MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from PSLF/TNLA News
သိမ်းပိုက်ထားသည့် မန်တုံ ၁၃၀ စစ်တပ်ကုန်းအား PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင် ၂ ဦး သွားရောက်ကြည့်ရှူ

တအာင်းပြည်နယ်၊ ဖေဖော်ဝါရီလ ၅ ရက်

တအာင်းပြည် မန်တုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၃၀) ခြေလျင်တပ်ရင်းကုန်းအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျားနှင့် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်တို့ သွားရောက်ကြည့်ရှူခဲ့သည်။


တပ်တွင်းအခြေအနေ၊ ပျက်စီးသွားသည့် အဆောက်အဦးများကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူးနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇားတို့နှင့်အတူ သွားရောက်ကြည်ရှူခဲ့ကြသည်။


၎င်းစခန်းကို တအာင်းတပ်မတော် PSLF/TNLA က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းအချိန်တွင် တိုက်ခိုက်သိမ်းနိုင်ခဲ့သည်။ မန်တုံမြို့သည် စတုတ္ထမြို့အဖြစ် PSLF/TNLA သိမ်းပိုက်နိုင်ခဲ့သည့် မြို့တစ်မြို့လည်းဖြစ်သည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
#၁၃၀ခြေလျင်တပ်ရင်း # မြို့သိမ်းတိုက်ပွဲ # မန်တုံ
မကွေး PDF စခန်း စီးနင်းခံရ
--------
BVJ/မိုနာ_ဖေဖော်ဝါရီ ၅၊ ၂၀၂၄

မကွေးတိုင်းရှိ မကွေး PDF စခန်း မနေ့က ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းမှာ စစ်အုပ်စုရဲ့အလစ်အငိုက် စီးနင်းခံလိုက်ရပြီး စခန်းကို စွန့်လွှတ်လိုက်ရတယ်လို့ မကွေး PDF က သိရပါတယ်။

အပြည့်အစုံ 👇🏻👇🏻👇🏻
ဒီးမော့ဆိုတွင် စာသင်ကျောင်းပေါ် ဗုံးကျပြီး ကလေး ၄ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရ
======================

Myanmar Now
February 5, 2024

လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကယားပြည်နယ်တွင် ကျောင်းတက်နေသည့် ကလေးများ သေဆုံး၊ ဒဏ်ရာရသွားသည်။ ဗုံးထိသည့်နေရာသည် တိုက်ပွဲနယ်မြေမဟုတ်ဟု သိရသည်။

ပုံစာ - ဒေါဆီအီးကျေးရွာ စာသင်ကျောင်း လေကြောင်းမှ ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ-JOBS For Kayah)

#MyanmarNow #Karenni #Demoso #ဒီးမော့ဆို

သတင်းအပြည့်အစုံ 👇👇👇
ရှမ်းမြောက်တိုက်ပွဲတွင် ရှုံးခဲ့သည့် စကစ စစ်သားများဖြင့် အင်အားဖြည့်ပြီး ကောလင်းမြို့သို့ စစ်ကြောင်းထိုးမည်ဟုဆို

5 January 2023 - Kachinwaves

ရှမ်းပြည်မြောက်ပိုင်းတွင် လက်နက်ချခဲ့ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကောလင်းမြို့သို့ စစ်ကြောင်းထိုးရာတွင် ပြန်လည်အသုံးပြုမည်ဟု သိရှိရသည်။

အပြည့်အစုံ 👇🏻👇🏻👇🏻
အသံတိတ်သပိတ် Silent Strike လှုပ်ရှားမှု‌တွင် ပါ၀င်ခဲ့သည့် စက်မှုလက်မှုသိပ္ပံ (အင်းစိန်) ကျောင်းသားများ အကြမ်းဖက်ဖမ်းဆီး ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ ဗကသများအဖွဲ့ချုပ်က သဘောထားထုတ်ပြန်ခြင်း

ကြေညာချက်အမှတ် - ၂/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်

Read More - http://www.abfsu.org/2024/02/silent-strike.html

“အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ”
“စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ပြတ်တိုက်ဖျက်ကြ”


ဗဟိုအမှုဆောင်အဖွဲ့
ဗကသများအဖွဲ့ချုပ်
စစ်​ကောင်စီတပ်ပစ်ခတ်မှု​ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂ ဦး​သေဆုံ

︎ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်​ပြေး​သော စစ်​ကောင်စီတပ်သားနဲ့ နယ်ခြား​​စောင့်ရဲ့ အနည်းဆုံး ၉၅ ဦးရှိလာ

-ဒီပ ၊ ဝင့်ဝင့်နွယ်/People's Spring

နယ်စပ်မှာဖြစ်ပွား​​နေ​တဲ့တိုက်ပွဲမှာ စစ်​ကောင်စီတပ်က
ရဟတ်ယာဉ်က မော်တာကျည်ဆန် ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသမီးတစ်ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့​တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အ​ခြေစိုက် The Territorial News-TTN သတင်းဌာနက​ဖော်ပြပါတယ် ။

အပြည့်အစုံ 👇🏻👇🏻👇🏻
စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ဝ ကျော် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေး
======================

RFA
February 5, 2024

ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် အနည်းဆုံး ၉၅ ယောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြတယ်လို့ ရိုက်တာသတင်းက ဖေဖော်ဝါရီ ၅ ရက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားချိန်မှာ ထွက်ပြေးလာကြတာဖြစ်ပြီး တချို့က ဒဏ်ရာရထားပါတယ်။

ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က Bandarban ခရိုင်တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့နှင့်အတူ တွေ့ရစဉ်။ (Photo: AFP)

သတင်းအပြည့်အစုံ 👇👇👇
“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၀၂) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။

မိမိတို့ညီနောင် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး (၁၀၂) ရက်မြောက်နေ့တွင် ကိုးကန့်နှင့် တအာင်းဒေသများ၌ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်စီမံရေးကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ယနေ့တွင်လည်း ရက္ခိုင်ဒေသအတွင်း ယခင်ရက်များကဲ့သို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အကြမ်းဖက် စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုအပါအဝင် မြန်မာပြည်အနှံ့ရှိ ၎င်းတို့ကိုမကြိုက်၍ တော်လှန်နေကြသော ဒေသများ၌ ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

(၁) ရက္ခိုင်ပြည် မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့မှ လက်နက်ချအညံ့မခံသောစစ်ကောင်စီ၏ လက်ကျန်တပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။

ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ “ခမရ (၃၇၆) တပ်ရင်း” တစ်ရင်းလုံး အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့၊ နေ့လယ် (၂) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

ထို့အပြင် မြောက်ဦးမြို့ရှိ မိမိတို့၏ပြည်သူလူထုအား ဒုက္ခအမျိုးမျိုးပေးပြီး သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များကိုပါ ခိုးယူလုယက်ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းများထဲမှ တစ်ခုဖြစ်သော စကခ (၉) လက်အောက်ခံ “ခမရ (၃၇၈) တပ်ရင်း” တစ်ခုလုံးအားလည်း ယနေ့၊ ဖေဖော်ဝါရီလ (၅) ရက်၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။

(၂) ရက္ခိုင်ပြည်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် အမ်းမြို့ပတ်ဝန်းကျင်၌လည်း နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများမှာ များစွာမပြင်းထန်သော်လည်း စစ်ကောင်စီဖက်မှ လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများသည် ပုံမှန်အတိုင်း ဆက်လက်ရှိနေခဲ့သည်။

(၃) ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ယနေ့တွင်လည်း ဒုတိယနေ့အဖြစ် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတစ်ခုဖြစ်သော ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

တောင်ပြို (လက်ဝဲ) စခန်းမှ ထွက်ပြေးလွတ်မြောက်နေကြသော ပြန့်ကြဲစစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိမိတို့မှ လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိသည်။ စစ်ကောင်စီ၏ထွက်ပြေးသွားသောသူများထဲမှ အချို့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း လက်နက်များဖြင့် ဝင်ရောက်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။ ဤကဲ့သို့သောဖြစ်ရပ်မှာ ယမန့်နေ့တွင်လည်း ဖြစ်ပျက်ခဲ့သကဲ့သို့ ယနေ့တွင်လည်း ထပ်မံဖြစ်ပျက်လျက်ရှိသည်။ ယမန်နေ့က (၆၀) ကျော်ဝင်ရောက်ခဲ့ပြီး ယနေ့တွင်လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့သူများမှာ ဆက်လက်ရှိနေသေးသည်။ (အရေအတွက် အသေးစိတ်အား အတိအကျမသိရသေးပေ။)

စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားရာ နယ်စပ်တစ်လျှောက်ကို လေကြောင်းမှ လာရောက်ပစ်ကူတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။ ထို့အတူ လက်နက်ကြီးကျည်များမှာ ဘင်္ဂလာနယ်စပ်ဖက်ခြမ်းရှိ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲလျက်ရှိ သည်။ ထိုသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဘင်္ဂလာ‌‌‌ဒေ့ရှ်မှ ဒေသခံအမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) တို့မှာ သေဆုံးခဲ့ရပြီး ကလေးငယ် (၁) ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(၄) စစ်ကောင်စီ၏ နေဗီစစ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ရမ်းဗြဲ၊ ပြင်ချောင်းကြီးကျေးရွာနှင့် အနီးအနားသို့ (၁၀) ကြိမ်အထက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၅) အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများ၊ စာသင်ကျောင်းနှင့် သာသနိကအဆောက်အအုံများအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်မှုများကို အဆုံးစွန်သော မိုက်ရူးရဲစိတ်အပြည့်ဖြင့် ယခင်ထက် ပိုမိုပြုလုပ်လာလျက်ရှိသည်။ ယနေ့၊ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန်ခန့်က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေး‌ရှောင်စခန်းအား စစ်ကောင်စီ၏ လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စာသင်ကြားနေသည့် အသက် (၁၁ မှ ၁၃) နှစ်ကြား ယောကျ်ားလေး (၄) ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြရသည်။

မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

#operation1027
https://twitter.com/operation1027
https://vk.com/mndaa_tnla_aa
Forwarded from PNLA News&Info
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)

လုံခြုံရေးလှုပ်ရှားမှုဆိုင်ရာ အသိပေးချက်

ဖေဖော်ဝါရီလ၊ ၆ ရက် ၊၂၀၂၄ ခုနှစ်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ထိန်းချုပ်ထားသည့် သထုံႏပေႏ(ဆီဆိုင်)မြို့ကို ယနေ့အထိ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်နေလျက်ရှိသည်။

စစ်ကောင်စီသည် ၎င်းတို့ လက်လွတ်ဆုံးရှုံးရသည့်မြို့များ ရွာများကို အလုံးစုံဖျက်စီးပစ်ရေးသဘောထားဖြင့် ပအိုဝ်းကျေးရွာများ မြို့များကို ဖျက်စီးနေခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၄ရက်မှ ယနေ့အထိတွင်လည်း စစ်ကောင်စီနှင့်အပေါင်းအပါများသည် ဆီဆိုင်မြို့အတွင်းရှိ ဟိုခဲဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးများ ဒရုန်းဗုံးများဖြင့် ဆက်လက်ပစ်ခတ်ဖျက်စီးခဲ့သည်။

ဆီဆိုင်မြို့အနောက်ဘက်ရှိ မုဲင်းဟုဲင်းကျေးရွာ၏ ဘုန်းတော်ကြီးကျောင်းကိုလည်း စစ်ကောင်စီနှင့်အပေါင်းအပါများက ခံတပ်စခန်းအဖြစ်တပ်စွဲကာ ဒေသခံပြည်သူများ၏ ကြက် ဝက် နွား တိရိစ္ဆာန်များကို လုယက်ခိုးယူပြီး ဘုန်းတော်ကြီးကျောင်းအတွင်း သတ်ဖြတ်စားသောက်ခဲ့ကြသည်။

ဖေဖော်ဝါရီ ၂ရက်နေ့တွင် မြေပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီသည် တနေကုန်တနေခန်း သထုံႏပေႏ(ဆီဆိုင်)မြို့ကို လက်နက်ကြီးများ လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲမှု ပြုလုပ်သောကြောင့် မြို့ဂုဏ်ဆောင် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီး အဆောက်အဦး အချို့ပျက်စီးခဲ့ရသည်။

သထုံႏပေႏ(ဆီဆိုင်)မြို့ကို မိမိတို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် ပအိုဝ်းမြို့များ ရွာများကို အလုံးစုံဖျက်စီးပစ်ရေးသဘောထားဖြင့် တိုက်ခိုက်ဖျက်စီးခြင်းကြောင့် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း နှင့် မိဘပြည်သူများ၏ နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင်လည်း သာမန်အရပ်သားပြည်သူတစ်ဦးဖြစ်သည့် နောင်အယ်ရွာနေ ခွန်ဘဩ အသက် ၅၀ နှစ်ကို ဆီဆိုင်မြို့မြောက်ဘက်တွင် စစ်ကောင်စီက ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခဲ့သည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီစခန်းအနီးတွင်သွားလာနေထိုင်ခြင်းများမပြုပဲ သတိဝီရိယနှင့် ဘေးကင်းလုံခြုံရာတွင် နေထိုင်ကြရန် အလေးအနက်တိုင်တွန်းအပ်ပါသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)

https://t.me/PNLANews
Forwarded from Zalen
နိုင်ငံတကာရဲ့ စစ်ကောင်စီအပေါ် အရေးယူမှု နှစ်ရာကျော်ရှိခဲ့ပေမယ့် လုံလောက်မှုမရှိကြောင်း Justice For Myanmar ပြော
=====
၆၊ ဖေဖော်ဝါရီ၊ ၂၀၂၄
Zalen
စစ်အာဏာသိမ်းချိန်ကစပြီး သုံးနှစ်တာကာလအတွင်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တဲ့ လူပုဂ္ဂိုလ် ၁၆၁ ဦး၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီလုပ်ငန်း ၇၅ ခုကို နိုင်ငံတကာက ပိတ်ဆို့အရေးယူခဲ့ပေမယ့် လုံလောက်မှုမရှိဘူးလို့ Justice For Myanmar အဖွဲ့က ဖေဖော်ဝါရီ ၅ ရက်‌နေ့မှာ ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ပူးပေါင်းဆောင်ရွက်မှု နည်းပါးနေပြီး လုံလောက်မှုမရှိသေးဘူးလို့ Justice For Myanmarက ဆိုပါတယ်။
နွေဦးချယ်ရီ
http://tinyurl.com/3nvjc8cx
Forwarded from PSLF/TNLA News
PSLF/TNLA သိမ်းပိုက်ထားသည့် မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့တို့အား PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များကွင်းဆင်းကြည့်ရှုစစ်ဆေး

တအာင်းပြည်နယ်၊ ဖေဖော်ဝါရီ ၆ ရက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ PSLF/TNLA သိမ်းပိုက်ထားသည့် မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ မန်တုံမြို့များသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုတိယဥက္ကဌ (၁) ဗိုလ်ချုပ်တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်နှင့် NUG ဖက်ဒရယ်ရေးရာ ဒုတိယဝန်ကြီး မိုင်းဝင်းထူးတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးကြည့်ရှုစဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မိုင်းငေါ့မြို့၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မိုင်းလုံမြို့နှင့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မန်တုံမြို့ရှိ မြို့အုပ်ချုပ်ရေးကော်မတီတို့နှင့် မြို့အုပ်ချုပ်မှုပုံမှန်လည်ပတ်စေရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆွေးနွေးလမ်းညွန်မှာကြားခဲ့ပါသည်။ ထို့အပြင် ဒေသခံပြည်သူလူထုများလည်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ဒုတိယဥက္ကဌ (၁) ဗိုလ်ချုပ်တားဂျုတ်ဂျားမှ “ယခင် PSLA လက်ထပ် လက်နက်အပ်ခဲ့ရသည့်အကြောင်းရင်းအပါအဝင် သိမ်းပိုက်ထားသည့်မြို့များသည် တအာင်းလူမျိုးတစ်မျိုးတည်းသာ နေထိုင်ကြခြင်းမဟုတ်ဘဲ အခြားလူမျိုးများနှင့်အတူနေထိုင်ကြသဖြင့် နေချင်စဖွယ်ကောင်းသည့် မြို့ဖြစ်ပြီး ချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်သွားရန်လိုအပ်ကြောင်း “ ပြောကြားခဲ့သည်။

ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြည်သူလူထုများ၏ ကျန်းမာရေးကုသနိုင်ရေး၊ ရပ်တန့်နေသည့် လူငယ်များ၏ ပညာရေးအား ပြန်လည်သင်ကြားနိုင်ရေးနှင့် လက်ရှိနိုင်ငံရေးအကြောင်းအရာများကို ရှင်းလင်းပေးခဲ့ပြီး တက်ရောက်လာသည့် ပြည်သူလူထုများကလည်း ၎င်းတို့၏လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။

ထို့နောက် ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူးမှ NUG ၏ နိုင်ငံရေးလမ်းပြမြေပုံနှင့် လက်ရှိလုပ်ဆောင်ချက်များအား ရှင်းလင်းပေးခဲ့ကာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC အတွင်းရေးမှူး မိုင်းနိုင်ဂေါင်းဇားမှ TPCC အကြောင်းနှင့် ဆောင်ရွက်ပြီးစီးသွားသည့် လုပ်ငန်းများကို ရှင်းလင်းပေးခဲ့ကြသသည်။

၎င်းနောက် မြို့အုပ်ချုပ်ရေးကော်မတီများ ဆောင်ရွက်ထားသည့် လုပ်ငန်းများနှင့် မြို့တွင်း လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ရှမ်း၊ ကချင်၊ လူဆူ စသည့်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စုစုပေါင်း လူဦးရေ(၃၀၀)ကျော် တက်ရောက်ခဲ့ကြသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန