Moon Cinema စာတန်းထိုး နိုင်ငံခြားကားများ
67.8K subscribers
1.24K photos
18 videos
689 links
ကြော်ငြာကိစ္စများဆက်သွယ်ရန် @mmkboss

Forward သော ကြော်ငြာများသည် Channel နှင့် မသက်ဆိုင်ပါ

Admin _ @applyboss @mmkboss

My Channel gives credit to original websites and translators.Copyright Disclaimer
No copyright infringement intended.
Download Telegram
Crime 101 (20/26)
IMDb Rating (7.0) / Rotten
Thor မင်းသားနဲ့ Hulk မင်းသားတို့ရဲ့ ဓားပြရုပ်ရှင်အသစ် လာပါပြီ။

စာရေးဆရာ Don Winslow ရဲ့ နာမည်ကြီး ဝတ္ထုကို အသက်သွင်းပြီး ဒါရိုက်တာ Bart Layton ကိုယ်တိုင် ရေးသားဖန်တီးထားတဲ့ "Crime 101" ရုပ်ရှင်ကို တင်ပေးထားပါတယ်။ ဒီကားရဲ့ အဓိက Theme ကတော့ လော့စ်အိန်ဂျလိစ်မြို့က နာမည်ကြီး 101 အဝေးပြေးလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပဟေဠိဆန်ဆန် ရတနာလုယက်မှုတွေနဲ့ အဲဒီနောက်ကွယ်က ရာဇဝတ်မှုတွေကို ၁၉၉၀ ပြည့်လွန်နှစ်တွေက မှုခင်းကားတွေရဲ့ အငွေ့အသက်မျိုးနဲ့ အမိုက်စား တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။

ဒီကားမှာ အဓိက သရုပ်ဆောင်တွေအနေနဲ့ မာဗယ်မင်းသားကြီး Chris Hemsworth က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သူခိုးကြီး Mike အဖြစ် ပါဝင်ထားပြီး၊ သူ့ကို အသေအလဲ လိုက်ဖမ်းမယ့် စုံထောက်ကြီး Lou အဖြစ် Mark Ruffalo က သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်ရဲ့ အပြန်အလှန် အားပြိုင်မှုတွေက တကယ့်ကို ကြည့်ကောင်းပါတယ်။ ဒါ့အပြင် အာမခံပွဲစားမလေး Sharon အဖြစ် နာမည်ကျော် မင်းသမီးကြီး Halle Berry က ပါဝင်ထားပါသေးတယ်။ ကြမ်းကြမ်းတမ်းတမ်း ဆိုင်ကယ်ဂိုဏ်းသား Ormon အဖြစ် Barry Keoghan ကလည်း အပီပြင်ဆုံး သရုပ်ဆောင်ထားပါသေးတယ်။

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းအစမှာတင် ရဲတွေတောင် ခေါင်းကိုက်သွားလောက်အောင် ပြောင်မြောက်တဲ့ ရတနာလုယက်မှုတွေနဲ့အတူ Mike တစ်ယောက် လော့စ်အိန်ဂျလိစ်ကို မွှေနှောက်နေတာကို မြင်တွေ့ရမှာပါ။ အဓိက ပဋိပက္ခကတော့ Mike ဟာ သူ့ရဲ့ နောက်ဆုံးပွဲသိမ်း အကြံအစည်ကြီးအတွက် အာမခံပွဲစား Sharon နဲ့ ပူးပေါင်းလိုက်ချိန်မှာ၊ တစ်ဖက်ကလည်း စုံထောက်ကြီး Lou က အနီးကပ် ခြေရာခံမိလာတာပါပဲ။

ဇာတ်လမ်းက တဖြောင့်တည်း ပုံစံမျိုးနဲ့ပဲ သွားပေမယ့် ဖမ်းသူနဲ့ ပြေးသူကြားက အကြိတ်အနယ် ပြိုင်ဆိုင်ရတဲ့ ပြေးတမ်းလိုက်တမ်း ကစားပွဲကို ဖြည်းဖြည်းချင်း အရှိန်ယူတဲ့ (Slow-burn) ပုံစံမျိုးနဲ့ တဖြည်းဖြည်း ဆွဲခေါ်သွားတာ ဖြစ်ပါတယ်။
ဒီကားက အက်ရှင်ကားဆိုပေမယ့် သွေးထွက်သံယို အရမ်းများတာမျိုး မဟုတ်ဘဲ ဦးနှောက်စားရတဲ့ မှုခင်းကားမျိုး ဖြစ်လို့ စိတ်အေးလက်အေး ကြည့်လို့ရပါတယ်။

"Crime 101" ရဲ့ အဓိက အချက်ကတော့ Chris Hemsworth နဲ့ Mark Ruffalo တို့လို နာမည်ကြီး သရုပ်ဆောင်ကြီးတွေရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုသူကို ရင်တမမ ဖြစ်စေမယ့် ဇာတ်လမ်းအချိတ်အဆက်တွေပါပဲ။ ဦးနှောက်သုံးရတဲ့ (Heist/Crime Thriller) ဇာတ်ကားကောင်းတွေကို နှစ်သက်သူတွေ၊ ပြေးတမ်းလိုက်တမ်း စုံထောက်ကားတွေကို သဘောကျတဲ့ ပရိသတ်တွေ လုံးဝ အကြိုက်တွေ့စေမယ့် ဇာတ်ကားပါ။ အကြိတ်အနယ် အားပြိုင်မှုတွေပါဝင်တဲ့ မှုခင်းဇာတ်ကားကောင်း တစ်ကားကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုဖို့ အကြံပြုချင်ပါတယ်။
#Credit


ချန်နယ်အရင်ဂျိုင်းပါ
❤️📥

https://t.me/+Khs2fBs1qSZhOTQ1

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/c/2894315721/3457
Please open Telegram to view this post
VIEW IN TELEGRAM
5💋2❤‍🔥1
Forwarded from K Main
Virgin Punk Clockwork Girl (20/25)
IMDB - 7.2/10,
အချိန်ကာလက ၂၀၉၉ ခုနှစ်၊ ခေတ်လွန်ကာလ၊ Somadea ဆိုတဲ့ တရားမဝင်အရာကို ပိုင်ဆိုင်ထားတဲ့ ရာဇဝတ်သားတွေကို အာဏာပိုင်တွေက ဆုကြေးထုတ်ထားပြီး ကြေးစားမုဆိုးတွေက စိတ်ကြိုက်လှုပ်ရှားပြီး သေသေရှင်ရှင် ဖမ်းဆီးအပ်နှံလို့ရတယ်။

Somadea ဆိုတာက ခေတ်မှီဆေးပညာရည်ရွယ်ချက်အနေနဲ့ ရောဂါတွေ ဖျားနာမှုတွေ မရှိတော့အောင် ဖန်တီးထားပေမဲ့ သာမန်အသွေးအသားတွေထက် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းမှာ ကျော်လွန်နေပြီး မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့လူတွေလက်ထဲရောက်ရင် တော်တော်အန္တရာယ်များတဲ့အရာတစ်ခုပေါ့။ အဲဒီမှာပဲ Kamigori Ubu ဆိုတဲ့ ကောင်မလေးက ကြေးစားမုဆိုးလုပ်စားနေသူတစ်ယောက်။

ဒီလိုမျိုးနဲ့ တစ်ရက် ဆုငွေထုတ်ခံထားရတဲ့ လူဆိုးတစ်ယောက်ကို လိုက်ဖမ်းနေတုန်း အတိတ်တုန်းက ပတ်သက်ခဲ့ဖူးတဲ့ Mr Elegance ဆိုတဲ့လူတစ်ယောက်နဲ့ ပြန်ကြုံဆုံလာရပြီး Ubu တစ်ယောက်ရဲ့ဘဝ အပြောင်းအလဲကြီး ပြောင်းလဲပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့....။

Animation တွေ ပီပီပြင်ပြင် အရည်အသွေးကောင်းကောင်းနဲ့ ရှယ်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးပါ။

Rating ကလည်း R Rated ဖြစ်တာမို့ သွေးထက်သံယိုအက်ရှင်ခန်းတွေအပြင် ကိုယ်လုံးတီးဇာတ်ဝင်ခန်းတချို့ ပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်ရှုဖို့ အဆင်မပြေနိုင်ပါ။ နောက်ပြီး Runtime ကလည်း တိုတိုလေးမို့ သေချာပေါက် အားမလိုအားမရဖြစ်ပြီး ကျန်ခဲ့ရမှာ အသေအချာပါပဲ။
#Credit

ချန်နယ်အရင်ဂျိုင်းပါ
❤️📥

https://t.me/+z9MSEOBblaFmY2U9

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/c/2568931960/2438
Please open Telegram to view this post
VIEW IN TELEGRAM
3❤‍🔥1
ဓားသွားထက်က သွေးသောက်ကတိ
ーーーーーーーーーーーーーー
သိုင်းကားကောင်းကောင်းကြည့်ချင်သူများအဖို့ သိုင်းကားကောင်းကောင်းလာပါပြီ ယဲ့လျန်ဟာ ဟွေ့ထုံအိမ်တော်က ဓားသိုင်းသမားတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာ သူ့ရဲ့ သွေးသောက်အစ်ကိုကြီးသေသွားပြီးနောက် ဟွေ့ထုံအိမ်တော်ကိုပြန်သွားစဉ် သူ့ရဲ့ အစ်ကို ၂ က သူ့ရဲ့ အစ်ကိုကြီးကိုသတ်လိုက်ကြောင်းသိသွားခဲ့ပါတယ် ဖြစ်ချင်တော့ သူ့အစ်ကိုကြီးမှာ သမီးလေးတစ်ယောက်ရှိနေပြီး အစ်ကို ၂ ရှာနေသော အကျင့်ပျက်ချစားတဲ့အရာရှိစာရင်းဟာ ထိုကောင်မလေးဆီမှာဖြစ်နေတာကြောင့် ယဲ့လျန်မှာ အလိုလို ကလေးမလေးကိုကာကွယ်ဖို့ဖြစ်လာခဲ့ပါတယ်

ဒီလိုနဲ့ သူတို့တတွေ အစ်ကို ၂ ကို ရှောင်ပြေးကြရင် အစ်ကို ၂ ရဲ့ ယုတ်မာကောက်ကျစ်တဲ့အကြံအစည်တွေရဲ့ နန်းတွင်းအရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှုအကြောင်းတွေကိုသိလာရတဲ့အခါ ဘယ်လိုမျိုး နန်းတွင်းကိုရောက်အောင်ပို့ကြမလဲ ဒါအပြင် သူတို့နောက်ကို လိုက်သတ်ဖို့ အစ်ကို ၂ က လွှတ်လိုက်တဲ့နာမည်ကြီးဓားသမားသူရဲကောင်းတွေကို ယဲ့လျန်တစ်ယောက် ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုတော့ ပြောင်မြောက်တဲ့ဓားသိုင်းကွက်တွေနဲ့ စိတ်ဝင်စားစရာကောင်းစွာကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။
ကြည့်ရန်နှိပ်ပါ ❤️📥

https://t.me/GTOMMSUB/1973
Please open Telegram to view this post
VIEW IN TELEGRAM
❤‍🔥11🔥1💋1
Casper (1995)

လူတွေကိုခင်တက်တဲ့တစ္ဆေလေးအကြောင်းကာတွန်းကားကိုlive-action ပြန်ရိုက်ထားတဲ့ ကားလေးဖြစ်ပါတယ်။
ဒီဇာတ်ကားလေးမှာဆိုရင် အဓိကဇာတ်ဆောင်ဖြစ်တဲ့ ကပ်စပါကို CGI အပြည့်နဲ့တစ်ကားလုံးသုံးသွားနိုင်တဲ့ ပထမဦးဆုံး ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။Budget ၅၅ သန်း အသုံးပြုခဲ့ပြီး ၂၈၇.၉ သန်းပြန်လည်ရရှိခဲ့တဲ့အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင် ဒေါက်တာဟာဗေးကသူ့သမီးလေးနဲ့အတူ တစ်မြို့ဝင်တစ်မြို့ထွက်နဲ့လူတွေကိုအနှောက်အယှက်ပေးနေတဲ့တစ္ဆေတွေကို နောက်ဘဝကူးပြောင်းနိုင်အောင်လိုက်လံကူညီပေးနေပါတယ်။တနေ့မှာတော့ မိန်း ဆိုတဲ့မြို့က သရဲအရမ်းခြောက်တဲ့ဝစ်စတပ် ဆိုတဲ့အိမ်ကြီးကိုသွားပြီး သောင်းကျန်းနေတဲ့သရဲတွေကို နှိမ်နင်းပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အဲဒီအိမ်ကြီးမှာတော့ ကပ်စပါဆိုတဲ့လူတွေကိုခင်တက်တဲ့ တစ္ဆေလေးအပြင်လူတွေကိုသွေးပျက်မတက် ခြောက်လှန့်တက်တဲ့ တစ္ဆေ ၃ ကောင်လည်းရှိနေပါတယ်။ ဒေါက်တာဟာဗေးကပဲ ခြောက်လှန့်တက်တဲ့တစ္ဆေတွေကို နောက်ဘဝကူးသွားအောင်ကူညီပေးနိုင်မလားတစ္ဆေတွေကပဲ အနိုင်ယူသွားမလားဆိုတာကိုတော့ဒီဇာတ်ကားလေးကိုကြည့်ကြည့်လိုက်ပါနော်။

ချန်နယ်အရင်ဂျိုင်းပါ
❤️📥

https://t.me/chinammsubtt

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/chinammsubtt/1376
Please open Telegram to view this post
VIEW IN TELEGRAM
2❤‍🔥1💋1
New Gods Yang Jian[ 2022 ]
Review 🗒
“ရှန်မင်းဆက်နဲ့ ကျိုးမင်းဆက်တို့ရဲ့ တိုက်ပွဲအပြီး
နှစ်ပေါင်း ၁၅၀၀ ကြာပြီးတဲ့နောက် ကောင်းကင်ဘုံ
စည်းမျဥ်း စည်းကမ်းတွေ ပျက်ပြားနေချိန် ဆင်းရဲမွဲတေနေတဲ့
ရန်ကျန်ဆိုတဲ့ လူငယ်လေးက ငွေအသပြာလက်ခံရယူပြီ
းလူတွေကိုဖမ်းဆီးပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီးတော့
အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပါတယ်
တစ်နေ့မှာတော့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်တဲ့
ချန်ရှန်း ကိုလိုက်လံ ဖမ်းဆီးဖို့ ဖောက်သည်တစ်ယောက်ထံကနေပြီး
ငွေအသပြာတွေလက်ခံရရှိခဲ့ပါတယ် တစ်ဆက်ထဲမှာပဲ
အဲဒီလူငယ် ချန်ရှန်းက ရန်ကျန်ရဲ့ တူဖြစ်တဲ့အကြောင်း
မတော်တဆသိရှိသွားခဲ့ပါတော့တယ် ချန်ရှန်းဆိုတဲ့
လူငယ်လေးဟာ ကြာပန်းမီးအိမ်ကို ရှာဖွေပြီး
မိခင်ဖြစ်သူကိုကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားသူလေးပါ
ဒါပေမဲ့လဲ အဲဒီအစား ဘေးအန္တရာယ်နဲ့ပဲ ရင်ဆိုင်ခဲ့ရရှာပါတယ်
အဲဒီအချိန်မှာပဲ ရန်ကျန် တစ်ယောက် တူဖြစ်သူရဲ့
ရှုပ်ထွေးလှတဲ့ အတိတ်ကိုဖော်ထုတ်ဖို့ ခရီးလမ်းကြောင်းစတင်ခဲ့ချိန်မှာတော့ -”

ချန်နယ်အရင်ဂျိုင်းပါ
❤️📥

https://t.me/movieactionzone01

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/movieactionzone01/1555
Please open Telegram to view this post
VIEW IN TELEGRAM
1🍓1💋1
အိန္ဒိယရဲ့ ထင်ရှားတဲ့ ဂျိုသီလင်ဂါ ဘုရားကျောင်း ၁၂ ကျောင်းထဲက ပထမဆုံး အခမ်းနားဆုံး ရွှေဘုရားကျောင်းရယ်လို့ နာမည်ကြီးတဲ့ ဆိုမာနက်ဘုရားကျောင်းရဲ့ ဖြစ်ရပ်မှန်သမိုင်း တစ်စွန်းတစ်စကို ရိုက်ကူးပုံဖော်ထားတဲ့ အိန္ဒိယသမိုင်းကြောင်းဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်လမ်းလေးထဲမှာတော့ သမိုင်းမှတ်တမ်းများအရ ၁၇ ကြိမ်တိုင်တိုင် ရန်သူတွေဖျက်ဆီးဖို့ကြိုးစားခဲ့တဲ့ ဒီရွှေဘုရားကျောင်းကို ကာကွယ်ပေးခဲ့တဲ့ လူသူသိပ်မသိတဲ့ စစ်သည်တော်တစ်ယောက်ဖြစ်တဲ့ ဟာမီးရ်ဂိုဟီလ်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး တစ်ချိန်က အိန္ဒိယရဲ့ ပေါကြွယ်ဝခဲ့တဲ့ ရွှေရောင်ခေတ်ကို ထင်ဟပ်စေတဲ့ဇာတ်လမ်း‌လေးတစ်ပုဒ်ပါ။

ဒီတော့ ဆိုမာနက်ဘုရားကျောင်းရဲ့ သမိုင်းကြောင်းလေးဆီ သွားရအောင်ပါ။

လနတ်မင်းကြီး ချန်ဒရာဒေ့ဗ်ဟာ ဗြဟ္မာကြီးရဲ့သားတော် ဒက်ရှာပရာဂျာပတိရဲ့ ကျိန်စာကနေလွတ်ဖို့အတွက် သန့်စင်တဲ့ ဂူဂျာရတ်မြေကိုခရီးထွက်လို့ အရှင်သျှီဝကို ပူဇော်ဆည်းကပ်ရင်း ဝတ်ပြုပါတယ်။ ချန်ဒရာဒေ့ဗ်ရဲ့ ဆည်းကပ်မှုကြောင့် အရှင်သျှီဝလည်း သူ့ကိုကျိန်စာကနေ လွတ်မြောက်စေပြီး အပြန်အလှန်အနေနဲ့ ချန်ဒရာဒေ့ဗ်ကလည်း ဒီဆိုမာနက်ဆိုတဲ့ ရွှေဘုရားကျောင်းကို ဆောက်လုပ်ပြီး ပူဇော်ခဲ့တာပေါ့။

ဟိန္ဒူဘာသာဝင်တွေရဲ့ရတနာတွေဟာ ဘုရားကျောင်းမှာရှိတယ်လို့ ယုံကြည်ကြတဲ့ တူဂလပ်တွေအတွက်တော့ ဆိုမာနက်ဘုရားကျောင်းဟာ မျက်စိကျစရာဖြစ်လာပါတော့တယ်။

နေရာတိုင်းကို စစ်ပွဲတွေဆင်နွှဲပြီး နယ်မြေချဲ့ထွင်လို့ အစ္စလာမ်ဘာသာပြန့်ပွားရေးလုပ်နေတဲ့ တူဂလပ်အင်ပါယာကြီးဟာ ဟိတ်ဟန်သာရှိပေမဲ့ ဘဏ္ဍာတိုက်ထဲမှာတော့ ခါလီဖြစ်နေပါပြီ။ ဒါကိုသိတဲ့ စူလတန်ဘုရင်က သူ့ရဲ့စစ်ဘုရင် နတ်ဆိုးဇဖားခန်းကိုလွှတ်ပြီးတော့ ဆော်ရှထရာမှာရှိတဲ့ ဆိုမာနက်ဘုရားကျောင်းကိုဖျက်ဆီးပြီး ရွှေတွေယူဖို့လုပ်တော့တာပေါ့။

ဒီဆော်ရှထရာကို အုပ်ချုပ်သူတွေဖြစ်တဲ့ ဒူဒါ အာဂျန်နဲ့ ဟာမီးရ်ဆိုတဲ့ ညီနောင် ၃ ယောက် ဇဖားဆိုတဲ့ စစ်မုန်တိုင်းဘေးကနေ ဆော်ရှထရာနဲ့ ဆိုမာနက်ဘုရားကျောင်းကို ဘယ်လိုကာကွယ်ကြမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။


ချန်နယ်အရင်ဂျိုင်းပါ
❤️📥

https://t.me/movieactionzone01

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/movieactionzone01/1549
Please open Telegram to view this post
VIEW IN TELEGRAM
1❤‍🔥1🔥1
မှော်ကားကောင်းကောင်းလေးရှာနေရင်ဒီကားလေးကြည့်ပါ


ချန်နယ်အရင်ဂျိုင်းပါ
❤️📥

https://t.me/+Khs2fBs1qSZhOTQ1

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/c/2894315721/3464
Please open Telegram to view this post
VIEW IN TELEGRAM
2💋2❤‍🔥1
H*ey Ba*lw*an*th (2026) ဇာတ်ကားသစ်

အိုအရှင် သားအဖသံယောဇဉ်ကို အခြေခံထားပြီး ဟာသနှော တင်ဆက်ထားတဲ့ တေလေဂူးစကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ခရစ်ရှ်နားဟာ သူ့အဖေကို အရမ်းလေးစားပြီး အဖေဖြစ်သူရဲ့ လုပ်ငန်းကို ဆက်ခံဖို့ စိတ်အားထက်သန်နေသူပါ။ ဒါပေမဲ့ သူ့အဖေက သူ့ကိုအမြဲတမ်း တားမြစ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာ အဖေဖြစ်သူ နေမကောင်းဖြစ်လို့ လုပ်ငန်းကို လက်လွှဲရတဲ့အခါမှာတော့ သူတို့မိသားစုစီးပွားရေးဟာ ပြည့်တန်ဆာအိမ်တစ်ခု ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ...။ ဒီအမှန်တရားကို သူ့ချစ်သူ မီသရာဆီကနေ ဘယ်လိုဖုံးကွယ်မလဲ၊ အဖေဖြစ်သူအပေါ် ဘယ်လိုသဘောထားပြောင်းလဲသွားမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားပါတယ်။


ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/freshtomatomovie/1252
Please open Telegram to view this post
VIEW IN TELEGRAM
1🔥1💋1
R*ob*in*ho*od (2025)

ရော်ဘင်ဟုဒ်ရော်ဘင်ဟုဒ်ဆိုတာနဲ့ လူချမ်းသာတွေဆီက ခိုးယူ လုယက် ဖောက်ထွင်းလို့ မရှိဆင်းရဲသားတွေကို ထောက်ပံ့သူအနေနဲ့ မသိသူမရှိလောက်အောင် နာမည်ကြီးပါတယ်

ဒီဇာတ်လမ်းလေးထဲမှာလည်း မိဘမဲ့ဂေဟာက ရမ်ဆိုတဲ့ကလေးလေးက လူချမ်းသာတွေဆီက လုယူလို့ သူတို့ဂေဟာကို ထောက်ပံ့ဖို့ အကြံရလာပါတယ်

အဲဒီလိုကနေ တစ်စတစ်စနဲ့ တခြား မိဘမဲ့ဂေဟာတွေကိုပါ ထောက်ပံ့လာနိုင်ပါတယ်
ကလေးဘဝငယ်ရွယ်စဉ်မှာ အဆင်ချောနေခဲ့ပေမဲ့ ကြီးပြင်းအရွယ်ရောက်လာလို့ အာဏာပိုင် အထက်လူကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံလာချိန်မှာတော့
သူ့ကိုသာမိသွားရင် မိဘမဲ့ကလေးတွေကို သူခိုးတွေအနေနဲ့ဆက်ဆံခံရမှာကိုတွေးပူမိသွားတဲ့အတွက် ဒီလုပ်ရပ်ကနေ အနားယူလို့ ပုံမှန်အလုပ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်

အဲဒီလိုနဲ့ လုံခြုံရေးအေဂျင်စီတစ်ခုမှာ အလုပ်လျှောက်ပါတော့တယ်နီရာဗာဆူဒေ့ဗ် ဆိုတာကတော့ ထိပ်တန်းဆေးဝါးကုမ္ပဏီပိုင်ရှင်ကြီး ဗာဆူဒေ့ဗ်ရဲ့ သမီးချောလေးပါ
သူဘာလုပ်လုပ် သူ့အဖေနာမည်ကိုပဲ ယူကြပြီး သူ့ကိုအသိအမှတ်မပြုကြတာမို့ သူ့အဖေအရိပ်အောက်ကနေ ထွက်ဖို့ စဉ်းစားမိပါတော့တယ်
တစ်နေ့တော့ ရွာတစ်ရွာမှာ နိုင်ငံတကာ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားလို့ တရားမဝင် ကုန်ကူးသန်းနေပါတယ်ဆိုတဲ့သတင်း ထွက်လာပါတယ်

ဒီလိုနဲ့ပဲ လုံခြုံရေးတာဝန်ယူထားရတဲ့ ရမ်နဲ့ ဆေးဝါးအလုပ်နဲ့ဆက်စပ်နေသူ နီရာတို့ တွေ့ဆုံဖို့ဖြစ်လာပါတယ်ခေတ်သစ်ရော်ဘင်ဟုဒ်ကိုမှ မှုခင်း သည်းထိတ်ရင်ဖို အပြင်ကို ရယ်မောဖွယ်ရာဟာသလေးရောနှောထားတဲ့ ဒီဇာတ်လမ်းလေးမှာ ရော်ဘင်ဟုဒ်(ခေါ်) ရမ်ဆိုတဲ့သူရဲ့ ဘဝဇာတ်ကြောင်းနဲ့စိတ်ထားလေးကို တွေ့မြင်ရမှာမို့ ကြည့်ရှုခံစားပေးကြပါဦး


ချန်နယ်အရင်ဂျိုင်းပါ
❤️📥

https://t.me/+JLvu4e3PkDFhN2Q1

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/c/2047319554/1084
Please open Telegram to view this post
VIEW IN TELEGRAM
4❤‍🔥1💋1
Jun>gle Crui>se (2021)

မာလိန်မှူး ထူးစိန် တော့ မဟုတ်ဘူးပရိတ်သတ်များရဲ့အချစ်​တော်ကြီး မာလိန်မှူးကြီး ​မောင်​ကျောက်ခဲ (The Rock) နဲ့
“ရူးတိုးတိုး” ဇာတ်ကားထဲက မင်းသမီး “Emily Blunt” တို့ရဲ့ Jungle Cruise ဆိုတဲ့ အခွီ၊ စွန့်စားခန်း၊ အက်ရှင်ကားကြီးကို တင်ဆက်​ပေးလိုက်ပါတယ်

ပထမကမ္ဘာစစ်​ခေတ်ကို ​ကျောရိုးယူထားပြီး သ​င်္ဘောမာလိန်မှူးကြီး “ဖရန့်”ဦး​ဆောင်ကာ ​ဒေါက်တာ”လီလီဟော်တန်”နဲ့ သူ့အကိုတို့ပါဝင်တဲ့ လူစွန့်စားသုံး​ယောက်အဖွဲ့ဟာ အ​မေဇုန်​တောနက်ကြီးထဲမှာရှိတဲ့ “လမျက်ရည်”ဆိုတဲ့ သစ်ပင်ကြီးကို သွား​ရောက်ရှာ​ဖွေခဲ့ကြပါတယ်။

ဒီသစ်ပင်ကြီးဟာဆိုရင် ဖျားနာမှုမှန်သမျှကို ယူပစ်သလို သက်သာ​စေတဲ့ နတ်​ဆေးပင်ကြီး တစ်ပင်ပါ

အဲ့ဒီနတ်​ဆေးပင်ကြီးကို သွား​ရောက်ရှာ​ဖွေရင်း ​တောကြီးမျက်မည်း တို့ရဲ့ မာယာအတိုင်း ကြုံ​တွေ့ရမယ့်သတ္တဝါဆိုးတွေ၊ ​​ဘေးအန္တရာယ်တွေကို သူတို့ဘယ်လို စွန့်စွန့်စားစား​ကျော်ဖြတ်ကြမလဲ

ဒီ​လောက်အစွမ်းထက်လှတဲ့ နတ်​ဆေးပင်ကြီးကို ရှာ​ဖွေဖို့ ကြိုးစား​နေတာ သူတို့သုံး​ယောက်ထဲ ဟုတ်ပါ့မလား၊ ဘယ်လို လူဆိုး​​တွေ ပါ​နေဦးမလဲဆိုတာကို ကြည်​တောက်ရှင်းခံစားကြည့်ရှူလိုက်ပါဦး


ချန်နယ်အရင်ဂျိုင်းပါ
❤️📥

https://t.me/+z9MSEOBblaFmY2U9

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/c/2568931960/2447
Please open Telegram to view this post
VIEW IN TELEGRAM
2❤‍🔥1💋1
M›erantau (2009)
ဒီကားလေးကတော့ ဇာတ်ကားနာမည်ကို ကောင်းကောင်းကြီးပုံဖော်ထားတဲ့ကားလေးပါ
မ,ရန်းတုတဲ့ မ,ရန်းတုဆိုတာ အင်ဒိုနီးရှားက မင်န်ကဘုလူမျိုးတွေ အရွယ်ရောက်တဲ့အချိန်မှာ ဖြတ်သန်းရတဲ့ ပြင်းထန်တဲ့စမ်းသပ်ချက်တစ်ခုပါ သူတို့ဟာ အိမ်ကိုစွန့်ခွာရတယ် ဘာအကူညီမှမပါပဲ လောကကြီးမှာ ရှင်သန်နိုင်ဖို့ သင်ယူရတာဖြစ်ပါတယ်

ဒီဇာတ်ကားမှာ မ,ရန်းတုခရီးကိုဖြတ်သန်းနေရင်း မထင်မှတ်ပဲ လူကုန်ကူးတဲ့ဂိုဏ်းတစ်ခုနဲ့ပတ်သတ်မိတဲ့ ယုဒဆိုတဲ့လူငယ်တစ်ယောက်အကြောင်းကို တွေ့မြင်ရမှာပါ ဒါ့အပြင် အင်ဒိုနီးရှားလူမျိုးတွေရဲ့ စိလက်လို့ခေါ်တဲ့ သိုင်းပညာတစ်မျိုးကိုပါ တစ်ပါတည်း ပြသထားပါတယ်

ဝင်ချွန်းတို့လို အနီးကပ်တိုက်ခိုက်ရေးမှာ အရမ်းကြမ်းတဲ့သိုင်းပါ စိလက်ရဲ့ သေသပ်လှပတဲ့ သိုင်းကွက်တွေကို ရှင်းရှင်းလင်းလင်းရိုက်ပြထားတဲ့အတွက် martial art ချစ်သူတွေ လက်မလွှတ်သင့်တဲ့ကားလေးပါ action/drama အမျိုးအစားဖြစ်ပါတယ်


ချန်နယ်အရင်ဂျိုင်းပါ
❤️📥

https://t.me/+KTUhakg_qnBhMDdl

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/c/2261368396/3446
Please open Telegram to view this post
VIEW IN TELEGRAM
2❤‍🔥1🍓1💋1
ဆုကြေးယူပြီး ရဲတွေအတွက်လူဆိုးကူဖမ်းပေးသူဟာ အတိတ်ကဖြစ်ရပ်တွေကိုမှတ်မိနေတဲ့ ကောင်လေးနဲ့သံယောဇဥ်ချည်နှောင်မိတဲ့အခါ
=============

ဒီဇာတ်ကားလေးကတော့ မင်းသားချော Suria က နှစ်ဘဝသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ လူဆိုးကိုဆုကြေးယူပြီးဖမ်းပေးတဲ့ ဖရန်စစ်ဟာ ငွေတစ်မျက်နှာကိုပဲကြည့်ခဲ့ပေမယ့် သူ့ရဲ့အတိတ်အကြောင်းကိုအကုန်မှတ်မိနေတဲ့ကောင်လေးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။

အဲ့ဒီကောင်လေးကနေတစ်ဆင့် သူ့ရဲ့ဟိုးးးရှေးနှစ်ပေါင်းများစွာက လူမျိုးစုမှာဖြစ်ခဲ့တဲ့အကြောင်းတွေကိုစိတ်ချင်းဆက်နေရင်း ပြန်မြင်ယောင်လာခဲ့တယ်။

မျိုးနွယ်ခေါင်းဆောင်ဖြစ်တဲ့မင်းသားဟာ အဲ့ဒီဘဝတုန်းက ကလေးလေးရဲ့အဖေကိုသစ္စာဖောက်တာကြောင့်အရှင်လတ်လတ်မီးရှို့သတ်ပစ်ခဲ့တယ်။

ဒါကိုမကျေနပ်တဲ့ကောင်လေးက သူ့ကိုသတ်ဖို့အခွင့်အရေးစောင့်နေခဲ့တယ်ဆိုတာ သူမသိတဲ့အခါ။ လက်ရှိဘဝက ကောင်လေးကလဲ ဦးနှောက်တွေလဲလှယ်ခံထားရပြီး စက်ရုပ်လိုဘဝနဲ့နေနေရမှန်းမသိသေးတဲ့အခါ။

သူသံယောဇဥ်တွယ်မိတဲ့ ဒီကလေးလေးကို သူသတ်ပစ်မှာလား မျိုးနွယ်ကြားကရန်တွေကိုရော သူဘယ်လိုရှင်းမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းအောင်ကြည့်ရမဲ့ဇာတ်ကားလေးပါနော်။

ချန်နယ်အရင်ဂျိုင်းပါ
❤️📥

https://t.me/Channelkforu129

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/Channelkforu129/1756
Please open Telegram to view this post
VIEW IN TELEGRAM
2
ဘောလိဝုဒ်ဇာတ်ကားတွေပြီးတော့အခုတစ်ခါ တမီးလ်စူပါစတားကြီး Rajinikanth ရဲ့ ရုံတင်ဇာတ်ကားကြီးအလှည့်ပေါ့ဗျာ။

ဟောလိဝုဒ် ၊ ဘောလိဝုဒ်ပရိတ်သတ်တွေအဖို့အိုဗာအက်ရှင်တွေကို ညည်းငွေ့နေနိုင်ပေမယ့်

အိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေကို ကြိုက်တတ်သူအဖို့တော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် Rajinikanth ဟာလည်းတောင်ပိုင်းရုပ်ရှင်ထုတ်လုပ်ရေးတွေကြားသာကမဘောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးတွေကြားမှာလည်း

သြဇာရှိပြီး အနုပညာကြေးမြင့်တဲ့ မင်းသားကြီးမို့ပရိတ်သတ်တွေကတော့ ဒီဇာတ်ကားကို ကြည့်ရင်းလက်ခုပ်လက်ဝါးတီးပြီး အားပေးကြဦးမှာပါ။

အညွှန်း

အာဒိသယာဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာသမီးဖြစ်သူ ဗာလီနဲ့အတူ မွန်ဘိုင်းမြို့ကို ရဲမင်းကြီး(ရဲမှူးကြီးဟု သင့်တော်သလို ဘာသာပြန်ထားသည်)အဖြစ်နဲ့ရောက်ရှိလာပြီး

မြို့ထဲမှာရှိတဲ့ ဆိုးသွမ်းသူတွေကို လိုက်လံနှိမ်နင်းရာကနေ ဇာတ်လမ်းကို စထားပြီး....

ဒီနောက်ပိုင်းမှာတော့ တမီးလ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းအကအလှတွေ ၊ ဟာသခန်းလေးတွေ ညှပ်ထည့်ပြီးဇာတ်လမ်းကို အရှိန်တက်လာအောင် စွမ်းဆောင်ထားပါတယ်။

ဇာတ်လမ်းပုံစံက ရဲနဲ့လူဆိုး အားပြိုင်ကြတဲ့ မြင်နေကျ သာမာန်ဆိုပေမယ့်ရိုက်ကူးထားပုံက ဆန်းသစ်ပြီး Rajinikanthရဲ့ ဟိုးရုပ်ရှင်ခေတ်ဦးကတည်းကသုံးစွဲလာခဲ့တဲ့

သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့ တီးလုံးကို အက်ရှင်ခန်းတွေ ၊ Tempo မြှင့်တင်တဲ့အခန်းတွေမှာသင့်တော်သလို သုံးစွဲထားပုံက သပ်ရပ်ပြီး ပရိတ်သတ်ကို တစ်မျိုးတစ်မည် ဆွဲဆောင်ထားပါတယ်။

ကဲ...အိန္ဒိယတောင်ပိုင်းဇာတ်ကားပရိတ်သတ်တို့ရေ...ကျွန်တော်တို့ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရတဲ့Idol ကြီးရဲ့ အသစ်စက်စက် ရုံတင်ဇာတ်ကားကြီးကို လက်မနှေးပဲ အားပေးလိုက်ကြပါစို့။


ချန်နယ်အရင်ဂျိုင်းပါ
❤️📥

https://t.me/+5VNQ2Ba57a45NzNl

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/c/3392043074/348
Please open Telegram to view this post
VIEW IN TELEGRAM
2❤‍🔥1💯1
Forwarded from K Main
သော်မင်းသားကြီးရဲ့ကားသစ်
ーーーーーーーーーーーーーーー
အကြည်ဗားရှင်း

ဒီရုပ်ရှင်ကတော့ စာရေးဆရာ D*o*n Wi*ns*l*ow ရဲ့ နာမည်ကြီးဝတ္ထုတိုကို အခြေခံပြီး ရိုက်ကူးထားတဲ့ Crime Thrillerဇာတ်ကားကောင်းတစ်ကားပါ။ Chris Hemsworth နဲ့ Mark Ruffalo တို့လို နာမည်ကြီးသရုပ်ဆောင်တွေ အဓိကပါဝင်ထားလို့ ပရိသတ်တွေ တော်တော်လေးစောင့်မျှော်နေကြတဲ့ ကားတစ်ကားဆိုလည်း မမှားပါဘူး။

ဇာတ်လမ်းအကျဉ်းကတော့ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်မှာ တန်ဖိုးကြီးရတနာတွေကို ပစ်မှတ်ထားတဲ့ အဆင့်မြင့်လုယက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာရာကနေ စတင်ပါတယ်။ ဒီလုယက်မှုတွေက အရမ်းကိုသေသပ်လွန်းတဲ့အတွက် ရဲတပ်ဖွဲ့ကတော့ ဒါဟာ ကိုလံဘီယာက နာမည်ကြီးဂိုဏ်းတွေရဲ့ လက်ချက်လို့ ကောက်ချက်ချထားကြပါတယ်။

ဒါပေမဲ့ စုံထောက်လူးကတော့ အဲဒီလို မထင်ပါဘူး။ သူက ဒါဟာ အုပ်စုလိုက်လုပ်တာမဟုတ်ဘဲ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းနဲ့ လှုပ်ရှားနေတဲ့ ပညာသားပါတဲ့ တစ်ကိုယ်တော်သူခိုးတစ်ယောက်ရဲ့ လက်ချက်လို့ ယုံကြည်နေပါတယ်။

အဲဒီနောက်မှာတော့ ဉာဏ်နီဉာဏ်နက်များပြီး သတိကြီးတဲ့ ရာဇဝတ်ကောင်နဲ့ သူ့ကို ဖမ်းမိဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ ဇွဲကောင်းတဲ့စုံထောက်တို့ကြားက ကြွက်နဲ့ကြောင်လို အကြိတ်အနယ် အားပြိုင်ရတဲ့ဇာတ်ကွက်တွေကို ရင်တမမနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ချန်နယ်အရင်ဂျိုင်းပါ ❤️📥

https://t.me/movieactionzone01

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/movieactionzone01/1577
Please open Telegram to view this post
VIEW IN TELEGRAM
2❤‍🔥1🔥1
Forwarded from K Main
မိတ်ဆွေဟာ စိတ်ခံစားမှုအား ကောင်းတဲ့သူဆိုရင် ဒီကားကိုမကြည့်ရ သေးဘူးဆိုရင် ကြည့်ဖစ်အောင်ကြည့်ပါ။
‌‌ဒီကားဟာ ၀မ်းနည်းရမယ် ကြည်နူးရမယ် ငိုကြွေးရမယ်။ အထီးကျန်ဆန်ရမယ်။
ယောကျာ်းရင့်မာကြီး တောင်မျက်ရည်ဝဲရပါတယ်။
" ကဲ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်မလုပ်ခင် 
  နောက်ဆုံးအနေနဲ့ ဘာများပြောခဲ့ချင်သေးလဲ"

" ကျွန်တော်က ကျွန်တော်ဖြစ်နေရလို့ ဒီဖြစ်တည်မှု
  အတွက် စိတ်မကောင်းဖြစ်ရပါတယ်။
 
  ကျေးဇူးပြုပြီး အဲ့ဒီ့အရာကြီးနဲ့ ကျွန်တော့်ကို မစွပ်
  လိုက်ပါနဲ့ ဆရာ၊
  ကျွန်တော့်ကို အမှောင်ထဲမှာ မထားလိုက်ပါနဲ့ဗျာ၊
  ကျွန်ဝောာ် အမှောင်ကိုကြောက်လို့ပါ ဆရာ။ "


ချန်နယ်အရင်ဂျိုင်းပါ
❤️📥

https://t.me/+KTUhakg_qnBhMDdl

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/c/2261368396/3450
Please open Telegram to view this post
VIEW IN TELEGRAM
💋2❤‍🔥11
Forwarded from K Main
ဘလတ်ဟောင်စ် ၂ (၂၀၂၆)
======================
အကြမ်းစား လက်သီးထိုးချက်တွေနဲ့ အရမ်းကို လူကြိုက်များခဲ့တဲ့ "ဘလတ်ဟောင်စ်"
စီးရီးလေးကတော့ အခုတစ်ခေါက်မှာ S02 နဲ့အတူ ပြန်လည်ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

S01 က Main Cast တွေ ဖြစ်ကြတဲ့ မင်းသား Woo Do-Hwan နဲ့ Lee Sang-Yi တို့
ပြန်လည် ပါဝင်လာမှာဖြစ်ပြီး အဆိုတော်မင်းသားကြီး Rain ကလည်း ဗီလိန်အဖြစ် အားဖြည့်ထားပါတယ်။

- ဇာတ်လမ်းအကျဉ်း -

ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း အလားအလာရှိ လက်ဝှေ့သမားလေးအဖြစ်ကနေ
လက်ဝှေ့ချန်ပီယံအဖြစ် တိုးတက်ရင့်ကျက်လာခဲ့တဲ့ ဂင်ဂွန်းဝူ (Woo Do-Hwan) နဲ့
အရင်လို ဘေးနားမှာ သစ္စာရှိရှိ ဝန်းရံအားပေးနေဆဲ ဂွန်းဝူရဲ့ ထာဝရညီအစ်ကို ဟုံးဝူဂျင်း (Lee Sang-Yi)...

အဲဒီလို အောင်ပွဲတွေနဲ့ အေးချမ်းနေတဲ့ ညီအစ်ကိုနှစ်ဦးကို အမှောင်လက်ဝှေ့လောကရဲ့
သွေးအေးရက်စက်တဲ့ အရှင်သခင် ဘဲ့ဂျောင်း (Rain) က ပစ်မှတ်ထားလာတဲ့အခါမှာတော့...

ပြီးခဲ့တဲ့ S01 မှာ တရားမဝင် အတိုးကြီးစား ငွေချေးဂိုဏ်းကို ရင်ဆိုင်နှိမ်နှင်းခဲ့ကြတဲ့
ဂွန်းဝူနဲ့ ဝူဂျင်းတို့က ဒီတစ်ခေါက်မှာရော ငွေနဲ့ အကြမ်းဖက်မှုတွေ ကြီးစိုးရာ
မှောင်ခိုလက်ဝှေ့အဖွဲ့အစည်းကို ဘယ်လို ပူးပေါင်းရင်ဆိုင်သွားကြမှာလဲ...

ဂွန်းဝူနဲ့ ဝူဂျင်းတို့ကြားက ပိုပြီး နက်ရှိုင်းလာတဲ့ ညီအစ်ကို သံယောဇဉ်၊ ပိုပြီး အဆင့်မြင့်လာတဲ့
အက်ရှင်ခန်းတွေနဲ့အတူ Rain ရဲ့ ပထမဆုံး ဗီလိန်သရုပ်ဆောင်ချက်တွေကိုပါ မြင်တွေ့ရမှာဖြစ်လို့
ဒီနေ့ပဲ ၇ ပိုင်းစလုံး စောင့်မျှော်အားပေးကြပါဦးနော်။


ချန်နယ်အရင်ဂျိုင်းပါ
❤️

https://t.me/+Khs2fBs1qSZhOTQ1

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/c/2894315721/3475
Please open Telegram to view this post
VIEW IN TELEGRAM
❤‍🔥4💋21💯1
Forwarded from K Main
Ji*gr*a" ဆိုတာ သတ္တိရှိခြင်း၊ ရဲရင့်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒီကားထဲမှာ Alia Bhatt က မတရားစွပ်စွဲခံရပြီး နိုင်ငံရပ်ခြားက အကျဉ်းထောင်တစ်ခုမှာ သေဒဏ်စောင့်နေရတဲ့ မောင်လေးကို ကယ်တင်ဖို့ ကြိုးစားမယ့် အမဖြစ်သူ Satya အဖြစ် သရုပ်ဆောင်ထားပါတယ်။
​ရိုးရိုးကယ်တင်ရုံတင်မဟုတ်ဘဲ အားကိုးရာမဲ့နေတဲ့ကြားကနေ ထောင်ဖောက်ပြီး ကယ်ထုတ်ဖို့အထိ အစီအစဉ်ချတဲ့အခါမှာတော့...။ ညီအစ်ကို မောင်နှမ သံယောဇဉ် ဘယ်လောက်ကြီးမားလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။

Alia Bhatt ရဲ့ အားကောင်းတဲ့ သရုပ်ဆောင်ချက်နဲ့ မောင်နှမကြားက ချစ်ခြင်းမေတ္တာ။

​(မင်းမှာရော မင်းအတွက်ဆို ဘာမဆိုလုပ်ပေးမယ့် အမ ဒါမှမဟုတ် ညီမ ရှိလား? 👇)

ချန်နယ်အရင်ဂျိုင်းပါ
❤️📥

https://t.me/+Qjdw32iYqNxlMDY1

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/c/2299940298/877
Please open Telegram to view this post
VIEW IN TELEGRAM
🔥21🍓1
Forwarded from K Main
Ka*run*gaa*pi*yam  [ 2 0  2 3 ]
တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ လူမသိလိုက်တဲ့ ထူးခြားဆန်းကြယ်ပုံပြင်စာအုပ်တစ်အုပ်ကို ဖတ်‌နေရသလိုခံစားချက်မျိုးအပြင် Kajal Aggarwal နဲ့ Regiana Cassandra တို့လို နာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားပြီး ဘာဘူကလဲ ပါဝင်အားဖြည့်ထားတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။

ကိုဗစ်ကာလရဲ့ ပျောက်ဆုံးသွားတဲ့အချိန်တွေကို ပြန်ပြောင်းပြောရရင် Lock down နဲ့အတူ ပြတ်တောက်သွားတဲ့ဆက်သွယ်မှုတွေထဲက သီးသန့်ဆန်သွားတဲ့ လူနေအိမ်တွေထဲကအကြောင်းအရာတွေကလည်းမပါမဖြစ်‌ပေါ့။

ဒီကားလေးမှာဆိုရင် အစပိုင်းမှာ ကိုဗစ်ကလည်းဖြစ်၊ ဘဲကလည်းပစ်ခံလိုက်ရတဲ့မင်းသမီးဟာ သူငယ်ချင်းကျေးဇူးနဲ့ ရှေးဟောင်းစာကြည့်တိုက်တစ်ခုမှာ သွားဖတ်ဖို့အခွင့်အရေးရသွားလို့
သွားလိုက်တယ်ဆိုပြီး ပေါ့ပေါ့ပါးပါးလေးစထားပေမယ့် သူဖတ်လိုက်မိတဲ့ ‘မဟူရာ ပုံပြင်များဆိုတဲ့ စာကြည့်တိုက်ထောင်စကတည်းက ရှိနေတဲ့ နှစ်တစ်ရာကျော်ကြာပုံပြင်စာအုပ်ထဲ ဘယ်လိုအဖြစ်အပျက်တွေပါနေမလဲ....

အပြင်လောကနဲ့ရောဘယ်လို ဆက်စပ်နေမလဲ.. သူနဲ့ရော ဘာတွေပတ်သတ်နေမလဲဆိုတာ...


ချန်နယ်အရင်ဂျိုင်းပါ
❤️📥

https://t.me/+5VNQ2Ba57a45NzNl

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/c/3392043074/362
Please open Telegram to view this post
VIEW IN TELEGRAM
2🔥1🍓1
Forwarded from K Main
T_a-e G_u-k G_i T_h-e B_r-o_t-h_e-r_h_o-o_d O_f W_a-r ( 2004 )
အညွှန်း*
🔽🔽🔽
သမိုင်းနောက်ခံ Fatherland Liberation Warလို့ခေါ်တဲ့ တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားမှာ 25ဇူလိုင်လ၁၉၅၀ကနေစပြီးဖြစ်ပွါးခဲ့ပါတယ်....၃နှစ်ကြာ(၁၉၅၀ ဇူလိုင် ၂၇မှ)ပြီးမယ့်ဒီစ!စ်ပွဲမှာ အမေရိကန်တွေက တောင်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့သလို ဆိုဗီယက်အထောက်အပံ့ရထားတဲ့တရုတ်တွေကမြောက်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့တယ်.....
ဒုတိယကမ္ဘာစ!စ်အပြီး စစ်အေးကာလအရှိန်မြင့်နေတဲ့အချိန်မှာဖြစ်ခဲ့တဲ့ဒီစ!စ်ပွဲမှာ ၁၉၄၅ စက်တင်ဘာလ ၈ရက်နေ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ချီယွန်ကိုရောက်လာပြီး လတ္တီကျူ38ဒီဂရီမျဉ်းနဲ့အပြိုင်ဒေသမှာ ဂျပန်တို့လက်နက်ချပွဲတက်ရောက်ခဲ့တယ်......၁၉၄၅ဒီဇင်ဘာလမှာ ဆိုဗီယက်အမေရိကန်ကော်မရှင်အဖွဲ့ကကိုရီးယားကိုအုပ်ချုပ်ခဲ့တယ်....

#Credit

ချန်နယ်အရင်ဂျိုင်းပါ
❤️📥

https://t.me/+Khs2fBs1qSZhOTQ1

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/c/2894315721/3479
Please open Telegram to view this post
VIEW IN TELEGRAM
2❤‍🔥1
Forwarded from K Main
ဒီတစ်ခါမှာတော့ မာရသီစကားပြော ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။

တစ်ချိန်က ရွာတစ်ရွာမှာ စုန်းမတစ်ယောက်က ရာဒါဆိုတဲ့မိန်းကလေးကို တစ်သက်လုံးစိတ်နှလုံးမငြိမ်းချမ်းအောင် ကျိန်စာတိုက်ခဲ့ပြီးကတည်းက ရာဒါ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲခဲ့တယ် အရွယ်ရောက်လို့ အိမ်ထောင်ကျ

သမီးလေးတစ်ယောက်ရပြီးလည်း ဆေးတွေဆက်သောက်နေရတဲ့ ရာဒါဟာ တစ်ရက်တော့ ရွာကဘိုးဘွားပိုင်အိမ်

မဖြိုခင် မိသားစုမိတ်ဆွေတွေ ပြန်လည်တွေ့ဆုံကြဖို့ ရွာကိုအလည်တစ်ခေါက် ပြန်ခဲ့ပါတော့တယ် ဟိုရောက်တော့

ဘယ်လိုပြဿနာတွေ ပြန်စလာမလဲ ထပ်ခါထပ်ခါဖြစ်နေတဲ့ ခြောက်လှန့်ခြင်းတွေအတွက် အဖြေကဘာဖြစ်မလဲဆိုတာကတော့....


ချန်နယ်အရင်ဂျိုင်းပါ
❤️

https://t.me/+Khs2fBs1qSZhOTQ1

ကြည့်ရန်နှိပ်ပါ
❤️📥

https://t.me/c/2894315721/3481
Please open Telegram to view this post
VIEW IN TELEGRAM
1❤‍🔥1💋1
Forwarded from K Main
အက်ရှင်ကားကောင်းကောင်းကြိုက်သူတွေအတွက်ရှယ်ဖြစ်စေမယ့်ဇာတ်ကားကောင်းလေး


ချန်နယ်အရင်ဂျိုင်းပါ
❤️

https://t.me/+KTUhakg_qnBhMDdl

ကြည့်ရန်နှိပ်ပါ
❤️

https://t.me/c/2261368396/3454
Please open Telegram to view this post
VIEW IN TELEGRAM
1💋1