မတ္တရာမှာ စစ်ကောင်စီစစ်ကြောင်းက အရပ်သားတစ်ဦးသတ်ဖြတ်ခဲ့ပြီး နေအိမ်အလုံး ၂၀ မီးရှို့ခဲ့
======================
RFA
May 4, 2024
မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ မေလ ၄ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ် ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ပြည်သူတစ်ဦးကို သတ်ဖြတ်သွားတာလို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုတောက်က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ သတ်ဖြတ်ခံရတဲ့ ပြည်သူကတော့ ရှားစေးချက်ရွာက ကိုဖိုးဖော် အမည်ရှိ အသက် ၃၀ ခန့် ပြည်သူအမျိုးသားတစ်ဦး အသတ်ခံရတာ ဖြစ်ပါတယ်၊ သူကတော့ စစ်ကောင်စီ စစ်ကြောင်းနဲ့တွေ့ပြီး သတ်ဖြတ်ခြင်းခံရတာ ဖြစ်ပါတယ်၊ မီးရှို့ခံရတာက ချောင်းတော်ဝကျေးရွာက စာသင်ကျောင်းအပါအဝင် နေအိမ်အလုံး ၂၀ မီးရှို့အဖျက်စီးခံရတာပါ"
မန္တလေးတိုင်း မတ္တရာမြို့နယ် ချောင်းတော်ဝကျေးရွာမှ မီးရှို့ဖျက်ဆီးခံထားရသည့် အဆောက်အဦတစ်ခုအား ၂၀၂၄ ခုနှစ် မေလ ၄ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုဘိုတောက်)
သတင်းအပြည့်အစုံ 👇👇👇

နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ပြီလို့ ကုလထုတ်ပြန်
======================
RFA
May 4, 2024
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့သူ သုံးသန်းကျော် ရှိလာပြီလို့ မေလ ၄ ရက်နေ့မှာ ကုလသမဂ္ဂရုံးက ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ၆ လအတွင်း ထွက်ပြေးလာသူအရေအတွက် သိသိသာသာ မြင့်တက်လာခဲ့တာလို့လည်း ဆိုပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းကစလို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရပြီး နိုင်ငံတစ်ဝန်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာတဲ့ အရပ်သားအရေအတွက်လည်း စံချိန်တင် မြင့်တက်ခဲ့တာလို့ ရေးသားထားပါတယ်။
စစ်ကြောင်းဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ခင်ဦးမြို့နယ်မှ ဒေသခံများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

Forwarded from BPLA
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနားသို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ပေးပို့သော သဝဏ်လွှာ
၂ဝ၂၄ခုနှစ်၊ မေလ(၅) ရက်
၂ဝ၂၄ခုနှစ်၊ မေလ(၅) ရက်
Forwarded from RSN WEB
DAILY HIGHLIGHTS (04 May 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ
သံတွဲမြို့ အနီးရှိ အုန်းမော်တောင် အနီးတဝိုက်၌ စစ်တပ်နှင့် ရခိုင်တပ်တော်တို့ တိုက်ပွဲ ပြင်းထန်နေ – KT
ဘူးသီးတောင်အခြေစိုက် စကခ(၁၅) ဌာနချုပ်အပါအဝင် ခြေမြန်တပ်ရင်း ၂ ခုကို AA သိမ်းပိုက် – MZM
ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ တောင်စွန်းစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၂၆ ဦးသေဆုံးခဲ့ပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သန့်ဇင်ဝင်း ထွက်ပြေး လွတ်မြောက် – KT
ဝန်ကြီးဌာနများသို့ အရပ်ဘက်ရာထူးများဖြင့် ပြောင်းရွှေ့သွားသော အသက် ၅၅ နှစ်အောက် စစ်အရာရှိဟောင်းများကို စစ်ကောင်စီက အရန်တပ်အားအဖြစ် ပြန်လည် ခေါ်ယူပြီး တိုက်ခိုက်ရေးတပ်များတွင် စစ်မှုထမ်းခိုင်းမည်ဟုဆို – KT
📰 နိုင်ငံခြားရေးထူးခြားသတင်းများ
စမတ်ကတ်မရှိသူများကို တရုတ်နိုင်ငံထဲဝင်ခွင့် တစ်ပတ်ကတ် ထုတ်မပေးတော့ဟုဆို – MPA
မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး – MKN
📰 ကျားဖြန့်
ကျားဖြန့်သမားတွေ မြဝတီကထွက်သွားဖို့ BGF အမိန့်ထုတ် – MKN
BGF က မြ၀တီမြို့ တစ်၀ိုက်တွင် Online လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံ ခြားသားများကို ၆ လအတွင်း ထွက်ခွာရန် အမိန့်ပေးမှု ကျားဖြန့် နှိမ်နင်းရေး မဟုတ်ဘဲ ဟန်ပြဟု နယ်စပ်သတင်းရင်းမြစ်များပြော – KT
📰 အခြားထူးခြားသတင်းများ
စစ်ခေါင်းဆောင်က ဗိုလ်မှူးကြီး ၁၉ ဦးကို နေရာပြောင်းရွှေ့ – DVB
တန့်ဆည်ပကဖတာဝန်ခံဟောင်းအမှု ပွင့်လင်းမြင်သာရန် မိသားစု တောင်းဆို – DVB
နယ်စပ်ဖြတ်ကျော်ရာတွင် လိုအပ်သည့် UID ကတ် အမြန်ပြုလုပ်ကြေး ငွေကျပ် ၁၀၀,၀၀၀ အထိ မြဝတီတွင် တရားမဝင် စျေးပေါက် – MZM
စစ်ခေါင်းဆောင်က ဘာသာပေါင်းစုံအဖွဲ့ကို မြေ ၂ ဧကစီပေးသည့်ကိစ္စ ပြန်ရုပ်သိမ်းရန် မဘသ တောင်းဆို – DVB
#rangoonscoutnetwork

ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးဌာနချုပ်နှင့် တပ်ရင်း ၂ ရင်းကို AA သိမ်းပိုက်
======================
Myanmar Now
May 5, 2024
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခြေမြန်တပ်ရင်း ၂ ရင်းတို့ကို သိမ်းပိုက်လိုက်ကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ (မေ ၅) နံနက်တွင် သတင်းထုတ်ပြန်သည်။
မေယုမြစ်နှင့် စိုင်းဒင်ချောင်းကြားတွင် တည်ရှိသည့် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ကို မေလ ၂ ရက်နေ့တွင် သိမ်းပိုက်ပြီး ထိုဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၅၅၆ ကို ဧပြီ ၂၄ တွင်၊ ခမရ ၅၅၁ ကို မေလ ၃ ရက်နေ့တွင် သိမ်းပိုက်သည်ဟု ဖော်ပြသည်။
#MyanmarNow #Rakhine #butheedaung #ဘူးသီးတောင်

Forwarded from People's Spring
KIA ယနေ့သိမ်းပိုက်သည့် စစ်ကောင်စီ တပ်စခန်း ၁၂ခုအထိရှိဟု စစ်ရေးသတင်းရင်းမြစ်ပြော
▪️မတ်လ ၇ရက် စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီ တပ်စခန်း ၈၀ကျော်သိမ်းရထားဟု အသိပေး
ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နှင့် ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ မေလ ၅ရက်တွင် သိမ်းပိုက်ရရှိခဲ့ရာ ညနေပိုင်းအထိ တပ်စခန်း ၁၂ခုထိရှိလာပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဆွမ်ပရာဘွမ်၌ နောက်ဆုံးကျန်နေသည့် ခလရ(၄၆)တပ်စခန်းကို KIAက မတ်လလယ်ကတည်းက တိုက်ခိုက်ခဲ့ရာ တစ်လခွဲကျော်အကြာ မေလ ၅ရက် နံနက်အစောပိုင်း၌ အပြီးသတ် သိမ်းနိုင်ခဲ့သည်ဟုဆိုသည်။ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကိုလည်း KIAက ယမန်နေ့ ညနေပိုင်း၌ ထိုးစစ်ဆင်ခဲ့ရာ တစ်ရက်ပင်မကြာဘဲ တပ်စခန်းများ ကာကင်းစခန်းများသိမ်းပိုက်ရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးထားသည်။
ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယနေ့ မေလ ၅ရက်တွင် သိမ်းရခဲ့သည့်တပ်စခန်း အရေအတွက်များကို ဖော်ပြခဲ့ရာ ဆွမ်ပရာဘွမ် တပ်စခန်း၊ အင်ခရမ်တပ်စခန်း၊ ဂမ်ဂယာတပ်စခန်း၊ ဆမား တပ်စခန်း၊ ကဂမ်တပ်စခန်း၊ ပုန်းလိမ်တပ်စခန်း၊ ရှန်ခေါင်တပ်စခန်း ၊ ငါ့ဂယာန်စခန်းအပါအဝင် တပ်စခန်း ၁၂ခု သိမ်းရထားသည်ဟု ဖော်ပြသည်။
ထို့ပြင် မတ်လ ၇ရက်မှ အရှိန်မြှင့်ခဲ့သည့် KIA၏ ထိုးစစ်ဆင်မှု ကြောင့် ယခု မေလအထိ နှစ်လအတွင်း စစ်ကောင်စီတပ်စခန်း ၈၀ကျော်ကို KIAက သိမ်းပိုက်ရရှိထားသည်ဟု အသိပေးသည်။
အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဝိုင်းမော်ရှိ စစ်ကောင်စီစခန်း ၇ခုသိမ်းရခဲ့ကြောင်း ပြောပြသည်။
" ဆမားကုန်း၊ ပုန်းလိမ်ကုန်း၊ ကဂမ်ဘွမ်၊ ဂမ်ဂယာစခန်း၊ အင်ခရမ်စခန်း၊ ငါ့ဂယာန်စခန်း၊ လိုင်ဖောင်စခန်း ဒီနေ့သိမ်းလိုက်ပြီ။ စခ သေစာရင်း မသိရသေး။ လက်နက်ခဲယမ်းတွေတော့ အများကြီးရတယ်"ဟု ကချင်သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
ဆမားတပ်စခန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးသူများထဲ၌ ဒုဗိုလ်မှူးကြီးအဆင့် အရာရှိ ပါဝင်ပြီး စစ်သုံ့ပမ်းများလည်း ဖမ်းဆီးရမိကြောင်း အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဝိုင်းမော်မြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများ၌ စစ်ကောင်စီဗျူဟာကုန်းနှင့် တပ်စခန်းကြီးများ အပြင် ကာကင်းစခန်းငယ်များကိုပါ KIAက သိမ်းပိုက်ထားသည်ကို စစ်ရေးသတင်းရင်းမြစ် က အသိပေးထားသည်။
ယမန်နေ့ကတည်းက ထိုးစစ်ဆင်နေသည့် ဂိဒွန် တပ်စခန်းကို သိမ်းပိုက်နိုင်ရေးတိုက်ပွဲ ဆက်ဖြစ် နေဆဲဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီတပ်စခန်းများ တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေမှုကို အတည်ပြုပြီး ယနေ့ညနေပိုင်းအထိ တိုက်ပွဲများ ဆက်ရှိနေကြောင်း ပြောသည်။
" ဝိုင်းမော်မြို့နယ်ထဲက ကဂမ်ဘွမ်၊ အင်ခွမ်ဘွမ်၊ ဂိဒွန်တောင်၊ ဆမား၊ ပုန်းလိမ်တောင်နဲ့ ငကျန်းတောင်တကြောလုံးမှာ တပ်တည်ထားတဲ့ စကစရဲ့ တပ်စခန်းတွေကို မနေ့ကနေ စပြီးမှ ကျနော်တို့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဝင်တိုက်တာ ဖြစ်ပါတယ်။အခုထက်ထိ တိုက်ပွဲကတော့ ဖြစ်နေဆဲဖြစ်ပါတယ်"ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စခန်းသိမ်းနိုင်မှုမရှိသေးကြောင်းနှင့် ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ KIA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူအနေဖြင့် မြေပြင်စစ်ဘက်မှ တရားဝင် သတင်းပေးပို့ရရှိမှသာ တပ်စခန်း သိမ်းနိုင်မှုကို အတည်ပြုဖြေကြားလေ့ရှိသည်။
KIAက ယနေ့ သိမ်းပိုက်ရရှိထားသည့် တပ်စခန်း အချို့၏ ရုပ်သံမှတ်တမ်းကိုလည်း စစ်ရေးသတင်းရင်းမြစ်အချို့က လူမှုကွန်ရက်တွင် ဖော်ပြ အသိပေးထားသည်။

Forwarded from ခိုဖြူ Khophyu
May4-5 Khophyu 8PM
-ခလရ-၄၆ကို သိမ်းပြီး ဆွမ်ပရာဘွမ်ကို KIA ထိန်းချုပ်
-ဝိုင်းမော် ငါးဂျန်ပင်မစခန်းအပါ စခန်း၃ခု KIAသိမ်း
-ဘူးသီးတောင် စကခ-၁၅၊ ခမရ-၅၅၆နဲ့ ၅၅၁ ကို AAသိမ်း
-ဖားဆောင်း ခလရ-၁၃၅ စခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ
-စစ်ရေးဖြင့်သာ ဖြေရှင်းတော့မည်ဟု SSPP သတိပေး
-စကစ တပ်မမှူး၁ဦး ဖာပွန်မှာ မိုင်းထိပြီးသေ
-ဒေါနတောင်ပေါ်တိုက်ပွဲ၌ စကစရင်းမှူးသေ
-ခမရ-၁ မှ စစ်ကြောင်းတကြောင်း DKBA ထံ ခိုလှုံ
-စကစနယ်ခြားစောင့်ရဲ ၄၀ ဘင်္ဂလားဒေ့ရှ်ဘက် ပြေးပြန်
-စကစဗိုလ်မှူးကြီး ၁၉ ဦးကို နေရာရွှေ့
-မြဝတီက ကျားဖြန့်တွေ ၅လအတွင်းထွက်ဖို့ BGF သတိပေး

Forwarded from MPANews
မဲဆောက်မြို့က တော်လှန် စိုက်ခင်းလေး
5 May 2024 By MPA CJ 018 (ရုပ်သံ)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ တော်လှန်ရေး ရဲဘော်ဟောင်းလူငယ်တွေစုပြီး စတင်လုပ်ဆောင်နေတဲ့ စိုက်ခင်းလေးတစ်ခုရှိပါတယ်။ အဲ့ဒီ စိုက်ခင်းလေးကို လူငယ်လေးဦးကနေ ဦးဆောင်ပြီး မြေနေရာငှားရမ်း လုပ်ဆောင်နေတာပါ။
သူတို့အနေနဲ့ တော်လှန်ရေး ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်နေရာကနေ ကျန်းမာရေးအခြေအနေကြောင့် မဲဆောက်မြို့ကို လာရောက်နေထိုင်ခဲ့ရတာဖြစ်ပြီး အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ကိုယ်ပိုင်စိုက်ခင်းလေးထူထောင်ဖို့ အကြံရခဲ့ပါတော့တယ်။
Youtube တွင်ကြည့်ရှုရန် >>> https://youtu.be/4F1C9C1fmyE

YouTube
မဲဆောက်မြို့က တော်လှန် စိုက်ခင်းလေး
မဲဆောက်မြို့က တော်လှန် စိုက်ခင်းလေး
5 May 2024 By MPA CJ 018 (ရုပ်သံ)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ တော်လှန်ရေး ရဲဘော်ဟောင်းလူငယ်တွေစုပြီး စတင်လုပ်ဆောင်နေတဲ့ စိုက်ခင်းလေးတစ်ခုရှိပါတယ်။ အဲ့ဒီ စိုက်ခင်းလေးကို လူငယ်လေးဦးကနေ ဦးဆောင်ပြီး မြေနေရာငှားရမ်း လုပ်ဆောင်နေတာပါ။…

DAILY HIGHLIGHTS (05 May 2024)
•••••••••••••••®•••••••••••••••
📰 စစ်ရေးထူးခြားသတင်းများ
ဘူးသီးတောင် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု တပ်မဌာနချုပ် အပါအဝင် တပ်ရင်း ၅ ခု ၊ မောင်တောမှ စစ်စခန်းဌာနချုပ် ၄ ခု အပါအဝင် စစ်ကောင်စီတပ်စခန်းကြီး ၉ ခုထက်မနည်းကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိ – KT
AA ၏ တိုက်ခိုက်မှုကြောင့် မြန်မာ စစ်တပ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀ ဦး ဘင်္ဂလားဒေ့ရှ်ထဲသို့ လက်နက်များဖြင့် ထွက်ပြေး၊ လက်နက်များဖြုတ်သိမ်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးကို ဘင်္ဂလားဒေ့ရှ်က ထိန်းသိမ်းထား – KT
စစ်ကောင်စီ ဘူးသီးတောင်တပ်မဌာနချုပ် နဲ့ တပ်ရင်းလေးခုကို သိမ်းယူနိုင်ကြောင်း AA ထုတ်ပြန် – RFA
ဆွမ်ဘရာဘွမ်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာစစ်စခန်းကြီးကို KIA က အပြီး သတ်တိုက် ခိုက်သိမ်းပိုက် – KT
ခမရ(၁)၏ ဒုတပ်ရင်းမှူးဦးဆောင်သော စစ်ကြောင်းတစ်ကြောင်းလုံး DKBAထံ ပူးပေါင်း – PS
လိုအပ်ပါက မိုးကျရွှေကိုယ်များကိုပါ အရန်တပ်ဖွဲ့ အင်အားအဖြစ်ထားရှိ၍ စစ်မှုထမ်းဆောင်ခိုင်းမည် – AT
📰 နိုင်ငံခြားရေးထူးခြားသတင်းများ
ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှု ICJ အမြန်ဆုံးဖြတ်ချက်ချဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာ မျှော်လင့် – RFA
ကျောက်ဖြူသို့ တရုတ် ၃၀၀ ကျော်ရောက်လာ၊ အမ်းတွင် လေကြောင်းတိုက်ခိုက်သဖြင့် လူငယ် ၁ ဦးသေ – DVB
📰 အခြားထူးခြားသတင်းများ
စစ်ကောင်စီကို မီတာခမသွင်းသော မီတာအလုံးရေလေးသိန်းကျော်ရှိ၊ စစ်ကောင်စီက ထိုမီတာ ၄သိန်းကျော်ကိုဓါတ်အားဖြတ်တောက်ပြီး ခြောက်သောင်းကျော်ကိုဖြုတ်သိမ်း – PS
NUGတွင် လွတ်မြောက်နယ်မြေ ရှိနေပြီဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောဆို။ ၃ နှစ်အတွင်း တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ အမာခံတိုက်ခိုက်ရေးအင်အား ၃ ပုံ ၂ ပုံခန့် ယိုယွင်းပြုန်းတီးသွားပြီဟုဆို – KT
PDF နှင့် ပကဖ သုံးနှစ်အတွင်း အလျင်အမြန် ရင့်ကျက်လာဟု NUG ကာကွယ်ရေးဝန်ကြီးပြော – PS
"NUG အုပ်ချုပ်ရေးယန္တရားအတွင်းက ပျက်ယွင်းနေတဲ့ ခွေးသွားစိပ်' – BVJ

Breaking News:
ဖားဆောင်းတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ် ၁ စီးကို ကရင်နီပူးပေါင်းတပ်များပစ်ချ
စောရယ် ၊ မေ ၆ ၊ ၂၀၂၄
ကရင်နီ (ကယား) ပြည်နယ် ၊ ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစီးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များဘက်က မေလ ၆ ရက် တွင် ပစ်ချလိုက်နိုင်ကြောင်း ကရင်နီတပ်မတော် (KA) ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က Myanmar Now ကိုပြောသည်။
အပြည့်အစုံ 👇🏻👇🏻👇🏻

Forwarded from AA Info Desk
Media is too big
VIEW IN TELEGRAM
အာရက္ခတပ်တော်မှ ကာလအတန်ကြာဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသော ဘူးသီးတောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၁၅) တပ်မဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အပြတ်အသတ်ရှုံးနိမ့်ကာ လုံးဝမလွတ်မြောက်နိုင်သည့် အခြေအနေ၌ လက်နက်ချအညံ့ခံခဲ့၍ အသက်ချမ်းသာရာရခဲ့သော ဘူးသီးတောင် စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ၎င်းတို့၏ တပ်မိသားစုဝင်များအား ၂၀၂၄ ခုနှစ်၊ မေလ (၄) ရက်နေ့၌ တွေ့ရသော ရုပ်သံမှတ်တမ်း
The video record of the deputy commander of MOC 15, the SAC soldiers and their families after a certain period of siege on MOC 15 by Arakan Army and its final assault in which SAC soldiers faced total defeat and surrendered
驻扎在布迪当市的恐怖主义军管委萨嘎卡(15)师总部 长期被阿拉卡军(若开军)围困切断并进攻后彻底战败,在根本无法逃脱的情况下于2024年5月4日投降获生的布迪当萨嘎卡(15)师总部包括副师长在内的军管委成员和其家属的视频记录

Forwarded from မြေလတ်အသံ - Myaelatt Athan
စစ်ရှောင်ကလေးငယ် ၁၈၀ ကျော်စာသင်နေတဲ့ "သုည" Federal School လေကြောင်းနဲ့ ဗုံးကြဲခံရ (ရုပ်/သံ)
ပေါက်၊ မေ ၆၊ ၂၀၂၄။
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကကျေးရွာတရွာမှာ စစ်ရှောင်ကလေးငယ် ၁၈၀ ကျော်စာသင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG လက်အောက် "သုည" Federal School စာသင်ကျောင်း လေယာဉ်နဲ့ပေါင် ၅၀၀ ဗုံးကြဲခံရတယ်လို့ ကျောင်းတာဝန်ရှိသူတွေထံက သိရပါတယ်။
မေ ၄ ရက် ည ၇ နာရီကျော်မှာ စစ်တပ်တိုက်လေယာဥ်က စာသင်ကျောင်းတည်ရှိရာ ကျေးရွာဝန်းကျင်ကို ပေါင် ၅၀၀ ဗုံး ၄ လုံးကြဲချခဲ့ရာ စာသင်ဆောင်တွေနဲ့ စာသင်ဆောင်အနီးလမ်းပေါ်ကို ၂ လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
စာသင်ဆောင်ပေါ် ဗုံးကျရောက်ပေါက်ကွဲလို့ စာသင်ဆောင်အားလုံးပျက်စီးသွားသလို အနီးရှိ နေအိမ် ၂ လုံးပါ ပျက်စီးသွားပြီး အသက် ၅၀ ကျော်အမျိုးသား ၁ ဦးဟာ တင်ပါးအပါအဝင် ခန္ဓာကိုယ်တွေမှာ ဗုံးစမှန်ဒဏ်ရာရသွားပါတယ်။
“ ထိတွေ့မရှိဘဲ လာပစ်သွားတာ။ စာသင်ကျောင်းကတော့ ပြင်းပြင်းထန်ထန်ကို ပျက်စီးသွားတာ။ ထိသွားတဲ့ရွာသားတယောက်ကလည်း အခုဆေးဝါးကုသမှုခံယူနေတယ်။ ကျန်တဲ့ရွာတွေဘက်ကတော့ နေအိမ်တွေထိမှန်သွားတယ် အများကြီးတော့မဟုတ်ဘူး ” လို့ ပေါက်ပကဖအဖွဲ့ဝင် ကိုစစ်က ပြောပါတယ်။
ဗုံးကြဲခံရတာကြောင့် ဒေသခံတွေနဲ့ စာသင်ကြားနေတဲ့ကလေးငယ်တွေ စိုးရိမ်ကြောက်လန့်နေကြပြီး အခြားကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရလို့ စာသင်ဆောင်ပြန်လည်တည်ဆောက်ဖို့နဲ့ စာသင်ကြားဖို့ အခက်ခဲပေါင်းများစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
အဆိုပါစာသင်ကျောင်းဟာ စစ်ရှောင်ကျေးရွာ ၃ ရွာနဲ့ပျူစောထီးလက်အောက်ကနေထွက်ပြေးလာတဲ့ မိသားစုဝင်တွေရဲ့ကလေးငယ် စုစုပေါင်း ၁၈၀ ကျော်ကို KG ကနေ Gread 10 ထိသင်ကြားပေးနေတဲ့ကျောင်းဖြစ်ပြီး CDM ဆရာ/ဆရာမ ၅ ဦး၊ လုပ်အားပေး ဆရာ/ဆရာမ ၁၀ ဦး နဲ့ သင်ကြားနေကြတယ်လို့ သိရပါတယ်။
၂၀၂၂ အောက်တိုဘာလအတွင်းက စစ်ကောင်စီစစ်ကြောင်းဟာ အဆိုပါကျေးရွာအတွင်းဝင်ရောက် မီးရှို့စဥ်ကလည်း နေအိမ်တွေနဲ့အတူ "သုည" Federal School စာသင်ဆောင်တွေပါ မီးရှို့ခံခဲ့ရလို့ ဒေသခံပြည်သူတွေရဲ့ ဝိုင်းဝန်းကူညီထောက်ပံ့ပေးမှုနဲ့ ယခင်နှစ် ဇူလိူင် ၁၉ ရက်မှာ ကျောင်းဆောင်အသစ်တွေပြန်လည်တည်ဆောက်ကာ စာသင်ကြားပေးနေတာဖြစ်ပါတယ်။
သတင်း - ကျော်ကြီး၊ နန်းခမ်း ၊ စာတည်း - ဟိန်းစံ၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မကွေး #ပေါက် #သုညFederalSchool #စစ်တပ် #လေကြောင်းတိုက်ခိုက်
https://youtu.be/Hsa2tSAEliA

စစ်ရှောင်ကလေးငယ် ၁၈၀ ကျော်စာသင်နေတဲ့ "သုည" Federal School လေကြောင်းနဲ့ ဗုံးကြဲခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကကျေးရွာတရွာမှာ စစ်ရှောင်ကလေးငယ် ၁၈၀ ကျော်စာသင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG လက်အောက် "သုည" Federal School စာသင်ကျောင်း…