MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
စစ်ခေါင်းဆောင်နဲ့ဇနီး ထီးလိုမင်းလိုဘုရားသွားပြီးနောက် ပုဂံမှာစိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဖယ်ရှား

ပုဂံ၊ ဇွန် ၁၊ ၂၀၂၄။

ပုဂံမြို့သစ် မြို့လယ်ဘုရားအဝိုင်းမှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ယနေ့ ဇွန် ၁ ရက် နံနက် ၁ နာရီဝန်းကျင်မှာ လာရောက်ဖယ်ရှားသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မဖယ်ရှားမီညနေပိုင်းက စည်ပင်ဝန်ထမ်း ၁ ဦးလာရောက်ကြည့်ရှုသွားပြီးနောက် ညအချိန်မှာ ကြေးရုပ်တုသပ်သပ်၊ ခုံသပ်သပ် အကောင်းအတိုင်းရအောင် သယ်သွားတာဖြစ်ပြီး အနီးနားရှိ ပန်းပင်တွေကိုလည်း အကုန်ဖျက်ဆီးရှင်းလင်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ညကြီး လူအိပ်ချိန်လာတူးတာဆိုတော့ ဘယ်သူဘယ်ဝါ မကွဲကြဘူး။ သေချာလည်းမကြည့်ရဲကြဘူး။ မတူးခင်ညနေပိုင်းမှာ စည်ပင်ကလူတစ်ယောက်လာ ကြည့်သွားတယ်။" လို့ မြို့ခံတဦးကပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/စစ်ခေါင်းဆောင်နဲ့ဇနီး_ထီးလိုမင်းလိုဘုရားသွားပြီးနောက်_ပုဂံမှာစိုက်ထူထားတဲ့_ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုဖယ်ရှား
Forwarded from The Tanintharyi Times
လက်ရှိမှာတော့ KNU အမျိုးသမီးများ ပါဝင်မှု အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းထားနိုင်ခဲ့ပြီး အဆင့်ဆင့်သော ယန္တရားတွေမှာ အမျိုးသမီးခေါင်းဆောင်တွေ ပါဝင်နေသလို မျိုးဆက်သစ် အမျိုးသမီးတွေ ပါဝင်မှု ပိုမိုအားကောင်းလာဖို့ ယင်းကော်မတီက ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

(အပြည့်အစုံကြည့်ရန် Link ကို နှိပ်ပါ)

https://www.tntynews.com/01/06/2024/36822/
Forwarded from RSN WEB
မေလအတွင်း ရန်ကုန်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုစုစုပေါင်း (၁၁) ကြိမ်ပြုလုပ်နိုင်ခဲ့
•••••••••••••••®•••••••••••••••
ဇွန် ၂၊ ၂၀၂၄

ပြီးခဲ့တဲ့မေလအတွင်း ရန်ကုန်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုများအဖြစ် ကဆုန်ညောင်ရေသွန်းလူထုလှုပ်ရှားမှုများနှင့် ဥယျာဉ်မှူးစစ်ဆင်ရေး သပိတ်လှုပ်ရှားမှုအပါအဝင် စုစုပေါင်း (၁၁) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ကြသည်။

ရန်ကုန်၌ လျှပ်စစ်မီးရရှိမှု တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာမှုကို ဆန္ဒဖော်ထုတ်သည့်အနေဖြင့် စာရွက်ကြဲခြင်းများပြုလုပ်ခဲ့သလို လူထု၏အထွေထွေကျပ်တည်းမှုများနှင့် မတရားဖိနှပ်မှုများအား ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများလဲ ပြုလုပ်နိုင်ခဲ့ကြသည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဖွဲ့စည်းတည်ထောင်ခြင်း ၈၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သမဂ္ဂအလံလွှင့်ထူနိုင်ခဲ့ပြီး ကဆုန်လပြည့်နေ့အထိမ်းအမှတ် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နိုင်ခဲ့သည်။

ဒါ့အပြင် Shinobi အဖွဲ့၏ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် "တရားတဲ့သူသာ နိုင်ကြေးဟေ့" သပိတ်ပိုစတာ ချိတ်ဆွဲပြီး ၂၀၀၈ အခြေခံဥပဒေစာအုပ်ကို မီးရှို့နေ့စဉ် စစ်တပ်က ရောက်ရှိလာပြီး သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ပေမယ့် အဖွဲ့သားများအားလုံး ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

#rangoonscoutnetwork
Forwarded from Click For BPLA
ဒီနိုင်ငံရဲ့ အာဏာရှင်စနစ်ကို အမြစ်ပြတ်တော်လှန်တဲ့ နွေဦးတော်လှန်ရေးကြီးဟာ အခုဆို အရှိန်အဟုန် ကောင်းကောင်းနဲ့ ချီတက်နေပြီဖြစ်တယ်။
အဲ့လိုချီတက်နေတဲ့အထဲ ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖြစ်တဲ့ ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ဟာလည်း တစ်ခု အပါအဝင်ဖြစ်တယ်။
ကျွန်တော်က ဒီတပ်ထဲမှာ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ယောက် ဖြစ်ပါတယ်။
အခုလို တော်လှန်ရေးကာလမှာ ကျန်းမာရေးဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။
ရဲဘော်တွေကျန်းမာနေမှ ရန်သူတွေကို တော်လှန် တိုက်ခိုက်နိုင်မှာ ဖြစ်တယ်။
တောထဲတောင်ထဲမှာ လာနေရတာဖြစ်တဲ့အတွက် ရှေ့တန်းမှာရောနောက်တန်းမှာရော ရောဂါတွေက ထူပြောပါတယ်။
ဒါကြောင့် ဒီတော်လှန်ရေးထဲမှာ ဆေးတပ်သားတွေက လိုကိုလိုအပ်ပါတယ်။
အထူးသဖြင့် တောထဲမှာဆိုတော့ ခြင်တွေပေါတာကြောင့် ငှက်ဖျားရောဂါအဖြစ်များကြတယ်။
ရဲဘော်တွေအနေနဲ့ ငှက်ဖျားရောဂါအကြောင်းကို သေချာနားလည်သွားအောင် medic တစ်ယောက်အနေနဲ့ အချက်အလက်အချို့ပြောပြချင်ပါတယ်။

ငှက်ဖျားရောဂါဖြစ်စေတာက protozoa လို့ခေါ်တဲ့ ကပ်ပါးကောင် (parasite) အမျိုးအစားဖြစ်တယ်။
အဲ့ကပ်ပါးကောင် မျိုးစိတ်က ငါးမျိုးရှိပါတယ်။
Plasmodium:
P.falciporum
P.vivax
P.ovale
P.malariae
P.knowlesi human Central Africa

ငှက်ဖျားဖြစ်စေတဲ့ ခြင်မ (Anopheline) ရဲ့ အူထဲမှာ ငှက်ဖျားရောဂါ ဖြစ်စေတဲ့မျိုးဥ (gametocytes) တွေက ၇ ရက်ကနေ ရက် ၂၀ အတွင်း ကြီးထွားလာပြီး ကူးစက်နိုင်တဲ့သားလောင်း (sporozoite) အဆင့်သို့ရောက်တယ်။
ပြီးတော့ ခြင်မရဲ့ တံတွေးပြွန်တွေဆီ ရွှေ့ပြောင်းလာတယ်။
ခြင်က လူကိုကိုက်လိုက်တဲ့အခါ အဲ့သားလောင်းတွေက သွေးထဲရောက်လာတယ်။
အဲ့ဒါကို ခန္ဓာကိုယ်ရဲ့ခုခံအားစနစ် (immune system) က မဖျက်ဆီးနိုင်တဲ့အခါ အသည်းထဲ ရောက်သွားတယ်။
အသည်းဆဲလ်တွေထဲမှာ ပွားများလာပြီး အကောင်ပေါက်(merozoite)တွေ ဖြစ်လာတယ်။
အချိန်ကြာလာတဲ့အခါ အသည်းဆဲလ်တွေပေါက်ထွက်ပြီး ငှက်ဖျားရောဂါဖြစ်စေတဲ့ ကပ်ပါးကောင်တွေက သွေးထဲရောက်လာတယ်။
သွေးထဲရောက်တဲ့အခါ သွေးနီဥတွေထဲ ဝင်ရောက်စားသောက်ကြတယ်။

P.vivax,P.ovale စတဲ့အချို့အကောင်တွေက အသည်းထဲမှာ ဆက်ပုန်းနေပြီး ငှက်ဖျားရောဂါကို ခဏခဏပြန်ဖြစ်စေတယ်။
သွေးနီဥထဲမှာ ၎င်းအကောင်ပေါက်တွေ ဆက်လက်ကြီးထွားပွားများပြီး နောက်ဆုံးမှာ ၎င်းသွေးနီဥလည်း ပေါက်ထွက်ပြီး အခြားသွေးနီဥတွေကို ဆက်လက်ကူးစက်သွားတယ်။

P.falciporumက သွေးနီဥ အရွယ်အစားမျိုးစုံကို စားသုံးတယ်။
ထိုအကောင် ကူးစက်ခံထားရတဲ့ ဦးနှောက်၊ ကျောက်ကပ်၊ အူ၊ အသည်းနဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေရဲ့ ဆံချည်မျှင် သွေးကြောတွေမှာ သွားကပ်ပြီး သွေးကြောတွေကိုပိတ်စေပြီး ၎င်းအင်္ဂါတွေကို ပျက်စီးစေတယ်။
ထိုကြောင့် သွေးနီဥတွေ ပျက်စီးတဲ့အခါ အသည်းနဲ့သရက်ရွက်တွေ ရောင်ရမ်းပါတယ်။

အချို့အကောင်တွေဆို ဦးနှောက်ထဲထိရောက်နိုင်တယ်။
ဦးနှောက်ထဲရောက်သွားလျှင် စိတ်မူမမှန်ခြင်း၊ တက်ခြင်း၊ ကိုမာဝင်တဲ့အထိ ဖြစ်နိုင်ပြီးသေဆုံးနိုင်ပါတယ်။
ငှက်ဖျားကြောင့်သေဆုံးမှုအများဆုံးက P.f ကြောင့်ဖြစ်ပါတယ်။

P.vivax နဲ့ P.ovale တွေက သွေးနီဥအဖြစ် မရောက်သေးတဲ့ ဆဲလ်တွေကို စားသုံးပါတယ်။
၎င်းအကောင်ကြောင့် ဖြစ်သော ငှက်ဖျားမှာ သိပ်ပြီးမပြင်းထန်ပါ။

P.malariae ကြောင့် ဖြစ်သောငှက်ဖျားသည် မပြင်းထန်ပေမယ့် ရေရှည်ဖြစ်တတ်ပြီး ရောဂါလက္ခဏာမပေါ်ဘဲ ခန္ဓာကိုယ်ထဲမှာ နှစ်ချီရှိနေတတ်ပါတယ်။
ကလေးများတွင် ကျောက်ကပ်ရောင်နိုင်ပါတယ်။

P.knowlesi က မျောက်တွေမှာပဲ ဖြစ်တတ်ပြီး အရှေ့တောင် အာရှအချို့နေရာတွေမှာ လူတွေမှာလည်း ဖြစ်တတ်ပါတယ်။
ရောဂါလက္ခဏာ အမျိုးမျိုးပြတတ်ပြီး မပြင်းထန်တဲ့ ရေရှည်ကူးစက်မှုဖြစ်ပြီးသေစေနိင်တဲ့အခြေအနေရှိပါတယ်။

ငှက်ဖျားရဲ့ရောဂါလက္ခဏာတွေက
ဖျား
ချမ်းတုန်
ခေါင်းကိုက်
ပျို့အန်
ဝမ်းလျှော
အစားအသောက်ပျက်တာတို့ဖြစ်တတ်ပါတယ်။

ရဲဘော်တွေအနေနဲ့ ဒီအချက်အလက်တွေ ဖတ်ရှုပြီး ငှက်ဖျားရောဂါအကြောင်းကို တီးမိခေါက်မိ ရှိလောက်မယ်ထင်ပါတယ်။
တောထဲတောင်ထဲမှာ နေရတာဖြစ်တဲ့အတွက် ငှက်ဖျားမဖြစ်အောင် တတ်နိုင်သလောက် သတိထားဖို့လိုပါတယ်။
ဖြစ်လာခဲ့ရင်လည်း medic ကနေ ဆေးကုသမှု သေချာခံယူပြီး ငှက်ဖျားဆေးတွေကို သေချာသောက်ဖို့ လိုပါတယ်။

ကြိုတင်ကာကွယ်မှုအနေနဲ့ ခြင်ထောင်ထောင်အိပ်တာ၊
အင်္ကျီလက်ရှည် ဘောင်းဘီရှည်ဝတ်တာ စတာတွေလုပ်လို့ရပါတယ်။

ဒီတော်လှန်ရေးကြီးထဲမှာ ရဲဘော်တွေ ကျန်းမာနေဖို့ အရေးကြီးတာကြောင့် ငှက်ဖျားရောဂါအပြင် တခြားသောရောဂါတွေ မဖြစ်အောင်လည်း ဆေးတပ်သားတယောက်အနေနဲ့ ကျွန်တော်အကောင်းဆုံး တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။
ရဲဘော်တွေအနေနဲ့လည်း ဆေးတပ်ဖွဲ့က သတ်မှတ်တဲ့ ကျန်းမာရေးဆိုင်ရာ စည်းကမ်းကို သေချာလိုက်နာစေလိုပါတယ်။
နှစ်သစ်မှာ ရဲဘော်တွေ ကျန်းကျန်းမာမာနဲ့ ဘေးရန်ကင်းစွာ တော်လှန်ရေးကြီးကို အောင်မြင်ပြုလုပ်နိုင်ကြပါစေဟု ဆန္ဒပြုပါတယ်။


👉 by အဗီး
👇
https://ouo.io/7VhOcA
Forwarded from Chin World Media
Chinland Council ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်မယ်လို့ PDA – Tedim ထုတ်ပြန်

ဇွန်လ ၁ ရက်။

ချင်းလဲန်းကောင်စီ(Chinland Council)ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်မယ်လို့ တီးတိန်မြို့နယ် အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ People Defence Army (PDA – Tedim) က ဒီကနေ့ဇွန်လ (၁) ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ်တွင်းက EAOs အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF / CNA)နဲ့စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသလို ယနေ့အချိန်ထိ အတူတကွ ရပ်တည်ကာ တော်လှန်ရေးကို အဓိကထား လုပ်ဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Photo Crd
MSI - MYANMAR SOCIETY INFORMATIONS
NUG ဘာလဲဘယ်လဲ MPA https://youtu.be/VupuG0pDL0k
တော်လှန်ရေးတပ်ဦးတာဝန်ယူထားသော်လည်း အာဏာရှင်ဆန်ဆန် ဗဟိုချုပ်ကိုင်မှုကြီးစိုးပြီး ပါတီစွဲ ပုဂ္ဂိုလ်စွဲ ဖြင့် ရပ်တည်နေကြသည့် အဖွဲ့များမှာ
Anonymous Poll
52%
NLD ပါတီ နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)
46%
ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG)
41%
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)
”အာဏာရှင်ရှင်းတမ်း”

တော်လှန်ရေးထဲကအာဏာရှင်တွေကို ဖော်ထုတ်မယ်ဆိုတော့ ကမူးရှူးထိုးနဲ့ သူတို့နီးစပ်ရာလူအမည်တွေဆွဲသွင်းပြီး ရိသလိုသဲ့သလို တုံ့ပြန်ကြတယ်

ဟိုနေ့ကပြောခဲ့သလိုပဲ အာဏာရှင်တွေဆိုတာသည် အကြ-မ်းဖ-က်စ-စ်ကောင်စီတစ်ခုထဲမဟုတ်ဘူး။ အကြ-မ်းဖ-က်စ-စ်တ-ပ်လောက်နီးနီး ဆိုးဝါးရ-က်စ-က်ပြီး အာဏာရှင်မဆန်တာပဲရှိရင်ရှိမယ်

တော်လှ-န်ရေး (သို့) မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အလွှာပေါင်းစုံမှာအာဏာရှင်တွေပေါ်နေနိုင်တယ်။ ခွဲခြားဆက်ဆံ ဖိနှိပ်တဲ့ အာဏာရှင်ဓလေ့စရိုက်တွေရှိနေနိုင်တယ်

ဖိနှိပ်ခံရသူတိုင်းဟာ ဖိနှိပ်ခဲ့သူတွေလည်းဖြစ်နိုင်သလို ကိုယ့်ထက်အားနည်းသူကို ဖိနှိပ်ခွဲခြားဆက်ဆံဖို့ ဝန်မလေးကြသူတွေလည်းဖြစ်နေနိုင်တယ်

ဖိနှိပ်ခံရသူတွေမှာသာ အာဏာ လ-က်န-က် ငွေကြေး လုပ်ပိုင်ခွင့် အတိုင်းအတာတစ်ခုရှိလာရင် တချိန်ချိန်မှာ ဖိနှိပ်ခံရသူတွေထဲကပဲ အာဏာရှင်လက်သစ်တွေဖြစ်လာဖို့ အထိုက်အလျောက် အလားအလာရှိတယ်

အာဏာရှင်ဓလေ့စရိုက်နဲ့ အာဏာရှင်အတွေးအခေါ်တွေအားကောင်းလာနိုင်တဲ့ အာဏာရှင်ဖြစ်ဖို့တာဆူနေကြတဲ့ သပ်လျှိုအာဏာရှင် အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေသည် NLD CRPH ထဲမှာလည်းရှိသလို NUG NUCC နဲ့ EAO တွေထဲမှာလည်းရှိတယ်

ဒါဟာ ပကတိ အရှိတရားဖြစ်တယ် ဖြစ်နိုင်ဖို့အလားအလာလည်းများနေသလို ဖြစ်စပြုနေတဲ့ ဖြစ်ပြီးနေကြတဲ့ ဒီလိုအဖြစ်အပျက်တွေ ဖြစ်နိုင်ချေတွေကို အမှန်တိုင်းမြင်အောင်ကြည့်ပြီး ကြောင်းကျိုးတကျ ဆင်ခြင်ကာကွယ်ဖို့ အချိန်မီတားဆီးနိုင်ဖို့ဖြစ်တယ်

ပဒေသရာဇ်ခေတ်ကနေ ကိုလိုနီခေတ် စစ်အာဏာရှင်ခေတ် စတဲ့ အာဏာရှင်ခေတ်အဆက်ဆက်ကနေ လက်ဆင့်ကမ်းဖြတ်သန်းခဲ့ကြရတဲ့ မျိုးဆက်တိုင်းလိုလိုမှာ အာဏာရှင်အတွေးအခေါ်တွေနဲ့ ဓလေ့စရိုက်တွေဟာ အနည်းနဲ့အများရှိနေကြတယ်

ဒီလို လက်ဆင့်ကမ်းရှိနေခဲ့တာဟာ အပြစ်မဟုတ်ပေမယ့် ကိုယ့်ရဲ့အတွင်းထဲက အာဏာရှင်အငွေ့အသက်တွေနဲ့ ကိုယ့်အနီးဝန်းကျင်က ကိုယ်ယုံကြည်ထောက်ခံပါတယ်ဆိုတဲ့ အဖွဲ့တွေလူတွေမှာလည်း ဒီလိုပါနိုင်တယ်ဆိုတာ သတိပြုမိပြီး လူတွေအဖွဲ့အစည်းတွေကို နှိပ်ကွပ်ဖို့ ဖျက်စီးဖို့မဟုတ်ဘဲ အာဏာရှင်အတွေးအခေါ်နဲ့ ဓလေ့စရိုက်တွေ အလေ့အထတွေ စနစ်ဇယားနဲ့တည်ဆောက်ပုံတွေကိုသာ တားဆီးဟန့်တားဖို့ အမြစ်ကဆွဲနုတ်ကြဖို့ဖြစ်တယ်
MSI - MYANMAR SOCIETY INFORMATIONS pinned «”အာဏာရှင်ရှင်းတမ်း” တော်လှန်ရေးထဲကအာဏာရှင်တွေကို ဖော်ထုတ်မယ်ဆိုတော့ ကမူးရှူးထိုးနဲ့ သူတို့နီးစပ်ရာလူအမည်တွေဆွဲသွင်းပြီး ရိသလိုသဲ့သလို တုံ့ပြန်ကြတယ် ဟိုနေ့ကပြောခဲ့သလိုပဲ အာဏာရှင်တွေဆိုတာသည် အကြ-မ်းဖ-က်စ-စ်ကောင်စီတစ်ခုထဲမဟုတ်ဘူး။ အကြ-မ်းဖ-က်စ-စ်တ-ပ်လောက်နီးနီး…»
“IEC ကို ပြီးခဲ့တဲ့လကနေ အခုအချိန်အထိ ဝေဖန်မှုတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့နေရတာ ရှိတယ်။ ဒီဝေဖန်မှုတွေရှိလာတာကို ကျွန်မတို့ ကြိုဆိုရမှာဖြစ်တယ်”

ဇူးပဒုမ္မာ (အတွင်းရေးမှူး-၁၊ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC)

မေး။ ။ လက်ရှိတော်လှန်ရေးခရီးမှာ ကြုံတွေ့နေရတဲ့ အားနည်းချက်တွေက ဘာတွေဖြစ်မလဲ။ ဒါတွေက တော်လှန်ရေးပျက်စီးစေတဲ့အထိ ဖြစ်နိုင်လား။

1027 Operation ကရင်နီပြည်နယ်မှာဆိုရင်တော့ 11.11 တွေမှာ တချို့က ပြီးသွားတာတော့ မဟုတ်ဘူး။ 11.11 မှာ မြို့သိမ်းတိုက်ပွဲတွေလုပ်နေတာ ရှိနေတုန်းပါပဲ။ နယ်စပ်စခန်းတွေကို အများကြီးတိုက်ခိုက် သိမ်းပိုက်နိုင်တာမို့လို့ အကြမ်းဖက်စစ်တပ်ရဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်နိုင်တာအပြင် ထိန်းချုပ်နယ်မြေတွေ ပိုချဲ့လာနိုင်ပြီး ပြည်သူ့အုပ်ချုပ်ရေး ယန္တရား ပိုပြီးအားကောင်းလာတဲ့အပိုင်းတွေက တော်လှန်ရေးရဲ့ အောင်မြင်မှုတွေ ဖြစ်တယ်ဆိုတာ ပြောလိုပါတယ်။

တော်လှန်ရေးအင်အားစုတွေလို့ ပြောတဲ့အခါမှာ အင်အားစုတွေအများကြီးရှိပါတယ်။ ပြည်ထောင်စုအဆင့်မှာ NUCC, NUG, CRPH၊ ပြည်နယ်မှာဆိုရင် ကရင်နီမှာဆိုရင် KSCC, KSIP, IEC ပြီးတော့ KSIJ တရားရေးမဏ္ဍိုင်ပေါ့။ ကျွန်မတို့ဆီမှာ ကဏ္ဍ သုံးခုလုံးက run နေပြီ ဖြစ်ပါတယ်။ ERO တွေကလည်း ရှိနေတယ်။ တော်လှန်ရေးအင်အားစုတွေလို့ပြောရင် သပိတ်အင်အားစု လူငယ်တွေရဲ့ ပါဝင်မှုကလည်း ချန်ထားလို့မရပါဘူး။ အင်အားစုတွေက ကိုယ့်ရဲ့လက်နက်နဲ့ကိုယ်၊ တချို့က ဉာဏ်ပညာနဲ့၊ တချို့က မူ Policy နဲ့ တချို့က လက်နက်နဲ့ ပါဝင်ပြီးတွန်းလှန်နေတဲ့ အနေအထားဖြစ်တယ်။ ဒီအင်အားစုတွေမှာ ထောက်ပြဝေဖန်မှုတွေရှိနေတာကို တွေ့ရတယ်။

ကျွန်မက IEC ကိုယ်စားပြုဆိုတော့ ကျွန်မတို့ IEC ကို ပြီးခဲ့တဲ့လကနေ အခုအချိန်အထိ ဝေဖန်မှုတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့နေရတာရှိတယ်။ ဒီဝေဖန်မှုတွေရှိလာတာကို ကျွန်မတို့ ကြိုဆိုရမှာဖြစ်တယ်။ ဝေဖန်မှုတွေ ရှိလာမှ အပေါင်းလက္ခဏာဆောင်တဲ့အရွေ့ကို သွားမှာဖြစ်တဲ့အတွက် ဒီဝေဖန်မှုတွေရှိလာတာက ပြည်သူတွေက နိုင်ငံရေးကို ပိုပြီး အာရုံစိုက်လာတယ်။ လုပ်ဆောင်မှုတွေကို အဆက်မပြတ်စောင့်ကြည့်နေတာပဲ ဖြစ်တယ်။ ဒီမိုကရေစီနဲ့ ပိုပြီးနီးစပ်လာတဲ့ သဘောမျိုးရှိပါတယ်။ ဒါကြောင့် ထောက်ပြဝေဖန်မှုတွေ ရှိလာတာက ကောင်းတယ်လို့ ပြောချင်ပါတယ်။

နောက်တစ်ခုက တော်လှန်ရေး အင်အားစုတွေရဲ့ လိုအပ်ချက်လို့ ပြောတဲ့အခါမှာ ကျွန်မတို့ စင်းလုံးချော အဆင်ပြေနေရင်တော့ တော်လှန်ရေးလုပ်စရာမလိုဘူးလေ။ အဆင်မပြေလို့ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း၊ လူမှုပတ်ဝန်းကျင်ပျက်စီးမှုကြောင့်သော်လည်းကောင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ဆုံးရှုံးမှုကြောင့်သော်လည်းကောင်း တော်လှန်ရေးကို လုပ်ရတာဖြစ်တယ်။ တော်လှန်ရေးလုပ်နေတဲ့သူတွေကလည်း အကန့်အသတ်တွေ အများကြီးရှိပါတယ်။ လူသားတွေပဲဆိုတော့ ပြည့်စုံနိုင်မှာ မဟုတ်ဘူး။ လိုအပ်ချက်တွေကတော့ အမြဲတမ်းရှိနေဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဝေဖန်မှုတွေရှိလာတာ ကောင်းတယ်။ ကျွန်မတို့က အဆင်ပြေတဲ့ အတိုင်းအတာတစ်ခုမှာ အလုပ်လုပ်ရတာမဟုတ်ဘူးဆိုတဲ့ ဟာလည်း ပြန်ပြီးတော့ သုံးသပ်မိတယ်။ ကျွန်မတို့လည်း ပြည်သူထဲက ပြည်သူတွေပဲဖြစ်ပါတယ်။ အိုးအိမ်တွေ ဆုံးရှုံသွားတာရှိတယ်။ အသက်ပေးသွားရတဲ့ ညီအကို မောင်နှမတွေရှိတယ်။ သားသမီးတွေရှိတယ်။ ရှေ့တန်းမှာမဟုတ်ဘဲ စစ်ရှောင်ရင်း လက်နက်ကြီးကြောင့်၊ Air Strike ကြောင့် အသက်ပေးရတဲ့သူတွေ အများကြီးရှိတယ်။ မိုးတွင်းကာလမှာ အမိုးအကာမပြည့်စုံဘဲ အိပ်ခဲ့ရတဲ့၊ စားခဲ့ရတဲ့၊ စာသင်ခဲ့ရတဲ့ စစ်ရှောင်ပြည်သူတွေအများကြီးရှိတယ်။

နောက်တစ်ခုက မနက်ဖြန်အတွက်၊ သဘက်ခါအတွက် ဘာစားမလဲဆိုတာမဟုတ်ဘဲနဲ့ အခုဗိုက်ဘယ်လိုဖြည့်ရမလဲဆိုတဲ့ သောကတွေနဲ့ ဖြတ်သန်းလာတဲ့အခါမှာ ဒီကိစ္စတွေကို အစိုးရဆိုတဲ့ Position မှာ ယူထားပြီးတော့ မဖြေရှင်းပေးနိုင်ဘူး၊ တာဝန်မယူပေးနိုင်ဘူးဆိုရင်တော့ လူထုက ဝေဖန်ပြောဆိုပြီးတော့ ထောက်ပြပြောဆိုနေတဲ့ဟာတွေက မမှားဘူးလို့ပြောရမှာဖြစ်တယ်။ ဒီအရာတွေကို Position ယူထားပြီး မလုပ်နိုင်ဘူးဆိုရင် ဝေဖန်ထောက်ပြမှုတွေက ရှိနေဦးမှာပဲ။ အားနည်းချက်တွေကတော့ အများကြီးရှိတယ်။ ဒီဝေဖန်ထောက်ပြမှုတွေကို ကျွန်မတို့ ကြိုဆိုပြီးတော့ ဆက်သွားရမယ်လို့မြင်တယ်။

တိုင်းရင်းသားတွေဘက်ကို ပြန်ကြည့်ရင်လည်း နှစ်ပေါင်း ၇၀ ကျော် စစ်တပ်အုပ်ချုပ်တဲ့ ဘဝမှာနေရတဲ့အခါ နိုင်ငံရေးရည်မှန်းချက်တွေနဲ့သော်လည်းကောင်း လူထုက ဒီတော်လှန်ရေးအင်အားစုတွေအပေါ်မှာ အများကြီး မျှော်လင့်ချက်ကြီးပါတယ်။ ဒါကြောင့်မို့ တစ်ခုခု လုပ်ဆောင်မှုမှာ လိုအပ်ချက် တစ်စုံတစ်ရာရှိသွားရင်လည်း စစ်တပ်နဲ့ အလားသဏ္ဍန်တူတယ်ဆိုတာမျိုး ခိုင်းနှိုင်းပြီးတော့ ပြောတာတွေရှိတယ်။ ဒါတွေက သတိချပ်ရမယ့် အကြောင်းအရာတွေဖြစ်တယ်။