Forwarded from The Irrawaddy - Burmese
ဒီတိုက်ခန်းတွေကို ကန်ထရိုက်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ဆိုထားတာတွေ၊ နဝရတ် ဆောက်လုပ်ရေးက မောင်မောင်ဦးရဲ့ လက်မှတ်ထိုးတွေနဲ့ တရားဝင်ရောင်းချပေးခဲ့တာ၊ အိုးအိမ်ကနေ ပြည်သူတွေ သက်သာချောင်ချိရေးအနေနဲ့ ဆောက်ပြီးတော့ ရောင်းပေးတာဆိုပြီး စာချုပ်ချုပ်ခဲ့ကြ တာ၊ ကျနော်တို့ကလည်း ခိုင် မာတယ်ဆိုလို့ ဝယ်ပြီးနေခဲ့ကြတာမျိုးပါ
Website တွင် ဖတ်ရန် https://bit.ly/4bQcPG2
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

ဧရာဝတီ
မန္တလေးမှ လူနေဆိုင်ခန်း ၃၀၀ ခန့် ဖယ်ရှားရန် စစ်ကောင်စီ သတိပေး
ဖယ်ရှားပေးခြင်းမရှိပါက အင်အားသုံး၍ ဖယ်ရှား သွားမည်ဖြစ်သလို လျော်ကြေးပေးခြင်း၊ နေရာအစား ပေးခြင်းစသည့် ပြန်လည်ကုစားပေးရာရောက်သည့် ကူညီမှုများမပါသဖြင့် လက်ရှိကာလမှာ ကျောင်းဖွင့်ချိန်ဖြစ်သလို စီးပွားရေးကျပ်တည်းမှုများကြောင့် ပြောင်းရွှေ့နေထိုင်ရန် အခက်အခဲများ…
Forwarded from RFA Burmese
Media is too big
VIEW IN TELEGRAM
မကွေးတိုင်းက ရေနံမြေနှစ်ခုကို PDF တွေ ထိန်းချုပ်ထား
~~~
■ မကွေးတိုင်းမြောက်ပိုင်းက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) လက်အောက်မှာရှိတဲ့ ကျောက်ခွက်ရေနံမြေနဲ့ လက်ပံတို ရေနံမြေတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ စွန့်ခွာသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားပါတယ်။ ကိုရဲစည်သူကာ တင်ပြပါမယ်။
____________
RFA Burmese Website တွင် ဖတ်ရှုရန်…
~~~
■ မကွေးတိုင်းမြောက်ပိုင်းက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) လက်အောက်မှာရှိတဲ့ ကျောက်ခွက်ရေနံမြေနဲ့ လက်ပံတို ရေနံမြေတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ စွန့်ခွာသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားပါတယ်။ ကိုရဲစည်သူကာ တင်ပြပါမယ်။
____________
RFA Burmese Website တွင် ဖတ်ရှုရန်…
Forwarded from RFA Burmese
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ရုရှားအတည်ပြု
~~~
■ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေခံမူကြမ်းကို ရုရှားအစိုးရက အတည်ပြုလိုက်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မသဇင်လှိုင် တင်ပြထားပါတယ်။
---------------
RFA Burmese Website တွင် ဖတ်ရှုရန် .....

Forwarded from MPANews
ချောင်းဦးမြို့ခံများကို လူသားဒိုင်းအဖြစ် အသုံးချရန် စစ်ကောင်စီတပ် ပေါ်တာဆွဲ
6 June 2024 By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးချရန် မြို့ခံများကို ယနေ့(ဇွန်ခြောက်ရက်)နံနက်တွင်ပေါ်တာဆွဲခဲ့ကြောင်းသိရသည်။
ဇွန်လ ခြောက်ရက်၊ နံနက် ခြောက်နာရီဝန်းကျင်၌ ချောင်းဦးမြို့ပေါ် အခြေစိုက် စစ်သားများက မြို့ထဲရှိ ပြည်သူများကို လိုက်လံဖမ်းဆီးခဲ့ရာ အောင်ချမ်းသာရပ်ကွက်က သိုးကျောင်းသား နှစ်ဦးနှင့် လမ်းသွားလမ်းလာ အမျိုးသား တစ်ဦးတို့ ဖမ်းဆီးခံထားရကြောင်း ချောင်းဦးမြို့ခံတစ်ဦးထံက သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/4cm2c4yv
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

နွားထိုးကြီး ဘုန်းကြီးကျောင်းထဲ စစ်တပ်ကြဲချသည့် ဗုံးသုံးလုံးကျ၊ ဘုန်းကြီး နှစ်ပါးနှင့် ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရဟု ကနဦး သိရ
6 June 2024 By Ra Wai / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပေါ်သို့ ဗုံးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးနှစ်ပါးနှင့် ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။
ယနေ့(ဇွန်လခြောက်ရက်)နံနက် ၁၁နာရီဝန်းကျင်တွင် နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးလေးလုံးကြဲချခဲ့ရာ ဘုန်းကြီးကျောင်းထဲသို့ သုံးလုံးနှင့် စာသင်ကျောင်းသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း နွားထိုးကြီးမြို့နယ်ပကဖထံက သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/5d5tjkut
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
6 June 2024 By Ra Wai / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပေါ်သို့ ဗုံးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးနှစ်ပါးနှင့် ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။
ယနေ့(ဇွန်လခြောက်ရက်)နံနက် ၁၁နာရီဝန်းကျင်တွင် နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးလေးလုံးကြဲချခဲ့ရာ ဘုန်းကြီးကျောင်းထဲသို့ သုံးလုံးနှင့် စာသင်ကျောင်းသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း နွားထိုးကြီးမြို့နယ်ပကဖထံက သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/5d5tjkut
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from MPANews
စစ်ကောင်စီတပ် ဖမ်းဆီး မိုင်းရှာခိုင်းခြင်းခံရသော မြင်းမူပြည်သူတစ်ဦး မိုင်းထိ သေဆုံး
6 June 2024 By Nway / MPA
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီတပ် ဖမ်းဆီး မိုင်းရှာခိုင်းခြင်းခံရသော ပြည်သူ တစ်ဦး မိုင်းထိ သေဆုံးသွားကြောင်း သိရသည်။
ယနေ့ (ဇွန်လ ခြောက်ရက်) ၊ နံနက် ကိုးနာရီခွဲခန့်က မြင်းမူမြို့နယ်၊ အာလကပ္ပရွာမှ ပြည်သူ ၁၀ဦးထက်မနည်းကို စစ်ကောင်စီတပ်က ရွာထဲဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် နေ့ခင်း ၁၁နာရီခွဲခန့်တွင် ယင်းပြည်သူများ အား မိုင်းရှာခိုင်းခြင်းဖြစ်ကြောင်း မြင်းမူမြို့နယ်အနောက်ခြမ်းမှ ဒေသခံပြည်သူတစ်ဦးထံက သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yxrm7jcj
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
6 June 2024 By Nway / MPA
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီတပ် ဖမ်းဆီး မိုင်းရှာခိုင်းခြင်းခံရသော ပြည်သူ တစ်ဦး မိုင်းထိ သေဆုံးသွားကြောင်း သိရသည်။
ယနေ့ (ဇွန်လ ခြောက်ရက်) ၊ နံနက် ကိုးနာရီခွဲခန့်က မြင်းမူမြို့နယ်၊ အာလကပ္ပရွာမှ ပြည်သူ ၁၀ဦးထက်မနည်းကို စစ်ကောင်စီတပ်က ရွာထဲဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် နေ့ခင်း ၁၁နာရီခွဲခန့်တွင် ယင်းပြည်သူများ အား မိုင်းရှာခိုင်းခြင်းဖြစ်ကြောင်း မြင်းမူမြို့နယ်အနောက်ခြမ်းမှ ဒေသခံပြည်သူတစ်ဦးထံက သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yxrm7jcj
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from MPANews
ရေး ခလရ ၁၀၆မှ ဗိုလ်မှူးကို သေနတ်နှစ်လက်၊ကားတစ်စီးနှင့်တကွ အရှင်ဖမ်းမိ
6 June 2024 By Nway / MPA
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်အခြေစိုက် ခလရ၁၀၆ တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးကို သေနတ်နှစ်လက်၊ကားတစ်စီးနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇွန်လ ငါးရက်တွင် ခလရ ၁၀၆ တပ်ရင်းမှ ဗိုလ်မှူး သန်းနိုင်စိုး ဈေးဝယ်ထွက်လာစဉ် MA5 ပစ္စတိုတစ်လက် ၊ MA3 တစ်လက်၊ ကားတစ်စီးနှင့်အတူ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/mt4fv2vu
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
6 June 2024 By Nway / MPA
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်အခြေစိုက် ခလရ၁၀၆ တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးကို သေနတ်နှစ်လက်၊ကားတစ်စီးနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇွန်လ ငါးရက်တွင် ခလရ ၁၀၆ တပ်ရင်းမှ ဗိုလ်မှူး သန်းနိုင်စိုး ဈေးဝယ်ထွက်လာစဉ် MA5 ပစ္စတိုတစ်လက် ၊ MA3 တစ်လက်၊ ကားတစ်စီးနှင့်အတူ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/mt4fv2vu
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from မြေလတ်အသံ - Myaelatt Athan
အလုပ်ရုံက ဝန်ထမ်း ၉ ဦးကို စစ်မှုထမ်းရန် စစ်ကောင်စီက အတင်းအဓမ္မဝင်ဖမ်း
ဆင်ပေါင်ဝဲ၊ ဇွန် ၆၊ ၂၀၂၄။
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အလုပ်ရုံတခုမှာ အလုပ်လုပ်နေတဲ့ လုပ်သား ၉ ဦးကို စစ်မှုထမ်းဖို့ ဆိုကာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်အုပ်စု၊ သာယာကုန်းရွာ သားသတ်ရုံက လုပ်သားတွေကို ဇွန် ၃ ရက် ည ၈ နာရီခွဲ လောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
“အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် မဲနှိုက်မပေးလို့ဆိုပြီး စစ်တပ်နဲ့ ရဲတွေက အလစ်ဝင်ဖမ်းသွားတာ“ လို့ ဒေသခံတဦးက ပြောပါတယ်။
သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/အလုပ်ရုံကဝန်ထမ်း၉ဦးကို_စစ်မှုထမ်းရန်_စစ်ကောင်စီကအတင်းအဓမ္မဝင်ဖမ်း

အထောက်အထားမဲ့သူတွေကို မလေးရှားအစိုးရနှိမ်နင်း
~~~
■ မလေးရှားနိုင်ငံဘော်နီယိုကျွန်း အရှေ့မြောက်ပိုင်း ဆာဘားပြည်နယ် ကမ်းရိုးတန်းရေစပ်မှာ တဲထိုးပြီး ဒါမှမဟုတ် သစ်သားလှေတွေပေါ်မှာ နေထိုင်ကြတဲ့ အထောက်အထားမဲ့ လူ ၅၀၀ ကျော်ကို တာဝန်ရှိသူတွေက ဖယ်ရှားပစ်လိုက်တယ်လို့ ဒေသတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အင်္ဂါနေ့ကစလို့ အိမ်တွေကို မီးရှို့ပြီး ဖျက်ဆီးပစ်တယ်လို့ ဘန်ကောက်ပို့စ်က ဇွန် ၆ ရက်က ဖော်ပြပါတယ်။ ဆားဘားခရိုင်မှာ နိုင်ငံမဲ့နေထိုင်သူတွေနဲ့ နေထိုင်ခွင့် အထောက်အထားမဲ့ သူ တသန်းလောက်ရှိတယ်လို့ ခန့်မှန်းရပြီး ဒါဟာ ပြည်နယ်မှာရှိတဲ့ လူဦးရေ စုစုပေါင်းရဲ့ သုံးပုံတပုံရှိတယ်လို့ ဆိုပါတယ်။
ဒါဟာ အထောက်အထားမဲ့ နေရပ်ရွှေ့ပြောင်းလာသူတွေကို မလေးရှား အစိုးရက နှိမ်နင်းနေတာရဲ့ အစိတ်အပိုင်းတစ်ရပ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကပြောပါတယ်။
ကွာလာလမ်ပူ မြို့တော် ကို စာရွက်စာတမ်း အထောက်အထားမဲ့ ရွှေ့ပြောင်းလာတာတွေ ရပ်ဆိုင်းသွားအောင် မြို့တော်အတွင်းနဲ့ မြို့တော် တဝိုက်မှာ အခြေချနေထိုင်နေသူတွေကို အာဏာပိုင်တွေက စတင်နှိမ်နင်းနေတယ်လို့လည်း CNA သတင်းက ဇွန် ၆ ရက်က ဖော်ပြပါတယ်။
မလေးရှားမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူနဲ့ ဒုက္ခသည် တစ်သန်း ရှစ်သောင်းခွဲကျော် (၁၈၈၂၀၀) က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ မှတ်ပုံတင်ထားပြီး ဒီထဲက ၈၇ % လောက်က မြန်မာနိုင်ငံက ဖြစ်ပါတယ်။ အများစုကတော့ ရိုဟင်ဂျာတွေဖြစ်ပြီး ဒုက္ခသည် ၅၂၂၀၀ ဟာ ၁၈ နှစ်အောက်အရွယ်မရောက်သေးသူတွေ ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ရဲအဖွဲ့နဲ့ မြို့ကောင်စီ ပူးပေါင်းအဖွဲ့က အင်အား ၁၀၀ ကျော်နဲ့ မိသားစု ၃၀ လောက်၊ အများစုက ရိုဟင်ဂျာတွေ နေထိုင်နေတဲ့အိမ်တွေကို မေ ၂၈ ရက်ညဘက်က ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။

Radio Free Asia
အထောက်အထားမဲ့သူတွေကို မလေးရှားအစိုးရနှိမ်နင်း
အင်္ဂါနေ့ကစလို့ အိမ်တွေကို မီးရှို့ပြီး ဖျက်ဆီးပစ်တယ်လို့ ဘန်ကောက်ပို့စ်က ဇွန် ၆ ရက်က ဖော်ပြပါတယ်။
Forwarded from 3 Brotherhood Alliance (AA+MNDAA+TNLA)
အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ပြည်သူလူထုများအပေါ် အကြမ်းဖက်လုပ်ရပ်များနှင့်အတူ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သော မြန်မာစစ်ကောင်စီ၏လုပ်ရပ်အား ကန့်ကွက်ရှုတ်ချခြင်းနှင့် ထိုလုပ်ရပ်များကို အမြန်ဆုံးချက်ချင်းရပ်တန့်ရန် သတိပေးသည့် PSLF/TNLA နှင့် MNTJP/MNDAA တို့၏ သဘောထားထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်
၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်
Forwarded from RSN WEB
DAILY HIGHLIGHTS (06 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ
စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသော သံတွဲမြို့နယ်ရှိ နေရာ တချို့ကို AA က စတင်သိမ်းပိုက် – KT
သံတွဲလေဆိပ်တွင် စစ်တပ်က တပ်စွဲထားပြီး AA ၏ထိုးစစ်ကို ခုခံနေ – KT
စစ်ကောင်စီနှင့်ALPတို့၏ ဗျိုင်းဖြူရွာလူသတ်ပွဲ – MN
ဖာပွန်မြို့ လက်ကျန်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ် ထိုးစစ်ဆင် – MN
ရှမ်းမြောက်၊ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ဒရုန်းစင်းရေ ၄၀၀ နီးပါး နှင့် ဒရုန်းဗုံးထောင်ချီ စစ်ကောင်စီက ပေးပို့ – KT
မကွေးတိုင်း၊ ရေနံချောင်းတွင် PDF များကို စစ်ဆင်ရေးဖြင့် တိုက်ခိုက်ရန် စစ်ကောင်စီက ပြင်ဆင်နေပြီး စစ်ကြောင်းများ ပြင်ဆင်ထားဟု လျှို့ဝှက် အစီ ရင်ခံစာတွင် ဖော်ပြ – KT
စစ်မှုထမ်းဥပဒေကြောင့် တောင်ပိုင်းစစ်ဒေသက ၂ လအတွင်း PDF ရဲဘော် ၁၀၀၀ နီးပါး ရောက်ရှိ စစ်သင်တန်းဆင်းသွားပြီး ရဲဘော်သစ်များ ဆက်လက်ခေါ်ယူ လက်ခံနေ – KT
📰 နိုင်ငံခြားရေးထူးခြားသတင်းများ
မြဝတီ အလုပ်အကိုင် ကမ်းလှမ်းမှုအတုများကို အိန္ဒိယနိုင်ငံသားများ သတိထားကြရန် သံရုံး ထုတ်ပြန် – MPA
မော်ရိုကိုနိုင်ငံသား လူသိများသော YouTube သမား မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေ – MPA
📰 စီးပွားရေးထူးခြားသတင်းများ
ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များကို စစ်ကောင်စီက ဆိုင်ဖွင့်၊ မဖွင့်၊ သတ်မှတ်စျေးဖြင့် အရောင်းအဝယ် လုပ်၊ မလုပ် စုံစမ်းထောက်လှမ်းနေ၍ ရွှေဆိုင်များ အပြီးပိတ်သိမ်းရမည့် အခြေအနေ ဆိုက်ရောက်လာ – KT
အရပ်သားအစိုးရ ကလုပ်ငန်းများကိုထုတ်ချေးခဲ့သော ကိုဗစ်ချေးငွေကို အတိုးရော၊အရင်းပါပြန်ဆပ်ရန်စစ်ကောင်စီဖိအားပေး – PS
📰 အခြားထူးခြားသတင်းများ
ကရင်နီ ၈ မြို့နယ်၌ ကြားကာလအုပ်ချုပ်ရေးလည်ပတ်၊ ဖက်ဒရယ်ပြည်နယ်အဖြစ် ပါဝင်မည် – DVB
TNLA ထိန်းချုပ်မြို့များတွင် အရပ်သားအုပ်ချုပ်ရေးဖြင့် အစားထိုးအုပ်ချုပ်မည် – DVB
ဆယ်လီမီဒီယာများအား ဆင်ဆာ တင်းကျပ်ရန် စစ်ကောင်စီ ပြန်ကြားရေး စီစဥ်နေ – MPA
နေပြည်တော်တွင် စစ်အရာရှိမှ အသွင်ပြောင်းလာသော ရဲမှူး လှကျော်ဦးက ရဲတပ်ကြပ်တစ်ဦး၏ အသက်မပြည့်သေးသော ဆယ်ကျော်သက်အရွယ် သမီးငယ်ကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်မှုဖြစ်ပွား – KT
VPN ဖြင့် လူမှုကွန်ရက်အသုံးပြုမရစေရန် ဆက်သွယ်ရေးက ညွှန်ကြားထား – DVB
VPN App အသစ်တစ်ခု သုံးနိုင်တော့မယ်လို့ NUG ပြော – RFA
အင်တာနက် ဖြတ်ခံထားရတဲ့နေရာ သုံးရာနီးပါးရှိလာ – RFA
မြေရှားသတ္တုလုပ်ကွက် ပြိုကျမှု မြန်မာ ၂ ဦးနဲ့ တရုတ် ၂ ဦး ရုပ်အလောင်းတွေ့ရှိထား – MZM
လူသိနည်းဆေးလိပ်ကို စစ်တပ်ကုမ္ပဏီက အဆပေါင်းများစွာ တိုးထုတ်နေ – MN
#rangoonscoutnetwork

Forwarded from ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ် (AungKhant)
⛔ သောက်သုံးရေအသိပေးချက်⛔
ချင်းတွင်းမြစ်ရေ အလွန်အမင်းညစ်ညမ်းနေခြင်းကြောင့် လူနှင့် ကျွဲနွား တိရိစ္ဆာန်များ ဘေးအန္တရာယ်ရှိနိုင်ပါသဖြင့် မြစ်ကမ်းတလျောက်ကျေးရွာများမှ အများပြည်သူများ သောက်သုံးရေအဖြစ် အသုံးမပြုကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
ဖြန့်ဝေပေးရန် ( ကနီမြို့နယ် ပအဖ )
#ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ
#သတင်းနှင့်ပြန်ကြားရေး
ချင်းတွင်းမြစ်ရေ အလွန်အမင်းညစ်ညမ်းနေခြင်းကြောင့် လူနှင့် ကျွဲနွား တိရိစ္ဆာန်များ ဘေးအန္တရာယ်ရှိနိုင်ပါသဖြင့် မြစ်ကမ်းတလျောက်ကျေးရွာများမှ အများပြည်သူများ သောက်သုံးရေအဖြစ် အသုံးမပြုကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
ဖြန့်ဝေပေးရန် ( ကနီမြို့နယ် ပအဖ )
#ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ
#သတင်းနှင့်ပြန်ကြားရေး
Forwarded from မြေလတ်အသံ - Myaelatt Athan
ဂိတ်ကြေးတောင်းပြီး လမ်းဖြတ်ကူးတဲ့ ရဲတပ်ကြပ်ကြီးတဦး ဆီဘောက်ဆာကားနဲ့ တိုက်ခံရ
အင်းတော်၊ ဇွန် ၇၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ ရထားသံလမ်းအနီးက စစ်ကောင်စီဂိတ်မှာ ကားတွေဆီက ပိုက်ဆံကောက်နေတဲ့ ရဲတပ်ကြပ်ကြီးတဦး ဆီဘောက်ဆာကားနဲ့တိုက်ခံရပြီး ဆေးရုံတင်ထားရကာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၆ ရက် မနေ့က ညနေ ၅ နာရီခွဲမှာ မန္တလေး-မြစ်ကြီးနား ဆီတင်ပို့နေတဲ့ ၁၂ ဘီး ဆီဘောက်ဆာကားက မြို့ထဲကနေ မြို့ပြင်ကိုမောင်းလာချိန် ကားတွေဆီက ဂိတ်ကြေးတောင်းပြီး လမ်းဖြတ်ကူးလာတဲ့ ရဲတပ်ကြပ်ကြီးကို တိုက်မိခဲ့တာလို့ ဆိုပါတယ်။
“ရဲတပ်ကြပ်ကြီးက ကားတစီးမှာ ပိုက်ဆံတောင်းနေတာ။ တောင်းပြီး လမ်းတဖက်ကို ဖြတ်ကူးတာမှာ ဟိုဘက်က လာတဲ့ကားနဲ့တိုက်မိတာ။ လွင့်ထွက်သွားပြီး သေနတ်လည်းကျိုးသွားတယ်။ ဒဏ်ရာတော့ တော်ဝောာ်ပြင်းထန်တယ်။ သေနိုင်တယ်လို့လည်း ပြောတယ်။”လို့ အင်းတော် ဒေသခံတဦးက ပြောပါတယ်။
သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ဂိတ်ကြေးတောင်းပြီးလမ်းဖြတ်ကူးတဲ့ရဲတပ်ကြပ်ကြီးတဦး_ဆီဘောက်ဆာကားနဲ့တိုက်ခံရ

Forwarded from Dawei Watch
အန္တရာယ်ဖြစ်နိုင်သည့်လက်နက်များအကြောင်း ပညာပေးပိုစတာ စာသင်ကျောင်းများတွင် စိုက်ထူမည်
ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် စစ်ကျန်ဗုံးပေါက်ကွဲကာ ကျောင်းသား၊ ကျောင်းသူများ ထိခိုက်သေဆုံးပြီးနောက် ယခုကဲ့သို့ ပိုစတာစိုက်ထူရန် စီစဉ်ခြင်းဖြစ်သည်။
Photo - UNOCHA
သတင်းအပြည့်အစုံဖတ်ရန် >
https://www.facebook.com/DaweiWatch/posts/828943676051649?ref=embed_post

Forwarded from The Tanintharyi Times
ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ တပ်သား စိုင်းကို တာဝန်ကျတဲ့စစ်ကောင်စီစစ်ဆေးရေးဂိတ်ဟာ ညောင်ပင်ကွင်းရွာ အရှေ့ကမ်းနဲ့ အနောက်ကမ်းကို ဆက်သွယ်ထားတဲ့ တံတားမှာရှိတဲ့ ဂိတ်ဖြစ်ပါတယ်။
(အပြည့်အစုံဖတ်ရန် Link ကို နှိပ်ပါ)
https://www.tntynews.com/07/06/2024/37004/

The Tanintharyi Times
ညောင်ပင်ကွင်းတပ်ရင်းက စစ်ကောင်စီတပ်သားတစ်ဦး ကိုယ့်ကိုယ်ကို သတ်သေ
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ(အနောက်ကမ်း)အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၆၁) က တပ်သားတစ်ဦး ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Forwarded from People's Spring
တနင်္သာရီမြို့နယ် ခမရ(၅၆၁)တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး အဆုံးစီရင်
ကျော်ဇော/People's Spring
တနင်္သာရီမြို့နယ် ခမရ(၅၆၁)တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး ယနေ့(ဇွန်လ ၇ ရက်)နံနက် အစောပိုင်းတွင် ကိုယ့်ကိုကိုယ်သေနတ်ဖြင့်ပစ်ခတ် အဆုံးစီရင်သွားကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်းက တပ်တွင်းသတင်းရင်းမြစ် ကိုးကားပြီး ပြောသည်။
ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခမရ(၅၆၁) တပ်ရင်းမှ စစ်ကောင်စီတပ်သား စိုင်းကိုဆိုသူသည် ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်၌ ဂိတ်စောင့်တာဝန်ချထားခြင်းခဲရစဥ် ယနေ့နံနက် ၁ ခန့်က မိမိကိုယ်ကိုကိုယ်အဆုံး စီရင်သွားခြင်းဖြစ်သည်။
"အသက်က ၁၉ နှစ်ပဲရှိပါသေးတယ်။ စစ်မှု ထမ်းသင်က ၃ နှစ်ပါ။ တပ်တွင်းဖိအားများလို့ ခုလိုလုပ်သွားတာလို့ ခန့်မှန်းရပါတယ်"ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
အဆိုပါ စစ်ကောင်စီ ခမရ(၅၆၁)တပ်ရင်းသည် တပ်တွင်းအရာရှိများမှ အောက်လက်အငယ်သားများအပေါ် ညှင်းပန်းနှိပ်စက်မှုများ တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးရွားလာနေ သည်ဟု ထောက်လှမ်းသိရှိရကြောင်း ၎င်းက ဆက်ပြောသည်။
ယခုနှစ်(၂၀၂၄)ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းကလည်း အထက်ပါ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ(၅၆၁)တပ်ရင်း လက်အောက်ခံ ညောင်ပင်ကွင်း တံတားစစ်ဆေးရေးဂိတ်မှ ပြည်သူ့စစ်တစ်ဦး လက်နက်အပြည့်စုံဖြင့် မြိတ်ခရိုင်တပ်ရင်း -၂ ထံတွင် အလင်းဝင်ခဲ့ဖူးသည်။
အလားတူ ပြီးခဲ့သည့် မတ်လကလည်း တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက် စစ်ကောင်စီရှေ့တန်းစခန်းမှ တပ်သားတစ်ဦး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)ထံ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်ခဲ့ရာ စစ်ကြောင်းမှ ချီးမြှင့်ငွေ ကျပ် ၇၅သိန်း ပေးအပ်ခဲ့သေးသည်။

ပုလဲမောင် သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်နဲ့ရွာခံတွေက ဆန္ဒပြတောင်းဆို (ရုပ်/သံ)
ပုလဲ၊ ဇွန် ၇၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုပုလဲမောင် သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် မိသားစုဝင်တွေနဲ့ ရွာခံအင်အား ၃၀၀ ကျော်က မင်းတိုင်ပင်ကျေးရွာမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၆ ရက် မနက် ၇ နာရီကနေ ၉ နာရီခွဲအထိ ဆန္ဒပြခဲ့တာဖြစ်ပြီး မင်းတိုင်ပင်ကျေးရွာပအဖရုံးသို့ ပုလဲမြို့နယ်၊ ပအဖခေါင်းဆောင် ကိုဇော်ထက်ရောက်ရှိနေချိန်မှာ ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
“ပုလဲမြို့နယ်၊ မင်းတိုင်ပင်စံပြကျေးရွာမှာ ဆန္ဒပြခဲ့ကြတာ။ အကို ပုလဲမောင် သေဆုံးမှုက လူသတ်မှုလို့ ခံယူတဲ့ အတွက် အမှုမှန်ပေါ်ပေါက်အရေး ဆန္ဒပြခဲ့တာပါ” လို့ သေဆုံးသွားသူ ကိုပုလဲမောင်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
ပုလဲမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုပုလဲမောင်ဟာ မေ ၂၃ ရက် ညနေပိုင်းမှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး မေ ၂၄ ရက် ည ၁၀ နာရီကျော်အချိန်မှာ ပုလဲမြို့နယ်ပအဖခေါင်းဆောင် ကိုဇော်ထက်နေအိမ်ရဲ့ မြေအောက်ခန်းထဲမှာ သေဆုံးလျက်တွေ့ခဲ့တာ ဖြစ်ပါတယ်။
အလောင်းကို တွေ့ခဲ့တဲ့အချိန်က ပုလဲမောင်ဟာ ပုဇွန်ခြောက်၊ သရက်သီးနဲ့ ငရုတ်သီးစားပြီးသွေးတိုးသေဆုံးခဲ့တာလို့ ပြောဆိုကြပေမယ့် “ဖုန်းပြောခဲ့တဲ့ တလျှောက်လုံးမှာ သွေးတိုးလည်း မရှိဘူး။ သူတို့ပြောတာက ကိုကိုက အဲဒီမြေအောက်အခန်းထဲကို ဆင်းပြီးအိပ်လေ့ရှိတယ်တဲ့၊ ကိုကိုက အသန့်အရှင်းကြိုက်တယ်၊ အဲ့ဒီမြေအောက်ခန်းထဲကို ဘယ်လိုမှ ကိုကိုက ဆင်းမအိပ်လောက်ဘူး။ သူတို့ပြောသလို သွေးတိုးပြီးသေတယ်ဆိုရင် အခုဟာက လှေခါးရဲ့အောက်ထဲကို ရောက်နေတာ” လို့ ကိုပုလဲမောင်ရဲ့ ညီမဖြစ်သူက ပြောပါတယ်။
ဒါကြောင့်လည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် မိသားစုဝင်တွေနဲ့ ရွာခံတွေက ဆန္ဒပြရတာဖြစ်တယ်လို့ ဆိုပါ တယ်။
ပုလဲမြို့နယ်ပအဖခေါင်းဆောင် ကိုဇော်ထက်က ကိုပုလဲမောင်သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် သေချာစုံစမ်းစစ်ဆေးဖို့ မြို့နယ်ပကဖအဖွဲ့ဝင် ၃ ဦး၊ ပအဖအဖွဲ့ဝင် ၃ ဦး၊ ပလဖ အဖွဲ့ဝင် ၃ ဦးနဲ့ တရားရေးဌာနက ၁ ဦးတို့ပါဝင်တဲ့ စုံခုံအဖွဲ့ကို ဖွဲ့စည်းကာ စုံစမ်းမှုတွေလုပ်နေတယ်လို့ ပြောပါတယ်။
“မြေအောက်ခန်းမှာ ဘယ်လိုဘယ်လိုဖြစ်သွားတယ်ဆိုတာတော့ စုံခုံဖွဲ့ထားတဲ့ အဖွဲ့တွေက စစ်ရမှာပေါ့၊ သာမန် သေမှုသေခင်းလား၊ လုပ်ကြံခံရတာလားဆိုတာ ဘာမှ အတိအကျမပြောနိုင်သေးဘူး” လို့ သူက ဆိုပါတယ်။
သေဆုံးသွားတဲ့ ပုလဲမောင်ရုပ်အလောင်းကို ဆရာဝန်ဆေးစစ်ချက်ယူကာ သက်ဆိုင်ရာပလဖက စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ပအဖခေါင်းဆောင် ကိုဇော်ထက်က ဆိုပါတယ်။
အလောင်းမှာ ပက်လက်လန်အနေအထားနဲ့ သေဆုံးတာဖြစ်ပြီး ဦးခေါင်းအောက်ဘက်မှာ သွေးကွက်တွေ့ရသလို နှာခေါင်းမှလည်း သွေးထွက်နေတာကို တွေ့ခဲ့ရတယ်လို့ သူက ဆက်ရှင်းပြပါတယ်။
“ပအဖ အဖွဲ့တွေကတော့ ကိုပုလဲမောင်သေဆုံးမှုနဲ့ ဘာမှလုပ်ပေးထားတာ မရှိပါဘူး၊ အမှုမှန်ပေါ်ပေါက်တဲ့ အထိလိုက်မှာပါ။ ဒါက မတရားခံရတာ၊ သူတို့ဘက်က ရိုးသားရင် ကိုပုလဲမောင်အလောင်းကို ပြရမှာပါ၊ သူတို့က မပြဘူးလေ၊ အကိုအလောင်းကို ကြည့်ချင်လို့ပြောတာတောင် သူတို့က ဇွတ်မြေချကြတာ၊ သူတို့ပြောသလို သွေးတိုးသေတာဆိုရင် ဓားဒဏ်ရာဘာလို့ရှိတာလဲ၊ သူ့ချိုင်း(ဂျိုင်း)အောက်မှာ သွေးတွေ ဘာလို့ထွက်ရတာလဲ” လို့ ကိုပုလဲမောင် ညီမဝမ်းကွဲတဦးက ပြောပါတယ်။
သတင်း - ဒိန်းဂျား၊ စာတည်း - လင်းဇေ၊ တည်းဖြတ် - HP
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #ပလဖ #ပုလဲမောင် #ဆန္ဒဖော်ထုတ် #ပအဖ #ကိုဇော်ထက်
https://youtu.be/C23Ng2lkZWM

YouTube
ပုလဲမောင် သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်နဲ့ရွာခံတွေက ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုပုလဲမောင် သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် မိသားစုဝင်တွေနဲ့…

'တိုင်း' လူငယ်ထုညီလာခံမှ ထုတ်ပြန်ကြေညာချက်
ဇွန် ၇ ၊ ၂၀၂၄ ခုနှစ်
ဇွန် ၇ ၊ ၂၀၂၄ ခုနှစ်