MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ဂန့်ဂေါတွင် စစ်တပ်က အရပ်သားပြည်သူ ကိုခိုင်ဇော်သန်းကို ဖမ်းဆီး သတ်ဖြတ်၊ ဝါးရင်းချိုင်ရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၃၄ လုံး ပြာကျ
==========================

ရန်ကုန်ခေတ်သစ်
November 25 ,2022

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဒေသခံ ပြည်သူ ကိုခိုင်ဇော်သန်းကို ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အပြည့်အစုံ 👇👇👇
ဟင်္သာတမြို့တွင် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မြို့လည်ရှိ အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီး
==========================

People's Spring
November 25 ,2022

ဟင်္သာတမြို့တွင် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မြို့လည်ရှိ အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီးပစ်လိုက်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ယာဥ်ထိန်းရဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော အဖွဲ့သည် ဟင်္သာတမြို့ ဟင်္သာရုပ်အဝိုင်းလမ်းနှင့် ကပ်လျက်ရှိသော အစ္စလာမ်သင်္ချိုင်းဟောင်းအနီးတွင် အောက်တိုဘာ ၁၃ရက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။ ထို့နောက် စစ်ကောင်စီက သင်္ချိုင်းဟောင်း အုတ်တံတိုင်းကို ဖြိုချလိုက်ပြီး အုတ်ဂူအချို့ကိုပါ ဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အပြည့်အစုံ 👇👇👇
စစ်အာဏာသိမ်း (၆၆၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၃၃ ဦး အထိရှိလာ
==========================

သံလွင်တိုင်းမ် | November 25 ,2022

AAPP ရဲ့ နိုဝင်ဘာလ (၂၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၆၂)ရက်အတွင်း ပြည်သူ (၂၅၃၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၄၂၆ ဦးအထိရှိလာခဲ့ပြီး ဖြစ်ပါတယ်။

ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၁၈) ဦး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀)ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

ကိုးကား - AAPP
နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

Full PDF: http://www.womenofburma.org/statements/niungngnttkaaamiusmiimaaape-akmphkmu-ppeaakrene-athimamtt-thuttpnkennyaakhk
စစ်ကောင်စီက တေဇ၏ သား ၂ ဦးကို လစဉ် စားအုန်းဆီ တန်ချိန်သောင်းချီ တင်သွင်းခွင့်ပေး
=========================

Khit Thit Media
November 25 ,2022

အကြမ်းဖက်စစ်ကောင်စီ့က အမေရိကန်ဒေါ်လာ လိုအပ်ချက် လျှော့ချရေးအတွက် ပြည်တွင်းသို့ သွင်း ကုန်များ တင်သွင်းခွင့် ပိတ်ပင်မှုများ လုပ်ဆောင်နေသော်လည်း စစ်တပ်၏ ဒေါက်တိုင် တေဇ၏ သား ၂ ဦးကိုမူ လစဉ် စားအုန်းဆီ တန်ချိန် ၁၅၀၀၀ တင်သွင်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-တေဇနှင့်သား ၂ ဦး။

အပြည့်အစုံ 👇👇👇
Media is too big
VIEW IN TELEGRAM
နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပေါ်လာပုံ နှင့် လက်ရှိမြန်မာနိုင်ငံအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေခြင်းအပေါ်် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ တောင်းဆိုချက်များ

WLB
အနာဂတ်နိုင်ငံရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ
−−−−−−−−−−−−−−−−−−−−−−
အနာဂတ်နိုင်ငံရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲကို
ပါဝင်ဆွေးနွေးမည့်သူများအနေဖြင့်
 နှင်းနှင်းမွှေး (တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
 မူအန်းဂျလာ ( တွဲဖက်အတွင်းရေးမှူး − ၂၊ ကယန်းအမျိုးသမီးအစည်းအရုံး) တို့ဖြစ်ကြပြီး
Moderator အဖြစ် ဒေါ်နိုးနိုးထက်စံ (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ) မှ ဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
အဆိုပါဆွေးနွေးပွဲကိုတော့ Mizzima TV နဲ့ Mizzima News In Burmese Facebook Page, Burmese Women’s Union နဲ့ HI - Honest Information Facebook Page တို့ကနေ ထိုင်းစံတော်ချိန် မနက်၁၀နာရီမှ ၁၁နာရီခွဲအထိ တိုက်ရိုက် live ထုတ်လွှင့်ပေးသွားမှာပဲ ဖြစ်ပါတယ်။

#MizzimaTV
#BWU

Live Link
https://fb.watch/g-WX9V8Fn_/
ARNA လို့ အမည်မှည့်ထားတဲ့ ရိုဟင်ဂျာအဖွဲ့အစည်းအသစ်ဖွဲ့စည်းခြင်းနှင့် ထိုအဖွဲ့သစ် ARNA ကို ရိုဟင်ဂျာအဖွဲ့အစည်းများ၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူများနှင့် တသီးပုဂ္ဂလ အထင်ကရ ရိုဟင်ဂျာများက ကန့်ကွက်ထား

နိုဝင်ဘာ ၂၅ ၊ AEN
The Arakan Express News
This media is not supported in your browser
VIEW IN TELEGRAM
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အတွက် ပြည်ထောင်စုဝန်ကြီး၏ သတင်းစကား

~~~~~~~~~~~~~~~~~

25 Nov 2022

ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပါတယ်။ ဒီနေ့အတွက်ဆောင်ပုဒ်ကို “အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ အားလုံးစုစည်းလုပ်ဆောင်စို့” လို့ ရွေးချယ်သတ်မှတ်ထားပါတယ်။

အမျိုးသမီးများ၊ ကလေးငယ်များနှင့် လိင်စိတ်ကွဲပြားသူတွေ အပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ဆိုတာ လူတိုင်းလူတိုင်းမှာ တာဝန်ရှိသလို အားလုံးပူးပေါင်းဆောင်ရွက်မှလည်း အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုပပျောက်ရေးဆောင်ရွက်တဲ့နေရာတွေမှာ လူသားတိုင်းပါဝင်လာပြီး ပူးပေါင်းဆောင်ရွက်ဖို့ အားပေးတိုက်တွန်းဖိတ်ခေါ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးရဲ့ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက် ရေးနေ့” အထိမ်းအမှတ် ၃ မိနစ်စာ သတင်းစကား ဗီဒီယိုလေးကို ကြည့်ရှုကြပါဦးစို့လို့ တိုက်တွန်း လိုက်ရပါတယ်။

#JusticeNowMyanmar
#WhiteRibbon
#EliminationOfViolenceAgainstWomen
#MOHR
Forwarded from Enemy Air Route Channel
⚠️မော်လမြိုင်

မော်လမြိုင် ရတခ ကွင်းမှ Mi-35 Attack Helicopter 1 စီး အရှေ့မြောက်အရပ်သို့ပျံတက်။

11:33, Nov 25
#EAR
စစ်ကောင်စီမှ ဝန်ကြီးဆိုသူ သက်သက်ခိုင် ဦးစီးကျင်းပတဲ့ အွန်လိုင်း Zoom အစည်းအဝေးမှာ "မုဒိမ်းစစ်တပ် အမြတ်ဖြတ်" ၊"လုံး၀ အုပ်ချုပ်ခွင့် မရစေရ" စာသားများဖြင့် ဝင်ရောက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၂၅
Khit Thit

အကြမ်းဖက်စစ်ကောင်စီမှ ဝန်ကြီးဆိုသူ သက်သက်ခိုင် ဦးစီးကျင်းပတဲ့ အွန်လိုင်း Zoom အစည်း အဝေးမှာ "မုဒိမ်းစစ်တပ် အမြတ်ဖြတ်" ၊"လုံး၀ အုပ်ချုပ်ခွင့် မရစေရ" စာသားဖြင့် ဝင်ရောက် ဆန္ဒပြ ကြကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန် စစ်ကောင်စီ၏ လူကယ်ပြန်ဝန်ကြီးဆိုသူ သက်သက် ခိုင် ဦးစီးကျင်းပသည့် " အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား" ကို အွန်လိုင်းမှတစ်ဆင့် တော်လှန်ရေးအဖွဲ့တစ်ခုက ဝင်ရောက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

အပြည့်အစုံ >>>