MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
တကောင်းတိုက်နယ်၌ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ခန့်သေဆုံး၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
======================

Khit Thit
April 16, 2023

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အ တွင်း၌ ၃ ရက်ဆက်တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်သား ၂၀ ခန့်သေဆုံးကာ အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၀ ရွာမှ ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း တ ကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သ တင်းဌာနထံသို့ ပြောကြားသည်။

သတင်းအပြည့်အစုံ 👇👇👇
ယနေ့ည သံချပ် လိုက်ဖ်က ကျွန်တော်တို့ မျှော်လင့်ထားတာထက်ပိုပြီးတော့ကို အားပေးပြီး ၊ ကြိုက်နှစ်သက်ကြတာကို တွေ့ရတော့ ကျွန်တော်တို့ ရေဒီယိုမယ်လိုဒီ အဖွဲ့သားတွေအနေနဲ့ တော်တော်လေးကို ပီတီဖြာပြီး ၊ အားရကျေနပ်ပါတယ်ခင်ဗျ။

ကျွန်တော်တို့ သံချပ်ကို Live ဖျော်ဖြေနေတဲ့အချိန်မှာ တီးကြဆိုကြတာတွေကို ရိုက်ယူထားပါတယ်။ ဒါတွေကို ကျွန်တော်တို့ လုံခြုံရေးလည်း မထိခိုက်ရအောင် သေချာ edit ပြီး အနှေးနဲ့အမြန် YouTube Channel မှာတင်နိုင်ဖို့ ကျွန်တော်တို့ဆက်လက်လုပ်ဆောင်နေပါတယ်။

ကျွန်တော်တို့ သံချပ်ကို နားထောင်ပြီးတဲ့သူတွေအနေနဲ့ ကျွန်တော် သံချပ်အပေါ် Feedback လေး ကို comment မှာ ရေးပေးတာပဲဖြစ်ဖြစ် ၊ Chatbox ကိုလာပြောတာဖြစ်ဖြစ် ပါဝင်ပြီးတော့ ပိုကောင်းတဲ့ ရေဒီယိုမယ်လိုဒီဖြစ်လာအောင် ပါဝင်ကူညီပေးကြပါဦးဗျာ။

သံချပ်် Live မကြည့်ကိုမကြည့်ရသေးတဲ့သူတွေအတွက်
https://fb.watch/jXQYaBDpD7/ ( သံချပ် သီးသန့်နားထောင်ချင်ရင် ၃၅ မိနစ်က စနားထောင်လို့ရပါတယ်)

ကျွန်တော်တို့တူတူ နှစ်သစ်မှာ ဆက်လက်တော်လှန်ကြစို့ဗျာ။

Facebook Post Link
https://m.facebook.com/story.php?story_fbid=pfbid02FkMjTEA4TpoQwpLVqMfsWwXPW7VqYdcVi5AvcAN5Q6mR1GLeTjqTdYkqY8Leyc2sl&id=100083843695750

Telegram Channel
https://t.me/ANTSforPeople/357
မူဆယ်မြို့မရဲစခန်း ယခုည ပစ်ခတ်တိုက် ခိုက်ခံရပြီး မိနစ် ၃၀ ကြာ အပြန် အလှန် ပစ်ခတ်မှုဖြစ်
======================

Khit Thit
April 16, 2023

ရှမ်းပြည်နယ်​၊ မူဆယ်မြို့တွင် မူဆယ်မြို့မရဲစခန်း ပစ်ခတ်တိုက် ခိုက်ခံရပြီး မိနစ် ၃၀ ကြာ အပြန် အလှန် ပစ်ခတ်မှုဖြစ်ပွား​ကြောင်း မူဆယ်မြို့ခံများက ​ပြောသည်။

ဧပြီလ ၁၆ ရက်​နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် မူဆယ်မြို့မရဲစခန်းကို လက်နက်ကြီးများ၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး မိနစ် ၃၀ ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား​ကြောင်း သိရှိရသည်။

"ရဲစခန်းအနောက်ကျော နတ်စင်ကုန်းနဲ့ ရဲစခန်း အရှေ့ ဘက် ဂေါက်ကွင်းဘက်၂ နေရာကနေပစ်တာ။ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူး၊ စခန်းမှူး ၃ ယောက်လုံး ရဲစခန်းထဲမှာ ရှိ​နေတာ။ အထိအခိုက်မသိရ​သေးဘူး" ဟု မူဆယ်သတင်းရင်းမြစ်က ​ပြောသည်။
ရေစကြိုမြို့ရှိ ခြေလျင်တပ်ရင်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြင်းမူမြို့ပေါ်တွင် ဘီယာထိုင်သောက်နေသည့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်
======================

Khit Thit
April 16, 2023

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ ခလရ ၂၅၆ တပ်နှင့် ၂၅၈ တပ်နှစ်ခုကို အီနာဂါ ဗုံးသီး ၃ လုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားကြောင်း ရေစကြို ပကဖ ထံမှ သိရသည်။

သတင်းအပြည့်အစုံ 👇👇👇
Forwarded from Click4Freedom
G'morning 🤗

အေးချမ်းသောနံနက်ခင်းမှာ
ကိုယ်စိတ်နှလုံးအေးချမ်းပြီး ကောင်းသောအရာများရရှိနိုင်ကြပါစေ 🙏


VPN 
US, UK , Canada

Part - 1

⚠️ Location စစ်ရန်
https://ip8.com/

1. https://happy-circle.xyz/?page_id=98

2. https://happy-circle.xyz/?page_id=261

3. https://happy-circle.xyz/?page_id=268

4. https://happy-circle.xyz/?page_id=275

5. https://happy-circle.xyz/?page_id=282

6. https://happy-circle.xyz/?page_id=290

C4F Channel နဲ့ ပါတ်သက်လို့ သိချင်တာလေးတွေ @obito1221 မှာ ‌လာရောက်မေးမြန်းလို့ရပါတယ်ခင်ဗျ။
Forwarded from RSN WEB
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း (ဧပြီ ၁၆၊ ၂၀၂၃)
Forwarded from RSN WEB
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း

ဧပြီ ၁၆၊ ၂၀၂၃

ယနေ့ တော်လှန်သင်္ကြန် အတက်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျားသပိတ်အား စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (Sc Strike) နှင့် Owl Community မှ ရဲဘော်များပူးပေါင်း၍ "အတာပန်းကို ရေဖြင့်မဆေး သွေးဖြင့်ဆေးသော သင်္ကြန်" ခေါင်းစဥ်ဖြင့် ဆေးနီများ လမ်းမထက်၌ ပတ်ဖြန်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ထိုပြင် YSC လူငယ်များမှ စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်စာတန်းများကျဲပြီး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ဧပြီလ ၁၄ ရက်နေ့ ခရမ်းမြိုနယ် လဝကရုံး စီးနင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်ပြီးနောက် စစ်ကောင်စီမှ ခရမ်းရှိ ဗျူဟာမှူး၊ ဗိုလ်မှူး၊ စခန်းမှူး ဆိုသူတို၏ ညံ့ဖျင်းမှုကြောင့် ဖြစ်သည်ဟု ကြေငြာကာ ထိုသူတိုအား ရာထူးတစ်ဆင့် နိမ့်ချလိုက်ကြောင်း သိရသည်။

ယနေ့သည် သင်္ကြန်နောက်ဆုံးနေ့ဖြစ်သည့်အလျောက် စည်ကားကြောင်းပြနိုင်ရန်အတွက် စစ်ကောင်စီမှ အစွမ်းကုန်ကြိုးစားထားသော်လည်း ပြည်သူများ ပါဝင်ခြင်းကင်းမဲ့နေသည်ကို တွေ့ရသည်။ ဟိုးယခင် ပုံမှန်သင်္ကြန်အတက်နေ့များတွင် တိုးမပေါက်အောင် စည်ကားလေ့ရှိခဲ့သည့် ဆရာစံလမ်း၊ အင်းယားလမ်း စသည့်လမ်းများတွင် ခြောက်ကပ်နေခဲ့သည်။ လူဦးရေ ၇ သန်းကျော်နေထိုင်သည့် ရန်ကုန်မြိုတွင် စစ်ကောင်စီမှ အတင်းစီစဉ်ထားသည့်နေရာတချိုတွင်သာ သူတိုလက်ကိုင်တုတ်များဖြင့် လိမ်ညာ မှတ်တမ်းယူရိုက်ကူးကာ စည်ကားနေသယောင် ဝါဒဖြန့်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း ပဇီကြီးရွာတွင် ဗုံးကြဲသတ်ဖြတ်ခံရသော ပြည်သူများအတွက် ရည်စူးကာ ဧပြီလ ၁၇ ရက် ည ၈ နာရီမှ ၈ နာရီ ၅ မိနစ် အထိ Blackout strike Campaign လှုပ်ရှားမှု ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများမှ လှုဆော်ထားကြသည်။ မိမိအိမ်မှာဖြစ်စေ၊ လမ်းမှာဖြစ်စေ မီးပိတ်တိတ်ဆိတ်ကာ ၅ မိနစ်ခန့်ငြိမ်သက်ကြဖိုနှင့် ကျေးရွာ ၊ ရပ်ကွက်တိုတွင် ပြုလုပ်နေကျ နှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်းတရားပွဲတွေမှာလည်း ပဇီကြီး ပြည်သူတွေအတွက် ဆုတောင်းအမျှဝေပေးကြဖို တိုက်တွန်းထားသည်။

အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိင် တစ်ဦး သင်္ကြန်တွင်း လူမြင်ကွင်းမှ ထူးဆန်းစွာ ပျောက်နေရခြင်းမှာ ပြင်ဦးလွင်စစ်ဆေးရုံတွင် လူမသိ သူမသိ လက်ခွဲစိတ်မှု ပြုလုပ်ထားသောကြောင့်ဖြစ်ပြီး ယနေ့ထိ ဆေးရုံမှ မဆင်းရသေးကြောင်း တပ်သတင်းအရင်းအမြစ်များမှ သိရသည်။ ထိုကြောင့် ယနေ့တွင် ကြူကြူလှ တစ်ဦးတည်းသာ ဟန်ပြအနေနှင့် ပြင်ဦးလွင်နဲ့ မန္တလေးကို လှည့်ပတ်ပြီး သင်္ကြန်ပွဲတက်နေခဲ့ခြင်းဖြစ်သည်။ ပြည်သူပေါ် စော်ကားခဲ့သည့် အနုပညာရှင်ဆိုသူတချို၏ သတင်းများနှင့် စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာတွင် ရက်စက်စက်သတ်ဖြတ်ခဲ့မှုသတင်းများကြောင့် မင်းအောင်လှိင် လူမြင်ကွင်းပေါ် ပျောက်နေသည်ကို လူအများ သတိမထားမိကြပေ။

#rsnweb
#rangoonscoutnetwork
ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအတွက်ရေးသောစာ အပိုင်း (၁)

လက်ရှိကာလ ကလေးများ၏ပညာရေးနှင့် သူတို့၏ အနာဂတ်

ကိုဗစ်ကပ်ရောဂါကာလမှစ၍ ပညာသင်ကြားရေးအခက်အခဲကြုံနေရသော မြန်မာနိုင်ငံမှကလေးများသည် စစ်အာဏာသိမ်းမှုနှင့် ထပ်မံကြုံတွေ့ရသောအခါ သူတို့၏ ပညာရေးအခွင့်အရေးများဆုံးရှုံးကြရသည်။ ကလေးများအသက်အရွယ်ကြီးလာသည်နှင့်အမျှ ပညာသင်ကြားရေးကို ရပ်ထား၍ မရသဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် သင်ယူနိုင်အောင်ကြိုးပမ်းကြသည်။

မိဘများ၏ လူမှုရေးနောက်ခံအရလည်းကောင်း၊ စီးပွါးရေးအခြေအနေအရလည်းကောင်း၊ နိုင်ငံရေးရပ်တည်ချက်အရလည်းကောင်း၊ နေထိုင်ရာဒေသကိုလိုက်၍လည်းကောင်း ကလေးများ၏ ပညာရေးအခွင့်အရေးသည် တယောက်နှင့်တယောက်၊ ဒေသတခုနှင့်တခု ကွဲပြားကြသည်။ ကျောင်းနေအရွယ် ကလေးများ၏ ပညာရေးအခွင့်အလမ်း ကွဲပြားမှုများကို နီးစပ်ရာအုပ်စုများခွဲ၍ ဖေါ်ပြပါမည်။

ပထမအုပ်စု။ မိဘများက ငွေကြေးလည်းတတ်နိုင်၊ နိုင်ငံခြားတိုင်းပြည်တခုခုတွင်လည်း အဆက် အသွယ်များရှိကြသဖြင့် သူတို့၏ကလေးများကို နိုင်ငံခြားပို့၍ ကျောင်းထားကြပါသည်။ ကျွန်တော် ရောက်နေသည့် ထိုင်းနိုင်ငံတွင်ပင် မိသားစုလိုက်ပြောင်းရွှေ့လာကြပြီး ကလေးများကို ကျောင်းထားကြသူများရှိပါသည်။ အင်္ဂလိပ်ဘာသာဖြင့်သင်သည့် ပုဂ္ဂလိကကျောင်းများတွင်ထားကြပါသည်။ ဤပညာရေးအခွင့်အရေးမျိုးရကြသည့် ကလေးဦးရေမှာ မြန်မာနိုင်ငံရှိ ကလေးဦိးရေနှင့် နှိုင်းယှဉ်လျှင် အရေအတွက် အနည်းငယ်သာရှိပါသည်။

ဒုတိယအုပ်စု။ မြန်မာပြည်တွင်းမှာပင်နေထိုင်ကြသည့် ချမ်းသာကြွယ်ဝသည့် မိသားစုများ၏ ကလေးများဖြစ်ပါသည်။ သူတို့ထဲမှတချို့မှာ International School ဟုခေါ်ကြသည့် နိုင်ငံခြားတိုင်းပြည်တခုခု၏ သင်ရိုးကိုအသုံးပြု၍ သင်ကြားသည့်ကျောင်းများတွင် တက်ရောက်ကြပါသည်။ ကလေးများကြီးလာလျှင် နိုင်ငံခြားတွင် ပညာဆက်လက်ဆည်းပူးရန် ရည်ရွယ်ပုံရပါသည်။ တချို့ကလေးများမှာ အစိုးရသင်ရိုးညွှန်းတမ်းဖြင့်သင်ကြားသည့် ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်ကြပါသည်။ ကျောင်းပညာရေးစနစ်ကို မကြိုက်သည့် မိဘတချို့က ကလေးမျာကို နေအိမ်မှာပင် သူတို့၏ကိုယ်ပိုင်အစီအစဉ်ဖြင့်သင်ကြားကြပါသည်။ ဤဒုတိယအုပ်စုသည်လည်း မြန်မာနိုင်ငံရှိ ကလေးဦိးရေနှင့် နှိုင်းယှဉ်လျှင် အရေအတွက် အနည်းငယ်သာရှိပါသည်။

တတိယအုပ်စု။ စစ်ကောင်စီဖွင့်သည့်ကျောင်းများတွင် တက်ရောက်ကြသည့် ကလေးများဖြစ်ပါသည်။ ဤကလေးဦးရေသည် မြန်မာနိုင်ငံ ကျောင်းနေအရွယ်ကလေးဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။ ယမန်နှစ် စာသင်နှစ်ကျောင်းဖွင့်စက စစ်ကောင်စီကျောင်းများတွင် တက်ရောက်ကြသည့် ကျောင်းသားဦးရေမှာ ၅ သန်းကျော်ရှိသည်ဟု သတင်းများတွင် ဖတ်ရပါသည်။ ဤကိန်းဂဏန်းအပေါ်အခြေခံ၍ ကလေးများအရေးဆောင်ရွက်သည့် နိုင်ငံတကာအဖွဲ့အစည်းတခုက မြန်မာနိုင်ငံတွင် ကလေး ၇ သန်းကျော် ကျောင်းပြင်ပ ရောက်နေသည်ဟု ပြောပါသည်။ မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေးဦးရေစုစုပေါင်း ၁၂ သန်းခန့်ရှိသည်ဟု လူဦးရေအချိုးအစားပေါ်မူတည်၍ ခန့်မှန်းကြပါသည်။ ဤတတိယအုပ်စုအတွင်း၌လည်း ကလေးများ၏ပညာရေးအခွင့်အရေး ညီမျှမှုမရှိပါ။ အစိုးရရာထူးရှိသူများနှင့် ငွေကြေးကြွယ်ဝသူများ၏ ကလေးများသည် မြို့ကြီးများရှိ နာမည်ကြီးကျောင်းများတွင် တက်ရောက်ခွင့်ရကြပါသည်။ သာမန်လူမှုရေးအဆင့်အတန်းရှိသည့် မိသားစုများ၏ ကလေးများနှင့် ဝင်ငွေနည်းမိသားစုများ၏ ကလေးများမှာ အဆိုပါ နာမည်ကြီးကျောင်းများသို့ မကပ်နိုင်ကြပါ။ လူဦးရေအများစု ဖြစ်သော မြို့ပေါ် ဆင်ခြေဖုံးနှင့် ကျေးလက်တောရွာများမှ ကလေးမျာသည် အရည်အသွေးပြည့်မှီသော ပညာရေးကို မရကြပါ။

စတုတ္ထအုပ်စု။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများက ဖွင့်လှစ်သည့်ကျောင်းများတွင်တက်ရောက်ကြသည့် ကလေးများဖြစ်ပါသည်။ ကရင်ပညာရေးဌာနကဖွင့်သည့် ကျောင်းပေါင်း ၁၀၀၀ ခန့်၊ ကချင်ပညာရေးဌာနက ၅၀၀ ကျော်၊ မွန်ပညာရေးဌာန ၂၀၀ ကျော်၊ ကရင်နီ၊ ရှမ်းနှင့် တအာန်းဒေသများတွင် ဖွင့်လှစ်ထားသည့်ကျောင်းများနှင့် အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက ဖွင့်သည့်ကျောင်းများနှင့်ဆိုလျှင် ကျောင်းစုစုပေါင်း ၂၀၀၀ ကျော်ခန့်ရှိပါသည်။ ကျောင်းတကျောင်းလျှင် ပျမ်းမျှကျောင်းသား ၁၀၀ နှင့်တွက်လျှင် တိုင်းရင်းသားတော်လှန်ရေးဒေသကျောင်းများတွင် ကျောင်းသားစုစုပေါင်း ၂ သိန်းကျော် ၃ သိန်းခန့် ပညာသင်ယူနိုင်ကြပါသည်။ အဆိုပါကျောင်းများသည် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကားကို အသုံးပြုသင်ကြားကြသဖြင့် ပြည်မမှ ကျောင်းသားများသွားရောက် ပညာသင်ယူရန် အခက်အခဲရှိပါသည်။

ပဥ္စမအုပ်စု။ ဘာသာရေးအဖွဲ့အစည်းများက ဖွင့်လှစ်သည့်ကျောင်းများတွင် တက်ရောက်ကြသည့် ကလေးများဖြစ်ပါသည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများတွင်ဖွင့်လှစ်သည့်စာသင်ကျောင်းပေါင်း ၂၀၀၀ ခန့်ရှိပါသည်။ ခရစ်ယာန်ဘုရားကျောင်းများက ဖွင့်လှစ်သည့် စာသင်ကျောင်းများမှာ တပြည်လုံးပေါင်းလျှင် ၅၀၀ ခန့်ရှိမည်ဟု ခန့်မှန်းပါသည်။ မူဆလင်ဗလီများတွင်လည်း ကလေးများကို စာသင်ကြားပေးကြလိမ့်မည်ဟု ယူဆပါသည်။ အဆိုပါဘာသာရေးအဖွဲ့အစည်းများက ဖွင့်သည့် ကျောင်းများတွင် တက်ရောက်ကြသည့် ကလေးဦးရေ ၂ သိန်းကျော် ၃ သိန်းခန့် ရှိမည်ဟု ခန့်မှန်းပါသည်။ ဗုဒ္ဓဘာသာဝင်ကလေးတချို့သည်
ငယ်စဉ်ကပင် သာသနာ့ဘောင်ဝင်၍ ကျောင်းပညာမသင်ကြတော့ဘဲ ဗုဒ္ဓစာပေကျမ်းဂန်များကိုသာ သင်ယူကြပါသည်။

ဆဌမအုပ်စု။ ဒုက္ခသည်စခန်းများနှင့် စစ်ဘေးရှောင်စခန်းများတွင် ရောက်ရှိနေသော ကလေးများအတွက် ဒေသခံများစုပေါင်း၍ ကျောင်းများဖွင့်လှစ်သင်ကြားကြပါသည်။ ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများသည် နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ ကျောင်းများကို စနစ်တကျ တည် ထောင်ထားကြပါသည်။ ဘင်္ဂလားဒေ့နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် အစောပိုင်းနှစ်များက ကျောင်းဖွင့်ခွင့်မရကြပါ။ နှစ်ကာလကြာလာသည်နှင့်အမျှ ကလေးများကို စာသင်ပေးရန် ကြိုးပမ်းကြရပါသည်။ ပြည်တွင်းစစ်ရှောင်စခန်းများတွင်လည်း ကလေးများကိုတတ်နိုင်သမျှစာသင်ပေးကြပါသည်။ သို့ရာတွင် တည်ငြိမ်မှုမရှိ၍ အခက်အခဲများစွာရင်ဆိုင်ရပါသည်။ ဤဆဌမအုပ်စုတွင် ကျောင်းအရေအတွက် ရာဂဏန်းသာရှိပြီး ကျောင်းသားဦးရေ ၂ သောင်းကျော် ၃ သောင်းခန့်ရှိမည်ဟု ခန့်မှန်းပါသည်။

သတ္တမအုပ်စု။ အိမ်နီးချင်းတိုင်းပြည်များတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ကလေးများဖြစ်ကြပါသည်။ ထိိုင်းနိုင်ငံအတွင်း၌ ကျောင်းပေါင်း ၁၀၀ ခန့်ရှိပြီး၊ မလေးရှားနိုင်ငံတွင်လည်း (အရေအတွက်မသိရသော်လည်း) ကလေးများအတွက် ကျောင်းများဖွင့်ကာ စာသင်ကြားပေးလျှက်ရှိကြပါသည်။ ဤအုပ်စုတွင် ကလေးဦးရေ ၁ သောင်းကျော် ၂ သောင်းခန့် ရှိမည်ဟု ခန့်မှန်းပါသည်။

အဌမအုပ်စု။ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော အင်တာနက်အသုံးပြုသင်ကြားသည့် online ကျောင်းများဖြစ်ပါသည်။ ကျောင်းပေါင်း ၇၀ ကျော်ရှိကြောင်းသိရပါသည်။ ကျောင်းတကျောင်းလျှင် ပျမ်းမျှကျောင်းသားဦးရေ ၁၀၀၀ ခန့်ရှိသဖြင့် ကျောင်းသား ၇ သောင်းကျော် ပညာသင်ယူနိုင်ကြပါသည်။ သို့ရာတွင် အင်တာနက်နှင့် လျှပ်စစ် မှန်မှန်မရခြင်း၊ လုံခြုံရေးစိုးရိမ်ရခြင်း၊ သင်ကြားပေးသည့် ဆရာ၊ ဆရာမများ မကြာခဏ ဖမ်းဆီးခံရခြင်းတို့ကြောင့် တည်ငြိမ်မှု မရှိပါ။

နဝမအုပ်စု။ စစ်အာဏာသိမ်းပြီး ဒုတိယနှစ်တွင် ပေါ်ပေါက်လာသော ရပ်ရွာအခြေပြုကျောင်းများဖြစ်ပါသည်။ ကယားပြည်နယ် (ကယန်းနှင့် ကရင်နီဒေသ)၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမြို့နယ်များတွင် ဒေသခံများ၏ ကိုယ်ထူကိုယ်ထ ကျောင်းများပေါ်ပေါက်လာပါသည်။ ထိုဒေသများတွင် ယခင်ကအစိုးရကဖွင့်လှစ်သောကျောင်းများရှိခဲ့ပါသည်။ စစ်အာဏာသိမ်းပြီးနောက် အဆိုပါကျောင်းများမှ ဆရာ၊ ဆရာမများလည်း CDM လုပ်ကြပါသည်။ စစ်အစိုးရအုပ်ချုပ်ရေးလည်းမရှိတော့သဖြင့် ဒေသခံများကိုယ်တိုင် ဦးဆောင်၍ ကျောင်းများဖွင့်လှစ်ကာ ကလေးများကို စာသင်ကြားပေးကြပါသည်။ အချို့ကျေးရွာအခြေပြုကျောင်းများသည် NUG အစိုးရ ပညာရေးဌာနတွင် အသိအမှတ်ပြုလျှောက်ထားကြပြီး NUG ကျောင်းအဖြစ်ရပ်တည်ကြပါသည်။ အချို့ကျောင်းများသည် NUG ၏ အသိအမှတ်ပြုမှုကို လျှောက်ထားခြင်းမပြုဘဲ သီးခြားရပ်တည်ကြသည်လည်းရှိပါသည်။ အဆိုပါကျောင်းများသည် စစ်ပွဲများ ဖြစ်ပွါးရာဒေသတွင် တည်ရှိခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခံရခြင်း၊ ရွာမီးရှို့ခံရခြင်း စသည်တို့ကြောင့် လုံခြုံမှုနှင့် တည်ငြိမ်မှုမရှိပါ။ ဤအုပ်စုတွင် ကျောင်းအရေအတွက် အတိအကျမသိရသော်လည်း ထောင်ဂဏန်းရှိသည်ဟု ခန့်မှန်းပါသည်။ ကျောင်းသားဦးရေ ၂ သိန်းကျော် ၃ သိန်းခန့် ပညာသင်ခွင့်ရမည်ဟု မျှော်လင့်ပါသည်။

ဒဿမအုပ်စု။ ဤအုပ်စုသည် ပျောက်ဆုံးနေသော ကလေးများဖြစ်ပါသည်။ စစ်ကောင်စီကျောင်းများတွင်လည်း တက်ရောက်ခြင်းမရှိ၊ စစ်ကောင်စီပြင်ပရှိ ကျောင်းများတွင်လည်း တက်ရောက်ခြင်းမရှိကြသော ကလေးများဖြစ်ပါသည်။ အရေအတွက်အားဖြင့် ၅ သန်းကျော်ရှိပါသည်။ ထိုကလေးများသည် မည်သည့်ဒေသများတွင် နေထိုင်၍ မည်သို့ရပ်တည်နေကြသည်ကို မသိနိုင်သေးပါ။ စစ်ကောင်စီကျောင်းတက်သူ ၅ သန်းကျော်နှင့် စစ်ကောင်စီပြင်ပကျောင်းများတွင် တက်ရောက်သူ ၁ သန်းခန့် ရှိသဖြင့် ပျောက်ဆုံးနေသော (ပညာသင်ကြားခွင့်ဆုံးရှုံးနေသော) ကလေးပေါင်း ၅ သန်းကျော် ရှိသည်ဟု ခန့်မှန်းပါသည်။ ဤကိန်းဂဏန်းသည် ထိတ်လန့်စရာဖြစ်ပြီး၊ ဤကလေးများ၏အနာဂတ်နှင့် တိုင်းပြည်၏ အနာဂတ်မှာ စိုးရိမ်စရာဖြစ်ပါသည်။

ဆွေးနွေးတင်ပြချက်

ငွေကြေးတတ်နိုင်သောမိဘများနှင့် ပညာတတ်မိဘများက သူတို့သားသမီးများ၏ ပညာရေးကို သူတို့ကိုယ်တိုင် ဆောင်ရွက်ပေးနိုင်ကြပါသည်။ သို့ရာတွင် ကျေးလက်တောရွာမှ လယ်သမားမိသားစုများ၏ ကလေးများ၊ အလုပ်သမားမိသားစုများ၏ ကလေးများ၊ မြို့နေဆင်းရဲသားများ၏ ကလေးများ၊ ဝေးလံခေါင်ဖျားဒေသများမှ ကလေးများ၊ မသန်စွမ်းကလေးငယ်များ၊ လူနည်းစုအသိုင်းအဝိုင်းမှ ကလေးများ ပညာသင်ယူနိုင်ရေးအတွက် ပညာရေးတာဝန်ရှိသူများက အလေးထားဆောင်ရွက်ပေးမှသာ ပညာရေးအခွင့်အလမ်းများ ရရှိနိုင်ကြပါမည်။

ကလေးအားလုံးပညာသင်ယူနိုင်သည့် အခွင့်အရေးရရှိပြီး၊ အရည်အသွေးရှိသောပညာရေးကို တန်းတူညီမျှရရှိရေးသည် အရေးကြီးသော အချက်ဖြစ်ပါသည်။ ကလေးအားလုံး၏ တန်းတူညီမျှ ပညာသင်ကြားနိုင်သည့် အခွင့်အရေးသည် အနာဂတ်ပညာရေး မျှော်မှန်းချက်ဖြစ်သော်လည်း ယခုအချိန်မှစ၍ ထိုရည်မှန်းချက်ကို ရောက်ရှိအောင် ဦးတည်ဆောင်ရွက်စေလိုပါသည်။ ပညာရေးမူဝါဒ ချမှတ်သူများ၊ ဆရာ၊ ဆရာမများအနေဖြင့် ကလေးအားလုံး၏ ပညာရေးကို အလေးထားဆောင်ရွက်ပေးစေလိုပါသည်။
ပထမအဆင့်အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားခွင့်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပြီး တဖြည်းဖြည်းနှင့် အရည်အသွေးရှိသောပညာရေးဖြစ်အောင် ဆောင်ရွက်ကြရပါမည်။ ဒေသအသီးသီးတွင် ပညာရေးအကောင်အထည်ဖေါ်မှုကို တာဝန်ယူထားကြသူများနှင့် ဆရာ၊ ဆရာမများသည် မိမိတို့ဒေသအတွင်းရှိ ကလေးများ ပညာရေးလက်လှမ်းမီစေရန် ဆောင်ရွက်ပေးကြစေလိုပါသည်။

ပညာရေးတာဝန်ရှိသူများနှင့် လက်လှမ်းမမှီသောဒေသများတွင် ရောက်ရှိနေသော ကလေးများအတွက် အရပ်ဖက်အဖွဲ့အစည်းများက အဆိုပါကွက်လပ်ကို ဖြည့်ပေးစေလိုပါသည်။ ဒေသအသီးသီးရှိ အုပ်ချုပ်ရေးတာဝန်ရှိသူများကလည်း ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲ၍ ကလေးများ၏ ပညာရေးအခွင့်အရေးကို မြှင့်တင်ပေးစေလိုပါသည်။ နိုင်ငံတကာအလှူရှင်များနှင့် ပြည်တွင်းအလှူရှင်များကလည်း ကလေးများ၏ ပညာရေးအခွင့်အရေးကို အလေးထားဆောင်ရွက်ပေးစေလိုပါသည်။

အကြံပြုချက်များ

- ပညာရေးမူဝါဒချမှတ်သူများက မြန်မာနိုင်ငံရှိ ကလေးတိုင်း ပညာသင်ယူခွင့် ရရှိစေရန် မူဝါဒချမှတ်၍ ပညာရေးစီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖေါ်ရန်
- ဒေသအသီးသီးရှိ ပညာရေးတာဝန်ရှိသူများက မိမိတို့ ဒေသတွင် မည်သည့်ကလေးမျှ ပညာသင်ယူခွင့်မဆုံးရှုံးစေရန်အတွက် ဂရုစိုက်ဆောင်ရွက်ရန်
- ပညာရေးအဖွဲ့အစည်းများလက်လှမ်းမမှီသော ဒေသများတွင် ရောက်ရှိနေသော ကလေးများပညာသင်ကြားနိုင်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးရန်
- အဖွဲ့အစည်းအသီးသီး၏ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးတာဝန်ရှိသူများက ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲရန်
- နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်များက ပညာရေးကဏ္ဍတွင် ကူညီမှုပေးရန်
- ပုဂ္ဂလိက ပညာရေးကဏ္ဍသည် စီးပွါးရေးအကျိုးအမြတ်ကို ရှေ့တန်းမတင်ဘဲ၊ ကျောင်းသားအများတက်ရောက်နိုင်ရေးအတွက် ကျောင်းသားမိဘများ တတ်နိုင်သည့် နှုန်းထားကိုသာ ကောက်ခံရန်
- ဆရာ၊ ဆရာမများအပါအဝင် ပညာရေးကိစ္စ ဆောင်ရွက်ကြသူများသည် ကလေးအားလုံး ပညာသင်ယူနိုင်သည့် အခွင့်အလမ်း များ ဖန်တည်းပေးပြီး၊ ဆက်လက်၍ ပညာရေးအရည်အသွေးရှိအောင်ဆောင်ရွက်ရန်

ဤဆောင်းပါးတွင် ဖေါ်ပြထားသည့် ကိန်းဂဏန်းများသည် အနီးစပ်ဆုံး ခန့်မှန်းထားခြင်းသာဖြစ်ပါသည်။ ပညာရေးကဏ္ဍအသီးသီးတွင် တာဝန်ယူထားကြသူများသည် သက်ဆိုင်ရာကိန်းဂဏန်းများကို ပြင်ဆင်ပေးကြစေလိုပါသည်။

ဆက်လက်ရေးသားမည့် အပိုင်းများတွင် သင်ရိုးညွှန်းတမ်း၊ တတ်မြောက်မှုစစ်ဆေးခြင်း၊ အဆင့်မြင့်ပညာကဏ္ဍ၊ ဆရာဆရာမများကဏ္ဍ၊ ပညာရေးဆိုင်ရာအသိအမှတ်ပြုမှု နှင့် ပညာရေးအရည်အသွေးမြှင့်တင်ရေးဆိုင်ရာအကြောင်းအရာများပါဝင်ပါမည်။

ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပါစေကြောင်း မြန်မာနှစ်သစ် အခါသမယတွင် ဆုတောင်းမေတ္တာပို့သပါသည်။

လေးစားလျှက်
ဒေါက်တာသိန်းလွင်
စဉ်းစားတွေးခေါ်သောစာသင်ခန်းဖေါင်ဒေးရှင်း

၁၃၈၅ မြန်မာနှစ်ဆန်း ၁ ရက်။
၂၀၂၃ ဧပြီလ ၁၇ ရက်။
PDFများတပ်စွဲထားသည့်နေရာတွင် စစ်ကောင်စီ လေကြောင်းက ခပ်နိမ့်နိမ့်မှ မပျံသန်းရဲဟု NUGပြော

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ရှိသည့်နေရာတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများကို ခပ်နိမ့်နိမ့်မှ ပျံသန်းပြီး မလုပ်
ရဲဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယနေ့ ဧပြီလ ၁၆ ရက်တွင်ပြုလုပ်သည့် ပဇီကြီးကျေးရွာ ဖြစ်စဉ် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမသတင်းဌာနသို့ ပြောသည်။

“တကယ်တမ်းPDFတွေ စိုးမိုးနေတဲ့နေရာမှာ သူတို့အဲ့လောက် နိမ့်နိမ့်ပျံသန်းပြီးတော့ ပစ်ခတ်နိုင်စွမ်းမရှိတော့ဘူးဖြစ်ပါတယ်။ ကျနော်တို့ဟာ အခု
နောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တပ်စွဲတဲ့နေရာမှာ သူတို့ အနီးကပ်အနိမ့်မပျံရဲတော့ဘဲနဲ့ ဟိုးအမြင့်ကြီးကနေပျံသန်းတော့တဲ့
အနေအထားရှိတဲ့အထိ ကျနော်တို့ အခြေအနေတွေကို ရောက်နေပြီဖြစ်ပါတယ်” ဟုဆိုသည်။

နည်းပညာမြင့်လက်နက်များမရှိသော်လည်း အချို့လက်နက်ကိရိယာများကို နေရာအချို့တွင် တပ်ဆင်ထားသည်ဟုလည်းသိရသည်။ သို့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တပ်စွဲထားနိုင်သည့်နေရာတိုင်းတွင် ထိုလက်နက် ကိရိယာများ မရှိကြောင်း ဦးနေဘုန်းလတ်ကဆိုသည်။

“ ချင်းဘက်မှာရော၊ ကရင်နီဘက်မှာရော ထိမှန်သွားပြီးတော့ မီးခိုးတန်းသွားပြီးတော့ ထွက်သွားတာမျိုးပါ။ ပိုင်ပိုင်နိုင်နိုင်ထိမှန်ပြီး ပျက်ကျတာမျိုးတွေတော့ မတွေ့ရသေးပေမယ့် ရဟတ်ယာဥ်တွေကို ထိမှန်အောင်ပစ်ခတ်နိုင်တဲ့ အနေအထားတွေရှိလာပါတယ်။ ဒါကြောင့် သူတို့ အနိမ့်ပျံပြီး စိတ်ရှိလက်ရှိ ပစ်နိုင်တဲ့အနေအထားမျိုး မရောက်ဘဲ ခပ်မြင့်မြင့်ကနေပဲ ပျံသန်းရတဲ့ အခြေအနေမျိုးပါ” ဟု ၎င်းကဆိုသည်။

လေယာဥ်ပစ်လက်နက်များ PDF များတွင် ရှိသည်ဟူသော သတင်းစကားကို စစ်ကောင်စီဘက်က ကြား၍ မဟုတ်ဘဲ မြေပြင်တွင် လက်တွေ့
ပစ်ခတ်ခံရမှုများရှိလာ၍ ယင်းသို့ အနိမ့်မှ မပျံသန်းကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျေးရွာရှိပြည်သူများကို ရပ်
ဓလေ့၊ရွာဓလေ့အရ ရုံးသစ်တက် အလှူအဖြစ် နံနက်ပိုင်းတွင် ထမင်းကျွေးမွေးနေစဉ် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ခဲ့သည့်အတွက် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့်အမျိုးသမီးအများစု ပါဝင်သည့် ပြည်သူစုစုပေါင်း ၁၆၈ဦး သေဆုံးခဲ့သည်ဟု စာရင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို ရက်ရက်စက်စက်ပြုလုပ်ခဲ့သည့်အတွက် သေဆုံးသူအများအပြား ရှိခဲ့သည့်အပြင် ခြေလက်အင်္ဂါ
ဆုံးရှုံးလိုက်ရသူများနှင့် ဒဏ်ရာ အပြင်းအထန်ရရှိသူ ဦးရေမှာလည်း ဆယ်နှင့်ချီရှိနေသည်။

ထိုကဲ့သို့သောစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအပေါ်NUG၏တာဝန်ရှိသူများပြောကြားခဲ့သည့် လေယာဉ်ပစ်လက်နက်များနှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် မေးခွန်းထုတ်မှုများသည်လည်း ရှိလာသည်။

ဦးနေဘုန်းလတ်က “အခုဖြစ်သွားတဲ့နေရာက ပြည်သူတွေရှိနေတဲ့ နေရာပေါ့။ ဒီနေရာမှာကျနော်တို့ရဲ့ ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေ တပ်စွဲထားတဲ့
နေရာလည်း မဟုတ်ဘူး။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေတဲ့နေရာလည်း မဟုတ်ဘူး။ ပြည်သူတွေပဲ ရှိနေတဲ့နေရာပဲဖြစ်တယ်။ ဒီလိုနေရာမျိုးမှာတော့ သေချာတစ်ခုက ဘယ်လိုမှ လေကြောင်းရန် ပစ်ခတ်မှုကို တားဆီးနိုင်မယ့် လက်နက်ကိရိယာတွေရှိ မနေဘူးဆိုတာသေချာပါတယ်” ဟုဆိုသည်။

လက်ရှိတွင် NUG အနေဖြင့် လက်နက်တပ်ဆင်ခြင်းအပြင် လေကြောင်းရန်ကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ၊ သတင်းအချက်အလက်
မျှဝေမှုများ၊ စစ်ကောင်စီလေကြောင်းကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေသည်ဟု သိရသည်။

သုတေတနအဖွဲ့များ၏ အစီရင်ခံစာများအရ ၂၀၂၃ခုနှစ် အစပိုင်းကစတင်ပြီး လက်ရှိအချိန်ထိ နိုင်ငံအနှံ့တွင် စစ်ကောင်စီက လေကြောင်း
တိုက်ခိုက်မှုစုစုပေါင်း၂၀ ထက်မနည်း ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#လေကြောင်းတိုက်ခိုက်မှု
#ပဇီကြီးရွာ သတင်းစာရှင်းလင်းပွဲ
#NUG
Forwarded from Infinity Group
PDF ​တွေရှိတဲ့​နေရာ​တွေမှာ စကစ ​လေယာဥ်​တွေက ခပ်နိမ့်နိမ့်က​နေ မပျံရဲဘူးလို့ NUG ဝန်ကြီးချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်က​ပြောတယ်။

​စကစ​လေယာဥ်​တွေက PDF ​​တွေရှိတဲ့​နေရာမှမဟုတ် အရပ်သားအများစုရှိတဲ့​နေရာ​တွေကိုပါ ရက်ရက်စက်စက် ပစ်ခတ်​သတ်ဖြတ်နေချိန်မှာ အခုလိုစကားမျိုးပြောထွက်တာဟာ ဉာဏ်တိမ်တယ်လို့​ပြောရမယ်။

​ဇော်မဲလုံးလို​ကောင်က ဒီလိုစကားမျိုး​ပြောရင် ဟာသတခုဖြစ်သွားနိုင်​ပေမယ့် NUG အကြီးအကဲတ​ယောက်က ဒီလို​ပြောလိုက်တဲ့အချိန်မှာ ဘာ​ပြောရမှန်းမသိ​အောင် စွံ့အသွားတယ်။

#InfinityGroup
အကြမ်းဖက် စစ်တပ်၏ ဝါဇီစက်ရုံနှင့် ကပစ စက်ရုံတို့ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၇
ခေတ်သစ်

မကွေးတိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ငွေစက္ကူ ရိုက်ထုတ်သည့် ဝါဇီစက်ရုံနှင့် ကပစ စက်ရုံ တို့ကို ဧပြီလ ၁၆ ရက်နေ့တွင် ရှော့တိုက်ဒုံး ၅ လုံးပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Black Hawk Seinkphyu Revolution Front အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အပြည့်အစုံ 👇🏻👇🏻👇🏻
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ (၂) နှစ်ပြည့် တပ်တော်နေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၇) ရက်

VK Link: https://vk.com/mndaa_tnla_aa
Telegram Channel: https://t.me/threebrotherhoodalliance
သထုံ သိမ်ဆိပ်ရဲစခန်း တိုက်ခိုက်ခံရ

People's Spring

မွန်ပြည်နယ် ၊ သထုံမြို့နယ် ထဲက သိမ်ဆိပ်နယ်မြေ ရဲစခန်းကို ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေ ဒီနေ့မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အပြည့်အစုံ 👇🏻👇🏻👇🏻
BPLA (၂)နှစ်ပြည့်တပ်တော်နေ့အခမ်းအနားသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ
Forwarded from Chin World Media
ကလေးအကျဉ်းထောင်ကနေ အကျဉ်းသား/အကျဉ်းသူ ၂၆ ယောက်လွတ်ငြိမ်းသက်သာခွင့်ရတယ်လို့သိရ

ဧပြီလ ၁၇ ရက်နေ့ ။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ လူ(၂၆)ယောက်တို့ဟာ ဒီကနေ့ ဧပြီလ(၁၇)ရက်နေ့ မနက်ပိုင်းမှာ လွတ်ငြိမ်းသက်သာခွင့်ရတယ်လို့ သိရပါတယ်။

လွတ်ငြိမ်းသက်သာခွင့်ရတဲ့သူတွေထဲမှာ အမျိုးသား(၂၃)ဦးနဲ့ အမျိုးသမီး(၃)ဦးတို့ဖြစ်ကြပြီး နိုင်ငံရေးအမှုနဲ့ ပတ်သက်နေသူတွေထက် မူးယစ်ဆေးဝါးအမှုနဲ့လွတ်မြောက်လာသူပိုများတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်က အခုလိုပြောပါတယ်။

သူက “ နိုင်ငံရေးနဲ့ကျတဲ့သူတွေလွတ်လာတယ်လို့တော့မကြားမိသေးဘူးပေါ့ ၊ မူးယစ်ဆေးဝါးအမှုနဲ့ ကျတဲ့ သူတွေက လွတ်လာတာတော့ ပိုများတာသေချာတယ်လို့” အခုလို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့မှာ ကလေးအကျဉ်းထောင်ကနေ အကျဉ်းသူ/သား (၇၇)ဦးလွတ်ငြိမ်း သက်သာခွင့်ရတယ်လို့သိရပါတယ်။

ပုံ ပုံဟောင်း -ဇန်နဝါရီလ ၄ ရက်နေ့က ကလေးအကျဉ်းထောင်ကလွတ်မြောက်သူများ
အင်းစိန်ထောင်မှ အကျဥ်းသားအချို့ လွတ်ငြိမ်းဖြင့်ပြန်လွတ်သော်လည်း နိုင်/ကျဉ်းများမပါဝင်

ရန်ကုန်၊ ဧပြီ ၁၇
လူငယ့်ခေတ်

ယနေ့မနက်ပိုင်းက စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဥ်းသားအချို့ အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသော်လည်း နိုင်ငံရေး အကျဥ်းသားများ မပါဝင်သေးကြောင်း အင်းစိန်ထောင်ရှေ့တွင် သွားရောက် စောင့်ဆိုင်းနေသည့် မိသားစုဝင်များထံမှသိရသည်။

“မနက် ၁၁ခွဲလောက်ကစလွှတ်တာ၊ နိုင်ငံရေး အကျဥ်းသားတွေတော့ မပါဘူး။ ဆေးမှုနဲ့ကျတဲ့သူတွေများတယ်”ဟု မိသားစုဝင်တစ်ဦးကဆိုသည်။

စစ်ကောင်စီက နိုင်ငံတဝန်း ဖမ်းဆီးထားသည့် အကျဥ်းသား ၃၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ယနေ့ကြေညာထားသည်။

စစ်တပ်အာဏာသိမ်းကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိူင်ငံရေးအကျဥ်းသားဦးရေ ၁၇၀၀၀ ကျော်ရှိကြောင်း နိူင်ငံရေးအကျဥ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

ဓာတ်ပုံများ -AAMIJ