MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
သို့/
ဗဟိုကော်မတီ
ကယန်းပြည်သစ်ပါတီ

အကြောင်းအရာ။ ။ နှစ် (၆၀) ပြည့် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်း အနားသို့ သဝဏ်လွှာပေးပို့ခြင်း။

ကလလတ
မင်္ဂလာပွဲလေကြောင်းဗုံးကျဲခံရမှု ကလေးငယ် ၈ ဦးအပါ သေဆုံးသူ ၃၀ အထိ မြင့်တက်လာ

မင်းကင်း၊ ဇွန် ၄၊ ၂၀၂၄ ။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာ မင်္ဂလာဆောင်ကို လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ၈ ဦးအပါအဝင် သေဆုံးသူ ၃၀ အထိ စာရင်းရှိလာပြီလို့ သိရပါတယ်။

သေဆုံးသူတွေအားလုံးဟာ မတောရွာဝန်းကျင် ရွာ ၅ရွာက ပြည်တွေသူဖြစ်တယ်လို့ မတောရွာဒေသခံတဦးက ပြောပါတယ်။

“ ကျနော်တို့က လေယာဉ်သံကြားလို့ ဝပ်ပစ်လိုက်တာ၊ အဲ့တာမို့ လွတ်ခဲ့တာ။ တယောက်ဆို မှန်လို့သေတာ မဟုတ်ဘူး၊ အုန်းပင်ပိလို့ သေတာ၊ အုန်းပင်တွေဆိုအမြစ်ကနေကို ကျွတ်ပြီးလဲတာ။ ဗုံးထိပ်တိုက်ကျတဲ့သူတွေက ခါးပြတ်ကြီးနဲ့ လွင့်သွားတာ။ အော်နေတဲ့သူတွေကတော့ ဒုနဲ့ဒေးပဲ၊ ခြေထောက်ပြတ်တဲ့သူဆို ဒရွတ်တိုက်ဆွဲနေရတာ၊ ကယ်ကြပါဦး ပစ်မထားကြပါနဲ့၊ ခြေထောက်ကြီး ဘာဖြစ်သွားလဲမသိဘူး လုပ်ကြပါဦး။ အော်တဲ့သူတွေရော၊ အော်ငိုတဲ့ကလေးက ငို၊ ပွဲချင်းပြီး သေတဲ့ကလေးကသေ တော်တော်ဆိုးဆိုးပါ "လို့ လေကြောင်းတိုက်ခိုက်မှုကလွတ်မြောက်လာတဲ့ မတောရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

https://www.myaelattathan.org/articles/မင်္ဂလာပွဲလေကြောင်းဗုံးကျဲခံရမှု_ကလေးငယ်_၈ဦးအပါ_သေဆုံးသူ၃၀အထိ_မြင့်တက်လာ
စစ်တွေဗျိုင်းဖြူရွာမှ အပြစ်မဲ့ ပြည်သူများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိစေရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများမှ အရေးယူဆောင်ရွက်ပေးရန် ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသားကွန်ရက်တောင်းဆို

AB News-ဇွန် ၄၊ ၂၀၂၄
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
ရန်ကုန်မှတ်တမ်း (ဇွန် ၃ - ၄၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
ဇွန်လ ၄ ရက်နေ့ညက ရန်ကုန်၌ ဗုံးပေါက်ကွဲမှု အနည်းဆုံး ၃ ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ ည ၇ နာရီ ၄၀ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်ရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး NOKA UG တပ်ဖွဲ့မှ ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ည ၉ နာရီခန့်ကလည်း မင်္ဂလာဒုံမြို့နယ်တွင်း ဗုံးပေါက်ကွဲသံထပ်ကြားရကြောင်း သတင်းရရှိပြီး စစ်တပ်ပိုင် MEC နို့ချက်စက်ရုံ၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ကနဦးသိရှိရသည်။ ထို့ပြင် ရွှေပြည်သာမြို့နယ်တွင်း၌ ည ၁၀ နာရီ ၂၂ မိနစ်ခန့်က ဗုံးပေါက်ကွဲသံ ထပ်မံကြားလိုက်ရပြီး ၎င်းအသံမှာ ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်ရုံး၌ ပေါက်ကွဲခဲ့ခြင်းကြောင့် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ကနဦးသိရပြီး ထိခိုက်မှုတချို့ရှိနိုင်ကြောင်းလည်း သတင်းရရှိသည်။

မှော်ဘီမြို့နယ်၊ ၉၁ ဂိတ်အနီးဝန်းကျင်မှလည်း ဇွန်လ ၄ ရက်နေ့ ည ၇ နာရီခန့်မှစ၍ ည ၉ နာရီခွဲကျော်သည်အထိ လက်နက်ပစ်ခတ်သံဟုယူဆရသည့် ကျယ်လောင်သည့်အသံများ ဆက်တိုက်ကြားရကြောင်း သတင်းရရှိပြီး ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်သည်။

ဇွန်လ ၄ ရက်နေ့တွင်ပင် ရန်ကုန်မြို့တစ်နေရာ၌ ဗကသများအဖွဲ့ချုပ်၊ တာမွေသပိတ်ကော်မတီ၊ လူ့ဘောင်သစ်လူငယ်၊ MDF၊ KMD18၊ လင်းရောင်နီ (လူငယ်အဖွဲ့အစည်း) နှင့် Owl Community အဖွဲ့တို့ ပူးပေါင်း၍ "မတရားစစ်မှုထမ်းဥပဒေကို လူထုအားနှင့် ဆန့်ကျင်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ ဆန္ဒထုတ်ဖော် လှုံ့ဆော် လှုပ်ရှားခဲ့ကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများအား ပြည်တွင်း၌ တရားမဝင်ရောင်းချနေ၍ဟုဆိုကာ ပုဇွန်တောင်မြို့နယ်၊ ၅၁ လမ်းအထက်ရှိ Minn Thu ကုမ္ပဏီမှ တာဝန်ရှိသူ ၁ ဦးနှင့် တိုက်ခန်းဝယ်ယူထားသူ ၃ ဦးတို့ကို ဖမ်းဆီးလိုက်ပြီး Minn Thu ကုမ္ပဏီမှ အထွေထွေမန်နေဂျာမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဇွန်လ ၃ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီမှ ဖမ်းဆီး၊ ဝရမ်းထုတ်ထားသည့် နိုင်ငံခြားငွေ ဝယ်ရောင်းပွဲစား ၂၅ ဦးတို့အနက် လက်ရှိ ငွေလဲလုပ်ငန်း မလုပ်ကိုင်နေတော့သူများကိုပါ ကျော်စော၍ဆိုကာ ရမ်းသမ်းဖမ်းဆီးထားကြောင်း Khit Thit မှ သိရှိရသည်။

နာမည်ကြီး ရွှေလုပ်ငန်းရှင်များ ဖမ်းဆီးခံရပြီးနောက် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေ ရည်ညွှန်းဈေးကို ၁ ရက်အတွင်း ကျပ် ၇ သိန်းကျော် တင်လိုက်ကြောင်း Ayeyarwaddy Times မှ သိရှိရသည်။ ယခင် ၄၁ သိန်းဝန်းကျင် သတ်မှတ်ထားရာမှ ဇွန်လ ၄ ရက်နေ့တွင် ၄၈ သိန်း ၇ သောင်းဝန်းကျင်ထိ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ရန်ကုန်နှင့် မန္တလေး ရွှေဈေးကွက်တွင် မီးလင်းရွှေ အရောင်းအဝယ် လုံးဝရပ်ဆိုင်းသွားပြီး ရွှေဆိုင်အများစုတွင် အခေါက်ရွှေနှင့် ဖြတ်စများ မရောင်းဟု စာသားများ ကပ်ထားကြောင်းလည်း Khit thit မှ သိရှိရသည်။

ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် ရန်ကုန်ရှိ စာသင်ကျောင်း စုစုပေါင်း ၂၇၅၄ ကျောင်းတို့၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀ သိန်းကျော် တက်ရောက်နေကြောင်း စစ်ကောင်စီ လော်ဘီမီီဒယာများမှ ဖော်ပြထားကြသည်။

NLD ပါတီ နာယက သူရဦးတင်ဦး၏ ဈာပနအခမ်းအနားကို ဇွန်လ ၅ ရက်နေ့ နေ့လည် ၂ နာရီတွင် ရေဝေးသုသာန်၌ ကျင်းပမည်ဖြစ်ပြီး ယခင် ကွယ်လွန်ခဲ့ပြီးသော NLD ပါတီ နာယက ဟံသာဝတီဦးဝင်းတင်၏ အုတ်ဂူနှင့် တစ်တန်းတည်းထား၍ ဂူသွင်းသင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ သူရဦးတင်ဦး၏ နာရေးသို့ ဒေါ်အောင်ဆန်းစုကြည်အမည်နှင့် လွမ်းသူပန်းခြင်းတစ်ခု စစ်ကောင်စီမှ ပို့ဆောင်ပေးထားကြောင်း သိရပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း လွမ်းသူပန်းခြင်းနှင့် သင်္ကန်းတစ်စုံပေးပို့ခဲ့ကြောင်း RFA မှ သိရှိရသည်။

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (04 Jun 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ


နယ်ခြားစောင့်စခန်း ၂ ခု AA သိမ်းပိုက်ပြီး နခခ ၆ ကို ထိုးစစ်ဆင်၊ ဗျိုင်းဖြူရွာဖြစ်စဉ်တွင် သေဆုံး သူ ၇၆ ဦးရှိလာ – DVB

ငပလီမြို့ ၃ မိုင်အကွာ AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန် – KT

အာရှလမ်းအနီးတဝိုက် စစ်တပ်နှင့် KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား – DVB

စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်း ၁ လကျော်ကြာသည်အထိ မြဝတီသို့မရောက်နိုင်သေး – MN

မင်းကင်းမှာ မင်္ဂလာဆောင် ဗုံးကြဲခံရလို့ လူနှစ်ဆယ်ကျော်သေဆုံး – RFA

နေပြည်တော်တိုင်းမှူးနှင့် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များကို အရန်အင်အားပို့ထားပြီး စကခမှူးများကို အခြေချစစ်ဗျူဟာများသို့ ပို့ဆောင် – AT

စစ်ကောင်စီက ဒုတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ လက်ထောက်စစ်ထောက်ချုပ်နှင့် တွဲဖက်စစ်ရေးချုပ်ရာထူးနေရာများတွင် မျက်နှာသစ် ဗိုလ်ချုပ်များဖြင့် ရာထူးတိုးပေး အစားထိုး – KT

အမျိုးသမီးများကို စစ်မှုထမ်းအပတ်စဥ် ၅ တွင် ခေါ်ယူရန် စစ်ကောင်စီ ညွှန်ကြား – DVB

ဘူးသီးတောင်မြို့သိမ်း တိုက်ပွဲကာလမတိုင်မီက မီးရှို့ခံရသည့် နေအိမ် ၂,၀၀၀ ကျော်ရှိသည်ဟု AA စစ်ဦးစီးချုပ် ပြော – MZM

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီတပ်က အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုအပေါ် NUGက ပြင်းထန်စွာရှုတ်ချလိုက်ပြီး တရားမျှတမှု ရရှိရေး ကြိုးပမ်းဆောင်ရွက်မည် – KT

📰 နိုင်ငံရေးထူးခြားသတင်းများ

ရှမ်းမြောက်တွင် KIA နှင့် ပြဿနာကြီးထွားလာမှု ကြားဝင်​ဖြေရှင်း​ပေးရန် FPNCC ထံ TNLA ​တောင်းဆို – MZM

ရှမ်းပြည်မြောက်ပိုင်းမှာ TNLA နဲ့SSPP/SSA နယ်မြေ အငြင်းပွားမှု ဖြစ်ပွား – MZM

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြောက်ကိုရီးယားနှင့်အီရန်နိုင်ငံကဲ့သို့ အဆုံးစွန် ဘဏ္ဍာရေးဆိုင်ရာများ ပိတ်ဆို့အရေးယူရေး လာမည့် စင်ကာပူ အစည်းအဝေးတွင် ဆုံးဖြတ်ရန် ရှိနေ – KT

📰 စီးပွားရေးထူးခြားသတင်းများ

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက ရွှေဈေးကို ၁ ရက်အတွင်း ကျပ် ၇ သိန်းကျော်အထိ ဆွဲတင် – AT

မြန်မာ့ရွှေစျေးကွက်တွင် မီးလင်းရွှေ အရောင်းအဝယ် လုံး၀ ရပ်ဆိုင်းသွားပြီး ရွှေဆိုင်အများစု အခေါက်ရွှေနှင့် ဖြတ်စ မရောင်းဟု စာကပ်ထားကြ – KT

ပြည်ပမှ သွင်းကုန်များတင်သွင်းမှုကို စစ်​ကာင်စီ ကန့်သတ်​လျှော့ချ။ ကန့်သတ်ပိတ်ပင်ခံရ​​သောသွင်းကုန်ပစ္စည်းများ​ရှားပါး​ဈေးကြီးလာနိုင်ဟုလုပ်ငန်းရှင်အချို့​ပြော – PS

စစ်အသုံးစရိတ် စံချိန်တင်မြင့်တက်၊ ကျပ်ငွေ တန်ဖိုး ၂၅ ရာခိုင်နှုန်းအထိ ကျဆင်း – DVB

အမေရိကန် ထိန်းသိမ်းထားသည့် မြန်မာပိုင် ကန်ဒေါ်လာ ၁ ဘီလီယံ‌ကျော်မှ အတိုးရရှိရေး NUG ကြိုးပမ်း – MZM

📰 အခြားထူးခြားသတင်းများ

ထိုင်းအိမ်ခြံမြေရောင်းဝယ်ရေးလုပ်နေသူ မြန်မာများကို စစ်ကောင်စီက ဖမ်းနေ၊ ရိုးမဘဏ်သူဌေး ဦးသိမ်းဝေလည်း ဖမ်းခံရဟု ကောလာဟလထွက် – MN

စစ်ကောင်စီက ဖမ်းဆီး ၊ ၀ရမ်းထုတ်ထားသော နိုင်ငံခြားငွေဝယ်ရောင်း ပွဲစား ၂၅ ဦးတွင် ငွေလဲလုပ်ငန်း မလုပ်ကိုင်တော့သူများကိုပါ ကျော်စောဖြင့် ရမ်းသမ်း ဖမ်းဆီးထား – KT

စာရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ်အား မဖြစ်မနေသင်ရန် စစ်ကောင်စီ အမိန့်ထုတ် – DVB

မြန်မာနိုင်ငံတွင် VPN ဖြင့် Facebook အသုံးပြုမှုကို မေလ ၃၀ ရက်နေ့မှစတင် ပိတ်ပင်လိုက်ပြီး စီမံချက်ကို ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဦးဆောင်ကာ ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက် ၊ Mascots ကုမ္ပဏီမှ ဒေါက်တာဝင်းကျော်နှင့် တရုတ်နည်းပညာရှင်အဖွဲ့က ပူးပေါင်းဆောင်ရွက် – KT

စစ်ကောင်စီ၏ Facebook အစားထိုး My Space Myanmar ကို ဆန့်ကျင်မှု အောင်မြင် – DVB

#rangoonscoutnetwork
မင်းတုန်းမှာ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၃၀ နီးပါး ပေါ်တာဆွဲခံရ

မင်းတုန်း၊ ဇွန် ၅၊ ၂၀၂၄။

မကွေးတိုင်း၊ မင်းတုန်းမြို့ပေါ်နဲ့ ကျေးရွာတချို့မှာ စစ်ကောင်စီက ပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးကာ ပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၄ ရက် မနေ့ မနက် ၈ နာရီဝန်းကျင်ကစပြီး ပုသိမ်-မုံရွာလမ်းမပေါ်မှာရှိတဲ့ မင်းတုန်း ၅ မိုင်ဂိတ်၊ အမှတ်၁ ရပ်ကွက်၊ အမှတ်၂ ရပ်ကွက်၊ မဲဇလီရွာ၊ အင်းလည်ကုန်း၊ တောင်မြင့်စတဲ့ ရွာတွေမှာ မတရား ဖမ်းဆီးမှုတွေ လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဂိတ်တွေကနေလည်း စောင့်ဖမ်းတယ်၊ ရွာတွေထဲ ဝင်ဖမ်းတာတွေလည်း ရှိတယ်၊ သူတို့ဆွဲတဲ့ချိန် ရွာသူရွာသားတွေက ပုန်းရှောင်နေရတဲ့အဆင့်ထိ ရောက်တယ်၊ ပေါ်တာဆွဲတဲ့အနေထားက တော်တော်ဆိုးပါတယ်၊ မြို့ပေါ် ရပ်ကွက်က အယောက် ၃၀ လောက်ပါတယ်၊ အမျိုးသမီးတွေကိုပါ ဆွဲတာ။” လို့ မင်းတုန်းဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/မင်းတုန်းမှာ_အမျိုးသမီးတွေအပါအဝင်_ပြည်သူ၃၀နီးပါးပေါ်တာဆွဲခံရ
ဝေါနယ်က ရွာတွေမှာ စစ်မှုထမ်းလူငှားထည့်ဖို့ တအိမ်ထောင် ကျပ်သုံးသောင်း တောင်းယူနေ

ဝေါ၊ ဇွန် ၅၊ ၂၀၂၄ ။

ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းလူငှားထည့်ဖို့ တအိမ်ထောင် ငွေကျပ်သုံးသောင်း တောင်းယူနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လပထမအပတ်ကစတင်ပြီး ဘုရားပျိူရွာနဲ့ပန်းဘဲစုကျေးရွာတွေက နေအိမ်တွေမှာ တအိမ်ထောင် ၃ သောင်းပေးဖို့ စစ်ကောင်စီအဖွဲ့က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို လိုက်တောင်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

" ပထမက စစ်မှုထမ်းဖို့ မဲနှိုက်ကြ စာရင်းသွင်းကြ။ အဲဒီလူတွေလည်း တိမ်းရှောင်ကြလို့ ခေါ်မရ။ ပြီးတော့ စာရင်းပါသူတွေလည်း နေအိမ်တွေမှာဝင်ဖမ်း မိတာလည်းရှိ မမိတာလည်းရှိ။ ခုတခါကျတော့ ဖမ်းလို့လည်းလူမရတော့ ငွေပေးငှားဖို့ ပိုက်ဆံကောက်လာပြန်တယ်"လို့ ဝေါဒေသခံတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ဝေါနယ်ကရွာတွေမှာ_စစ်မှုထမ်းလူငှားထည့်ဖို့_တအိမ်ထောင်ကျပ်သုံးသောင်းတောင်းယူနေ
Forwarded from The Irrawaddy - Burmese
ဇွန် ၅ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ ဖြစ်ပါသည်။

ဆန်ဈေး

ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၁၄၅၀၀၀ ကျပ် ဝန်းကျင်မှ ၁၇၆၀၀၀ ကျပ်
ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၃၅၀၀၀ ကျပ်မှ ၁၅၅၀၀၀ ကျပ်
ပေါ်ကျွဲဆန် ၁ အိတ် ၁၀၅၀၀၀ ကျပ်ကျော်မှ ၁၁၃၀၀၀ ကျပ်
ဆန်ကြမ်း (အဟောင်း ရက် ၉၀) ၁ အိတ်လျှင် ၁၂၀၀၀၀ ကျပ်ကျော် မှ ၁၂၈၀၀၀ ကျပ်အထိ
ဆန်ကြမ်း ( အသစ် ရက် ၉၀) ၁ အိတ်လျှင် ၉၅၀၀၀ ကျပ်မှ ၁၀၈၀၀၀ ကျပ်အထိရှိ
ဆန်ကြမ်း (နှံကား) ၁ အိတ်လျှင် ၉၀၀၀၀ ကျပ်ကျော်
မနောသုခဆန် ၁ အိတ်လျှင် ၉၀၀၀၀ ကျပ်

ယခုတပတ်ပြင်ပ ဆန်ဈေးကွက်တွင် ဆန်တအိတ်လျှင် ၁၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်မှုများ ရှိပြီး ရွှေဘိုပေါ်ဆန်းအမြင့်(စ) များမှာ ပစ္စည်းသည်အထိ ရှိကြောင်းဝါးတန်းလမ်းကုန်စည်ဒိုင်ရှိ ဈေးကွက်အတွင်းမှ သိရသည်။ ယခုဖော်ပြပါ ဈေးနှုန်းများသည်ကုန်စည်ဒိုင်လက်ကားဈေး ဖြစ်ပြီး လက်လီဈေးမှာ ဆန်တအိတ်လျှင် ၄၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိမြို့နယ်အနီးအဝေးနှင့် ဆိုင်ပေါ်မူတည်၍ ဈေးနှုန်း မြင့်တက်မှုများ ရှိနိုင်သည်။

ထို့ပြင် လက်ရှိတွင် စစ်ကောင်စီ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးမှာလည်း ကုန်စည်ဒိုင်တွင် ယခင်အတိုင်း ရှိနေဆဲ ဖြစ်သော်လည်း ယင်းဖြင့် အလုပ်လုပ်ခြင်းမရှိတော့ကြောင်း ကုန်သည်များထံက သိရသည်။

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကား သတ်မှတ်ဈေးမှာ ၁ ပိဿာ ၅၃၄၅ ကျပ်

ယင်းဈေးမှာ ဇွန်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ စစ်ကောင်စီ သတ်မှတ်ထားသည့် ရန်ကုန် အထိုင် လက်ကားဈေးဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှတဆင့် စားဆီ တင်သွင်းသည့် ကုမ္ပဏီများထံမှ ခွဲတမ်းရသည့် ဆိုင်တချို့က ရောင်းချ ပေးနကြောင်း လူမှုကွန်ယက်စာမျက်နှာများမှ တဆင့်သိရသည်။

ထိုသို့ ရောင်းချပေးနေသော်လည်း စားဆီ ဈေးမှာ လက်လီ စားသုံးသူများ၊ ဆိုင်သမားများ လိုသလောက်မရရှိပဲ ပြင်ပပေါက်ဈေး (မှောင်ခိုဈေး) မှာရန်ကုန်ဈေးကွက်မှာပင် ၁ ပိဿာလျှင် ၈၀၀၀ ကျပ်ကျော် တွင်ရှိနေသည်။ (ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများ ဖြစ်ပြီး နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများ၊ ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။)

စက်သုံးဆီ

ဓာတ်ဆီ ၉၂ ၁ လီတာ ၂၅၆၅ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၂၆၆၅ကျပ်
ဒီဇယ် ၁ လီတာ ၂၃၃၀ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၂၃၈၀ ကျပ်

ယင်းမှာ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသည့် ရန်ကုန်မြို့ အခြေစိုက် စက်သုံးဆီ ဈေးနှုန်းများဖြစ်ပြီး ယင်းကို တပတ်တခါ ဈေးနှုန်းအပြောင်းအလဲ ပြုလုပ်ထားသည်ကို တွေ့ရသည်။ လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် စက်သုံးဆီ ရရှိရန်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်း၊ တချို့နေရာများတွင် ပြတ်လပ်ခြင်းများ ရှိနေဆဲဖြစ်သည်။

ထို့ပြင် တခြားတိုင်းနှင့် ပြည်နယ်များတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှု ရှိနိုင်သလို ပြင်ပဈေးကွက်နှင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မှု စစ်ကောင်စီ၏ သတ်မှတ်ဈေး ထက် ပို၍မြင့်တက်မှုများ ရှိနိုင်သည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၄၃၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၄၈၁၅၀၀၀ ကျပ်
ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂၃၃၃ ဒေါ်လာ
ပြင်ပ အကယ်ဒီအခေါက်ရွှေဈေး ၅၃၀၀၀၀၀ ကျပ်ဝန်းကျင်တွင်ရှိနေ
ပြင်ပ လက်ဝတ်ရတနာ (၁၅ ပဲရည်) ရွှေဈေး ၅၁၀၀၀၀၀ ကျပ်ကျော်တွင်ရှိနေ

စစ်ကောင်စီ၏ လက်အောက်ခံ ဗဟိုဘဏ်က သတ်မှတ်သည့် ဒေါ်လာဈေးမှာ တဈေးရှိပြီး ယင်းဈေးမှာ ဝန်ဆောင်မှု လုပ်ငန်းများအတွက်သာ အလုပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အထက်ပါ ဈေးနှုန်းများမှာ အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။

#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
Forwarded from Infinity Group
တန့်ဆည်မြို့နယ်တွင် ပျံ့နှံ့​နေ​သောသတင်းမှား

ဇွန် ၅ ၊ ၂၀၂၄

တန့်ဆည်မြို့နယ်အ​နောက်ခြမ်းအား စစ်​ကြောင်း ၆ ​ကြောင်းခွဲကာ စစ်​ကြောင်းထိုးမည်ဆိုသည့်သတင်းမှားတခု ယခုရက်ပိုင်း တန့်ဆည်မြို့နယ်ပြည်သူများထံပျံ့နှံ့​နေ​ကြောင်း သိရပါသည်။

ဇွန်လ ၁ ရက်​နေ့မှစတင်ကာ စစ်​ကောင်စီနှင့်ပျူ​စောထီးပူး​ပေါင်းအင်အား ၁၃၀ ခန့်ပါစစ်​ကြောင်းသည် လက်ရှိအချိန်ထိ တန့်ဆည်မြို့အ​နောက်ဘက် ၁ မိုင်အကွာရှိ ဝါးရငယ်၊ရွာသစ်၊ခနုသည်ရွာများ၌သာ စစ်​ရေးလှုပ်ရှားလျက်ရှိပြီး ဘက်ဟိုးဖြင့် ဆက်သွယ်​ရေး​မြောင်းတူးကာ ခံစစ်အခိုင်အမာ​တည်ဆောက်၍ အထိုင်ချ​တပ်စွဲရန်ပြင်ဆင်​နေလျက်ရှိ​ကြောင်း သိရပါသည်။

စစ်​ကြောင်း ၆ ​ကြောင်းဖြင့် တန့်ဆည်မြို့နယ်အ​နောက်ခြမ်းအား စစ်​ကြောင်းထိုးမည်ဆို​သော အထက်​ဖော်ပြပါ ပျံ့နှံ့သတင်းမှာ မည်သည့်သတင်းရင်းမြစ်ထံမှလာသည်ကို မသိရပါ။တ​ယောက်စကားတ​ယောက်ကြား​သောစကားများဖြင့် စိုးရိမ်ကြီးစွာ အများပြည်သူများကြား ပျံ့နှံ့​နေ​သော သတင်းမှားသာဖြစ်ပါသည်။

ထို့အပြင် တန့်ဆည်မြို့အနီးမှ မကြာခဏထွက်​ပေါ်လာ​သော လက်နက်ကြီးသံများမှာ နှစ်ဖက်တပ်များအကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုသာဖြစ်​ကြောင်း သိရပါသည်။

တန့်ဆည်မြို့အနီးဖြစ်​ပေါ်​နေ​သော လက်တ​လောစစ်​ရေးအ​ခြေအ​နေ​ကြောင့် ဝါးရငယ်မူး​ဘောင်လမ်းအသုံးပြု၍ မရ​သေး​ကြောင်း သိရပါသည်။

#infinitygroup
Forwarded from MPANews
ဆယ်လီမီဒီယာများအား ဆင်ဆာ တင်းကျပ်ရန် စစ်ကောင်စီ ပြန်ကြားရေး စီစဥ်နေ

5 June 2024 By Maung Dagon / MPA

ဆယ်လီ မီဒီယာများအား ဆင်ဆာ တင်းကျပ်ရန်အတွက် စစ်ကောင်စီ၏ ပြန်ကြာရေး ဝန်ကြီးဌာနက စီစဥ်နေကြောင်း အဆိုပါ ဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနသည် ဆယ်လီမီဒီယာများအား ယဥ်ကျေးမှုနှင့် မလျော်ညီသည်များ၊ အဖော်အချွတ်ကိစ္စများ၊ အတင်းအဖျင်းများ လက်လွတ်စပယ် တင်ရှိနေ၍ ယင်းသို့ ဆင်ဆာ တင်းကျပ်ရန် စီစဥ်လာခြင်းဟု သိရသည်။

"အတင်းအဖျင်းတွေ အဖော်အချွတ်တွေကို ထိန်းဖို့လို့ကြားပါတယ်" ဟု ဆင်ဆာတင်းကျပ်ရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရုပ်ရှင်အစည်းအရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/ej824hkc
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from RFA Burmese
ရိုဟင်ဂျာ နှစ်သိန်းကျော်အပါအဝင် ဒုက္ခသည်သုံးသန်းနီးပါး နေရာချထားရေး UNHCR ထုတ်ပြန်
~~~
■ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် နှစ်သိန်းကျော် အပါအဝင် ကမ္ဘာတစ်ဝန်း ဒုက္ခသည် သုံးသန်းနီးပါးကို ပြန်လည်နေရာချထားဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဇွန်လ ၅ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

၂ဝ၂၅ ခုနှစ်အတွက် UNHCR ရဲ့ ကမ္ဘာတစ်ဝန်း ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး စီမံကိန်းမှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ တောင်ဆူဒန်၊ မြန်မာ၊ ကွန်ဂိုသမ္မတနိုင်ငံ စတဲ့ နိုင်ငံတွေက ဒုက္ခသည်တွေ ပါဝင်ပါတယ်။

အဲဒီထဲမှာ ဆီးရီးယားက ဒုက္ခသည် ကိုးသိန်းကျော်(၉၃၃,ဝဝဝ)နဲ့ အများဆုံးဖြစ်ပြီး မြန်မာပြည်က ရိုဟင်ဂျာဒုက္ခသည် နှစ်သိန်းကျော် (၂၂၆,၀၀၀) နဲ့ အဆင့် လေးနေရာမှာ ရှိနေတာပါ။

အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကနေ လွတ်မြောက်ဖို့အတွက် ဒုက္ခသည်တွေကို အမြန်ဆုံးကူညီပေးဖို့ UNHCR က တိုက်တွန်းထားပါတယ်။

တစ်ကမ္ဘာလုံးမှာ စီးပွားရေးအကျပ်အတည်း ရင်ဆိုင်နေရပြီး နေထိုင်မှုစရိတ်မြင့်မားလာချိန်မှာ ဒုက္ခသည်တွေ နေရာချထားရေး လိုအပ်ချက် သိသိသာသာမြင့်မားလာတာဟာ လူသားချင်း စာနာမှုအကူအညီ ပေးအပ်နိုင်တဲ့အခြေအနေ လျော့နည်းစေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်ရတဲ့အချိန်ကာလ ကြာမြင့်တာ၊ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခအသစ်တွေအပြင် ရာသီဥတုပြောင်းလဲတာတွေရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကြောင့် ဒုက္ခသည်တွေအခြေအနေတွေ ပိုမို ဆိုးရွားလာစေတယ်လို့ UNHCR က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒုက္ခသည် တစ်သိန်းနီးပါး(၉၆,၃၁၁) ကို နေရာချထားပေးပြီး အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျနဲ့ ဂျာမဏီတို့က အများဆုံးလက်ခံပေးခဲ့တယ်လို့ ဆိုပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
Forwarded from RFA Burmese
အင်တာနက် ဖြတ်ခံထားရတဲ့နေရာ သုံးရာနီးပါးရှိလာ
~~~
■ စစ်တပ်အာဏာသိမ်းပြီးနောက် ထိန်းချုပ်ဖို့ ခက်ခဲတဲ့နေရာတွေကို စစ်ကောင်စီက အင်တာနက် ဖြတ်တောက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

မြန်မာပြည်မှာ အင်တာနက်သုံးစွဲနိုင်တဲ့အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာအင်တာနက်စီမံကိန်းက ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂ဝ၂၄ မေလကုန်အထိ စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ အင်တာနက်ဖြတ်တောက်ထားတဲ့နေရာ ၂၇၉ ခုအထိရှိပါတယ်။

အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အင်တာနက်ဖြတ်ခံရတဲ့ နေရာအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ ကချင်ပြည်နယ် နဲ့ တတိယကတော့ ချင်းပြည်နယ်မှာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ အင်တာနက်ဖြတ်ခံရတဲ့နေရာတွေရှိပြီး စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာတော့ အင်တာနက်ဖြတ်ထားတဲ့နေရာမရှိသေးပါဘူး။