မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်စခန်းတွေ လက်လွှတ်နေရချိန် တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် နေပြည်တော် လာရောက်
https://ift.tt/AiElJGQ
<a href="https://blogger.googleusercontent.com/img/a/AVvXsEhNJvI9RG1x-XbMAyrDR1Vs65XN3kRwVTHfXewMTo-SDwqa7BaVkbjQaOw6hr55mNqnWUXH2E_xTI7Yx0k1urzCoJpRTYyYjF5jhUjpCE4VvfN9oM2VjX9JzUi75OBRQAiOXiJBjGvqYdceQ-VVY9P_FpNIrLllTLenNXnK0GQngOo2-Cqb5m_DwuS92wU">Media</a>မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၁ မြင်ကွင်း(မိုးမခ) ဧပြီ ၂၊ ၂၀၂၄
မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်စခန်းတွေ လက်လွှတ်နေရချိန် တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် နေပြည်တော် လာရောက်မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံနယ်စပ် ဒေသတွေဖြစ်တဲ့ လိုင်ဇာ၊ လွယ်ဂျယ်လို ဒေသတွေက စစ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျှောက်က စစ်စခန်းတွေကို KIA က ဆက်တိုက်ဆိုသလို တိုက်ခိုက်သိမ်းယူနေချိန်မှာ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အာရှရေးရာ အထူးကိုယ်စားလှယ်က နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ခု ရက်ပိုင်းအတွင်းမှာလည်း မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တရုတ်နိုင်ငံဘက် အခြမ်းမှာလည်း ခဲယမ်း ကျည်အစစ်ကို သုံးပြီး စစ်ရေးလေ့ကျင့်မှုတခုလည်း တရုတ်နိုင်ငံဘက်က လုပ်ဆောင်နေကြောင်း သတင်းတွေမှာ တွေ့ရပါတယ်။ အောက်တိုဘာလ မကုန်မီ ရက်အနည်းငယ်ကနေစတင်ပြီး ဇန်နဝါရီလ လယ်လောက်ထိ ဆင်နွှဲခဲ့တဲ့ မြောက်ပိုင်း လက်နက်ကိုင် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးကိုတရုတ်နိုင်ငံရဲ့ ကြားဝင် ညှိနှိုင်းမှုနဲ့ အပစ်ရပ်သဘောတူခဲ့ကြပြီးနောက် အဆိုပါ ၃ ဖွဲ့နဲ့ အကျုံးမဝင်တဲ့ KIA ရဲ့ တဖွဲ့ထည်း စစ်ဆင်ရေးတွေ ပြီးခဲ့တဲ့ လကစတင်ခဲ့ပြီး ကချင်ပြည်နယ်က မြို့တွေထက် လိုင်ဇာကို သွားတဲ့လမ်းကြောင်းပေါ်က စစ်ကောင်စီရဲ့ စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက်က စစ်စခန်းတွေ၊ ဖားကန့်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းက ကျေးရွာတချို့နဲ့ စခန်းတွေကို တိုက်ခိုက်သိမ်းယူနေခဲ့တာ တွေ့ရပါတယ်။ စစ်ကောင်စီ အနေနဲ့ လေကြောင်းက တိုက်ခိုက်တာတွေကို အဓိကအားထားပြီး မြေပြင်မှာ တပ်ကူသိသိသာသာ မပို့နိုင်တာ တွေ့ရသလို စစ်စခန်းတွေ ခပ်မြန်မြန် လက်လွှတ်ဆုံးရှုံးရပြီး မကြာသေးတဲ့ ရက်အနည်းငယ်က တပ်မ ၈၈ ရဲ့ တပ်မမှူးကိုယ်တိုင် တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တာပါ။ ဒီအချိန်မှာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာလည်း ထိခိုက်ဆုံးရှုံးမှုတွေ၊ စစ်စခန်းလက်လွှတ်ရတာတွေ ရှိနေပြီး ကရင်ပြည်နယ်မှာလည်း မွန်ပြည်သစ်ခွဲထွက်အဖွဲ့၊ ကေအန်ယူတို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နယ်မြေ အချို့ စခန်းအချို့ကို လက်လွှတ်လိုက်ရတာတွေ ရှိနေတာဖြစ်ပါတယ်။ ဆိုလိုတဲ့အချက်က စစ်ကောင်စီ အနေနဲ့ ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ် နဲ့ထိစပ်နေတဲ့ နေရာတွေမှာသာ အပြင်းအထန် တိုက်နေရတာမဟုတ်ပဲ မြန်မာနိုင်ငံ အနောက်ပိုင်း၊ တောင်ပိုင်း၊ ရှမ်းတောင်၊ မွန်၊ ကရင် ဒေသတွေမှာပါ စစ်မျက်နှာတွေ တပြိုင်နက်တည်း တိုက်ခိုက်နေရတာဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ တရုတ်နယ်စပ်က တိုက်ပွဲနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းတဲ့ အကူအညီကို ရယူဖို့ တရုတ်အထူးကိုယ်စားလှယ် နေပြည်တော် လာရောက်တာလားဆိုတဲ့ မှန်းဆချက်တွေလည်း ရှိနိုင်တာ ဖြစ်ပါတယ်။ KIA အနေနဲ့ တရုတ်နိုင်ငံရဲ့ သြဇာ တနည်းအားဖြင့် တရုတ်နဲ့ ဘယ်လောက်ထိ မကင်းရာ မကင်းကြောင်းရှိတဲ့အနေအထားမျိုးလဲ ဆိုတဲ့ မေးခွန်း၊ တရုတ်နိုင်ငံကရော စစ်ကောင်စီကို ဘယ်လောက် ကူညီဖို့ ဆန္ဒရှိသလဲ၊ သို့တည်းမဟုတ် စစ်ကောင်စီ အတိုင်းအတာတခုထိ ရှိနေခြင်းက တရုတ်ရဲ့ အကျိုးစီးပွား ဖြစ်သလဲ ဆိုတဲ့ အချက်တွေ အပေါ်မူတည်နေတယ်လို့ ဆိုရမှာပါ။ တရုတ်နိုင်ငံ လိုလားတဲ့ အခြေအနေက မြန်မာနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေးအရ တည်ငြိမ်မှုဖြစ်ပြီး ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းရေး မဟုတ်ပါဘူး။ နယ်နိမိတ် ထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြစ်စေ၊ အာဏာရှင် ဖြစ်စေ နိုင်ငံရေး၊ စစ်ရေးကို တည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ အင်အားစု၊ တခြား ကမ္ဘာ့အင်အားကြီးနိုင်ငံ တနိုင်ငံရဲ့ အသုံးချခံမဟုတ်တဲ့ အင်အားစုဖြစ်ဖို့က တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အခြေခံ မူဝါဒ ဖြစ်နိုင်ပါတယ်။ ဒီအခြေခံမူဝါဒအပေါ်မူတည်ပြီး ယခင် နဝတ၊ နအဖ စစ်အစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်ခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ နဲ့လည်း ဆက်ဆံရေး ကောင်းမွန်တာထက် ပိုတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုဟာ ဒီမိုကရေစီအရေး၊ စစ်အာဏာရှင် စနစ် မြဲရေး၊ မမြဲရေးထက် one belt one road လို ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းရဲ့ အစိတ်အပိုင်းတခု၊ ယူနန်ပြည်နယ်နဲ့ တရုတ်ရဲ့ စွမ်းအင် ဆိုင်ရာသယ်ယူပို့ဆောင်ရေး ဖြတ်လမ်း၊ တရုတ်နိုင်ငံရဲ့ သယံဇာတ တူးဖေါ်ရေး စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးရေး တို့ဟာ မြန်မာနဲ့ ပတ်သက်တဲ့ တရုတ် နိုင်ငံခြားရေး မူဝါဒတွေ လို့ဆိုနိုင်ပါတယ်။ ဒီအချက်အလက် အခြေခံနဲ့ ကြည့်ရင် တရုတ်အနေနဲ့ နယ်နိမိတ်…

MoeMaKa Media
မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်စခန်းတွေ လက်လွှတ်နေရချိန် တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် နေပြည်တော် လာရောက်
MoeMaKa Burmese Community News, Media & Literature Site, Burma Myanmar
ရဲဘော်တေး - စောက်ပေါ
https://ift.tt/FupHV1y
Mediaရဲဘော်တေး - စောက်ပေါ(မိုးမခ) ဧပြီ ၂ ၊ ၂၀၂၄
“စောက်ပေါ”“အလေးပြု”သံရှည် သံပျင်း တင်းတင်းအော်သံ အမှောင်ယံထဲမှာ ထွက်ပေါ်လာသည်။ဤကား ၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတည်း။ကလေးတယောက် စစ်ဝတ်စုံဝတ်ပြီး အူကြောင်ကြောင် လမ်းလျှောက်လာသည်။ ဘာရယ်မဟုတ် ဗိုလ်ကတော် စော်ကြီးတွေက ပန်းကုံးစွပ်ပေးလိုက်သည်။ ဤကား ဤကလေးနှင့် မိသားစုကို သေမိန့်ချလိုက်ပြီတမုံ့။ ဒီမိသားစုအဖို့တော့ မရှင်တမ်း ခံစစ်။ သို့ပေမဲ့ ဤကလေးသည် ခွေးချုပ် မင်းအောင်လှိုင် မြေးမဟုတ်။မင်းအောင်လှိုင်ကို သွေးရူးသွေးတန်းတွေ ပြောခိုင်းလိုက်သည်။ နောက်ကွယ်တပ်ကြီးတခုလုံးက စောက်ရူးကို ပြောင်းဝကနေ သောင်းသောင်းဖျဖျ အားပေးလိုက်တော့ “စစ်မှုထမ်းသစ်ရရင် ဆုံးရှုံးနယ်မြေတွေကို ပြန်တိုက်မယ်” လို့ စောက်ရူးက သွေးရူးသွေးတန်း အော်လိုက်ရသည်။“ရဲဘော်တို့ ရဲဘော်တို့ဟာ စစ်မှုထမ်းသစ် မရှာနိုင်တော့ဘူးဆိုရင် ခွေးဖြစ်ပြီသာ မှတ်ပေတော့”“သက်သာ” “အေးစေ”ချောက်ချောက်ချားချား သတ်မတော်နေ့အခမ်းအနား ပြီးဆုံးသွားချေပြီ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar

အောင်ဝေး - လွမ်းလို့ပဲ သေချင်ပါတယ်၊ အလွမ်းသေ
https://ift.tt/Glo9X1R
<a href="https://blogger.googleusercontent.com/img/a/AVvXsEiB91TL7wqi9MlZBO5oPv-ZLKwCPzN49M7_zMRgntNVoKUWxPOM0fdQQHip6LdM-F2dOj9LlSqNeKQoVG1FwfYkFQUBStQM5GpTsteOBLB4m05GwjQxP1HHy3vVExxKez_yErSlEFnOAEpvk5Xx-sqsYTDKt5savrrdQe9NTmDBk03-bAW6H0LFAFAn8_M">Media</a>အောင်ဝေး - လွမ်းလို့ပဲ သေချင်ပါတယ်၊ အလွမ်းသေ(မိုးမခ) ဧပြီ ၃ ၊ ၂၀၂၄
ကျနော် သေရင် လွမ်းလို့ သေတာပဲ ဖြစ်ချင်တယ်။ အခုတလောမှာ ကျနော် အရာရာကို လွမ်းနေမိတယ်။ ဆရာဇော်ဂျီရဲ့ "တပေါင်းမိုး" ကဗျာထဲကလို "ဘယ်ဆီလွမ်းမိ၊ တပ်မသိ"လည်း မဟုတ်။ ကျနော့်အလွမ်းက တိကျတယ်။ သေချာတယ်။ ကျနော် အတိအကျကို လွမ်းနေတာပါ။ အသေအချာကို လွမ်းနေတာပါ။ လွမ်းခြင်းသည် သမိုင်း မည်၏။ လွမ်းတတ်သူသာ သမိုင်းဝင်လေသည်။ ကျနော်က တိတိကျကျ လွမ်းတတ်သူပါ။ သေသေချာချာ လွမ်းတတ်သူပါ။ အသက်ကြီးလာလို့ပဲလား မသိပါ။ ငယ်စဥ်က ဘဝကို ပိုပြီးလွမ်းတတ်လာသည်။ လွမ်းမြိုင်ကျေးရဲ့ အဝေးမှာရောက်နေလို့လား မသိ၊ တိုင်းပြည်ကို ပို၍လွမ်းတတ်လာသည်။မနေ့တစ်နေ့က ကျနော် ကဗျာတစ်ပုဒ် ရေးခဲ့သည်။ 'အောင်ဝေး မဖြစ်တာ ဖြစ်အောင်ဝေး' မြန်မာလို ရေးတဲ့ကဗျာကို ကျနော်က အင်္ဂလိပ်လို နိဂုံးချုပ်ထားသည်။"Oh My Ghost!16 Years an Exile."၁၆ နှစ်ပြည်ပြေး၊ ပြည်ပြေး ၁၆ နှစ်မှာ အိမ်လွမ်းစိတ်တွေက ဂိုထောင်တစ်လုံးနှင့် အပြည့်အသိပ်ပါ။ အဲဒီ ၁၆ နှစ်မှာ ရန်ကုန်ကို တစ်ခေါက်မှ မပြန်ဖြစ်နိုင်ခဲ့ပေမဲ့ ရန်ကုန်ကလာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ခါ တွေ့ရပါတယ်။ ရန်ကုန်က လာတဲ့ ကဗျာဆရာ မင်းထက်မောင်နဲ့ တစ်ခါ တွေ့ရပါတယ်။ ရန်ကုန်က လာတဲ့ ဆရာဒေါက်တာခင်မောင်ညိုနဲ့ တစ်ခါ တွေ့ရပါတယ်။ အမေရိကကို သီချင်းလာဆိုတဲ့ ကော်နီနဲ့ တွေ့ရ။ Rဇာနည်နဲ့ တွေ့ရ။Lazy Club ကြီး နိုင်ဇော်နဲ့ တွေ့ရ။ ကျော်သူ ရွှေဇီးကွက် ဇနီးမောင်နှံနဲ့ တွေ့ရ။ ရန်ကုန်ကလာတဲ့ ချိုချို(ချိုပြုံး)နဲ့ ဖုန်းပြောရ။ ဒေါ်ခင်သူသူဝင်း၊ ကိုနေမျိုးဆေး သားအမိနဲ့ ဖုန်းပြောရ။ ဆရာမောင်သာနိုးနဲ့ ဖုန်းပြောရ။ ဆရာကြည်မင်း(ကျော်ဇောမင်း)နဲ့ ဖုန်းပြောရ။ ဆရာမ ရွှေကူမေနှင်းနဲ့ ဖုန်းပြောရ။ ဆရာမမိချမ်းဝေနဲ့ ဖုန်းပြောရ။ အစ်မနန်းအိအိဇာနဲ့ ဖုန်းပြောရ။ အစ်မသန်းမြင့်အောင်နဲ့ဖုန်းပြောရ။ မဇ္ဈိမလှိုင်း ကိုရဲလွင်နဲ့ ဖုန်းပြောရ။ ကဗျာဆရာ နေဘုန်းလတ်နဲ့ ဖုန်းပြောရ။ ဆရာမပန်းရိပ်ဖြူနဲ့ ဖုန်းပြောရ။ ဆရာမပန်ဒိုရာနဲ့ ဖုန်းပြောရ။ ကဗျာဆရာ မောင်ယုပိုင်နဲ့ ဖုန်းပြောရ။ ကိုဇာဂနာနဲ့ ဖုန်းပြောရ။ (မဇင်မာအောင်နဲ့ မစ်ရှီဂန်မှာ တွေ့တာ ကျန်သွားတယ်။ ။ဤကား စကားချပ်) ဒါ ကျနော့်အလွမ်းဖြေဋီကာတွေပါပဲ။ ဒီပြည်ပြေး ၁၆ နှစ်အတွင်းမှာ ပြည်ပြေးအချင်းချင်း လွမ်းတဲ့အလွမ်းတွေကလည်း ရှိပါသေးတယ်။ ပြည်ပြေးအချင်းချင်း လွမ်းတယ် ဆိုတာ တိုင်းပြည်ကို လွမ်းတာပါပဲ။ အမေရိကမဲဇာမှာ ပြည်ပြေးကြီး ဆရာမောင်စွမ်းရည်ကို ကျနော် လွမ်း။ အမေရိကမဲဇာမှာ ပြည်ပြေးကြီး ဒေါ်မာမာအေးကို ကျနော်လွမ်း။ ဒီ ၁၆ နှစ်တာ ပြည်ပြေးဘဝ၊ ဆရာမောင်စွမ်းရည်တို့၊ ဒေါ်မာမာအေးတို့နဲ့ နီးနီးကပ်ကပ် လက်ပွန်းတတီး နေခဲ့ရတဲ့အချိန်တွေဟာ အောင်ဝေးအတွက် သိပ်ကိုအဓိပ္ပာယ်ရှိခဲ့ပါတယ်။မောင်စွမ်းရည်(၁၉၃၇- )ဆရာက ၃၇ ခုဖွား။ ကျနော်က ၅၄ ခုဖွား။ ဆရာစွမ်းက ကဗျာမှာ၊ နိုင်ငံရေးမှာ ကျနော်တို့ရှေ့က ဦးဆောင်တစ်ဦးပါ။တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ ကျနော်တို့ရှေ့က ကြယ်တာရာတွေပါ။ နိုင်ငံရေးမှာ ဆရာစွမ်းတို့ခေတ်က မန်းတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုမှာ ဆရာနဲ့ နာမည်တူအနုပညာကျော်ပုဂ္ဂိုလ်တစ်ဦးက DSO ကျော်ငြိမ်းမယား ခင်နွဲ့ရီ ကျောင်းသား။ ဆရာစွမ်းက တိုးတက်တော်လှန်တဲ့ တပ်ဦးကျောင်းသား။ ဆရာစွမ်းက ၂၀၀၂ လောက်မှာ ဥရောပကနေ အမေရိက ရောက်လာတယ်။ အောင်ဝေးက ၂၀၀၈ မှာရောက်ပါတယ်။ဒေါ်မာမာအေး (၁၉၄၂- ၂၀၂၄)မမအေးက ၄၂ ခုနှစ်ဖွား ဆိုတော့ ကျနော့်ထက် ၁၂ နှစ်ကြီးပါတယ်။ ကျနော်က ဒေါ်မာမာအေးကို မမအေးလို့ပဲ ခေါ်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ကျနော်က အစ်မလို့ ခေါ်သဗျာ) မမအေးက အင်္ဂလန်ကနေ အမေရိကကို ၁၉၉၈ မှာ ရောက်တာပါ။ ၂၀၀၈ မှာအမေရိကကို ကျနော် ရောက်ရောက်ချင်း လူလွှတ်ပြီး အကူအညီပေးတာ မမအေးပါ။ ဒီတုန်းက ကျနော်က မစ်ရှီဂန်(လန်စင်းမြို့)မှာပါ။မမအေးက အင်ဒီယားနား (ဖို့တ်ဝိန်းမြို့)ပါ။ မစ်ရှီဂန် လန်စင်းနဲ့ အင်ဒီယားနား ဖို့တ်ဝိန်းတို့က အိမ်ဦးနဲ့ ကြမ်းပြင် မိုင် ၁၀၀ ကျော်ပါ။ ကား ၂ နာရီ မောင်းရတယ်။ဆရာစွမ်းက နယူးယောက်မြို့မှာ နေတယ်။ နယူးယောက်မြို့ကို အခါအားလျော်စွာ ကျနော် ရောက်ပါတယ်။ရောက်တိုင်း ဆရာ့အိမ်သွား၊ ဆရာနဲ့ အန်တီပြုံးကို ကန်တော့ပါတယ်။ ဒေါ်မာမာအေးနဲ့ကတော့ ကျနော်တို့ မိသားစု မစ်ရှီဂန်ကနေ အင်ဒီယားနားပြည်နယ်၊ အင်ဒီယားနားပုလိစ်မြို့ ပြောင်း၊ အဲဒီကနေတစ်ခါ ဖို့တ်ဝိန်း(အင်ဒီယားနားပြည်နယ်ထဲပါပဲ) ပြောင်းရွှေ့လာတော့ မမအေးနဲ့ အနေနီးကပ်နှလုံးနီးစပ် ဆိုပါတော့။ ဆရာစွမ်းက ကျန်းမာတယ်။ နေကောင်းတယ်။ လူကြီးကောင်း။ မမအေးက မကျန်းမာဘူး။ နှလုံးခွဲထားရတယ်။ ကင်ဆာ ခံစားရတယ်။ မမအေးက သူ ခံစားနေရတဲ့ ဝေဒနာတွေကို အိမ်လွမ်းစိတ်နဲ့ ကုတယ်။…

စစ်မှုထမ်း ဥပဒေ အသက်သွင်းခြင်းနဲ့ အရှုံး အမြတ်
https://ift.tt/jLQ9iql
<a href="https://blogger.googleusercontent.com/img/a/AVvXsEhU0KaEQGEkoUZKmoI43VGx62kk5PPvXOqMOVEeBCKZAUlPflbolvplt6QYqo4yb2l9ZaxHLUlB4GuyEPP1qEZuZUNES3bnghP-CpYAxHo906h4_FGMtIubd8g1-AtYp7m2JcvImH-c4xKKbvlYbgg3xzC52foeRdpR9tyoQNS5IA0k1YwdeSqV0GuCPcA">Media</a>မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၂ မြင်ကွင်း(မိုးမခ) ဧပြီ ၃၊ ၂၀၂၄
စစ်မှုထမ်း ဥပဒေ အသက်သွင်းခြင်းနဲ့ အရှုံး အမြတ်လက်ရှိ မြန်မာနိုင်ငံရဲ့ နောက်ခံပုံရိပ် ကားချပ်ဟု ဆိုပါလျှင် စစ်ပွဲများ၊ မြို့ရွာများ ပျက်စီးဆုံးရှုံးခြင်း၊ လက်နက်ကျည်ထိမှန် သေဆုံးရခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ မြို့ရွာနေသူတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ ပျက်စီး ဆုံးရှုံးရခြင်း၊ နေအိမ် မီးလောင်ပျက်စီးခြင်း၊ ဓားစာခံလုပ်ပြီး ငွေကြေးဖြင့် ရွေးယူရခြင်း၊ မြို့တွေ ရွာတွေမှ ထွက်ခွာတိမ်းရှောင်ရခြင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်၊ နေအိမ် ဆုံးရှုံးရခြင်း အစရှိတဲ့ ပုံရိပ်တွေ ဖြစ်နေတာပါ။ အဲဒီပုံရိပ်တွေအပြင် အခုတလော ထပ်တိုးလာတဲ့ ပုံရိပ်တွေက စစ်မှုထမ်း ဆင့်ခေါ်ခြင်း၊ မဲနှိုက်ခြင်း၊ အဓမ္မဖမ်းဆီး ခေါ်ဆောင်ခံရပြီး စစ်မှုထမ်းအဖြစ် စုဆောင်းခံရခြင်းနဲ့ အဲဒီအဖြစ်က လွတ်မြောက်ဖို့အတွက် ငွေကြေးတတ်နိုင်သူ အနည်းငယ်က အိမ်နီးချင်းနိုင်ငံတချို့ဆီ တရားဝင် ခိုလှုံခြင်း၊ မတတ်နိုင်သူတွေက တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းခြင်းတွေ ထပ်တိုးလာပါတယ်။ သွားရောက်ဖို့ အလွယ်ကူဆုံး ထိုင်းသံရုံးမှာ ဗီဇာလျှောက်သူတွေ ရာထောင်ချီ နေသလို၊ နယ်စပ်ကနေ ခိုးဝင်သူတွေလည်း ရာနဲ့ချီ ဖမ်းဆီးခံကြရတဲ့ သတင်းတွေကြားသိ ကြရမှာ ဖြစ်ပါတယ်။ နဂို အနေအထားနဲ့ကို ဒုက္ခဝန်တွေ ပိနေကြတဲ့အပေါ် စစ်မှုထမ်းဥပဒေ ဆိုတဲ့ ဒုက္ခထပ်ပိုးလိုက်ရာမှာ ဘယ်ဒုက္ခက ပိုဆိုးသလဲ ဘယ်ဒုက္ခက နည်းနည်းသက်သာမလဲ ဆိုတဲ့ နှိုင်းယှဥ်ကြည့်ရမယ့် အနေအထားမျိုး ရောက်ရှိသွားတာ ဖြစ်ပါတယ်။ သို့ပေမဲ့လို့ ခုရက်ပိုင်း ဝါဒဖြန့်မှုလို့ ဆိုဆို သတင်းဓာတ်ပုံအချို့မှာ မြင်တွေ့ရတဲ့ မြင်ကွင်း၊ ကြားသိရတဲ့ သတင်းတချို့မှာတော့ စစ်မှုမထမ်းမနေရ ဥပဒေက လူအများအတွက် ငရဲတမျှ ကြောက်စရာကောင်းပြီး စစ်မှုထမ်း မဲပေါက်တယ်လို့ သိရတဲ့ မိခင်တွေအဖို့ ကိုယ့်သားသမီး သေဒဏ်ကျခံရတဲ့ တရားရုံးအမိန့် ကြားသိရသလို ခံစားရတယ် ဆိုပေမယ့် အချို့သောသူတွေ အဖို့တော့ လစာရမယ့် အလုပ်အကိုင် တခုလို မှတ်ယူပြီး မိမိသဘောနဲ့ သို့မဟုတ် သူ့မိသားစုရဲ့ သဘောတူညီမှုနဲ့ ထောက်ပံ့ကြေး တစုံတရာရယူကာ စစ်မှုထမ်းဖို့ ဝင်ရောက်သွားသူတွေ ရှိနေကြတာလည်း မြေပြင်က လက်ရှိအနေအထားဖြစ်နေပါတယ်။ အချို့သော ကျေးရွာ၊ မြို့နယ်ထဲက ရပ်ကွက်တချို့မှာ ရပ်ကွက်အလိုက် ကျေးရွာအလိုက်တောင်းခံလိုက်တဲ့ လူအရေအတွက် ရသွားလို့ ရပ်ရွာအနေနဲ့ မဲနှိုက်ဖို့ မလိုတဲ့အဖြစ်တွေလည်း နေရာဒေသအချို့မှာ အမှန်တကယ် ရှိနေတယ်လို့ သိရတဲ့အခါ အံ့အားသင့်မိပါတယ်။ အဲဒီလို မိမိသဘော ဆန္ဒနဲ့ လိုက်သွားတဲ့သူ၊ ရပ်ရွာက လိုက်သွားမယ့်သူအတွက် ငွေကြေးစုပေါင်း ထည့်ဝင်မှုက ၄င်းတို့မိသားစုအတွက် ကျပ်တည်းနေတဲ့ အနေအထားကနေ သက်သာရာ ရစေလို့ စစ်မှုထမ်း ဆင့်ခေါ်ရာကို လိုက်သွားသူတွေ အရေအတွက် အတိုင်းအတာတခုထိ ရှိနေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရသလဲ ဆိုတဲ့အချက်ကို စေ့ငုကြည့်တဲ့အခါ အထက်က ဆိုခဲ့တဲ့ ရွေးချယ်မှုကို ရွေးချယ်သူတွေဟာ ဆင်းရဲမှု၊ အလုပ်အကိုင် ဝင်ငွေရလမ်း နည်းပါးပြီး ကြပ်တည်းနေတဲ့ အနေအထားမျိုးမှာ စစ်မှုထမ်းအဖြစ် ဝင်သွားခြင်းကို ဝင်ငွေရတဲ့ အလုပ်အဖြစ်သာ ရှုမြင်ခြင်းက အဓိက အချက်တချက်ဖြစ်ပြီး ဒုတိယအချက်အနေနဲ့ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ဖြစ်စဥ်တွေ၊ နိုင်ငံရေးအရ မှန်ကန်ခြင်းနဲ့ မှားယွင်းခြင်း ဆိုတဲ့ ရှုမြင်မှုတွေ နားလည် သဘောပေါက် နိုင်တဲ့ အခြေခံ နိုင်ငံရေး အသိအမြင် မရှိကြတဲ့သူတွေလည်း တစုံတရာသော အရေအတွက်ထိ ရှိနေခြင်း ဖြစ်ပါတယ်။ ဒီအချက်တွေ တကယ်လက်တွေ့ အနေအထားမှာ ရှိနေတယ် ဆိုတာကို အခု စစ်မှုထမ်းဥပဒေ စုဆောင်းတဲ့ ဖြစ်ရပ်က သက်သေခံလိုက်သလို ဖြစ်ပါတယ်။ မြန်မာ လူထုတွေအထဲက ဆင်းရဲတဲ့ အလွှာက ငွေကြေးတတ်နိုင်တဲ့ အလွှာထက် အရေအတွက်အားဖြင့် များစွာသာလွန်နိုင်ပြီး အဲဒီအလွှာထဲမှာမှ နိုင်ငံရေးအရ ဗဟုသုတမရှိတဲ့သူတွေအပေါ် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေက အမြတ်ထုတ်သွားတဲ့ သဘောလို့ ပြောရင် မှားမယ် မထင်ပါဘူး။ အခုရက်ပိုင်း တွေ့မြင်နေရဲ့ သတင်းဓာတ်ပုံတွေထဲအရ စစ်တိုင်း နယ်မြေတွေအလိုက် စစ်သားစုဆောင်းလို့ ရရှိသူတွေကို စုဝေးပြီး ဆေးစစ်တာတွေ မှတ်တမ်းယူတာတွေ လုပ်နေတာ တွေ့မြင်ရပြီး အရေအတွက် ရာထောင်ဂဏန်းနဲ့ စုဆောင်းရရှိသွားတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ ဝါဒဖြန့်တဲ့အနေနဲ့ ထုတ်ဝေနေတဲ့ ဓာတ်ပုံတွေထဲမှာတော့ စစ်ကောင်စီရဲ့ စုဆောင်းရေးဌာနတွေမှာ စစ်အရာရှိတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ကြိုနေကြတဲ့ပုံတွေ၊ အချို့မြို့တွေမှာ ညမိုးချုပ်ချိန်မှာ လုပ်ကြတဲ့ ကြိုဆိုနေရာချတဲ့ အခမ်းအနားတွေ တွေ့နေရတာ ဖြစ်ပါတယ်။ ကြိုဆိုတဲ့ စစ်ကောင်စီက စစ်အရာရှိတွေ မျက်နှာမှာတော့ စိတ်သက်သာရတဲ့ အသွင်သဏ္ဌာန်တွေ တွေ့မြင်ရပြီး…

ကိုသန်းလွင် - ဆဲလ် နှင့် ဂျင်းတို့၏ အလုပ်လုပ်ပုံ
https://ift.tt/wGEzlFg
<a href="https://blogger.googleusercontent.com/img/a/AVvXsEh_O1vBsnka9ORL3pSM9MAqVUbYwlSZKi8c_pPEF2ThG-yoDyEy3kSf1r_DoJKx1euxDOny9zuwAcToVSAU75UDRuX2lot-VW-jpS71HSS_pm1o5mwRT9nU3OaKdQwiGQeU_-o2dbNZig7ksXAcpvL3xd2ylXtxCG8bLGVIAQKxo3-heL3RmYmlx83rdUU">Media</a>ကိုသန်းလွင် - ဆဲလ် နှင့် ဂျင်းတို့၏ အလုပ်လုပ်ပုံ(မိုးမခ) ဧပြီ ၃ ၊ ၂၀၂၄
( ၁ ) ၁၈၈၉ ခုနှစ်က ပြင်သစ်ဆရာဝန် ဖရန်စွာ ဘော့ (Francois Gilbert Vault) သည် တောင်တက်ပြီး အင်ဒီးတောင်တန်းပေါ်မှ ပြန်ဆင်းလာသည်။ သူ၏ လက်မောင်းမှ သွေးကို စုပ်ထုတ်ပြီး မိုက္ကခရိုစကုပ်ဖြင့် စစ်ဆေးသောအခါ အောက်ဆီဂျင်ကို သယ်ဆောင်သည့် သွေးနီဥများသည် ၄၂ ရာခိုင်နှုန်းမျှ ပိုများပြားနေသည်ကို တွေ့ရသည်။ သူသည် ကိုယ်ခန္ဓာ၏ ဆန်းကြယ်သော သတ္တိထူးတစ်ခုကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။ ကိုယ်ခန္ဓာသည် သွေးနီဥများကို လိုအပ်နေချိန်တွင် ပို၍ထုတ်လုပ်ပေးနိုင်ပါသည်။၁၉၀၀ ပြည့်နှစ်များတွင် သိပ္ပံပညာရှင်များသည် ထိုအဖြစ်ကို ဟိုမုန်းများတွင် တာဝန်ရှိသည်ဟု ယူဆခဲ့ကြသည်။ ၎င်းတို့က ထိုဟိုမုန်းကို erythropoietin ဟု အမည်ပေးခဲ့ကြပါသည်။ ဂရိစကားဖြင့် “အနီကို ပြုလုပ်ပေးသည်” ဟု အဓိပ္ပာယ်ရပါသည်။ နောင်နှစ်ပေါင်း ၇၀ မျှ ကြာသောအခါ ထိုဟိုမုန်းကို လူ၏ ကျင်ငယ်ရေ ဂါလန် ၆၇၀ မျှကို စစ်ထုတ်ရာမှတွေ့ရှိခဲ့ကြပါသည်။(၂)နှစ်ပေါင်း ၅၀ မျှ ကြာသောအခါ အစ္စရေး ဆရာဝန်များသည် ထူခြားသော ကျောက်ကပ်၏ ဆဲလ်များသည် သွေးထဲတွင် အောက်ဆီဂျင်၏ ပါဝင်နှုန်း ကျဆင်းသွားသောအခါ ထိုဟိုမုန်းကို ပြုလုပ်ကြောင်း တွေ့ရှိခဲ့ကြပါသည်။ ထိုဆဲလ်များကို နွမ် (Norm) ဆဲလ်ဟု ခေါ်သည်။ လူတို့၏ ကံကြမ္မာကို ထိန်းချုပ်သော နတ်ဘုရား Norse ကို ရည်ညွှန်း၍ အမည်ပေးခဲ့ကြခြင်း ဖြစ်သည်။လူတို့သည် နွမ်ဆဲလ်ကို တွေ့ရှိရန် နှစ်ပေါင်း ၁၃၄ နှစ်မျှ အချိန်ယူခဲ့ရပါသည်။ သို့သော် လွန်ခဲ့သောအပတ်က ကာလီဖိုးနီးယားတွင် ကွန်ပျူတာသည် ရက်သတ္တ ၆ ပတ်နှင့် ထိုဆဲလ်ကို တွေ့ရှိခဲ့သည်။ အဖြေကို ကြိုသိထားခြင်းကြောင့်လည်းကောင်း အေအိုင် (AI Artificial Intellgence) ၏ အကူအညီပါသောကြောင့် လည်းကောင်း ထိုသို့ မြန်မြန်ဆန်ဆန် တွေ့ရှိခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ သူတို့ တွေ့ရှိခဲ့ကြပုံမှာ ဇီဝဗေဒဘာသာရပ် သင်တန်းကို ကွန်ပျူတာဖြင့် ပို့ချစဉ် မမျှော်လင့်ဘဲ တွေ့ရှိခဲ့ကြခြင်း ဖြစ်ပါသည်။ ကွန်ပျူတာတွင် ChatGPT ကဲ့သို့သော ပရိုဂရမ်များ ပါဝင်သည်။ ရိုးရိုး ကွန်ပျူတာပရိုဂရမ်ဖြစ်ပြီး ဘီလီယံပေါင်းများစွာသော ဒေတာများကို အင်တာနက်မှ ရယူ၍ run စေခြင်း ဖြစ်ပါသည်။ စတင်းဖို့ဒ်တက္ကသိုလ်မှ လေ့လာသူများက ကွန်ပျူတာကို သန်းပေါင်းများစွာသော ဆဲလ်များနှင့် ၎င်းတို့၏ Gene Makeup ကို ထည့်သွင်းထားခြင်း ဖြစ်ပါသည်။လေ့လာသူများက ကွန်ပျူတာကို တိုင်းထွာချက်များအား အဘယ်ကြောင့် ပြုလုပ်ရသည်ကို ရှင်းပြမထားပါ။ ဆဲလ်အမျိုးအစား မတူလျှင် ၎င်းတို့၏ ဘိုင်အိုလိုဂျီဆိုင်ရာ အရည်အချင်းများ မတူညီကြောင်းကိုတော့ သိထားကြပါသည်။ သူတို့ စိတ်ဝင်စားသော ဆဲလ်အမျိုးအစားများကိုလည်း မပြောပြထား၊ ဘယ်ဆဲလ်က ဘယ်လို အင်တီ ဘော်ဒီ (Antibody) များ ထုတ်လုပ်သည်ကိုလည်း ပြောပြမထားပါ။ ကွန်ပျူတာက ဆဲလ်များကို ကြည့်၍ အမျိုးအစားခွဲကြပါသည်။ တစ်ခုနှင့်တခု မတူညီပုံကို သတိထားမိကြသည်။ ကွန်ပျူတာက စမ်းသပ်မှုများ ပြီးဆုံးသွားသောအခါ ဆဲလ်အမျိုးအစားပေါင်း ၁၀၀၀ ကျော်မျှရှိပြီး ၎င်းတို့အထဲမှ တခုမှာ နွမ် ဆဲလ် ဖြစ်ပါသည်။ ကျောက်ကပ်ထဲတွင် ဤအမျိုးအစားရှိကြောင်း ကွန်ပျူတာက သိစရာအကြောင်းမရှိပါ။ကွန်ပျူတာသည် အေအိုင်ကိုသုံးသော အမျိုးအစားဖြစ်ပြီး သူ သုံးသော မိုဒယ်မှာ အခြေခံ မိုဒယ် (Foundation Model) ဖြစ်ပါသည်။ သူတို့သည် ဂျင်းများအလုပ်လုပ်ပုံနှင့် ဆဲလ်များ၏ တိုးတက်မှုကို မိမိဘာသာ ရှာဖွေကြပါသည်။ ဤနည်းဖြင့် ဆဲလ်များ၏သဘာဝကို ပိုမိုနားလည်လာပြီး ကင်ဆာရောဂါနှင့် အခြားသောရောဂါများနှင့် ပတ်သက်၍ သိရှိနိုင်ကြပါသည်။ ဆဲလ်များ တစ်မျိုးနှင့်တစ်မျိုး မည်သို့မည်ပုံ အကျိုးပြုသည်ကိုလည်း ရှာဖွေနိုင်ကြပါသည်။လူသားတို့အနေဖြင့် မိမိတို့ အသိဉာဏ်ဖြင့် ဤအကြောင်းအရာများကို ဖော်ထုတ်နိုင်လိမ့်မည်ဟု မခန့်မှန်းနိုင်ပါ။ ဘိုင်အိုလိုဂျီ၏ အခန်းကဏ္ဍအနေဖြင့် လူတို့၏ ကိုယ်ခန္ဓာအတွင်းတွင် ဂျင်းများကို အသုံးပြု၍ လူကို အသက်ရှင်အောင် မည်သို့ ပြုမူသည်ကို ရှာဖွေကြရပါမည်။ သူတို့သည် လွန်ခဲ့သော ဆယ်နှစ်ခန့်ကစ၍ ဆဲလ်တခုအတွင်း မည်ကဲ့သို့ အလုပ်လုပ်သည်ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာ၍ မှတ်တမ်းတင်ခဲ့ကြပါသည်။ ရလာသော ကက်တလောက်ကို Cell atlases ဟုခေါ်ပါသည်။ ၎င်းသည် ယခုအခါ ဘီလီယံချီသော ဒေတာများဖြင့် ပြည့်လျှံလာသည်။ဒေါက်တာသီအိူဒိုးရစ် (Dr Christina Theodoric) သည် လူတို့၏ အကြောင်း သုတေသနပြုချက် ၁၀၆ စောင်မှ နေ၍ လူတို့တွင် ပါဝင်သော ဆဲလ် သန်း ၃၀ ခန့်ကို Gene Forever ပရိုဂရမ်ကဲ့သို့ ထည့်သွင်းသည်။ ဤ မိုဒယ်မှာ ဂျင်းများသည် အမျိုးမတူသော ဆဲလ်များအတွင်း မည်သို့ ပြုမူသည်ကို မှတ်သားထားပါသည်။ ဥပမာအနေဖြင့် TEAD4 ခေါ် ဂျင်းသည်…

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မဟူရာ
https://ift.tt/56JOCFU
Mediaကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မဟူရာ(မိုးမခ) ဧပြီ ၃ ၊ ၂၀၂၄
လာဘီ လာဘီ၊ မအလအတွက် ခြောက်အိပ်မက်တွေ လာပြီ။ဘယ့်နှယ့် ပုဇင်းတပါး သုသာန်ထဲ ဆင်းသွားရတယ်လို့။ တခြား ပျက်ကျစရာနေရာ ရှားသလား။ ကြည့်အုံး ဆင်းတဲ့ သုသာန်က “မဟူရာ”တဲ့။ နက်နက်မှောင်မှောင်တွေ လာတော့မယ်ဆိုတဲ့နိမိတ်၊ ထိတ်လန့်လှုပ်တုန် ရင်ခုန်သံဘိချက် သွက်နေပြီဟုတ်။လေဘီလူးတို့ အဲလေ လေသရဲတို့၊ မထူးပါဘူး ဘီလူးနဲ့သရဲပူးထားတဲ့ကောင်တွေဘဲ။ အဲတော့ နှစ်ခုပေါင်းရင် သရေကြိုးသား မေရိုးများပေါ့လေ။ ကိုင်း-သရေကြိုးသား မေရိုးများတို့၊ ဒီနေ့ကစလို့ မင်းတို့အလှည့် မင်းတို့ရဲ့ ချစ်လှစွာသော မိသားစုအလှည့် စပြီလို့မှတ်ပေတော့။ မင်းတို့ သတ်ခဲ့တဲ့ ကလေးပေါင်း၊ အလောင်းမပီတော့တဲ့ကလေးပေါင်း၊ အသားစတွေ ဖြစ်နေတဲ့ ကလေးပေါင်း၊ မင်းတို့ သတ်ခဲ့တဲ့ လူအပေါင်းရဲ့ ငိုကြွေးသံတွေနဲ့ သွန်းလောင်းထားတဲ့ မောင်းသံတွေ မင်းတို့ ကြားရတော့မှာ။သရေကြိုးသား မေရိုးများတို့၊ မင်းတို့ ဖြိုခဲ့တဲ့ အိမ်ပေါင်း ဘယ်လောက်ရှိပလဲ။ မင်းတို့အိုးအိမ် မင်းတို့စည်းစိမ် ဘယ်မှာ ဖွက်ထားမလဲ။ မင်းတို့တသက်လုံး မြေတွင်းပုန်းကြမလား။ မင်းတို့သားမယား ဘယ်မှာထားမလဲ။ လေယဉ်လေးနဲ့ ပျံထွက်သွားလို့ရလား။ မင်းတို့အတွက် မင်းအောင်လှိုင်က ဂြိုဟ်တဂြိုဟ်ဝယ်ပေးထားလား။ မင်းတို့က စစ်ကျွန်နင်းပြား ခိုင်းနွားသက်သက်။ ကြိမ်တို့ရင်ပြေး၊ နဖားကြိုးဆွဲတဲ့ဘက်ကွေ့၊ မင်းတို့က လေနွားဆိုတော့ ကျွေးတဲ့ထဲ နှမ်းဖတ်တော့ ပိုပါမှာပေါ့။သရေကြိုးသား မေရိုးများတို့၊ မင်းတို့ကြဲချခဲ့တဲ့ဗုံးပေါင်းသောင်းချီဒဏ် ခံရသူတွေ မင်းတို့ဆီ လာပြီ။ တလှမ်းချင်း တလှမ်းခြင်း မင်းတို့အိမ်ဆီ ငရဲတွေဖြတ်ပြီး မီးဟုန်းဟုန်းတောက်အပြုံးတွေနဲ့ မင်းတို့မိသားစုတည့်တည့် လာပြီ။သရေကြိုးသား မေရိုးများတို့၊ မင်းတို့ဟာ တတိုင်းပြည်လုံးရဲ့ အမုန်းဆုံးကောင်တွေ၊ တိုင်းရင်းသားအားလုံးရဲ့ အဆုံးမရှိ ရန်သူတွေ၊ ဘယ်မြေနေနေ ဘယ်ရေရောက်ရောက် ဘယ်လိုဖျောက်ဖျောက် မင်းတို့ မိသားစုနောက် လိုက်လာမှာ။ ဒီတော်လှန်ရေးက စစ်တပ်ရှိသ၍ဘဲ။ လေပေါ်ကနေ ဗုံးကြဲပြီး ပြုံးဖြဲဖြဲ လုပ်နေလို့ ရမယ် ထင်ရင်တော့လား၊ သားနဲ့မယားနဲ့ တဟားဟား လုပ်နေလို့ ရမယ်ထင်ရင်တော့လား။ အပေါင်းနဲ့အသင်းနဲ့ တဟင်းဟင်း လုပ်နေလို့ ရမယ် ထင်ရင်တော့လား။သရေကြိုးသား မေရိုးများတို့။

ကောင်းဇေလူ - တစိတ်၀မ်း တလက်ညီ ပြည်ရေးကို ပြိုင်တူချီသင့်ကြပေပြီ
https://ift.tt/16beWl5
<a href="https://blogger.googleusercontent.com/img/a/AVvXsEjeabLjMZSU30fSKZawQ5LsY61F_O6rlPbj-cMwZpxWJLA1EDNdEV2-rH1gtTAoQIS7yxgXT4d8OgyHDg1A2bJhpeHET5iegksCcbP6svNm2H_9VxkwMN_kC34Tv-x9MkTWujvmV7Hf1DEAOAT2L_q3rvz0F7qNqFegfKejvuX3xDBunc_3R6z5inDlPO0">Media</a>ကောင်းဇေလူ - တစိတ်၀မ်း တလက်ညီ ပြည်ရေးကို ပြိုင်တူချီသင့်ကြပေပြီ(မိုးမခ) ဧပြီ ၄ ၊ ၂၀၂၄
ယခု ၂၀၂၄ ဧပြီ ၂ ရက်/၃ ရက်တွင် မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေတဲ့ တရုတ်နိုင်ငံဘက် အခြမ်း၌ ခဲယမ်းကျည်အစစ် အသုံးပြု၍ စစ်ရေးလေ့ကျင့်မှုတခု တရုတ်နိုင်ငံဘက်က လုပ်ဆောင်နေကြောင်း သတင်းများအရ သိရသည်။ ၂၀၂၃ အောက်တိုဘာလ ၂၇ မှ စတင်၍ ၂၀၂၄ ဇန်နဝါရီလ လယ်အထိ ဆင်နွှဲခဲ့သော မြောက်ပိုင်းညီနောင် လက်နက်ကိုင် ၃ ဖွဲ့၏ ဟန်ချက်ညီ စစ်ဆင်ရေးကြောင့် အထိနာခဲ့သည့် ဖက်ဆစ်စစ်ကောင်စီသည် တရုတ်နိုင်ငံအား ခြေသလုံးဖက် တောင်းပန်ကာ ကြားဝင် ညှိနှိုင်းပေးရန် ပန်ကြားခဲ့ရသည်။ တရုတ်၏ ကြား၀င် စေ့စပ်မှုကြောင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် “ဟိုင်ဂင် သဘောတူညီချက်” အရ အပစ်ရပ်သဘောတူခဲ့ကြသည်။ သို့တိုင်အောင် ဖက်ဆစ်စကစတပ်များအနေဖြင့် နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့်တရုတ်နိုင်ငံနယ်စပ်ဒေသ လိုင်ဇာ၊ လွယ်ဂျယ် ဒေသများတွင် KIA၏ ထိုးစစ်ကို ရင်ဆိုင်ခဲ့ရပြန်သည်။ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျှောက်ရှိ စကစ စစ်စခန်းများကို KIA က ဆက်တိုက် တိုက်ခိုက်သိမ်းယူနေချိန်တွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အာရှရေးရာ အထူးကိုယ်စားလှယ် နေပြည်တော်သို့ ရောက်လာကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။KIA သည် မတ်လ (၇)ရက်က စတင်၍ ကချင်ပြည်နယ် လိုင်ဇာသို့ သွားရာလမ်းကြောင်းပေါ်ရှိ စစ်ကောင်စီ၏ စခန်းကြီးငယ်များနှင့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက်ရှိ စစ်စခန်းများ၊ ဖားကန့်ကျောက်စိမ်းဒေသနှင့် ဆက်သွယ်ထားသော လမ်းကြောင်းတလျောက်ရှိ ကျေးရွာအချို့ မှ စခန်းများကို တိုက်ခိုက်သိမ်းယူနေသည်ကို တွေ့ရသည်။ စစ်ကောင်စီ အနေဖြင့် လေကြောင်းတိုက်ခိုက်မှုကို အဓိကအားထားခဲ့သော်လည်း မြေပြင်၌ တပ်ကူ မပို့နိုင်ကြောင်း တွေ့ရသည်။ သို့ဖြင့် စကစ၏ စစ်စခန်းများ တခုပြီး တခု အချိန်တိုအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ မကြာသေးမီ ရက်အနည်းငယ်က တပ်မ (၈၈)၏ တပ်မမှူးကိုယ်တိုင်လည်း အဆိုပါ တိုက်ပွဲအတွင်း သေဆုံးခဲ့ရသည်ဟု သိရသည်။ ပိုဆိုးသည်မှာ စကစ၏ လေကြောင်းတိုက်ခိုက်မှု အမှားအယွင်းကြောင့် (၈၈)တပ်မှူး ထိခိုက်သေဆုံးရကြောင်း KIA ဘက်မှ အတည်ပြုခဲ့သည်။တချိန်တည်းတွင် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၌လည်း စကစတပ်များ ထိခိုက်ဆုံးရှုံးမှုကြီးမားနေပြီး စစ်စခန်းအများအပြား လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ကရင်ပြည်နယ်တွင်လည်း မွန်ပြည်သစ်ခွဲထွက်အဖွဲ့၊ ကေအန်ယူတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး နယ်မြေ နှင့် စခန်းအချို့ ကို လက်လွှတ်ဆုံးရှုံးနေရသည်ဟု သတင်းများအရ သိရသည်။ လက်ရှိအခင်းအကျင်းအရ စစ်ကောင်စီသည် ကချင်ပြည်နယ်ရှိ မြန်မာ-တရုတ်နယ်စပ် နဲ့ထိစပ်နေသောနေရာများတွင်သာ အပြင်းအထန် ခုခံတိုက်နေရခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ အနောက်ပိုင်း၊ တောင်ပိုင်း၊ ရှမ်းတောင်၊ မွန်၊ ကရင် အစရှိသည့် ဒေသများတွင်လည်း စစ်မျက်နှာများ တပြိုင်နက်တည်း ဖွင့်၍ တိုက်ခိုက်နေရခြင်းဖြစ်သည်။ယင်းကဲ့သို့သော အခြေအနေမျိုး၌ တရုတ်-မြန်မာနယ်စပ် တိုက်ပွဲများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းရေး အကူအညီကို ရယူရန် တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် Deng Xijunနေ ပြည်တော်သို့ ရောက်လာခြင်းလားဆိုသည့် ခန့်မှန်းချက်အချို့လည်း ရှိနေသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Mr Deng Xijing သည် ၂၀၂၂ ၊ ၂၀၂၃ ခုနှစ် အတွင်းမြန်မာနိုင်ငံကို ၃ ကြိမ် လာရောက်ခဲ့သည်။ စစ်ကောင်စီအကြီးအကဲနှင့် တွေ့ဆုံခဲ့သလို တရုတ်−မြန်မာ နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း တွေ့ဆုံမှုများ ရှိခဲ့သည်။ KIA သည် တရုတ်နိုင်ငံ၏ သြဇာထီးရိပ်နှင့် လုံး၀ ကင်းရှင်းဖွယ်ရာ မရှိနှိုင်သဖြင့် တရုတ်က အပစ်ရပ်ရေး ပြောလာခဲ့လျှင် မည်သို့ တုန့်ပြန်မည်နည်းဟု စောင့်ကြည့်နေကြသည်။ ထို့အပြင် တရုတ်နိုင်ငံက စစ်ကောင်စီနှင့် မည်သည့်အတိုင်းအတာအထိ အကျိုးစီးပွား အပေးအယူ ရှိနေဆဲ ဖြစ်သလဲဆိုသောမေးခွန်းလည်း ရှိနေသ။အခြားတဖက်တွင် ၂၀၂၃ ဒီဇင်ဘာ ၁၂ ရက်နေ့ ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရေးသည် ရပ်တန့်သွားမည်မဟုတ်ဟု ဆိုထားသည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်ဆင်နွှဲသွားမည်ဟု ညီနောင်သုံးဖွဲ့က ကြေညာပြောဆိုထားသည်။ စစ်အာဏာရှင်စနစ် ၏ လူမဆန်သည့် ဖိနှိပ်မှုဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ကြရသော မြန်မာပြည်သူတရပ်လုံး၏ နိုင်ငံရေးရည်မှန်းချက်ကို ညီနောင် ၃ ဖွဲ့ အနေဖြင့် လျစ်လျူရှု နောက်ပြန်လှည့်သွားမည် မဟုတ်ကြောင်း၊ လတ်တလော သတင်းတချို့ကြောင့် မြန်မာပြည်သူ တရပ်လုံး စိုးရိမ်ပူပန်နေသည်ကို သိရှိပါကြောင်း၊ တော်လှန်ရေးဆင်နွှဲမှု ရပ်တန့်သွားရန်…

တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုနဲ့ မြန်မာ့ဒီမိုကရေစီအရေး
https://ift.tt/YRef52N
<a href="https://blogger.googleusercontent.com/img/a/AVvXsEgVEmuTGDk040Kjwp8rAcD6Toz9cHCLIJWzzsxYCm2k7aPHku79CcozWqL1rftjXzhhdcDOAGgddPVHy6DZvvB98QWIzsh45ZRYNihl0IZ_cNOHcYh2DY-R6kF_ono12aUqFs6B92RpzinsVCQApyW17hSJxc8OFsRPqYL8Lg1DSzhYj3k7IIBUgJto47E">Media</a>မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၃ မြင်ကွင်း(မိုးမခ) ဧပြီ ၄၊ ၂၀၂၄
တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုနဲ့ မြန်မာ့ဒီမိုကရေစီအရေး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စတွေမှာ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက သြဇာလွှမ်းမိုးတယ်၊ စွက်ဖက်တယ်ဆိုတဲ့ ကိစ္စရပ်တွေက လတ်တလော မြောက်ပိုင်းညီနောင် လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီအကြား အပစ်ရပ်ဆွေးနွေးပွဲ လုပ်ဖို့ ဖိအားပေးတာ၊ ကျားဖြန့် ကိစ္စရပ်တွေ ဖမ်းဆီးအရေးယူဖို့ တရုတ်နိုင်ငံက ဖိအားပေးတာတွေမှာ တွေ့နေရတာကြောင့် တရုတ်နိုင်ငံအပေါ် မနှစ်မြို့တဲ့ အမြင်တွေ၊ မကျေနပ်တဲ့အမြင်တွေ ရှိနေကြတာ ဖြစ်ပါတယ်။ ယခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေ အရဆို တရုတ်နိုင်ငံက သတင်းပေးမှုကြောင့် ကျားဖြန့်ကိစ္စတွေမှာ လာဘ်ယူပြီး အကာအကွယ်ပေးခဲ့တယ်လို့ ယူဆရတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေး ဒုဝန်ကြီးတာဝန်ယူထားတဲ့ ဗိုလ်ချုပ်တဦးကိုတောင် စစ်ကောင်စီက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေရတဲ့ အနေအထားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း လောက်ကိုင်မှာ ဖမ်းဆီးပြီး တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးခဲ့တဲ့ ကိုးကန့်နယ်က ယခင်အုပ်ချုပ်ရေး၊ စစ်ရေး တာဝန်ယူခဲ့သူတွေ၊ လုပ်ငန်းရှင်ကြီးတွေရဲ့ ထွက်ဆိုမှု ဖော်ထုတ်မှုတွေအရ စစ်ကောင်စီရဲ့ အတွင်းစည်းထဲက ကာကွယ်ရေး ဒုဝန်ကြီး အဆင့်ထိ စစ်ကောင်စီအနေနဲ့ စုံစမ်းစစ်ဆေးရတဲ့ အနေအထား ရောက်လာတာကို ကြည့်ရင် တရုတ်နိုင်ငံဟာ မြန်မာစစ်ကောင်စီကို အနိုင်ဖဲကိုင်ထားတဲ့ သဘော၊ စစ်ကောင်စီအဖို့ ကဲဘိနက် အဖွဲ့ဝင်လည်းဖြစ်၊ စစ်တပ်က ဗိုလ်ချုပ်လည်းဖြစ်သူတွေအထိ တရုတ်နိုင်ငံရဲ့ ဖိအားနဲ့ အရေးယူရမယ့် အနေအထားရောက်ရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ အချို့က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတာကို တရုတ်နိုင်ငံက အားပေးခဲ့တာလို့ စွပ်စွဲကြပေမယ့် တရုတ်နိုင်ငံနဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၁ နဲ့ ၂၀၂၀ ခုနှစ်တွေအကြား နှီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့တာမတွေ့ရပါဘူး။ မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေအပေါ် သြဇာရှိတဲ့ အချက်ကြောင့် မြန်မာစစ်တပ်ဟာ တရုတ်နဲ့ ဆက်ဆံရေးမှာ အကွာအဝေးတခုထား ဆက်ဆံခဲ့တဲ့ သဘောရှိပါတယ်။ ဒီမြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေ လက်နက်ဘယ်က ရသလဲဆိုတဲ့အချက်အပေါ်မှာ မြန်မာစစ်တပ်က တရုတ်နိုင်ငံအပေါ် ဘဝင်မကျတဲ့ သဘောမျိုးတွေ့ခဲ့ရပါတယ်။ အချို့သော သတင်းစာရှင်းလင်းပွဲတွေမှာ ဒီအချက်ကို နာမည်မတပ်ပေမယ့် တရုတ်နိုင်ငံဆိုတာကို ထင်ရှားအောင် သွယ်ဝိုက်ပြောဆိုချက်တွေရှိခဲ့တာပါ။ ဒီလို တရုတ်နိုင်ငံကို မှီခိုတာမဖြစ်ရအောင် ကမ္ဘာ့အင်အားကြီးနိုင်ငံတနိုင်ငံ ဖြစ်တဲ့ ရုရှားကို မြန်မာစစ်တပ်က ပိုပြီး ရင်းနှီးမှုရဖို့ ကြိုးစားခဲ့သလို ရုရှားရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စစ်ရေး ကျွမ်းကျင်မှုနဲ့ နည်းပညာအကူအညီတွေ၊ စစ်လက်နက်ပစ္စည်း၊ စစ်လေယာဥ် စတာတွေ ဝယ်ယူ၊ ဆက်ဆံခဲ့ပြီး တရုတ်နိုင်ငံဆီက စစ်ရေးနဲ့ ပတ်သက်လို့ ဆက်ဆံမှု နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး မပျက်ဆက်ဆံနေခဲ့ပေမယ့် စစ်ကောင်စီရဲ့ မဟာဗျူဟာမြောက် မဟာမိတ်နိုင်ငံတွေထဲ ရုရှားကို ပိုမိုအားကိုးလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ်အနေနဲ့ နိုင်ငံတကာ သံတမန်ရေး အကူအညီမှာလည်း တရုတ်ထက် ရုရှားကို ပိုပြီးအားထားခဲ့တာ ထင်ရှားစွာတွေ့ရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံကိုတော့ ကင်းကင်းနေလို့မရတဲ့ အင်အားကြီး နိုင်ငံဖြစ်တယ်ဆိုတာကို စစ်ကောင်စီ အနေနဲ့ သိထားပေမယ့်လည်း ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ကြီးထွားလာတဲ့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ “ကျားဖြန့်” လုပ်ငန်းတွေလိုမျိုးအတွက် တရုတ်နိုင်ငံက ဒီလောက်ထိ နိုင်ငံရေး စစ်ရေးဖြစ်ရပ်တွေမှာ နောက်ကွယ်က ဖိအားပေး စွက်ဖက်လိမ့်မယ်လို့ မျှော်လင့်ထားပုံ မရပါဘူး။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး လအနည်းငယ်အတွင်း နယ်မြေအများအပြားနဲ့ စစ်စခန်းတွေ အထိုင်တပ်ရင်း၊ စကခ၊ ဒကစ ဌာနချုပ်တွေအထိ လျင်မြန်စွာဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေ ကြုံရတဲ့အခါမှသာ စစ်ကောင်စီ အနေနဲ့ တရုတ်နိုင်ငံရဲ့ အင်အား၊ အရေးပါမှုကို လက်တွေ့ကြုံရတဲ့အခြေအနေကနေ သဘောပေါက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးအရ နယ်မြေ တခုပြီးတခု စခန်းတခုပြီးတခု မြို့တမြို့ပြီးတမြို့ လက်လွှတ်ဆုံးရှုံးနေတဲ့ အခြေအနေကို ရပ်တန့်နိုင်စွမ်းရှိတာ တရုတ်နိုင်ငံပဲ ရှိတဲ့ အချက်ကို စစ်ကောင်စီက ခါးသီးတဲ့ အမှန်တရားအဖြစ် လက်ခံခဲ့ရပြီး တရုတ်နိုင်ငံရဲ့ အကူအညီ အပေးအယူ လုပ်ဖို့ ဆုံးဖြတ်ခဲ့ပုံပေါ်ပါတယ်။ ဒါကြောင့် အခုနောက်ဆုံး ဖြစ်ရပ်တွေ ဖြစ်တဲ့ ကာကွယ်ရေး ဒုဝန်ကြီးလို အစိုးရအဖွဲ့ဝင် တယောက်ကို စုံစမ်းမေးမြန်းတဲ့ အနေအထားထိ တရုတ်နိုင်ငံရဲ့ ဆန္ဒ၊ သဘောထားကို…

ကျော်မင်းထွန်း(NEW YORK) - ၂၀၂၄ သင်္ကြန်
https://ift.tt/6PAUY1w
Media"We Can Do It!"2022, Artist Than Htay Maung
၂၀၂၄ သင်္ကြန်ကျော်မင်းထွန်း(NEW YORK)(မိုးမခ) ဧပြီ ၅၊ ၂၀၂၄
သိကြားမင်းဆင်းတာ၊ မဆင်းတာ အရေးမကြီးဘူးစိတ်ဓာတ်တွေ မကျဆင်းဖို့ပဲ အရေးကြီးတယ်။
ပိတောက်က ရနံ့တောင် မသင်းသေးဘူးယမ်းနံ့၊ မီးခိုးနံ့က တပြည်လုံးသင်းနေပြီ။
သင်္ကြန်မိုး ရွာမရွာ မသေချာဘူးဗုံးမိုးကတော့ အခါခါရွာပြီးပြီ။
သင်္ကြန်တွင်း ဥပုသ်သီလ မဆောက်တည်နိုင်ဘူးဆောက်ထားတဲ့ဘုန်းကြီးကျောင်းက ပြာပုံထဲမှာ။
ကလေးတွေခမျာ ရေသေနတ်နဲ့ ရေမကစားနိုင်ဘူးလူကြီးတွေက ကျည်သေနတ်နဲ့ အသေသတ်နေတယ်။
အတာသင်္ကြန်လို့ပဲပြောပြော မဟာသင်္ကြန်လို့ပဲခေါ်ခေါ်ရေကစားတဲ့ပွဲတော်မှာ ရေပက်ခံရဖို့ထက်သွေးနဲ့ပက်တာ မခံရဖို့က အဓိကပဲ။
မြနန္ဒာသီချင်းနဲ့ မန်းတောင်ရိပ် ခိုမခိုတော့ မသိဘူး(၃၅)နှစ်အောက်တွေတော့ ပီဒီအက်ဖ်အရိပ် ခိုကုန်ပြီ။ ။
April 1st, 2024-Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar

နေပြည်တော် စစ်ရုံးနဲ့ လေယာဥ်ကွင်း ဒရုန်းနဲ့ တိုက်ခိုက်
https://ift.tt/cgDsCmF
<a href="https://blogger.googleusercontent.com/img/a/AVvXsEiIscv9ZUcSVEUVyfuMQeaqLuPftHDq2fRs2WqIgFHcivukG1im5-e6Q5Zxyk-yV7yZkQNogMNLNmSUlEaeVhl-baN2heiPtzkXDvxTL7uUcaSI9a_wcT_S_5vgMMTfktcxSKa7ZCV-yD8uNlad3l3kq9uBoJBuP_7SKkkTsTHbrOIScaC6rJv3c9NmSwc">Media</a>မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၄ မြင်ကွင်း(မိုးမခ) ဧပြီ ၅၊ ၂၀၂၄
နေပြည်တော် စစ်ရုံးနဲ့ လေယာဥ်ကွင်း ဒရုန်းနဲ့ တိုက်ခိုက်ဧပြီလ ၄ ရက်နေ့ နံနက် ၁၀ နာရီကျော် အချိန်မှာ နေပြည်တော် ဇေယျာသီရိမြို့နယ်ထဲက စစ်ရုံးတည်ရှိတဲ့ နေရာနဲ့ အေလာလေယာဥ်ကွင်း တို့ကို NUG လက်အောက် မှာရှိတဲ့ PDF အဖွဲ့တွေက ဒရုန်း အစင်းရေ ၃၀ နီးပါး နဲ့ တိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဘက်က အရင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ညနေပိုင်းမှာတော့ စစ်ကောင်စီဘက်ကလည်း ဒရုန်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်လေတပ်က ရန်သူ အမေရိကန် ရေတပ်စစ်သင်္ဘောတွေကို လေယာဥ်နဲ့ အသေခံ ထိုးစိုက်ဆင်းပြီး ဖောက်ခွဲဖျက်ဆီး ခဲ့တဲ့ လေယာဥ်တွေကို ကာမိကာဇဲ (မြန်မာဘာသာနဲ့ “နတ်ဘုရားရဲ့ လေ” လို့ အဓိပ္ပါယ်ရ) လို့ ခေါ်ဝေါ်ခဲ့ပြီး ယခု လူမပါတဲ့ ဖောက်ခွဲရေး လေယာဥ်ငယ်တွေ ထဲက ဗုံးချပြီး ပြန်မလာပဲ အဆုံးခံဖောက်ခွဲတဲ့ ဒရုန်းအချို့ကိုလည်း ကာမိကာဇဲ လို့ အမည်ပေးထားတဲ့ သဘောဖြစ်ပါတယ်။ အထူးသဖြင့် ယူကရိန်းစစ်ပွဲမှာ အီရန်နိုင်ငံက ထုတ်တဲ့ ကာမိကာဇဲ ဒရုန်းတွေကို ရုရှားစစ်တပ်က အသုံးပြုနေတဲ့ သတင်းတွေ ဖေါ်ပြကြတာတွေ့ရပါတယ်။ အခု ရှားထူးဝေါ် နည်းပညာ တပ်ဖွဲ့ရဲ့ အောက်က Kloud Wing တပ်ခွဲနဲ့ အခြားတပ်ခွဲ တခုတို့က ခုလို နေပြည်တော်က အရေးကြီးတဲ့ ပစ်မှတ် ၂ခုကို ဒရုန်းနဲ့ တိုက်ခိုက်ဖို့ တာဝန်ယူခဲ့ကြတာ ဖြစ်ပါတယ်။ သတင်းဓါတ်ပုံတွေမှာတော့ လက်လုပ် ဒရုန်းတွေကို တွေ့ရပြီး တိုက်ခိုက်တဲ့ PDF အဖွဲ့ဘက်ကတော့ ၂၉ စင်းလို့ ဆိုပြီး စစ်ကောင်စီဘက်ကတော့ အရေအတွက်ကို ၁၃ စီးသာ ဖေါ်ပြထားခဲ့တာ ဖြစ်ပါတယ်။ အေလာ လေယာဥ်ကွင်း လေယာဥ်ပြေးလမ်း အနီးမှာ ပစ်ချထားတဲ့ ဒရုန်း လေယာဥ်တွေနဲ့ ပေါက်ကွဲ ပျက်စီးထားတဲ့ ဒရုန်းလေယာဥ်တွေကိုသာ စစ်ကောင်စီဘက်က သတင်းဓါတ်ပုံ ထုတ်ပြန်ခဲ့ပြီး စစ်ရုံးချုပ် ဘက်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို စစ်ကောင်စီဘက်က ထုတ်ဖေါ်ပြောဆိုတာ မတွေ့ရပါဘူး။ သတင်းဌာနတွေ ဖြစ်တဲ့ ဘီဘီစီနဲ့ လွတ်လပ်တဲ့ အာရှအသံ မြန်မာပိုင်းအစီအစဥ်တို့ကတော့ နေပြည်တော် အေလာလေယာဥ်ကွင်း ခေတ္တပိတ်ထားတဲ့ အခြေအနေနဲ့ လေယာဥ်ကွင်းကို လုံခြုံရေး တိုးချထားတယ်လို့ ဖေါ်ပြထားပြီး အနီးအနားမှာ နေထိုင်သူတွေ အနေနဲ့တော့ ထူးထူးခြားခြား ပေါက်ကွဲမှု အသံ၊ မီးလောင်ပျက်စီးမှုတွေ မသိရှိရဘူးလို့ ဖေါ်ြပကြပါတယ်။ စစ်ရုံးဘက် အခြေအနေနဲ့ ပတ်သက်လို့တော့ သတင်းဌာနတွေက ထိခိုက်မှု ရှိမရှိ သီးခြားသတင်းအချက်အလက် မရရှိကြလို့ ဖေါ်ပြထားခြင်း မရှိကြပါဘူး။ စစ်ကောင်စီဘက်ကတော့ စစ်ရုံးချုပ်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဇေယျာသီရိ မြို့နယ်ဘက်ကို ပျံသန်းလာတဲ့ ဒရုန်းတွေကို ပစ်ချနိုင်ခဲ့တယ်လို့သာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနကတော့ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးဖြစ်သူ ဦးရည်မွန်က ဒရုန်းတွေမှာ ပါရှိတဲ့ယမ်းရဲ့ ပေါက်ကွဲအားက ၁၀၇ မမ ထက်ပိုပြင်းတယ်လို့ ဆိုပါတယ်။ နေပြည်တော် နဲ့ ထိစပ်နေတဲ့ မြို့နယ်ဒေသအချို့ဟာ အရှေ့ဘက် ရိုးမနဲ့ ထိစပ်နေတဲ့ဒေသတွေ ဖြစ်သလို လတ်တလော လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်ရဲ့ မြောက်ဘက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ ကရင်နီပြည် ဒေသတွေနဲ့ ထိစပ်နေတဲ့ ဒေသတွေ ဖြစ်လို့ အခုလို နေပြည်တော်ကို ထိုးဖောက်ဝင်ရောက်ပြီး မျှော်လင့်မထားတဲ့ တိုက်ခိုက်မှုမျိုးတွေ လုပ်ဆောင်နိုင်တဲ့ အနေအထား ရှိတာဖြစ်ပါတယ်။ သို့ပေမယ့် ဗျူဟာမြောက် ထိုးစစ်လိုမျိုး၊ နေရာယူစစ်လိုမျိုးတော့ လုပ်နိုင်သေးတဲ့ အခြေအနေမဟုတ်သေးတာ တွေ့ရမှာပါ။ ပြောက်ကျား အနေနဲ့ တိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာမျိုးနဲ့ ရန်သူ စစ်ကောင်စီကို စိတ်ဓါတ်ရေးအရ အနိုင်ယူနိုင်တဲ့ သဘောမျိုးလို့ ကောက်ချက်ချနိုင်ပါတယ်။ PDF တွေ မရောက်နိုင်ဘူး၊ အန္တရာယ်မပေးနိုင်ဘူးလို့ ယူဆထားတဲ့ နေပြည်တော် ရဲ့ အချက်အချာကျတဲ့နေရာကို ဒရုန်းနဲ့ တိုက်ခိုက်ဖို့ လုပ်ဆောင်နိုင်ခြင်းက စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေကို စိတ်ဓါတ်ရေးအရ အားတက်စရာ ဖြစ်စေတာပါ။ စစ်ကောင်စီ အနေနဲ့တော့ နေပြည်တော် လုံခြုံရေးကို အခုထက်ပိုပြီး တင်းကြပ်အောင် လုပ်ဆောင်ကောင်း လုပ်ဆောင်လာနိုင်ပါတယ်။ သို့သော် နည်းပညာ ခေတ်မှာ လူကိုယ်တိုင် ရောက်စရာမလိုပဲ နေရာ အတိအကျကို ရောက်အောင် ဖေါက်ခွဲနိုင်တဲ့ ဒရုန်းလို ပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့်သုံးလာနိုင်တဲ့ အနေအထားမှာ ဒါကို အကြားအလပ်မရှိ ကာကွယ်နိုင်တဲ့ နည်းပညာတွေ ပစ္စည်းတွေက ပိုခက်ခဲ ကုန်ကျစရိတ်များပြီး ၁၀၀ ရာနှုန်းအာမခံချက် မရှိတဲ့အနေအထားလည်း ဖြစ်ပါတယ်။ အခုလို နေပြည်တော်ကို…

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နွေဦးဂီတ
https://ift.tt/PCacAH9
Mediaကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နွေဦးဂီတ(မိုးမခ) ဧပြီ ၅ ၊ ၂၀၂၄
တပေါင်း နွေအကူးမှာ အကြောင်းတွေ ထူးချေပြီတမုံ့။ဤနွေ၌ နေပူတော်သည် အခြားအရပ်တို့ထက် ပူလေပြီ၊ ငနာပုတ် မသာချုပ်ကြီး မိန့်သလို သူ့အဒေါ် အန်တီညိုကြောင့်မဟုတ်မူဘဲ ရှာထူးဝေါ်၏ အပြုံးဒရုန်းမိုးတွေ သွန်းဖြိုးဝေမည်ဖြစ်သောကြောင့်ပေတည်း။ ကာမီကာဇေဒရုန်းများသည် ငါးမန်းသွားကို လဖြဲတည်းဟူသောအပြုံးဖြင့် မျောက်မင်းအူသံ သံပြိုင်ဆို၍ မရဏတေးကို သီကြွေးရင်း နေပြည်တော်တွင်း ဆင်းသက်လာကြလေပြီတကား။သူသတ်သမား ပါးကွက်သားတို့ အကြောက်ရွံ့ဆုံးအလုပ်မှာ ကိုယ့်ခန္ဓာကို မရဏာနုဿတိကမ္မဌာန်း စီးဖြန်းသည့်ကိစ္စ ဖြစ်ပေချေသည်။ အထူးသဖြင့် ကိုယ်မသေခင် ကိုယ့်မိသားစုဝင်များ၏ဒက်ဘော်ဒီကို ကိုယ့်မျက်စိဖြင့် စိမ်းစိမ်းတည့်တည့်ကြည့်မူ၍ ငါလည်း အချိန်မရွေး ဤကဲ့သို့ သို့တည်းမဟုတ် ဤ့ထက်ဆိုးသော သေခြင်းဖြင့် သေနိုင်သည်ဟု မရဏလက္ခဏာတင် ဆင်ခြင်ပွါးများရမည်ကို အကြောက်ဆုံးပင်။ နှစ် ၇၀ ကျော်မျှ ပြည်သူအပေါ် ရက်စက်ဆိုးသွမ်းရမ်းကား ထောင်သွင်းနှိပ်စက် ညှဉ်းပန်းသတ်ဖြတ် မြို့ ရွာ မီးတိုက် လူမုဒိမ်းကျင့် ပစ္စည်းခိုးဆိုးလုယက် ဖျက်ဆီး စိတ်ထဲရှိသလောက်ဆိုးယုတ်မှုကို လူထုနဲ့ တိုင်းပြည်အပေါ် အိပ်သွန်ဖာမှောက် အဆုံးစွန်ပြုကျင့်မှုတို့၏ နိဂုံးကား ရောက်ချေပြီ။ ငုံ့ခံခြင်း၊ သည်းခံခြင်း၊ ဖြစ်သမျှအကြောင်း အကောင်းဟု စိတ်ဖြေခြင်း အတိတ်ကံဟု စိတ်အကြံကို ပိတ်ဆို့ခြင်း အားမတန်ဟု မာန်လျှော့ခြင်းတို့ အလျှင်းကွယ်ပျောက် ဂျင်နရေးရှင်းဇက်တို့ခေတ်ရောက်ချိန်တွင် သေနတ်ကိုင်ခွင့်သည် လူတိုင်း၌ ရှိကြောင်း၊ ကိုယ့်အသက်ကို သတ်လျှင် သူ့အသက်ကို ပြန်သတ်ရသည်မှာ မခက်ကြောင်း၊ သက်ဦးဆံပိုင် သေနတ်ကိုင်တို့ခေတ်သည် ကျန်ရစ်ပြီ ဖြစ်ကြောင်း၊ နိုင်ငံအုပ်ချုပ်စီမံခွင့်ကို လူထုက ကြည်ကြည်ဖြူဖြူ မအပ်နှင်းလျှင် အုပ်ချုပ်၍ မရနိုင်ကြောင်း၊ ကျူးလွန်ခဲ့သမျှ ပြန်ခံရမည်၊ ခိုးယူခဲ့သမျှ ပြန်ပေးရမည်သာဖြစ်ကြောင်း နားရင်းကောင်းကောင်းတီး၍ဖြင့် သတင်းမောင်းထုချေပြီလတည်း။ယခုအခါ ခေါင်းပစ်တပ်သည် ခေါင်းမပြူ လူလုံးမပြ ဘဝစမုံတုံး၍ သေချင်တဲ့ကောင် ထွက်ခဲ့မှသည် သေချင်တဲ့ကောင် ထွက်ကြဟု ခံယူပြီးသကာလ တပ်ပြင်သို့ ဈေးဝယ်မျှပင် မထွက်ရဲတော့သောအခြေသို့ ဆိုက်လေပြီတကား။ စစ်ကြောင်းလိုက် ထွက်ပြန်လျင်လည်း ထွက်သည်မှစ တကွေ့ကျော် တမိုင်းနင်း တခင်းဖြတ်တချက်ဆော် တခေါ်ရောက် တတောက်တောက်ပစ် မသေမချင်း တပ်ရင်း မပြန်ရကိန်း ဆိုက်ချေပြီတကား။ တပ်ပြင်မထွက် တပ်နဲ့မကွာ နေပြန်ပါလည်း အမြောက်မိုးရွာ ဒရုန်းမိုးဖြာ မသာဖြစ်ကိန်း ရှောင်တိမ်းမရ မရဏစက် သူ့ပိုင်နက်တွင် သွက်သွက်လည်ကာ ပါရရှာပြီး ခန္ဓာအနိစ္စ ဖြစ်နေလေပြီတကား။ ကိုယ့်ခန္ဓာတင် ပါသည်မဟုတ် အလံဖြူမထုတ်လျင် မိသားစုပင် မနေရ သေရကိန်းဆိုက်လေပြီတကား။ တပ်ရင်းလိုက်ပြုန်း စမုံတုံး၍ နိဂုံးကမ္ပတ် တပ်မလိုက် အဆုံးသတ်ပြီး မရပ်သေးချေ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်မည်ဆိုသည့် အာမဘန္တေနှင့်အညီ စစ်တိုင်းများကို အမြစ်ပိုင်းအလုပ် လုပ်နေရင်းမှာပင် စစ်ဌာနချုပ်ရှိရာ နေပြည်တော်သုသာန်သို့ စစ်ခေါင်းဆောင် အယုတ်တမန်များကို မြှုပ်နှံရန် ရောက်ရှိလာကြပါကြောင်း။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်ခန့်၊ မြဝတီ၊ ရခိုင်မြောက်ပိုင်းနဲ့ တရုတ်နယ်စပ်က တိုက်ပွဲတွေ
https://ift.tt/Tao3yj9
<a href="https://blogger.googleusercontent.com/img/a/AVvXsEhWekR3uWTbisdcDPnU4RhdhQZ8AzMYeuRyvjMM57_zaKua068WX4pARld01nrHnwvjt3cJgxpr294RMPser6Aikz9TJUXEqEca3ae9KAeBuAkHpxqDfXn5VHm0ItrkvOHl3sMg_9k66biLnayaVObtavBs5XaFGXts0Zb4wOsn-Tqt7wcapjkixdpS14g">Media</a>မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၅ မြင်ကွင်း(မိုးမခ) ဧပြီ ၆ ၊ ၂၀၂၄
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်ခန့်၊ မြဝတီ၊ ရခိုင်မြောက်ပိုင်းနဲ့ တရုတ်နယ်စပ်က တိုက်ပွဲတွေကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တာဝန်နေရာမှာ သြစတြေးလျနိုင်ငံက အမျိုးသမီးနိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စဂျူလီဘိရှော့ကို ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အခု သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်းမတိုင်ခင်မှာ နောက်ဆုံး တာဝန်ယူခဲ့သူက စင်္ကာပူနိုင်ငံက နိုလင်းဟေဇာ ဖြစ်ပါတယ်။ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်းအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေး စည်းရုံးရေး အတွေ့အကြုံရှိခဲ့သူဖြစ်တယ်လို့ ဖော်ပြထားကြပြီး မြန်မာနိုင်ငံအရေးကိစ္စကို ဘယ်လိုညှိနှိုင်းဖြေရှင်း ဆောင်ရွက်နိုင်မလဲဆိုတာ စိတ်ဝင်စားစောင့်ကြည့်ရမယ့် ကိစ္စတရပ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ပြဿနာ၊ လက်နက်ကိုင် တိုက်ခိုက်မှုစစ်ပွဲတွေ နဲ့ ဒါတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေထိုင်နေရသူ (ကုလသမဂ္ဂ OCHA စာရင်းအရ) ၂.၈ သန်းအထိ ရှိလာတဲ့ အနေအထား၊ လက်နက်ကိုင် သေဆုံးမှုတွေ ခန့်မှန်းကိန်းဂဏန်း မရှိသော်လည်း၊ အရပ်သားသေဆုံးမှု ခန့်မှန်းခြေအားဖြင့် ၁ သောင်း အထက်ကိုရောက်ရှိလာကာ ထိခိုက်ဒဏ်ရာရသူ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူ၊ နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးရတာတွေက ပြီးခဲ့တဲ့ ၃ နှစ်တာအတွင်း မကြုံဖူးလောက်တဲ့ ကိန်းဂဏန်းတွေ ဖြစ်နေတာပါ။ အခုလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် အသစ် ခန့်အပ်ခြင်းဟာ ကောင်းမွန်တဲ့ ရလဒ် ပေါ်ထွက်လာဖို့ မျှော်လင့်ချက်ထားရှိကြတာကို နားလည်သော်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်း၊ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းဖို့ရာမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ အကူအညီပေးနိုင်တဲ့ အတိုင်းအတာဟာ အကန့်အသတ်ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေး အကျပ်အတည်းနဲ့ လက်နက်ကိုင် တိုက်ခိုက်ကာ မိမိတို့ရဲ့ ရည်မှန်းချက်ကို ပြည့်မြောက်ဖို့ ကြိုးပမ်းနေကြတဲ့ ပြည်တွင်းစစ်ကို ရပ်တန့်ဖို့၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြဖို့ ဆိုတဲ့ ရည်မှန်းချက်မျိုး အောင်မြင်ဖို့ လောလောဆယ်မှာ မျှော်လင့်ဖို့ မလွယ်ကူသေးတာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းလည်းဖြစ် လက်နက်ကိုင် အဖွဲ့အချို့ပေါ်မှာ မကင်းနိုင်တဲ့အကြောင်းတွေကြောင့် သြဇာရှိတဲ့ တရုတ်နိုင်ငံအနေနဲ့ ၄င်းနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့၊ သြဇာညောင်းတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအချို့ကို အပစ်ရပ်ဖို့ ကြိုးပမ်းနေတာတွေ ရှိပေမယ့် အကန့်အသတ်တွေလည်း အများအပြားရှိနေတာ တွေ့ရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂ အနေနဲ့ကတော့ မြန်မာနိုင်ငံက နိုင်ငံရေး၊ စစ်ရေးအင်အားစုတွေအပေါ် တရုတ်နိုင်ငံလောက် သြဇာမရှိတာတွေ့ရမှာဖြစ်ပြီး ကုလသမဂ္ဂရဲ့ ရပ်တည်ချက် သဘာဝအရလည်း နိုင်ငံရေးကိစ္စရပ်တွေထက် လူသားချင်းစာနာမှု အကူအညီ ရှုထောင့်က ရပ်တည်ပြောဆိုလိမ့်မယ်လို့ မှန်းဆရပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးခွင့်ရဖို့၊ စစ်ရေးအရ တိုက်ခိုက်ကြရာမှာ အရပ်ဘက် ပစ်မှတ်တွေ၊ အရပ်သားတွေအပေါ် တိုက်ခိုက်ခြင်း မပြုဖို့ တိုက်တွန်းတာမျိုးက အများဆုံးလုပ်ဆောင်နိုင်မယ့် အနေအထားလို့ မှန်းဆရပါတယ်။ အန်အယ်လ်ဒီ ခေါင်းဆောင်နဲ့ စစ်ကောင်စီ ခေါင်းဆောင်တွေအကြား၊ သို့မဟုတ် အမျိုးသားညီညွတ်ရေး အစိုးရအကြား ညှိနှိုင်းပြောဆိုနိုင်မယ့် အနေအထားမျိုး အခြေအနေမျိုးလည်း လက်ရှိမှာ ရှိမနေကြတာကြောင့် ကုလသမဂ္ဂ အနေနဲ့ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှု ကူညီမှုပေးအပ်နိုင်ရေးတွေကိုသာ ရည်မှန်းချက်ထားပြီး ကြိုးစားမယ့်သဘော ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့အနေနဲ့ မြန်မာနိုင်ငံအရေးမှာသာမကပဲ ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ ယူကရိန်း-ရုရှားစစ်ပွဲလို၊ ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်ရဲ့ လက်နက်ကိုင်နဲ့ အရပ်သား မခွဲခြားဘဲ ဗုံးကြဲ၊ တိုက်ခိုက် နှိမ်နှင်းနေတဲ့ ဖြစ်ရပ်တွေမှာ နိုင်ငံရေး အရကြားဝင် မဖြေရှင်းနိုင်သလို လူသားချင်း စာနာမှု အကူအညီပေးခွင့်ရရေး ကိစ္စတွေမှာလည်း သြဇာရှိရှိ ဖိအားပေး ပြောဆိုနိုင်တဲ့ အနေအထားမျိုး ရောက်မနေတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ နောက်ထပ် ကမ္ဘာစစ်လိုမျိုး ထပ်မံမဖြစ်ပွားရအောင် ကုလသမဂ္ဂကို ရည်ရွယ်ဖွဲ့စည်းခဲ့တာမှန်ပေမယ့် လက်ရှိအနေအထားမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ကုလသမဂ္ဂကို လူမှုရေး အသင်းအဖွဲ့ကြီးတခုလို နေရာမှာသာ ထားရှိကြပြီး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဆိုတာတွေကလည်း လက်တွေ့မှာ အကောင်အထည်ပေါ်အောင် ဆောင်ရွက်ဖို့…

ဆယ်ပေါင်တူ - လက်ဖက်ခြောက်၏ ကယောက်ကယက် သင်္ကြန်
https://ift.tt/jQDV7wN
<a href="https://blogger.googleusercontent.com/img/a/AVvXsEiQSrActmybhfk0BnSz_71i4KhnQWdNhupzJbgxDdAeDNjl_wyd8GkcXtbwqmUc58lzQYDY_EQ0SNXI2NN35jLPJh8iyb_RqKpmn0mU28OcI-leq93XuatU1fifxVcUPjzo42Qj2FPiuX0oPrdoJBWtq_7PJQinZLgV3GwR0MNV3uTkLxzpOdbmIbakaao">Media</a>ဆယ်ပေါင်တူ - လက်ဖက်ခြောက်၏ ကယောက်ကယက် သင်္ကြန်(မိုးမခ) ဧပြီ ၆ ၊ ၂၀၂၄
ကားပေါ်က ဆင်းလိုက်သည်နှင့် သင်္ကြန်တီးလုံးကို ကြားလိုက်ရသည်။ အင်းလေ၊ ဇာတ်ဆရာအိမ် ဆိုတော့လည်း အခုလိုအချိန်မှာ သင်္ကြန်အကတွေ၊ ဘာတွေ တိုက်နေတာဖြစ်မှာပေါ့ဟု စိတ်ထဲက တွေးမိလိုက်သည်။ အရပ်ထဲ သွားနေလာနေကျ မဟုတ်သည့်အပြင်၊ အခုလိုအချိန်မျိုးမှာ အသွားအလာ အနေအထိုင်က ပိုဂရုစိုက်ရသည်။ တိုက်ပုံတထည်ကို ကောက်ဝတ်ပြီး ထွက်လာခဲ့သည်။ လုံခြုံရေးအားလုံးလည်း သူ့လိုပင် အရပ်ဝတ်တွေနှင့်ပင်။ အခုထက်ထိတော့ လမ်းခရီးတလျှောက်လုံး အဆင်ချောနေသေးသည်။သီဆိုတီးမှုတ်နေသူများနှင့် လာကြည့်နေကြသူ လူအုပ်ကြီးက အများသား။ သို့သော်လည်း ဇာတ်ဆရာ ဆိုသူကို ကြာကြာမရှာလိုက်ရ၊ ကြိုသိထားရသလို ကိုယ့်ထက် အသက်ကြီးကြီးထဲက သျှောင်ထုံးပိုင်ရှင် ဆိုတာက ထိုသူ တယောက်တည်း ရှိ၍ပင်။ ဘုဂလန့်သမားလို့ သိထားရသည့်အတွက် အရိပ်အခြည်ကို ကြည့်ကာ စကားသွားစရသည်။‘ဇာတ်ဆရာ ပိဿာစိန်နဲ့ ကျနော် စကားနည်းနည်း ပြောချင်လို့ပါ’‘မင်းက ဘယ်သူလဲ၊ ဇာတ်ငှားမလို့လား’‘ကျနော်က လက်ဖက်ခြောက်’ဟု လွှတ်ခနဲ ထွက်သွားပြီးမှ ‘ကျနော်က လက်ဖက်ခြောက်ကုန်သည်ပါ’ဟု ဖာထေးပြီး ပြန်ပြင်ပြောရသည်။‘ဇာတ်ငှားဖို့ မဟုတ်ပါဘူး၊ စကားပြောစရာလေးရှိလို့ပါ’‘ငါ ဒီမှာ သင်္ကြန်သီချင်း တိုက်ပေးနေတာ မမြင်ဘူးလား၊ လက်ဖက်ခြောက်ဝယ်ဖို့ မရှိဘူး၊ ဝယ်လည်း မသောက်ဘူး၊ အလကားရတာပဲ သောက်တယ်၊ စကားပြောချင်တိုင်း လာပြောရအောင် ငါက မင်းကြီးဒေါ်လင် မဟုတ်ဘူး၊ မင်း နှမယောက်ျားလည်း မဟုတ်ဘူး’ဟု ဂွတိုက်ပြန်ပြောသည်။ပိဿာလေးနှင့် ဘေးပစ်သူ မဟုတ်ဘဲ ငယ်ထိပ်တည့်တည့် အားပါးတရ ထုတတ်သူဖြစ်၍ ပိဿာစိန်ဟု အမည်တွင်ထားသူဆိုတာကို ကြိုသိထားသော်လည်း စိတ်ထဲက ထောင်းခနဲ ဖြစ်သွားသည်။ သူ ဒီလောက် ရိုရိုကျိုးကျိုး ပြောဆိုနေသည်ကိုတောင် ပြေပြေလည်လည် ပြန်မပြော။ နေပြည်တော်က သူ့ရုံးခန်းထဲမှာဆိုရင် သျှောင်ထုံးကို ဆွဲဆောင့်ပြီး ကျုပ်ကို ဘာမှတ်နေသလဲဆိုပြီး မိုက်မိုက်ရိုင်းရိုင်း ပြောမိလိမ့်မည်။မိုက်တာတွေ၊ ရိုင်းတာတွေက သူလိုလူအတွက်တော့ အဆန်းမဟုတ်။ ‘လက်ဖက်ခြောက် စိတ်ထိန်း၊ စိတ်လျှော့စမ်း၊ မင်း ဒီကိုလာတာ လက်ဖက်ခြောက်အနေနဲ့ မဟုတ်ဘူး။ သူ့ကို အကူအညီတောင်းဖို့ လာတယ်ဆိုတာ မမေ့နဲ့’ ဆိုပြီး သူ့ကိုယ်သူ ပြန်သတိပေးရသည်။‘နေကြဦးကွ၊ တခုခု လိုနေသလိုပဲ။ တီးတာ၊ ဆိုတာ၊ ကတာတွေကတော့ ဟုတ်နေပြီ။ ဘာများလိုနေပါလိမ့်’ ဟု ပြောအပြီး လက်ဖက်ခြောက်ကို ပိဿာစိန် စိုက်ကြည့်လိုက်သည်။ ပြီးတော့မှ‘ငါ သိပြီ၊ စင်ပေါ်မှာ ယိမ်းသမတွေက တူညီဝတ်စုံနဲ့၊ ပိတောက်ပန်းတွေ ဝေအောင်ပန်ထားပြီး ကခုန်နေကြပေမယ့် အလယ်က သီချင်းဆိုမယ့် သင်္ကြန်မင်းသား မပါတော့ တခုခု လိုနေတာကွ’‘တိုက်ပုံနဲ့ လက်ဖက်ခြောက်ကုန်သည်၊ သွားဇာတ်စင်ပေါ်တက်၊ သင်္ကြန် သီချင်းဝင်တိုက်ပေးစမ်း’‘ကျနော်သီချင်းမဆိုတတ်ဘူးဗျ၊ မလုပ်ပါရစေနဲ့’‘ဘာမှမခက်ပါဘူးကွာ၊ ဒီသင်္ကြန်သီချင်း မင်း ကြားဖူးပါတယ်၊ ‘မန်းတောင်းရိပ်ခို’အလိုက်လေ၊ ‘မြနန္ဒာ’ဆိုတာ၊ဒီမှာ သီချင်းစာရွက်၊ ကျန်တဲ့သူတွေကလည်း ဝိုင်းဆိုပေးကြမှာ၊ တိုက်ပုံနဲ့ ဘာနဲ့ သင်္ကြန်မင်းသား ပုံပေါက်တာက အခုဒီမှာ မင်းတယောက်တည်း ရှိတာ’ဇာတ်ဆရာ ပိဿာစိန်က တဇွတ်ထိုးသမား၊ သူနှင့် လေကြောမတည့်လျှင် လာရင်းကိစ္စ အဆင်မပြေ ဖြစ်တော့မှာမို့ လက်ဖက်ခြောက် ထပ်မငြင်းတော့ဘဲ ဇာတ်စင်ပေါ်သို့တက်ဖို့ ဟန်ပြင်လိုက်သည်။ ဇာတ်စင်လို့သာ ပြောရသည်၊ ပီပါခွံတွေပေါ် ပျဉ်ချပ်တွေခင်းထားသည့် မည်ကာမတ္တ စင်တခုသာဖြစ်သည်။ပိတောက်ပန်းတွေ ဝေနေအောင် ပန်ထားကြသည့် ယိမ်းအဖွဲ့အလယ်မှာ သူကထီးထီးရပ်လို့။ သူ့ကိုလည်း သင်္ကြန်ပန်းကုံးတခု လာဆွဲပေးသည်။ တခါမှအခုလို စင်ပေါ်က ဖျော်ဖြေရေး အနုပညာသမားပုံစံမျိုး မနေခဲ့ရဘူး သည့်အတွက် စိတ်ထဲမှာ ကျိတ်သဘောကျနေမိသည်။‘ဟေ့..လက်ဖက်ခြောက်ကုန်သည်၊ တလောကလုံး မင်းလုပ်စာစားနေကြရသလို မျက်နှာကြောတင်းပြီး စူပုတ်မ နေနဲ့၊ စင်ပေါ်မှာ ပြုံးပြီးနေမှပေါ့’ပိဿာစိန်၏ အကြိမ်းခံလိုက်ရသည့်အတွက် လက်ဖက်ခြောက် သွားဖြီးပြီး နေပြလိုက်သည်။ သီချင်းစာရွက်ကို ဖတ်ကြည့်မှ သူတော့ ဒုက္ခရောက်ပြီလို့ သိလိုက်သည်။ အခုမှတော့ ဘာမှမတတ်နိုင်တော့၊ သင်္ကြန်မှာ ‘မြနန္ဒာ’လို့ မအော်ဖူးသူ မရှိဟုဆိုရမည့် ‘မန်းတောင်ရိပ်ခို’သီချင်းအလိုက်ဖြစ်၍ ဆိုရတာကတော့ အဆင်ပြေသည်။ စာသားကသာ တကယ့်ပြဿနာ။ အင်းလေ အခုကာလက တတိုင်းပြည်လုံးက လူတွေရဲ့ ရင်ထဲ ဒီအတိုင်းပဲ ရှိကြမှာဆိုတော့ သိပ်မထူးဆန်းလှ၊ သူ့အကြောင်းမပါတာပဲ တော်သေးသည်ဟု ဆိုရပေမည်။‘ကဲ စမယ်’ဟု ပိဿာစိန်က အချက်ပြလိုက်သည်နှင့် ဆိုင်းဝိုင်းက စတီးမှုတ်တော့သည်။ လက်ဖက်ခြောက်လည်း သီချင်းစာရွက်ကို ကိုင်ကာ အားလုံးနှင့် ဟန်ပါပါလိုက်ဆိုသည်။
♫ (တပြည်လုံးချဉ်သော ဘကြင်ရယ် အဝီစိအမြန်ဆုံး …

မိုး သက် ငြိမ် ဦး - ကာမိကာဇေ
https://ift.tt/gYVSTh1
MediaArt by Than Htay Maungကာမိကာဇေမိုး သက် ငြိမ် ဦး(မိုးမခ) ဧပြီ ၇၊ ၂၀၂၄
ငါတို့ပျံတက်သွားခြင်းကမင်းတို့အတွက်သေခြင်းငါတို့တဟုန်ထိုးဆင်းသက်ခြင်းကလဲမင်းတို့အတွက်သေခြင်းပဲ ။
ငါတို့ပျက်စီးလို့မင်းတို့သေဆုံးရမယ်ဆိုရင်ဒါဟာငါတို့အောင်မြင်မှုငါတို့ပေါက်ကွဲတိုင်းမင်းတို့ပျက်စီးရရင်ဒါဟာငါတို့အောင်ပွဲ ။
ပျံတက်ခြင်းတွေ ဆင်းသက်ခြင်းတွေနဲ့ပျံသန်းခြင်းဆိုတာက ငါတို့ရဲ့အသက်အချိန်နေရာမရွေးထိုးချပစ်လိုက်ဖို့ငါတို့ဘယ်တော့မှ ဝန်မလေးဘူး ။
ကိုယ့်ကိုယ်ကို အဆုံးစီရင်ပစ်လိုက်ဖို့ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်ဖို့ကိုယ့်ကိုယ်ကို အသေခံပစ်လိုက်ဖို့လိုအပ်ရင်ကိုယ့်ကိုယ်ကို တစ်စစီပျက်သုဥ်းကြေမွသွားရမယ်ဆိုရင်လဲ ဝမ်းမြောက်စွာပါဝင်သွားကြဖို့ တူညီကြပြီးသား ။
ဘာတွေလဲငါတို့ကကာမိကာဇေတွေ ။ ။
5.4.2024-
Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar

နတ္ထိ - ဤဇာတ်လမ်း၊ ဤတွင် နိဋ္ဌိတံ
https://ift.tt/wTb6dSg
<a href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX0JzWYk_Qq3vm9FLW2nOUh7BPQ3BjJrMLN_6-5RAcTBtBzUHbpNWjhby0nnvcPxop_4hdCNLfili3Yaq7yqnX6KRezFgUBkz4arhxTPKQKhh3yPSf2nZ7-Bm3ZOh6apKiFahB_WVltxE5oSZ8lfFomYCIIFCQl_szWiJEfWMyV7OVnlz8AMvahJY_wPnr/s934/mmk%20image.png">Media</a><b>ဤဇာတ်လမ်း၊ ဤတွင် နိဋ္ဌိတံ</b><b>နတ္ထိ - ရေးသည်။</b><b>(မိုးမခ) ဧပြီ ၇၊ ၂၀၂၄</b>
"အဘရေ ... အဘရဲ့ ... အဘရဲ့ သမီးတွေကို ထားသွားခဲ့တော့မှာလား အဘရယ်..."
ကြတ်ပြေးနေပြည်တော်ကြီးတွင်အခြေစိုက်၍ မြန်မာပြည်ကြီးကို မတရား သဖြင့် အုပ်ချုပ်မင်း လုပ်တော်မူနေသည့်၊ ဆင်မဲလုံး ဇော်မဲလုံးတို့၏အရှင် သခင်၊ အကျွန်ုပ်မသေမရှင်ဘုရင်ကြီးသည် အထက်ပါ ငိုကြွေးသံများကို ကြားလိုက်ရပြီးသကာလ၊ သမ္မတအိမ်တော်ရှိ လုံခြုံရေး စီစီတီဗွီ ဖန်သားပြင်မှတဆင့် အပြင်သို့ ရှုစားလိုက်သည့်အခါ မုတ္တမတသိုက်က ဦးဆောင်လာသည့် လက်တဆုပ်စာမျှသော မိန်းမတတအုပ်ကို မြင်လိုက်ရသည်။ မလောက်လေး မလောက်စား ပဒတ်လေးများက အကျွန်ုပ်စံမြန်းရာ နန်း တော်ဆောင်သို့ချိန်ရွယ်ပစ်လွှတ်လိုက်သည့် အသေခံ ကာမေကာဇေဒရုန်းများကြောင့် အကျွန်ုပ်မာလကီးယားသွားပြီထင်၍ လာရောက် ငိုချင်းချနေကြခြင်း ဖြစ်လိမ့်မည်။
အကျွန်ုပ်အား ချစ်ခင်မြတ်နိုးသောအားဖြင့် အသုဘရှုရန် ကြွရောက်လာကြသည့်တိုင်းသားပြည်သူတို့အား လစ်လျူရှုနိုင်သည့် နှလုံးသားမရှိသည့် အကျွန်ုပ်သည် ရှိသမျှသော ခွန်အားတို့ဖြင့် ကုန်းရုန်းထကာ ပြူတင်းပေါက်မှ ခေါင်းပြူ၍ ကြည့်မိသောအခါ ~
"အမလေး၊ သရဲ သရဲ ... ခေါင်းဖြူ သရဲကြီး"
ဒရုန်းဗုံး ပေါက်ကွဲသံကြောင့် အသည်းငယ်နေဆဲဖြစ်သည့် အကျွန်ုပ်သည် ငိုချင်းသည် ဂန်းမများ၏ အော်သံကြောင့် ရောယောင်၍ လန့်ဖြန့်သွားခဲ့သည်။
"ဟဲ့ ~ ဘယ်မလဲ သရဲ""အဲ့မှာလေ"သူတို့က အကျွန်ုပ်ကို လက်ညှိုးဝိုင်းထိုးပြီး အော်ပြောတော့မှ အခန်းဒေါင့်ရှိ အက်ကွဲနေသည့် မှန်ထဲတွင် မိမိ၏ ရုပ်သွင်ကို လှမ်း၍ ရှုစားမိသည်။မှန်ပေသည်။ တကိုယ်လုံး ဖုန်အလိမ်းဖြစ်နေသည့် အကျွန်ုပ်၏ ရုပ်သွင်မှာ ပီဘိသရဲဖြူတကောင်အလား ကြောက်မက်ဖွယ်ကောင်းလွန်းလှတော့ သည်။
"ဟယ်... အဘက တကယ်မသေဘူးဘဲ... ဒုက္ခပါပဲတော်။ အီးဟီးဟီး"
ယခုမှ အကျွန်ုပ်ဇာတ်ရည်လည်တော့သည်။ အိမ်တော်အောက်တွင် လာရောက်စုရုံးကြသည့် စစ်သားမယား မုဆိုးမတသိုက်သည် အကျွန်ုပ်အား မေတ္တာရှိ၍ အသုဘရှုလာခြင်းမဟုတ်ဘဲ၊ မသာအိမ်မှ ပစ္စည်းပစ္စယများကို လုယက်ယူငင်ရန် အကြံဖြင့်သာ လာကြခြင်း ဖြစ်လိမ့်မည်။ ယခု အကျွန်ုပ် မသေကြောင်း သိသွားသည်နှင့် ~
"ဒီမယ်... ပြောစမ်းပါဦး အဘ။ အဘ တသက်လုံး ကြွားကြွားနေတဲ့ စတင်းဒတ် ရှစ်ခေါဘဏီ အာမီကြီးက အခုတော့ ဘယ်ရောက်သွားပြီလဲ? ဟင်... ဖြေစမ်းပါဦး"
မထင်မှတ်ထားခဲ့သည့် မေးခွန်းကြောင့် အကျွန်ုပ် ဆွံ့အပြီး ကြက်သေသေနေစဉ် ... အင်္ဂတေမှုန့်များ၊ မျက်နှာကြက်ပြား အကွဲစများကြားတွင် မှောက်လျက်ကြီးမေ့လဲနေခဲ့သည့် အကျွန်ုပ်၏ အဂ္ဂမဟေသီကြီးသည် ရှစ်ခေါဘဏီ ဆိုသည့် အသံကို ကြားသည်နှင့် သူ့ကို ပြောသည်ဟုထင်ကာ နိုးလာတော့သည်။ ထို့နောက် ခြေကိုဒရွတ်တိုက်ဆွဲကာ ပြူတင်းပေါက်ရှိရာသို့ ဒယိမ်းဒယိုင်ဖြင့် ရောက်လာလေသည်။
"ဪ... အဘပြောတဲ့ ရှစ်ခေါဘဏီဆိုတာ အဲ့ဒါကြီးကိုး... ဟားဟားဟား"
စောစောလေးကမှ အပူသည်ရုပ်ဖြင့် ငိုချင်းလာချကြသည့် ပရိသတ်ကြီးသည် မဟေသီကြီးကို မြင်သည်နှင့် ခွက်ထိုးခွက်လန် ရယ်ပါတော့သည်။
"ဒါနဲ့... အဘရဲ့ လေကြောင်းကာကွယ်ရေးစနစ်ကြီးကရော ဘယ်ရောက်သွားပြီလဲ"
"အင်း... ဒါကလေ... ဟို... ဟို... ဂိုဒေါင်ထဲကနေ မထုတ်ရသေးလို့ပါ"
"ဪ ... အဲလိုလား။ ဒါဖြင့် အဘရဲ့ ခေတ်မီလေတပ်ကြီး ဆိုတာကရော ဘယ်မှာလဲ""ရှိ... ရှိ... ရှိတယ်လေ။ တတိုင်းတပြည်လုံး ဗုံး... ဗုံးတွေ လိုက်ကြဲနေတယ်လေ"
"ဟားဟားဟားဟား... အဘရယ်... အစကတော့ တကယ့် ဗုံးတွေပါ။ အခုတော့ အဲ့လေတပ်ကြီးက ဗုံးတွေအစား ကျောက်တုံးတွေ လိုက်ကြဲနေတယ်လေ.... ဟားဟားဟားဟား"
"အဲ... အဲ... အဲဒါ... ခေတ်မီလေယာဉ်တွေပေါ်ကနေ ခေတ်မီကျောက်တုံးတွေ ကြဲချနေတာပါ"
"အမလေး ~ ဂျင်းအသစ်တွေ ထပ်ထည့်ပြီး မရွှီးပါနဲ့တော့ အဘရယ်။ သူများကို 'လေအစိုးရ' လို့ မှိုချိုးမျှစ်ချိုး ပြောခဲ့တဲ့ အဘတို့ကိုယ်တိုင် အခုတော့ လေအစိုးရကြီး ဖြစ်နေပြီဆိုတာ သိရဲ့လားရှင့်"
အကျွန်ုပ်၏ တော်ဝင်အိမ်စောင့်အစိုးရကြီးအား လေအစိုးရဟု စွပ်စွဲလိုက်သည့် ' ပုတုမ 'ဆိုသူမှာ သူ၏လင်ငယ် ဗိုလ်မှူးက မြောက်ပိုင်းတွင် တိုက်ပွဲကျခဲ့ပြီးနောက် အကျွန်ုပ်အပေါ် ခါးသီးသွားခဲ့သည့် မုတ္တမထိပ်ခေါင် ဖြစ် သည်။ သူပြောတော့မှ အကျွန်ုပ်၏ဘဝအဖြစ်ဆိုးပုံများအကြောင်းကို ပြန်ပြောင်းတွေးတောရင်း ရင်နာမိသည်။
အကျွန်ုပ်သည် သမ္မတဖြစ်ချင်ဇောဖြင့် အလျင်စလို အာဏာသိမ်းခဲ့သော်လည်း အာဏာသည်အကျွန်ုပ်၏လက်ဝယ်သို့ အမှန်တကယ် ရောက်မလာခဲ့ပါ။ ဤအချက်သည် အာဏာသိမ်းရန်ကြိုးစားအပြီး သုံးနှစ်ကျော်ကြာသွားပြီးနောက် ပို၍ သိသာလာခဲ့သည်။ ယခုဆိုလျှင် အကျွန်ုပ်၏ သြဇာသည် မြို့ကြီးများ၌ပင် ထင်ထင်ရှားရှားမရှိတော့ပြီ။ မြေအောက်ယူဂျီများနှင့် ပဒတ်ကလေးများသည် မြို့ကြီးများမှသည် ရွာငယ်လေးများအဆုံး အကျွန်ုပ်ထက်…

မြဝတီမြို့နယ်ထဲက တပ်ရင်း၊ ဗျူဟာစခန်းတွေ အများစု KNLA သိမ်းပိုက်၊ ရခိုင်ပြည်နယ်က ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ စခန်းသိမ်းယူမှု
https://ift.tt/J9Ilszp
<a href="https://blogger.googleusercontent.com/img/a/AVvXsEgNP0RgMeWq0SHpJHvIirWU3xOPzfHsBDZ3tn-dcefgcXQcKod2Ef8hXQ3S4SmGljTxrXU17ZC65uIo8DZOUeESLbuObVqQLjdYF4ZC2eP-P0zhzYSZ1AdJJTHs1-N3tbuHKa8inEnYMgI1axFkw8O4w2VRHTVqaAVABxG6Rh785me4um4_xHPzFwVZ4fc">Media</a>မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၆ မြင်ကွင်း(မိုးမခ) ဧပြီ ၇၊ ၂၀၂၄
မြဝတီမြို့နယ်ထဲက တပ်ရင်း၊ ဗျူဟာစခန်းတွေ အများစု KNLA သိမ်းပိုက်၊ ရခိုင်ပြည်နယ်က ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ စခန်းသိမ်းယူမှု ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ဗျူဟာကုန်းကို ဧပြီလ ၆ ရက်နေ့မှာ KNLA တပ်တွေက သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် နဲ့ တပ်မိသားစု စုစုပေါင်း ၆၀၀ ကျော် လက်နက်ချခဲ့တယ်လို့ သတင်းတွေ ဖေါ်ပြထားပြီး မြဝတီမြို့နဲ့ အနီးဆုံး တပ်ရင်းဖြစ်တဲ့ ခြေလျင်တပ်ရင်း အမှတ် ၂၅၇ ကိုလည်း တိုက်ခိုက်နေရာမှာ လက်နက်ချဖို့ ညှိနှိုင်းနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ ခလရ ၂၅၇ ကျခဲ့ရင် မြဝတီမြို့ လည်း ကျပြီဆိုတဲ့ သဘောလို့ သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပြီး စစ်ကောင်စီ အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး မြို့တွေထဲ ကုန်သွယ်မှု ပမာဏ အများဆုံးရှိတဲ့ မြဝတီမြို့ကို လက်လွှတ်ဆုံးရှုံးရမယ့် အနေအထား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေကတည်းက သင်္ဃန်းညီနောင်တဝိုက်က စစ်ကောင်စီ တပ်ရင်းတွေကို ကေအန်အယ်လ်အေ တပ်တွေက တိုက်ခိုက်နေခဲ့တာ ဖြစ်ပြီး ဇန်နဝါရီလနှောင်းပိုင်းမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ်ရာထူး အဆင့်ရှိတဲ့ တပ်မ ၄၄ ရဲ့ တပ်မမှူးနဲ့ အခြားစစ်အရာရှိ ၄ ဦး ရဟတ်ယာဥ်နဲ့ လာရောက်စဥ် ပစ်ခတ်ခံရပြီး ရဟတ်ယာဥ် ပျက်ကျကာ သေဆုံးခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့တာပါ။ ယခုရက်ပိုင်းအတွင်း ကေအန်အယ်လ်အေက တပ်ရင်းတွေ ဗျူဟာကုန်းတွေ သိမ်းယူနိုင်ခဲ့ခြင်းဟာ မြဝတီမြို့ကို အတားအဆီးမရှိ သိမ်းယူဖို့ လမ်းပွင့်သွားခဲ့တဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မကြာမီ လပိုင်းတွေအတွင်းက စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်အဖြစ်ကနေ နုတ်ထွက်ပြီး ၄င်းတို့ဘာသာ ၄င်းတို့ ရပ်တည်ခဲ့တဲ့ စောချစ်သူ ဦးဆောင်တဲ့ BGF လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အခုတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ကာကွယ်တိုက်ခိုက်ပေးတာ မရှိတော့တဲ့အချက်က ကေအန်အယ်လ်အေအတွက် အားသာချက်တခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကရင်ပြည်နယ် အရှေ့ဘက်ပိုင်း ဖြစ်တဲ့ ကော့ကရိတ်မြို့ကို ကေအန်အယ်လ်အေ၊ အခြား ပူးပေါင်းအဖွဲ့တွေ လအတန်ကြာ တိုက်ခိုက်နေခဲ့ပေမယ့် အပြီးတိုင် သိမ်းယူနိုင်ခြင်း မရှိသေးပါဘူး။ ကော့ကရိတ်မြို့ နဲ့ တဆက်တစပ်ထည်း ဖြစ်နေတဲ့ တပ်ရင်း ခလရ ၉၇ တပ်စခန်းကို သိမ်းယူဖို့ကြိုးစားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်နီးပါး ကာလအတွင်း ကော့ကရိတ်မြို့ ကို ၃ ကြိမ်ထက် မနည်းတိုက်ခိုက်ခဲ့ပြီး ယခုတကြိမ် တိုက်ခိုက်မှုက အကြာရှည်ဆုံးနဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံးလည်း ဖြစ်ပါတယ်။ ကော့ကရိတ်မြို့က လူနေအိမ် ရာဂဏန်းနဲ့ ချီပြီးမီးလောင် ပျက်စီးခဲ့ရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ ကော့ကရိတ်မြို့ သိမ်းယူဖို့ တိုက်ခိုက်မှုဟာ စုစုပေါင်း ၄ လဝန်းကျင် ကြာမြင့်လာသည့်တိုင် မြို့နဲ့ စစ်ကောင်စီ တပ်ရင်းကို အပြီးအပြတ် မသိမ်းယူနိုင်သေးတာကြောင့် မြို့ပေါ်က လူနေအိမ်နဲ့ မြို့နေလူထု အဖို့ ဆုံးရှုံးမှုကြီးမားတဲ့ အနေအထားလို့ ရှုမြင်နေကြတာ ဖြစ်ပါတယ်။ ကော့ကရိတ်မြို့က မြဝတီလောက် နယ်စပ်ကုန်သွယ်ရေး မှာ အရေးမပါပေမယ့် အာရှလမ်း မဖေါက်လုပ်မီက အိန္ဒု၊ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီကားလမ်းပေါ်မှာ ရှိပြီး စည်ကားတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။ ၄ လဝန်းကျင် ကြာမြင့်တဲ့ တိုက်ပွဲမှာ ပျက်စီးဆုံးရှုံးမှုတွေ ဘယ်လောက်ရှိနေသလဲ ဆိုတဲ့ အသေးစိတ် ကိန်းဂဏန်းတွေတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဓိက ကားလမ်း ဖြစ်တဲ့ ကော့ကရိတ် မြဝတီ အာရှလမ်းကို ပြီးခဲ့တဲ့ နှစ်ကတည်းက တံတားဖောက်ခွဲပြီး ပိတ်ဆို့ထားပေမယ့်လည်း အခြားလမ်းဖြစ်တဲ့ ထော့ကော်ကိုး လမ်း နဲ့ ကြက်ဥတောင်လမ်းတို့လို ကားလမ်းတွေက တဆင့် ကုန်ပစ္စည်းတွေ သယ်ယူနေကြတာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ဘားအံ၊ သထုံ၊ ရန်ကုန် အထိ အတိုဆုံးလမ်းကြောင်းလည်း ဖြစ်တဲ့ မြဝတီလမ်းကြောင်းက ဆက်လက် အရေးပါနေဦးမှာ ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ မြဝတီကို လက်လွှတ်လိုက်ရတဲ့ အခြေအနေမျိုးမှာ နယ်စပ်ကုန်သွယ်ရေး အခွန်အကောက်ကို မြဝတီကနေ ဘားအံ၊ သထုံတို့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတနေရာရာမှာ ကောက်ခံဖို့ စီစဥ်ကောင်းစီစဥ်နိုင်ပါတယ်။ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြို့တွေ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေရဲ့ လက်ကို ကျရောက်နေချိန်မှာ ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဘူးသီးတောင်မြို့အနီးက တပ်ရင်း တရင်းဖြစ်တဲ့ ခမရ (၅၆၄) ကို AA လက်နက်ကိုင် တပ်ဖွဲ့က သိမ်းယူလိုက်ကြောင်း AA က ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ…

လေခဏီ - ဘုရားရင်သွေး တော်လှန်ရေး
https://ift.tt/quaBxYH
Mediaလေခဏီ - ဘုရားရင်သွေး တော်လှန်ရေး(မိုးမခ) ဧပြီ ၇ ၊ ၂၀၂၄
ခွေးရူး ရပ်ကွက်ထဲ ဝင်လာတော့ “ခွေးရူးတဲ့ဟေ့” လို့ တယောက်က စအော်လိုက်တာနဲ့ ကလေးတွေ အိမ်ထဲသွင်း၊ ဝင်းတံခါးပိတ်၊ မိန်းမတွေအထဲဝင်၊ သန်သန်မာမာတွေက မှိန်း လှံရှည် ဒုတ်ကိုင်ထွက်လာကြတော့တာဘဲ။ ခွေးတွေပါ သွင်းရတာ၊ မသွင်းလို့မရ သူတို့ကလဲ သူတို့သခင်တွေအန္တရာယ် ကာကွယ်ချင်ပုံရ၊ မရမကတိုးထွက် ဆွဲချင်ကြ၊ ကိုက်မိရင် သူတို့ပါ အရူးဓာတ် ကူးမှာဆိုတော့ အိမ်ခွေးတွေ သေချာထိန်းရတယ်။ လမ်းခွေးကတော့ ဝင်လုံးတာဘဲ။ ခွေးရူးကို တရပ်ကွက်လုံး ငြာသံပေးလိုက်၊ ခွေးရူးကလဲ သွားရည်တွဲလောင်း ခေါင်းငိုက်ဆိုက်နဲ့ ဘေးဘီမကြည့် တည့်တည့်ကရှိသမျှ အကုန်ကိုက်။ နဂို ခွေးဗလံလဲ ရူးရင် အားသန်တော့တာကိုး။ ဝါးလုံးနဲ့ထိုး၊ လှံစွပ်နဲ့ထိုး ဒုတ်နဲ့ရိုက် ဝိုင်းတိုက်ကြတော့ သေတာပါဘဲ။ ခွေးရူးကလဲ မသေမချင်း ရှေ့အတင်းပြေး ခွေးမြင်မြင် လူမြင်မြင် ကိုက်တာဘဲလေ။ အဲတော့ ရှေ့က ကြို နောက်ကလိုက် ညှပ်ရိုက်သတ်ကြရတာ။ ရူးနေပြီဆိုတော့ မသတ်လို့မှ မရတော့တာ။ ခွေးရူးကိုက်မိတဲ့ ရပ်ကွက်ထဲက ခွေးတွေပါ တခါစောင့်ကြည့်၊ အခြေအနေမလှရင် သိပ်မဆိုးခင် သတ်လိုက်ကြရ။ ခွေးရူးမျိုးဖြတ်လိုက်ရတာ၊ မဖြတ်လို့မှ မရတာကိုး။ လောကမှာ အသက်ရှင်လျက်မရှိရမဲ့သတ္တဝါဟာ ခွေးရူးဘဲဟာ။အင်း ဒီတခါ စစ်တပ် အာဏာသိမ်းပြီဆိုတော့ မအလနဲ့ သူ့စစ်တပ်ကိုလဲ ပြည်သူက ရပ်ကွက်ထဲ ခွေးရူးဝင်လာသလို သဘောထားပြီး ကလေးတွေတင်မက လူကြီးတွေပါ အိမ်ထဲဝင်ဆိုပြီး ရရာလက်နက်ဆွဲ မိန်းခလေး ယောက်ျားလေးအကုန်ထွက် လူရွယ်လူလတ် ခွေးရူးသတ်ကြတော့တာဘဲ။ တတိုင်းပြည်လုံးကလဲ မွေးတဲ့မိပြန်စော်ကား ကျွေးတဲ့လက်ပြန်ကိုက်ပြီဆိုတော့ကား ခွေးလို့ဘဲ အမည်သညာ ခေါ်စရာပြုလို့ ခွေးဖြစ်ပြီးသကာလ အာဏာလေးပါရူးလိုက်တော့ ခွေးရူးဖြစ်သွားပြီဆိုတော့ကား စစ်ခွေးရူး ရဲခွေးရူး ဟော စစ်တပ်လက်ကိုင်ဒုတ်ကိုတော့ ပျူခွေးရူးဆိုကာ ဝင်လာသမျှ ချကြတော့တာဘဲ။ မချရင် ခွေးရူးကိုက်ခံပြီးရင်း ကိုက်ခံနေရပြီး တယောက်ကစ တရာ အကုန်ခွေးရူးပျံသေကုန်မှာကိုး။ ဒီခွေးတွေမှာက ဥပဒေဆိုတဲ့ ခွေးရူးပျံကာကွယ်ဆေးထိုးထားတဲ့ကောင် တကောင်မှမပါဘူးလေ။ ကိုက်မိ ခြစ်မိတဲ့လူမှန်သမျှလဲ ခွေးရူးပျံကာကွယ်ဆေး ဝိုင်းထိုးပေးရတာ၊ မဟုတ်ရင် လူကနေ ခွေးဘဝပြောင်း ခွေးကောင်းတောင်မဟုတ်၊ ခွေးရူးဇာတ်ဝင် မြင်မြင်သမျှကိုက် ခွေးမိုက်ဘဝနဲ့ဘဲ ဇာတ်သိမ်းရမှာလေ။အဲသလို ခွေးရူးသတ်ခြင်းဆိုတဲ့ လုပ်သင့်လုပ်ထိုက်တာကို ညီညီညာညာလုပ်တာဟာ လူ့သီလပါဘဲတဲ့။ ဒီသီလမရှိတာဟာ အမြော်အမြင်ဉာဏ်ပညာ နည်းမှုသာလို့ ဗုဒ္ဓရှင်တော်က ကလေးငယ်ငယ်အရွယ်ကထဲက ဟော်ဖော်ညွှန်ကြားခဲ့ပါတယ်။ ဒီအလုပ်မလုပ် အမျှော်အမြင်မဲ့ရင်တော့ဖြင့် ဘဝမှာ တည်တည်ငြိမ်ငြိမ်နေရဖို့ မမျှော်လင့်နဲ့တဲ့။ မတည်မငြိမ်ဘဝမှာ ဘယ်ကောင်းခြင်းဓမ္မ ရနိုင်မှာလဲတဲ့လေ။ ကောင်းခြင်းဓမ္မ မရဘဲ ဘယ်လိုလုပ် ကိုယ်စိတ်နှလုံး သုံးပါးလုံးချမ်းသာရာ ရမလဲတဲ့။ စိတ်နှလုံး ညှိုးချုံးသူတွေနဲ့ ချမ်းသာတဲ့မိသားစုရပ်ရွာမြို့ပြနိုင်ငံ ဘယ်လိုထူမလဲတဲ့။အဲဒါကြောင့် ဇိနပုတ္တ=ဘုရားရင်သွေးမှန်ရင် “ခွေးရူးသတ်ခြင်း” ဆိုတဲ့ လူ့သီလအလုပ်ကို လုပ်ရာ၏ပါတဲ့ခများ။

သီအိုဇော် - ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်
https://ift.tt/qGb1oNy
<a href="https://blogger.googleusercontent.com/img/a/AVvXsEiSW3bxxRBu62DHhE17FuuMomSQXIYN-yNMv0oMjCkbsUpTjFipqg5ZwichQxz97-CweUVvD-cF6QdvVpOhjaKEbG1XS5rc_GL9YIRNt8Lo1FF-kNFf3Hys_tif825jBjWW5S4QPikwtWVVkvt79ePBirNuiSkh8DtgbGuksBISc-uLp6FGMF4-PE5QIPE">Media</a>သီအိုဇော် - ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်(မိုးမခ) ဧပြီ ၆ ၊ ၂၀၂၄
ကုလသမဂ္ဂ ဆိုတဲ့ စကားလုံးက မြန်မာပြည်သူတွေအတွက် လှုပ်လှုပ်ခပ်ခပ် သိပ်မဖြစ်တော့တဲ့ အချိန်မှာ အထူးကိုယ်စားလှယ်သစ် နောက်ထပ်တယောက်ကို ခန့်အပ်လာခဲ့ပါတယ်။ဒီကိုယ်စားလှယ်သစ်က လက်ရှိ Australian National University (ANU) ရဲ့ အဓိပတိဖြစ်သူ ဂျူလီဘစ်ရှော့ (Julie Bishop)ပဲ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဝန်ကြီးချုပ် သုံးဆက်တိုင်တိုင် ဩစတြေးလျနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူအဖြစ် လူသိများကြပါတယ်။ သူမက ဩစတြေးလျနိုင်ငံရဲ့ ခေတ္တဝန်ကြီးချုပ် တာဝန်ကိုလည်း ယူခဲ့ဖူးသူ ဖြစ်ပါတယ်။နှစ်ပေါင်း ၂၀ ကျော် နိုင်ငံရေးသမားတဦးအဖြစ် ကျင်လည်ခဲ့စဉ်က ပညာရေး၊ သိပ္ပံ၊ လေ့ကျင့်သင်ကြားရေး ဝန်ကြီးဌာန၊ အမျိုးသမီးရေးရာဝန်ကြီးဌာန၊ သက်ကြီးရွယ်အိုရေးရာ ဝန်ကြီးဌာနတို့မှာလည်း ဝန်ကြီးတဦး ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးနယ်ထဲ ဝင်ရောက်မလာခင်က ရှေ့နေတဦးအဖြစ် အသက်မွေးခဲ့ပြီး ရှေ့နေရုံးတခုကို စီမံဦးဆောင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံဟာ အာဆီယံရဲ့ ပထမဦးဆုံး ဒိုင်ယာလော့ဂ် ပါတနာနိုင်ငံဖြစ်သလို ပထမဆုံး ဘက်ပေါင်းစုံ မဟာဗျူဟာ မိတ်ဖက်နိုင်ငံလည်း ဖြစ်ပါတယ်။ အာဆီယံအင်အားကြီး နိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကို ရေပိုင်နက်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံလို့ သတ်မှတ်ဆက်ဆံပြီး နီးကပ်တဲ့ ဆက်ဆံရေး ဒီနှစ်နိုင်ငံကြားမှာ ရှိ ပါတယ်။ ဒီအတွက် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး၊ သို့မဟုတ် ဝန်ကြီးဌာန တာဝန်ရှိသူများဟာ အာဆီယံအရေးနဲ့ မစိမ်းကြတဲ့သူတွေလို့လည်း ပြောလို့ရပါတယ်။တဖက်ကကြည့်ရင်လည်း အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်အုပ်စုနိုင်ငံများနဲ့ တသားတည်းကျလုနီးပါး နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးတဲ့ အာရှပစိဖိတ်နိုင်ငံတခုလည်း ဖြစ်ပါတယ်။ ဒီလို အရှေ့-အနောက် နှစ်ဖက်လုံးနဲ့ ဆက်ဆံရေး အတော်ကောင်းမွန်တဲ့ နိုင်ငံမျိုးက နိုင်ငံခြားရေးဝန်ကြီးဟောင်း တဦးကို အထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ခဲ့တာက ကုလသမဂ္ဂဘက်က မြန်မာ့အရေးကို အနောက်အုပ်စုနဲ့ အာဆီယံအဖွဲ့တို့နဲ့ အကြား နှစ်ဖက်မျှ အဖြေရှာပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ယူဆရပါတယ်။ဂျူလီဘစ်ရှော့က မြန်မာနိုင်ငံနဲ့ စိမ်းသူတဦးတော့ မဟုတ်ပါဘူး။ သူမ နိုင်ငံရေးထဲ မဝင်ရောက်မီ ၁၉၉၅ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှတ်တရ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က ဒီဇင်ဘာလ ၂ ရက်နေ့အထိ လာရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩစတြေးလျခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က လက်ဆောင်ပေးခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မှာ ပထမဆုံး တွေ့ဆုံခဲ့ရမှုက သူမ နိုင်ငံရေးလောကထဲ ဝင်ရောက်ဖို့အတွက် အတုယူ အားကျစရာ ဖြစ်ခဲ့တယ်လို့ ဂျူလီဘစ်ရှော့က ပြောခဲ့ဖူးပါတယ်။ ၂၀၁၄ ခုနှစ် မတ်လ ၇ ရက်နေ့က နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အတုယူ အားကျစရာကောင်းတဲ့ ဒေသတွင်းက အမျိုးသမီးခေါင်းဆောင်တဦး ဖြစ်ကြောင်း ဖော်ပြထားပြီး၊ ရန်ကုန်မှာ ၁၉၉၅ ခုနှစ် တွေ့ဆုံခဲ့မှုက သူမအတွက် ဘဝကို ပြောင်းလဲသွားစေတဲ့ အတွေ့အကြုံလို့လည်း ပြောထားခဲ့ပါသေးတယ်။၂၀၁၄ ခုနှစ် ဇူလိုင်လမှာ နေပြည်တော်ကို ၃ ရက်ကြာ လာရောက်ခဲ့ပြီး အဲဒီအချိန်က စစ်တပိုင်းအစိုးရ သမ္မတနဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဇူလိုင် ၃ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ လာအိုနိုင်ငံ ဗီယန်ကျင်းမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သူမတို့နှစ်ဦးလုံးက နိုင်ငံခြားရေးဝန်ကြီးများအဖြစ် ပြန်ဆုံခဲ့ကြပြန်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ဝန်းကျင်က နိုင်ငံရေးလောကထဲ ဝင်ရောက်စေဖို့ အားကျနမူနာယူခဲ့ရသူနဲ့ အခုလို နှစ်ယောက်လုံး နိုင်ငံခြားရေးဝန်ကြီးတွေ အဖြစ်နဲ့ ပြန်ဆုံဖြစ်ခဲ့ရတာက သူမအတွက် တကယ့်ကို အမှတ်တရတခု ဖြစ်စေခဲ့မယ် ထင်ပါတယ်။ဒီလိုနောက်ကြောင်းတွေနဲ့ ပြန်ဆက်စပ် စဉ်းစားကြည့်ရရင် အထူးကိုယ်စားလှယ်သစ်အနေနဲ့ သူမ တာဝန်ယူချိန် ကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေးကို အထူးကြိုးစားလာခဲ့မယ် ဆိုရင်တော့ အံ့ဩစရာ မရှိဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ဒါ့အပြင် NUG ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ဆောင်ရွက်ထားနိုင်တဲ့ ဩစတြေးလျနိုင်ငံနေ အထူးကိုယ်စားလှယ်သစ်တဦး ဖြစ်တဲ့အတွက်၊ မြန်မာ့အရေး ဆွေးနွေးဖလှယ်မှုကို အရင်ထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်မယ်လို့လည်း အကောင်းမြင်…

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး တစိတ်တပိုင်း ရုပ်သိမ်းသွားတဲ့ မြဝတီမြို့
https://ift.tt/0ZyLwK8
<a href="https://blogger.googleusercontent.com/img/a/AVvXsEh_LObKIZoGlnPbijpukp4Udx7oF9LClD97CVpuKTbeJA8hQFeXS8E3Ts4DF-_hh2HW_G7jBdm7y67Nx8wCm9CTVMC4qq-iRVSJjBoMOVnVoIQsubT2y1nDLoHVztTJBW7Ejt6xt_0GufOeRT43CHmuvbw5mIWtkJdQI5LexxYOpMxinzhN6ImjOzKgP8M">Media</a>မြန်မာနွေဦး ခရိုနီကယ် - ဧပြီ ၇ မြင်ကွင်း(မိုးမခ) ဧပြီ ၈၊ ၂၀၂၄
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး တစိတ်တပိုင်း ရုပ်သိမ်းသွားတဲ့ မြဝတီမြို့ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့တို့က သောင်းရင်းမြစ်ခြားပြီး ဟိုဘက်သည်ဘက် ထိစပ်နေတဲ့ နယ်စပ်မြို့ နှစ်မြို့ဖြစ်ပါတယ်။ မဲဆောက်မြို့ဟာ မဆလ ခေတ်လို့ခေါ်ဆိုတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ခေတ် မှောင်ခိုကုန်သွယ်ရေးခေတ်ကတည်းက နယ်စပ်ကုန်သွယ်ရေး ပစ္စည်းတွေ ရောင်းချတဲ့မြို့ ၊ ဖလူး၊ ဝေါ်လေ စတဲ့ နယ်စပ်ဂိတ်တွေကနေ မြန်မာနိုင်ငံကို သယ်ယူမယ့် ထိုင်းကုန်ပစ္စည်းတွေကို စုစည်းဖြန့်ချိတဲ့မြို့ဖြစ်ခဲ့တဲ့ မဲဆောက်မြို့ဟာ ၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက် တက်လာတဲ့ နဝတလက်ထက်မှာ နယ်စပ်ကုန်သွယ်ရေးကို တရားဝင်လုပ်ဆောင်ခဲ့ပြီးနောက် မဲဆောက်-မြဝတီက ကုန်သွယ်ရေး လမ်းကြောင်းအပေါ်မှာ ပိုမိုစည်ကားလာပြီး ဆယ်စုနှစ် ၃ နှစ်ကျော်ကာလ ရောက်လာချိန်မှာ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အကူအညီချေးငွေနဲ့ တည်ဆောက်ခဲ့တဲ့ မြဝတီ-ကော့ကရိတ်- အိန္ဒု အဝေးပြေးလမ်း စသဖြင့် ပိုမိုချောမွေ့ မြန်ဆန်လာတဲ့ လမ်းကြောင်းနဲ့ စည်ကားတဲ့ မြို့တမြို့ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ မဲဆောက်မြို့ဟာလည်း မြန်မာနိုင်ငံကို အုပ်ချုပ်တဲ့စစ်အစိုးရနဲ့ ပဋိပက္ခဖြစ်သူ နိုင်ငံရေးသမား၊ အရပ်ဖက်အဖွဲ့အစည်းက သူတွေ ရောက်ရှိခိုလှုံရာမြို့ တမြို့ဖြစ်လာပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာနိုင်ငံက CDM လုပ်ပြီး တိမ်းရှောင်သူတွေ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လုပ်ဆောင်ကြသူတွေရဲ့ မှီခိုရာမြို့တမြို့ဖြစ်လာပါတယ်။ မြဝတီမြို့က မဲဆောက်ကို ကူးမယ့်သူတွေအတွက် တထောက်နားစရာ၊ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့မြို့ အဖြစ်နဲ့ ၃ နှစ်တာလုံးလုံး တည်ရှိခဲ့ပြီးနောက် အခုရက်ပိုင်းမှာ KNU/ KNLA က ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အနေအထားရောက်ရှိ လာပြီဖြစ်ပါတယ်။ KNU/KNLA နဲ့ အခြားလက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေက ကော့ကရိတ်မြို့ကို သိမ်းယူဖို့ လနဲ့ချီ ကြိုးပမ်းနေချိန်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းကို KNLA က ဖြတ်တောက်ထားတဲ့ အနေအထားမှာ မြဝတီမြို့အနီး သင်္ဃန်းညီနောင် အနီးက ဗျူဟာစခန်းတွေ၊ တပ်ရင်းတွေကို တခုပြီးတခု သိမ်းယူပြီး နောက်ဆုံး မြဝတီမြို့အနီးဆုံး မြို့စောင့်တပ်လို့ ဆိုကြတဲ့ ခမရ ၂၇၅ တပ်ရင်းတခုသာ သိမ်းယူဖို့ ကျန်ရှိပြီး မြဝတီက သိမ်းယူခံရဖို့ လက်တကမ်းကွာ အနေအထား ရောက်ရှိနေပြီဖြစ်ပါတယ်။ မြဝတီမြို့မှာ တိုက်ပွဲတွေ ဖြစ်မလား ဆိုတာမသေချာသေးတဲ့အနေအထားမှာ မြဝတီမြို့မှာ ရှိတဲ့ ခရိုင်အဆင့် အုပ်ချုပ်ရေးနဲ့ အစိုးရရုံးက အရာရှိတွေကို ဧပြီလ ၇ ရက်နေ့ညက မဲဆောက်မြို့ကတဆင့် လေယာဥ်နဲ့ မြန်မာနိုင်ငံရန်ကုန်မြို့ သို့မဟုတ် မော်လမြိုင်မြို့ဆီ ကယ်ထုတ်သွားခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ မြဝတီမြို့ကနေ ကုန်းလမ်းကနေ ပြန်ထွက်ခွာဖို့ ခက်ခဲနေတဲ့အခြေအနေမျိုး ရောက်ရှိပြီး နယ်စပ်ကုန်သွယ်ရေး စခန်းကို စစ်ကောင်စီအနေနဲ့ လက်လွှတ်ရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ KNU/KNLA အနေနဲ့ ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေး မကင်းရာ မကင်းကြောင်း အချက်တွေကြောင့် အရပ်ဖက် မြို့ဖြစ်တဲ့ မြဝတီမြို့ကို တိုက်ခိုက်သိမ်းယူတာထက် စစ်ကောင်စီဘက်က အသာတကြည် စွန့်ခွာသွားတဲ့ အနေအထားမျိုးရောက်အောင် ကြိုးပမ်းနေတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စစ်ကောင်စီ အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ ပမာဏအများဆုံး ကုန်သွယ်စခန်း အကောက်အခွန်စခန်းကို လက်လွှတ်လိုက်ရတဲ့အနေအထားက ကြီးကြီးမားမား သိက္ခာကျစရာလည်း ဖြစ်ပါလိမ့်မယ်။ ယခင် ၃ နှစ်တာကာလစလုံး စစ်ကောင်စီရဲ့ လက်အောက်ခံသဖွယ် ဖြစ်တဲ့ စောချစ်သူ ခေါင်းဆောင်တဲ့ BGF တပ်ဖွဲ့ ရဲ့ အကူအညီနဲ့ မြဝတီကို ထိန်းသိမ်းထားနိုင်တာ ဖြစ်ပြီး မကြာခင်လအနည်းငယ်က စောချစ်သူက BGF အနေနဲ့ ဆက်လက် မသွားတော့ပဲ သီးခြားလွတ်လပ်စွာ ရပ်တည်တော့မယ်လို့ ကြေညာလိုက်တဲ့နောက် စစ်ကောင်စီအဖို့ မြဝတီကို ထိန်းချုပ်ထားဖို့ အခွင့်အလမ်း သိသာစွာနည်းပါးလာတဲ့ သဘောလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကရင်ပြည်နယ် ဖားအံကနေ အရှေ့ဘက် ကော့ကရိတ်၊ မြဝတီ တလျှောက်မှာ KNU/KNLA ၊ KNU/KNLA (PC) နဲ့ BGF အပြင် DKBA စတဲ့ အဖွဲ့တွေ လှုပ်ရှားနေကြတာ ဖြစ်ပြီး တချို့သော လက်နက်ကိုင် တိုက်ပွဲတွေမှာ BGF က စစ်ကောင်စီဘက်ကနေ ကူညီတိုက်ခိုက်ပေးခဲ့တာတွေ ရှိခဲ့ပြီး BGF ကိုလည်း မြဝတီမြို့နယ်ထဲက ရွှေကုက္ကို ကျေးရွာတွေတဝိုက်မှာ တရားမဝင်တဲ့ စီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ ကာစီနို၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ လိုင်စင်မဲ့ ကားမှောင်ခို၊ မူးယစ်ဆေးပြားကုန်သွယ်မှု စတဲ့လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပေးထားပြီး အချို့သော အကျိုးအမြတ်တွေကို အဲဒီနယ်မှာ တာဝန်ရှိတဲ့…

နိုင်မွန်အောင်သွင် - ဆေးများ
https://ift.tt/MQOPglK
MediaArt by NAဆေးများနိုင်မွန်အောင်သွင်(မိုးမခ) ဧပြီ ၉၊ ၂၀၂၄
ဖော်ကြမွဲဆေးဖော်ကြ။
အိပ်မက်ကိုယုံလို့ကံကိုယုံလို့လျှာအရိုးမရှိတာကိုယုံလို့မွဲဆေးဖော်ကြ။
ဖော်ကြကိုယ့်အတွင်းမီးကိုဖော်ကြ။ကိုယ့်ပေါင်ကိုယ်လှန်ထောင်းကြ။မိုးတိမ်တွေလိုလွင့်နေတဲ့မလိမ်မိုးမလိမ်မာဆေးကို ဖေါ်ကြ။
ဖော်ကြကိုယ်ကောင်းကြောင်းသူများမကောင်းကြောင်းဖော်ကြ။
လူကြိုက်နည်းတဲ့မသူတော်ဆေးကို ဖော်ကြ။
ဖော်ကြငါမှမကယ်ရင်တိုင်းပြည်ကချောက်ထဲကျတော့မယ်။
မိုက်မဲရမ်းကားကြ။မောက်မာရင့်သီးကြ။
သေနတ်ကပွင့်ပြီးနှင်းဆီလို့မြင်စေချင်တဲ့ကယ်တင်ရှင်ဆေးကို ဖော်ကြ။
ဖော်ကြကိုယ့်မီးမှ ပိုပူတယ်ကိုယ့်ဒဏ်ရာမှပိုနက်တယ်အရူးအချင်းချင်း တစ်မူးပိုသာမလားကြိုးတစ်ချောင်းပေါ်မှာတည်းတည်းလေးအသက်ရှင်ရလည်းလူဟာ အသည်းကကွဲတတ်သေးတယ်။
မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်ဆေးကို ဖော်ကြ။ ၇.၄.၂၀၂၄-Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar