Forwarded from Dawei Watch
ပဋိပက္ခဒေသများနှင့် အစားအသောက်ဖူလုံရေး
Dawei Watch| Infographic
တနင်္သာရီတိုင်းမှာ စစ်ရေးတွေပြင်းထန်လာတာကြောင့် တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့ ဒေသတွေကို စစ်ကောင်စီက စားနပ်ရိက္ခာ ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။
ထားဝယ်နဲ့ မြိတ်ခရိုင်ထဲက မြို့နယ်လေးခုမှာ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံထားရတာ နှစ်နဲ့ချီ ရှိနေပါပြီ။
တိုင်းအတွင်းမှာ စစ်ဘေးရှောင်ဦးရေကလည်း ခြောက်သောင်းနီးပါး ရှိနေပါတယ်။
တော်လှန်ရေးအားကောင်းလာလို့ စစ်ရေးတွေ ပိုမိုပြင်းထန်လာဖို့ရှိတာကြောင့် စားနပ်ရိက္ခာဖြတ်တောက်ပိတ်ဆို့မှုတွေ ပိုမိုလုပ်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။
ဒီလိုအခြေအနေမှာ အသက်ရှင်ရပ်တည်နိုင်ဖို့ စားနပ်ရိက္ခာဖူလုံရေး ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

Forwarded from BNI_Myanmar Peace Monitor
“မြန်မာစစ်တပ် စစ်ရှုံးလို့ ထွက်ပြေးသွားပြီးတောင်မှ သတင်းပေးနေတာတွေ အများပြည်သူလုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့ လုပ်ရပ်တွေ ခုထိလုပ်နေတဲ့အတွက် တချို့လူပုဂ္ဂိုလ်တွေကို လိုအပ်ရင် လိုအပ်သလို ခေါ်ယူစစ်ဆေးမှု တချို့ ရှိကောင်းရှိနိုင်ပါတယ်”
ဇွန် 10, 2024
သတင်းအပြည့်အစုံကို https://n9.cl/r8zq7 ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
#BNI #mmpeacemonitor #MPM #MilitaryCoupInMyanmar
Twitter>>>https://twitter.com/mmpeacemonitor
Instagram>>>https://www.instagram.com/mmpeacemonitor/
Youtube>>>https://tinyurl.com/dh83ufdb
Facebook>>>https://www.facebook.com/mmpeacemonitor/
ပုံစာ - ပလက်ဝမြို့

Myanmar Peace Monitor
ပလက်ဝမြို့ဒေသခံများကို အတင်းအဓမ္မစစ်သားစုဆောင်းမှု မပြုလုပ်ကြောင်း ULA/ AA တာဝန်ရှိသူပြောဆို » Myanmar Peace Monitor
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဒေသခံပြည်သူများကို အတင်းအဓမ္မ စစ်သားစုဆောင်းမှု မပြုလုပ်ကြောင်း အာရက္ခတပ်တော် (AA/ULA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုသည်။ “ကျနော်တို့ ULA/ AA အနေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းစရာ မလိုတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကျနော်တို့မှာ…
Forwarded from ပြည်သူ့ပန်းတိုင်-People's Goal
"စစ်မှုထမ်းဥပဒေအရ အမျိုးသမီးတွေကို ဘယ်လိုမျိုး စုဆောင်း အသုံးချလာနိုင်သလဲ"
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ပြ ကျေးရွာ ဒေသများတွင် အမျိုးသမီးတွေကို စစ်မှုထမ်းအဖြစ် စတင်ခေါ်ယူဖို့ ပြင်ဆင်လုပ်ဆောင်လာနေပါတယ်။
တရားမဝင် ထုတ်ပြန်အသက်သွင်းထားတဲ့ စစ်မှုထမ်းဥပဒေအရ သာမန်အားဖြင့် အသက်အရွယ် ၁၈-၂၇ နှစ်အတွင်း၊ ပညာရှင် ဖြစ်ပါက ၃၅ နှစ်အထိ အမျိုးသမီးများကို စစ်မှုထမ်းအဖြစ် ဆင့်ခေါ်နိုင်တယ်လို့ သတ်မှတ်ထားပါတယ်။
ဧပြီလကစပြီး စစ်ကောင်စီ ဟာ လစဉ် အမျိုးသားစစ်မှုထမ်းအရေအတွက် (၅၀၀၀) နှုန်း ခေါ်ယူစုဆောင်းရရှိဖို့ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေပေမယ့် အရေအတွက်ပြည့်မီဖို့ အခက်အခဲများစွာ ရှိနေပါတယ်။
ဒါကြောင့် အမျိုးသမီးတွေကို အပတ်စဉ်-၅ မှ ခေါ်ယူမယ်လို့ အစောပိုင်းက ပြောဆိုခဲ့တဲ့ စစ်ကောင်စီဟာ လက်ရှိမှာ စတင်ခေါ်ယူဖို့ ပြင်ဆင်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လျာထားလိုအပ်ချက်နဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းအပေါ် မူတည်ပြီး အမျိုးသမီးစစ်မှုထမ်းဦးရေ လစဉ် ၅၀၀ နဲ့ ၁၀၀၀ အကြား စာရင်းသွင်းစုဆောင်း ခေါ်ယူလာနိုင်ပါတယ်။
ထိုသို့ စစ်မှုထမ်းစာရင်းသွင်း ခေါ်ယူခံလာရနိုင်တဲ့ အမျိုးသမီးငယ်များအနေနဲ့ စစ်ကောင်စီတပ် က လုပ်ဆောင်လာနိုင်တဲ့ အခြေအနေများ နှင့် သတိပြုသင့်စရာများအား ကြိုတင် လေ့လာ သိရှိထားနိုင်ရန် ဖော်ပြအပ်ပါတယ်။
(၁) ဘယ်လိုသူတွေကို ရွေးချယ် ခေါ်ယူနိုင်ပါသလဲ။
- အလယ်တန်း၊ အထက်တန်း ပညာအရည်အချင်း ရှိသူများ နှင့် စာရင်းအင်း၊ သူနာပြု၊ ဆရာဝန်၊ နည်းပညာ စတဲ့ ပညာရှင်များအား စာရင်းသွင်း ခေါ်ယူလာနိုင်ပါတယ်။
- လျာထားချက်အင်အား စုဆောင်းရခက်ခဲလာပါက ကျေးလက်တောနယ် က အမျိုးသမီးငယ်တွေ၊ စစ်ကောင်စီတပ်တွင်း က အခြားအဆင့်စစ်သည်တွေရဲ့သားသမီးတွေကို ပစ်မှတ်ထားစုဆောင်းလာနိုင်ပါတယ်။
(၂) မည်သည့် သင်တန်းကျောင်း၊ နေရာတွေမှာ လေ့ကျင့် သင်တန်း ပေးနိုင်ပါသလဲ။
- အမှတ် (၄) အရာခံအကြပ်ကြီးသင်တန်းကျောင်း (ရကသ-၄)၊ ဗိုလ်သင်တန်းကျောင်း (ဗကသ-မှော်ဘီ) နှင့် တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း (တဆက) စတဲ့ မှော်ဘီမြို့အခြေစိုက် အမျိုးသမီး စစ်သင်တန်းကျောင်းတွေမှာ လေ့ကျင့် သင်ကြားနိုင်ပါတယ်။
- ထို့အပြင် ပြည်မပိုင်းဒေသ တိုင်းစစ်ဌာနချုပ်များရှိ အချို့ တန်းမြင့်လေ့ကျင့်ရေးကျောင်းတွေမှာလည်း သင်တန်းဖွင့်လှစ်နိုင်ပါတယ်။
(၃) ဘာတွေကို လေ့ကျင့် သင်ကြားပေးလာနိုင်ပါသလဲ။
- အခြေခံစစ်ပညာ၊ လက်နက်ငယ်၊ ရုံးလုပ်ငန်း၊ လက်ရုံးဘာသာရပ်၊ စစ်ဘက်အရပ်ဘက်ဥပဒေ၊ ခေတ်သစ် စစ်ဘက်နည်းပညာပိုင်းဆိုင်ရာများ လေ့ကျင့်သင်ကြားပေးလာနိုင်ပါတယ်။
(၄) မည်သို့သော တပ်ဌာန၊ နေရာတာဝန်တွေမှာ အသုံးပြု လာနိုင်သလဲ။
- ရှေ့တန်းစစ်ဆင်ရေးအတွက် ထုတ်နှုတ်လိုက်တဲ့ နောက်တန်းဌာန အမျိုးသားစစ်မှုထမ်းများနေရာမှာ အသုံးပြုနိုင်ပါတယ်။
- လက်ရုံးတပ်၊ ဝန်ထမ်းတပ် အပြင် ခြေလျင်တပ်ဌာနအသီးသီး မှာလည်း ခွဲဝေပို့လာနိုင်ပါတယ်။
- ရုံးဌာန၊ ဆက်သွယ်ရေး၊ နောက်တန်းတပ်လုံခြုံရေး၊ တပ်ပြင်လုံခြုံရေး စတဲ့ နေရာတာဝန်တွေ ချထားနိုင်ပါတယ်။
- စိတ်ဓာတ်မြင့်တင်ရေး နှင့် တန်ပြန်ဝါဒဖြန့် လုပ်ငန်းများတွင် အသုံးချလာနိုင်ပါတယ်။
- အလားတူ စနိုက်ပါအထူးတပ်ဖွဲ့၊ နည်းပညာအကူတပ်ဖွဲ့များ၊ ဒရုန်းတပ်ဖွဲ့များတွင် တာဝန်ပေးအပ် အသုံးပြုလာနိုင်ပါတယ်။
- အခြေအနေအရ တပ်စခန်းလုံခြုံရေး၊ လှုပ်ရှားစစ်ဆင်ရေး စတဲ့ စစ်မြေပြင်တာဝန်များလည်း စေခိုင်းခံလာရနိုင်ပါတယ်။
(၅) စစ်တပ်အတွင်းမှာ ဘယ်လိုမျိုးတွေ တွေ့ကြုံ ရင်ဆိုင်ရလာနိုင်ပါသလဲ။
- စစ်သင်တန်းကျောင်းများ၊ လုံခြုံရေးတပ်စခန်းများမှာ အဆက်အသွယ်၊ ဖုံးအင်တာနက် အသုံးပြုမှုများ ပိတ်ပင်တာ၊ ကန့်သတ်တာ၊ စောင့်ကြည်တာမျိုး လုပ်ဆောင်လာနိုင်ပါတယ်။
- အထက်အရာရှိကြီးများ၊ အမျိုးသားစစ်မှုထမ်းများ၏ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ၊ ထိပါးစော်ကားတာ၊ ကျားမခွဲခြားဖိနှိပ် ပိတ်ပင်တာ၊ အခွင့်အရေး ချိုးဖောက်ကန့်သတ်ခံရတာ စတဲ့ အခြေအနေများ ကြုံတွေ့လာရနိုင်ပါတယ်။
(၆) ဘာတွေကို ကြိုတင်ပြင်ဆင် သိရှိ၊ ထားရှိဖို့ လိုအပ်မလဲ။
- ယုံကြည်စိတ်ချအားထားရတဲ့ မိသားစုဝင်များ၊ သူငယ်ချင်း အသိမိတ်ဆွေများ၏ အဆက်အသွယ် ဖုန်းနံပါတ်များ ကြိုတင်မှတ်သားထားရန်။
- လိုအပ်ပါက အရေးပေါ်ထွက်ခွာရန်နိုင်ရန်အတွက် အရေးကြီး စာရွက်စာတမ်းများ၊ လမ်းကြောင်းအခြေအနေများ ကြိုတင် ပြင်ဆင် လေ့လာ ချိတ်ဆက်ထားရန်။
- ပြည်သူ့ပန်းတိုင်ကဲ့သို့သော CDM စစ်သား အကူ အညီပေးရေးအဖွဲ့များ နှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပညာပေး ထုတ်ပြန်ချက်များအား လေ့လာမှတ်သားထားရန်။
(၇) အခြားသော သိရှိထားသင့်သည်များ။
- မိမိ နဲ့ ရင်းနှီးခင်မင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ သိရှိနီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့များနှင့် ကြိုတင်ချိတ်ဆက်မှု ရယူထားပါ။
- တပ်တွင်းကနေ တော်လှန်ရေးဘက်တော်သား (ဖရဲသီး)အဖြစ် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပါ။
- သူ့လူကိုယ့်ဘက်သားအဖြစ် တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေတဲ့ စစ်ရေး နှင့် တပ်လုံခြုံရေးဆိုင်ရာ အချက်အလက်များအား လေ့လာမှတ်သားပါ။

- စစ်မှုထမ်းစာရင်းသွင်း ခေါ်ယူခံရချိန်မှ၊ စစ်သင်တန်းကျောင်း၊ တပ်ဌာန၊ လုံခြုံရေး/စစ်ဆင်ရေး စတဲ့ အခြေအနေအမျိုးမျိူးတွင် ရုန်းကန်လွတ်မြောက်နိုင်ရန်၊ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်ပူးပေါင်းနိုင်ရန်အတွက် ကြိုတင်လေ့လာပြင်ဆင်ထားပါ။
ပြည်သူ့စစ်သားများ
ပြည်သူ့စစ်သားများ
Forwarded from RSN WEB
DAILY HIGHLIGHTS (10 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ
စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ချိုးဖောက်ကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ဟု TNLA ပြော – MZM
နိုင်ငံရေးရည်မှန်းချက်မရမချင်း တိုက်ပွဲဆက်ဖြစ်နေဦးမည်ဟု AA ပြော – DVB
ဘူးသီးတောင်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်နှင့်မိသားစုဝင်များ စက်လှေမှောက် – DVB
နေပြည်တော်အနီးမှာ KNDF စစ်ဗျူဟာတစ်ခု ထပ်တိုးဖွဲ့စည်း – RFA
တရုတ်နိုင်ငံလုပ် စိုက်ပျိုးရေးသုံး ဒရုန်း ရာပေါင်းများစွာ ကို စစ်ကောင်စီက စစ်ဆင်ရေးများ အတွက် ဝယ်ယူပြီး ဗုံးတပ်ဆင် အသုံးပြုရန် တပ်ရင်းများသို့ ဖြန့်ဝေ – KT
အရန်တပ်ဖွဲ့ဥပဒေဖြင့် စစ်မှုထမ်းဟောင်းအရာရှိများကို နေပြည်တော်သို့ စတင်ခေါ်ယူ – AT
📰 နိုင်ငံရေးထူးခြားသတင်းများ
ချင်းပြည်ကောင်စီ၏ အဖွဲဝင်သစ်အဖြစ်ကြေညာလိုက်သော Kanpetlet နှင့် Mindat Council တိုမှာ လူထုအများစုကို ကိုယ်စားမပြုဟုဆို – MPA
📰 နိုင်ငံခြားရေးထူးခြားသတင်းများ
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးကို သင်္ဘောဖြင့် ပြန်ပို့၊ စစ်ကောင်စီကလည်း မြန်မာအကျဉ်းထောင်များရှိ ဘင်္ဂလားဒေ့ရှ် အကျဉ်းသား ၄၅ ဦးကို ပြန်ပို့ပေး – KT
JICA အကူအညီနှင့်ဆောက်ခဲ့သည့် သန်လျင်တံတားဖွင့်ပွဲ ဂျပန်သံအမတ် မတက် – TI
မြန်မာ လူသားချင်းစာနာမှုအရေး တောင်းခံငွေ၏ ၁၂ ရာခိုင်နှုန်းသာ ရရှိသေးဟု UNOCHA ဆို – MPA
📰 စီးပွားရေးထူးခြားသတင်းများ
အမေရိကန်တစ်ဒေါ်လာ ၄၃၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၈ သောင်းခွဲ စျေးရှိ၊ မြန်မာ့ ရွှေစျေးနိမ့်ပြီး စျေးကွက်ပျက်နေ၍ ပြည် တွင်းရွှေများ အိမ်နီးချင်းနိုင်ငံစျေးကွက်များသို့ စီးဆင်းရန်ရှိနေ – KT
📰 အခြားထူးခြားသတင်းများ
NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်ကချေးထားသော ကိုဗစ် ချေးငွေများကို အမြန်ဆုံး ပြန်လည်ပေးဆောင်ရန် စစ်ကောင်စီက နေ့စဉ် တောင်းခံနေ – AT
#rangoonscoutnetwork

ရန်ကုန်မှတ်တမ်း (ဇွန် ၅ - ၁၀၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
ဇွန်လ ၈ ရက်နေ့ မနက်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သန်လျင်တံတားအမှတ် ၃ ဖွင့်ပွဲသို့ ရောက်ရှိနေချိန် အဆိုပါနေရာသို့ တိုက်ခိုက်ရန် ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံး ၂ လုံးနှင့်အတူ အမျိုးသား ၇ ဦးကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ ရပ်ကွက်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ရာဝန်း၌ ဖမ်းမိကြောင်း စစ်ကောင်စီမှ သတင်းထုတ်ပြန်ထားသည်။
SPTSC၊ NGYSC နှင့် MTGSC အဖွဲ့တို့ပူးပေါင်း၍ "ငါတို့ဘာလုပ်ကြမလဲ"၊ "မတရားစစ်မှုထမ်းဥပဒေဆန့်ကျင်ကြ" စာသားပါ ပိုစတာ၊ ဘန်နာ၊ လက်ကမ်းစာစောင်များဖြင့် ဇွန်လ ၈ ရက်နေ့ တွင် လှုံ့ဆော်လှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။
မေလ ၅ ရက်နေ့ နေ့လည်က NLD ပါတီ နာယက သူရဦးတင်ဦး၏ ဈာပနအခမ်းအနားကျင်းပခဲ့ပြီး စစ်ကောင်စီ ရန်ကုန်တိုင်း တိုင်းမှူး ဇော်ဟိန်း၊ စစ်ကောင်စီအဖွဲ့ဝင် KNU အဖွဲ့ဝင်ဟောင်း ဖဒိုမန်းငြိမ်းမောင်နှင့် နိုင်ငံတကာသံအမတ်များပါ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါဈာပနပွဲသို့ တက်ရောက် သတင်းယူခဲ့ကြသည့် သတင်းသမားများကို စစ်ကောင်စီမှ လိုက်လံရှာဖွေဖမ်းဆီးနေကြောင်းလည်း AAMIJ မှ သိရှိရသည်။
ဇွန်လ ၁၀ ရက်နေ့ထိ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပြင် စစ်ထောက်ချုပ်၊ ရေချုပ်၊ လေချုပ်ဆိုသူတို့ပါ ရန်ကုန်တွင် ရှိနေဆဲဖြစ်ကာ ၎င်းတို့နေထိုင် သွားလာရာနေရာများနှင့် လမ်းကြောင်းတလျှောက် လုံခြုံရေး အထူးတင်းကြပ်ထားသည်။ ဇွန်လ ၉ ရက်နေ့က ကမ္ဘာအေးကုန်းမြေ၌ မင်းအောင်လှိုင်မှ မဟန ဘုန်းကြီးအဖွဲ့ အကြီးအကဲများနှင့်တွေ့ဆုံကာ Marcedes, Volkswagon စသည့် တန်ဖိုးကြီး ဇိမ်ခံကားများပေးခဲ့သေးကြောင်း သိရှိရသည်။
ရွှေလုပ်ငန်းရှင်ပေါင်း ၂၀ ကျော်ကို စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်း ဝရမ်းများထုတ်ပြီးနောက် ရန်ကုန်ရွှေအသင်းမှလည်း ရွှေအရောင်းအဝယ်ကို ၎င်းတို့ သတ်မှတ်ထားသည့်ဈေးအတိုင်း လုပ်ကြဖို့နှင့် ပိတ်ထားသည့် ရွှေဆိုင်များ ပြန်ဖွင့်ထားကြဖို့ မေလ ၅ ရက်နေ့က သတိပေးကြေညာချက်ထုတ်ပြန်ထားသည်။ ထိုသို့ထုတ်ပြန်ထားသည့် ရန်ကုန်ရွှေအသင်း၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကိုပါ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားကြောင်း People's Spring မှ သိရှိရသည်။
ဒေါ်လာဝယ်ရောင်းနှင့် ဟွန်ဒီငွေလွှဲသူများကိုလည်း စစ်ကောင်စီက လိုက်လံဖမ်းဆီးနေသည့်အပြင် သူတို့၏ ငွေစာရင်းများနှင့် ဘဏ်အကောင့်များကို ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။
ယခုနောက်ပိုင်း စစ်မှုထမ်းစာရင်းကောက်ယူရာတွင် အမျိုးသမီးများကိုပါ စတင်ကောက်ယူလာနေကြောင်းလည်း သိရှိရသည်။

Dawei Watch
တနင်္သာရီတိုင်းမှာ စစ်ရေးတွေပြင်းထန်လာတာကြောင့် တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့ ဒေသတွေကို စစ်ကောင်စီက စားနပ်ရိက္ခာ ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။
ထားဝယ်နဲ့ မြိတ်ခရိုင်ထဲက မြို့နယ်လေးခုမှာ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံထားရတာ နှစ်နဲ့ချီ ရှိနေပါပြီ။
တိုင်းအတွင်းမှာ စစ်ဘေးရှောင်ဦးရေကလည်း ခြောက်သောင်းနီးပါး ရှိနေပါတယ်။
တော်လှန်ရေးအားကောင်းလာလို့ စစ်ရေးတွေ ပိုမိုပြင်းထန်လာဖို့ရှိတာကြောင့် စားနပ်ရိက္ခာဖြတ်တောက်ပိတ်ဆို့မှုတွေ ပိုမိုလုပ်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။
ဒီလိုအခြေအနေမှာ အသက်ရှင်ရပ်တည်နိုင်ဖို့ စားနပ်ရိက္ခာဖူလုံရေး ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။
YouTube >>> https://youtu.be/PJhfmslg7_Q

YouTube
ပဋိပက္ခဒေသများနှင့် အစားအသောက်ဖူလုံရေး
တနင်္သာရီတိုင်းမှာ စစ်ရေးတွေပြင်းထန်လာတာကြောင့် တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့ ဒေသတွေကို စစ်ကောင်စီက စားနပ်ရိက္ခာ ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။
ထားဝယ်နဲ့ မြိတ်ခရိုင်ထဲက မြို့နယ်လေးခုမှာ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံထားရတာ နှစ်နဲ့ချီ ရှိနေပါပြီ။
တိုင်းအတွင်းမှာ…

Forwarded from RFA Burmese
ရွာငံမှာ ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် စစ်ကြောင်းထိုးနေ
~~~
■ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ရွာအနီးကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၇၀ ပါ စစ်ကြောင်းတစ်ကြောင်းနဲ့ အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကြောင်းတစ်ကြောင်းက နေ့စဉ် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်မှာကို ကို စိုးရိမ်နေရတယ်လို့ ရွာငံမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ပျူစောထီးတွေရော၊ ရဲတွေရောပါတယ်။ နေ့တိုင်းရွာတွေထဲ ပတ်နေတာ။ အုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက်ပိုင်း လှည့်နေတာ။ တိုက်ပွဲဖြစ်မလား စိုးရိမ်နေရတယ်”
အဲဒီ စစ်ကြောင်းတွေက လက်ရှိအချိန်ထိတော့ ရွာတွေထဲ ဝင်ရောက်စီးနင်းမီးရှို့တာ၊ အရပ်သားတွေကို ဖမ်းဆီးတာတွေ မလုပ်သေးဘူးလို့ သူက ပြောပါတယ်။
၂၀၂၄ ဇွန်လ ၅ ရက်နေ့က ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာက အသက် ၅၀ အရွယ် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံခဲ့ရပြီး နေရာမှာပဲ သေဆုံးခဲ့တာပါ။

Forwarded from The Irrawaddy - Burmese
စလင်းမြို့မှ ဖမ်းဆီးသွားသူ ၅၀ ကျော်ကို မကွေးသို့ ပို့
ဧရာဝတီ၊ ဇွန် ၁၀၊ ၂၀၂၄
မကွေးတိုင်း၊ စလင်းမြို့နှင့် ဆင်ဖြူကျွန်းတို့မှ လမ်းသွားလမ်းလာ ၅၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မကွေးသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများထံက သိရသည်။
စလင်း မြို့ခံတဦးက “စလင်းဘက်က ဖောင်းလင်းလမ်းခွဲကနေ ၃၀ ကျော် ဖမ်းခံရတယ်၊ ဆင်ဖြူကျွန်း ဆုတ်လေဦးလမ်းခွဲ မှာ ဖြတ်သန်းသွားတဲ့ ၂၀ လောက်ကို ဖမ်းတယ်။ တနေ့က မကွေး ပို့လိုက်တယ်လို့ ကြားရတယ်၊ ဒီရက်ပိုင်းထဲမှာပဲ ဖမ်းသွားတဲ့သူတွေကို မကွေးသင်ကြားရေးဆေးရုံမှာ ဆေးစစ်မယ်လို့ ကြားတယ်” ဟု ပြောသည်။
ပို့ဆောင်ခံရသူများမှာ လူငယ်အများဆုံးဖြစ်ပြီး စစ်မှုထမ်းရန်အတွက်လူသစ်အနေဖြင့် စုဆောင်းခံရခြင်းမျိုးဖြစ်ကာ ရက် ပိုင်းအတွင်းမှာပင် မကွေးမြို့ သင်ကြားရေးဆေးရုံကြီး၌ ဆေးစစ်ခြင်းများပြုလုပ်မည်ဟု သိရှိရကြောင်း ဒေသခံများက ဆိုသည်။
မကွေးတိုင်းရှိ မြို့နယ်အချို့တွင် ဆိုင်ကယ်ကို အမျိုးသားနှစ်ဦး အတူစီးခွင့်မပြုဟုကန့်သတ်ထားရာ စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့များ မပါဝင်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးခံရမှုများတွင် ဆိုင်ကယ်ကို အမျိုးသားနှစ်ဦး အတူစီးသည် ဆိုသောအကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဟု သိရသည်။
ဆင်ဖြူကျွန်းမြို့ ဆုတ်လေဦးလမ်းခွဲတွင် ရှောင်တခင်စစ်ဆေးသည့်ပုံစံဖြင့် ဖြတ်သန်းသွားလာသူများကို စစ်ဆေးပြီးနောက် ဆိုင်ကယ်များကိုပါ ကားပေါ်တင် ယူဆောင်သွားကြသဖြင့် သက်ဆိုင်ရာ မိဘအုပ်ထိန်းသူများက လိုက်လံထုတ်ယူကြရာ တွင် ဆိုင်ကယ်များကို ပြန်လည်ပေးအပ်ပြီး လူကိုလွှတ်ပေးခြင်းမျိုး မရှိကြောင်း ဆင်ဖြူကျွန်းမြို့ခံများထံက သိရသည်။
စလင်းမြို့နယ်သည် မင်းဘူးခရိုင်အတွင်းပါရှိသော မြို့နယ်တခုဖြစ်ပြီး တော်လှန်ရေးအင်အားစုများ အားကောင်းသဖြင့် စစ်မှုထမ်းကိစ္စ လိုက်ပါဆောင်ရွက်ပေးနေသည့် အုပ်ချုပ်ရေးမှူးနုတ်ထွက်မှု အများဆုံးဖြစ်သောကြောင့် စစ်မှုထမ်းအတွက် ယခုကဲ့သို့ လုပ်ဆောင်လာခြင်းမျိုးဟု ဒေသခံများက ဆိုသည်။
ဆင်ဖြူကျွန်းမြို့ခံတဦးက “စစ်မှုထမ်း လူမရလို့ ဆင်ဖြူကျွန်းမှာ စစ်မှုထမ်းအတွက် လူလိုက်ဖမ်းနေတာ ကြာပြီလေ၊ လူငယ်တွေလည်း မြို့မှာ မရှိကြတော့ဘူး။ စစ်မှုထမ်းဆင့်ခေါ်စာ စာအိတ်တွေ လိုက်ဝေနေတာ ၃ သုတ်လောက်ရှိပြီ။ ရတဲ့သူတွေရော နာမည်မပါတဲ့ သူတွေရော စစ်မှုမထမ်းနိုင်လို့ မြို့ကနေ ပြေးကုန်ကြတာ၊ တတ်နိုင်တဲ့ မိသားစုတွေက နိုင်ငံခြားကို ပို့တယ်၊ မတတ်နိုင်တဲ့သူတွေက အဆင်ပြေသလို လွတ်ရာကျွတ်ရာ ပြေးတယ်” ဟု ပြောသည်။
ထိုသို့ ဖမ်းဆီးခံရမှုကြောင့် စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့များရှိ လမ်းမကြီးများပေါ်တွင် နံနက် ၁၁ နာရီခွဲနောက်ပိုင်း လူသွား လူလာနည်းပါးကာ တိတ်ဆိတ်ခြောက်ကပ်လျက်ရှိကြောင်း၊ ဇွန် ၅ ရက်မှ ၇ ရက်အထိ စလင်းမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ ပူးပေါင်းကာ စစ်ကြောင်းထိုးခဲ့သဖြင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာခဲ့သေးကြောင်း သိရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpRbit.ly