MoeMaKaMedia
449 subscribers
59 photos
3 videos
8.15K links
Burmese Community News Group
Download Telegram
သျှင်မျိုးငယ် - အရည်မရ အဖတ်မရ
https://ift.tt/LftR5Ig
Mediaအရည်မရ အဖတ်မရသျှင်မျိုးငယ်(မိုးမခ) မေ ၂၁၊ ၂၀၂၄
ပြဿနာဟာ ဆေးစက်ကျရာထက် ခရီးပိုတွင်တယ်။
မိုးမမြင်လေမမြင် ညဟာ ပင်လယ်ပြင်ကို ရိုက်ခတ်တော့အစွယ်ငေါငေါ မနက်ခင်းတွေဟာ အထင်းသား။
ဆေးသားမပြယ့်တပြယ်ရယ်သံအတုတွေ ခမ်းနားထည်ဝါတဲ့နေ့တွေထဲပြန်မရတဲ့ပဲ့တင်သံတွေကိုနားဆင်ကြည့်မိတော့အရည်မရ အဖတ်မရ ဘဝဟာ ဘာမှမရဘဲ ရှင်သန်နေပြန်ရဲ့။
လက်ဗလာနဲ့‌ေြခသလုံးအိမ်တိုင်သမားအတွက်ဘာကိုငဲ့ကွက်နေရဦးမှာလဲနောက်ပြန်ကြည့်တော့့ ကျောပဲ ရှိခဲ့တာ မဟုတ်လား။
ခရီးသွားတစ်ယောက်မျှပါပဲလရောင်အကောက်အကွေ့တွေထဲ ခရီးဆက်ခဲ့ရအခုလက်ရှိ‌သက္ကရာဇ်တွေက ဘဝထဲ အရည်မရ အဖတ်မရပါပဲ။    ။                                                     -
Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
မာန်(တောင်လုံးပြန်) - ပေါ့ပေါ့ပါးပါး မေရိကား
https://ift.tt/yYVKBTq
<a href="https://blogger.googleusercontent.com/img/a/AVvXsEg_2wAnPS_6oCx78YLpUQkHE-tT5shr1_ccw697AmlqO7--PRbglVCFlp8IZ4WcsSF40CCP-7Fcmqk4DSwa_jIGwtQ0QgVaNfqLspl_CEAczftdrzsDmg0iDWb6VvwZG3lqPNmjVH5Iz-b3TCq_AW85kNDhaJl-1z7CRASav3h_qLvX-Mzgg_-KPE3f4_s">Media</a>မာန်(တောင်လုံးပြန်) - ပေါ့ပေါ့ပါးပါး မေရိကား(မိုးမခ) မေ ၂၁ ၊ ၂၀၂၄
(၁) အကြွေးနဲ့ ဝယ်တဲ့အိမ်ဒီလိုဗျာ။အိမ်ဝယ်တဲ့ကိစ္စလေး မပြောခင် ဆရာညီပုလေး ပြောဖူးတဲ့ ဟာသလေး ရှိသဗျ။"ကျွန်တော်တို့ မန္တလေးက အညာသားတစ်ယောက်၊ ဘယ်နေရာမှ သုံးမရလို့ ဧရာဝတီမြစ်ထဲ ကန်ချ၊ ရေစီးနဲ့ အောက်ပြည်ကို မျောသွားတယ်။ ကမ်းပေါ်ရောက်တဲ့အခါကျတော့ အောက်ပြည်မှာ သူကြီးလောက်တော့ ဖြစ်သေးတယ်ဗျ" တဲ့။ခု ကျွန်တော်လည်း အဲဒီလိုကိန်းပါပဲ။မြန်ပြည်ကြီးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးပြင်မဟဲ့လို့၊ဆရာကိုထင်  ခေါ်သမို့ အထက်ပြည်၊ အောက်ပြည် ဟိုဟိုဒီဒီ လိုက်ဟောကောင်းတာနဲ့ မြိတ်မြို့လည်း ရောက်ကရော၊ စစ်တပ်က ထတရားစွဲ။ အမှုရင်ဆိုင်။ အမှုပြီးလေတော့ ရှေ့နေကြီး ဆရာဦးကိုနီစာအုပ်ရေးဖြစ်။ အဲဒီကစပြီး မဘသတွေနဲ့ တကျက်ကျက် ဖြစ်ရတော့ပါတော့တယ်။ဟော...စစ်တပ်က အာဏာထပ်သိမ်းတော့ KNU ထဲ သွားမယ်ဟဲ့ဆိုပြီး ထွက်လာခဲ့တာ မဲဆောက်ကို အတူပြေးကြတဲ့ မိတ်ဆွေ စာရေးဆရာကောင်းမှုနဲ့ ဒီ မေရိကားကို ခပ်ချောင်ချောင် ရောက်လာပါလေရော။ဟုတ်ကောဟုတ်ရဲ့လား ထင်ရောပေါ့ဗျာ။ဟုတ်ပါ့ခင်ဗျာ။မြဝတီကနေ မဲဆောက်ကို ခိုးကူးပြီးလို့ ကျေးဇူးကြီးတဲ့ ဆေးခန်းကြီးထဲမှာ နှစ်ဦးသားကို  သေသေချာချာလူမသိစေဖို့ ကိုဗစ်ရောဂါသည်များ အဆောင်တော်မှာထား၊မည်သူမှ မလာရ၊ ကန့်သတ်နေရာမှာဝှက်ထားပေးတဲ့ကာလ၊ အခန့်သား နေထိုင်စားသောက်နေဆဲပေါ့ဗျာ။မိတ်ဆွေ စာရေးဆရာက မေးလာပါတယ်။ "ဟေ့လူ ခင်ဗျား မေရိကားကို လျှောက်လွှာတင်မလားဗျ၊ကိုဒေးဗစ်က ခင်ဗျားပါလျှောက်ပါလား"တဲ့။ကျွန်တော် ငြင်းပါပေါ့ခင်ဗျာ။ "ဖြစ်နိုင်ရင် ကျွန်တော့ကို ထိုင်းမှာပဲ နေလို့ရအောင် လုပ်ပေးဖို့ ပြောပေးလေဗျာ။" "နေဦးဗျ ကျွန်တော် မေးကြည့်ဦးမယ်"မိတ်ဆွေစာရေးဆရာက သူ့ဖုန်းထဲကနေ မက်ဆေ့ပို့ပေးပြီး မေးလေသောအခါ၊ ကိုဒေးဗစ် ဖြေတာက "ဒါက သူ့ကိစ္စမဟုတ်၊ မေရိကား သွားမယ်ဆိုရင်သာ သူကူညီပေးမယ်တဲ့"စဖြစ်ပုံက ဒီလိုဗျ။မိတ်ဆွေက အရာရှိဒေးဗစ်ကို ရန်ကုန်ကနေ သူ ဘယ်လို ရှောင်တိမ်းလာရပုံတွေ ရှင်းပြ၊ မြဝတီကနေ မဲဆောက် ရောက်လာရပုံ၊ တောထဲ ခိုးနေခဲ့ကြပုံတွေ ပြောပြ၊ အတူပြေးလာသူလည်း စာရေးဆရာပဲ ဆိုတာ  ပါသွားရာကနေ ဒီလိုဆို အဲဒီလူပါ မေရိကား လျှောက်ပါလားဖြစ်သွားတာပါ။မိတ်ဆွေဖြစ်သူက ထပ်တိုက်တွန်းလေတော့ "ကဲ၊ ဒီလိုဆိုရင်ဖြင့် ခင်ဗျား ဖုန်းနဲ့ပဲ ကျွန်တော့်အချက်အလက်တွေ ပို့ပေးဗျာ၊ ခင်ဗျားက အင်္ဂလိပ်လို တအားကျွမ်းတယ်ဆိုတော့ လုပ်ပေးပါဗျာ"ကျွန်တော့်စိတ်ထဲမတော့ ရရင်းလည်းရ၊မရရင်လည်းနေပေါ့လေ။ တစ်ဖက်မှာလည်း သြစီက ဒေါက်တာမြင့်ချိုတို့အကူအညီနဲ့ KNU ထဲ သွားဖို့ပြင်ဆင်ရင်း၊ ရက်ချိန်းတွေယူ။ဒီခိုလှုံရာ ဆေးခန်းကြီးကနေ ထွက်ခွာဖို့ကာလကို စောင့်။ သြစီက ဆရာဒေါက်တာမြင့်ထွန်း၊ ကိုစိုးသီဟ၊ ကိုတင်ကိုကို တို့လို မိတ်ဆွေတွေရဲ့  ငွေကြေးကူညီပံ့ပိုးမှုတွေ ဂျာမနီက ညီမဝေဝေနဲ့ သီတာတို့အကူအညီတွေ၊ အခြားသော အပေါင်းအသင်း ရောင်းရင်းတို့ရဲ့ မစသမှုတွေကို စောင့်ရင်းပေါ့ဗျာ။ဗြုန်းဆို မထင်မှတ်ဘဲ ကျွန်တော့်ရဲ့ အချက်အလက်တွေကို ရုံးအရာရှိ ကိုဒေးဗစ်တို့က လက်ခံလိုက်တဲ့အခါ ကျွန်တော် လန့်သွားပါတယ်။ မဲဆောက်က အစ်မညိုတို့အိမ်မှာ တစ်လတာခိုလှုံပြီးလို့၊ နောက်အိမ်ခန်းတစ်ခန်း ထွက်ငှားလို့၊ နေကြတဲ့ကာလမှာ ဖြစ်လာတာပေါ့။သင်္ကြန်ပြီးတော့ မိတ်ဆွေ စာရေးဆရာရဲ့ မိသားစုလည်း တော်တော်လေး ခက်ခက်ခဲခဲနဲ့ ထွက်ပြေးလွတ်မြောက်လာကြတာပေါ့။ အဲဒီမှာ ဆိုင်ရာ ရုံးဌာနတွေကို ဆက်သွယ်ကြ။ ပထမအကြိမ် တွေ့ဆုံမေးမြန်းတာတွေ လုပ်ကြ။ ဓာတ်ပုံတွေ ရိုက်။ ဆေးစစ်။ ရက်ချိန်းတွေ ယူကြပါတယ်။ အားလုံးချောမွေ့လွန်းလို့ ကျွန်တော်ဖြင့် မသွားချင်သေးတာနဲ့ ခွင့်တစ်လ တင်တယ်ခင်ဗျ။ "ချစ်ဇနီး မရွှေအေးနဲ့ မခွဲခင် တွေ့ပါရစေဦး" ဆိုတော့ ရပါတယ်တဲ့။ဒါနဲ့ပဲ မရွှေအေးတစ်ယောက် မဲဆောက်ကို မဟာစွန့်စားခန်းကြီး ပြုပြီး သူ့လင်တော်မောင် ပြည်ပြေးကြီးကို လာတွေ့ရှာလေရဲ့ဗျာ။ဒါပေသိ ကံဆိုးချင်ပြန်တော့ ကျွန်တော် အလှူတော် လက်လွန်မိသွားတာကို  မိတ်ဆွေစာရေးဆရာရဲ့တူမတော် လင်မယားက မကျေမနပ်ဖြစ်ပြီး၊ ဒေါသတကြီးနဲ့ ညကြီးသန်းခေါင် အိမ်ရှေ့မှာ လာသောင်းကျန်းရင်း ရဲခေါ်ပါလေရောဗျို့။မိတ်ဆွေ စာရေးဆရာ မိသားစုကတော့ ဘန်ကောက် ရောက်သွားနှင့်ပါပြီ။ သူတို့နဲ့တော့ မဆိုင်တော့ပါဘူး။မရွှေအေးလည်း ကြောက်တာပေါ့။ သူ ကိုင်ထားတဲ့ တပတ် နေထိုင်ခွင့် လက်မှတ်လေးက အဲဒီဇနီးမောင်နှံဆီက ပြန်ဝယ်ထားတာမို့ ရဲလာရင် ပါသွားမှာလေ။ ကျွန်တော် မိုက်မဲတာပါ။ ဝေသန္တရာအလုပ်လွန်မိတာကိုးဗျ။မရွှေအေး ဒီဘက်ကို ခိုးကူးဖို့ ငွေလေးထောင်နဲ့ ခေါ်ခိုင်းချိန်မှာ အဲဒီလင်မယားဆီ စရံ ငွေချပြီးအရင်အပ်တာပါ။ တကယ်ကူးချိန်မှာ သူတို့ မလုပ်ပေးနိုင်တော့ မရွှေအေး ကူးမရဘဲ ပြန်သွားရတယ်။ နောက်ရက်ကျမှ တခြားအစီအစဥ်နဲ့…
ရခိုင်ပြည်နယ် အရေးက နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အာရုံစိုက်တာခံရ
https://ift.tt/QX46JEY
<a href="https://blogger.googleusercontent.com/img/a/AVvXsEibkUwqyuLS7PTHEBCblV62y97N0E_e9_Mucb-JroTDn4JBA2MkCkebpNUmU_xRA1OSRyEgEIL1n4_-pkIQtqq40N46oh32grSRupYUJSffX8NYFc0leJrycI0FNRqiNPxXbY-et25xTUgjguFWHniLfEq2-9cCyte60Pc0uNsKIN0Gi1NHYP1dheQ1DIw">Media</a>မြန်မာနွေဦး ခရိုနီကယ် - မေ ၂၀ မြင်ကွင်း(မိုးမခ) မေ ၂၀၊ ၂၀၂၄
ရခိုင်ပြည်နယ် အရေးက နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အာရုံစိုက်တာခံရမြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ပြည်နယ်နဲ့တိုင်းဒေသတွေ အနက် ရခိုင်ပြည်နယ်က တခြားသော ဒေသတွေနဲ့ မတူညီတဲ့ သီးခြားကိစ္စရပ်တွေ ရှိနေတယ်လို့ဆိုရမယ့် အနေအထား ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြတဲ့ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ ရိုဟင်ဂျာလူမျိုးစုတွေနဲ့ ရခိုင်လူမျိုးတွေအကြား ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုဝန်းကျင်မှာ လူမျိုးရေး ဘာသာရေး အခြေခံတဲ့ အကြမ်းဖက်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေအထိ ဖြစ်ပွားခဲ့ပြီး အစ္စလာမ်ဘာသာဝင် နိုင်ငံများအဖွဲ့၊ အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့အစည်းတွေက တာဝန်ရှိတဲ့ အဖွဲ့အစည်းနဲ့ ကျူးလွန်သူတွေကို နာမည်ပျက်စာရင်းထည့်သွင်းကာ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ NLD အစိုးရအဖြစ် တာဝန်ယူတဲ့ ကာလမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပြီး ဆယ်စုနှစ်များစွာ အနောက်နိုင်ငံအစုတွေက ချီးမွမ်းမှုကို ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလူမျိုးတုံး သတ်ဖြတ်မှု ဖြစ်ရပ်တွေကို အကာအကွယ်ပေးတဲ့သူအဖြစ် ပုံဖော်ပြီး ပေးအပ်ထားတဲ့ ဆုတွေ အသိအမှတ်ပြုမှုတွေ အများအပြား ပြန်ရုပ်သိမ်းတာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ရခိုင်အရေးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆယ်စုနှစ်တွေနဲ့ချီပြီး ရရှိထားတဲ့ ခရက်ဒစ် အမှတ်တွေကို လပိုင်းအတွင်း တိုက်စားခံလိုက်ရတဲ့သဘော ဖြစ်ပါတယ်။ အခုတော့ ရခိုင်ပြည်နယ်ရဲ့ လူမျိုးရေး၊ ဘာသာရေး ထိရှလွယ်မှုဟာ အခုလို အာဏာသိမ်းထားတဲ့ စစ်တပ်ကို အနိုင်ယူ တိုက်ခိုက်ကြတဲ့ စစ်မက်ကာလအတွင်း ယှက်နွယ်ပါဝင်လာနေတာလည်း ဖြစ်ပါတယ်။ လက်နက်နဲ့ အာဏာရှင်စနစ် အုပ်ချုပ်သူတွေက လူမျိုးရေး၊ ဘာသာရေး ထိရှလွယ်မှုတွေကို အသုံးချလေ့ရှိကြတာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး အာဏာရလာတဲ့ တော်လှန်ရေး ကောင်စီလက်ထက် ၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားတဲ့ တရုတ်-ဗမာ အရေးအခင်းက အထင်ရှားဆုံး သာဓကဖြစ်သလို အဲဒီနောက်ပိုင်း ၁၉၇၀ ကျော်ခုနှစ်တွေ၊ ၁၉၈၀ ကျော်ခုနှစ် တွေမှာလည်း မကြခဏ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗမာတွေအကြား လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။၁၉၈၈ ခုနှစ် ပြည်၊ တောင်ကြီးမြို့တွေမှာ ဖြစ်ပွားတဲ့ လူမျိုးရေး အဓိကရုဏ်း၊  ၂၀၀၃ ခုနှစ် တောင်ငူမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေဟာ သူ့ဘာသာသူ အလိုအလျောက်ဖြစ်ပွားတဲ့ လူမျိုးရေး အဓိကရုဏ်းတွေလို့ ဘယ်သူကမှ မယူဆကြဘဲ အုပ်ချုပ်သူတွေက နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေမှာ အာရုံလွှဲပြောင်းဖို့ ဖန်တီးခဲ့ကြတာလို့ နားလည်ကြတာ ဖြစ်ပါတယ်။ အခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်တဲ့ ရခိုင်ပြည်နယ်က AA တပ်တွေရဲ့ စစ်ဆင်ရေးတွေကို စစ်ကောင်စီအနေနဲ့ ခုခံတိုက်ခိုက်ရာမှာ လူမျိုးရေး အမုန်းတရားတွေ၊ လူမျိုးရေးအပေါ် အခြေခံတဲ့ ပဋိပက္ခတွေ ပေါ်ထွက်လာအောင် ဖန်တီးလုပ်ဆောင်နေတာလည်း သိရှိတန်သလောက် သိရှိကြပြီးဖြစ်ပါတယ်။ သို့ပေမဲ့ စစ်ကောင်စီဖန်တီးတဲ့ ထောင်ချောက်လို့ ပြောဆိုရုံမျှနဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ အကြမ်းဖက်မှုတွေကို ရှောင်လွှဲနိုင်မှာတော့ မဟုတ်ပါဘူး။ ဒီအဖြစ်အပျက်တွေမှာ  ပါဝင်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ မှန်ကန်တဲ့ မူဝါဒ၊ လက်တွေ့ကျင့်သုံးမှုတွေနဲ့ ထိန်းသိမ်းနိုင်ဖို့က အရေးကြီးတာဖြစ်ပါတယ်။ စစ်ကောင်စီ ဘက်ကတော့ လုပ်သင့်တာ မလုပ်သင့်တာရယ်လို့ ထိန်းချုပ်မယ့် အနေအထားမရှိဘဲ ရှိသမျှနည်းလမ်းတွေကို အသုံးချမယ်လို့ ယူဆရပါတယ်။ အနှိမ်ခံ၊ ခွဲခြားဆက်ဆံခံထားရတဲ့ ရိုဟင်ဂျာတွေကို စစ်ရေးအတွက် အသုံးချဖို့ စစ်အင်အားစုဆောင်းတာကို ကြည့်ရင် ၄င်းတို့ ကိုင်စွဲထားတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားမဖြစ်သေးတဲ့ ရိုဟင်ဂျာတွေကို ပြည်သူ့စစ်အဖြစ် သော်လည်းကောင်း လက်နက်ကိုင် တပ်ဖွဲ့ထဲမှာ စစ်သားအဖြစ် စုဆောင်းတာသော်လည်းကောင်း ၂ ခုလုံးက ဥပဒေနဲ့ မကိုက်ညီပါဘူး။ အမျိုးဘာသာ သာသနာလို့ ဆိုတဲ့ အစွန်းရောက်တဲ့ အမျိုးသားရေးအယူအဆရှိသူတွေကို စစ်တပ်က စည်းရုံးလာခဲ့တာတွေနဲ့ ဆန့်ကျင်ပြီး ရိုဟင်ဂျာတွေနဲ့ အရင်တလျှောက်လုံး အကြမ်းဖက်အဖွဲ့အစည်းလို့ ခေါ်ဆိုလာတဲ့ ARSA လိုအဖွဲ့တွေနဲ့ပါ တိတ်တဆိတ်လက်တွဲပြီး AA ကို ခုခံတိုက်ခိုက်ဖို့ ကြံစည်လာတာ ဖြစ်ပါတယ်။ အခုလို စစ်ကောင်စီက ဒုက္ခသည်စခန်းတွေ၊ ခွဲခြားနေထိုင်စေတဲ့ စခန်းတွေက ရိုဟင်ဂျာတွေကို စည်းရုံးသိမ်းသွင်းပြီး တိုက်ခိုက်ရာမှာ AA အနေနဲ့ သတိထား လုပ်ဆောင်ရမယ့် အနေအထားကို ရောက်ရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တချို့မှာ ရိုဟင်ဂျာ ကျေးရွာက ရွာသား ၅ ဦးကို ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေ…
တင်ဇော်လွင် - ဗုဒ္ဓနေ့
https://ift.tt/f70WLh8
<a href="https://blogger.googleusercontent.com/img/a/AVvXsEh82Jc5tYxXRK8DtAUzAe8gX_PqD9okR3TYreLWm6RLo5AoxN57gN-74H7jaiRLEXiipEVHULoFa7k_cJzNBVwSYE6Hp4N9Z2KSB0grWNclrUFGY8z7KZ979j0IH_lroUwO6t3UZOxKjtbOYkNu-Ai2jcQq4KV6pmesdg4zJqFFIgEEA4ZzRrsTwssDAYo">Media</a>တင်ဇော်လွင် - ဗုဒ္ဓနေ့(မိုးမခ) မေ ၂၂ ၊ ၂၀၂၄
“ကဆုန်လကို ရောက်လာတော့ ငယ်ငယ်တုန်းက ဆယ့်နှစ်လရာသီပွဲတော်တွေကို အရကျက်ခဲ့ရတာတွေကို မှတ်မိသေးလား သူငယ်ချင်း၊ တန်ခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ... ဆိုတာတွေလေ”“မှတ်မိပါ့ကွာ၊ ဆရာ ဆရာမတွေနဲ့ တို့ကျောင်းသားတွေ ဘုရားကြီးထဲက ညောင်ပင်ကို ရေသွားလောင်းကြသေးတယ်လေ”“ငယ်ငယ်တုန်းက အကြောင်းတွေ တွေးမိတော့ လွမ်းသကွ။ အခုတောင် ပြေးပြီးတော့ လောင်းလိုက်ချင်သေး”“မင်းကတော့ လုပ်ပြီ။ ဒါနဲ့ လကဆုန် ဆိုတဲ့ ကိုမင်းနောင် သီချင်းကိုကော မင်း မှတ်မိသေးရဲ့လား၊ ရသေးရဲ့လား”“ရပါသေးတယ်ကွ။ ဘာတဲ့... ရေအိုးကလေး ရွက်လာတယ်၊ ဘယ်ကို သွားမလဲကွဲ့ ခင်ရယ်... ဆိုတာလေ၊ ရွှေပြည်အေး လက်ရာပေါ့၊ ဘယ်မေ့ပါ့မလဲ”“အင်း... ကဆုန်လပြည့်ကတော့ တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ အထွတ်အမြတ်ထားရမယ့်နေ့ပါပဲ။ ဗျာဒိတ်တော် ရတဲ့နေ့၊ ဖွားတော်မူတဲ့နေ့၊ ဘုရားအဖြစ်ကို ရောက်တဲ့နေ့၊ ပရိနိဗ္ဗာန်ပြုတဲ့နေ့တွေဟာ အားလုံး ကဆုန်လပပြည့်နေ့မှာ ဖြစ်ပျက်ခဲ့တာချည်းပဲမို့ ‘ဗုဒ္ဓနေ့’ လို့ သတ်မှတ်ခဲ့ကြတာကိုး။ ဗျာဒိတ်တော်ခံ-ဖွား-ပွင့်-စံ၊ အဲဒီလို မဟုတ်လား”“သီချင်းထဲမှာတောင် ဝိသာခါနက္ခတ်နဲ့အညီ ရက်မြတ်တဲ့ ချိန်ခါမှီ၊ ဘုရားအဖြစ်ကို ဧကန်စင်စစ် ရတော်မူလေသည်လို့ ထည့်ပြီး စပ်ဆိုခဲ့သေးတာပဲ။ အဲဒီ ဝိသာခါနက္ခတ်ကို အစွဲပြုပြီး သီရိလင်္ကာလို နိုင်ငံက wesak (Vesak) Week လို့ ခေါ်ပြီး တပတ်လုံးလုံး ပူဇော်ပွဲတွေ၊ အခမ်းအနားတွေ လုပ်ကြတာ တွေ့ရတယ်ကွာ။ ဗုဒ္ဓနေ့ (Buddha Day) လို့ ဆိုလိုတာပေါ့ကွာ။ အေး... ဒီနေရာမှာ စကားစပ်လို့ ပြောရမယ်ဆိုရင် တကမ္ဘာလုံး အတိုင်းအတာနဲ့ ကုလသမဂ္ဂက ဗုဒ္ဓ ဖွားမြင်တဲ့နေ့ (ဗုဒ္ဓနေ့)ရယ်လို့ တရားဝင် သတ်မှတ်ကြေညာပေးတာက ၂၀၀၀ ပြည့်နှစ်ကမှကွ။ သိပ်မကြာသေးဘူး”“ဟင်... ဘာဖြစ်လို့ နောက်ကျနေရတာလဲ၊ ကမ္ဘာ့ဘာသာကြီး ၄ ခုထဲမှာ တခုအပါအဝင် ဖြစ်ပြီးတော့”“မင်း ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ တို့ ဗုဒ္ဓဘာသာဝင်တွေက လူနည်းစုလေကွာ၊ အဲဒါလည် ပါမှာပေါ့။ ဘာပဲဖြစ်ဖြစ် Buddha Birthday ကို အသိအမှတ်ပြု ကျင်းပပေးကြတော့ ဝမ်းသာစရာပေါ့ကွာ”“ဟိုးအရင်နှစ်တွေက သီရိလင်္ကာက ထုတ်ဝေတဲ့ Vesak Week အထိမ်းအမှတ် တံဆိပ်ခေါင်းတွေ မင်း ထုတ်ပြတာ ငါ မှတ်မိသေးတယ်၊ ပြစမ်းပါဦးကွ၊ ထပ်ကြည့်ရအောင်၊ သူတို့က တနှစ် တခါ ပုံမှန်ထုတ်တာ မဟုတ်လား”“ကဲ... ဒီမှာ ကြည့် သူငယ်ချင်း၊ အကုန်လုံးတော့ မဟုတ်ဘူး၊ တချို့တဝက်ပေါ့ကွာ”သီရိလင်္ကာနိုင်ငံထုတ် VESAK Week ဗုဒ္ဓနေ့ အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ<a href="https://blogger.googleusercontent.com/img/a/AVvXsEhcn01nyLvxTk3iViex7RpPaPKvT1oD1ekhuyk4rRLLPtt5LDUIULdaVn1a7vEZD80VnZvsFmpCl_R74chNvQWCnrijbib9Ehpdj19tRoAH1vbbOLYcenOUr2piDkenzy_okIQ18F7otSCEDOvt6U8FsMUsBG9hPQY3Z8e1kSb8PCY5VL-T53P7GtpheGM">Media</a>
















နှစ်စဉ်နှစ်တိုင်း ဝေဝေဆာဆာ ထုတ်ဝေတယ်ကွ။ အဲဒါတွေအပြင် ဖွား-ပွင့်-စံ တံဆိပ်ခေါင်းတွေလည်း ပြရဦးမယ်ကွ။ မင်းလည်း ဗုဒ္ဓဂါယာ ဘုရားဖူးရောက်ဖူးသားပဲဥစ္စာ။ ဖွားတော်မူတဲ့ နီပေါက လုမ္ဗိနီဥယျာဉ်၊ ဘုရားပွင့်တဲ့ အိန္ဒိယက မဟာဗောဓိ ဗုဒ္ဓဂါယာနဲ့ ပရိနိဗ္ဗာန်စံတဲ့ ကုသိနာရုံ စတာတွေကို တံဆိပ်ခေါင်းထုတ်ထားတာတွေပေါ့ကွာ။”“တို့နိုင်ငံကကော ထုတ်ဖူးလား”“မထုတ်ဖူးဘူးကွ။ နီပေါ၊ အိန္ဒိယကတော့ အဓိကပေါ့ကွာ။ ယိုးဒယားနဲ့ တရုတ်ပြည်ကလည်း ထုတ်ဖူးတယ်။ ဒီမှာကြည့်ကွ”(ဖွား) နီပေါ - လုမ္ဗနီဥယျာဉ်<a href="https://blogger.googleusercontent.com/img/a/AVvXsEgZA14TXetAw1uSpjIL6Pxnisbg8xcGTEntTqq9PkL0p-H9R5_8LrUh1V7nx67jB6mkv1Q5eqdkK0bpgkhe0-8U5SdCP19vZ1NuSN9Hxp6D5blcxaAC2NQUvmT3Ih0x_yMproSKSB7IyOde2aInaytuOLTI_t8XQafgAxK8I5I23UqunH5u7KquKGFPxk0">Media</a>

(ပွင့်) အိန္ဒိယ - ဗုဒ္ဓဂါယာ<a href="https://blogger.googleusercontent.com/img/a/AVvXsEjFkuj81cUi84PoEBJqD8XwpAmZEclSsqKHjoDaimnqLuFJNBYWAUbM2soAby_bfeYtGqZYNLibAapdZWw-w89wxFg7Uwq16qPXsLrWeVM-jXO9Cez6MUmTBo6P1Zm1aUkEcRZIjzovVvj12iEOk9zxOS3NaZwzkssRsoYfMlEAgYvSCV-g8m90pVw6www">Media</a>(စံ) အိန္ဒိယ - ကုသိနာရုံ<a href="https://blogger.googleusercontent.com/img/a/AVvXsEhRvHvKkAiQNLqZ76w_5O5tXOkukpc3fXni8bu33dC5VZhPUXNHCfQ9peyjDX-2OCYejnTTDjkeH3ZDfzVr1IZTQV4yNNhtPaud0Ty2gLg51-_tKYiEigN_2FChz2kXEiHVu_43ekcXrmFVG1G8Tt7b_OeKytYY5uBweGo8JhzUzOcZ0_Ffc5bq5_YEgw8">Media</a>

ယိုးဒယား (၁၉၁၇)<a href="https://blogger.googleusercontent.com/img/a/AVvXsEgT2tuiFMCUOj5RMsRJ53flf1vrqt8NGFi5TBptFLNspuyZ3w9IqT0fjX9BxdaoIYOqfbigo3h1SOjnh2zgLYJwxyHDikoX-zXdSjhuMVVWRW_2Y
မာတီနာ - မိုးမကျမီ
https://ift.tt/iNMoUOw
<b style="color:#0c343d;">MediaArt by Than Htay Maung

</b><b style="color:#0c343d;">မိုးမကျမီ</b><b>မာတီနာ</b><b>( မိုးမခ) မေ ၂၂၊ ၂၀၂၄</b>
ဒီကနေ့ အိမ်ပြောင်းဖို့ စီစဉ်ထားကာမှပဲမိုးကတစိမ့်စိမ့်ရွာနေတယ်။ မိုးသာရွာနေတာ၊ အပူကမလျော့။ တကယ့်မိုးတွင်းမရောက်သေးတာမို့ ရန်ကုန်ဟာလိမ့်နေအောင် ပူတယ်။ မိုးကျရင်တော့ စိုစွတ်စွတ်ဖြစ်တာကလွဲလို့ နေလို့ကောင်းတယ်။ အိပ်ရာ၊ ခြင်ထောင်၊ အိုးခွက်ပါမကျန် အပြီးသတ်သိမ်းဆည်းရတာမို့ ဒေါ်ခင်ခင်အေးတကိုယ်လုံးချွေးတွေရွှဲနေတယ်။ အတူနေသမီးအပျိုမမှာလဲ ချွေးတလုံးလုံး။ ဘာတဲ့ ၊ စကင်းကဲရောင်းတဲ့ မိန်းကလေးတွေပြောပြောနေကြတဲ့ ဂလိုးတယ်ဆိုတာ၊ ဒေါ်ခင်ခင်အေးတို့ သားအမိမှာတော့ မျက် နှာတွေဂလိုးရုံမကဘူး။ တကိုယ်လုံးကိုဝင်းပြောင်နေတာ။ အသားအရေစိုပြေနေလိုက်ပုံများ။ ဒေါ်ခင်ခင်အေးက မုဆိုးမတယောက်ပါ။ ခင်ပွန်းသည် ကွယ်လွန်တာရှစ်နှစ်လောက် ရှိသွားပြီ။ ဒီတိုက်ခန်းလေးကခင်ပွန်းသည် မကွယ်လွန်ခင်လေးမှာဝယ်ခဲ့တာ။ကြာပြီဆိုပေမဲ့ ခင်ပွန်းသည်ရဲ့ အရိပ်အငွေ့ကိုခံစားနေရတုန်း။ မရောင်းချင်ဘူး။ 
ဒေါ်ခင်ခင်အေးတို့မှာသမီးနှစ်ယောက် သားတယောက် ရှိတယ်။ မိသားစုငါးယောက် ဒီလိုပဲရန်ဖြစ်လိုက် ပြန်ချစ်လိုက်ကြနဲ့ပေါ့။ ခင်ပွန်းသည်ကကားပွဲစား၊ ဒေါ်ခင်ခင်အေးကတော့ အိမ်အလုပ်တဖက်နဲ့ အပျိုတုန်းက တည်းကလုပ်လက်စစိန်ပွဲစားအလုပ်ကလေးဆက်လုပ်တယ်။ ကြီးကြီး ကျယ်ကျယ်မဟုတ်ပါဘူး။ အသေးအမွှားလေးတွေပါ။ သူများတကာလိုရုန်းကန်ရတာပါပဲ။ ရုန်းကန်ရတဲ့ အချိန်မှာရန်ဖြစ်ကြတာလဲဆန်းမှမဆန်းပဲ။ သမီးနှစ်ယောက် ဆယ်တန်းအောင်ပြီး သည်အထိ အိမ်ငှားသံသရာမှာလည်ခဲ့ရတာ။ နေလက်စအိမ် ဆက်ငှားမရလို့ အိမ်ပြောင်းရဖို့ ကြုံလာရင် ပဲဖြစ်ဖြစ်၊ အိမ်ငှားခပေးဖို့ ငွေမလုံလောက်ရင်ပဲဖြစ်ဖြစ် လင်မယားနှစ်ယောက် ရန်ဖြစ်ပြီလေ။ ဒေါ်ခင်ခင်အေးတို့ အော်ကြီးဟစ်ကျယ်ရန်ဖြစ်ကြပြီဆိုရင် အိမ်ငှားစာချုပ် ရက်စေ့ပြန်ပဟဲ့လို့ တလမ်းလုံးကသဘောပေါက်ကြတဲ့ အထိပဲ။ ဒါကြောင့်လဲဒေါ်ခင်ခင်အေးတို့ ရဲ့ ပထမဆုံးအိပ်မက်ဟာအိမ်ပိုင်ကလေးနဲ့ နေဖို့ပေါ့။ 
သားဆယ်တန်းရောက်တဲ့နှစ်မှာဒီအခန်းလေးဝယ်နိုင်ခဲ့တယ်။ အခန်းဝယ်ပြီးမကြာခင်ပဲ ခင်ပွန်းသည်ဆုံးရှာတယ်။ လမ်းထဲကလူတွေကတော့ ဒေါ်ခင်ခင်အေးဟာ ဒီအခန်းဝယ်ဖို့ ခင်ပွန်းသည် သေသည်အထိ ညှစ်ထုတ်တာလို့ အမနာပပြောကြရဲ့။ အတူတူရုန်းခဲ့ရတာပါလေ။ ဘယ်လိုပဲဖြစ် ဖြစ် မုဆိုးမဒေါ်ခင်ခင်အေးနဲ့ သမီးအပျို၊ သားလူပျိုတို့ ဣန္ဒြေရရနေထိုင်ခဲ့ရတဲ့ အခန်းလေး။ ကိုယ်ပိုင်အခန်းလေးနဲ့ တည်ငြိမ်ပြီဟဲ့ ဆိုပြီးသည်လိပ်စာနဲ့ အိမ်ထောင်စုစာရင်းတွေဘာတွေလုပ်ထားတာလေ။ကိုယ့်အိမ်လိပ်စာနဲ့ ထွက်လာတဲ့ ကိုယ့် အိမ်ထောင်စုစာရင်းလေးကိုတစိမ့်စိမ့်ကြည့်ပြီးကြည်နူးခဲ့ရတာခုထိမမေ့သေးဘူး။ အမှတ်တရဆိုပြီးလင်မယားနှစ်ယောက်သားတိုက်ရှေ့မှာပိတောက်ပင်လေးတပင်စိုက်ခဲ့ကြသေးတယ်။ ရှစ်နှစ်ကျော်ဆိုတော့လည်းပိတောက်ပင်ဟာတော် တော်ကြီးအရိပ်ရနေပြီ။ 
သားကဆယ်တန်းမအောင်ဘူး။ သုံးနှစ်ဆက်တိုက်ဖြေပြီးကိုဗစ်ကာလရောက်လာတော့ ထပ်မဖြေတော့ဘူး။ လမ်းထဲမှာလပ်လျားလပ်လျားလုပ်နေတော့ အပေါင်းအသင်းမှားမှာ ဒေါ်ခင်ခင်အေးစိုး ရိမ်တယ်။ သားတယောက်ကိုဘယ်လိုနိုင်အောင် ထိန်းရပါ့မလဲ။ လွတ်မြောက်နယ်မြေသွားပါမယ် လုပ်လာလို့ မနည်းချော့မော့ထားရတယ်။ ဒါကြောင့် မလေးရှားကိုအလုပ်နဲ့သွားဖို့ စီမံတယ်။ သူတို့အရွယ်တွေကအန္တရာယ်များတယ်မဟုတ်လား။ မလေးရှားသွားပြီးအလုပ်လုပ်နေတယ်ဆိုရင် ဒီမှာယောင်တောင်တောင် လုပ်နေတာထက်တော့ အများကြီးပိုကောင်းတာပဲ။ 
ဒီလိုနဲ့ ၂၀၂၁ ခုနှစ်ကုန်ပိုင်းလောက်မှာသားကမလေးရှားကိုထွက်သွားတယ်။ အပိတ်အပင် အတား အဆီးတွေရှိမလာခင် ပို့လိုက်နိုင်လို့ တော်သေးတာပဲ။ နောက်၊ သမီးအကြီးမအိမ်ထောင်ကျပြီးအိမ်ခွဲသွားတယ်။ သားပို့တဲ့ ငွေလေးနဲ့၊ ကုမ္ပဏီဝန်ထမ်းသမီးရဲ့ ဝင်ငွေနဲ့ ဆိုတော့ချောင်ချောင်လည်လည်ရှိပါတယ်။ ဒေါ်ခင်ခင်အေးရဲ့ စိန်ပွဲစားအလုပ်ကတော့ ကြိုကြားကြိုကြားပေါ့။ သည်အခန်းမှာဒေါ်ခင်ခင်အေးနဲ့ သမီးတယောက်၊ နှစ်ယောက်ထဲနေတာ။ အင်း။ ဒီနေ့ဟာနောက်ဆုံးပဲ။ ပြီးခဲ့တဲ့ လကပဲအခန်းကိုရောင်းပစ်လိုက်ပြီ။ မှတ်မှတ်ရရ၊ အရောင်းအဝယ်စာချုပ်ချုပ်ပြီးအပြီးသတ်ငွေ ချေတဲ့နေ့က ပိတောက်တွေပွင့်နေတာ မွှေးအီနေတာပဲ။ ဒီမိုးနဲ့ဆို နောက်နေ့ကျရင်လဲ ပွင့်လိမ့်ဦးမယ်။ ဒါပေမဲ့ အိမ်က ဒီနေ့အပြီးဖယ်ပေးရတော့မယ်။ 
နှစ်လပိုင်းတုန်းကဒေါ်ခင်ခင်အေးတို့ကိုလမ်းလူကြီးက အစည်းအဝေးခေါ်တယ်။ အိမ်ထောင်စုစာရင်းစာရွက်လဲတပါတည်းယူခဲ့ပါတဲ့။ အိမ်တိုင်းကိုခေါ်တယ်ထင်နေတာမဟုတ်ဘူးပဲ။ ဒေါ်ခင်ခင်အေးအပါအဝင်မှ လေးငါးဦးထဲရယ်။ အိမ်ထောင်စုစာရင်းနဲ့ နေတဲ့ သူတွေကိုပဲခေါ်တာ။ လမ်းလူ ကြီးက သဘောကောင်းပါတယ်။ ဒေါ်ခင်ခင်အေးတို့နဲ့လဲ သိပါတယ်။ ဒီလမ်းထဲမှာနေလာတာနှစ်နှစ်ဆယ်ကျော်ပြီကို။ ဒီဘက်နှစ်တွေမှ ဝဝဖြိုးဖြိုးစိုစိုပြေပြေနဲ့ ခန့်ခန့်ညားညားကြီးဖြစ်လာတာ။ ဘာအတွက် ခေါ်တာလဲဆိုတော့ အခုအတည်ပြုလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့်ပါတဲ့လေ။ 
ဒီလိုလေ။ ရန်ကုန်မှာကများသောအားဖြင့် အိမ်ထောင်စုစာရင်းမရှိကြဘူး။ အထူးသဖြင့် အိမ်ငှားနဲ့ နေရသူတွေပေါ့။ သူတို့ကဧည့်စာရင်းတိုင်ရတယ်။ တချို…
စစ်ပွဲတွေ၊ ရိက္ခာပြတ်လပ်နိုင်ခြေနဲ့ ရှင်သန်ကျန်ရစ်ဖို့ အခွင့်အလမ်း
https://ift.tt/83Co6jx
<a href="https://blogger.googleusercontent.com/img/a/AVvXsEg_1N2BuRx1kD-2rywla7MFj8WDNaTOu2mXGAzg3HsMhmLsPsnXtK8_y_pELQBRxNszyr0Ua02z7R7PoKSvZabOocsL6Topfa6vr817-ohytA-PxlIdoOZU1nF12_VZ02spfdFhbvbEqYBqpvV3VsGjGskpv26T8a-_jYQ4HtNDbPsgD6gQWVaZJRchSO4">Media</a>မြန်မာနွေဦး ခရိုနီကယ် - မေ ၂၁ မြင်ကွင်း(မိုးမခ) မေ ၂၂၊ ၂၀၂၄
စစ်ပွဲတွေ၊ ရိက္ခာပြတ်လပ်နိုင်ခြေနဲ့ ရှင်သန်ကျန်ရစ်ဖို့ အခွင့်အလမ်း၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်က စလို့ ငြိမ်းချမ်းစွာဆန္ဒပြတာတွေ လအနည်းငယ်ကြာ ဖြစ်ပွားခဲ့ပြီး အဲဒီနောက်မှာတော့ လက်နက်ကိုင်ပြီး အာဏာသိမ်းစစ်တပ်ကို ပြန်လည်တိုက်ထုတ်ဖို့ နည်းလမ်းကို ရွေးချယ်ခဲ့ကြကာ နဂိုရှိနှင့်ပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသစ်ပေါ်ထွက်လာမယ့် လက်နက်ကိုင်အဖွဲ့တွေကို အကူအညီပေးခဲ့ကြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုယ်၌က အင်အားအများအပြား တိုးချဲ့နိုင်ခဲ့သလို နယ်မြေလည်း ထပ်မံသိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့ အနေနဲ့ အင်အားအကြီးမားဆုံးအဖွဲ့ဖြစ်လို့ ၄င်းကို ဘယ်လက်နက်ကိုင်အဖွဲ့ကမှ ပခုံးချင်းယှဥ် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးလို့ ယေဘုယျအားဖြင့် မှတ်ယူထားခဲ့တာ ဖြစ်ပြီး ၁ ဒါဇင်ကျော် ၂ ဒါဇင်နီးပါးရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား စုစည်းညီညွတ်တဲ့ မဟာမိတ်တပ်ပေါင်းစု တခု ဖြစ်မလာနိုင်ဘူးလို့ အာဏာသိမ်းစစ်တပ်က မှတ်ယူထားတာကြောင့်လည်း အာဏာသိမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ ဗမာလူမျိုးတွေ နေထိုင်တဲ့ ဒေသတွေက လက်နက်ကိုင် အဖွဲ့အသစ်တွေ ပေါ်ထွက်လာနိုင်တဲ့ ဖြစ်နိုင်ခြေကို အာဏာသိမ်း စစ်တပ် မျှော်လင့်မထားခဲ့တာလည်း ဖြစ်ပါတယ်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့လို ဒေသတွေမှာ ဒေသအလိုက် လက်နက်ကိုင် အဖွဲ့တွေ၊ မြို့တွေပေါ်မှာ မြို့ပြပြောက်ကျားလို့ ခေါ်တဲ့ အလစ်အငိုက် ပစ်ခတ်မှု၊ ဖောက်ခွဲမှုတွေကို မျှော်လင့်မထားခဲ့တာကြောင့် အာဏာသိမ်းပြီး ၂ နှစ်ခန့်အကြာမှာတော့ မြန်မာနိုင်ငံမှာ လက်နက်ကိုင် အဖွဲ့ပေါင်း ရာနဲ့ချီ ပေါ်ထွက်လာခဲ့တာ ဖြစ်ပြီး စတင်ခါစလို လုပ်သေနတ်၊ အမဲလိုက် တူမီးသေနတ်တွေ မဟုတ်တော့ပဲ မောင်းပြန်ရိုင်ဖယ်၊ ပခုံးထမ်း လောင်ချာတွေ၊ စိန်ပြောင်းတွေအထိ ကိုင်ဆောင်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအဖြစ် ရောက်ရှိနေပြီဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ် အနေနဲ့လည်း ၂ နှစ်ကျော်ကြာကာလအတွင်း တိုက်ပွဲတွေမှာ အင်အား ပြုန်းတီးတာ၊ ထွက်ပြေးကာ တဖက်ကို ခိုလှုံသွားသူတွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာနေပြီး စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့တွေဘက်မှာတော့ လူအင်အားစုဆောင်းဖို့က အခက်အခဲမရှိတဲ့ အနေအထား ဖြစ်လာနေတဲ့ သဘောလည်း တွေ့နေရပါတယ်။ အခုချိန်မှာ လက်နက်ကိုင်ဆောင်ကာ အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချမယ့် အနေအထားက ဖြစ်နိုင်ခြေ မရှိဘူးဆိုတဲ့ အနေအထား မဟုတ်တော့တဲ့ အချက်ကို အများက သဘောတူနိုင်ကြပါလိမ့်မယ်။ သို့သော်လည်း စစ်ကောင်စီကို တိုက်ခိုက်ဖယ်ရှားနေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှာလည်း သီးခြားရည်မှန်းချက်တွေ ရှိနေတာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီ အားလုံးက ဦးတည်တာ ဖြစ်ကောင်းမှ ဖြစ်ပါလိမ့်မယ်။ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုထက် ကွန်ဖက်ဒရေးရှင်းလို ဖွဲ့စည်းမှုမျိုး အနေအထားကို ရည်မှန်းထားကြတာလည်း တွေ့ရမှာပါ။ အတင်းအကြပ် စုစည်းထားပြီး အေးအတူပူအမျှ နေထိုင်ကြတာမျိုး မဖြစ်ခဲ့တဲ့ အတိတ်က နာကျည်းစရာ သမိုင်းကြောင်းတွေကလည်း အခုလို ကွန်ဖက်ဒရေးရှင်းပုံစံဖွဲ့စည်းမှုမျိုးဆီ ဦးတည်စေတာ ဖြစ်ပါတယ်။ ယခုလက်ရှိ အနေအထား ဦးတည်ရာက စစ်ရေးနဲ့ နိုင်ငံရေး ရှုထောင့်က မျှော်မှန်းကြည့်တဲ့ ဦးတည်ရာ လမ်းကြောင်း ဖြစ်ပါတယ်။ အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးက ရည်မှန်းချက်ပန်းတိုင် ဖြစ်သလို အချို့က ကွန်ဖက်ဒရေးရှင်း ပုံစံဖြစ်တာကြောင့် ဒီ ၂ မျိုးကို ဘယ်လိုပေါင်းစပ်အောင်မြင်အောင် စုစည်းတည်ထောင်ကြမလဲ၊  မျှော်မှန်းချက် ဦးတည်ရာ လမ်းကြောင်းကို ချောချောမောမော လျှောက်လှမ်းနိုင်ကြမလားဆိုတာကတော့ လက်နက်ကိုင်အဖွဲ့အစည်း နဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ အမျှော်အမြင်နဲ့ ရင့်ကျက်မှု အပေါ်မှာ မူတည်လိမ့်မယ်လို့ ယူဆရပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံရေးအရ ဘယ်လောက်ရင့်ကျက်မှုရှိသလဲ၊ ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်မှုနဲ့ စည်းလုံးမှုရဲ့ အကျိုးရလဒ်ကို နားလည်သလဲ ဆိုတဲ့အချက် အပေါ်မှာလည်း မူတည်ပါလိမ့်မယ်။ အတိတ်ကာလတလျှောက်လုံး အတင်းအကြပ် စုစည်းမှုရဲ့ ခါးသည်းတဲ့ အတွေ့အကြုံတွေကြောင့် သီးခြားစီနေကြဖို့ကို အားသန်ကောင်း အားသန်နေကြတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီ အတွေ့အကြုံတွေရဲ့ အကျိုးဆက်အဖြစ် ကာလတခုထိ မိမိတို့ဘာသာ မိမိတို့ရပ်တည် လျှောက်လှမ်းကြမယ့် လမ်းကြောင်းမျိုးနဲ့ သွားကောင်း သွားကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အရှေ့တောင်အာရှရဲ့ အချက်အချာကျတဲ့…
ဝင်းတင့်ထွန်း -
https://ift.tt/5jU6Alz
<a href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrhg4LehlY0jXE5WEPLvBgGhBFZi5FGHeOhY0uanUuJWayGRUOyUGDIjP3Hl_NzyXe00mutJDEdukezk_jvzd1LCU66TWPa5TzD-AylI9o3ZRMmgNckAwOV13yltfaVz74HgcZDFaZvxF3GJ8MT3C8D55r74TZ1RuYcfWDr8EcoQkJOZijsn9yyBawOXgb/s1080/artworks-000438325929-3r2b3v-t1080x1080.jpg">Media</a><b style="color:red;font-size:xx-large;">စစ်ကိုင်း ဦးထွန်း ( သို့မဟုတ် ) ပြည်သူဘက်က</b><b>ထာဝရ ရပ်တည်သွားခဲ့သူ</b><b>ဝင်းတင့်ထွန်း</b><b>(မိုးမခ) မေ ၂၃၊ ၂၀၂၄</b>
<b>( ၁ )</b>           ၂၀၂၁ ခုနှစ်ထဲမှာ ပထမဆုံးစကြားလိုက်ရတဲ့ နာရေးသတင်းသံကတော့ ‘ဦးလေးထွန်း’တယောက်ဆုံးရှာပြီ၊ သပိတ်ကျင်းဖက်မှာပဲ ဆုံးသွားရှာပြီ- ဆိုတဲ့အသံပါပဲ။ နှစ်ဆန်းထဲ ဝင်ဝင်ချင်း ဇန်နဝါရီ (၃)ရက်နေ့မှာပဲ ဆုံးရှာတာလို့ သိလိုက်ရပါတယ်။ ကျွန်တော်က ‘အဘ’ လို့ခေါ်လေ့ရှိတဲ့ ရဲဘော်ထွန်း( ဗိုလ်ကြင်မောင် )ကွယ်လွန်ဆုံးပါးခဲ့တာကလဲ ဇန်နဝါရီ (၃)ရက်နေ့ပဲ ဖြစ်သလို၊ ကျွန်တော်က ‘ဦးလေးထွန်း’ လို့ခေါ်တဲ့၊ ဦးထွန်း(ခေါ်) စစ်ကိုင်းဦးထွန်း ကွယ်လွန်သွားခဲ့ရှာတာကလဲ ဇန်နဝါရီ (၃)ရက်နေ့ပဲ ဖြစ်တာကြောင့် ထူးထူးခြားခြားတိုက်ဆိုင်လွန်းနေ၊အမှတ်ရစရာဖြစ်နေရပါတယ်။အဘရဲဘော်ထွန်း (ဗိုလ်ကြင်မောင်) ကွယ်လွန်ပြီး (၆)နှစ်တိတိအကြာမှာ ဦးလေးထွန်း (စစ်ကိုင်းဦးထွန်း) လဲ ကွယ်လွန်သွားရရှာတာဖြစ်ပါတယ်။
ကွယ်လွန်နှစ်ချင်းသာ မတူခဲ့ပေမဲ့၊ လ နဲ့ရက်ပါ တိုက်တိုက်ဆိုင်ဆိုင်အတူတူပဲ ဖြစ်နေခဲ့တာအပေါ် ကျွန်တော်ကတော့ အံ့သြချင်သလိုလိုလဲ ခံစားလိုက်ရပါတယ်။ တိုက်ဆိုင်မှုတွေက ဘယ်လောက်တောင်များ ရှိနေပြန်သလဲဆိုတော့ အဘရဲဘော်ထွန်း(ဗိုလ်ကြင်မောင်)ဟာ စစ်ကိုင်းသားဖြစ်သလို၊ ဦးလေးထွန်းဟာလဲ စစ်ကိုင်းအနားက ရွာလေးတရွာမှာ မွေးဖွားခဲ့သူ စစ်ကိုင်သား။ ဒါကြောင့် သူ့ကိုလဲ "စစ်ကိုင်းဦးထွန်း" လို့ပဲ လူသိများခဲ့ရတယ်မဟုတ်လား။ ပြီးတော့- ဦးထွန်း(ခေါ်) ဦးလေးထွန်းတို့အဖေဟာ ဗိုလ်ကြင်မောင် (ခေါ်) ရဲဘော်ထွန်းနဲ့လဲ တနယ်တည်း တတပ်တည်းဖြစ်ခဲ့ကြရုံမက၊ အထက်ဗမာပြည်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့တော်လှန်တဲ့သေနတ်သံတွေ စတင်ပေါ် ပေါက်လာတော့လဲ လက်နက်ကိုင်တော်လှန်ရေးထဲမှာ အတူတူပါဝင်ဆင်နွဲခဲ့ကြတဲ့၊ ရဲဘော် ရဲဘက် တိုက်ဖေါ်တိုက်ဖက်လူရင်းတွေဖြစ်ခဲ့ကြကာ၊ အတွင်းသိ အစင်းသိတွေလဲ ဖြစ်ခဲ့ကြတယ်မဟုတ်လား။ အဲဒီကာလတွေတုန်းက ဦးလေးထွန်းတို့ညီအစ်ကိုတွေဟာ (နောင်- ရဲဘော်ထွန်း ဖြစ် လာမယ့်) ဗိုလ်ကြင်မောင်ကို ‘ဦးလေး’ ‘ဦးလေး’ နဲ့ ရင်းနှီးချစ်ခင် ကျွမ်းဝင်ခဲ့ကြဖူးသူတွေ ဖြစ်ခဲ့ကြတယ်မဟုတ်လား။ ဦးလေးထွန်းတို့ရဲ့ဖခင်ကတော့ လက်နက်ကိုင်တော်လှန်ရေးထဲမှာပဲ၊ တော် လှန်ရေးရဲ့စောစောပိုင်းကာလတွေအတွင်းမှာပဲ ကျဆုံးသွားခဲ့ရပေမဲ့၊ သားတွေဖြစ်ကြတဲ့ ဦးလေးထွန်းတို့ညီအစ်ကိုကတော့ အဖေ့ရဲ့တော်လှန်ရေးအမွေကို တတ်နိုင်သလောက် တတ်နိုင်တဲ့နေရာကနေ ပါဝင်ဆက်ခံခဲ့သူတွေ ဖြစ်လာခဲ့ကြပါလေတယ်။ ဒါကြောင့်- ဦးလေးထွန်းဆိုရင်- ဖဆပလခေတ်ကတည်းက နိုင်ငံရေးနဲ့ထောင်ကျခဲ့ရဖူးသူ ဖြစ်ခဲ့သလို၊ ဦးလေးထွန်းရဲ့ညီလဲ ထောင်ကျခဲ့ရဖူးပါတယ်။ ဒါလောက်တင်ပဲလား- မကပါ။ ဦးလေးထွန်းဟာ သူကိုယ်တိုင်သာမက၊ သူ့သားသမီးတွေကိုပါ နိုင်ငံရေးအသိစိတ်ဓါတ်အမွေ ဆက်လက်လက်ဆင့်ကမ်း ပေးအပ်ခဲ့လေရာ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီးမှာ သူ့သားတယောက်ကို ဒီမိုကရေစီပြည်ချစ်တပ်မတော် (ခေါ်) DPA ထဲအထိတောင် အရောက်ပို့ဆောင်အားပေးခဲ့သူဖြစ်ပါတယ်။ တော်လှန်ရေးလုပ်ဆောင်ဖို့အားပေးခဲ့သူဖြစ်ပါတယ်။ အချုပ်အားဖြင့်ပြောရရင်- ဦးလေးထွန်းဟာ သူကိုယ်တိုင် သူ့အဖေရဲ့တော်လှန် ရေးအမွေကို လိုလိုလားလားဆက်ခံခဲ့သူဖြစ်သလို၊ သူကနေ သူ့သားထိအောင်လဲ တော်လှန်ရေးအမွေ ထပ်ဆင့်ပေးအပ်ခဲ့သူမျိုး ဖြစ်ပါတယ်။ ဒီလို… အဖေ ကိုယ်တိုင်နဲ့ကိုယ့်သားသမီးအထိ တော်လှန်ရေးတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တော်လှန်ရေးမျိုးဆက်မျိုးဟာ လက်တွေ့ဗမာပြည်နိုင်ငံ ရေးလှုပ်ရှားမှုတွေထဲမှာ ရှိတော့ ရှိပေမဲ့၊ ရှားပါးလွန်းတယ်လို့ပဲ ဆိုရပါလိမ့်မယ်။ ဦးလေးထွန်းဟာ အဲသလိုသော ရှားပါးမျိုးဆက်ထဲက ရှားပါးပုဂ္ဂိုလ်တဦး-လို့ဆိုရပါလိမ့်မယ်။
<b>( ၂ )</b>
အဲသလိုသော ဦးလေးထွန်းကို ကျွန်တော် စတင်သိရှိခဲ့ရတာက မ န ္တလေးမှာ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ဦးလေးထွန်းကို တွေ့ဆုံမိတ်ဆက်ပေးခဲ့သူကတော့ ကျွန်တော့်ရဲ့ချစ်ဆွေကြီး ကိုကျော်မြပဲ ဖြစ်ပါတယ်။ကာလကတော့-၁၉၉၀ပြည့်နှစ် နှစ်ဆန်းထဲမှာဖြစ်ပါတယ်။ ပြည်သူ့တိုးတက်ရေးပါတီဖျက်သိမ်းလိုက်ကြောင်း..ကြေညာခံရပြီးတဲ့နောက်၊ ဝရမ်းပြေးဘ၀ နောက်တကျော့ ထပ်မံရောက်ရှိနေရပြီး၊ မန္တလေးတဝိုက် ဟိုဟိုဒီဒီလှည့်လည်တိမ်းရှောင်နေရစဉ်ကာလကြီးထဲမှာ ဆုံဆည်းခဲ့ကြရတာဖြစ်ပါတယ်။ သိကျွမ်းခဲ့ကြပြီးတဲ့နောက် လိုအပ်သလို ဆုံဆည်းနိုင်အောင်၊ အရေးအကြောင်းအခက် အခဲရှိပါက ချိန်းဆိုနိုင်အောင် သေသေချာချာပြသပေးထားတဲ့နေရာ (၂) ခု အနက်၊ တခုကတော့ ရဟိုင်းဈေးထဲက ခရမ်းချဉ်သီးရောင်းတဲ့ ကုန်စိမ်းသည်မလေးတဦးရဲ့နေရာပဲ ဖြစ်ပါတယ်။ အဲဒီခရမ်းချဉ်သီးရောင်းနေတဲ့ ကောင်မလေးရဲ့ဆိုင်လေးရှေ့နားအထိ ကျွန်တော့်ကိုခေါ်သွားပြီး (ကျွန်တော်ကလဲ အ…
စိုးရိမ် - ငါတို့သည်
https://ift.tt/b0voCl6
Media
ငါတို့သည်စိုးရိမ်(မိုးမခ) မေ ၂၃၊ ၂၀၂၄
အခုတော့ကျရှုံးနိုင်ငံထဲခေါင်းမဖော်နိုင်သေးဘူးပေါ့
ငါတို့ရဲ့စာရိတ္တလားဒင်္ဂါးကိုဒေါင်ခနဲမြည်အောင်စမ်းသပ်သလိုအစမ်းအသပ်ခံနိုင်ပါတယ်
ခွေးသားချင်းစာနာမယ့်အာဆီယံကိုလဲ မျက်နှာချိုသွေးမှာမဟုတ်ဘူးယူအန်ကိုလဲ မျက်နှာချိုသွေးမှာမဟုတ်ဘူးအမေရိကန်တော့ အဝေးကြီးပေါ့
အိမ်နီးချင်းလူယုတ်မာတွေကိုလဲတချိန်မှာရှင်းရမယ့်စာရင်းထဲတို့ထားပါတယ်
ငါတို့လက်နဲ့ပဲငါတို့ရဲ့အနာဂတ်ကိုပြန်ယူမှာ အသေအချာပေါ့ ။-Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေနဲ့ အာရက္ခတပ်တော်
https://ift.tt/t3whgFi
<b>Media

</b><b>မြန်မာနွေဦး ခရိုနီကယ် - မေ ၂၂ မြင်ကွင်း
(မိုးမခ) မေ ၂၃၊ ၂၀၂၄
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေနဲ့ အာရက္ခတပ်တော်
</b>


လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ဆင်ရေးတွေ အတွင်း အထူးသဖြင့် ရခိုင်ပြည်နယ် ဘူးသီးတောင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ဆင်ရေးတွေ တိုက်ခိုက်မှုတွေအတွင်း အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်ချက် တစောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်ရဲ့ ရည်ရွယ်ချက်က စစ်ကောင်စီ လက်နက်ကိုင်တပ်တွေကို သာရည်ရွယ်တာမဟုတ်ပဲ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ အာရက္ခတပ်တော်ကိုလည်း ရည်ရွယ်ထားတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင်ဒေသမှာရှိတဲ့ ရခိုင်၊ ရိုဟင်ဂျာ၊ ဟိန္ဒူလူမျိုးတွေရဲ့ နေအိမ်တွေ ဖျက်ဆီးခံရတာ၊ အတင်းအဓမ္မရွှေ့ပြောင်းဖို့ တိုက်တွန်းမှုတွေ လေကြောင်းတိုက်ခိုက်မှုတွေကို ကြားသိရပြီး NUG အနေနဲ့ စိုးရိမ်ရတဲ့ အကြောင်းနဲ့ ကလေးသူငယ်၊ အသက်ကြီးသူတွေ ထိခိုက်လွယ်သူတွေကို အကာအကွယ်ပေးဖို့ နယ်စပ်ဖြတ်ကျော် အကူအညီအပါအဝင် လူသားချင်းစာနာမှု အကူအညီရယူပိုင်ခွင့်ကို တောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာတွေ့ ရပါတယ်။

ဒီထုတ်ပြန်ကြေညာချက် အပေါ် အာရက္ခတပ်တော် AA အနေနဲ့ တော့ ၄င်းတို့ကို စစ်ကောင်စီနဲ့ တတန်းထည်းထားပြီး ရည်ရွယ် ပြောဆိုတဲ့ သဘောမျိုးလို့ နားလည်ပြီး ဒီကြေညာချက်ကို တုံ့ပြန်ပြောဆိုတယ်လို့ ယူဆရတဲ့ AA စစ်ဦးစီးချုပ် ဖြစ်သူက ဆိုရှယ်မီဒီယာမှာ ရေးသားမှုတခုလည်း တွေ့ရပါတယ်။ “ကြောင်းကျိုးဆီလျှော်သော အမှန်တရားထက်၊ အလှူရှင်များအကြိုက် မျက်နှာပြောင်တိုက်ကြလေသော ကြောင်သူတော် မိတ်ဆွေတို့အတွက် ၄င်းတို့နှင့် ထိုက်တန်သော နိုင်ငံရေး အနာဂတ်မှာ စံပျော်ရပါစေကြောင်း ဆုတောင်းလိုက်ပါသည်” ဆိုသည့် စာသား ရေးသားနဲ့ တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရနဲ့ AA တို့အကြား ဆက်ဆံရေးက အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စာရင် အနည်းငယ် အလှမ်းဝေးတယ်လို့ ဆိုမယ်ဆို ဆိုနိုင်ပါတယ်။ AA အနေနဲ့ မြောက်ပိုင်း ညီနောင် လက်နက်ကိုင် အခြား ၂ဖွဲ့ဖြစ်တဲ့ တအန်းပလောင်အဖွဲ့နဲ့ ကိုးကန့်အဖွဲ့တို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး ကျန်လက်နက်ကိုင် အဖွဲ့တွေနဲ့ ဒိလောက် ရင်းနှီးတဲ့ ဆက်ဆံရေး မတွေ့ရသလို NUG နဲ့ ဆွေးနွေး ပြောဆိုမှု အကြိမ်ရေ အနည်းငယ်ရှိတာကလွဲလို့ ပူးပေါင်းလုပ်ဆောင်မှုတွေ မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ နှစ်ကာလတွေမှာ AA အနေနဲ့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့တယ်လို့ အပြင်ပန်းအားဖြင့် ဆိုနိုင်ပြီး မကြာသေးခင်လတွေ အတွင်းစစ်ကောင်စီက ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို အကြပ်ကိုင် ဖိအားပေးကာ စစ်သားစုဆောင်းခဲ့ရာက AA နဲ့ ရိုဟင်ဂျာ တွေအကြား ပဋိပက္ခဖြစ်စေနိုင်တဲ့ အကြောင်းအရာ တခု စတင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်ကောင်စီက ရိုဟင်ဂျာတွေကို AA ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ဖို့ စေခိုင်းခဲ့တာတွေကလည်း AA နဲ့ ရိုဟင်ဂျာ လူမျိုးတွေအကြား နားလည်မှု လွဲမှားစေဖို့ဖြစ်လာခဲ့တာပါ။ အဲဒီနောက် ဘူးသီးတောင်မြို့ ပေါ်က နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ နေအိမ်တွေက တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ယူဆောင်တာတွေ ဖြစ်ပွားလာပြီး ရခိုင်လူထုနဲ့ ရိုဟင်ဂျာ လူထုအကြားမှာပါ နားလည်မှု လွဲမှားစရာဖြစ်လာစေတာ တွေ့ရပါတယ်။

AA လက်နက်ကိုင် အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ အချိန်တိုတိုကာလအတွင်း မြို့ရွာတွေ၊ စစ်တပ်စခန်းတွေ၊ ဗျူဟာစခန်းတွေ ကို သိမ်းယူနိုင်လာပြီး ထပ်မံပြီးသိမ်းယူဖို့ စိတ်စောနေသလို မြို့တွေမှာ နေထိုင်နေကြတဲ့ သူတွေကိုလည်း ရွှေ့ပြောင်းကြဖို့ နှိုးဆော်တာတွေ လုပ်နေတာဖြစ်ပါတယ်။ ဒီလို မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့အတွက် မြို့နေလူထုကို ရွှေ့ပြောင်းဖို့ သတိပေးချက် ထုတ်တဲ့အခါ အချိန်တိုအတွင်း ရွှေ့ပြောင်းခိုင်းတာတွေ အတွက်လည်း AA အပေါ် ဝေဖန်မှုတွေ ရှိနေပြီး အဓမ္မရွှေ့ပြောင်းမှု အဖြစ် ဝေဖန်ပြောဆို ကြတာလည်း ဖြစ်ပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက်ရက်မှာ အရပ်ဖက်အဖွဲ့အစည်း ၁၉၅ ဖွဲ့ ကလည်း လက်နက်ကိုင် တပ်တွေ အနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးကြဖို့ တိုက်တွန်းတဲ့ ကြေညာချက် တစောင် ထပ်မံထွက်ပေါ်လာပါတယ်။ အနောက်နိုင်ငံအစိုးရအဖွဲ့အချို့၊ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့၊ နဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေ ကတော့ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်က ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေကြောင့် လတ်တလော လက်နက်ကိုင်တိုက်ပွဲတွေ စစ်ဆင်ရေးတွေအကြား အရပ်သားတွေ ကို လူမျိုး၊ ဘာသာရေး အစွဲနဲ့ သတ်ဖြတ်တာတွေ ဖြစ်ပွားလာမှာကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ရန်သူ၊ မိတ်ဆွေ သတ်မှတ်မှုအပေါ်မှာ မူတည်ပြီး တိုက်ခိုက်ကြတာ၊ သတ်ဖြတ်ကြတာတွေက ဖြစ်နိုင်ခြေရှိတာကြောင့် အရပ်ဖက် အဖွဲ့အစည်းတွေ အနေနဲ့ စိုးရိမ်ပူပန်ကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ AA ကို ဆန့်ကျင်တဲ့ အမြင်ရှိတာကြောင့် အခုလို နှိုးဆော်တဲ့…
ကချင်ပြည်နယ်ဝိုင်းမော်က တပ်ရင်း ၃၂၁ ကို KIA သိမ်းယူ၊ မွန်ကရင်နဲ့တနင်္သာရီ ကုန်းလမ်းက ဆက်သွယ်ထားတဲ့ တံတားချိုးခံရ
https://ift.tt/01vlZJT
<b>Media

</b><b>
</b><b>မြန်မာနွေဦး ခရိုနီကယ် - မေ ၂၃ မြင်ကွင်း
(မိုးမခ) မေ ၂၄၊ ၂၀၂၄

</b><b>ကချင်ပြည်နယ်ဝိုင်းမော်က တပ်ရင်း ၃၂၁ ကို KIA သိမ်းယူ၊ မွန်ကရင်နဲ့တနင်္သာရီ ကုန်းလမ်းက ဆက်သွယ်ထားတဲ့ တံတားချိုးခံရ
</b>
ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့နဲ့ မဝေးလှတဲ့ ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်လို့ ခေါ်ဆိုတဲ့ ခြေမြန်တပ်ရင်း ၃၂၁ ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ခုရက်ပိုင်းတွင်း သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြေတွေမှာ မြောက်ပိုင်းညီနောင် လက်နက်ကိုင် ၃ဖွဲ့ရဲ့ စစ်ဆင်ရေးတွေ ဇန်နဝါရီလမှာ အပစ်ရပ်သဘောတူခဲ့ကြပြီး မကြာခင်မှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ရှမ်းမြောက်က နမ့်ဖတ်ကာ ဒေသတွေမှာ စတင်တိုက်ခိုက်ခဲ့ပြီး အဲဒီနောက် မြစ်ကြီးနား-ဗန်းမော်ကားလမ်း တလျှောက်၊ ဝိုင်းမော်မြို့အနီးက ရွှေညောင်ပင်၊ နောက်မှာ လိုင်ဇာသွားတဲ့လမ်းက စစ်စခန်းတွေ၊ ဗျူဟာစခန်းတွေကို KIA က တခုပြီးတခု သိမ်းယူနိုင်ခဲ့ပြီး မြို့ကြီးတွေ ဖြစ်တဲ့ မြစ်ကြီးနား၊ ဗန်းမော် နဲ့ အခြားမြို့တွေကိုတော့ တိုက်ခိုက်သိမ်းယူခြင်း မရှိသေးတာ တွေ့ရမှာ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့နဲ့ တဖက်ကမ်းမှာရှိပြီး အကွာအဝေးအားဖြင့် သိပ်မဝေးတဲ့ ဝိုင်းမော်မြို့စောင့်တပ်ရင်းကို သိမ်းယူလိုက်ခြင်းဟာ မြစ်ကြီးနားကို တိုက်ခိုက်တော့မှာလား ဆိုတဲ့ မှန်းဆချက်တွေလည်း ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ အခွန်အကောက်အများဆုံး ရနိုင်တဲ့ ကျောက်စိမ်းသယံဇာတ ထွက်ရှိတဲ့ ဖားကန့်ဒေသ၊ မြေရှား ထွက်ရှိရာ ကချင်ပြည်နယ် မြောက်ပိုင်းဒေသတွေကို KIA အနေနဲ့ ထိန်းချုပ်နိုင်ဖို့ ဗျူဟာ ချမှတ်လုပ်ဆောင်လိမ့်မှာ သံသယဖြစ်စရာ မရှိပါဘူး။ တိုင်းစစ်ဌာနချုပ် ရှိတဲ့ ပြည်နယ်မြို့တော် မြစ်ကြီးနားကို ဘယ်အချိန်ကာလ၊ ဘယ်လို အခြေအနေမျိုးမှာ သိမ်းယူဖို့ ကြိုးစားမလဲဆိုတာတော့ တိတိပပ မှန်းဆဖို့ ခက်ခဲနေတဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီအနေနဲ့လည်း ပြည်နယ်မြို့တော်တွေ လက်လွှတ်ဆုံးရှုံးမသွားအောင် အပြင်းအထန် ခုခံကာကွယ်မယ့် သဘောမျိုးလည်း ရှိကောင်း ရှိနိုင်ပါတယ်။

ကရင်နီပြည်နယ်မှာ လွိုင်ကော်မြို့ကို ၅လ ကျော် ၆ နီးပါး မကျအောင် ဖြစ်တဲ့နည်းနဲ့ ထိန်းထားတာကိုလည်း သာဓကအဖြစ် တွေ့မြင်နိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာလည်း စစ်တွေမြို့ကို AA ဘက်ကလည်း တိတိပပ မတိုက်ခိုက်သေးတာ တွေ့ရပါတယ်။ တဖက်မှာတော့ မြစ်ကြီးနား မြို့လို စစ်တွေ၊ လွိုင်ကော်တို့လိုမြို့တွေကို သိမ်းယူနိုင်ခဲ့ရင် ဂုဏ်သိက္ခာအရ ကြီးမားတဲ့ အောင်မြင်မှုဆိုနိုင်ပေမယ့် မြို့သိမ်းတိုက်ပွဲတွေမှာ မြို့တွေ ပျက်စီးဆုံးရှုံးရတဲ့ အချက်က လူအများ ထောက်ခံမှုဆုံးရှုံးနိုင်တဲ့ အချက်လည်း ရှိနေတာဖြစ်ပါတယ်။ လွိုင်ကော်မြို့လို လူနေအိမ်တွေ မီးလောင်ပျက်စီးတာ၊ လက်နက်ကြီး ထိမှန်တာ၊ နေအိမ်က ပစ္စည်းတွေ ခိုးယူခံရပြီး ဆုံးရှုံးမှုတွေကြောင့် မြို့ခံလူထု အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေကို ထောက်ခံအားပေးမှု မရှိတဲ့ အနေအထားတွေလည်းတွေ့ မြင်နေရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာလည်း မြို့တော် ဖြစ်တဲ့ စစ်တွေမြို့ကို AA အဖွဲ့က အခုချိန်ထိ တိုက်ခိုက်ဖို့ ရည်ရွယ်ပြင်ဆင်တာ မတွေ့ရသေးပဲ၊ ရခိုင်ပြည်နယ် တောင်ပိုင်းက သံတွဲမြို့အနီးက ကျေးရွာတွေကို တိုက်ခိုက်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာလည်း အခြားသော ဒေသတွေမြို့တွေကို အမှည့်ခြွေ ခြွေပြီးမှ မြို့တော်မြို့ ဖြစ်တဲ့ မြစ်ကြီးနားကို တိုက်ခိုက်ဖို့ KIA အနေနဲ့ ရည်ရွယ်ထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီနေ့ အဖို့ အခြားသတင်းတပုဒ်ကတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ကို ပဲခူးတိုင်း ရန်ကုန်တိုင်းတို့နဲ့ မြေပြင်မှာ ဆက်သွယ်ထားတဲ့ အဓိက ရန်ကုန် ပဲခူး ကျိုက်ထို ဘီးလင်း သထုံ လမ်းပိုင်းမှာ ရှိတဲ့ ကျိုက်ကော် အနီးက တံတားတစင်းကို KNU ပူးပေါင်းအဖွဲ့က မိုင်းထောင်ပြီးဖျက်ဆီးခဲ့တဲ့ သတင်းဖြစ်ပါတယ်။ KNU လက်နက်ကိုင် အဖွဲ့ဘက်က တရားဝင် ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးသော်လည်း မကြာသေးခင် သီတင်းပတ်တွေက ရွှေရောင်ပြ ကျေးရွာအနီးက ကျုံအိတ်တံတားကို KNU ဘက်က ဖောက်ခွဲခဲ့ပြီး ရန်ကုန်-မော်လမြိုင်- သထုံ လမ်းကိုသွားလာတဲ့ ကားတွေအနေနဲ့ ကျုံအိတ်တံတားကို ရှောင်ကွင်းဖို့ရာ ကျေးရွာတွေထဲက ကွေ့ပတ်သွားရတာ၊ မကြာခင်ရက်ပိုင်းအတွင်းကတော့ တံတားဘေးကနေ မြေဖို့ပြီး ကားတွေ ဖြတ်သန်းစေတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်နေစဥ်အတွင်းမှာပဲ အခုအခါ ဒုတိယမြောက်တံတားတခုကို ထပ်မံဖောက်ခွဲ ခဲ့တာဖြစ်ပါတယ်။ ခုနောက်ဆုံး ဖောက်ခွဲခံရတဲ့ တံတားပျက်စီးမှုက ကျုံအိတ်တံတားထက်ပိုမို ကြီးမားပုံရပြီး ယာယီတံတားထိုးဖို့ ခက်ခဲကောင်း ခက်ခဲနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက်လည်း ယခု ကုန်းလမ်းကြောင်းကို အသုံးပြုနေတာ ဖြစ်လို့ အခု “မစော”တံတား ကျိုးပျက်ခြင်းဟာ နယ်စပ်ကုန်သွယ်ရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အိမ်စီးကားတွေ အနေနဲ့ ကျေးရွာထဲက…
ကောင်းဇေလူ - မြစ်ဆုံ စီမံကိန်း နဲ့ နွေဦးတော်လှန်ရေးကို တားဖို့ ကြံနေသလား?
https://ift.tt/Ulb6MPe
<b>Media

</b><b>ကောင်းဇေလူ - မြစ်ဆုံ စီမံကိန်း နဲ့ နွေဦးတော်လှန်ရေးကို တားဖို့ ကြံနေသလား?</b><b>(မိုးမခ) မေ ၂၅၊ ၂၀၂၄</b>


ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ၂၀၂၄ ခုနှစ် မတ်လ(၇) မှာ အရှိန်မြှင့် ဆင်နွှဲခဲ့တဲ့ ထိုးစစ်မှာ စစ်ကောင်စီဟာ နလံပြန်မထူနိုင်လောက်အောင် အထိနာခဲ့ပြီဖြစ်တယ်။ တချိန်ထဲမှာ ရခိုင်စစ်မျက်နှာဘက်ကို ကြည့်ရင်လဲ စစ်ကောင်စီတပ်တွေ အလဲလဲအကွဲကွဲ အရေးနိမ့်နေတာ တွေ့နိုင်တယ်။ ချင်းဒေသဘက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ဆက်လက်အောင်ပွဲခံနေသလို၊ ကရင်ပြည်နယ်နဲ့ ကရင်နီစစ်မျက်နှာတွေမှာလည်း စစ်ကောင်စီတပ်တွေ အကျအဆုံးအမြောက်အမြားနဲ့ ဆုတ်ခွာနေရတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါး (၁၈၅,၀၀၀ ဦး) အထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရခိုင်နဲ့ ချင်းပြည်နယ်တွေအပြင် မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာရှိတဲ့ ရွာ ၁၀ ရွာကလူဦးရေ တစ်သောင်းခန့်ဟာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် မေလ ၁၄ ရက်ကတည်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကြောင်း (RFA)သတင်းက ဆိုတယ်။ နိုင်ငံတကာ သံခင်းတမန်ခင်း စစ်မျက်နှာမှာလည်း စစ်ရာဇ၀တ်မှုတွေ အထပ်ထပ် အပြန်ပြန်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီအဖြစ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချံနေရပြီဖြစ်တယ်။

ဒိလိုအခြေအနေတွေ‌ကြောင့် အကြမ်းဖက်စစ်ကောင်စီဟာ ဘက်ပေါင်းစုံ အကျပ်ဆိုက်လာနေတယ်။ ဒါ‌ကြောင့် ကြံရာမရ ဖြစ်ပြီး တရုတ်ကို မျက်နှာချိုသွေးတာတွေ လုပ်လာနေတယ်။ တရုတ်ဆီက မျက်နှာသာရဖို့အတွက် ၂၀၁၃ ဒီဇင်ဘာ ၂၆ ရက်က သမ္မတဦးသိန်းစိန်အမိန့်နဲ့ ရပ်ဆိုင်းခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ စစ်ကောင်စီက လုပ်ဆောင်လာတယ်။ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့အနေနဲ့ SPIC Yunnan International Power Investment Co.,Ltd (SPICYN) ဦးဆောင်အဖွဲ့နဲ့ ပူးပေါင်းပြီး စီမံကိန်းအတွက် သုတေသနလုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်ဖို့၊ SPICYN ဦးဆောင်အဖွဲ့နဲ့အတူ စီမံကိန်းရဲ့ အဓိကကိစ္စရပ်တွေအပေါ် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့နဲ့ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းအဖွဲ့တို့ကို လမ်းညွှန်ပေးတာ၊ ဆုံးဖြတ်ချက်ချမှတ်ပေးတာ ဆောင်ရွက်ဖို့၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆီကို တင်ပြဖို့၊ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ အစိုးရကြား စီမံကိန်းကိစ္စတွေ ညှိနှိုင်းဆောင်ရွက်တာမှာ အထောက်အကူပြုနိုင်ရေး စတဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိကြောင်း DVB သတင်းက ဖေါ်ပြတယ်။

မြစ်ဆုံစီမံကိန်း နဲ့ပတ်သက်ပြီး တရုတ်အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးရေး၊ စီမံကိန်းအစုရှယ်ယာဝင်တွေနဲ့ ဆွေးနွေးဆုံးဖြတ်ရေးတွေ လုပ်ဆောင်ရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီအရာရှိ ၁၁ဦးပါဝင်တဲ့ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ၂၀၂၄ ဧပြီလ နောက်ဆုံးအပတ်မှာ ဖွဲ့စည်းခဲ့တယ်။ ဒီမြစ်ဆုံစီမံကိန်းဟာ တရားမ၀င် အာဏာသိမ်းအစိုးရအနေနဲ့ လုပ်ပိုင်ခွင့်မရှိတဲ့ စီမံကိန်းဖြစ်တယ်။ ဒါကို ဇွတ်လုပ်ဖို့ ကြံစည်ခြင်းဟာ မြန်မာပြည်သူလူထုတရပ်လုံးကို ထပ်ပြီး စိန်ခေါ် လိုက်တာဖြစ်တယ်။ လက်ရှိ အခြေအနေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို စစ်ရေးအရ မယှဉ်နိုင်တော့တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တရုတ်ကို မြစ်ဆုံမက်လုံးပေးပြီး KIO/KIA ကို ခြိမ်းခြောက်လိုက်တဲ့ သဘောလည်း မြင်ရတယ်။

မြန်မာပြည်ရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကို ဟန့်တားပိတ်ဆို့မယ့် မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ရေးဟာ မင်းအောင်လှိုင်ရဲ့ နောက်ဆုံးထွက်ပေါက်ရှာခြင်းဖြစ်တယ်။ တရုတ်ရဲ့ နောက်လိုက်ခွေးစစ်စစ်ဖြစ်ဖို့ မြန်မာပြည်သူတစ်ရပ်လုံးကို ကျောခိုင်းပြီး တိုင်းပြည်ကို ရောင်းစားဖို့ကြံစည်တာ ဖြစ်တယ်။ ဦးသိန်းစိန်လက်ထက်မှာ လူထုရဲ့ ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို အာဏာသိမ်းစစ်ခေါင်းဆောင် လက်ထက်မှာ ပြန်လည်စတင်ဖို့ ဧရာဝတီ မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းမှာ ထုတ်ပြန်ခဲ့ကြောင်း ဒီဗွီဘီသတင်က ‌ဖေါ်ပြတယ်။ ဒီအဖွဲ့ကို ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှာ ဖွဲ့စည်းလိုက်ကြောင်း ၂၀၂၄ ခုနှစ် မေ ၁၇ ရက်ထုတ် မြန်မာနိုင်ငံပြန်တမ်းမှာ ထုတ်ပြန်ထားတယ်။

မြစ်ဆုံစီမံကိန်းဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ၂၃ မိုင်ခန့်အကွာမှာ တည်ရှိပြီး ဧရာဝတီမြစ် စတင်မြစ်ဖျားခံတဲ့ မေခ၊ မလိခ မြစ်ဆုံနေရာနဲ့ မြစ်လက်တက်တွေပေါ်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀,၀၀၀ နီးပါးထုတ်နိုင်တဲ့ ဆည် ၇ ခု တည်ဆောက်မှာဖြစ်တယ်။ ဟောင်ကောင်အခြေစိုက်…
လက်နက်ကိုင် ပဋိပက္ခ၊ သယံဇာတ အလွန်အကျွံထုတ်ယူမှု နဲ့ မူးယစ်ဆေးဝါး
https://ift.tt/w9dzBYh
<b>Media

</b><b>မြန်မာနွေဦး ခရိုနီကယ် - မေ ၂၄ မြင်ကွင်း
(မိုးမခ) မေ ၂၅၊ ၂၀၂၄
</b><b>လက်နက်ကိုင် ပဋိပက္ခ၊ သယံဇာတ အလွန်အကျွံထုတ်ယူမှု နဲ့ မူးယစ်ဆေးဝါး </b>
လက်နက်ကိုင် ပဋိပက္ခဆိုတဲ့ အသုံးအနှုန်းနဲ့ စစ်မက်ဖြစ်ပွားမှု၊ လက်နက်ကိုင် တိုက်ခိုက်မှု ချောင်းမြောင်းပစ်ခတ်မှု၊ ဗုံးခွဲမှု နဲ့ နေရာယူစစ်ပွဲတွေကို ခြုံငုံပြီးခေါ်ဆိုကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီး လပိုင်းအတွင်းမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားဖို့ နိုင်ငံရေးအကြောင်းတရားတွေ ဖြစ်တည်လာခဲ့ပြီး နောက်တနှစ်ဝန်းကျင် ၁၉၄၉ မှာတော့ ပြည်တွင်းစစ်မီးတောက်လောင် ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဆယ်စုနှစ်တခုကျော် ကာလအတွင်း နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးအဖြေရှာခြင်း၊ လူထုရဲ့ အဆုံးအဖြတ်ခံယူတဲ့ ဆန္ဒခံယူပွဲလို နည်းလမ်းမျိုးနဲ့ ဖြေရှင်းခြင်းထက်ကို အုပ်ချုပ်သူ အစိုးရတွေကလည်း လက်နက်ကိုင် နိုင်ငံရေးအရ အယူအဆ ကွဲလွဲသူတွေကို ဖမ်းဆီးထောင်ချတာ၊ ပုန်ကန်သူတွေကို လက်နက်ကိုင် တပ်ဖွဲ့နဲ့ နှိမ်နှင်းတာတွေ လုပ်ဆောင်ခဲ့ရာက ဆယ်စုနှစ်များစွာ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကာလတွေမှာ အာဏာရ နိုင်ငံရေး ပါတီ သို့မဟုတ် စစ်တပ်တို့ အနေနဲ့ လက်နက်ကိုင် ပုန်ကန်မှုကို လက်နက်ကိုင် တပ်နဲ့ ထိန်းချုပ်နိုင်တယ် ဖြေရှင်းနိုင်တယ်လို့ ယူဆခဲ့ကြတာ ဖြစ်ပြီး လက်နက်ကိုင် ခုခံတိုက်ခိုက်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း မိမိတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်ကို အုပ်ချုပ်နေတဲ့ အာဏာရ အစိုးရရဲ့ လက်အောက်က ဥပဒေဘောင်နဲ့ ဘယ်လိုမှ ရောက်ရှိနိုင်မှာမဟုတ်ူဘူးလို့ မှတ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ဖဆပလ လက်ထက် ကမ်းလှမ်းမှုနဲ့ တော်လှန်ရေး ကောင်စီလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြပေမယ့် အမှန်တကယ် ငြိမ်းချမ်းရေး ရယူလိုတာထက် အာဏာရ အစိုးရ၊ စစ်တပ်တို့က နိုင်ငံရေး အရ အပေါ်စီးအနေအထားနဲ့ ဆွေးနွေးလိုတဲ့ သဘောထား ရပ်တည်ချက်တွေကြောင့် မအောင်မြင်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။

ဆယ်စုနှစ်များစွာ အာဏာရယူထားတဲ့ အစိုးရ၊ စစ်တပ်နဲ့ ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့ကြပါဘူး။

အဲဒီလို ပြည်တွင်းစစ် ဆင်နွှဲကြရာမှာ လက်နက်ကိုင် တပ်ဖွဲ့တွေအတွက် ကုန်ကျရမယ့် စစ်စရိတ်တွေ အတွက် ကျခံရမယ့် ငွေကြေးအရင်းအမြစ်က ၁။ သယံဇာတ ၂။ အခွန်အကောက် နဲ့ ၃။ မူးယစ်ဆေးဝါး ထုတ်လုပ်မှု သို့မဟုတ် ထုတ်လုပ် ရောင်းဝယ်မှုက ရမယ့် အခွန်အကောက်တွေသာ ရှိတာတွေ့ရမှာပါ။

နိုင်ငံတနိုင်ငံမှာ ကာကွယ်ရေးအတွက် လက်နက်ကိုင်တပ်မရှိမဖြစ် လိုအပ်တာမှန်သော်လည်း ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ နိုင်ငံတွေ အနေနဲ့တော့ သာမန် စစ်ဖြစ်ပွားခြင်းမရှိတဲ့ အခြေအနေထက်ကို လက်နက်ကိုင် စစ်ပွဲတွေအတွက် အဆများစွာ အသုံးပြုရမှာ ဖြစ်ပါတယ်။

၁၉၄၉-၁၉၅၂ ခုနှစ်အထိ ဖြစ်ပွားတဲ့ ပြည်တွင်းစစ်ပွဲအပြီး နောက်ပိုင်း ဆယ်စုနှစ်တွေမှာ မြန်မာနိုင်ငံရဲ့ အရှေ့ဘက် ရှမ်းပြည်နယ်မှာ လက်နက်ကိုင် တိုက်ပွဲတွေ အများဆုံးဖြစ်ပွားခဲ့တာ တွေ့ရပြီး ရှမ်းပြည်နယ်က လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်ပွဲကို ခုခံတိုက်ခိုက်နိုင်ဖို့ လက်နက်ကိုင် တပ်ကို တိုးချဲ့နိုင်ဖို့ ဘဏ္ဍာငွေအတွက် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုတွေဆီကနေ အခွန်အကောက် ကောက်ခံတာ၊ ကိုယ်တိုင် ကူးသန်းရောင်းဝယ်တာတွေ လုပ်ကိုင်ပြီး ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအခြေအနေ အောက်မှာ လူမျိုးစု တော်လှန်ရေး အတွက်ရပ်တည်ခဲ့ကြတယ်လို့ ဆိုကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ဟာ ဘိန်းဘုရင်တွေ အဖြစ် ထင်ရှားကျော်စောခဲ့ကြပါတယ်။ လော်စစ်ဟန်၊ ခွန်ဆာ စတဲ့သူတွေက မူးယစ်ဆေးဝါး ထုတ်လုပ်သူ၊ ကူးသန်းရောင်းဝယ်သူ တွေအဖြစ် နိုင်ငံတကာ အဖွဲ့အစည်းတွေက အလိုရှိသူတွေ အဖြစ်သတ်မှတ်ခဲ့ကြတာပါ။

လူမျိုးစု လွတ်မြောက်ရေး အတွက်ရည်ရွယ် ဖွဲ့စည်းခဲ့ကြတဲ့ လက်နက်ကိုင် အဖွဲ့အချို့ဟာ အထက်ကို မူးယစ်ဆေးဝါး ထုတ်လုပ်ကုန်ကူး ကြသူတွေ ဖြစ်ကုန်ကြသလို အဲဒီလို နည်းလမ်းနဲ့ ဘဏ္ဍာရေး ရံပုံငွေ မရှာဖွေလိုခဲ့ရင် လူထုထံက အခွန်အကောက် သို့မဟုတ် မိမိတို့ထိန်းချုပ်နယ်မြေက သယံဇာတကို ထုတ်ယူ ရောင်းချခြင်း သို့မဟုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်စခန်းတွေကနေ အခွန်အကောက် ကောက်ယူရရှိခြင်း နဲ့ ရပ်တည်ကြရမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ အခြေစိုက်ကြတဲ့ လက်နက်ကိုင် အများစုက ဘိန်း၊ မူးယစ်ဆေးပြား တို့ကနေ အခွန်အကောက်၊ ဝင်ငွေရယူတာနဲ့ လွတ်ကင်းဖို့ အခွင့်အလမ်းနည်းပြီး မြန်မာနိုင်ငံ တောင်ဘက်ပိုင်း၊ သို့မဟုတ် အနောက်မြောက်တို့လို ဒေသတွေက လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ သယံဇာတနဲ့ နယ်စပ်ကုန်သွယ်ရေး အခွန်အကောက်တို့နဲ့ ရပ်တည်ခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နောက်ပိုင်း ပြန်လည် တောက်လောင်လာတဲ့ ပြည်တွင်းစစ်မီး မှာတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ မူးယစ်ဆေးဝါး၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ကောက်ခံတဲ့ အခွန်အကောက်၊ ပြည်တွင်းမှာပင် တဒေသနဲ့ တဒေသသယ်ယူတဲ့ ကုန်ပစ္စည်း၊ ယာဥ်တွေ အပေါ် ကောက်ခံတဲ့ အခွန်အကောက်…
ဆန်းကျော်စွာဝင်း - သို့...မမနုကြည်
https://ift.tt/puIRlNr
<a href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNo7mXgb9YjsX87dbrHefiu9n7Sc5JrrTh-iIZRqCz9qCO1PeiH2clpo_zTBSf5aYOmdhhWZPoYXg8gIfoZPqV8SvXDHMr1IGFFh6n-j4uHkjtjAADayBk3-QW3e0zewcBRrl3xsmaiwKXlu5v3qCVqoVyGXTUOZpizB_ZQNtEreNvdobT9wXEZBlpI5oq/s1000/NUKYI.jpg">Media</a>ဆန်းကျော်စွာဝင်း - သို့...မမနုကြည်(မိုးမခ) မေ ၂၆၊ ၂၀၂၄
<a style="color:#385898;cursor:pointer;font-family:inherit;" tabindex="-1"></a>အသက်ထက် ချစ်တယ်ပြောဖို့ဆိုအသက်ကိုထပ်ရဲမှ ဖြစ်မယ်ဒီသံသရာအကွေ့ ထိပ်တိုက်တွေ့ဖို့ ဘာလို့ ဒီလောက်ကြာခဲ့တာလဲမမနုကြည်ရေ...၃ နှစ်စာ အလွမ်းတွေပွေ့ပြီးမမနုကြည် ရှိမယ်ထင်အပ်အညာအရပ်ကို ခရီးထွက်ခဲ့တယ်။
(၁)လမ်းခရီးအန္တရာယ်ကင်းဖို့ ဆုတောင်းကျန်းမာရေးကောင်းဖို့ ဆုတောင်းမြန်မာဇာတ်ကား မပြဖို့ ဆုတောင်းရင်းအညာသို့ မောင်းနှင်မည့်Express ကားကြီးထွက်ပါပြီ စောင်တစ်ထည်တည်းခေါင်းချင်းပူးနေတဲ့ အတွဲဒီကမ္ဘာမှာ မုန့်ရယ်သူရယ်ပဲ ရှိသလိုမျိုးတဂျွတ်ဂျွတ်နဲ့ မုန့်စားနေသူတစ်ဦးဟာသဗီဒီယိုတွေအသံအကျယ်ကြီးဖွင့် နားထောင်နေသူတစ်ဦးတစ်ကားလုံး သူနဲ့မတူမတန်သလိုချေမိုးနေတဲ့ ဗိုက်သားဖွေးဖွေး မိန်းကလေးရေမွှေးနံ့၊ ကာနေးရှင်းနံ့၊ပေါင်ဒါနံ့၊ စိတ်ညှော်နံ့၊ ရောထွေးနေတဲ့အီလည်လည်အနံ့ကြီး ကားနဲ့အပြည့်တင်ပြီး Express ကားကြီးထွက်ပါပြီလမ်းတစ်လျှောက်မှာလည်းစပယ်ရာနဲ့ လက်ဆွဲနှုတ်ဆက်ကြတဲ့ ဂိတ်တွေအများကြီးပဲ။
(၂)TV မှာဒုတိယကမ္ဘာစစ် ရုပ်ရှင်ပြနေတယ်လေယာဉ်ပျံနဲ့ ဗုံးကြဲတဲ့အခန်းရောက်တော့ခိုးခိုးခစ်ခစ်နဲ့ ခေါင်းချင်းပူးနေတဲ့အတွဲ ငြိမ်သွားတယ်အငမ်းမရမုန့်ဝါးနေသူလည်း ရပ်သွားတယ်တဝါးဝါး ငိုနေတဲ့ကလေးလည်း တိတ်သွားတယ်ဟာသဗီဒီယို ကြည့်နေသူလည်း ငိုင်သွားတယ်တို့များဟာရုပ်ရှင်ထဲပဲ မြင်ဖူးတဲ့ဇာတ်ဝင်ခန်းများအတိအကျ မြင်ဖူးကြရုပ်ရှင်ထဲက ရယ်သံများအတိအကျ ကြားဖူးကြရုပ်ရှင်ထဲက ရက်စက်မှုများအတိအကျ ကြုံဖူးကြတဲ့ နိုင်ငံသားတွေ။
(၃)မမနုကြည်ကို ရယ်စရာပြောရဦးမယ်ကားဆရာဦးကြီးဟာဒေါသအလွန်ကြီးပုံရတယ်ကားကျော်လည်း ဆဲလမ်းကြောမှားလည်း ဆဲဖြတ်ဝင်လည်း ဆဲဂိတ်မြင်လည်း ဆဲ"နှမစောင်း၊ မအေနံဘေး မင်းကြီးတော် ငါ့မယား”အညာသား ကားဆရာထင်ပါရဲ့ဆဲပေမယ့် ယဥ်တယ်။လမ်းဘေးမှာမီးကျွမ်းနေတဲ့ ပိုင်ရှင်မဲ့ ကားတစီးတွေ့မှမဆဲဘဲ ငြိမ်သွားတယ်။လမ်းပေါ်မှာအသေမောင်းတဲ့ ကောင်ကမောင်းငွေတောင်းတဲ့ ကောင်ကတောင်းရိတ်သူမရှိတဲ့ စပါးခင်းအချို့မီးလောင်ပြင်ဖြစ်နေတဲ့ ရွာအချို့ငိုနေတဲ့ ရိုးပြတ်အချို့တောက်ခတ်နေတဲ့ ငှက်အချို့ဆဲမယ်ဆိုလည်း ဆဲချင်စရာတွေချည့်ပဲ။
(၄)စစ်ကိုင်းနှာပေါက်ရောက်တော့မုံရွာ၊ ရွှေဘိုဘက်ကလာတဲ့ ခရီးသည်အချို့ကပြောတယ်"နှာပေါက်ဆိုတဲ့အတိုင်းပဲနှာပေါက်ရောက်မှ အသက်ဝဝရှူရဲတယ် တစ်လမ်းလုံး သီတင်းကျွတ်နေတာတော် ” တဲ့။မဖြစ်လို့သာ ခရီးထွက်ကြတာအညာအကြေဆိုတဲ့ နာမည်အတိုင်းအညာဟာ ကြေမွနေပြီအရေးအကြီးဆုံးကခရီးဆိုတာအသွားပြီးရင် အပြန်ခရီးပါ ရှိသင့်တယ်လူငယ်အချို့ဟာအပြန်မရှိတဲ့ ခရီးများ ထွက်သွားကြပေါ့။
(၅)စစ်ကြီးအတွင်း မေးရိုး ဟ, သွားတဲ့ သူငယ်ချင်းအကြောင်းရွာသင်္ချိုင်းမှာဘုန်းကြီးမပါဘဲ ချခဲ့ရတဲ့ အသုဘအကြောင်းအိပ်မက်နေတုန်းစစ်ဆေးရေးဂိတ် ရောက်ပြီမို့မှတ်ပုံတင် အသင့်ပြင်ထားဖို့ ပြောတဲ့အသံကြားမှအိပ်မက်က နိုးလာတယ်ကျနော့်ပါးမှာ တစ်ခုခုစိုနေသလိုပဲ ။မမနုကြည်သိလား....ကျနော်တို့ ခရီးသည်အားလုံးငယ်ငယ်က အိမ်စာစစ်ခံရသလိုမျိုးမှတ်ပုံတင်လေးတွေ ထောင်ပြကြဂုဏ်ထူးထွက်တဲ့ မျဉ်းစောင်းတွေ အောက်ကို ခဏကြွ။
(၆)လမ်းမှာ ထမင်းစားခဏနားတော့"မိနစ် ၃၀ ရမယ်စားတာ၊ သောက်တာ၊ ပေါက်တာ၊ ပါတာအပြီးလုပ်ကြပါ ” ဆိုတဲ့ စပယ်ရာအသံကြားတော့"တန်းစီ၊ ခပ်၊ ချိုး၊ အိပ်ဆောင်ဝင်မယ်၊ ခေါင်းချ ” ဆိုတဲ့ထောင်သားဘာရာ အသံကို သတိရမိတယ်မမနုကြည်လည်းထောင်အရသာကို သိသင့်သလောက် သိမှာပါ။
(၇)ခုံချင်းကပ်ရက် အမေကြီးတစ်ဦးကားအဲကွန်းဒဏ် မခံနိုင်ဘူးထင်ပနှာပိတ်သံကြားရတယ်ကိုယ့်မှာပါတဲ့"အဘထ” ရှူဆေးဘူးလေးကမ်းပေးတော့ပြုံးပြီးယူရှာတယ် အတော်သင့်ရှူပြီးမှ ဆေးဘူးတံဆိပ်ကိုဖတ်ပြီး" ဒင်းကြည့်ရတာ မထလောက်တော့ဘူး ငါ့သားရဲ့..တဲ့ ”ကျနော်ဘာပြန်ပြောရမလဲဟာသဆိုပြီး ရယ်မောရအောင်လည်းအမေအိုမှာ မျက်ရည်စတွေနဲ့ ။
(၈)ပြေးကြ....ပြေးကြ ဆိုရင်လူကြီးတွေကအိမ်ထောင်စု၊မှတ်ပုံတင် လက်လှမ်းမီရာသယ်ကြတယ်လူငယ်တွေမှာဖြင့်နာကြည်းမှုကိုပဲ သယ်သွားကြတယ်။စစ်ဘေးရှောင်ဆိုတာခရီးဆောင်အိတ်ထဲ အဝတ်စားသစ်ထည့်ပြီးပျော်ပွဲစားထွက်သလိုမှ မဟုတ်တာငါ့အိမ်လေး ကြည့်ပေးဖို့ဘေးအိမ်နဲ့ မှာခဲ့ရအောင်လည်းဘေးအိမ်က လက်နက်ကြီးကျလို့ မရှိတော့ဘူး။
(၉)လမ်းဘေး ဝဲယာလမ်းပခုံးသားတွေ ကြည့်မိတော့မိုင်းဒဏ်ရာဗရပွနဲ့ဗျပ်ထိုးခေါင်းရွက်စျေးသည်တွေ ကြည့်လိုက်တော့လည်းစစ်ပွဲနဲ့ အသားကျနေပုံရတယ်ဒုန်းဒုန်း...ဒက်ဒက်ဆို ခဏရှောင်လိုက်ငြိမ်သွားရင်ပျားတွေလို လမ်းပေါ်ပြန်ထွက်လိုက်ထန်းသီးမုန့်ဘူးတွေတစ်ဝက်ဈေးနဲ့ အတင်းထိုးပေးရင်းနေလောင်တဲ့ မျက်နှာနွမ်းနဲ့အသနားခံနေကြတယ်။
(၁၀)ဆားပွင့်တွေ မီးလောင်သလိုတဖျစ်ဖျစ်နဲ့ ငတ်မွတ်တဲ့လူထုအသံကိုကျနော်တို့…
တော်လှန်ရေး နဲ့ ဝေဖန်ရေး
https://ift.tt/PoMw79g
<b>Media

</b><b>မြန်မာနွေဦး ခရိုနီကယ် - မေ ၂၅ မြင်ကွင်း
(မိုးမခ) မေ ၂၆၊ ၂၀၂၄
</b><b>တော်လှန်ရေး နဲ့ ဝေဖန်ရေး</b>
နွေဦးတော်လှန်ရေး တနည်းအားဖြင့် အာဏသိမ်း စစ်တပ်ကို တိုက်ဖျက်ရေးနဲ့ပတ်သက်လို့ အားနည်းချက်တွေ ရှိတဲ့အခါ ဝေဖန်ပြောဆိုမှုတွေ ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွက်လာလေ့ ရှိတာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးလို့ ဆိုလိုက်ရင် တဦးတဖွဲ့ က အစစအရာရာ တာဝန်ခံမှုရယူထားတဲ့ သဘောထက် နိုင်ငံရေး အင်အားစုတွေ နဲ့ နိုင်ငံရေးပါတီ မဟုတ်တဲ့ တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းတွေလိုမျိုးလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်းတွေ အထဲမှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရက တော်လှန်ရေးရဲ့ ဦးဆောင်မှု အပိုင်းလို့ ယေဘုယျ နားလည်ကြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က အဆိုပါစုဖွဲ့မှုထဲ ပါဝင်သော်လည်း အချို့ကတော့ သီးခြားစီ ရပ်တည်ကာ အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

တိုင်းရင်းသား ဒေသတွေက လက်နက်ကိုင် တိုက်ပွဲတွေ၊ နယ်မြေသိမ်းယူပြီး အုပ်ချုပ်ရေး တည်ဆောက်နေတာတွေမှာလည်း လိုအပ်ချက် အားနည်းချက်တွေ တွေ့ရသလို၊ အားသာချက်တွေလည်း ရှိနေတာ တွေ့ရမှာဖြစ်ပါတယ်။ တိုင်းရင်းသား ဒေသမဟုတ်တဲ့ အညာလို့ခေါ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးတို့လို ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို စစ်ကိုင်းက ကဗျာဆရာတယောက်က “သို့.. မမနုကြည်” လို့ ခေါင်းစဥ်ပေးထားတဲ့ ကဗျာရှည်တပုဒ် ရေးဖွဲ့ပြီး Facebook ပေါ် ဖေါ်ပြခဲ့ပြီးနောက် တရက် နှစ်ရက်အတွင်း ဆိုရှယ်မီဒီယာ သုံးသူတွေအကြား လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး မူရင်းရေးသားသူက သူ့ရဲ့ပို့စ်ကို ပြန်ဖြုတ်ချခဲ့ပါတယ်။

အပိုဒ် ၂၄ ပိုဒ်ပါဝင်ပြီး စာမျက်နှာအားဖြင့် ၆ မျက်နှာ ၇ မျက်နှာလောက် ရှိတဲ့ ကဗျာရှည်က အနုပညာ မြောက်ခြင်း မမြောက်ခြင်းထက် စစ်ကိုင်း မကွေး အညာဒေသမှာ ဖြစ်ပျက်နေတဲ့ လက်တွေ့ဘဝ အခြေအနေကို ထင်ဟပ်စေတာကတော့ မငြင်းနိုင်ပါဘူး။ ကဗျာရေးသူ အနေနဲ့ ဒီကဗျာကို ရေးဖွဲ့ရာမှာ ခံစားချက် တခုခု ရှိကောင်းလည်း ရှိနိုင်ပါတယ်။

ဥပမာအားဖြင့် အကွဲကွဲအပြားပြား ဖြစ်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ တရွာတပုဒ်ဆန်းဆိုသလို အုပ်ချုပ်ပုံ၊ လူထုက စစ်ပွဲရဲ့ ဒဏ်ကို ပုံစံအမျိုးမျိုးနဲ့ ခံစားနေရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို သရော်တဲ့အငွေ့အသက်နဲ့ ရေးသားရင်း ပြည်တွင်းစစ်ဆိုတာ ငါး အသားနဲ့ ငါးမျှား သလိုဆိုပြီး တင်စားထားတာလည်း တွေ့ရပါတယ်။

ပြည်တွင်းစစ်ဆိုတာ ဒီနိုင်ငံတွင်းက လူအချင်းချင်း၊ ဒီဒေသက လူတွေအချင်းချင်း၊ ဒီမြို့က သူတွေအချင်းချင်း၊ ဒီရွာက လူတွေအချင်းချင်း အုပ်စုကွဲ၊ ခွဲကြပြီး သတ်ဖြတ်ကြ အသက်နဲ့ လောင်းကြေးထပ်ကြတဲ့ သဘောမျိုး ကဗျာရေးသူက ရေးဖွဲ့ထားတာလည်း တွေ့ရမှာဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို မလိုလားတဲ့ သဘော တနည်းအားဖြင့် စစ်ကို မလိုလားတဲ့ သဘော အငွေ့အသက်တွေခံစားရပြီး စစ်ကြောင့် နေအိမ်တွေ မီးလောင်ပြာကျနေတဲ့ အညာရဲ့ မြင်ကွင်း၊ အညာက လူထုရဲ့ ခံစားချက် ရုပ်ပုံလွှာကို ကြိုးစားရေးဖွဲ့ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ကြက်အစာရှာသလို ကုတ်ကုတ်ကပ်ကပ် ရှာဖွေ စုဆောင်းပြီး ဆောက်ထားတဲ့ နေအိမ်တွေ မီးလောင်ပျက်စီး ဆုံးရှုံးရတာ၊ နွားတွေ၊ ကြက်တွေ ဆုံးရှုံးကြရတဲ့ အညာက လူထုရဲ့ အသွင်ကို မျက်စေ့ထဲ မြင်လာအောင် ရေးဖွဲ့ထားတာလည်း တွေ့ရမှာဖြစ်ပါတယ်။ အညာဒေသမှာ လက်နက်ကိုင် အဖွဲ့အချို့ရဲ့ လူထုအပေါ် အာဏာပြ အနိုင်ကျင့် ခြိမ်းခြောက်တဲ့ အကြောင်းလည်း ထည့်သွင်းရေးသားထားသလို ဘယ်အဖွဲ့ ဘယ်သူ့လက်အောက်ခံ လက်နက်ကိုင် အဖွဲ့ရယ်လို့တော့ တိတိကျကျ ရည်ညွှန်းမထားသော်လည်း အညာဒေသရဲ့ အဆိုးအကောင်းတွေကို ထိန်းကျောင်းရမယ့် တာဝန်က နုဂျီလို့ အတိုကောက်ခေါ်ဆိုကြတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့မှာ ရှိတာကြောင့် အခုလိုရည်ညွှန်းထားတာလို့ ဆိုနိုင်ပါတယ်။

အညာ ဒေသက အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ အပြည့်အဝ ထိန်းသိမ်းနိုင်တဲ့ အနေအထားမရှိဘူးလို့ ဆိုရင်လည်း ဆိုနိုင်ပေမယ့် လက်နက်ကိုင် တော်လှန်ရေး စတင်လာတဲ့အချိန်ကနေ တွက်ရေကြည့်ရင် ၃ နှစ်တာ ရောက်ရှိလာချိန်မှာတော့ အညာဒေသရဲ့ စစ်ရေး နဲ့ အုပ်ချုပ်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ တာဝန်ခံနိုင် ဖို့ လိုအပ်လာတဲ့ အနေအထားလို့ ဆိုရင်လည်း မှားမယ် မထင်ပါ။ လက်နက်ကိုင် အဖွဲ့တွေ ဒါဇင်နဲ့ သို့မဟုတ် ရာနဲ့ချီရှိနေတဲ့ အညာဒေသကို ဘယ်လို စုစည်းကြမလဲ ဆိုတဲ့ မေးခွန်းက မေးဖို့ လွယ်သလောက် ဖြေရခက်ကောင်း ခက်နေမှာ ဖြစ်ပါတယ်။

စစ်ကိုင်း၊ မကွေး နဲ့ မန္တလေးစတဲ့ ထိစပ်နေတဲ့ ဒေသတွေရဲ့ လက်နက်ကိုင် တော်လှန်ရေး ပုံစံက တိုင်းရင်းသားဒေသတွေနဲ့ သိသာထင်ရှားစွာ ကွဲပြားနေခဲ့တာ ဖြစ်ပြီး တိုင်းရင်းသားဒေသတွေမှာ တွေ့ရလေ့မရှိတဲ့ လက္ခဏာတွေကို အညာဒေသမှာ တွေ့ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ အမျိုးသားရေးလို့ ယေဘုယျအားဖြင့် ခေါ်ဝေါ် သတ်မှတ်ကြမယ့် Nationalism စည်းနှောင်မှု ရှိပေမယ့် အညာဒေသမှာ Nationalism က ကျယ်ပြန့်လွန်းတဲ့ အနေအထားလည်း ဖြစ်ပြီး တိုင်းရင်းသား နယ်မြေတွေမှာလို ယဥ်ကျေးမှု၊ စာပေ၊ ကိုးကွယ်မှုဘာသာ ရိုးရာဓလေ့ နဲ့ ချည်နှောင်တာမျိုး လည်း အညာဒေသမှာ…
တင်ဇော်လွင် - စာတွေ ဖတ်နေကြသူများ
https://ift.tt/cmT9Ma8
<a href="https://blogger.googleusercontent.com/img/a/AVvXsEhJDae7ARt_i-gl6Qpq2txjGUNEoGhRq-g_Ru9TS8u6iurAhHZEco9bGU9vW8tSQCH-0kyHYTWQ5AWhPuIywvn4yFlUPpodTeoLizbCdxYyVER4PrHF9IyRjJ9CbyHHk8DiBBOGdUZFLEtI26igaDjirvUdlMgHzTwTfe2gSZHJJzVcMO2brNRMkhu-pvU">Media</a>တင်ဇော်လွင် - စာတွေ ဖတ်နေကြသူများ(မိုးမခ) မေ ၂၆ ၊ ၂၀၂၄
စာတွေကို အငမ်းမရ အဖတ်များတဲ့သူတွေကို စာဂျပိုးလို့ ပြောကြလေ့ရှိတယ်။ အင်္ဂလိပ်အသုံးအနှုန်းမှာတော့ Bookworm လို့ သုံးကြတာပေါ့။ စာမဖတ်ရရင် မနေနိုင်တဲ့ လူမျိုးတွေပေါ့။ အဲဒီ အငမ်းမရ စာဖတ်တဲ့ အကျင့်ဟာ ငယ်စဉ်ကတည်းက ပါလာတာမျိုး ရှိသလို ကြီးလာမှ တဖြည်းဖြည်း အကျင့်အဖြစ် အမြစ်တွယ်လာတာမျိုးလည်း ရှိတယ်။ “တွေ့တာကိုသာ အကုန်ဖတ်၊ ဖတ်ရင်း ဖတ်ရင်းနဲ့ စာကောင်းနဲ့ စာညံ့ကို အလိုလို ခွဲခြား အရသာခံတတ်လာလိမ့်မယ်” လို့ ပြောတာမျိုး ရှိသလို “အကုန် လျှောက်ဖတ်နေလို့ မဖြစ်ဘူး၊ ကိုယ့်အတွက် အသုံးဝင်မယ့် စာမျိုးကို ရွေးဖတ်ရတယ်”၊ “စာဖတ်သက် ရင့်လာရင် ဘယ်ဟာမျိုးဟာ အဖိုးတန်စာပေ ဆိုတာ အလိုလို သိလာလိမ့်မယ်” လို့ ပြောကြတာမျိုးလည်း ရှိတယ်။ ကိုယ့်စရိုက် ကိုယ့်အကြိုက် လိုက်ပြီး သန်ရာ သန်ရာ ဖတ်ကြတဲ့အခါ အပျော်ဖတ်၊ အပျင်းပြေ အပေါစားလို့ အခေါ်ခံရတဲ့ အချစ်ဝတ္ထုတွေထဲမှာ (ယုတ်စွအဆုံး) ဖက်ရှင်အကြောင်း၊ ချက်နည်းပြုတ်နည်းအကြောင်းတွေကို (ယူတတ်ရင်) ရနိုင်တာပဲ မဟုတ်လား။ သိုင်းဝတ္ထုတွေထဲမှာလည်း ခုတ်၊ ထစ်၊ ပိုင်းဖြတ်တာတွေကို ဖယ်ပြီး ဖတ်ရင် သစ္စာရှိမှု၊ မိသားစုဂုဏ်၊ အဖွဲ့ဂုဏ်ကို စောင့်ရှောက်မှု စတဲ့ အရည်အသွေးတွေကို မြင်အောင် ကြည့်တတ်ရင် ရနိုင်တာပဲ မဟုတ်လား။“ဖတ်တာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ စာအုပ် အရွေးမမှားစေနဲ့” ဆိုတာမျိုးလည်း ရှိပြန်သေးတယ်။ လမ်းမှား လမ်းလွဲကို ရောက်သွားမှာ စိုးရိမ်တဲ့ သဘောပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်များတာ ကောင်းတယ်၊ စာဖတ်တဲ့အကျင့် ရှိတာ ကောင်းတယ် ဆိုတာကိုတော့ လက်ခံရမှာပါပဲ။ ကမ္ဘာကျော် ဘယ်သူဌေးကြီးက၊ ဘယ်သမ္မတကြီးက ငယ်ငယ်ကတည်းက ဘယ်လို စာဖတ်ဝါသနာပါတာ ဆိုတဲ့ အကြောင်းတွေ၊ ဘယ်သူကတော့ အညတရ ဘဝကနေ စာတွေ တအားဖတ်၊ တအားသိပြီး ဘယ်လို နာမည်ကြီး ချမ်းသာသွားတယ် ဆိုတဲ့ အကြောင်းတွေကလည်း မှတ်တမ်းဝင်သက်သေ အများကြီး ရှိပြီးသားကိုး။သေသေချာချာ အနုစိတ်ပြီး တွေးလုံးကလေး ထုတ်ရမယ် ဆိုရင်တော့ ‘သိချင်စိတ်’ ရှိတဲ့သူ (ဝါ) သိချင်စိတ် ပြင်းပြသူတွေမှာ စာဖတ်တဲ့ အကျင့်ဟာ ပိုပြီး အမြစ်တွယ်တယ်လို့ ထင်မိတယ်။ဆရာဝန်တယောက်၊ အင်ဂျင်နီယာတယောက်အနေနဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ဝမ်းစာ၊ ဘွဲ့၊ ဒီဂရီအတွက် (မဖြစ်မနေ) စာတွေကို ဖတ်ရမှာပဲ။ ကျက်ရမှာပဲ။ အဲဒါကိုတော့ အလွယ်ကလေး လုပ်လိုက်လို့ရတယ်။ ဒါပေမဲ့ ‘ဧရာဝတီ လင်းပိုင်အကြောင်း’၊ ‘ချင်းပြည်နယ်က တောင်ဇလပ်ပင်များအကြောင်း’ တွေကိုတော့ ‘သိချင်တဲ့စိတ်’က သိပ်ပြီး ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာမှသာ ဖတ်ဖြစ်တောိ့မယ်။ အသက်မွေးဝမ်းကျောင်းမှု ကျင်လည်ရာ ပတ်ဝန်းကျင်နဲ့ ဆက်စပ်အကျိုးရှိမှု မရှိတဲ့ အကြောင်းအရာကို သိချင်စိတ်တွေက ပေါ်လာမှာ မဟုတ်ဘူးလေ။ ဖတ်ဖြစ်တော့မှာ မဟုတ်ဘူးလေ။(ဒီနေရာမှာ ဒီခေတ်ရဲ့ လျင်မြန်ပြီး အမျိုးစုံလှတဲ့ ကမ္ဘာ့မီဒီယာတွေကို ကျေးဇူးတင်ရလိမ့်မယ်။ ကိုယ့်ရဲ့ သိချင်တဲ့ အချက်တွေကို ဖြည့်ဆည်းပေးတဲ့အတွက် သူ မရှိရင် မဖြစ် ဆိုတဲ့ အခြေအနေမျိုး ရောက်နေကြပီ) (သူ့ကို အားကိုးအားထားပြုနေကြရပြီ) ‘သိချင်တဲ့စိတ်’ကလေးကို ဖြည့်ဆည်းပေးလိုက်တဲ့အခါ (ဝါ) စာဖတ်လိုက်တဲ့အခါ ကိုယ့်အတွက် ဘာအကျိုးရှိပါသလဲလို့လည်း မေးခွန်းထုတ်သင့်သေးတယ် မဟုတ်လား။အဖြေကတော့ ရှင်းနေပါတယ်။အဲဒီ ‘သိချင်တဲ့စိတ်’ဟာ ကိုယ့်စိတ်၊ ကိုယ့်ပစ္စည်းလေ။ အဲဒါကြောင့် သူ့ကို ဖြည့်ဆည်းပေးလိုက်တဲ့ အဲဒီ ဖြည့်ဆည်းခံလိုက်ရတဲ့ ‘အရသာ’ဟာ ကိုယ့်မှာ ဖြစ်ပေါ်လာပြီလေ။ အဲဒါဟာ ကိုယ့်ရဲ့အကျိုးပဲပေါ့။ မဟုတ်ဘူးလား။ ကိုယ် ထလုပ်လို့ ကိုယ့်မှာ အရင်အကျိုးရှိတာမျိုးပေါ့။ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ပြောတာ သွားသတိရမိတယ်။ “တပတ်လောက် စာမဖတ်ရဘဲနဲ့ ပြောလိုက်ရတဲ့ စကားတွေဟာ ပေါ့ရွှတ်ရွှတ်ကြီး ဖြစ်နေတယ်” တဲ့။ (စကားလုံး အတိအကျတော့ မဟုတ်ဘူး။)သူ့စကားအရ ဆိုရင် တပတ်လောက် စာတလုံးမှ မဖတ်ရရင် ‘မနေတတ်၊ မထိုင်တတ်’ ဖြစ်လာတယ် ဆိုတဲ့ သဘောမျိုးပေါ့။‘အိပ်ခါနီးမှာ စာတမျက်နှာပဲဖြစ်ဖြစ် ဖတ်လိုက်ရမှ အိပ်ပျော်တယ်’ ဆိုတဲ့ လူစားမျိုးမှာ မင်းကိုနိုင် ပါတယ်လို့ ယူဆတယ်။အာဏာသိမ်းစစ်ကောင်စီရဲ့ ထောင်ထဲမှာ ၂ နှစ်နီးပါး မတရား ဖမ်းဆီးထားပြီးမှ ပြန်လွှတ်ပေးတာ ခံရတဲ့ စီးပွားရေးအတိုင်ပင်ခံ Sean Turnell က သူ့ရဲ့ အတွေ့အကြုံတွေကို ရေးသာ ထုတဝေခဲ့တာကို ဟိုတလောက ဖတ်လိုက်ရတယ်။ သူ့ကို ဖမ်းလိုက်တဲ့အချိန်မှာပဲ စာအုပ်တွေကို အပါယူသွားဖို့ (မရှိမဖြစ် အသက်ကယ်ဆေးသဖွယ်) ကြိုးစားတောင်းဆိုတဲ့ အကြောင်းကို ရေးထားတယ်။ စာအုပ် မဖတ်ရရင် သူ ဘယ်လို ခံစားရမယ် ဆိုတာကို သူ့ဘာသာသူ သိနေတာမို့။ အလိုအပ်ဆုံးအရာအဖြစ် ထိပ်ဆုံးမှာထားပြီး အဓိက တောင်းဆိုတာ ဖြစ်တယ်။ ထောင်ကျနေစဉ်မှာ စာအုပ်တွေကိုလည်း တဝကြီး ဖတ်ရတာမို့ ‘သူ့ဘဝရဲ့…
ဝင်းတင့်ထွန်း - ဆရာဂျက် ( သို့မဟုတ် ) ထူးခြားချက်အပြည့်နဲ့ ကြယ်စင်နီ
https://ift.tt/4x29bIU
<a href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6CjIDIbPny4iodPQuSyx2E2xwfuAVI_pw7TrfnwvQo8ATiabl9tHIWGZ92tElb9ogGu9J-vulltukFbI4EBPUSok5Rl-VvsZsb5SXQkkPBMvbVYz3Yk_QqL_X5BBTcTeboM_jP-5x4QxGK_M5bT-VcnH2PFAzmXtbDPYVvmwB9v6FZuBE_Ot2Vsnqp52S/s640/Saw%20Jack%20Kok.jpg">Media</a><b>Photo- Credit</b><b style="color:red;">ဆရာဂျက် ( သို့မဟုတ် ) ထူးခြားချက်အပြည့်နဲ့ </b><b>ကြယ်စင်နီ</b><b>ဝင်းတင့်ထွန်း</b><b>(မိုးမခ) မေ ၂၇၊ ၂၀၂၄</b>
<b>( ၁ ) </b><b>
</b>၂၀၂၁ ဧပြီ ( ၂၈ ) ရက်နေ့။ ဆရာဂျက်ကြီး ဆုံးရှာပြီ..ဆိုတဲ့သတင်းကို အီးမေးလ်ပေါ်မှာ တွေ့လိုက်ရတော့ ရင်ထဲမှာ တော် တော်ကြီးကို ထိထိခိုက်ခိုက်ခံစားလိုက်ရပါတယ်။
ဆရာဂျက်က အသက်က (၈၁)နှစ်ဆိုတော့ မငယ်လှတော့တဲ့အရွယ်၊ ဆုံးပါးမယ်ဆိုလဲ ဆုံးပါးနိုင်တဲ့အရွယ်လို့ဆိုရမှာဖြစ်ပေမဲ့၊ ဒီလောက်မြန်မြန်ဆန်ဆန် ရုတ်တရက်ကြီး ကွယ်လွန်ဆုံးပါးသွားရလိမ့်မယ်လို့တော့ ထင်မှတ်မထားမိဘဲ ( သူ့သတင်းတွေကိုလဲ တလောလေးကပဲ အဆက် မပြတ်လိုလို ကြားမိနေသေးရာ..) ဒီသတင်းကို မြင်လိုက်ရတော့ ရင်ထဲမှာ မယုံနိုင်စရာသတင်းတပုဒ်လိုလဲ ဖြစ်နေမိပါတယ်။ လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကပဲ (၂၀၁၉ သြဂုတ်လထဲလောက်ကပဲ) ဆရာဂျက်ကြီးရဲ့ “စောအယ်တာတော (သို့မဟုတ်) အမှန်တရားအတွက်တိုက်ပွဲဝင်သူ ” ဆိုတဲ့ ကိုယ် တိုင်ရေးအတ္ထုပ္ဖတ္တိစာအုပ်ကြီးကလဲ သပ်သပ်ယပ်ယပ်ခန့်ခန့်ညားညားထွက်ပေါ်ထားတာ မကြာလှသေးရာ၊ ကျွန် တော်တို့မှာ ဆရာဂျက်ကြီးအတွက် မုဒိတာဖြစ်နေရမှုတွေက ပူပူနွေးနွေးကြီးပဲ ရှိနေတုန်းဖြစ်ရာ၊ အခုလိုသတင်းကို ကြားလိုက်ရတော့.. နွေခေါင်ခေါင်ကာလကြီးထဲမှာ တကယ်ကို ပူလောင်နွမ်းမောစရာ ခံစားလိုက်ရပါတယ်။ အနားက လက်တကမ်းမှာပဲ ရှိနေသေးတဲ့၊ သူ့ရဲ့ကိုယ် တိုင်ရေးအတ္တုပ္ဖတ္တိစာအုပ် ‘ စောအယ်တာတော (သို့မဟုတ်) အမှန်တရားအတွက်တိုက်ပွဲဝင်သူ’ စာအုပ်ကို ဒုတိယအကြိမ်မြောက်ဆွဲယူလှန်လှောကြည့်လိုက်မိရင်း၊ စာအုပ်မျက်နှာဖုံးပေါ်က သူ့ရဲ့ပြုံးပြုံးရွှင်ရွှင်မျက်နှာကြီးကို သေသေချာချာထပ်မံငေးမောကြည့်လိုက်မိရင်း...သက်ဆိုင်ရာပုဂ္ဂိုလ်တဦးဆီကိုလဲ တယ်လီဖုန်းနဲ့လှမ်းဆက် အတည်ပြုကြည့်လိုက်မိပါတယ်။
သတင်းက အမှန်ပါပဲ။ မလွဲပါ ။ ဒီနေ့ဧပြီ (၂၈)ရက်နေ့မနက်အစောကြီးမှာပဲ ကွယ်လွန်ဆုံးပါးသွားရခြင်းဖြစ်သတဲ့။ KNU တပ်မဟာ (၇)က ဆေးရုံမှာပဲ ကွယ်လွန်ဆုံးပါးသွားရတာ ဖြစ်သတဲ့။ ‘ဘာရောဂါနဲ့ဆုံးသွားရတာလဲ..’ လို့ထပ်ဆင့်မေးမြန်းကြည့်လိုက်မိတော့ ...“ ဝမ်းလျောလို့တဲ့၊ ဝမ်းလျှောလို့ မနေ့ညက ဆေးရုံတင်လိုက်တာ ကနေ့မနက်အစောကြီးမှာပဲ ဆုံး  သွားတော့တာ..” တဲ့။တဖက်က တယ်လီဖုန်းရှင်က စိတ်မချမ်းမြေ့သံကြီးနဲ့ ဖြေကြားနေသလို၊ ကျွန်တော့်မှာလဲ ပင့် သက်ကိုသာ လေးပင်စွာချလိုက်မိရင်း၊ တယ်လီဖုန်းကို ဖြည်းလေးစွာ ချထားလိုက်ရပါတော့တယ်။ 
ဆရာဂျက်ကြီးဟာ ဟိုတုန်းကလဲ ( ၁၉၇၆/ ၇၇ ခုနှစ်ထဲတုန်းကလဲ ) အကြီးအကျယ်ဝမ်း လျှောခဲ့ဖူးသေးပြီး၊ အခုတခါမှာတော့...ဝမ်းလျှောတာ အသက်တောင် ပါသွားခဲ့ရတယ်ဆိုတော့ တော် တော်ကိုအဖြစ်ဆိုးလှပါကလား..လို့လဲ ဖျတ်ခနဲ အတွေးဝင်လိုက်မိရင်း၊ သက်ပြင်းကို လေးလေး ပင်ပင် ထပ်မံချလိုက်မိပါတယ်။အဲဒီ ၁၉၇၆/၇၇ တုန်းကတော့ ‘ကလလတ’ ‘ရလလဖ’ အလယ်ပိုင်း ဂွင်တွေထဲကနေ ပါတီဗဟိုဆီသို့တက်အလာ၊ လမ်းတလျောက်မှာ ရန်သူ့စစ်ကြောင်းတွေနဲ့ လှည့်ပတ်ရှောင်တိမ်းနေခဲ့ရရာမှ၊ ဆန်ပြုတ်လေးနဲ့ရရာ ငှက်ပျောအူပြုတ်တွေလောက်ကိုပဲ ဆားလေးနဲ့ဖြစ်သလိုစားပြီး အသက်မီးဆက်လာခဲ့ရရာမှ၊ စိတ်ချရတဲ့ရွာတရွာက ရှမ်းအိမ်တအိမ်ပေါ်အရောက်မှာ အကြီးအကျယ် ဝမ်းလျှောခဲ့ရတာဖြစ်ပါတယ်။ အိမ်ပေါ်ကနေ အိမ်သာကိုတောင် ဆင်းမသွားနိုင်တော့ဘဲ၊ အိမ်ပေါ်က ကြမ်းခင်းကို ဖြဲကာ ဝမ်းသွားရတဲ့အဆင့်အထိ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
( အဲဒီအဖြစ်အပျက်ကို သူ့ရဲ့အတ္တုပ္ပတ္တိစာအုပ်ထဲမှာ ထည့်သွင်းဖော်ပြထားတာ ကျွန်တော်မှတ်မိနေဆဲ ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ အိမ်ရှင်ရှမ်းအဘွားးကြီးက ပွဲကအပြန် သိသွားပြီး၊ ကြက် သွန်ဖြူဥ ကြီးကြီးတလုံးကိုချက်ချင်းမီးဖုတ် ကျွေးလိုက်တာနဲ့၊ ကြက်သွန်ဖြူမီးဖုတ်ကြီးတလုံး ကုန်အောင်စားပြီးလိုက်တာနဲ့ မကြာခင်မှာပဲ ဝမ်းလျှောပျောက်သွားခဲ့တယ်ဆိုပါတယ်။) အခုတော့-ဆေးရုံပေါ် တက်ရောက်ကုသခွင့်ရတာတောင် ဆက်လက်ရှင်သန်ခွင့် မရတော့တာကတော့ ကံတရားကိုပဲ ရိုးမယ်ဖွဲ့ရတော့မှာ ဖြစ်ပါတယ်။ တကယ်တော့ အသက်အရွယ်တွေကလဲ စကား ပြောလာနေပြီလေ ...။ ၁၉၇၆/၇၇ က လွန်ခဲ့တဲ့ (၄၅) နှစ်လောက်ဆီက သူ့အသက်က (၃၆)နှစ်ဝန်း ကျင်၊ အခုက (၈၀)ကျော် (၈၁)နှစ်အတွင်းမှာ မဟုတ်လား။ ပြီးတော့ အခုက ဆရာဂျက်မှာ သွေး တိုး ဆီးချိုတို့လို ရောဂါတွေကလဲ ရှိနေ ကပ်နေခဲ့ပြီမဟုတ်လား။
နောက်တနေ့ (၂၉)ရက်နေ့တွေမှာလဲ ဆရာဂျက်နဲ့ပတ်သက်တဲ့ အမှတ် တရပြုကြချက်၊ သတိတရဂုဏ်ပြုကြချက်တွေ ဟိုက သည်က ထွက်ပေါ်လာတာတွေ့ရပါတယ်။ အထူးသဖြင့်- ထိုင်းနယ်စပ်ဖက်က ရဲဘော်ရဲဘက်တွေ၊ ချစ်ခင်လေးစားကြသူတွေရဲ့သတိရချက် ဦးညွှတ်ချက်တွေဖြစ်ပါတယ်။ ဆရာဂျက်ဟာ လူကြီးလူရွယ် လူငယ်တွေသာမက၊ ကလေးကအစ ခွေးကအထိတောင်…
ကျော်ဟုန်း - ဆူး
https://ift.tt/l26cSDT


MediaArt by Than Htay Maungဆူးကျော်ဟုန်း(မိုးမခ) မေ ၂၇၊ ၂၀၂၄
မျက်စိမှုန်ပေမယ့်မလွှဲမရှောင်သာအရိုးများတဲ့ ငါးကိုစားနေရတဲ့အခါမျိုးလို။
ဖြစ်ရင် ဖြစ်တယ်လို့မှတ်ပျက်ရင် ပျက်တယ်လို့မှတ်ဝိပဿနာဟာပရိယာယ်ကို ရစ်ပတ်ခွင့်မပြုသာ။
ပကတိနဲ့ ဗဟုဝုစ်စီးချင်းထိုးရတဲ့ပွဲသတိနဲ့အသိ အဖြူထည်ကိုကိုယ်တိုင်အရောင်ဆိုးရရင်းလေပူတွေ မှုတ်ထုတ်ရတဲ့အခါများငါဟာ ငါမဟုတ်ချင်တော့ဘူး။
ငါဝတ်ဖို့ ချိတ်ထားတဲ့အင်္ကျီဖြူလေးကို ငေးကြည့်နေမိခဲ့။
၂၄ ၅ ၂၄-Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးအူရိပ်မိုးတိမ်
https://ift.tt/t8gFNMn
<a href="https://blogger.googleusercontent.com/img/a/AVvXsEgyme_14deQ4wzP94U2pnFjwNe002MX8RAUnq7IHyQ7u03IeIprPWj72FZh7OK8H9CJC22EQbD3klFa3f84sWToZDFASIEPPpBmcvLFAZ0A-ioPtcVR6FvOYO_KAdior0YiTyP-nB2Z7SfmVjErl_DYfo-V05N1H0Dt7DN-kDa9qT_kbIY_Hm0ZWt7BXos">Media</a>ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးအူရိပ်မိုးတိမ် (မိုးမခ) မေ ၂၇ ၊ ၂၀၂၄
အာကာသပညာကို အလိုအလျောက် ဆည်းပူးမိပြီးသားဖြစ်သွားသူက ကာပုလေး။ သူသည် ပုကွတို့ထုံးစံ အမြဲတမ်းအပေါ်မော့မော့ကြည့်ကြည့်နေရသည်ကတကြောင်း၊ အထက်ကို အမြဲဖားယားနေတတ်သည်ကတကြောင်း၊ ဆင်ရီးခွေးမျှော်နက္ခတ်ဖွားဖြစ်သည်ကတကြောင်းကြောင့် တရုတ်သိုင်းဝတ္ထုဇာတ်ကောင်တယောက်လို စာရွက်နှစ်ရွက်လှန်လိုက်သည်နှင့် အာကာသကျွမ်းကျင်ပညာရှင်ဖြစ်လာရချေသည်တမုံ့။ သူသည် ငယ်စဉ်ကထဲက ကောင်းကင်အိပ်မက် အကြီးကြီးမက်ခဲ့သူ။ အဲဒါကြောင့် ပုတီးစိပ်ရင်တောင် သူများတကာလို 'အရဟံ' 'အရဟံ'နဲ့ မစိပ်၊ 'အာကာသ' 'အာကာသ' လို့ဘဲ စိပ်ခဲ့သည်မှာ ကနေ့ထိ။ သူ့မှာ မွေးကထဲက ကောင်းကင်မြင်ရင်ကို မနေတတ်မထိုင်တတ် ခုန်ဆွခုန်ဆွဖြစ်လာတတ်သည်။ ယခု ကာချုပ်ဖြစ်သည့်တိုင် ဘောင်းဘီကိုတော့ ဆွဲဆွဲမမိ‌သေးသည်။ တခါတရံ ရပ်ရှားပြည်မှလာသောဂါလီဗာတွေနဲ့ စကားပြောရချိန်များဆိုလျင် နွားကလေးအမော့သင်သလို ဖြစ်ဖြစ်နေ၍ အလွန်ခုန်ချင်ဆွချင်စိတ်ဖြစ်ပေါ်လာပေရကား မခုန်မိအောင် တချက်တချက် လျှာကို ကိုက်ကိုက်ပေးရသေးသည်။ သူဗိုလ်သင်တန်းကျောင်းသို့ပြောင်းဖြစ်သည်မှာလည်း ဤအာကာသအိပ်မက်ကြောင့်ပင်။ ဗိုလ်ဖြစ်ရင် လေယဉ်ဖရီးစီးရမည်၊ ဟတ်စကီး မပြတ်တီးပြီး ကောင်းကင်ထဲထိုးခွဲဝင်လိုက်ရလျင်ဆိုပြီး စိတ်ထဲတကယ်ဖြစ်သလိုထင်ယောင်မြင်ယောင်လာပြီး ညညဆို ထထပင်ရောင်တတ်သေးတော့သည်။ သူ့မိဖတွေမှာ အထူးလားအဆန်းလား အရူးလားအနှမ်းလားမကွဲဘဲ စိုးတထိတ်ထိတ်စောင့်ကြည့်နေကြရသည်။ ကုသပေးရမလားဆိုတော့လဲ အာကာသရောဂါဆိုတာမကြားဘူးတော့ သူများခွီမှာစိုးပြီး မိုးလင်းခဲ့ရဘူးပေါင်းများပြီ။ တဖက်ကလဲ အာကာသရောဂါဆိုတာ အထက်ဂိုဏ်းဆရာကြီးတွေ ပဌာန်းဆက်နဲ့ ပတ္တမြားပန္နက်ရိုက်ထားတာကြောင့်လို့လဲတွေးမိပြီး တနေ့အထွဋ်အထိပ်ရောက်မည်ဟု စိတ်ကြီးများပင်ဝင်ကာ ခပ်အေးအေးနေမိလိုက်သည်လည်းရှိသည်။ ဗျာပူလိုက် ပဏာယူလိုက်နဲ့နေနေရသည်တွင် ယတြာကျေသွားမည်ဆို၍ သူများနည်းတူ ကိုယ်တိုင်လဲ မန်ကျည်းရွက်ပင် တက်ခူးမစားခဲ့သလို သားပုလေးကိုလဲ ဘယ်အပင်မှ အတက်မခံခဲ့။သူသည် ငယ်စဉ်ကထဲကပင် အာကာသပညာရပ်၏အဓိကအချက်အချာဖြစ်သည့် တိမ်ကို အရုပ်ရေးခြင်းပညာရပ်တွင် တဖက်ကမ်းခပ်သည်။ အများဆုံးရေးဖြစ်တာကတော့ ခွေးရုပ် နွားရုပ် ခြင်္သေ့ရုပ် ဆင်ရုပ် မမြင်မကြားမပြောမျောက်သုံးကောင်။ တိရစ္ဆာန်ထဲတွင် ခွေးအကျွမ်းဆုံး၊ ရှိရှိသမျှခွေးမျိုးစုံရေးတတ်သည်။ ပြည်တွင်းခွေးတင်မက အပြည်ပြည်ဆိုင်ရာခွေးများ၏ ဟောင်ပုံ ကိုက်ပုံ အလစ်ဆွဲပုံ အမြီးနံ့ပုံ ခိုးစားပုံ၊ ခိုင်းတာ လုပ်တတ်ပုံ၊ သခင့်အလိုသိပုံ အထူးသဖြင့် အူပုံကို အမူအယာစုံဖြင့် ရေးတတ်သည်။ ခွေးရုပ်များရေးနေရပြီဆို ထမင်းမေ့ဟင်းမေ့ မိဖမေ့ ဆွေမေ့မျိုးမေ့ ပတ်ဝန်းကျင်မေ့။ ကောင်းကင်တခုလုံး ခွေးအပြည့်ရေးလိုက်ရမှ နေလို့ထိုင်လို့အဆင်ပြေသည်။ မဟုတ်ရင် လူးမလိုလို လှိမ့်မလိုလို။ ရေးပြီးပြန်ရင်လဲ မီးဖိုကို သုံးလေးခါပတ်ပြီး ပြာနံ့ရှူ ပြာကိုလျက်ရုံနဲ့မရ တင်ကလေးလှုပ်လှုပ်ယမ်းတဲ့ပြီး ခပ်ဆွဲဆွဲ ခေါင်းထိုးထိုးအူလိုက်ရမှ အဆင်ပြေတော့သည်။ ဤ့အတွက် ကာပုလေး၏မိဖများမှာ ခွေးချစ်သူဟန်ဆောင်၍ ခွေးများများမွေးထားရသည်။ လူမမွေးရ။အခုဆို ကာပုလေးက အာကာသ နည်းပညာ  ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်၍ ပညာတော်သင်စေလွှတ်ရန် ရုရှားနဲ့ ဆွေးနွေးနိုင်သည်အထိ ရောက်ပြီဆိုတော့ မိဖများကြိတ်ပီတိဖြစ်ခဲ့သည့် အထက်ဂိုဏ်းဆရာကြီးများမသချက်ဆိုတာ သေချာသွားပြီ။ ရောဂါမဟုတ်၊ ထောစရာ။ ထောတာတော့ မပြောနှင့်၊ မြေးလေးအောင်ပြည့်စုံဆို နာမည်အတိုင်းပင် အောင်မြင်ပြည့်ဝစုံလင် အပုံအပင် မလိုချင်မှအဆုံး ကုမ္ပဏီသည်ပင် တရက်ဘယ်နှစ်ခုတိုးနေမှန်းတောင် သူမသိတော့။ ခင်သီရိသက်မွန်ကတော့ တခုလပ်ဖြစ်နေသည်ကပင် သူ့အတွက်ကံကြမ္မာ ဖန်လာလို့ဆိုရမည်။ ဒါရိုက်တာဖြစ်ချင်လား၊ ထုတ်လုပ်သူဖြစ်ချင်လား၊ မင်းသားဖြစ်ချင်လား၊ အဆိုတော်ဖြစ်ချင်လား၊ မော်ဒယ်ဖြစ်ချင်လား၊ ဆယ့်တလီဖြစ်ချင်လား၊ အဆင်မှန်သမျှ လာထား အာဘွား။ အာဘွားဆိုသလို အာဘွားတော့ အာဘွားရမည်။ မအာဘွားဘဲတော့ ဘာမှဖြစ်ချင်လို့မရ။ အကုန်လုံး သူ့လက်ထဲမှာ၊ သူ့ခြေဖဝါးအောက်မှာ၊ ဒူးပွန်း အဲလေ ဒူးထောက်ရမှာဖြစ်သည်။ မြစ်ကလေးတွေအဖို့တော့ ဧရာဝတီတို့ နိုင်းမြစ်တို့ထက်ပင် ရေစီးသန်အုံးမည်။ ပင်လယ်ထက်ပင် ရေလျှံ လှိုင်းထန် ဂလုံဆန်အုံးမည်။  ချွေးမချောခေါသဏီသာကြည့်တော့။ ခေါလေ ထောလေဆိုရမလောက် နိုင်ငံတကာက ထွက်သမျှ အမျိုးသမီးအသုံးအဆောင် သူ့ရှေ့မှောက်ရောက်လာရသည်။ သူရို့တပ်တွင်းဆိုလျှင် အပြည်ပြည်ဆိုင်ရာခေါသဏီလို့တောင် ဆိုစမှတ်ရှိကြသည်။ သူရို့သားလှိုင်ကလေးက သူကြိုးပမ်းနေတဲ့ အာကာသနည်းပညာကိစ္စနဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့ ရုရှားနဲ့တွေ့ဆုံဆွေးနွေးပွဲမှာ…
မြန်မာပြည်ရဲ့ ဒုက္ခတွေ ဆုံးခန်းမမြင်ဘူးလို့ ဆိုတဲ့ ဘာသာရေးခေါင်းဆောင်ရဲ့ မှတ်ချက်
https://ift.tt/vx8ViSo
<a href="https://blogger.googleusercontent.com/img/a/AVvXsEisKobmbuS55CGME_fbgjV9umwgREE-yFcHmEGwvNQ1qEvL_RFSngbVVIuusSZQIzY1CvDNh4xdDEgXQtEH6eV1yjmVTLynoShwGy7HIQpnnp8iGiQVMegdTG4OkNQGqRi-1Fnr6bNJMLq92_l1VVXdH81StjwRQzz_whvdcETD2Q0aaR7a3khtpcFjk1w">Media</a>မြန်မာနွေဦး ခရိုနီကယ် - မေ ၂၆ မြင်ကွင်း(မိုးမခ) မေ ၂၇၊ ၂၀၂၄
မြန်မာပြည်ရဲ့ ဒုက္ခတွေ ဆုံးခန်းမမြင်ဘူးလို့ ဆိုတဲ့ ဘာသာရေးခေါင်းဆောင်ရဲ့ မှတ်ချက် မကြာသေးခင် ရက်ပိုင်းအတွင်း CAN သတင်းဌာနနဲ့ အင်တာဗျူးမှာ မြန်မာနိုင်ငံက ကက်သလစ် ဘာသာရေး ခေါင်းဆောင် ကာဒီနယ် ချားစ်ဘို က မြန်မာနိုင်ငံရဲ့ ဒုက္ခတွေ ဆုံးခန်းမမြင်ဘူးလို့ မှတ်ချက်စကားတခွန်းကို ပြောဆိုခဲ့ကြောင်း အဆိုပါ သတင်းဌာနကို ကိုးကားကာ ရေးသားထားတာ တွေ့လိုက်ရပါတယ်။ ဘယ်တော့ ပြီးဆုံးမလဲ ဆိုတာကို မမျှော်မှန်းနိုင်ဘူးလို့ ကာဒီနယ် ချားစ်ဘိုက ပြောဆိုသွားတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အစပိုင်းမှာ ကိုဗစ်ကူးစက်မှု ကပ်ဘေးဖြစ်ပွားပြီး စီးပွားရေး ထုတ်လုပ်မှု၊ ရောင်းဝယ်မှုတွေ သိသာစွာ ဆုတ်ယုတ်ကျဆင်းခဲ့ရာက တနှစ်နီးပါး အကြာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းတာ ဖြစ်ပွားပြီး လက်နက်ကိုင် ခုခံတိုက်ခိုက်ခဲ့ကြရာမှာ မြန်မာနိုင်ငံ အနှံ့အပြား ကာကွယ်ရေး တပ်ဖွဲ့တွေ ပေါ်ထွက်လာကြသလို နဂိုရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း အင်အားအပြည့်နဲ့ လှုပ်ရှားလာခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒုက္ခတွေကို ဖေါ်ပြရာမှာ လူဦးရေ ၃ သန်းကျော်က စစ်ဘေးတိမ်းရှောင်နေကြရတဲ့ အနေအထားကို ကာဒီနယ်က ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဘာသာရေး အဆောက်အဦ ပေါင်း ရာနဲ့ချီ ထိခိုက်ပျက်စီးခဲ့ရတာကိုလည်း ရည်ညွှန်းပြောဆိုခဲ့သလို အများဆုံးက စစ်ကိုင်းတိုင်းနဲ့ ကယားပြည်နယ် တို့မှာလို့လည်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ စစ်ဘေးကြောင့် မိမိတို့ နေရပ်ကနေ စွန့်ခွာကာ အခြားသော မြို့ရွာ၊ တော တောင် ၊ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြရသူတွေ အဖို့ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စတာတွေလည်း လိုအပ်ချက်တွေ ရှိနေကြတာကိုလည်း ရည်ညွှန်းပြောဆိုခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ လူဦးရေ နဲ့ ရာခိုင်နှုန်း ချကြည့်ရင် ၅% ကျော်က စစ်ဘေးရှောင်သူတွေ ဖြစ်နေတာကြောင့် တရာမှာ ၅ ယောက်နဲ့ ၆ ယောက်က စစ်ဘေးတိမ်းရှောင်နေကြရသူ ဖြစ်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်ဘေးတိမ်းရှောင်ရပြီဆိုတာနဲ့ မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေကို မလုပ်ကိုင်နိုင်ကြတော့တဲ့ အနေအထားရောက်ရှိကာ စုဆောင်းထားတဲ့ ငွေကြေးထဲက သို့မဟုတ် အကူအညီကို မျှော်လင့်ကာ အသက်ရှင်သန် နေထိုင်ကြရမယ့် သဘောလည်း ဖြစ်ပါတယ်။ ထားခဲ့ရတဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေလည်း လက်နက်ကိုင် တိုက်ပွဲတွေအကြား ဖျက်ဆီးခံရတာ သို့မဟုတ် ယူဆောင်ခံရတာတွေ ဖြစ်ပြီး အကယ်၍ နေအိမ်ကို ပြန်လာနိုင်တဲ့ အချိန်မှာ ပိုင်ဆိုင်မှုတွေက ဆုံးရှုံးပြီး ဖြစ်တဲ့ သဘောလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကက်သလစ်ဘာသာဝင်တွေအနက် သြဇာကြီးမားဆုံးလို့ဆိုနိုင်တဲ့ ဘာသာရေးခေါင်းဆောင်ရဲ့ မှတ်ချက်ပေးပြောဆိုမှုက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ထင်ဟပ်သလို တွေ့ဆုံဆွေးနွေးကြဖို့ ၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေး အတွက် စကားပြောဆိုကြဖို့ ဆိုတာမျိုးတော့ အခုတကြိမ်မှာ တိုက်တွန်းပြောဆိုသွားခြင်း မရှိပါဘူး။ ကမ္ဘာလုံးဆိုင်ရာ ကက်သလစ် ဘာသာရေး ခေါင်းဆောင် ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးက ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ လိုအပ်ရင် အလံဖြူထောင်ပြီး ငြိမ်းချမ်းရေး ၊ အပစ်ရပ်ရေး ပြောဆိုနိုင်တဲ့ သတ္တိရှိရမယ် ဆိုတဲ့ မှတ်ချက်စကားကြောင့် အချို့သော နိုင်ငံရေးသမားတွေနဲ့ ယူကရိန်း ခေါင်းဆောင်တွေက ဝေဖန်ပြောဆိုချက်တွေ ယမန်နှစ်က ထွက်ပေါ်ခဲ့ဖူးတာ ဖြစ်ပြီး မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ပြဿနာ လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်လို့ ကာဒီနယ် အနေနဲ့ အလားတူ မှတ်ချက်စကားမျိုး ပြောဆိုခြင်းတော့ မရှိခဲ့ပါဘူး။ အခြားသော နိုင်ငံတကာက စစ်ပွဲတွေ နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေလိုပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စစ်ရေး ပြဿနာကို ဘယ်လို အဖြေရှာကြမလဲ ဆိုတာနဲ့ပတ်သက်လို့ မှတ်ချက်ပေး ပြောဆိုမှုတွေက ထိရှလွယ်တဲ့ ကိစ္စရပ်တခုလည်း ဖြစ်နေတာဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ တော်လှန်ရေး အင်အားစုတွေဘက်ကတော့ စစ်အာဏာရှင်တပ်ကို အပြီးတိုင် ဖယ်ရှားရေး၊ လက်ရှိစစ်တပ်ရဲ့ အခန်းဏ္ဍကို အသိအမှတ်မပြုနိုင်တော့တဲ့ သဘောထားမျိုးတွေ ကိုင်စွဲထားကြသလို တိုင်းရင်းသား ဖက်ဒရယ် တပ်မတော်လိုမျိုးနဲ့ အစားထိုး ဖွဲ့စည်းကြမယ့် ရည်မှန်းချက်မျိုး ရှိကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ NUG အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား အနာဂတ် တပ်မတော်အရေးနဲ့ပတ်သက်ပြီး တိတိပပ ပြောဆိုဆွေးနွေးထားတာတော့ မတွေ့ရသေးပါဘူး။ အာဏာသိမ်း စစ်တပ်အနေနဲ့ နယ်မြေ ဆုံးရှုံးမှုတွေ၊ မြို့တွေ ဆုံးရှုံးလက်လွှတ်လိုက်ရတာတွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာနေချိန် အခုကာလမှာ အနာဂတ်အတွက် ဆွေးနွေးထားဖို့ လိုအပ်နေတာ…
ကိုအောင်မှိုင်း - ကံကြီးထိုက်လိမ့်
https://ift.tt/jtPLwer
Mediaကိုအောင်မှိုင်း - ကံကြီးထိုက်လိမ့်(မိုးမခ) မေ ၂၇ ၊ ၂၀၂၄
ကဗျာကိုခြံခတ်တာဟာအနာဂတ်ကိုသင်းသတ်တာပဲ။
ကိုအောင်မှိုင်းမှိုင်းရာပြည့် ( မန္တလေးတက္ကသိုလ်)


Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar