MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ (၂၂) စစ်ကြောင်းမှ (၂၃) ဦး လက်နက်ချ အညံ့ခံသည့် သတင်းမှတ်တမ်း
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့

၂၀၂၃၊ နိုဝင်ဘာလ (၁၃) ရက်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ (၂၂) လက်အောက်ခံ အင်အား (၅၀) ဦးပါ စစ်ကြောင်းမှ (၂၃) ဦးသည် ပြည်သူ့တော်လှန်ရေးအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့သည်။

အဆိုပါတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိ (၁) ဦး အပါအဝင် (၁၄) ဦး သေဆုံး၊ အရာရှိ (၁) ဦး အပါအဝင် (၅) ဦး အရှင်ဖမ်းမိပြီး နောက်ထပ် အရာရှိ (၁) ဦးအပါအဝင် (၈) ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
အရပ်ဘက်ဆရာဝန်များကို ဗိုလ်အဆင့်ခန့်၍ ရှေ့တန်းပို့ရန် စစ်ကောင်စီ ပြင်ဆင်

ဧရာဝတီ၊ နိုဝင်ဘာ ၁၃၊ ၂၀၂၃

စစ်ကောင်စီတပ်တွင် အင်အားမရှိတော့သည့်အတွက် အရပ်ဘက် ဆေးတက္ကသိုလ်များမှ ကျောင်းဆင်းထားသော ဆရာဝန်များအား ဗိုလ်အဆင့်ခန့်အပ်ကာ တပ်မတော် (ကြည်း) အရန်အင်အားအဖြစ် တာဝန်ပေးသည့်အခမ်းအနားကို နေပြည်တော်၌ နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အပြည့်အစုံ 👇🏻👇🏻👇🏻
ငါတို့လုံချည်၊ ငါတို့အောင်ပွဲဆိုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့တယ်လို့ YANGON REVOLUTION FORCE - YRF က ဒီနေ့ ဓာတ်ပုံတွေကို ထုတ်ပြန် လာပါတယ်။
သရုပ်ဆောင် မြတ်နိုးအေး၊ သရုပ်ဆောင် ပိုင်ဖြိုးသု၊ မစ္စတာရှောင်တာနယ်၊ ဒေါက်တာတေဇာဆန်း၊ ရက်ပါအဆိုတော် သဇင်ညွန့်အောင်၊ အီဂေါဗလာဇီဗစ် စတဲ့ မြန်မာနိုင်ငံနဲ့ ဩစတြေးလျ၊ ယူကရိန်း၊ အမေရိကန်နဲ့ ချက်နိုင်ငံ တို့က တက်ကြွ လှုပ်ရှားသူတွေ ပါဝင်ခဲ့ကြပါတယ်။
#DVB #News #Photo #ငါတို့လုံချည် #ငါတို့အောင်ပွဲ #စစ်အာဏာရှင် #ဆန့်ကျင်ရေး #လှုပ်ရှားမှု #YRF
Forwarded from MPANews
စစ်တပ် အခိုင်အမာတပ်စွဲထားသည့် လွိုင်ကော်တက္ကသိုလ်ကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်

13 Nov 2023 By MPA CJ 013

စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားသော လွိုင်ကော်တက္ကသိုလ်ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ယနေ့ညဦးပိုင်းတွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယနေ့(နိုဝင်ဘာ၁၃ရက်)ည ၈ နာရီခန့်က စစ်ကောင်စီတပ်အခိုင်အမာတပ်စွဲထားသည့် လွိုင်ကော်တက္ကသိုလ်ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။

"ဒီည ၇နာရီဝန်းကျင်လောက်မှာ လွိုင်ကော်တက္ကသိုလ်ကို ထိန်းထားနိုင်ပါတယ်။အခုည ၈နာရီလောက်မှာတော့ လုံးဝသိမ်းပိုက်နိုင်ပါပြီ။လွိုင်ကော်မှာ ဒီနေရာပြီးရင် နောက်ထပ်အင်အားအများဆုံးနေရာက လွိုင်ကော် ဒကစ( ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)ပဲ ရှိတော့တယ်" ဟု ၎င်းက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/32cXs
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Forwarded from Ayeyarwaddy Times (Xero Zero One)
စစ်ကောင်စီ၏ လွိုင်ကော် ဒကစမှူးကို အသေရရ အရှင်ရရ ဖမ်းဆီးနိုင်လျှင် သိန်း ၃၀၀ ပေးမည်ဟု ကရင်နီရှိ CDM ဆရာဝန် ၂ ဦး ဆုကြေးထုတ်ပြီးနောက် လုံခြုံရေးတိုးမြှင့်

ဧရာဝတီတိုင်းမ်
(လွိုင်ကော်)၊ နိုဝင်ဘာလ ၁၃ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၏ ဒကစမှူး ဗိုလ်မှူးချုပ်မိုးဇော်ကို အသေသော်လည်းကောင်း၊ အရှင်သော်လည်းကောင်း ဖမ်းဆီးပေးနိုင်သည့် မည်သူကိုမဆို ဆုငွေ သိန်း ၃၀၀ ကျော် ပေးမည်ဟု ကြေညာပြီးနော်က် ဒကစ(လွိုင်ကော်)သို့ သွားရာလမ်းများတွင် လုံခြုံရေးများ တင်းကျပ်ထားကြောင်း သိရသည်။

ယခုအခါတွင် လွိုင်ကော်မြို့အတွင်း၌ မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေပြီး မြေပြင် စစ်ဆင်ရေးများတွင် ဒေသစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး (ဒကစမှူး)မှာ အဓိက ကျသူ တစ်ဦး ဖြစ်သည့်အတွက် ကရင်နီပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည့် CDM ဆရာဝန် ဒေါက်တာထူးအောင်လင်းနှင့် ဒေါက်တာရဲဇော်တို့ နှစ်ဦးက ဖမ်းဆီးနိုင်ရန် ဆုကြေးငွေထုတ်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့က အဖွဲ့အစည်းကိုယ်စားပြုမဟုတ်ဘဲနဲ့ တစ်သီးပုဂ္ဂလအနေနဲ့ပဲ ပူးပေါင်း ပြီးသီးသန့် ဆုကြေးပေးတာပါ။ အဓိကကတော့ စစ်ကောင်စီဘက်ကအမိန့်ပေးစနစ်က တိုင်းမှူး စတဲ့ကအဆင့်ဆင့်က သွားတာဟုတ်ပေမဲ့ မြေပြင်စစ်ဆင်ရေးအတွက်က ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ်ကိုယ်တိုင်က ပါဝင်အမိန့်ပေးရတဲ့ အတွက် မြေပြင်စစ်ဆင်ရေးတွေက တာဝန်အရှိဆုံးက ဒကစမှူးဖြစ်တဲ့အတွက် ကျွန်တော်တို့က ရည်ရွယ်ပြီးလုပ်တာပါ" ဟု စီဒီအမ်ဆရာဝန် ဒေါက်တာထူးအောင်လင်း က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒကစမှူး ဗိုလ်မှူးချုပ်မိုးဇော်ကို ဆုကြေးငွေထုတ်ပြီးနောက် စစ်ကောင်စီက ဒကစ(လွိုင်ကော်)သို့ ဝင်ရောက်နိုင်မည့် လမ်းမများတွင် ပုလင်းကွဲများချထားခြင်း၊ ခံစစ်ပြင်ထားခြင်းများပြုလုပ်ကာ ဒကစ(လွိုင်ကော်)ရုံး ရှေ့မှဖြတ်သန်းသွားလာ သူများကို သေနတ်ဖြင့် ပစ်ရန် ပစ်မိန့်ပေးထားကြောင်းလည်း သိရသည်။

"ကျွန်တော်တို့က စစ်ကောင်စီရဲ့အောက်ခြေတပ်သားတွေကိုလည်း သတင်းစကားပါး ချင်တယ်။ သူတို့မိသားစုဘဝတွေ၊ သူတို့အသက်တွေရင်းထားရတာ တန်လားပေါ့၊ သူတို့ကို အမိန့်ပေးနေတဲ့ တာဝန်အရှိဆုံးသူကို သူတို့ကိုယ်တိုင် ဖမ်းခေါ်လာပြီး ဘဝ အာမခံချက်တွေရော၊ ဆုကြေးရော ပြည်သူ့ဘက်တော်သားအနေနဲ့ ဂုဏ်ယူရမဲ့ အခွင့် အရေးကို ကမ်းလှမ်းချင်တာပါ။ ‌ကျွန်‌ဝောာ်တို့ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကိစ္စကို လုပ်နိုင်ရင်လဲ ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ဆောင်တာပါ" ဟု ဒေါက်တာ ထူးအောင်လင်း ဆက်လက်ပြောကြားသည်။

အဆိုပါ ဒကစမှူးကို တော်လှန်ရေးတပ်ဖွဲ့များကဖြစ်စေ၊ စစ်ကောင်စီ တပ်သားများ ကဖြစ်စေ ဖမ်းဆီးလာနိုင်သည့် မည်သူမဆို ဖမ်းဆီးခဲ့ကြောင်းကို သက်သေနှင့်တကွ တင်ပြပြီးနောက် စစ်ဆေး‌ပြီးပါက ဆုကြေးငွေ ထုတ်ပေးမည်ဖြစ်ကြောင်း ဆုကြေးငွေပေးမည့် CDM ဆရာဝန် ဒေါက်တာထူးအောင်လင်းနှင့် ဒေါက်တာရဲဇော်တို့ နှစ်ဦးထံက သိရသည်။

#လွိုင်ကော် #ဒကစမှူး #ဆုကြေးငွေထုတ် #ဖမ်းဆီး #CDMဆရာဝန်၂ဦး #Ayeyarwaddy_Times
အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါ်ဒါရ်မြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို CNF သိမ်း
=========================

RFA
November 13, 2023

အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ ချင်းပြည်နယ် ရိဒ်ခေါ်ဒါရ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း နှစ်ခုကို နိုဝင်ဘာလ ၁၃ ရက်နေ့က သိမ်းနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

"ရိဒ်ခေါ်ဒါရ်မှာ တပ်စခန်းနှစ်ခုရှိတယ်၊ အဲနှစ်ခုစလုံးကို မနေ့ည (နိုဝင်ဘာ ၁၂ ရက်) ကတည်းက ကျွန်တော်တို့ ဝင်ရောက်တိုက်ခိုက်ပြီးတော့ ဒီနေ့ညနေ ၅ နာရီမှာ အပြီးသိမ်းလိုက်နိုင်တယ်၊ တိုက်ပွဲဖြစ်တဲ့ချိန်မှာ သူတို့ဘက်က ဂျက်ဖိုက်တာတစ်စီးရယ်၊ MI 35 နှစ်စီးရယ် လာရောက်ပစ်ခတ်မှုရှိတယ်၊ ဒါပေမဲ့ ထိခိုက်မှုတော့ မရှိဘူး။"

ချင်းအမျိုးသားတပ်ဦး (CNF) တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (Photo : Chinland Information Center)

သတင်းအပြည့်အစုံ 👇👇👇