အမျိုးသားညီညွတ်ရေးအစိုးရ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်
◾️ တိုင်းရင်းသားဒေသတွေရဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအားလုံးဟာ စစ်အာဏာရှင်စနစ် ပြိုလဲခြင်းရဲ့ သင်္ကေတတစ်ခု ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား
ဇူလိုင် ၁၆ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက “တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့ကြီးတွေရဲ့ လက်တွဲ ခေါ်ဆောင်မှုနဲ့ လက်နက်ကိုင် တော်လှန်ရေးအတွေ့အကြုံကို ကျွန်တော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ ကောင်းစွာသင်ယူ လေ့လာနိုင်ခဲ့ကြတယ်ဆိုတာ သိသာထင်ရှားပါတယ်။ အထူး သဖြင့် ၁၀၂၇ စစ်ဆင်ရေး - ဒုတိယလှိုင်းလို့ ပြောနိုင်တဲ့ မန္တလေး - ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေရဲ့ ပါဝင်လှုပ်ရှားမှုဟာ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ အောင်အောင်မြင်မြင်ဖြစ်တာကို တွေ့ရပါတယ်။ အဲသည့်အတွက် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ကိုလည်း လှိုက်လှဲစွာ ကျေးဇူး တင်ကြောင်း ပြောချင်ပါတယ်။ နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်တော်လှန် ရေးဟာ အစကနဦး အချိန်မှာတော့ “မုဆိုး စိုင်သင် - သဘာမျိုး” နဲ့ တဖြည်းဖြည်းချင်း လေ့လာသင်ယူ ကြရတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လက်ကမ်းကြိုဆိုမှုနဲ့ ရှေ့ဆောင် လမ်းပြသင်ကြားပေးမှုတွေဟာ နွေဦးတော်လှန်ရေးရဲ့ ခုခံ တော်လှန်စစ်ရေး အခြေအနေကို အတိုင်းအထက်အလွန် မြှင့်တင်ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြည်သူလူထုရဲ့ မျှော်လင့်ခြင်း ရောင်ခြည်ဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သတိချပ်ဖို့လိုတဲ့ကိစ္စ တစ်ခုကို ပြောချင်ပါတယ်။ အဲဒါကတော့ စစ်ရေးအရ အောင်မြင်မှုဆိုတာမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနိုင်ရုံနဲ့ ပြီးမြောက်မှုရှိပြီလို့ မပြောနိုင်သေးဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ “သိမ်းပြီးရင် ထိန်းနိုင်ဖို့ လိုတယ်” ဆိုတာကို မမေ့မလျော့ကြဖို့ ဖြစ်ပါတယ်။ ” လို့ ပြောကြားပါတယ်။
ဆက်လက်ပြီးတော့လည်း “ အထူးသဖြင့် လွတ်မြောက်ဒေသတွေ၊ လွတ်မြောက်ဧရိယာတွေ ဆိုတာဟာ စစ်ရေးအခြေခံဒေသကို ပီပီပြင်ပြင် ခိုင်ခိုင်မာမာ တည်ဆောက်ပြီးမှ ပေါ်ပေါက်လာ တာဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ရေးအရ အမြော်အမြင်ရှိမှုနဲ့ နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်မှု တွေဟာ ခုခံတော်လှန်စစ်မှာ အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အစိုးရ အဖွဲ့ဝင် အားလုံးလည်း လူထုနဲ့ တစ်သားတည်း ရပ်တည်ပြီးတော့ ခုခံတော်လှန်စစ် အခြေခံ ဒေသတွေ အပြိုင်းအရိုင်း ပေါ်ပေါက်ရေးကို အလေးအနက်ထား ကြိုးစားကြဖို့ တိုက်တွန်းလို ပါတယ်။ အခု နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးနဲ့ တိုင်းရင်း သားလွတ်မြောက်မှု တော်လှန်ရေးကို ပေါင်းစပ်ထားတယ်ဆိုတာ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ပိုပြီး သိသာထင်ရှားလာပါတယ်။ ဒါဟာ ပြည်သူလူထုအတွက် အားအတက်ရဆုံးသော လူထုတော်လှန်ရေးကြီးအတွက် အဓိက အသက်ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးကို လုပ်ဆောင်ရင်းနဲ့ တိုင်းရင်းသား လွတ်မြောက်ရေး တိုက်ပွဲတွေ အောင်ပွဲခံလာနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတွေရဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအားလုံးဟာ စစ်အာဏာရှင်စနစ် ပြိုလဲခြင်းရဲ့ သင်္ကေတ တစ်ခု ဖြစ်တာတွေ့ရပါတယ်။ ဒါဟာ အပြန်အလှန် သက်ရောက်မှု ရှိနေတာ ဖြစ်တာကြောင့် ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေကို တိုက်ရိုက်ချက်ကြိုး ဆက်နိုင်ပြီလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဆက်လက်ပြီး ခိုင်မာ ကျယ်ပြန့်အောင် လုပ်နိုင်လေလေ၊ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ဟာ အရှိန်မြှင့်နိုင် လေလေ ဆိုတာ ကျွန်တော်တို့ အားလုံး သဘောပေါက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ခုခံ တော်လှန်စစ်အခြေအနေအရပ်ရပ်ကို အစဉ်တစိုက် လေ့လာသုံးသပ်နေဖို့လည်း တိုက်တွန်းချင်ပါ တယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးကို နိုင်ငံရေးအရ၊ စစ်ရေးအရ ပေါင်းစပ်ထားတာဖြစ်သလို၊ လူမှုတော်လှန်ရေးအနေနဲ့လည်း အသွင်ဖော်ဆောင်ထား နိုင်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် နယ်ပယ်တိုင်း ကဏ္ဍတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်မှုတွေဟာ အင်မတန်များပြား ကျယ်ဝန်းတာကို တွေ့ရပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခ ထောင်ချောက်တွေကိုလည်း ရှောင်ရှားနိုင်ဖို့ သတိရှိရမှာ ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူလူထု အချင်းချင်းအကြား သဟဇာတဖြစ်မှု ကြီးမားလာအောင် လုပ်ရမှာဖြစ်ကြောင်းနဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုအချင်းချင်း စုစည်းညီညွတ်နိုင်အောင်လည်း အစဉ်တစိုက် ကြိုးစားအားထုတ် နေရမှာ ဖြစ်ကြောင်း ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီလပိုင်းအတွင်းမှာ နိုင်ငံရေး အခြေအနေ အဖြစ်အပျက်တွေ၊ တော်လှန်ရေးရဲ့ ဦးတည်ရာတွေက သိပ်ကို မြန်မြန်ဆန်ဆန်နဲ့ လှုပ်လှုပ် ခပ်ခပ်ဖြစ်နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ နောက်ဆုံးထွက်သက်အတွက် ရုန်းကန် နေတဲ့သူအလား ကယောင် ချောက်ချား ထင်ရာစိုင်းနေတာတွေကိုလည်း နေ့စဥ်နဲ့အမျှ ကြား သိမြင် တွေ့ နေရပါတယ်။ ရွှေဆိုင်ပိုင်ရှင်တွေကအစ ဆန်ကုန်သည်တွေပါမချန် ဘဏ်တွေအထိ စိတ်ကူးပေါက်သလို ဖမ်းဆီးပြီး စီးပွားရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင် နေသလို တစ်ဘက် ကလည်း ပြည်ပရောက်အလုပ်သမားတွေ၊ အလုပ်အကိုင်အေဂျင်စီတွေကို ဘေးကြပ်နံကြပ် ဖြစ်အောင်ဆောင်ရွက်နေတာတွေ၊ CDM ဝန်ထမ်းတွေကို ပြန်မဲဆွယ်နေ တာတွေလည်း လုပ်ဆောင်နေတာ ရှိပါတယ်။ ခြုံငုံလေ့လာကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကို အဆုံးထိ သူတို့နဲ့အတူ ဆွဲချသွားဖို့ ကြိုးစားနေတဲ့ပုံပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့လည်း တိုင်းပြည်အာဏာလုယူပြီး ဆိုးသွမ်းရမ်းကားနေတဲ့ စစ်ကောင်စီနဲ့ တွေ့ကြုံနေရတဲ့ အချိန်မှာ ရေကြီးရေလျှံကိစ္စတွေကလည်း ဖြစ်ပေါ်လာတော့ တစ်ပူပေါ် နှစ်ပူဆင့်သလိုပဲ ဒုက္ခရောက်နေ ကြရတဲ့ အခြေအနေပါ။ ဘာပဲဖြစ်ဖြစ် တစ်ဘက် ကလည်း စစ်ရေးအရှိန်တွေ မြှင့်လာနေတာမို့ ပြည်သူတွေလည်း အောင်ပွဲတွေကို မျှော်မှန်းပြီး စိတ်အားတက်ရတာတွေလည်း ရှိမယ်လို့ ထင်ပါ တယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့တော့ လုပ်နိုင်သမျှ အစွမ်းကုန် ပြည်သူကို စောင့်ရှောက် ကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။” လို့ ပြောကြားပါတယ်။
ဆက်လက်ပြီးတော့လည်း “အစိုးရအနေနဲ့တော့ စစ်ရေးအရှိန်မြှင့်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အုပ်ချုပ်ရေး ဆိုင်ရာကိစ္စတွေ အပါအဝင် နိုင်ငံရေးဆိုင်ရာကိစ္စတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် စဥ်းစား ထားကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပထဝီအနေအထား၊ ရှည်လျားတဲ့ သမိုင်းကြောင်းတို့ကြောင့် နိုင်ငံရေးကိစ္စတွေ အဖြေရှာကြတယ်ဆိုရာမှာ တော် တော်လေးရှုပ်ထွေးပြီး ခက်ခဲနိုင်ပါတယ်။ အချိန်လည်း ယူရနိုင်ပါတယ်။ ဒါပေမယ့်လည်း ရင်ဆိုင်ကျော်လွှားကြရမယ့် ကိစ္စလည်း ဖြစ်တာကြောင့် အစိုးရအဖွဲ့အတွင်းက အတွေ့အကြုံ များကြတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေအနေနဲ့ စုပေါင်းစဥ်းစားအဖြေရှာကြမယ်ဆိုရင် တန်ဖိုးရှိတဲ့ ရလဒ်တွေ ထွက်လာမယ်လို့လည်း ယုံကြည်ပါတယ်။အချိန်က အကန့်အသတ်ဖြစ် လာတာ ကြောင့် ကျွန်တော်တို့က သွက်သွက်လက်လက် သွားပါမှ အောင်ပွဲကို မြန်မြန်တက် လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။
အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က လက်ရှိဖြစ်ပေါ် တိုးတက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
www.nugmyanmar.org
အမျိုးသားညီညွတ်ရေးအစိုးရက (၃၆)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်

အမျိုးသားညီညွတ်ရေးအစိုးရက (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ
(၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်)

“ပြည်သူများသို့ အောင်စကား” မှ ကောက်နုတ်ချက်
“ကရင်ပြည်နယ်က မြဝတီမြို့ကြီးကို ပြန်လည်သိမ်းပိုက်မယ်ဆိုတဲ့ ကြီးမားတဲ့ရည်ရွယ်ချက်ကြီးနဲ့ အောင်ဇေယျစစ်ကြောင်းလို့ နာမည်ပေးပြီးတော့ အင်အားမြောက်များစွာနဲ့ဆောင်ရွက်ခဲ့ပါတယ်။ မြဝတီကို (၄) ရက်အတွင်း ရောက်မယ်ဆိုပြီး ကြွေးကြော်ခဲ့ပါတယ်။ ဒါပေမယ့် (၄) လကျော်တဲ့အထိ ဒေါနတောင်ကို မကျော်နိုင်ခဲ့တဲ့အပြင် အခု ပြန်ဆုတ်သွားရတဲ့အဆင့် ရောက်သွားပြီဖြစ်ပါတယ်။"
#MahnWinnKhaingThann
#MyanmarPrimeMinister
#NationalUnityGovernment
#TogetherWeWillWin
#ပြည်သူများသို့အောင်စကား

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)အတွင်းရေးမှူးအဖွဲ့ နှင့် စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး
ဩဂုတ် ၁၅ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)အတွင်းရေးမှူးအဖွဲ့ နှင့် စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ သည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့၊ နေ့လည် ၂:၀၀နာရီအချိန်တွင် zoom platform မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲတွင် စစ်ကိုင်းပြည်နယ်(ဖက်ဒရယ်ယူနစ်)ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ဖက်မှ တင်ပြဆွေးနွေးခဲ့ပြီး FSCC အတွင်းရေးမှူးအဖွဲ့မှလည်း လိုအပ်သည်များကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ယင်းနောက် အချိန်တစ်နာရီခွဲကြာကြာ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ၄:၃၀နာရီတွင် တွေ့ဆုံပွဲအား အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

မျက်မှောက် နိုင်ငံရေးနှင့်စစ်ရေး အခြေအနေများအပေါ်
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ ထုတ်ပြန်ချက်
ရက်စွဲ။ ။ ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၄ခုနှစ်

”ကျွန်တော်တို့သွားမယ့် ပန်းတိုင်ဟာ အစိတ်စိတ်အမွှာမွှာပြိုကွဲသွားမယ့် တိုင်းပြည်မဟုတ်ပါဘူး။ ပြည်ထောင်စုအတွင်းနေထိုင်ကြတဲ့ စုံလင်ကွဲပြားသော လူမျိုးတွေရဲ့ သရုပ်လက္ခဏာ (Identity) တွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေအပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပါတယ်။ အဲဒီ့ကို ကျွန်တော်တို့သွားမှာပါ။”
မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ
”The goal we are heading toward is not a disintegrated nation but a Federal Democratic Union, protecting and promoting the identities of the diverse ethnic groups within the Union where democracy, equality, and full self-determination rights are ensured. This is the direction we are going, and there is already a shared understanding among the revolutionary forces, with efforts ongoing to include others as well.”
Mahn Winn Khaing Thann
Prime Minister
National Unity Government
The Republic of the Union of Myanmar

နိုင်ငံတကာအသိုင်းအဝိုင်းကို ပေးချင်တဲ့ သတင်းစကားက ကျွန်တော်တို့ ပြည်သူလူထုတရပ်လုံးဟာ စုစည်းမှု၊ လွတ်လပ်မှုနဲ့ အရပ်သားအုပ်စိုးမှုတွေအတွက် ရပ်တည်ကြိုးစားနေကြတာဖြစ်တယ်။ တဘက်က စစ်အာဏာရှင်ကတော့ ဖိနှိပ်မှု၊ ဖရိုဖရဲဖြစ်မှု နဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ကိုယ်စားပြုနေပါတယ်။ ဘာကိုရွေးချယ်ရမလဲဆိုတာက ရှင်းပါတယ်။ လွတ်လပ်မှုကို ရွေးမလား အကြမ်းဖက်မှုကိုရွေးမလား၊ တာဝန်ခံမှုကိုရွေးမလား ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုရွေးမလား၊ ဒီမိုကရေစီကို ရွေးမလား အာဏာရှင်စနစ်ကိုရွေးမလား။
ဒူဝါလရှီးလ
နိုင်ငံတော် ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
A message to the international community - We, the people, stand for unity, freedom and civilian rule. The junta, however, represents repression, chaos and atrocities. The choice then is stark and clear: freedom or terror, accountability or impunity, democracy or dictatorship.
Duwa Lashi La
Acting President
National Unity Government
The Republic of the Union of Myanmar
ဒူဝါလရှီးလ
နိုင်ငံတော် ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
A message to the international community - We, the people, stand for unity, freedom and civilian rule. The junta, however, represents repression, chaos and atrocities. The choice then is stark and clear: freedom or terror, accountability or impunity, democracy or dictatorship.
Duwa Lashi La
Acting President
National Unity Government
The Republic of the Union of Myanmar
”ကျွန်တော်တို့သွားမည့် ပန်းတိုင်ဟာ အစိတ်စိတ်အမွှာမွှာပြိုကွဲသွားမယ့် တိုင်းပြည်မဟုတ်ပါဘူး။ ပြည်ထောင်စုအတွင်းနေထိုင်ကြတဲ့ စုံလင်ကွဲပြားသော လူမျိုးတွေရဲ့ သရုပ်လက္ခဏာ (Identity) တွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေအပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပါတယ်။ အဲဒီ့ကို ကျွန်တော်တို့သွားမှာပါ။”
မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ
”The goal we are heading toward is not a disintegrated nation but a Federal Democratic Union, protecting and promoting the identities of the diverse ethnic groups within the Union where democracy, equality, and full self-determination rights are ensured. This is the direction we are going, and there is already a shared understanding among the revolutionary forces, with efforts ongoing to include others as well.”
Mahn Winn Khaing Thann
Prime Minister
National Unity Government
The Republic of the Union of Myanmar
မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ
”The goal we are heading toward is not a disintegrated nation but a Federal Democratic Union, protecting and promoting the identities of the diverse ethnic groups within the Union where democracy, equality, and full self-determination rights are ensured. This is the direction we are going, and there is already a shared understanding among the revolutionary forces, with efforts ongoing to include others as well.”
Mahn Winn Khaing Thann
Prime Minister
National Unity Government
The Republic of the Union of Myanmar
"မြန်မာငွေတန်ဖိုးလေး ဒီကာလမှာတက်ပြီဆိုတဲ့အချိန်က မင်းအောင်လှိုင်ကို ဖမ်းပြီဆိုပြီး သတင်းထွက်တဲ့ အချိန်ခဏလေးပဲ။ အဲ့ဒီတော့ မြန်မာငွေတန်ဖိုးတက်ချင်ရင် အခုလက်ရှိဖြစ်နေတဲ့ စီးပွားရေးအကျပ်အတည်းတွေ နိုင်ငံရေးအကျပ်အတည်းတွေ ဖြေရှင်းချင်တယ်ဆိုရင် မင်းအောင်လှိုင်က ကိုယ့်ဘာသာကိုယ် ထောင်ထဲသွားပြီး အဖမ်းခံလိုက်။ အဲဒါဆိုအကုန်ပြေလည်သွားမှာ။ မြန်မာငွေတန်ဖိုးတက်ရုံမဟုတ်ဘူး ကိစ္စတော်တော်များများပြေလည်သွားမှာ။ ရှင်းရှင်းလေးပါ ပြဿနာရဲ့အရင်းခံက မင်းအောင်လှိုင်ပဲ။"
ဦးနေဘုန်းလတ်
ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ
အမျိုးသားညီညွတ်ရေးအစိုးရ
(PVTV ရဲ့ နွေဦးမှန်ကူကွက်များ Episode 27 မှ ကောက်နုတ်ချက်)
#SpringRevolution
#PVTV
#QUOTES

”ငွေကြေးတန်ဖိုး ကျဆင်းမှုတွေနဲ့အတူ အထွေထွေအကြပ်အတည်းအား မွန်းကြပ်စွာ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို ဒုက္ခတွေ အထပ်ထပ်ပေးနိုင်ဖို့ အချိန်နဲ့အမျှ စဥ်းစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံး နိဂုံးချုပ်ပေးနိုင်မှသာ ကျွန်တော်တို့ ပြည်သူတွေ အသက်ဝဝ ပြန်ရှူနိုင်ကြမှာ ဖြစ်ပါတယ်။”
အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၄/၂၀၂၄) တွင်ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းမှ
#MahnWinnKhaingThann
#UnionPrimeMinister
#NationalUnityGovernment
#TogetherWeWillWin
အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၄/၂၀၂၄) တွင်ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းမှ
#MahnWinnKhaingThann
#UnionPrimeMinister
#NationalUnityGovernment
#TogetherWeWillWin
အမိန့်ကြော်ငြာစာအမှတ် (၃/ ၂၀၂၄)
၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက်
(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်)
အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများအဖြစ် ကြေညာခြင်း