MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from People's Spring
မြင်းခြံ ခမရ(၁၅)တပ်အား ဗုံးချတိုက်ခိုက်

​အင်ကြင်း/People's Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အမှတ်(၁၅) ခြေမြန်တပ်ရင်းအား မောင်းသူမဲ့လေယာဥ်ငယ် များဖြင့် ဗုံးချတိုက်ခိုက်ရာ အရာရှိအဆောင်ပေါ် ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင်တပ်ရင်း(၈) Natogyi Regional DefenceForceအဖွဲ့၏ ဒုရင်းမှူး ကိုလင်းလတ်က ပြောသည်။

ယမန်နေ့ ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက် နေ့လယ် ၂ နာရီ မိနစ် ၄၀ခန့်က မြင်းခြံမြို့အဝင်ရှိ အမှတ် (၁၅)ခြေမြန်တပ်ရင်းအား မောင်းသူမဲ့လေယာဥ်ငယ် သုံးစီးဖြင့် ဗုံးချတိုက်ခိုက်ရာ အရာရှိတစ်ဦးသေဆုံးကြောင်း ကိုလင်းလတ်က ပြောသည်။

"တစ်လုံးက ဗျူဟာမှူးနေတဲ့နားကို ကျတယ်။ အရာရှိတစ်ယောက်ကျတယ်လို့ သိရတယ်။ တစ်လုံးက လက်နက်ဂိုဒေါင်ကိုချတာ။ တစ်လုံးကမအောင်ဘူး။"ဟု ကိုလင်းလတ်က ပြောသည်။

သို့သော် မောင်းသူမဲ့လေယာဥ်ငယ်တစ်စီးမှာဘက်ထရီအားကုန်၍ ပျက်ကျဆုံးရှုံးခဲ့ကြောင်း NRDF က အသိပေးသည်။

ထိုဖြစ်စဥ်ဖြစ်ပွားပြီးနောက် တပ်တွင်းရှိ စစ်သားများက ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းကလည်း မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို ဒေသတွင်း PDFများက မောင်းသူမဲ့လေယာဥ်ငယ်နှစ်စင်းဖြင့် ဗုံးချတိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုရှိခဲ့သည်။
Forwarded from Red News Agency (Nai)
"လူငယ်တွေရဲ့ တောင်းဆိုချက် အကြံပြုချက်က တော်လှန်ရေး အရွေ့အတွက်ဖြစ်တယ်"

RNA_ဇန်နဝါရီ(၁)၊၂၀၂၄ခုနှစ်။

NUCC၊ NUG၊ CRPH စသည့် တော်လှန်ရေးဦးဆောင်အဖွဲ့များထံ လူငယ်များ၏ တောင်းဆိုချက်၊ အကြံပြုချက်များသည် တော်လှန်ရေး အရွေ့အတွက်ဖြစ်ကြောင်း တော်လှန်လူငယ်မျိုးဆက် တွေ့ဆုံပွဲ ပြောရေးဆိုခွင့် ရွေးချယ်ခံရသူ ကိုနေမွန်က ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြောသည်။

လက်ရှိတော်လှန်ရေးတွင် ညီညွတ်ရေးနှင့် ပိုမိုအားကောင်းစွာ တိုက်ပွဲဝင်နိုင်ရေးကို ရှေးရှုပြီး နယ်ပယ် ၁၃ ခုမှ လူငယ် ရဲဘော် ၈၀ ကျော်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ မှ ၂၉ ရက်နေ့အထိ ၃ ရက်တာ အွန်လိုင်းနှင့် မြေပြင်ပေါင်းဆုံပြီး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

တော်လှန်လူငယ်မျိုးဆက် တွေ့ဆုံဆွေးနွေးပွဲမှ နွေဦးတော်လှန်ရေးတွင် ဦးဆောင်နေကြသည့် အဖွဲ့အစည်းများထံ ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ မှာ တိုက်တွန်းအကြံပြုချက်များကို ပေးပို့ထားကြောင်း သိရသည်။

#RedNewsAgency
https://youtu.be/6iJT80DIbJk
ဂျပန်နိုင်ငံ၊ အီရှိကာဝါစီရင်စုအနီးမှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၁ ရက် ဒီနေ့ ညနေ ၄ နာရီကျော်လောက်က ရစ်ချ်တာ စကေး ၇ ဒသမ ၆ အဆင့်ရှိ အင်အားပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်ပြီးနောက် မီးလောင်မှုနဲ့ အပျက်အစီးများမြင်ကွင်း။ ( ဓာတ်ပုံ)
Photo- Reuters

#DVB #ဂျပန် #မြေငလျင်
တနှစ်အတွင်း ISP-Myanmar က ဖော်ပြခဲ့သည်များ

__________________________

မြန်မာပြည်ဖွား Think Tank အဖွဲ့တခုဖြစ်တဲ့ ISP-Myanmar က သုတေသနပြု လေ့လာ တင်ပြနေတဲ့ နယ်ပယ် သုံးရပ် ရှိပါတယ်။ အဲဒီနယ်ပယ်သုံးရပ် (က) ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကဏ္ဍကို လေ့လာခြင်း၊ (ခ) တရုတ်- မြန်မာ ဆက်ဆံရေးကို အခြေခံ ပြုလုပ်တဲ့ တရုတ်ရေးရာ လေ့လာမှုနဲ့ (ဂ) နိုင်ငံရေးဘောဂဗေဒကို လေ့လာခြင်းတို့ ဖြစ်ပါတယ်။ ဒီနယ်ပယ်သုံးရပ်ကနေ ဒေတာနှင့် သုတေသသနပြုချက်တွေကို အခြေခံတဲ့ အကြောင်းအရာ ၂၃၈ ခု ကို ၂၀၂၃ ခုနှစ်အတွင်း ISP-Myanmar က ဖြန့်ချိ ဖော်ပြခဲ့ပါတယ်။ ISP-Myanmar တင်ပြချက်တွေကို အောက်ပါ နေရာတွေမှာ ဖတ်နိုင်ပါတယ်။

➤ ဝက်ဘ်ဆိုက် (ISP ကပြင်ရပ်ဝန်း)

https://ispmyanmar.com/community/

➤ ဝက်ဘ်ဆိုက် (အင်္ဂလိပ်ပိုင်း)

https://ispmyanmar.com/

➤ Telegram Channel

https://t.me/ispmyanmar

➤ X (Twitter)

https://twitter.com/IspMyanmar

➤ Linkedin

https://www.linkedin.com/.../institute-for-strategy-and...

ဖော်ပြပါ Delivery Channels တွေအပြင် ထွက်ရှိသမျှတိုင်းကို တဦးတယောက်ချင်းဆီ အီးမေးလ် ပို့တာကိုလည်း လုပ်ပေးပါတယ်။ မြန်မာလိုတွေအတွက် အီးမေးလ် ပုံမှန် ရချင်တယ် ဆိုရင် ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင်အဖြစ် လျှောက်ထားရုံပါပဲ။ အောက်က link မှာ လျှောက်လို့ရပါတယ်။ အခကြေးငွေ ပေးစရာမလိုပါဘူး။ အင်္ဂလိပ်လို ဖော်ပြတာတွေကို လိုချင်ရင်တော့ အင်္ဂလိပ်ဝက်ဘ်ဆိုက်ကို ဝင်ရောက်ပြီး Sign Up လုပ်လို့ရပါတယ်။

➤ ကပြင်ရပ်ဝန်းအဖွဲ့ဝင် ဖြစ်ရန်

https://ispmyanmar.com/community/register/

➤ အင်္ဂလိပ်ပိုင်းအတွက် Sign Up လုပ်ရန်

https://ispmyanmar.com/

အဲဒါတွေအပြင် ISP-Myanmar တည်ထောင်ချိန်ကတည်းက (ခြောက်နှစ်ကျော်ကာလအတွင်း) ထုတ်ဝေထားသမျှ အကြောင်းအရာတွေကို PDF ဖိုင်နဲ့ download ယူ သိမ်းဆည်းချင်တယ် ဆိုရင် အောက်က link မှာ ရွေးချယ်ရင်း အခမဲ့ ရယူနိုင်ပါတယ်။ ဒီလို ရယူဖို့အတွက် ISP ကပြင်ရပ်ဝန်းအဖွဲ့ဝင် ဖြစ်ဖို့တော့ လိုအပ်ပါမယ်။ ဘေးကင်းလုံခြုံပြီး စိတ်ချမ်းမြေ့ဖွယ်ကောင်းသော မင်္ဂလာနှစ်သစ် ဖြစ်ပါစေ။

https://ispmyanmar.com/community/isp-publications/
Forwarded from PSLF/TNLA News
တအာင်းပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး၏ ဇန်န၀ါရီလ (၁)ရက်နေ့ စစ်ဆင်ရေးတိုက်ပွဲသတင်းအချုပ်နှင့် စကစမှ လူထုအား ပစ်မှတ်ထားတိုက်ခိုက်နေမှုသတင်းများ

တအာင်းပြည်နယ်၊ ၂၀၂၄ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်
၁၀၂၇စစ်ဆင်ရေး

၁) တပ်မဟာ(၂)စစ်ဒေသ၊ မိုင်းငေါ့မြို့ရှိ စစ်ကောင်စီ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်။ မိုင်းငေါ့မြို့နယ် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၃)ရက်ကြာ ဒီဇင်ဘာ ၃၁ ရက်နေ့ ည(၁၁း၄၅)နာရီ အချိန်တွင် စစ်ကောင်စီ မိုင်းငေါ့မြို့တပ်စခန်း ဗျုဟာကုန်းအပါအဝင် ၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါသည်။


၂) တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီကွတ်ခိုင်မြို့တပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၃) တပ်မဟာ(၆)စစ်ဒေသ၊ လားရှိုးမြို့နယ် စစ်ကောင်စီတပ်မှ အီနိုင်းတံတားတွင်  Y12 ဖြင့် (၁) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၄) တပ်မဟာ(၆)စစ်ဒေသ၊ လားရှိူးမြို့နယ် စစ်ကောင်စီတပ်မှ အီနိုင်းကျေးရွာ၊ ပန်ဟုံကျေးရွာ၊ ပန်ခေါ်ကျေးရွာ၊ ၁၀မိုင်ကုန်းသို့ လက်နက်ကြီးဖြင့် (၁၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၅) တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ် စစ်ကောင်စီတပ်မှ မိုင်းငေါ့မြို့နယ်သို့ လက်နက်ကြီးဖြင့် (၁၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၆) တပ်မဟာ(၂)စစ်ဒေသ၊ မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ ညောင်ကုန်းကျေးရွာ၊ ကုန်စံကျေးရွာသို့ လက်နက်ကြီးဖြင့် (၁၈)ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
Forwarded from MPANews
ပုလဲ၊ ချောင်းကန်ကျေးရွာက ပြည်သူတစ်ဦး PDF ဟု စွပ်စွဲကာ စစ်တပ်ကသတ်ဖြတ်

1 Jan 2024 By MPA CJ 017

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ၊ ချောင်းကန်ကျေရွာတွင်နေထိုင်သည့် ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က PDF ဟုစွပ်စွဲကာ လက်ပြန်ကြိုးတုပ်၍ သတ်ဖြတ်သွားကြောင်း ဒေသခံများထံက သိရသည်။

ချေင်းကန်ကျေးရွာတွင်နေထိုင်သည့် အသက် ၃၈ နှစ်အရွယ်ကိုသိုက်ထွန်းကို ဒီဇင်ဘာ ၃၁ ရက်၊ နံနက် ၈ နာရီအချိန်တွင် စစ်တပ်ကသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အလောင်းကို ဒေါ်မိနက်၏ နေအိမ်အတွင်းတွေ့ရရှိရကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက MPA ကိုပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/38jGW
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en