MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
စစ်တပ်ယာဥ်တန်းကိုတိုက်ခိုက်ပြီး ရလာတဲ့ရိက္ခာတွေကို မီးဘေးသင့်ပြည်သူတွေထံ ထောက်ပံ့

ကံမ၊ ဧပြီ ၁၂၊ ၂၀၂၄။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းမှာ စစ်တပ်ရိက္ခာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ရရှိလာတဲ့ ရိက္ခာတွေကို မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ပခုက္ကူမြို့နယ်အတွင်းက မီးဘေးသင့်ကျေးရွာတွေနဲ့ပြည်သူတွေကို ဧပြီ ၁၁ ရက် မနေ့က ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး အခြေခံစားကုန်တွေဖြစ်တဲ့ ဆန်၊ ဆီအပြင်အခြားစားကုန်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

" ရိက္ခာတွေတန်ဖိုးတော့ သေချာမသိရသေးပါဘူး။ ရွာအမည်တွေကတော့ လုံခြုံရေးအရထုတ်ပြောလို့ မရတာပေါ့နော်။ မီးဘေးသင့်ပြည်သူတွေ စားဖို့ခက်ခဲနေလို့ ဝေမျှပေးခဲ့တာပါ " လို့ ပခုက္ကူမြို့နယ် ပအဖတာဝန်ခံ ကိုကျော့ဖေက မြေလတ်အသံကို ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.facebook.com/myaelattathanbroadcasting/posts/pfbid08LvvxDQVQcQrEMx997vJHwQ25EUKhpVo6JQspjEPciu8Nu3e3mCoMU3hbiTYF13nl
PDF ထောက်ပို့လုပ်တယ်ဆိုကာ ခြောက်နှစ်အရွယ်ကလေး ၂ ဦးအပါ မိသားစု ၂ စုကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ်ကိုလည်း မီးရှို့

ပေါင်းတည်၊ ဧပြီ ၁၂၊ ၂၀၂၄။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ PDF ကို ထောက်ပို့လုပ်တယ်ဆိုကာ ခြောက်နှစ်အရွယ်ကလေး ၂ ဦးနဲ့ မိသားစု ၂ စုကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး နေအိမ်ကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမတောင်ခြေရှိ ရုပ်ဆိုင်ရွာမှာ ဧပြီလ ၁၁ ရက် မနက်ပိုင်းကစတင်ကာ ရွာသား ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာ ၁၅ ဦးကိုပြန်လွှတ်ခဲ့ပေမယ့် မိသားစု ၂ စု ကို ဆက်ဖမ်းထားကာ သူတို့နေအိမ် ၂ လုံးကိုမီးရှို့ခဲ့တာလို့ ဆိုပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/PDFထောက်ပို့လုပ်တယ်ဆိုကာ_ခြောက်နှစ်အရွယ်ကလေး၂ဦးအပါ_မိသားစု၂စုကို_စစ်တပ်ကဖမ်းဆီးပြီးနေအိမ်ကိုလည်းမီးရှို့
နယ်စပ်တည်ငြိမ်ရေး ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း KNU ကြေညာ
======================

RFA
April 12, 2024

ထိုင်း-မြန်မာနယ်စပ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်တည်ဆောက်ဖို့အတွက် ထိုင်းအစိုးရ၊ နယ်စပ်အခြေစိုက်ကရင်အဖွဲ့အစည်းအစည်းတွေအပါအဝင် ပြည်တွင်းပြည်ပ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတယ်လို့ ဧပြီလ ၁၂ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနဲ့ ကရင်ပြည်နယ် နယ်စပ်နှစ်ဖက်စလုံးမှာနေထိုင်တဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံဖို့၊ နယ်စပ်တည်ငြိမ်ဖို့နဲ့ လူသားချင်း စာနာထောက်ထားတဲ့အကူအညီတွေ ရရှိဖို့ကို အလေးထား လုပ်ဆောင်သွားမယ်လို့လည်း KNU က ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ တံတားအနီးတွင် စောင့်ကြပ်နေသည့် ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

သတင်းအပြည့်အစုံ 👇👇👇
Forwarded from AA Info Desk
ရက္ခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂) ရက်

ရက္ခိုင်ပြည်၊ မောင်တောမြို့ ၌ အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးအား အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်။

အာရက္ခတပ်တော်အနေဖြင့် ၎င်းစခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အဆိုပါစခန်းအား လချီ၍ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ( ၂၃) ရက်တွင်မှ ထိုးစစ်အား အရှိန်အဟုန်မြှင့်တင်လျက် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အာရက္ခစစ်သည်တော်များ၏ ပြောင်မြောက်သော စွမ်းဆောင်ရည်၊ တိုက်ရည်ခိုက်ရည်၊ သတ္တိ၊ အမိန့်နာခံမှု၊ အချိတ်အဆက်ကောင်းမှု၊ အမိန့်၊ တာဝန်တို့အား ဆင့်ကဲလိုက်နာနိုင်မှုတို့အပေါ် အာရက္ခတပ်တော်၊ စစ်ရုံးချုပ်အနေဖြင့် အလေးအနက်အသိအမှတ်ပြုအပ်ပါသည်။ ဤ စခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များကိုလည်း လေးနက်စွာဂါရဝပြုအပ်ပါသည်။

ဤကြိမ်ချောင်း ဗျူဟာကုန်းသည် နခခ (၇) ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၄၀၀) ခန့်နှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ (၁၅၀) ခန့်ရှိသော စခန်းကြီးတစ်ခုဖြစ်သည်။ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုး နှင့် ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင် တို့ ဦးဆောင်ပြီး မိမိတို့၏ ထိုးစစ်အား အသည်းအသန် ခုခံနေသောဗျူဟာစခန်းကြီးတစ်ခုဖြစ်သည်။

ကြိမ်ချောင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းအမြောက်အမြား၊ သုံ့ပန်းတချို့ နှင့် ၎င်းတို့၏ မိသားစုဝင်တချို့ကို ဖမ်းဆီးရမိခဲ့သည်။ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ယခင်ရက်များ၌လည်း ရက္ခိုင်ဒေသအတွင်း၌ တိုက်ပွဲများရှိခဲ့ပြီး အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ၌ အဓိက ဖြစ်ပွားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်၊ ညနေ (၃) နာရီ (၄၀) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ အင်အား (၅၀) ခန့်ပါစစ်ကြောင်း နှင့် အာရက္ခတပ်တော်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည် မြေပြင်လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့ကို အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲသည်အချိန် တိုတောင်းသော်လည်း ပြင်းထန်ခဲ့သည်။

နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် အထိအခိုက် အကျအဆုံးများဖြင့် နပခဌာနချုပ်ရှိရာအမ်းသို့ ပြန်လည်တပ်ဆုတ်သွားခဲ့သည်။ တိုက်ပွဲအတွင်း မိမိတို့ဘက်မှလည်း ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၁) ရက် နံနက် (၁၁) နာရီ (၂၀) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက် မီတာ (၁၀၀၀) ခန့်အကွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကြိုကြားကြိုကြားတိုက်ပွဲများနှင့်အတူ ညနေ (၄) နာရီအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ မျက်မြင် (၅) ဦး သေဆုံးကာ (၁၀) ဦးခန့်ဒဏ်ရာရရှိခဲ့သည်။ မိမိတို့ဘက်မှလည်း အလတ်စားဒဏ်ရာရှိသူများရှိခဲ့သည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်၊ ညနေ (၆) နာရီ (၁၅) မိနစ်အချိန်တွင် မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် (၂.၅) ကီလိုမီတာခန့်အကွာ (ဘူးသီးတောင်-မောင်တောကျော်လမ်း) တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ (၁) နာရီနားပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ (၆) သေဆုံးပြီး (၈) ဦးခန့်ဒဏ်ရာရရှိခဲ့သည်။

မိမိတို့အနေဖြင့် ယခင်ထုတ်ပြန်ပြောထားပြီးဖြစ်သည့်အတိုင်း လက်နက်ချအညံ့မခံသေးသောအကြမ်းဖက် စစ်ကောင်စီ၏ စခန်းတိုင်းကို တစ်ခုပြီးတစ်ခု ယခုကဲ့သို့ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည်။ တဆက်တည်းပြောလိုသည်မှာ ကြိမ်ချောင်းဗျူဟာကဲ့သို့ လက်နက်ချအညံ့မခံသော စခန်းများအနေဖြင့် အမြန်ဆုံးလက်နက်ချရန် ထပ်မံသတိပေးလိုက်သည်။

အာရက္ခတပ်တော်သည် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ် နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
Media is too big
VIEW IN TELEGRAM
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကယန်းသာယာကျေးရွာမှာ ၂၄ ကြိမ်မြောက် ကယန်းအမျိုးသားနေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ KNPP ဥက္ကဋ္ဌ ခူအူးရယ်ရဲ့ မိန့်ခွန်းရုပ်သံ

၂၀၂၄ ဧပြီ ၁၁

ပြည်သူ့ညီလာခံထဲက NLD ထွက်သွားတယ်၊ NUG ထွက်သွားတယ်၊ CRPH ထွက်သွားတယ်တဲ့ ... ကျွန်တော်ကတော့ ရင်လေးတယ်.. နိုင်ငံရေးသမားတွေက နိုင်ငံရေးစကား မပြောဘဲ လေပဲပွားနေတာကျနော်မကြိုက်ဘူး..

NUG CRPH NLD က မသေချာပေမယ့် ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ ဆက်ရှိနေအုံးမှာပဲ...
သင်္ကြန်အကြိုနေ့ နံနက်တွင် ဝါးတောမကျေးရွာကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်း ၊ နီးစပ်ရာကျေးရွာများမှ ပြည်သူများပါ ထွက်ပြေး‌တိမ်းရှောင်နေရ
ဧပြီ ၁၃ | အရာတော်

ယနေ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ နံနက် ၄ နာရီကျော်ခန့်က အရာတော်မြို့ စ.ခ.တ (၁၀)မှ စစ်ကား (၉) စီးဖြင့် ထွက်လာသော စစ်ကောင်စီတပ်သား အင်အားအများအပြားက လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ကာ ဝါးတောမကျေးရွာအနီးသို့ ရောက်ရှိလာသည်။

စစ်ကောင်စီတပ်များ အများအပြားရောက်ရှိလာပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဝါးတောမကျေးရွာနှင့် နီးစပ်ရာကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယမန်နေ့များက မုံရွာ န.မ.ခ မှ စစ်ကားများဖြင့် အရာတော် စ.ခ.တ (၁၀) အတွင်းသို့ စစ်သားအင်အားအများအပြား ထပ်မံအင်အားဖြည့်တင်းထားသည်။ မနေ့က မုံရွာ-အရာတော်လမ်းတလျှောက်တွင် စစ်သားအင်အားလာဖြည့်သော စစ်ကားများ တိုက်ခိုက်ခံရပြီး စစ်သားထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

နှစ်သစ်ကူးအချိန်တွင် မြန်မာလူမျိုးတို့သည် ဘုရားသွား၊‌ေကျာင်းတက်၍ ကုသိုလ်ကောင်းမှုများလုပ်ကာ နေအိမ်တွင် မိသားစုများ ပြန်လည်ဆုံစည်းကြသောအချိန်အခါ ဖြစ်သော်လည်း အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ရွာပေါင်းများစွာမှ ထောင်နှင့်ချီသော ပြည်သူတို့မှာ ပူပြင်းလှသော အညာနွေတွင် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

ဆက်လက်တင်ပြပေးပါမည်။

Subscribe Ayadaw Post on Telegram :
https://t.me/ayadawpost

သတင်းများပေးပို့ရန် ကင်းထောက်ချယ်နယ် :
https://t.me/ayadawscouts

#AyadawPost #အရာတော်ပို့စ် #စစ်ကြောင်းထိုး #အရာတော် #ဝါးတောမ #သင်္ကြန်
💙ဗကသနဲ့ မဟာမိတ်တွေက ရန်ကုန်မှာ ပြည်သူလူထုကို မုန့်လုံးရေပေါ်တွေ ဝေငှပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်

ဗကသများအဖွဲ့ချုပ်၊ တာမွေမြို့နယ်သပိတ်ကော်မတီ (TSC)၊ မင်္ဂလာတောင်ညွန့်သပိတ်ကော်မတီ (MGTN GSC)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ Owl Community၊ Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF) နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ) တို့ ပူးပေါင်းပြီး ရန်ကုန်လူထုကို ဒီကနေ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ မုန့်လုံးရေပေါ်တွေ အာဏာရဒါနဖြစ် ဝေငှခဲ့ပါတယ်။

အဆိုပါလှုပ်ရှားမှုမှာ မတရားစစ်မှုထမ်းဥပဒေ အပါအဝင် ပြည်သူလူထု တရပ်လုံးအပေါ် ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို လူထုရဲ့စုပေါင်းအားနဲ့ တခဲနက် ဆန့်ကျင်တိုက်ဖျက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းလှုံ့ဆော်ခဲ့ကြပါတယ်။

ဧပြီ ၁၃၊ ရန်ကုန်

#abfsu #ဗကသ #OCTOPUS #ရေဘဝဲ
#မတရားစစ်မှုထမ်းဥပဒေ #သင်္ကြန် #မုန့်လုံးရေပေါ်
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from RSN WEB
DAILY HIGHLIGHTS (12 Apr 2024)
•••••••••••••••®•••••••••••••••
ဧပြီ ၁၃၊ ၂၀၂၄

📰 ရန်ကုန်ထူးခြားသတင်းများ


ရန်ကုန်တွင် ဗကသများအဖွဲချုပ်နှင့်မဟာမိတ်များမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်။– NDOPSC

ရန်ကုန်နှင့် မြို့ကြီးများရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် ပြုလုပ်သည့် Private သင်္ကြန်ပွဲတော် များပြားလာပြီး လက်မှတ်တစ်စောင်လျှင် ကျပ်သိန်းချီတန်ကြေးရှိ – Ayeyarwadddy Times

ရန်ကုန်တွင် သွေးစွန်းနေသော ပိတောက်ပန်းများကိုင်၍ အာဏာရှင်စနစ်အောက်တွင် နစ်မျော မေ့လျော့နေသူများကို လှုဆော် အသိပေးသည့် လှုပ်ရှားမှု ပြုလုပ် – KT

📰 စစ်ရေးထူးခြားသတင်းများ

ခလရ ၂၇၅ တပ်ဖွဲ့ဝင်များ ရှိနေသော အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်တွင် ဒရုန်းဖြင့် ဗုံးကျဲမှု ဖြစ်ပွားပြီး စစ်တပ်ကလည်း ခလရ ၂၇၅ ကို ဗုံးကျဲ၊ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကူစောင့်နေပုံရ – KT

မြ၀တီအမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ စစ်ဆင်ရေးအဖွဲ့ တို့အကြား အဆက်အသွယ် ရရှိသွားပြီး ချိတ်ဆက် အမိန့်ပေး ညွှန်ကြားမှုရှိနေ – KT

မြို့ကို အလုံးစုံထိန်းချုပ်ရန်အတွက် ဖာပွန်ဗျူဟာကို KNU တပ် ဆက်လက်တိုက်ခိုက် – MZM

ဖားဆောင်းမြို့သို့ စစ်ကူလာသည့် စစ်တပ် စစ်ကြောင်း တစ်ခုလုံး တိုက်ခိုက်ခံရ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၅၈ ဦး အရှင်ဖမ်းမိ – KT

ရခိုင်ပြည်တွင် စစ်ကောင်စီက လေကြောင်း ဗုံးကျဲလာနိုင်၍ သင်္ကြန်ကာလ လူစုလူဝေး မလုပ်ကြရန် ရခိုင့်တပ်တော် - AA မေတ္တာရပ်ခံ – KT

ဒုစစ်ခေါင်းဆောင် စိုးဝင်း ဒရုန်းတိုက်ခိုက်မှုကြောင့် ရရှိသော နောက်ဆက်တွဲ ဒဏ် ရာ များအတွက် အိန္ဒိယမှကျွမ်းကျင် ဆရာဝန်တချို့ပင့်၍ ဆေးဝါး ကုသမှု ခံယူခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်စရာမရှိ – KT

📰 နိုင်ငံရေးထူးခြားသတင်းများ

NUCC ပြည်သူ့ညီလာခံ အတွက် - KNPP ဥက္ကဌ ခူးဦးရယ် ပြောပြချက် – THN

ဒုတိယအကြိမ်၊ ပြည်သူ့ညီလာခံ ကျင်းပပြီးစီးခဲ့မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ – NUCC

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ် လုံခြုံရေးအတွက် ကွန်မန်ဒိုတပ်ဖွဲ့ ဖြင့် ထပ်မံ အင်အားဖြည့်တင်း – KT

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်သို့ ထိုင်းဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိ ၊ ထိုင်းစစ်တပ်နှင့်အစိုးရ ထိပ်တန်းအရာရှိကြီးများ လိုက်ပါလာ – KT

မြန်မာစစ်သားများကို အရပ်သားအနေဖြင့်သာ ဝင်ခွင့်ပြုမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော – DVB

NUG ယာယီသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့ အပါအဝင် အစိုးရခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet နှင့်အဖွဲ့ တွေ့ဆုံ ဆွေးနွေး – KT

📰 အခြားထူးခြားသတင်းများ

မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်မှု နောက်ဆက်တွဲ ဒုဗိုလ်ချုပ်ကြီး ညိုစော၊ ကြံ့ဖွတ်ပါတီ၏ CEC နှင့် နိုင်ငံ ခြားရေးရာ ကော်မတီ တာဝန်ခံ ဒုဗိုလ်ချုပ် ကြီးဟောင်း အောင်စိုးတို့ ဖမ်းဆီး စစ်ဆေးခံနေရ – KT

တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပုံမှန်လည်ပတ်နေဆဲ – RFA

လွယ်ဂျယ်မှ သိမ်းဆည်းရရှိသော ငွေကျပ် သိန်းပေါင်း ၅၃ သောင်းကို KIA က ဘဏ္ဍာအဖြစ် သိမ်းဆည်း – KT

ကွင်းဆက်လူသတ်မှုတွေ ကျူးလွန်ထားတဲ့ ဒီပဲယင်းမြို့နယ် ပကဖ အောင်သောင်းနိုင်ကို NUG စစ်ဆေးနေဟုဆို – EE

#rangoonscoutnetwork
Forwarded from RFA Burmese
သင်္ကြန်အကြိုနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့ မြင်ကွင်း
~~~
■ စစ်ကောင်စီဦးဆောင်ကျင်းပနေတဲ့ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့က ဗဟိုမဏ္ဍပ်နဲ့ မဟာဗန္ဓုလလမ်းမှာရှိတဲ့ လမ်းလျှောက်သင်္ကြန်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) မနက်ပိုင်းက တွေ့ရစဥ်။
____
Photo: RFA