီတပ်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာကို သုံးစွဲခွင့်မရအောင် ပိတ်ပင်ထားတာကြောင့် ပြည်သူတွေဟာ VPN ကတစ်ဆင့် ဖေ့စ်ဘွတ်ခ်ကို သုံးစွဲနေကြတာပါ။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် မေလကုန်ပိုင်းစပြီး VPN တွေကို ထပ်မံပိတ်ဆို့ခဲ့တာပါ။

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့မှာလည်း ဇွန်လ ၁၀ ရက်ကစလို့ VPN သုံးတဲ့သူတွေကို ဖမ်းဆီးဒဏ်ရိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနည်းဆုံး ကျပ်သုံးသိန်းကနေ ကျပ်လေးသိန်းအထိ ဒဏ်ရိုက်ခံရသူ ငါးဦးထပ်မနည်းရှိနေပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ မော်ကျွန်းမှာတော့ VPN တွေကို ဖုန်းတွေထဲမှာ လိုက်စစ်နေပါတယ်။ အဲဒီလိုစစ်လို့ ဖုန်းထဲမှာ VPN တွေ့လို့ရှိရင် ပိုက်ဆံ သုံးသိန်း၊ လေးသိန်း တောင်းပါတယ်။ မပေးတဲ့သူကိုတော့ စခန်းခေါ်သွားတာ ရှိတာပေါ့နော်။ VPN တွေ့လို့ ပိုက်ဆံပေးရတဲ့သူကတော့ လေးငါးဦးရှိနေပြီ”

စစ်ကောင်စီဟာ ခွင့်ပြုချက်မရှိဘဲ VPN သုံးစွဲရင် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဌာန်းဖို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကတည်းက အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတွေဆီ သဘောထားမှတ်ချက်တောင်းခံတာတွေလုပ်ခဲ့ပါတယ်။

ဒီဥပဒေဟာ အခုချိန်အထိ တရားဝင် ပြဋ္ဌာန်းလာတာမရှိပေမဲ့ မြေပြင်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ VPN ဆော့ဝဲလ်တွေ့တာနဲ့ ခြိမ်းခြောက်ငွေကြေးတောင်းခံတာတွေ လုပ်နေပါတယ်။
_________

လူမှုကွန်ရက်အသုံးပြုရန်အတွက် VPN ချိတ်ဆက်နေသူတစ်ဦးအား ၂၀၂၄ ခုနှစ် ဇွန်လဆန်းက တွေ့ရစဉ်။ (RFA Photo)

RFA Burmese Website တွင် ဖတ်ရှုရန်…
Forwarded from RFA Burmese
ကုန်ဈေးနှုန်းကြီးလို့ ဝန်ထမ်းလစာတိုးပေးတဲ့ လုပ်ငန်းရှင်တချို့ ဖမ်းဆီးခံရ
~~~

■ မြန်မာငွေတန်ဖိုး ကျဆင်းပြီး ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ဝန်ထမ်းတွေကို လစာတိုးပေးတဲ့ လုပ်ငန်းရှင် ဆယ်ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မေလကုန်ပိုင်းမှာ ကုမ္ပဏီတချို့ဟာ သူတို့ရဲ့ဝန်ထမ်းတွေ စားဝတ်နေရေး အဆင်ပြေဖို့ လစာတိုးမြှင့်ပေးတဲ့အကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုလုပ်တာ မတည်မငြိမ် ဖြစ်စေတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုတွေ လုပ်လာတာလို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ဖမ်းဆီးအရေးယူထားတယ်ဆိုတာ ဟုတ်ပါတယ်။ တချို့လုပ်ငန်းတွေကို ချိတ်ပိတ်ထားတာလည်း ရှိပါတယ်”

Zaw Zaw Mobile ဖုန်းဆိုင်၊ ဆောက်လုပ်ရေးကုမ္ပဏီ (PAM Construction Group Co.,Ltd)၊ ကော်ဖီဆိုင် (COFFEE SINE COMPANY LIMITED) အပါအဝင် ကုမ္ပဏီလုပ်ငန်းရှင်နဲ့ တာဝန်ရှိသူ ဆယ်ဦးထက်မနည်းဟာ ဇွန်လဆန်းပိုင်းကစလို့ ဖမ်ဆီးအရေးယူခံရတာလို့ ဆိုပါတယ်။

ဖမ်းဆီးထားသူတွေကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ စီစဥ်နေတယ်လို့ အရေးယူခံရသူတွေရဲ့ မိသားစုနဲ့နီးစပ်သူတချို့က ပြောပါတယ်။

အခုလို အရေးယူခံထားရတဲ့ ကုမ္ပဏီလုပ်ငန်းတချို့ကတော့ သူတို့ရဲ့လုံခြုံရေးအရ RFA ကို တုံ့ပြန်ဖြေကြားဖို့ ငြင်းဆိုကြပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဇွန်လဆန်းပိုင်းကလည်း ဈေးနှုန်းမတည်ငြိမ်အောင် လုပ်တယ်လို့စွပ်စွဲချက်နဲ့ ရွှေလုပ်ငန်းရှင်နဲ့ ပွဲစား ၂၁ ဦး၊ နိုင်ငံခြားငွေရောင်းချသူ ၁၄ ဦးတို့ကို ဖမ်းဆီးစစ်ဆေးနေပြီး နောက်ထပ် ၁၁ ဦးကို ဆက်လက်ဖမ်းဆီးမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
______
RFA Burmese Website တွင် ဖတ်ရှုရန်…
MSI - MYANMAR SOCIETY INFORMATIONS
Photo
သင့်ရဲ့ လက်အရေပြားက ပြောပြနေတဲ့ သင့်ရဲ့ hydration level💧

“လုံလောက်စွာ ရေဓတ်ပြည့်ဝနေရဲ့လားဆိုတာ သင့်ရဲ့လက်အရေပြားနဲ့ လွယ်လွယ်ကူကူ စစ်ဆေးကြည့်လိုက်ရအောင်”

သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ Wellbeings တွေအတွက် ရေဓတ်ပြည့်ဝနေဖို့ဟာ အရမ်းအရေးကြီးပါတယ်။

💧ရေဓတ်မပြည့်ဝဘူးဆိုရင်

🔹ရေဆာခြင်း၊

🔹ခေါင်းကိုက်ခြင်း၊

🔹စိတ်မကြည်လင် ရှုပ်ထွေးခြင်း၊

🔹နှုတ်ခမ်းခြောက်ခြင်း၊

🔹အသားအရေခြောက်ခြင်း၊

🔹ပင်ပန်းနွမ်းနယ်ခြင်း

🔹ဆီးသွားနည်းခြင်း၊

အစရှိတဲ့ လက္ခဏာလေးတွေ ဖြစ်ပါ်ခံစားရတတ်တာကြောင့် အဲ့လိုလေးတွေဖြစ်ပေါ်နေပြီဆို ရေများများသောက်ပေးဖို့ လိုအပ်နေပါပြီ။‼️

💧သင်ဟာ ရေများများသောက်ဖို့ လိုအပ်နေပြီဆိုတာ အထက်ပါလက္ခဏာတွေကို ကြည့်ပြီးသိနိုင်သလို သင့်ရဲ့ လက်ဖမိုးအရေပြားကို အသာဆွဲညှပ်ကြည့်ပြီး လွယ်လွယ်ကူကူ စမ်းသပ်လို့ရပါတယ်။

👉လွယ်ကူတဲ့ ရေဓတ်ပြည့်၊မပြည့် တိုင်းတာနည်း

🔹သင့်ရဲ့လက်ဖမိုးပေါ်က အရေပြားအနည်းစုကို လက်ညှိုးနဲ့လက်မကို သုံးပြီး အသာလေးညှပ်လိုက်ပါ

🔹ညှပ်ထားတဲ့အတိုင်း အပေါ်သို့ တစ်စင်တီမီတာ ဆွဲတင်လိုက်ပါ

🔹ပြီးနောက်ဆွဲညှပ်ထားတာကို လွှတ်ကြည့်လိုက်ပါ

သင်ဟာ လုံလောက်စွာ ရေဓတ်ပြည့်ဝနေတယ်ဆိုရင် ဆွဲညှပ်ခံထားရတဲ့ အရေပြားအနည်းစုဟာ ချက်ချင်း ပြန်ပြေလျှော့သွားမှာ ဖြစ်ပြီး၊ သင်ဟာ ရေဓတ်မပြည့်ဝနေဘူး၊ ရေများများသောက်ဖို့ လိုအပ်နေတယ်ဆိုရင် ဆွဲညှပ်ခံထားရတဲ့ အရေပြားဟာ second အနည်းငယ်ကြာပြီးမှ ပြေလျှော့သွားမှာ ဖြစ်ပါတယ်။

အထက်ပါနည်းလမ်းလေးတွေနဲ့ သင့်ရဲ့ hydration level ကို သတိထားပေးပြီး ရေများများသောက်ပေးဖို့ မမေ့ပါနဲ့‼️
Forwarded from Tachileik News Agency
မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းများထံပေးပို့မည့် ဖုန်းအလုံး တစ်ထောင်ကျော် မဲဆောက်တွင် ဖမ်းဆီးရမိ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ကရင်ပြည်နယ် မြဝတီမြို့နှင့် အနီးဝန်းကျင်နေရာများရှိ ကျားဖြန့်လုပ်ငန်းများထံပေးပို့မည့် ဖုန်းအလုံးပေါင်း တစ်ထောင်ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များထံမှ သိရသည်။

မြဝတီမြို့နှင့် အနီးဝန်းကျင်ရှိ ကျားဖြန့်လုပ်ငန်းများထံသို့ နယ်စပ်ဖြတ်ကျော်ကာ ခိုးသွင်းရန်ပြင်ဆင်ထားသည့် ဖုန်း(၁၀၆၂)လုံးကို ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၃)ရက်နေ့တွင် မဲဆောက်ခရိုင် အထူးတပ်ဖွဲ့သည် နယ်စပ်တစ်လျှောက် ကင်းလှည့်နေစဉ် သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တာဝန်ရှိသူများက မဲဆောက်ခရိုင် သစိုင်းလွိုက်မြို့နယ် ဘန်သရက်နယ်မြေအား စစ်ဆေးရာ သေတ္တာ(၈)လုံးကိုတွေ့ရှိသဖြင့် စစ်ဆေးရာ သေတ္တာပေါ်တွင် စာလုံး KLK-T108 နှင့် တရုတ်စာလုံးများကို တွေ့ရှိရသည်ဟု သိရသည်။

စစ်ဆေးရာတွင် HUAWEI မော်ဒယ် P smart+2019 ပါ ဖုန်းများကို စစ်ဆေးတွေ့ရှိပြီး ဥပဒေကြောင်းအရ အရေးယူရန်လုပ်ဆောင်သွားမည်ဟု သိရသည်။

အာဏာပိုင်များကိုတွေ့ရှိသဖြင့် ဖုန်းများထည့်ထားသည့် သေတ္တာအား စွန့်ပစ်ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်ဟုလည်း ယူဆထားသည်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်နေသည့် နိုင်ငံခြားသားများအားလုံး အောက်တိုဘာလ နောက်ဆုံးထားထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် (BGF) က မေလတွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။

မြဝတီမြို့အပြင် BGF ထိန်းချုပ်ရာ ရွှေက္ကိုလ်မြို့သစ်နှင့် မယ်ထော်သလေးဒေသရှိ KK Park စီမံကိန်းများသည် အွန်လိုင်းငွေလိမ်လောင်းကစားများအပြင် လူမှောင်ခိုကူးမှုနှင့် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာနေရာအဖြစ် နိုင်ငံတကာက ဝေဖန်ထားသည်။

News : https://www.tachileik.net/mm/news/36267

#TachileikNewsAgency
Forwarded from RFA Burmese
Media is too big
VIEW IN TELEGRAM
VPN အသုံးပြုမှုအပေါ် စစ်ကောင်စီ ထပ်မံတင်းကျပ်
~~~

■ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ VPN (Virtual Private Network) ဆော့ဝဲလ်တွေကို စစ်ကောင်စီက ပိတ်လိုက်တာကြောင့် လူမှုကွန်ရက်အသုံးပြုဖို့ အခက်အခဲဖြစ်နေချိန် အောက်ခြေတပ်သားတွေကလည်း ပြည်သူတွေရဲ့ဖုန်းတွေမှာ VPN အသုံးပြုတာရှိမရှိ စစ်ဆေးမှုတွေလုပ်ပြီး ထပ်မံတင်းကျပ်လာပါတယ်။ ဒီအကြောင်း မထက်ထက်အိန္ဒြာအောင် တင်ပြပါမယ်။
____________
RFA Burmese Website တွင် ဖတ်ရှုရန်…
Please open Telegram to view this post
VIEW IN TELEGRAM
" အသိပေးထုတ်ပြန်ချက် "

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်

" Sagaing Federal School " အခမဲ Online ကျောင်း
Facebook Page အား ကျောင်းသား/သူ များနှင့်တကွ အများပြည်သူ လတ်တလော ဆက်သွယ်ခြင်းမပြုကြပါရန်အသိပေးအပ်ပါသည်။

စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြန်လည် ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက် မထုတ်မခြင်း ဆက်သွယ်ခြင်းမပြုကြပါရန် အသိပေးကြေညာအပ်ပါသည်။

စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
Forwarded from MPANews
Fact Check News > နမ္မတူ-မန္တလေး ကားလမ်းပိုင်းတွင် ဖြတ်သန်းသွားခြင်း မပြုနိုင်ရန် TNLA က ဖျက်ဆီးထားကြောင်း စစ်ကောင်စီ‌လော်ဘီများ သတင်းအမှားဖြန့်

13 June 2024 By MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ-မန္တလေး ကားလမ်းပိုင်း မိုးတေနှင့် သီပေါကြားတွင် ယာဉ်များဖြတ်သန်း သွားလာခြင်း မပြုနိုင်ရန် TNLA က ဖျက်ဆီးခဲ့သည်ဆိုသော သတင်းအမှားများ တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။

“Myanmar Update News”နှင့် “Snow Queen” အမည်ရှိ တယ်လီဂရမ်ချန်နယ်တို့က ဇွန် ၁၂ရက် ညပိုင်းတွင် ကားလမ်းမအား မြေတူးစက်ဖြင့် ဖျက်ဆီးထားသော ဓာတ်ပုံများနှင့်အတူ သတင်းအမှားအကြောင်းအရာကို ရေးတင်ခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://mpapress.com/factcheck/48085/
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en