Forwarded from People's Spring
ဇွန် ၁၁ ရက်တွင် KIA တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်တပ်စခန်းအချို့နှင့် KIA တပ်ဖွဲ့ဝင်များ/ ဆဒုံးဗျူဟာ ၊ဆဒုံးမြို့အနီးဝန်းကျင်ကို Google Earth တွင်တွေ့ရမှု။ဓါတ်ပုံ-CJ
Forwarded from RFA Burmese
မူးယစ်ဆေးပြတ်သွားတဲ့သူတွေကို TNLA ပြန်လွှတ်
~~~
■ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေထဲမှာ မူးယစ်ဆေးသုံးလို့ ဖမ်းဆီးခံထားရတဲ့သူ အယောက် ၅ဝ ကို ဆေးဖြတ်ပေးပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ TNLA က ဇွန်လ ၁၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ မူးယစ်ဆေးရောင်းဝယ် သုံးစွဲသူတွေ ပိုများလာတာကြောင့် ဖမ်းဆီးပြီး မူးယစ်ဆေးဖြတ်ပေးနေတယ်လို့ ဆိုပါတယ်။
အခု လွှတ်ပေးလိုက်တဲ့ အယောက် ၅ဝ ကတော့ TNLA ထိန်းချုပ်တဲ့ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်နဲ့ နမ္မတူ စတဲ့ မြို့နယ်နေသူတွေဖြစ်ပြီး သူတို့တွေကို ခြောက်လကြာ ဆေးဖြတ်စခန်းမှာ အကျင့်စာရိတ္တပြုပြင်ရေးသင်တန်းတွေ ပေးခဲ့တယ်လို့လည်း TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လွတ်လာတဲ့သူတွေဟာ နောက်ထပ်ဆေးသုံးစွဲမယ်ဆိုရင် ပြန်အဖမ်းခံရမှာဖြစ်ပြီး သုံးနှစ်အထိ ဆေးဖြတ်စခန်းမှာ နေရမယ်လို့လည်း သတိပေးထားပါတယ်။
မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ပေါင်းတဲ့ ၁ဝ၂၇ စစ်ဆင်ရေးပြီးနောက် ရှမ်းပြည်မြောက်ပိုင်းက နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ စတဲ့မြို့နယ်တွေကို TNLA က ထိန်းချုပ်ထားတာဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူတွေကို အရေးယူနေတာ ဖြစ်ပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…

Radio Free Asia
မူးယစ်ဆေးပြတ်သွားတဲ့သူတွေကို TNLA ပြန်လွှတ်
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေထဲမှာ မူးယစ်ဆေးသုံးလို့ ဖမ်းဆီးခံထားရတဲ့သူ အယောက် ၅ဝ ကို ဆေးဖြတ်ပေးပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Forwarded from RFA Burmese
ဆဒုံးစစ်ဌာနချုပ်တစ်ခုလုံး KIA သိမ်းပိုက်
~~~
■ ကချင်ပြည်နယ် ဆဒုံးမြို့က စစ်ကောင်စီဌာနချုပ်တည်ရှိရာ ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုစလုံးကို ဇွန်လ ၁၁ ရက် ဒီနေ့သိမ်းပိုက်လိုက်ပြီလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
ဝိုင်းမော်-ကန်ပိုက်တီလမ်းမပေါ်မှာရှိတဲ့ဆဒုံးမြို့ ဗျူဟာကုန်း၊ ဆဒုံး-ချီဖွေလမ်းမမှာပေါ်ရှိတဲ့ ၁၃ မိုင် စုပေါင်းဂိတ်၊ ဘွမ်တောင်စခန်း၊ လဖိုင်စခန်းနေရာတွေကို တစ်ရက်တည်း တိုက်ခိုက်သိမ်းယူခဲ့တာလို့ သူက ပြောပါတယ်။
"ကျွန်တော်တို့ KIA က ဒီနေ့သိမ်းလိုက်နိုင်တဲ့စခန်းက လေးခုရှိပါတယ်။ နောက် ပြည်သူ့စစ်တို့ ထိုင်နေတဲ့စခန်းငယ်လေးတွေ သူ့တို့ဘာသာသူတို့ စွန့်လွှတ်သွားတာပေါ့နော်။အဲဒါတွေလည်း ရှိပါတယ်။ နောက်ဆုံးအခြေအနေကိုပြောမယ်ဆိုရင်ဝိုင်းမော်လမ်းနဲ့ ကန်ပိုက်တီဘက်ကိုတက်သွားတဲ့ လမ်းတစ်ကြောက အတော်များများတော့ ကျွန်တော်တို့သိမ်းပိုက်နိုင်သလို သူတို့စွန့်ခွာသွားတာတွေရှိပါတယ်။"
ဝိုင်းမော်နဲ့ ကန်ပိုက်တီ လမ်းတစ်လျှောက်စခန်းတွေကို KIA တပ်တွေက သိမ်းပိုက်ထားပြီး နေ့တိုင်းတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိတိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ်ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူတွေ ထွက်ပြေးနေရသလို ထိခိုက်သေဆုံးတာလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဆဒုံးစစ်ဌာနချုပ်တစ်ခုလုံးကို KIA သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ ကချင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်စခန်း ၁၀၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူရရှိထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
________

ဆဒုံးမြို့က စစ်ကောင်စီဌာနချုပ်တည်ရှိရာ ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုစလုံးကို ဇွန်လ ၁၁ ရက် ဒီနေ့သိမ်းပိုက်လိုက်ပြီလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
Forwarded from DVB TV News
အပစ်ရပ်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောတာဟာ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့နဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းကို ဖော်ဆောင်ဖို့သာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ အပစ်ရပ်အဖွဲ့တွေဘက်က သုံးသပ်ပါတယ်။
#dvbtvnews #ရွေးကောက်ပွဲ #Myanmar
https://youtu.be/XrYrzCpRKVc
#dvbtvnews #ရွေးကောက်ပွဲ #Myanmar
https://youtu.be/XrYrzCpRKVc
YouTube
အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော - DVB News
အပစ်ရပ်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောတာဟာ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့နဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျဉ်းကို ဖော်ဆောင်ဖို့သာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ အ…
Forwarded from RSN WEB
DAILY HIGHLIGHTS (11 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ
၀ိုင်းမော်မြို့နယ်တွင် ယမန်နေ့ တစ်ရက်တည်း စစ်ကောင်စီ၏ တပ်စခန်းစုစုပေါင်း ၁၈ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ – KT
မောင်တောတွင် စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၉၀ ခန့်ကို AA အရှင်ဖမ်းဆီးရမိ – AT
စစ်ကောင်စီတပ် ဒေါနတောင်ကနေ ရှေ့မတိုးနိုင်သဖြင့် လက်နက်ကြီးနှင့် ဒရုန်းများ ပစ်ခတ် – DVB
စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်အသီးသီးကို စစ်ကောင်စီတပ်အရာရှိ ၁၅ ဦးစီနှင့် အတူ ဒရုန်းရာချီပို့ဆောင် – AT
ARSA တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ သုံးဦးသေ၊ ခုနစ်ဦးဒဏ်ရာရ – RFA
မေလအတွင်း ဗိုလ်မှူးသုံးဦးအပါအဝင် စစ်ကောင်စီတပ်သား ၅၀ နီးပါး CDM ဝင်လာ – RFA
📰 နိုင်ငံခြားရေးထူးခြားသတင်းများ
တရုတ်အစိုးရက အကြမ်းဖက်စစ်ကောင်စီထံသို့ ကင်းလှည့်ရေ ယာဉ် ၆ စီး ပေးအပ် – KT
NUG က တင်သွင်းထားသော အလုပ်သမား ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးကို အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့ချုပ်- ILO ၏ အုပ်ချုပ်ရေးအဖွဲ့ဝင် အဖြစ် ရွေးကောက်တင်မြှောက်၊ စစ်ကောင်စီကို ILO က ဒဏ်ခတ်အရေးယူရန် တွန်းအားပေးမည် – KT
မဲဆောက်ရှိ နွေဦးတမန် ရုံးခန်းကို ထိုင်းအာဏာပိုင်များ ဝင်စီး – TI
စစ်ခေါင်းဆောင်နှင့် ခရိုနီဦးတေဇသားအဖ ၃ ဦးအပါအဝင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၇၀ ကို UK ထပ်မံပိတ်ဆို့အရေးယူ – DVB
📰 စီးပွားရေးထူးခြားသတင်းများ
အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၃ သိန်း ၄ သောင်း နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၃၇၀ ကျပ်ဝန်းကျင် စျေးတန်းရှိနေ – KT
ရွှေ၊ ဒေါ်လာဈေး ပြန်ကျသော်လည်း အခြေခံစားကုန်များ ဈေးတက်ဆဲ – DVB
📰 အခြားထူးခြားသတင်းများ
ရာထူးနှင့်နေရာလိုချင်သော အလုပ်သင်ကျောင်းဆင်း စစ်အရာရှိကြီးများက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ဘက်လက်ထောက် ဗိုလ်မှူးချုပ် မိုးမြင့်ဆွေထံ လာဘ်ထိုးအပေးအယူလုပ်ရ – KT
တက္ကသိုလ်ဝင်စာမေးပွဲ ၇၀၀၀၀ ကျော် အောင်မြင် ၊ အင်းစိန်ထောင်မှ ၇ ဦးအောင်မြင် – DVB
#rangoonscoutnetwork

Forwarded from The Irrawaddy - Burmese
ကင်းလှည့်ရေယာဉ် ၆ စီး တရုတ်ထောက်ပံ့
ဧရာဝတီ၊ ဇွန် ၁၂၊ ၂၀၂၄
တရုတ်နိုင်ငံက စစ်ကောင်စီ၏ ရေကြောင်းရဲတပ်ဖွဲ့အတွက် ကင်းလှည့်ရေယာဉ် ၆ စီးကို ဇွန် ၁၁ ရက်တွင် ရန်ကုန်မြို့ အမှတ် ၃ ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးရုံး (ဝါးတန်း) ၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ တရုတ်သံရုံးမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့မှ အရာရှိများ တက်ရောက်ခဲ့ကြသည်။
ရေကြောင်းပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုနှင့် ရေအရင်းမြစ်ကာကွယ် ရေးတို့အတွက် ထိုကင်းလှည့်ရေယာဉ်များ မြန်မာနိုင်ငံကို ထောက်ပံ့ပေးရန် ပြီးခဲ့သော NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် တရုတ်သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်ကတည်းက အဆိုပြု လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကာ ယခုချိန်မှ ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ယခုကဲ့သို့ ကင်းလှည့်ရေယာဉ်လွှဲပြောင်းခြင်းမှာ တရားဥပဒေစိုးမိုးရေး ပူး ပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး လောင်းကစား၊ လိမ်လည်မှု၊ မူးယစ်ဆေးဝါးစသည့် နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများ တိုက်ဖျက်သွားကာ နှစ်နိုင်ငံ၏ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ် ကြောင်း တရုတ်သံရုံးက ဆိုထားသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက်တွင်လည်း မစ္စတာချန်းဟိုင် ဦးဆောင်သောအဖွဲ့သည် တရုတ်လှူဒါန်းထားသည့် ကင်းလှည့် ရေယာဉ်ဖြင့် မြန်မာ- ထိုင်း- လာအိုနယ်စပ်ရှိ တာချီလိတ်မြို့သို့ သွားရောက်ခဲ့ပြီး လေးနိုင်ငံ ပူးပေါင်းကင်းလှည့်မှု အခြေအနေကို လေ့လာခဲ့သလို၊ နယ်စပ်ဖြတ်ကျော် ရာ ဇဝတ်မှုများ၊ အွန်လိုင်းလောင်းကစားတို့ တိုက်ဖျက်ရေး ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- တရုတ်သံရုံး
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Clickandpledge
The Irrawaddy
Forwarded from RFA Burmese
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် နိုင်ငံတစ်ဝန်း အုပ်ချုပ်ရေးအဖွဲ့ဝင် ၈၂ ဦးသေဆုံး
~~~
■ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် လေးလအကြာ နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူ ၈၂ ဦး သေဆုံးခဲ့ပါတယ်။
RFA က ပြုစုထားတဲ့အချက်အလက်တွေအရ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်မှုထမ်းဥပဒေကို မြေပြင်မှာ အကောင်အထည်ဖော်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတာပါ။
သတ်ဖြတ်ခံရသူတွေထဲ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရုံးစာရေးနဲ့ ရာအိမ်မှူးတွေ ပါဝင်ပါတယ်။
ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ အုပ်ချူပ်ရေးမှူးတွေကို စစ်ကောင်စီအတွက် စစ်သား မစုဆောင်းဖို့ ထုတ်ပြန်ထားပေမဲ့ မလိုက်နာသူတွေကို ပြင်းထန်တဲ့အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ RFA ကို ပြောပါတယ်။
“ပြည်သူကို ဒုက္ခမပေးနဲ့၊ ပြည်သူရဲ့ဆန္ဒမပါဘဲ စစ်သားမစုနဲ့ ဒါဆို သူတို့နေလို့ရတယ်။ အဲဒီလိုမဟုတ်ဘဲ စစ်သားစုဆောင်းတာကျ အဆင်မပြေဘူး။ အဲဒါကြောင့် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးတာ စစ်သား စုဆောင်းပေးတာ ဘယ်သူ့ကိုမဆို ပြင်းထန်တဲ့ အပြစ်ပေးတာတွေ ဆက်ရှိနေမှာပါ”
မတ်လအတွင်းမှာပဲ ရွှေဘိုမြို့ အမှတ် - ၄ ရပ်ကွက်က စစ်သား စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦးနဲ့ အငယ်တန်းစာရေးမ ဒေါ်မြမြငြိမ်းတို့ သတ်ဖြတ်ခံခဲ့ရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့ဝင် သတ်ဖြတ်ခံရမှု အများဆုံးက မန္တလေးတိုင်းဖြစ်ပြီး ၂၄ ဦး သေဆုံးခဲ့ပါတယ်။ ဒုတိယအများဆုံးက မကွေးတိုင်း ဖြစ်ပါတယ်။ လေးလအတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့ပါတယ်။
နေပြည်တော်အခြေစိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကတော့ တိုင်းနဲ့ ပြည်နယ်အသီးသီးက အုပ်ချုပ်ရေးအဖွဲ့တွေကို လုံခြုံရေးတိုးမြှင့်ပေးဖို့ စီစဥ်နေတယ်လို့ RFAကို ပြောပါတယ်။
“တိုင်းနဲ့ ပြည်နယ်အသီးသီးက လုံခြုံရေးအဖွဲ့တွေနဲ့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နေပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို လုံခြုံရေး ပေးနိုင်ဖို့အတွက်ပါ”
လက်ရှိအချိန်မှာ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် - ၃ အတွက် သင်တန်းသားတွေ စတင်ခေါ်ယူနေပါတယ်။
_____

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် လေးလအကြာ နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူ ၈၂ ဦး သေဆုံးခဲ့ပါတယ်။
Forwarded from MPANews
ကုမ္ပဏီ အများစု လစာမတိုးပေးသဖြင့် ဝန်ထမ်းများ ပိုမိုကျပ်တည်းလာ
12 June 2024 By Maung Dagon / MPA
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ကုမ္ပဏီအများစုတွင် လစာတိုးပေးခြင်းမရှိသဖြင့် ပိုမိုကျပ်တည်းလာသည်ဟု ၀န်ထမ်းများက ပြောဆိုနေကြောင်း MPA က စုံစမ်းသိရှိရသည်။
ပုဂ္ဂလိက ကုမ္ပဏီ အများစုသည် အာဏာမသိမ်းခင်ကထက် လုပ်ခလစာအား ရာခိုင်နှုန်း အနည်းငယ်မျှသာ တိုးပေးထားခဲ့ရာ ကျပ်ငွေတန်ဖိုး ကျဆင်းလာသည်နှင့်အမျှ ဝန်ထမ်းများ ကျပ်တည်းသထက် ကျပ်တည်းလာနေခြင်းဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/4szb6tbn
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en