MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ကလေးဝမှာ စစ်တပ်ကလေကြောင်းသုံးပစ်ခတ်လို့ အဆောက်အဦပျက်စီးမှုရှိ

စစ်ကိုင်း၊ ဇွန် ၈၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီး မဟာမြိုင်တောရှိ ဘုရားကြီးဝန်းထဲကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီဘက်က လေကြောင်းသုံးပစ်ခတ်ခဲ့တာကြောင့် အဆောက်အဦပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၈ ရက် ဒီနေ့မနက် ၉ နာရီ ၃၅ မိနစ်လောက်မှာ စစ်ကောင်စီရဲ့ Mi 35 ရဟတ်ယာဥ်တစီးက Rocket တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“အဲဒီကျောင်းထဲမှာ သတင်းသုံးနေတဲ့ ဘုန်းကြီးတချို့ နဲ့ ဆရာလေးအချို့ရှိတယ်။ ထိခိုက်မှုတော့ မရှိလိုက်ဘူး။ ဘုရားကြီးဝန်းက အကျယ်ကြီးဆိုတော့ သူတို့ရမ်းပြီးပစ်သွားတာ၊” လို့ ဒေသခံတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ကလေးဝမှာ_စစ်တပ်ကလေကြောင်းသုံးပစ်ခတ်လို့_အဆောက်အဦပျက်စီးမှုရှိ
ခန္တီးနဲ့ မော်လိုက်ခရိုင်က ၁ လအတွင်းတိုက်ပွဲတွေမှာ စစ်သား ၁၀၀ ဝန်းကျင်သေဆုံးပြီး လက်နက်တွေပါသိမ်းနိုင်ခဲ့

စစ်ကိုင်း၊ ဇွန် ၈၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်နဲ့ မော်လိုက်ခရိုင်ထဲက ကျေးရွာတွေအနီး မေလအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၁၀၀ ဦးဝန်းကျင်သေဆုံးပြီး သေနတ် ၃၉ လက်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဇွန် ၇ ရက် မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မေလပထမပတ်ကနေစတင်ပြီး ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ထဲက လွှစင်ကုန်း၊ ပုရစ်၊ ဖာနိုင်း၊ မုက္ကလိ၊ သာဂေါင်းငေါ၊ မြင်သာ၊ ငိုးပင်း၊ ဇီးပင်သာ၊ မယ်ဇလီ၊ ရေလဲ၊ တီလောင်လမ်းဆုံနဲ့ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်ထဲက ရောင်းဟီး၊ အရှေ့ခမိုင်း၊ သက္ကယ်ကျင်း၊ ဆည်ချောင်း၊ ပုဂံတောင်၊ ဟာပါ၊ ညောင်ကုန်း၊ ချောင်းခွ၊ မယ်ဇလီ၊ ခုံသာ၊ နန်းပန်၊ အင်းဝိုင်း၊ မော်လိုက်ကုန်း၊ ရွှေထီးကုန်း၊ ဆိတ်စား စတဲ့ ရွာတွေအနီးမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာပါ။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ခန္တီးနဲ့မော်လိုက်ခရိုင်က_၁လအတွင်းတိုက်ပွဲတွေမှာ_စစ်သား၁၀၀ဝန်းကျင်သေဆုံးပြီး_လက်နက်တွေပါသိမ်းနိုင်ခဲ့
“ဆယ်စုနှစ်ကြာ စစ်ပွဲမှ သင်ခန်းစာများ လုံလောက်ပြီ”

ပြည်သူ့ပန်းတိုင်နှင့် ကချင်လူငယ်များအဖွဲ့ ကွန်ယက် ပူးပေါင်းစီစဉ်သော (၁၃ )နှစ်ပြည့် ကချင်ဒေသ တကျော့ပြန်စစ် စကားဝိုင်း

အချိန်။ ။ ဇွန်လ (၉) ရက် တနင်္ဂနွေနေ့ ည ၇ နာရီ (မြန်မာစံတော်ချိန်)

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA/KIO) နှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကြား တကျော့ပြန်ဖြစ်ပွါးခဲ့သော လက်နက်ကိုင်တိုက်ပွဲ ပဋိပက္ခသည် ၂၀၁၁ ခုနှစ်မှ စတင်ကာ ယနေ့တိုင် ဆယ့်သုံးနှစ်တိုင် ကြာခဲ့ပြီဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်း၊ တိုင်းပြည်ဖျက်ဆီးခဲ့သည်မှာလည်း (၃) နှစ်တိုင်ရှိခဲ့ပြီးဖြစ်ပြီး ကချင်ဒေသအား ထိန်းချုပ်ရန်နှင့် အာဏာသိမ်းဖြစ်ရပ်အောင်မြင်ရန် အတွက် ပြင်းထန်သော ထိုးစစ်များကို ကချင်ပြည်နယ်တွင် စစ်ကောင်စီက ကျူးလွန်ခဲ့ရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ လူဦးရေ (၁.၇) သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး စီးပွါးရေး၊ ပညာရေး၊ ကျန်းမားရေး၊ စားဝတ်နေရေး စသည့် အခန်းကဏ္ဍများ၌ ဆင်းရဲဒုက္ခကြီးစွာ ခံနေရကာ ၎င်းတို့၏ အခြေခံလူ့အခွင့်အရေးများ ရရှိရန်ပင် ပိတ်ပင်တားဆီးခံနေရပါတယ်။

တကျော့ပြန်စစ်ပွဲကာလရှည်အတွင်းတွင် စစ်ဘေးရှောင်ပြည်သူများသည် လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်သည့် အခြေအနေများကို မမြင်တွေ့ရသေးပါ။ ယနေ့ကာလ စစ်ရေးတိုးတက်မှုများနှင့်အတူ နိုင်ငံရေး၊ လူမူရေးဆိုင်ရာ ပြည်သူများ၏ ကြိုးပမ်းမှုများကိုလည်း အသိအမှတ်ပြုရမည်ဖြစ်ပြီး ပြီးခဲ့တဲ့ ကာလများအတွင်း သင်ခန်းစာများကိုလည်း ပြန်ပြောင်းသုံးသပ်ရမည်ဖြစ်ပါတယ်။

(၁၃) နှစ်ကြာ ဆင်နွဲခဲ့သော စစ်ပွဲများအတွင်း ကချင်ပြည်သူများသည် နိုင်ငံရေး၊ စစ်ရေး၊ လူမူရေး ဆိုင်ရာ အသိပညာများနှင့် သတိမူစရာ သင်ခန်းစာများစွာ ရရှိခဲ့ပါတယ်။

• သွေးစည်းညီညွတ်မှု အခြေခံသည့် တန်းတူညီမျှရေး၊ လွတ်လပ်ရေး၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့ အတွက် ပြည်သူများ၏ တောင်းဆိုချက်တွေက ဘာတွေလဲ။
• ပြီးခဲ့သည့် ငြိမ်းချမ်းရေးနှင့်၊ နိုင်ငံရေးဆွေးနွေးပွဲများဆီက လေ့လာစရာ သင်ခန်းစာတွေက ဘာလဲ။
• ပြည်သူအချင်းချင်း သွေးစည်းညီညွတ်မှုဆိုတာကရော ဘာလဲ စတဲ့ အကြောင်းအရာတွေကို ဒီအပတ် ပြည်သူ့ပန်းတိုင် အတွေးအခေါ်လမ်း အစီအစဉ် အပိုင်း (၁၀၀) မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဖိတ်ခေါ်ထားတဲ့ Speaker တွေကတော့

- ဇက်နန်ရော် (အမျိုးသမီးမဟာမိတ်အဖွဲ့-မြန်မာ/NUCC ကောင်စီဝင်)

- သဉ္ဇာရွှန်းလဲ့ရည် (ပြည်သူ့ပန်းတိုင်) နှင့်

- စစ်ရှောင်အမျိုးသမီးတစ်ဦး တို့ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Moderator အနေနဲ့ ဆွတ်ဆိုင်းထွယ် (Kachin State Civilian Movement) က​ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

စကားဝိုင်းကို မည်သူမဆို တက်ရောက်နိုင်ကြောင်း ဖိတ်ခေါ်ပါတယ်။ အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးမည့်အစီအစဉ်လည်း ပါရှိပါတယ်။

You are invited to a Zoom webinar.
When: Jun 8, 2024 07:00 PM Rangoon
Topic: အတွေးအခေါ်လမ်းအစီအစဉ်
Please click the link below to join the webinar:https://us06web.zoom.us/j/81195267589Webinar
ID: 811 9526 7589
Forwarded from MPANews
ဆေးရုံတက်လူနာ မြန်မာကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ထိုင်းရဲတပ်ကြပ်ကြီး ဝန်ခံ

8 June 2024 By MPA

ထိုင်းနိုင်ငံ၊ Muang ခရိုင်၊ Khon Kaen ပြည်သူ့ဆေးရုံတွင်ဆေးရုံတက်နေသော မြန်မာလူနာတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူမှာ ထိုင်းရဲတပ်ကြပ်ကြီးတစ်ဦးဖြစ်ကြောင်း Bangkok Post သတင်း၌ ဖော်ပြထားသည်။

ဆေးရုံတွင် အသတ်ခံရသူနှင့် ကုတင်ဘေးချင်းကပ်လျက် ဆေးကုသမှုခံယူနေသော သူ၏ဖခင်ကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်းကြောင့် စိတ်ဆိုးဒေါသဖြစ်ကာ ပစ်သတ်ခဲ့သည်ဟု ရဲတပ်ကြပ်ကြီး Veeraphong Buayen က ဝန်ခံခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yps67y6j
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from Chin World Media
အချို့သော လူပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများ၏သွေးထိုးလှုံဆော်မှုများကြောင့် ချင်းတော်လှန်ရေးအဖွဲ့များနှင့်အာရက္ခတပ်တော်
တို့၏ပူးပေါင်းဆောင်ရွက်မှုများကိုမထိခိုက်
စေရန်သတိထားရမည်ဖြစ်သကဲ့သို့ ပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ အခြေအမြစ််မရှိ၊အထောက်အထားမရှိသော တဖက်
သတ်ဝါဒဖြန့်မှုများကို နားမယောင်မိရန်လိုအပ်ကြောင်း ချင်းညီနောင်မဟာမိတ်အဖွဲ့ကထုတ်ပြန်

ဇွန်လ ၈ ရက်။

အချို့သောလူပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများ၏သွေးထိုးလှုံဆော်မှုများကြောင့် ချင်းတော်လှန်ရေးအဖွဲ့များနှင့်အာရက္ခတပ်တော်တို့၏ပူးပေါင်းဆောင်ရွက်မှုများကိုမထိခိုက်စေရန်သတိထားရမည်ဖြစ်သကဲ့သို့ ပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ အခြေအမြစ််မရှိ၊အထောက်အထားမရှိသော တဖက်သတ်ဝါဒဖြန့်မှုများကို နားမယောင်မိရန်လိုအပ်ကြောင်း ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်မဟာမိတ်အဖွဲ့က ဒီနေ့ ဇွန်လ ၈ ရက်မှာ အများပြည်သူသို့အသိပေးထုတ်ပြန်ချက်ထုတ်ပြန်ထားပါတယ်။
Forwarded from RFA Burmese
စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ မဖြစ်နိုင်ကြောင်း AA ပြော
~~~
■ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲဖို့ မဖြစ်နိုင်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ဇွန် ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့ အပစ်အခတ်ရပ်စဲခဲ့ကြတာနဲ့ဆက်စပ်ပြီး ရက္ခိုင့်တပ်တော် (AA) အနေနဲ့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲဖို့ နိုင်ခြေရှိလားဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဦးခိုင်သုခက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“စစ်ကောင်စီနဲ့ ကျွန်တော်တို့က ဟိုင်ဂင်နောက်ဆက်တွဲ အစည်းအဝေးတွေမှာ နှစ်ဖွဲ့ချင်း တွေ့ဆုံတာ ရှိပါတယ်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဘက်ကတော့ ပြေပြေလည်လည်နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး‌ပြီး အဖြေရှာဖို့ လိုလားနေပါတယ်။ ဘာဖြစ်လာနိုင်လဲဆိုတာက လက်ရှိ စစ်ကောင်စီလုပ်ရပ်ပေါ်မှာ အများကြီး မူတည်နေပါတယ်။ နောက်ဆုံးတွေ့ဆုံပွဲမှာ ကျွန်တော်တို့ ပြောခဲ့တာရှိတယ်၊ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး မတိုက်ခိုက်ဖို့ ကျွန်တော်တို့ စစ်ကောင်စီကို ပြောထားတယ်။ ဒီနေ့အချိန်အထိ ဆက်ပြီးဖြစ်နေပါတယ်။ ရခိုင်တစ်ခုတည်းမှာတော့မဟုတ်ပါဘူး AA နဲ့ ဆက်စပ်နေတဲ့ တခြားစစ်မြေပြင်တွေမှာလည်း ဆက်ဖြစ်နေပါတယ်။ ဒါကြောင့် ဒီအပစ်အခတ်ရပ်စဲဖို့ကိစ္စက အများကြီး အခက်အခဲရှိနိုင်ပါတယ်။”

ရခိုင်ပြည်နယ် မောင်တော၊ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်၊ ကျောက်ဖြူ မြို့တို့ကို AA ဆက်လက်သိမ်းပိုက်ဖို့ ကျန်နေသေးကြောင်းနဲ့ ရခိုင်ပြည်က မြို့တိုင်း ရွာတိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ထုတ်သွားမယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း ဘူးသီးတောင်မြို့တိုက်ပွဲကနေ လက်နက်တွေနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သား ရာနဲ့ချီရှိနေတာကြောင့် အရပ်သားတွေအတွက် အန္တရာယ်ရှိနေပြီး သူတို့ကို ဖမ်းဆီးရမိဖို့ နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဆိုပါတယ်။ ဘူးသီးတောင်မြို့တိုက်ပွဲအတွင်း အိမ်ခြေ သုံးထောင်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အဲဒီထဲမှာ ရခိုင်လူမျိုးတွေရဲ့ နေအိမ်တွေက အများဆုံးဖြစ်တယ်လို့လည်း ဦးခိုင်သုခက ပြောခဲ့ပါတယ်။ ဘူးသီးတောင်မြို့ပေါ်မှာ ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေ ဦးတည်တိုက်ခိုက်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မှားယွင်းနေကြောင်း တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ထွက်ပြေးနေရတဲ့အခြေအနေနဲ့ပတ်သက်လို့ နိုင်ငံတကာသတင်းဌာနတွေအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ပြောဆိုချက်တွေဟာ မြေပြင်အခြေအနေတွေနဲ့ ကွဲလွဲနေပြီး ရခိုင်တွေရဲ့ ပြောဆိုချက်တွေနဲ့ ပြဿနာဇစ်မြစ်ကို သိအောင်လုပ်ဖို့လည်း ဦးခိုင်သုခက ပြောပါတယ်။ ဒီလိုစွပ်စွဲပြောဆိုချက်တွေဟာ ပြဿနာ ဖြေရှင်းရာမှာ အထောက်အကူမဖြစ်ဘဲ ဒေသတွင်း ပဋိပက္ခကို ပိုဆိုးစေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံးကတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာ လေးသောင်းခွဲလောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ပြီးခဲ့တဲ့ မေလကုန်လောက်က ပြောထားပါတယ်။ ဒါ့အပြင် ဘူးသီးတောင်မြို့ကနေ မြန်မာစစ်တပ်ဆုတ်ခွာသွားတဲ့နောက် နှစ်ရက်အကြာ မေလ ၁၇ရက်နေ့မှာ မီးလောင်ကျွမ်းမှုတွေ စတင်ခဲ့တာဖြစ်သလို အခုအချိန်မှာ ရက္ခိုင့်တပ်တော် (AA) က မြို့ကို အပြည့်အဝ ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိအခြေအနေတွေအတွက် ဘယ်သူတာဝန်ရှိတယ် ဆိုတာကို ကုလသမဂ္ဂအနေနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲ အကြီးအကဲ ဂျိမ်းစ် ရိုဒ်ဟေဗာက ပြောထားပါတယ်။
_______
RFA Burmese Website တွင် ဖတ်ရှုရန်...
တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း လက်နက်ဈေးနှုန်း ပျမ်းမျှ ၅ ဆ အထိ မြင့်တက်လာ

မြေလတ်အသံ၊ ဇွန် ၉၊ ၂၀၂၄။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း မောင်းပြန်ရိုင်ဖယ် ၁ လက်ကို အနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော်ကနေ ၃၀၀ ကျော်အထိ ရှိနေပြီး လက်နက်ဈေးနှုန်းဟာ ပျှမ်းမျှ ၅ ဆအထိ မြင့်တက်လာတယ်လို့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းကာလအစောပိုင်းတုန်းက မောင်းပြန်ရိုင်ဖယ်တစ်လက်ရဲ့ဈေးနှုန်းဟာ ကျပ်သိန်း ၁၀၀ အောက်မှာပဲ ရှိခဲ့တာပါ။

“ဝယ်လိုအား တအားများပြီး ပစ္စည်းက ရှားတော့ ဈေးတွေက တလ၊ တလ ကို ၁၀ သိန်းလောက် တတ်လာတာ” လို့ နိုင်ငံအလယ်ပိုင်းမှာ လက်နက်အရောင်းအဝယ်လုပ်ဖူးတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/တော်လှန်ရေးကာလ၃နှစ်ကျော်အတွင်း_လက်နက်ဈေးနှုန်း_ပျမ်းမျှ၅ဆအထိမြင့်တက်လာ
Forwarded from RSN WEB
DAILY HIGHLIGHTS (08 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


မောင်တောမြို့နယ်က စစ်ကောင်စီစခန်း ၆ ကို ၁ ပတ်အတွင်း အေအေသိမ်းပိုက် – DVB

ခန္တီးနှင့် မော်လိုက်တွင် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀၀ ခန့်သေဆုံးပြီး စစ်တပ်စခန်း ၂၅ ခုထက်မနည်းကို သိမ်းပိုက်ရရှိကာ လက်နက်မျိုးစုံ ၃၉ လက် သိမ်းဆည်းရရှိ – KT

စစ်မှုထမ်းဥ‌ပဒေဖြင့် တပ်သားသစ်စုဆောင်းခံရသူများ သင်တန်မပြီးဆုံးမီပင် ရှေ့တန်း ပို့လွှတ်ခံရ၍ သေဆုံးမှုများရှိနေပြီး မည်သည့်ခံစားခွင့်မှရရှိခြင်းမရှိ – AT

ရှေ့တန်းထွက်အရာရှိစစ်သည်များ၏ ဇနီးများ ပြင်ပထွက်ခွင့် စစ်ကောင်စီ ပိတ်ပင် – DVB

📰 နိုင်ငံရေးထူးခြားသတင်းများ

စစ်​အစိုးရ နှင့် NUG မည်သူက အစိုးရ တာဝန် ယူနိုင်မလဲ၊ ပြည်သူများကမည်သူကို လိုလားသလဲ ဆိုသည့်အပေါ်မူတည် အသိအမှတ်ပြုမည်ဟု AA ပြော – PS

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ခေါင်းဆောင်က ဘင်းမ်စတက်အဖွဲ့ ၂၇ နှစ်ပြည့်ထံပေးပို့သည့်သဝဏ်လွှာ ဘင်းမ်စတက် ဝဘ်ဆိုဘ် တွင်ဖော်ပြဟု စစ်ကောင်စီ သတင်းထုတ် – AT

ရခိုင်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများအတွက် တရုတ်နှင့်ဆွေးနွေးမှုရှိဟု AA ပြော – PS

တရုတ်နယ်စပ်ဂိတ်များ တရားဝင် ဖွင့်ရန် အဆင်မပြေသေး – DVB

မူဝါဒ အပြောင်းအလဲကြောင့် တရုတ်နယ်စပ်ဖြတ်ကျော်ရန် ခက်ခဲ – DVB

မြန်မာစစ်ကောင်စီကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မဖိတ်ကြား – AT

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေး ဆွေးနွေးရန် ပိတ် ဆို့နေမှုများ အဆုံးသတ်ရန် အာဆီယံဥက္ကဋ္ဌသစ် ဖြစ်လာတော့မည့် မလေးရှားနိုင်ငံက တောင်းဆို – KT

စစ်ကောင်စီက မြန်မာနိုင်ငံသားများ၏ ထိုင်းကွန်ဒိုဝယ်ယူမှုအပေါ် ဖြိုခွင်းအရေးယူနေ၍ ကွန်ဒို ဝယ်လိုအားကျဆင်းနိုင်ဟု ထိုင်းကွန်ဒိုလုပ်ငန်းရှင်အသင်းက ပြောဆို – KT

📰 စီးပွားရေးထူးခြားသတင်းများ

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရွှေဆိုင်များက လူတစ်ဦးလျှင် ရွှေတစ်ပဲ၊ နှစ်ပဲနှုန်း စစ်တပ် သတ်မှတ်စျေးဖြင့် ရောင်းချပေးရ ၊ အမေရိကန်တစ်ဒေါ်လာလျှင် ၄၃၀၀ ကျပ်ကျော်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၃သိန်းဝန်းကျင်စျေးတန်းရှိ – KT

ပြည်တွင်း ရွှေစျေး၊ ငွေစျေးများ မဖြစ်နိုင်သော စျေးနှုန်းများသို့ မြင့်တက်သွားမှု ဝိသမစီးပွားရေးသမားကြောင့်ဟု မင်းအောင်လှိုင်က အပြစ်ဖို့ပြန် – KT

စစ်ကောင်စီက ဒေါ်လာရရှိရန်အတွက် ယခင်နှစ်ထက် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့နိုင်ရန် မျှော်မှန်းနေ – AT

📰 အခြားထူးခြားသတင်းများ

စစ်ကောင်စီက ရွေးကောက်ပွဲအတွက်ရည်ရွယ်၍ သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးပမ်းနေပြီး သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိပါက ရက်တိုးမြှင့်မည် – AT

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန် ၁၁ ရက် ကြေညာမည် – DVB

စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG ထုတ်ပြန် – PS

စစ်အာဏာသိမ်းကာလ တတိယမြောက် မယ်စကြဝဠာသရဖူ ဆွီဒင်-မြန်မာကပြား အလှမယ်ရရှိ – DVB

#rangoonscoutnetwork
ပဲခူးရိုးမမှာ PDF အမျိုးသမီးတွေဦးဆောင်ပြီး တပ်ရိက္ခာအတွက် သီးနှံများစိုက်ပျိုး (ရုပ်/သံ)

အုတ်ဖို၊ ဇွန် ၉၊ ၂၀၂၄။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ တပ်ဖွဲ့ပိုင်နယ်မြေအတွင်း ဇွန်လအစောပိုင်းကစပြီး သီးနှံစိုက်ခင်းတွေ စိုက်ပျိုးနေကြတယ်လို့ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ UGF အုတ်ဖိုတပ်ဖွဲ့ဆီက သိရပါတယ်။

မစိုက်ပျိုးဘဲထားတဲ့(ဖုန်းဆိုးမြေ)နေရာကို ရှင်းလင်းခဲ့ရာ ၅ ဧကခန့် အကျယ်ရှိပြီး တပ်ဖွဲ့ရိက္ခာ လိုအပ်ချက်ကို အဆင်ပြေဖို့ စရိတ်အပို မကုန်စေချင်တဲ့အတွက် သီးနှံစိုက်ပျိုးဖို့ ပြုလုပ်ရတာ ဖြစ်ပါတယ်။

"မြေနေရာလည်း အလဟဿ မဖြစ်တော့ဘူး။ အပိုစရိတ် မကုန်စေချင်လို့ စိုက်ဖြစ်တာပါ။အချိန်ကုန်ရကျိုးနပ်မယ်။ သီးနှံအစုံ စိုက်ဖြစ်ပါတယ်"လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီစိုက်ခင်း ၅ ဧက အကျယ်မှာ မိုးရေကိုအားထားပြီး ဗုံလုံသီး၊ ကန်ဇွန်း၊ တိုင်ထောင်ပဲ၊ မြေပဲ၊ ပြောင်းဖူး၊ရုံးပတီ၊ မုန်လာဥ၊ ချဥ်ပေါင်၊ ငရုတ်၊ ခရမ်းသီး အစရှိတဲ့ ရာသီပေါ်သီးနှံတွေကို စိုက်ပျိုးနေတယ်လို့ သိရပါတယ်။

အဲ့ဒီစိုက်ခင်းမြေနေရာ ရှင်းလင်းရာမှာ ရဲဘော်တွေက ကူညီလုပ်ကိုင်ခဲ့ကြပြီး စစ်ရေးတာဝန်တွေထမ်းဆောင်ချိန်မှာ စိုက်ခင်းတာဝန်တွေကို အမျိုးသမီးရဲဘော်တွေက လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

" အသီးအနှံစျေးတွေကကြီးတော့ နေ့တိုင်းစားဖို့အတွက် တိုင်ပင်ပြီး စိုက်ဖြစ်တာပါ။ မျိုးစေ့စိုက်တာပျိုးတာ ပေါင်းနှုတ်တာ ရေလောင်းတာတွေ ကျမတို့တွေပဲ နေ့တိုင်း လုပ်ကြပါတယ်" လို့ အမျိုးသမီးရဲဘော် ရှယ်ကော် ကပြောပါတယ်။

တပ်ဖွဲ့ဝင်တွေ စားသုံးဖို့ ဟင်းသီးဟင်းရွက်တနပ်စာကို ၆၀၀၀၀ ကျပ်ခန့် ကုန်ကျပြီး ရေရှည်စားသုံးနိုင်ဖို့အတွက် အမျိုးသမီးရဲဘော်တွေစုပေါင်း စိုက်ပျိုးနေကြတယ်လို့ သိရပါတယ်။

သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#ပဲခူး #သာယာဝတီ #အုတ်ဖို #PDF တပ်ဖွဲ့ # ရိက္ခာ #သီးနှံစိုက်ခင်း #အမျိုးသမီးရဲဘော်

https://youtu.be/zYDV5ZELWKY
Forwarded from Infinity Group
MSI - MYANMAR SOCIETY INFORMATIONS
Photo
ကန့်ဘလူမှာ NUG နဲ့ စစ်​ကောင်စီ နယ်​မြေစိုးမိုးမှု ဘယ်သူအ​ရေးသာ​နေသလဲ၊နယ်​မြေတွင်းအ​ခြေအ​နေဘယ်လိုရှိ​နေသလဲ

ဇွန် ၉ ၊ ၂၀၂၄

​​စစ်တပ်အာဏာသိမ်းပြီးနောက် ကန့်ဘလူမြို့နယ်သည်လည်း အာဏာသိမ်းစစ်​ကောင်စီကို ဆန့်ကျင်​တော်လှန်သည့်မြို့နယ်​တွေထဲ၌ တခုအပါအဝင်ဖြစ်သည်။သို့​သော် အိမ်နီးချင်းမြို့နယ်များနှင့်ယှဥ်ကြည့်ပါက ကန့်ဘလူမြို့နယ်တွင် စစ်​ကောင်စီသည် တော်လှန်​ရေးအင်အားစုများထက် နယ်​မြေစိုးမိုးမှုအသာစီးရ​ယူထားသည်ကို ​တွေ့ရသည်။

အာဏာသိမ်းစစ်တပ်ကို မြို့နယ်၏​မြောက်ခြမ်း၊အ​ရှေ့ခြမ်းနှင့်​တောင်ခြမ်းမှ ​ကျေးလတ်​ဒေသများက ပြတ်ပြတ်သားသား ဆန့်ကျင်​တော်လှန်​နေကြ​သော်လည်း မြို့နယ်အ​နောက်ခြမ်းနှင့်အ​နောက်​တောင်ခြမ်းရှိ လူဦး​ရေအထူထပ်ဆုံးကျေးရွာများကမူ စစ်​ကောင်စီနှင့်​ရေလိုက်ငါးလိုက်​နေရင်း ​နောက်ဆုံး စစ်​ကောင်စီ၏လက်​ဝေခံပျူ​စောထီးရွာများဖြစ်သွားကြသည်။

၂၀၂၄ ခုနှစ်မတိုင်ခင်က မြို့နယ်၏ ​ကျေးလတ်​ဒေသ ၄၀ % အား ​တော်လှန်​ရေးအင်အားစုများက စိုးမိုးထားပြီး စစ်​ကောင်စီတပ်က မြို့၊မြို့ငယ်များအပါအဝင် ​​ကျေးလတ်​ဒေသ ၅၀ % အား စိုးမိုးထားသည်။ကျေးလတ်​ဒေသရှိ ကျန် ၁၀ % မှာ နှစ်ဖက်စလုံး၏ထိန်းချုပ်မှု​အောက်က လွတ်​မြောက်​နေခဲ့သည်။

စစ်မှုမထမ်းမ​နေရစနစ်အသက်သွင်းခဲ့​သော ၂၀၂၄ ခုနှစ် ဧပြီလ​နောက်ပိုင်းတွင် နှစ်ဖက်ထိန်းချုပ်မှု​အောက်မှလွတ်​မြောက်​နေ​သေးသည့် ​ကျေးလတ်​ဒေသ၏ ကျန် ၁၀ % အား စစ်​​ကောင်စီက ထပ်မံထိန်းချုပ်လာခဲ့သည်။ဤအချက်ကိုကြည့်ခြင်းအားဖြင့် တော်လှန်​ရေးအင်အားစုများဘက်မှ စည်းရုံးနိုင်သည့်စွမ်းရည်သည် စစ်​ကောင်စီ၏အကြပ်ကိုင်စည်းရုံးမှုစွမ်းရည်အား မယှဥ်နိုင်သည်ကို​တွေ့ရသည်။

ကန့်ဘလူမြို့နယ်တွင် မြို့နှင့်ရွာကြီးများအလွတ် ​ကျေးရွာ​ပေါင်း ၂၆၀ ခန့်ရှိရာ ​တော်လှန်​ရေးအင်အားစုများက ​ရွာကြီးအချို့အပါအဝင် ရွာ​ပေါင်း ၁၄၀ ခန့်အားစိုးမိုးထားနိုင်ပြီး ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့အပြင် မလယ်၊ထန်းကုန်း၊ကာဘိုး၊ဇင်း၊ကိုး​တောင်ဘို့၊ချပ်သင်းကဲ့သို့ ရွာကြီးများအပါအဝင် ​ကျေးရွာ​ပေါင်း ၁၂၀ ခန့်အား စစ်​ကောင်စီက စိုးမိုးထားသည်။

စစ်​​ကောင်စီသည် လမ်းပန်းဆက်သွယ်​ရေးနှင့်စီးပွားကူးသန်း​ရောင်းဝယ်​ရေးအရ အချက်အခြာကျသည့် ​နယ်​မြေ၏ ၆၀ % ​သောနေရာအများစုကို စိုးမိုးထားနိုင်​သော်လည်း ထိုအထဲမှ လူဦး​ရေ ၅၀၀၀ ခန့်ရှိ​သော ချပ်သင်းစံပြရွာသည် တိုက်ပွဲများ​ကြောင့် ရွာလုံးကျွတ် စစ်​ဘေး​ရှောင်​နေရသည်။

ထို့အပြင် စစ်တပ်အထိုင်စခန်းချထား​သော ကန့်ဘလူ​မြောက်ခြမ်းရှိ ကိုး​တောင်ဘို့နှင့်ချပ်ကြီးရွာများရှိ လူဦး​ရေ ၅၀၀၀ ခန့်မှာ ကန့်ဘလူ-​ကောလင်းခရိုင်ချင်းဆက်လမ်းအား ​တော်လှန်​ရေးအင်အားစုများကဖြတ်​တောက်ပိတ်ပင်ထား​သော​ကြောင့် ကုန်သွယ်စီးဆင်းမှုလုံးဝမရှိ​တော့သဖြင့် အ​ခြေခံ​ဆေးဝါးနှင့်စားနပ်ရိက္ခာပြတ်​တောက်မှုဒဏ်ကိုခံ​နေရ​သည်။သို့​သော် စစ်​ကောင်စီလက်​အောက်ရှိကျန်​နေရာအများစုမှာ​ အစစအရာရာ​ပြေလည်ကြသည်။

တဖန် ပြည်သူ့ကာကွယ်​ရေးတပ်များစိုးမိုးထားသည့် ကန့်ဘလူ​မြောက်ခြမ်းရှိ ​ကျေးရွာ​ပေါင်း ၅၀ ​ကျော်ရှိ လူဦး​ရေ ၄၅,၀၀၀ ခန့်မှ ထက်ဝက်ခန့်သည် စစ်တပ်အထိုင်စခန်းများက မကြာခဏဝင်​ရောက်​မွှေ​နှောက်ခြင်း၊ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရခြင်း​တို့ကြောင့် ​အမြဲတမ်းစစ်​ဘေး​ရှောင်​နေရကာ ​တော​တောင်များတွင် ယာယီတဲများဖြင့် အဆင်​ပြေသလို​နေထိုင်​ကြရသည့်အပြင် အ​ခြေခံ​ဆေးဝါး၊စား​သောက်ကုန်​နှင့်​လောင်စာဆီရှားပါးမှု၊ကုန်ဈေးနှုန်းမြင့်မားမှုဒဏ်ကိုခံ​နေရသည်။

ထို့အပြင် ကန့်ဘလူမြို့နယ်​တောင်ခြမ်းရှိ ပြည်သူ့ကာကွယ်​ရေးတပ်များစိုးမိုးထား​သော ​ကျေးရွာ​ပေါင်း ၄၀ ​ကျော်မှ လူဦး​ရေ ၄၀,၀၀၀ ခန့်မှာ စစ်တပ်နှင့်ပျူ​စောထီးအထိုင်စခန်းများက ပတ်လည်ပိတ်ဆို့ကာအထိုင်ချတပ်စွဲထားသဖြင့် အ​ခြေခံ​ဆေးဝါး၊စား​သောက်ကုန်များသယ်ယူရာတွင် အခက်အခဲများစွာရင်ဆိုင်​နေရသည့်အပြင် ကုန်​ဈေးနှုန်းမြင့်မားမှုဒဏ်ကိုခံ​နေရသည်။

ကန့်ဘလူမြို့နယ်အတွင်းမှ ​တော်လှန်​ရေးတပ်များစိုးမိုးထားသည့် ​ကျေးရွာ​ပေါင်း ၁၄၀ ​ကျော်၌ NUG ၏ အုပ်ချုပ်​ရေး(ပအဖ)၊ကာကွယ်​ရေး(ပကဖ)၊လုံခြုံ​ရေး(ပလဖ)အဖွဲ့များဖွဲ့စည်းထား​သော်လည်း ​အုပ်ချုပ်​ရေးယန္တယားလည်ပတ်နိုင်သည်မှာ ၅၀ % သာရှိ​သေးသည်။ကျန်ထက်ဝက်ခန့်​သော ​ကျေးရွာများမှာ စစ်ဒဏ်​ကြောင့် ​နေရပ်စွန့်ခွာထွက်​ပြေး​နေရပြီး အုပ်ချုပ်​ရေးယန္တရားမှာ ပျက်ယွင်း​နေသည်။

ထို့အပြင် ပြည်သူလူထု၏အ​ခြေခံကျန်းမာ​ရေး​စောင့်​ရှောက်မှုအတွက် ​ဆေးရုံ​ဆေးခန်းရှားပါးခြင်း၊က​လေးသူငယ်နှင့်လူငယ်လူရွယ်များ လွတ်လပ်စွာပညာသင်ကြားနိုင်ရန် စာသင်​ကျောင်းဖွင့်လှစ်နိုင်သည့်အ​ရေအတွက်နည်းပါးခြင်း၊ပညာ​ရေးအတွက်လိုအပ်သည့် သင်​ထောက်ကူပစ္စည်းနှင့်စာ​ရေးကိရိယာရှားပါးခြင်း အစရှိသည့်အခက်အခဲများလည်းကြုံ​တွေ့​နေရသည်။
Forwarded from Infinity Group
MSI - MYANMAR SOCIETY INFORMATIONS
Photo
စစ်​ကောင်စီလက်​အောက်ရှိ မြို့နယ်အ​နောက်ခြမ်းနှင့်အ​နောက်​တောင်ခြမ်းမှ ​တောင်သူလယ်သမားများသည် ဆည်​ရေဝင်​တောများဖြစ်သဖြင့် ၂ သီးစားစိုက်ပျိုးနိုင်ခြင်း၊ဆန်​ရေစပါးအလုံအ​လောက်ထွက်ရှိခြင်း​တို့ကြောင့် စားဝတ်​နေ​​ရေး​ချောင်လည်ကြသည့်အပြင် ဆန်၊စပါး​ဈေးမှာလည်း ​​ပေါက်​ဈေးအတိုင်း​ရောင်းချရသဖြင့် ​ပြေလည်ကြသည်ဟုဆိုရမည်။

သို့​သော် ​တော်လှန်​ရေးအင်အားစုများ ထိန်းချုပ်သည့်​ဒေသများရှိ လယ်ယာများမှာ မိုး​​​ကောင်းတောများဖြစ်ခြင်း၊စစ်​ဘေးအန္တရာယ်​ကြောင့် ကာလအလိုက်စိုက်ပျိုးနိုင်သည့်အ​​ခြေအ​နေမရှိခြင်းအပြင် ဆန်စပါး​ဈေးမှာလည်း ကုန်စည်လမ်း​ကြောင်းများဖြတ်​တောက်ခံထားရသဖြင့် ​​ကာလပေါက်​ဈေး၏ထက်ဝက်ခန့်​လျှော့​ဈေးဖြင့်နှိမ်၍​ဝယ်ယူခံရခြင်း၊​ဈေးကြီး​ပေးဝယ်ရခြင်း စသည့်အ​ကြောင်းတရားတို့​ကြောင့် ထို​ဒေသမှ​တောင်သူလယ်သမားများ စားဝတ်​နေ​ရေးကြပ်တည်းလာသည့်အပြင် ​ကြွေးမြှီးပါတင်​နေကြသည်။

စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများ စိုးမိုးထားသည့်​၆၀ %​ သောဒေသ​နေပြည်သူများသည် အတင်းအဓမ္မဆက်​ကြေး​တောင်းခံရခြင်း၊စစ်မှုထမ်း​ရန် လူသစ်စုဆောင်းခံရခြင်းအပြင် လူ့အခွင့်အ​ရေးချိုး​ဖောက်မှုများကို စစ်​ကောင်စီအလိုကျ ခံစား​နေရသည်။​

တော်လှန်​ရေးအင်အားစုများစိုးမိုးထား​သည့် ၄၀ % ​သော​​ဒေသ​နေပြည်သူများသည် စစ်​ကောင်စီတပ်၏ သတ်ဖြတ်မှု​ဘေးမှလွတ်​မြောက်ရန် ​နေရပ်စွန့်ခွာထွက်​ပြေး​နေရခြင်း၊​စစ်​ကောင်စီတပ်မှ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊အ​ခြေခံ​ဆေးဝါးနှင့်စား​သောက်ကုန်​များ ရရှိနိုင်ရန်ခက်ခဲခြင်း၊ကုန်​ဈေးနှုန်းမြင့်မားမှုဒဏ်ခံရခြင်း အစရှိသည့်ဒုက္ခမျိုးစုံအား ကြုံ​တွေ့​နေရသည်။

၂၀၁၄ ခုနှစ်က ​ကောက်ယူထား​သော သန်း​ခေါင်စာရင်းအချက်အလက်များအရ ကန့်ဘလူတမြို့နယ်လုံးအတိုင်းအတာဖြင့် လူဦး​ရေ ၂၉၅,၀၀၀ ​ကျော်ရှိရာ လူဦး​ရေ ၁၃၀,၀၀၀ ​ကျော်မှာ ​တော်လှန်​ရေးအင်အားစုများ၏စိုးမိုးနယ်​မြေတွင်​နေထိုင်လျက်ရှိပြီး ကျန်လူဦး​ရေ ၁၆၅,၀၀၀ ​ကျော်မှာ စစ်​ကောင်စီလက်​အောက်တွင် ​နေထိုင်လျက်ရှိသည်။

​၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်​ မေလအထိ ဒေသတွင်းစစ်​ရေးအ​ခြေအ​နေအရ အင်အားစုဖွဲ့မှုအား​လေ့လာကြည့်​သောအခါ စစ်​ကောင်စီသည် စစ်ထွက်အင်အားအပါအဝင် အရန်ပျူ​စောထီးအင်အား ၅၀၀၀ နီးပါးအား ပိုင်ဆိုင်ထားသည်။​တော်လှန်​ရေးအင်အားစုများဘက်ကမူ စစ်သည်အင်အားဖြည့်တင်းမှု၊တပ်ရင်းတပ်ဖွဲ့ ထပ်မံတိုးချဲ့ထားမှုအားမ​တွေ့ရ​ပေ။

ထို့အပြင် ​တော်လှန်​ရေးအင်အားစုများစိုးမိုးထား​သောနယ်​မြေအတွင်းမှ ​​ပကဖလက်​အောက်ရှိ ​ကျေးရွာကာကွယ်​ရေးအဖွဲ့အချို့ အ​ကြောင်းအမျိုးမျိုး​ကြောင့် ဖွဲ့စည်းပုံပျက်သွားခြင်း၊အဖွဲ့လုံးဝပြိုကွဲသွားခြင်း စသဖြင့် စုဖွဲ့မှုယိုယွင်း​နေ​သော်လည်း စစ်​ကောင်စီကမူ စစ်မှုထမ်းလူသစ်စု​ဆောင်းခြင်းအား တစိုက်မက်မက်လုပ်​ဆောင်လာသည့်အပြင် ကျစ်လစ်​သောစစ်တပ်ဖြစ်လာ​စေရန် ​လေ့ကျင့်​ပေး​နေသည်။

ကန့်ဘလူမြို့နယ်တွင်းအ​ခြေအ​နေအရပ်ရပ်အား သုံးသပ်ကြည့်ပါက အမျိုးသားညီညွတ်​ရေးအစိုးရ NUG အ​နေဖြင့် မိမိ၏အုပ်ချုပ်​ရေးယန္တရား​အောက်ရှိ အုပ်ချုပ်​ရေး၊ကာကွယ်​ရေးဘက်မှ အ​ရေးကြီးဆုံး​သောခရိုင်နှင့်မြို့နယ်တာဝန်ခံများအား လူထု​နှင့်ရဲ​ဘော်များထောက်ခံသည့် အသင့်​တော်ဆုံးဖြစ်မည့်သူများအား အစားထိုးအ​ပြောင်းအလဲလုပ်သင့်ကာ ဆုံးရှုံးနယ်​မြေများပြန်မရ​သေးသည့်တိုင် စိုးမိုးနယ်​မြေများအား ​ကောင်းမွန်စွာထိန်းချုပ်သင့်​​ကြောင်း တင်ပြအပ်ပါသည်။

(မှတ်ချက်။နယ်​မြေစိုးမိုးမှုအ​ခြေအ​နေအား ​မြေ​နေရာအကျယ်အဝန်းဖြင့် တိုင်းတာထားခြင်းမဟုတ်ပဲ လူ​နေထူထပ်မှု၊ကုန်သွယ်လမ်း​ကြောင်း ထိန်းချုပ်မှုတို့ဖြင့် ​ဖော်ပြထားခြင်းဖြစ်သည်။)

ဓါတ်ပုံ-စစ်​ကောင်စီတပ်စိုးမိုးထား​သော ကန့်ဘလူမြို့နယ်​အ​ခြေပြ​မြေပုံအစိတ်အပိုင်းတစ်ခု

ကိုအနန္တ​ရေးသည်
#infinitygroup
Forwarded from People's Spring
RCSS၏ တိုက်ခိုက်မှုများအား မတုံ့ပြန်သေးခြင်းမှာ ရှမ်းတပ်နှစ်ဖွဲ့ ပေါင်းစည်းနိုင်ရေးရှေးရှု၍ဟု SSPPဆို

▪️အပစ်ရပ်ပူးတွဲကြေညာပြီးနောက် RCSS ဘက်ကတိုက်ခိုက်မှု ၁၁ကြိမ်ရှိဟု အသိပေး

ထားမြတ်/People’s Spring

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဘက်က မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသော်လည်း ပြန်လည်တုံ့ပြန်ခြင်း၊ ထိုးစစ်ဆင်ခြင်းမပြုသေးကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP/SSA)က ယနေ့ (ဇွန်လ ၉ရက်) ထုတ်ပြန်သည်။

ဇွန်လ ၆ရက်က ရပ်စောက်မြို့နယ် တောင်ထိပ် ကျေးရွာ တောင်ဘက်၌ ကင်းလှည့်နေသည့် SSPP တပ်ဖွဲ့ဝင်အချို့ကို RCSS တပ်ဖွဲ့ဝင်အချို့က မိုင်းဆွဲတိုက်ခိုက်မှု အခြေအနေကို ထုတ်ပြန်ရာ၌ ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

ရှမ်းတပ်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် နှစ်ဖက်ပေါင်းစည်းနိုင်ရေး အတွက် ၂၀၂၃ နိုဝင်ဘာ၂၉ ရက်တွင် အပစ်ရပ်စဲကြောင်း ပူးတွဲကြေညာစာ ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ခဲ့ပြီးနောက် RCSS ဘက်က တိုက်ခိုက်မှု ၁၁ကြိမ်ရှိခဲ့သော်လည်း SSPP ဘက်ကတုံ့ပြန်တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်း မပြုလုပ်ရသေးကြောင်း၊ ယင်းမှာ ရှမ်းတပ်နှစ်ဖွဲ့ ပေါင်းစည်းနိုင်ရေးကို ရှေးရှု၍ဖြစ်ကြောင်း အသိပေးထားသည်။

RCSSနှင့် SSPPတို့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲကြောင်း သဘောတူကြေညာစာထုတ်ပြန်ပြီး နောက်ပိုင်း ယခုနှစ် မတ်လတွင် (၁)ကြိမ် ၊ မေလတွင် (၆) ကြိမ် ၊ ဇွန်လဆန်းတွင် (၄)ကြိမ် စုစုပေါင်း (၁၁) ကြိမ်တိုင်တိုင် RCSS က မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ဇွန်လအတွင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုအခြေအနေများကို ဖော်ပြထားရာ ဇွန်လ ၆ရက်က ရပ်စောက်မြို့နယ် တောင်ထိပ်ရွာအနီး တိုက်ခိုက်ခံရမှု၌ SSPP ရဲဘော်တစ်ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့ကြောင်း၊ ဇွန်လ ၄ရက်တွင် ဟိုပုံးမြို့နယ် မိုင်းပြင်းကျေးရွာအုပ်စု ကျောက်ငတ်ရွာအနီး တစ်ကြိမ် တိုက်ခိုက်ခံရကြောင်း ထုတ်ပြန်သည်။

ဇွန်လ ၂ရက်ကလည်း ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စု လွယ်တန်ကျေးရွာနှင့် မက်လန်း ကျေးရွာကြား လှုပ်ရှားနေသည့် SSPP စစ်ကြောင်းကို RCSSက တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဇွန်လ ၁ရက်ကလည်း ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု မိုင်းပျဉ်းကျေးရွာအနောက်ဘက် ကျောက်ငတ် ကျေးရွာအနီး SSPP စစ်ကြောင်းကို RCSSက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ဒေသခံပြည်သူများ သတင်းပေးပို့မူကြောင့် မပေါက်ကွဲ သေးသည့် RCSS ထောင်ထားသော မိုင်း အလုံး ၂၀ နီးပါးကိုလည်း SSPP ဘက်က ရှင်းလင်းခဲ့ရသည်ဟုဆိုသည်။

ရှမ်းတပ်နှစ်ဖွဲ့အကြား တိုက်ခိုက်မှုအချို့ ဖြစ်ပေါ် နေခြင်းအား SSPPဘက်က သတင်းထုတ်ပြန်မှုများ ပြုလုပ်လျက်ရှိပြီး RCSS ဘက်ကတစုံတရာတုံ့ပြန်ဖြေရှင်းခြင်း၊ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

RCSSနှင့် SSPP နှစ်ဖွဲ့လုံးသည်စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်ထိတွေ့ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည့်အဖွဲ့များလည်းဖြစ်သည်။
Forwarded from Tachileik News Agency
မြ၀တီတွင် ရေကြီးနေသဖြင့် သွားလာရခက်နေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၉)ရက်နေ့တွင် ရေကြီးနေကြောင်း ဒေသခံများထံမှ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြ၀တီမြို့နေရာအများစုတွင် ရေကြီးနေပြီး သွားလာရေးအခက်အခဲနေသည်ဟု သိရသည်။

#TachileikNewsAgency
Photo: CJ