သိပ်ပြီးမရိုက်ဖြစ်တဲ့ Landscape ပုံရိပ်တချို့... 🍃📸
ကျွန်တော်ကိုယ်တိုင်က Portrait နဲ့ Street Photography ကို ပိုအားသန်ပြီး နှစ်သက်တဲ့သူတစ်ယောက်ပါ။ ကင်မရာကိုင်ပြီး အပြင်ထွက်မယ်ဆိုတိုင်း ခေါင်းထဲမှာ လူတွေရဲ့ Mood တွေ၊ လမ်းမထက်က ဖြတ်ပြေးသွားတဲ့ အခိုက်အတန့်တွေကိုပဲ မျက်စိက အလိုလို ရှာနေမိတတ်တယ်။ Street ရိုက်ဖို့ ထွက်သွားရင်တောင် အိမ်ပြန်ရောက်လို့ ဓာတ်ပုံရွေး၊ Edit လုပ်တဲ့အခါ Portrait ဆန်ဆန် ပုံတွေကိုပဲ လက်က အရင်ရွေးမိနေတာများတယ်။
ဒါပေမဲ့ တစ်ခါတလေကျတော့လည်း ကိုယ့်ရဲ့ Comfort Zone ထဲက ခဏထွက်ပြီး ပတ်ဝန်းကျင်ရဲ့ အလှတရားနဲ့ ငြိမ်သက်မှုတွေကို သေချာခံစားကြည့်ချင်တဲ့အခါ Landscape ဘက်ကို ကင်မရာလှည့်ဖြစ်သွားတယ်။
အလင်းအမှောင်၊ သဘာဝတရားနဲ့ တည်ငြိမ်မှုတွေကို ကိုယ်မြင်တဲ့ Perspective တစ်ခုကနေ ဖမ်းယူထားတဲ့ ပုံရိပ်လေးတွေပါ။
ပုံမှန်ရိုက်နေကျ Genre မဟုတ်ပေမဲ့ ဒီပုံလေးတွေထဲမှာလည်း သီးသန့် Mood တစ်ခုတော့ ရနေမယ်လို့ မျှော်လင့်ပါတယ်။
ဒီထဲကမှ ဘယ်ပုံလေးရဲ့ Mood ကို ပိုသဘောကျလဲဆိုတာ ပြောပြပေးသွားပါဦးဗျာ။ ✨

❤1