MPX Premium Store
705 subscribers
29 photos
3 videos
7 links
Telegram Premium & Discover a curated selection of high-quality products ranging from digital products. We pride ourselves on offering products that meet our strict quality standards, ensuring you get the best value.

VISA/ USA Google Payment Store.
Download Telegram
Telegram login ဝင်တဲ့အခါ ဒီလိုမျိူးတွေ တွေ့နေရတာဆိုတော့

အကောင့်ထဲ ဝင်ဝယ်ပေးရတဲ့ တလတွေအတွက် ထိခိုက်မှုဖြစ်မလား မဖြစ်ဘူးလားကတော့ စောင့်ကြည့်မှပဲရအုံးမယ်ဗျ။

ဒီနေ့မှတွေ့တာဆိုတော့ ဘာက ဘယ်လိုလဲ သေချာ မပြောတတ်သေးပါဘူးဗျ။

တကယ်က Telegram login code က sms မှ မပို့တာ၊ အကောင့်ထဲမှာပဲ ကျတဲ့ကိစ္စကို Telegram က တကယ်ကိုကြောင်တောင်တောင်နဲ့၊ သူဘာဖြစ်ချင်လို့ဖြစ်ချင်နေမှန်းကိုမသိတာ ခက်တာ။

Payment ပိုင်းမှာလည်း သေချာမလုပ်နိုင်တာ တော်တော်ကို ပဲ့တာပါ။ ။
တလတွေက မရောင်းချင်လို့မဟုတ်ပါဘူးဗျ။ ။ တကယ်ကြီးကို Error ြဖစ်နေတာပါ

ဘဏ်ကို ဆက်သွယ်တော့လည်း သူတို့ဘက်က မမှားဘူးပြောတယ် Telegram ကို X မှာသွားပြောတော့လည်း သောက်ဖက်မလုပ်ပါဘူး
11
This media is not supported in your browser
VIEW IN TELEGRAM
Music on Profiles. Audio files from any of your chats can now be added to your profile with a single tap in the media player. 🔥
Please open Telegram to view this post
VIEW IN TELEGRAM
3
အမြဲတမ်းလိုလို ပျော်ဖို့ကောင်းတဲ့ဘဝကတော့

— အမြဲတမ်း ပျက်နေတဲ့ မီးရယ်

— မကောင်းချင်သလိုလို အမြဲတမ်းကျနေတဲ့ Fiber လိုင်းရယ်

— ကျက်သရေတုန်းလွန်စွာ အမြဲတမ်း Error ဖြစ်နေတဲ့ Myanmar VISA Cards တွေရယ်

အရာရာဟာ မြန်မာနိုင်ငံမှာ နေရတာကိုက သိပ်ကိုကံကောင်းလွန်းပါတယ်။ ။
2111
1 Month တွေ ပြန်ဝယ်လို့ ရနေပြန်ပါပြီ 😎

ဘယ်အချိန် ဘာဖြစ်အုံးမယ်မသိ။ ။
Please open Telegram to view this post
VIEW IN TELEGRAM
3321
Premium Bot နဲ့တခါဝယ်တယ်။ ဝယ်မရရင် တခါ Telegram အကြောင်း X ပေါ်မှာ ပြောအပြီးမှာတော့ Telegram Bot က Dead နေတာကိုတွေ့ရတယ်။ ။

ပိုကောင်းတဲ့ Result တွေရရင်တော့ အတော်ကို ကောင်းမယ်။

Payment error က Telegram ဘက်ဖြစ်တာလား? Banking ဘက်ကဖြစ်တာလား?

ဘယ်ဘက်ကဖြစ်တယ်ဆိုတာကိုသေချာမသိပေမယ့် စပြီးရောင်းပါပြီဆိုတဲ့ ၂၀၂၂၊ ၂၀၂၃ လောက်ကတည်းက အမြဲလိုလိုဖြစ်နေခဲ့တဲ့ Error! အခုထိလည်းရှိနေတတ်တယ် ဆိုတာကလား :")

အဆင်ပြေရင် အတော်ကောင်းမယ်။ ။
Premium တလကို ဘယ်လိုရောင်းလဲဆိုတော့ ဘုရားတပြီး စမ်းကြည့်ပြီး ရောင်းနေရတယ်

ဒီရက်ပိုင်း ပြောဖြစ်တဲ့စကားကတော့ တလရလားဆိုရင်တော့ "စမ်းကြည့်မှရမယ်" ပဲ

နောက်ကွယ်ကတော့ ဘုရားထိုင်ရှိခိုးနေရသလိုပဲ ဘုရားတနေရတယ် :")

ဘဏ်ကို ဆက်သွယ်လိုက်တိုင်း သူတို့မမှားတဲ့ သောက်ခွေး မြန်မာ VISA card တွေပါကွာ။ ။
12
Get Telegram Codes…

တော်တော်များများလည်း ကြုံတွေ့ဖူးနေကြ SIM card အသစ်တွေ ဝယ်လာပြီးတော့ အကောင့်အသစ်ဖွင့်တဲ့အချိန်မှာ Telegram Code တွေတောင်းတဲ့အခါမျိုးတွေကိုပေါ့။ ။

ဘာကြောင့်အဲ့ဒီလို ကုဒ်တွေတောင်းရတာလဲဆိုတော့။ တော်တော်များများသော အကောင့်တွေက SIM card ရောင်းတဲ့ ကိုယ်စားလှယ်တွေစီမှာ ဝိသမလောဘသားတွေက တကောင့်ကို ၂၅၀၊ ၅၀၀ အစရှိသဖြင့် တကဒ်ကို အဲ့ဒီလောက်ပေးပြီးတော့ Telegram အကောင့်အသစ်အတွက် ကုဒ်တွေ တောင်းထားတာဖြစ်တဲ့အတွက်ကြောင့်

Market ထဲမှာ သူသူကိုယ်ကိုယ် ဝယ်လို့ရတဲ့ SIM cards တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အကောင့်သစ်ဖွင့်ပြီးသားတွေဖြစ်နေတတ်ပါတယ်။

ဒီလိုတွေကို ဖြေရှင်းဖို့အတွက်ကတော့ အခြားနည်းလမ်းများများစားစားရှိပါဘူး။ ကိုယ့်မှာ SIM card ရှိပါတယ် ဟော့ဒီမှာပါဆိုပြီးတော့ သက်သေနဲ့ပြရင်တောင် Reply လုံးဝ လုံးဝမလုပ်တဲ့ Telegram support နဲ့တိုးတဲ့နောက်မှာတော့ အရာအားလုံးက ဇာတ်သိမ်းသွားခဲ့ရတဲ့ Case တွေများပါတယ်။

• Premium ဝယ်ပြီး အခုချက်ချင်းတောင် Session expire ဖြစ်ရတာနဲ့။ ။
• အကောင့်က Disable ဖြစ်သွားပြီး
• Phone number banned တွေမှာတောင် ပြန်ရနိုင်တဲ့ ရာခိုင်နှုန်းကတော့ ၄၀ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။

— ၁၀ ကောင့်လောက်ပြန်ယူပေးဖူးတာမှာတော့ ၄ ကောင့် ၃ ကောင့်လောက်သာ ပြန်ရခဲ့ပါတယ်။ ။

ဒီနည်းလမ်းကို ဖြေရှင်းဖို့အတွက်ဆိုရင်တော့ တော်တော်များများမှာလည်း Telegram account တွေ အသစ်ရောင်းကြတာဖြစ်လို့ သူတို့စီမှာ ဝယ်လိုက်ရင်တော့

• SIM Card ဝယ်ခသက်သာမယ်
• Telegram codes ဆိုရင်တော့ အကောင့်ထဲကို ကျတာဖြစ်လို့ရောင်းတဲ့လူက ပြန်ပေးရင်ရပါပြီ။

ဆိုတော့။ ။ အကောင့်တွေ အခုလိုဖွင့်ရောင်းကြတာကို အားမပေးဘူးဆိုပေမယ့် ဖြေရှင်းနည်းကလည်း အခြားမှမရှိတားကိုးလို့။ ။

အကောင့်တကောင့်ခြင်းကိုတော့ Seller အလိုက်

• 1500 // 2000 // 2500 ဆိုတာမျိုးတွေရောင်းတာတွေ့ဖူးတော့

အဆင်ပြေပြီး သင့်တော်မယ့်စီက ဝယ်ကြဖို့အကြံပေးချင်ပါရဲ့။ ။ (အရေးကြီးတာကလည်း သူများအခက်အခဲမဖြစ်ပဲ ကိုယ်အဆင်ပြေဖို့အတွက်ပဲလေ)

တခုရှိတာကတော့ အဲ့ဒီလို Telegram အကောင့်တွေ ဝယ်ပြီးရင်တော့

• Telegram » Settings » Privacy and Security » Login Email ကိုပြောင်းပါ။

• Telegram » Settings » Privacy and Security » Two-Step Verification on ထားတာကတော့ အကောင်းဆုံးပါပဲဗျ

This Content © 2025 by Hein Htet Kyaw is licensed under CC BY-NC-ND 4.0 📜 📜 📜 📜
Please open Telegram to view this post
VIEW IN TELEGRAM
422
Pay Change မလုပ်ပေးတော့တာ ကြာပါပြီဗျ။

အကြောင်းကတော့ ကျွန်တော် Wave လိုချင်တဲ့လူကို KBZ Bank Card ထဲထည့်ပြီး Wave Cash in လုပ်ပေးခဲ့သလို // KPay လိုချင်တဲ့လူကိုလည်း Yoma Bank Card ထဲကိုထည့်ပြီးတော့ KPay Cash in လုပ်ပေးခဲ့တာပါပဲဗျ။ ။

ဒါကြောင့်လည်းအမြဲတမ်း pay တွေမှာပါတဲ့ cash-in amount အတိုင်းပဲ to Aya / KPay / UAB - 0.6% // to Wave - 0.4% ဆိုပြီးတော့ တွက်ပေး လဲပေးခဲ့တာဆိုပေမယ့်

ကျွန်တော့ KPay ဖုန်းနံပါတ်ကို ခွေးမသားတကောင်က ငွေတုရောင်းတဲ့ဖုန်းအဖြစ်ထားပြီး pay change ခဲ့တာ ခံရတဲ့လူတွေ ၂ ယောက် ၃ ယောက် လောက်ဖုန်းဆက်တော့မှပဲ သိရတော့တယ်ဗျ။ ။

သူများပိုက်ဆံဆိုရင် ၅၀၀ / ၁၀၀၀ ကအစ ပြန်ပေးတတ်သလို အခုလိုမျိုး ကူညီပေးတာကို အခွင့်အရေးယူပြီး လိမ်သွားလို့ ဘယ်သူ့ကိုမှ လဲမပေးတော့တာ တော်တော်ကြာပါပြီဗျ။ ။

အခုက ဘယ်ကမှန်းမသိတွေ လာလာလဲကြလို့ မရတဲ့အကြောင်း မလဲပေးတော့ကြောင်း အသိပေးလိုက်တာပါဗျ :")
1
အရာရာတိုင်းအတွက် အကောင်းဆုံး AI tool - ChatGPT 🤖

မှတ်စုမှတ်ဖို့ အကောင်းဆုံး AI tool - Notion AI 📝

ဗီဒီယိုအတွက် အကောင်းဆုံး AI tool - Syllaby 🎬

Avatar အတွက် အကောင်းဆုံး AI tool - Heygen 🧑‍🦱

Threads အတွက် အကောင်းဆုံး AI tool - Threadmaster 🧵

SEO အတွက် အကောင်းဆုံး AI tool - Ranked AI 📈

Text-to-image အတွက် အကောင်းဆုံး AI tool - MidJourney 🎨

CV ရေးဆွဲဖို့ အကောင်းဆုံး AI tool - Kickresume ✍️

Coding အတွက် အကောင်းဆုံး AI tool - Replit 💻

Vibe coding အတွက် အကောင်းဆုံး AI tool - Manus 🎶

Design အတွက် အကောင်းဆုံး AI tool - Canva

YouTube အတွက် အကောင်းဆုံး AI tool - CreatorUnlock 🎥

Webinar အတွက် အကောင်းဆုံး AI tool - Webinarkit 🖥

CRM အတွက် အကောင်းဆုံး AI tool - Go High Level 📈
3111
🎁 41000⭐️4100 gifts max // max 1 per user // [Out of Stock // Damn မမှီလိုက်ဘူး 😆]

🎁 10000⭐️10k gifts // max 2 per user

🎁 10000⭐️10k gifts // max 2 per user
Please open Telegram to view this post
VIEW IN TELEGRAM
443
Motivation အရကတော့ ကိုယ့်ကိုယ်ကိုယ်သာ ပြိုင်ပါတယ်။

အခြားလူတွေ ဘာလုပ်လဲ ဘာဖြစ်နေလည်း စိတ်မဝင်စားပါဘူးဗျ။

မနေ့က ကိုယ်လည်း ဘာမှ မလုပ်ဘူး ဒီနေ့ကိုယ်လည်း ဘာမှ မလုပ်ဘူး အေးတာပဲ 😴
Please open Telegram to view this post
VIEW IN TELEGRAM
3
Name အပျောက်ထားချင်တဲ့လူတွေအတွက် ""

Premium Emoji အပျောက်ထားချင်တဲ့လူတွေအတွက် "0️⃣"
Please open Telegram to view this post
VIEW IN TELEGRAM
3
အကောင့်တော်တော်များများ Connecting ဖြစ်သလို Updating မှာကြာနေတတ်ပါတယ်ဗျ။

Channel ပျက်တာတွေ was blocked for violations of the Telegram Terms of Service based on user reports confirmed by our moderators.

စာတွေကလည်း ပြန်မရပါဘူးဗျ Channel မြင်နေရတာ Authorized Person (Admin / Owner) မလို့ မြင်ရတာပါဗျ။

အခြားလူကတော့ Channel Block ဖြစ်တယ် ဆိုတာပဲ မြင်ရမှာပါဗျ။
ဒီရက်ပိုင်းမှာ Russian ကကောင်တွေက အခုလို NFT တွေကို ဈေးပေါပေါနဲ့ လိုက်ပြီး Offer လုပ်နေတတ်ပါတယ်။ Accept ဆိုရင် NFT ပါသွားတတ်လို့ Reject ပဲလုပ်ကြပါဗျ
71
စိတ်ရှုပ်နေရင် ဘာလုပ်လဲတဲ့။

စိတ်ရှုပ်နေရင် ဘုန်းကြီးကျောင်းသွားပါတယ်။

ဖိနပ်တွေ တဖက်စီကို ဟိုပြောင်းဒီပြောင်းလုပ်ပြီး စိတ်ပိုရှုပ်နေကြတဲ့လူအုပ်ကိုကြည့်ပြီး။

ဪ ငါ့ထက် စိတ်ရှုပ်နေကြတဲ့လူတွေ ရှိပါလားလို့ ဖြည့်တွေးရတာပေါ့ 😔
Please open Telegram to view this post
VIEW IN TELEGRAM
311
❝ပရေသံ ဟိတ မိစ္ဆေယျံ❞

ငါသည် သူတစ်ပါးတို့၏အကျိုးစီးပွားကို လိုလားနှစ်သက် ဆောင်ရွက် ပေးနိုင်ရပါလို၏။

❝ဟိတံ မေ ဣစ္ဆတံ ပရော❞

သူတစ်ပါးတို့ကလည်း ငါ၏အကျိုးစီးပွားကို လိုလားနှစ်သက် ဆောင်ရွက် ပေးနိုင်ကြပါစေ။

❝နာညဿ ဒုက္ခမိစ္ဆေယျံ❞

ငါသည် သူတစ်ပါးတို့ ဆင်းရဲဒုက္ခရောက်နေကြသည်ကို မလိုလားမနှစ်သက်ပါ။

❝မာ မေ ဒုက္ခံ ဣစ္ဆတံ ပရော❞

သူတစ်ပါးတို့ကလည်း ငါ ဆင်းရဲဒုက္ခရောက်မည်ကို မလိုလား မနှစ်သက်ကြပါစေနဲ့။

❝န ဟိံသေယျံ ပရံ ပါဏံ❞

ငါသည် တစ်ပါးသောသတ္တဝါကို မညှင်းဆဲ မနှိပ်စက်ပါရစေနဲ့။

❝မာ မေ ဝိဟေသတံ ပရော❞

သူတစ်ပါးတို့ကလည်း ငါ့ကို မညှင်းဆဲ မနှိပ်စက် ကြပါစေနဲ့။

❝န ဘဝေ အဟံ ဝေရီ❞

ငါသည် သူတစ်ပါးတို့၏ရန်သူ ဘယ်တော့များမှ မဖြစ်ပါရစေနဲ့။

❝မာ ဝေရိ ဟောတု မေ ပရော❞

သူတစ်ပါးတို့သည်လည်း ငါ၏ရန်သူတို့ ဘယ်တော့များမှ မဖြစ်ကြပါစေနဲ့။
61
ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်း ရှောင်ပုန်းလိုက်ပါတယ် ကျားငယ်က မေးပါတယ်။

❝အဖေက ခြင်္သေ့ကိုလည်း တိုက်ရဲတယ် ကျားသစ်ကိုလည်း နိုင်ရဲတယ် ဘာမှမဟုတ်တဲ့ ခွေးရူးကျတော့ ရှောင်ပုန်းတယ် သိက္ခာမကျဘူးလား အဖေ❞ တဲ့

ကျားကြီးက သူ့သားကို ပြန်မေးလိုက်ပါတယ်။

❝ခွေးရူးကိုနိုင်တော့ ဂုဏ်ယူစရာ ကောင်းသလား သား❞

ကျားငယ်ခေါင်းခါပါတယ်။

❝ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား❞

ကျားငယ်က ခေါင်းခါပြန်တယ်

❝ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို ပြိုင်ကိုက်ရမှာလဲ၊ ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင် တွေ့ကရာ လျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ ငါ တို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး အဲဒါ သား မြဲမြဲ မှတ်ထား၊ လူတွေလိုမလုပ်ပါနဲ့ လူတွေတော်တော်များ များက ခွေးရူးနဲ့ ပြိုင်တုကိုက်နေကြတာ❞ လို့ပြောပြလိုက်တယ်။

သင်ခန်းစာ။ ။ တစ်စုံတစ်ယောက်၏ စော်ကားမော်ကား အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက် တုန့်ပြန် ချင်စိတ် ပြင်းပြနေသော သင့်အား ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။
422
Forwarded from MPX Leave = Ban 🔥
ℹ️ Chat Info
Chat Title: MPX Premium Store
Chat ID: -1002396377583
Total Members: 765
Banned Users: 431
👑 Owner: Hein Htet Kyaw (100285683)

🤖 Bot Admin Status: Yes
Permissions:
Manage Chat
Delete Messages
Restrict Members
Promote Members
Invite Users
Manage Video Chats
Change Info
Post Messages
Edit Messages