MSI - MYANMAR SECRET INFORMATIONS
27K subscribers
88K photos
3.39K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
ကျောင်းကုန်းမြို့ မူလတန်းကျောင်းမှ ဒုတိယတန်းကျောင်းသား ၂ ဦးတွင် ကိုဗစ်ပိုး ပထမဆုံး ပြန်လည်တွေ့ရှိ

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းမှ ဒုတိ ယတန်း ကျောင်းသား၂ ဦးတွင် ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့က ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ရှိ မြို့နယ် ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီမှ ကိုဗစ်ကူးစက်မှုများပြားနေသည့် ၄၆ မြို့နယ်မှအပ ကျန်မြို့နယ်များတွင် ကိုဗစ်ကူးစက်မှု ၅ ရာခိုင်နှုန်းအောက်ရောက်ရှိနေပြီဟုဆိုကာနိုဝင်ဘာလ ၁ရက်နေ့တွင်စာသင်ကျောင်း များအားလုံး ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ဒုတိယပတ်အတွင်း၌ပင် ကျောင်းတက်ရောက်နေသည့် ကလေးငယ် ၂ ဦးတွင် ကိုဗစ်ရောဂါပိုးပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

#ကျောင်းကုန်း #ဒုတိယတန်း #ကျောင်းသား ၂ ဦး #ကိုဗစ်ပိုး #တွေ့ရှိ #AyeyarwaddyTimes