တည်ဘွားဦး - မပျော်ရွှင်တဲ့အဓိပ္ပာယ် - ၂၁
https://ift.tt/oUxaw2n
Mediaမပျော်ရွှင်တဲ့အဓိပ္ပာယ် - ၂၁တည်ဘွားဦး(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၄
အဆင်မပြေပါဘူးဆိုမှမီးခိုးတွေက ထထအူတယ် ၊
နေရောင်ခြည်ကိုတိုက်ရိုက်လိုချင်တာပါမှန်ကတဆင့် ရလာမယ့် အနွေးဓာတ်ကို မလိုချင်ပါဘူး ၊
သူ့ကြောင့်ငါ့ရဲ့အသည်းလေးနည်းနည်းပါးလာသူ့ကြောင့်ငါ့ရဲ့ နာမကျန်းမှုဟာ ပို၍ဆိုးလာ ၊
မကောင်းခဲ့တဲ့အိပ်မက်ဆိုးတွေကြားထဲကရုန်းထွက်လာခဲ့ရသူမို့ပြောခဲ့ဖူးတဲ့ စကားလုံးတွေကို ပြန်မတွေးစေချင်ပါဘူးပျော်စရာမှ မကောင်းခဲ့တာ ၊
သင်ဆရာမရှိမြင်ဆရာမရှိကြားဆရာမရှိတဲ့ကြားကွက်သစ်လမ်းမကြီးပေါ်မှာပေါင်တိုတိုစကပ်တိုတိုနဲ့ဝက်ဆလပ်စားနေတဲ့ကောင်မလေးတွေကိုမြင်ရတာလည်းစိတ်ချမ်းသာလှတယ်မရှိပါဘူး ၊
ရောက်လာပါပြီ ဆိုကတည်းကစိတ်လိုလက်ရ လုပ်မိတာဆိုလို့ဂစ်တာတီးတယ်သီချင်းဆိုတယ်လမ်းလျှောက်တယ်နို့ဆန်ပြုတ်သောက်ပြီးအသံမထွက်ပဲ ပူပူနွေးနွေးငိုတယ်နောက်ပျံရင်းသေသွားတဲ့ငှက်ကိုရက်ရက်စက်စက် အမျှဝေပေးလိုက်တယ် ၊
ပျော်စရာတွေက သည်လောက်ပါပဲထက်ပြီးပျော်စရာဆိုလို့ကိုယ့်ကိုယ်ကိုအရည်ဖျော်ဖို့သာကျန်ပါတော့တယ် ။ ။-Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar

MoeMaKa Media
တည်ဘွားဦး - မပျော်ရွှင်တဲ့အဓိပ္ပာယ် - ၂၁
MoeMaKa Burmese Community News, Media & Literature Site, Burma Myanmar
မောင်တူး - တော်လှန်ကဗျာဆရာကြီးတင်မိုးအလွန်တဆယ့်ခွန်
https://ift.tt/WUf0YvJ
<b>MediaImage- Credit</b><b style="text-align:left;">တော်လှန်ကဗျာဆရာကြီးတင်မိုးအလွန်တဆယ့်ခွန် </b><b>မောင်တူး</b><b>(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၄</b>
တင်မိုး အလွန်တဆယ့်ခွန် တွင်အကျွန် လွမ်းဆဲဖြစ်ပါသည်။ ။
<b># တင်မိုးအလွန်၁၇နှစ်မြောက်</b>
၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်က အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့မှာ ကဗျာဆရာကြီး တင်မိုး ကွယ်လွန်သွားခဲ့တာဆိုရင် ၁၇ နစ်မြောက်ရှိပါပြီ။ "ပျောက်သောသူ ရှာရင်တွေ့ ၊ သေသောသူ ကြာရင်မေ့" သတဲ့။ သာမန်လူဆိုရင်တော့ လွယ်လွယ် မေ့ပျောက်နိုင်ကြတာပေါ့။ ဆရာတင်မိုးကတော့ မမေ့နိုင်စရာတွေမှ တောင်ပုံရာပုံလေ။ ဘယ်လို့မှ မမေ့နိုင်တာတွေက သူ့ရဲ့ ကဗျာ တွေပါ။ သူ့ကဗျာတွေက သာမန်ကဗျာတွေ မဟုတ်တော့ပါဘူး။ တော်လှန်ကဗျာတွေလည်း ဖြစ်ခဲ့ပေါ့။ နောက်ဆုံး သူကဗျာတွေကနေ ကဗျာတွေ မဟုတ်တော့ပဲလက်နက်တွေ ဖြစ်နေပြီ။ လက်ရှိ နွေဦးတော်လှန်ရေးမှာလည်း သူ့ကဗျာ လက်နက်တွေကိုပဲ ကိုင်စွဲကြပြီ။ စစ်လက်နက်တော့မဟုတ်ပါ။ ဒါပေမဲ့ တော်လှန်တဲ့လက်နက်။ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲဝင်လက်နက်တွေပါ။ တနည်းအားဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးလက်နက်၊ စိတ်ဓာတ်လက်နက်၊ တင်မိုးရဲ့ ကဗျာ လက်နက်တွေပါ။ သူကွယ်လွန်ပြီး ၁၇ နှစ်မှာ သူ့ ကဗျာလက်နက်တိုက်ကြီးက သိုလှောင်ထားဆဲ။ နွေဦး ပြည်သူ ကျောင်းသားတွေက စွဲကိုင်ဆဲပေါ့။
<b># ကိုယ့်ကိုယ်ကိုသာအားကိုးပါတင်မိုးကဗျာ</b><b>
</b>ကျနော်က ဖေ့စဘုတ်ထဲမှာ တွေ့တဲ့ ကဗျာလေးတွေကို စု စု ထားတတ်တယ်။ ဒီနေ့ ဆရာ့ရဲ့ ၁၇ နှစ်ပြည့် အမှတ်တရ ရေးဖို့ ရှာတော့ "ဆေး" ခေါင်းစဉ်နဲ့ ကဗျာကလေးကိုတွေ့ပါတယ်။
"ဆေး"
မသိနာကို၊ ကုစားလို၍ဆေးချိုပေးပါ့ အိုဗုဒ္ဓ .... ။သင်လုလင်သာ၊ ဆေးဆရာတည့်သင့်အနာကို၊ ကုစားလိုကကိုယ့်ကိုယ်ကိုမှ အားကိုးပါ့ .... ။မသိအနာ၊ စွဲကပ်လာဟုသိခါခဏ ပျောက်မည်ပါ့ .... ။ ။(တင်မိုး)
"ငါတို့အတွက် ငါတို့ရှိတယ်။ " ပြည်သူ့အတွက် ပြည်သူရှိတယ်။" ဆိုတဲ့ နွေဦးတော်လှန်ရေးကာလ ဆောင်ပုဒ်တွေဟာ အခု "ဆေး" ကဗျာနဲ့ တသဘောတည်း ဖြစ်နေတာ တွေ့ရပါတယ်။ UN က ဝမ်းနည်း စိုးရိမ် အလွန်အမင်း ဖြစ်နေချိန်။ အာဆီယံကိုလည်း အားကိုးမရချိန်၊ အိမ်နီးချင်းနိုင်ငံတွေကလည်း ထည့်တွက်လို့ မရ ဖြစ်နေချိန်မှာ သူ့ရဲ့ "ဆေး" ကဗျာဟာ မြန်မာပြည်သူတွေ ကိုယ်အားကိုယ်ကိုး ရမယ်ဆိုတာကိုသာ မီးမောင်းထိုးပြနေသလိုပါ့။ တချိန်တည်းမှာ ဆရာဟာ အသက်ရှည်ချင်ပြီး မြန်မာပြည်တော်လှန်ရေးအောင်မြင်ချိန်မှာ အမေရိကားကနေ ပြည်တော်ပြန်ပြီး ကဗျာတွေ ရေးသွားချင်ကြောင်း ပြောခဲ့သူပါ။ ဒါပေမဲ့သူဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင် ဆုံးခဲ့ပါတယ်။ သူ သက်ရှိထင်ရှားရှိနေ သေးရင် ရွှေဝါရောင် တော်လှန်ရေးကဗျာတွေများ ရေးလိုက်မဲ့ဖြစ်ခြင်း။ အခုအထိများ ရှိသေးရင် နွေဦးတော်လှန်ကဗျာတွေ ရေးနေဦးမှာပါ။
<b># ဆန်ဖရန်စစ္စကိုစာပေဟောပြောပွဲ၂၀၀၀ခုနှစ်ပြောကြားချက်</b>
ဆရာတင်မိုးဟာ ကဗျာတွေ ရေးသားမှုနဲ့ ၁၉၉၁ ခုနှစ်မှာ ထောင် ၄ နှစ်ကြတယ်။ ထောင်ကနေ နှစ်စေ့လို့လွတ်ပြီးတဲ့နောက် ၁၉၉၉ ခုနှစ် ဩဂုတ်လ ၁၀ ရက်မှာ ပြည်ပထွက်လာတယ်။ အဲ့သည်တုန်းကလည်း သူ့ကို ထောက်လှမ်းရေးက စောင့်ကြည့်နေတဲ့ကြားက ပြည်ပကို အလစ်အငိုက်ထွက်လာနိုင်ခဲ့တယ်။ သူ့အပြောအရ သူ့ကို တင်မိုးနာမည်နဲ့သာတွဲလျက် အသိများကြပြီး အမည်ရင်း ဦးဘဂျမ်းကို မသိတာကြောင့် သူလွတ် မြောက်လာခဲ့တာ တဲ့။ မင်္ဂလာဒုံလေဆိပ်မှာ ပုကွကွ "ဦးဘဂျမ်း" ဆိုတဲ့ လူကြီးတယောက်ကို "ကဗျာဆရာတင်မိုး" လို့ ထောက်လှမ်းရေးက မထင်မှတ်တာကြောင့် သူ လေယာဉ်ပေါ်တက် ထွက်လာနိုင်တာပေါ့။ ၂၀၀၀ ပြည့်နှစ်က အမေရိကန်ပြည် ဆန်ဖရန်စစ္စကိုမြို့မှာ စာပေဟောပြောတယ်။ ဟောပြောပွဲအဆုံးမှာ အခုလို ဆရာက ပြောခဲ့ပါတယ်။ စာပေဟောပြောပွဲ ဗွီဒီယိုကို "သန်းထွန်းလေးအင်းတဲရွာ" Youtube မှာတင်ထားပါတယ်။
<b># ပြည်တော်ဝင်ကဗျာစပ်ချင်သေးသူ</b>
((( နိုင်ငံတကာရောက် မြန်မာတွေကတော့ အာမခံချက် အပြည့်ရှိသပေါ့။ ကျနော်တို့ မြန်မာပြည်မှာ ပြသနာက အာမခံချက် မရှိတာဗျ။ ဘာမှ မရေရာဘူး။ အခု ပြည်ပရောက်တွေ အေးအေးဆေးဆေးနဲ့ နေထိုင်နေကြရပြီ ဖြစ်တာတောင်မှ ကိုယ့်တိုင်းပြည် လွတ်မြောက်အောင် ကြိုးစားပေးနေကြတာကို ကျနော် ကျေးဇူးတင်တယ်။ ဂုဏ်လည်းယူတယ်။ ကျနော်တို့လည်း တတ်နိုင်သမှတော့ တနိုင်တပိုင် လုပ်ရတော့ မှာပေါ့ဗျာ။ ကိုယ်ကိုယ် တိုင်ကတော့ သူတို့ရဲ့ တုတ်ချက် ဓားချက်ကတော့ ဝေးသွားပါပြီ။ သို့သော်လည်း လေသေနတ်တော့ ရှိသေးတယ်။ ဟဲဟဲ။ (ဟောပြောပွဲ လာသူျား ဝိုင်းရယ်ကြသည်။)ကျနော်တို့ တတ်နိုင်သမျှ ဒီမိုကရေစီ ရရှိရေး နဲ့ လူ့အခွင့်အရေးတွေ ရရှိရေး လုပ်ကြရမယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရကို ရရမယ်။ ဒီစစ်တပ်က ဘာသားနဲ့ထုထားလို့ တောင့်ခံနိုင်ရမှာလဲ။ စစ်အာဏာလည်း အနိစ္စသဘောနဲ့ တနေ့ ကိစ္စချောရမှာပဲ။ ကြာကြာမခံဘူးလို့ တွက်တယ်။ မမှန်တဲ့ ဟာက ကြာရှည် မခံပါဘူး။ အဲ့သည် အခါကျရင် ကျနော်တို့တတွေ အကုန်လုံး နိုင်ငံတကာက ပြန်တဲ့သူတွေ အကုန်လုံး မင်္ဂလာဒုံ လေဆိပ် ရောက်လာပြီး ကျနော်တို့ ဒီမိုကရေစီ ရတဲ့သူတွေ ခွပ်ဒေါင်းအလံတွေ တလူလူလွှင့်ပြီးတော့ "အခါတော်ရောက်ချိန် နီးလို့လာပြီ"…

စစ်ကိုင်းနဲ့ ထိစပ်နေတဲ့ ရှမ်းမြောက်ရဲ့ နောက်ဘက်ခြမ်းမြို့နယ်တွေ KIA က တိုက်ခိုက်သိမ်းယူဖို့ ကြိုးပမ်း
https://ift.tt/SG0XI1D
<a href="https://blogger.googleusercontent.com/img/a/AVvXsEgTyJq8tEnYAgQYSaowNElct6O-daUodR6Pk9Vq4_-vQ3awta-yJS_DyWAJJD5ixuufcHa3J-VPiAEPSYcZWKZkUylAstyr3zbmcMqbplC0SxLJWkHxrCpP_5osjKeKHBFNyOy0-iVwpp477Gor-yd4i05szWbqHW2h9gF6ML5yU3jN-RiSOV5enB8jt1g">Media</a>မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၁ မြင်ကွင်း(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၄
စစ်ကိုင်းနဲ့ ထိစပ်နေတဲ့ ရှမ်းမြောက်ရဲ့ နောက်ဘက်ခြမ်းမြို့နယ်တွေ KIA က တိုက်ခိုက်သိမ်းယူဖို့ ကြိုးပမ်းရှမ်းမြောက်ဒေသမှာ မြို့သိမ်း နယ်မြေသိမ်းတိုက်ပွဲတွေ တခုပြီးတခု ဖော်ဆောင်နေတဲ့ လက်နက်ကိုင် ၃ဖွဲ့ ကို တရုတ်နိုင်ငံက တစုံတရာ ဖိအားပေးပြီး ယာယီ အပစ်ရပ်ဖို့ လုပ်ဆောင်ပြီးနောက်မှာ ရှမ်းမြောက်ဒေသထဲက TNLA ၊ MNDAA တို့ သိမ်းယူထားခြင်း မရှိသေးတဲ့ စစ်အခြေစိုက်စခန်းနဲ့ မြို့တွေကို KIA က တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်လာခြင်းဟာ တိုက်ဆိုင်မှုဆိုတာထက် မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ အနေနဲ့ အပစ်ရပ်ထားချိန်မှာ ယာယီအပစ်ရပ်ဆွေးနွေးမှု နဲ့ အကျုံးမဝင်တဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ KIA က မဟာဗျူဟာအရ အရေးပါတဲ့ မြို့၊ နယ်မြေတချို့တွေ၊ ကချင်လူမျိုးတွေ နေထိုင်တဲ့ ဒေသတွေကို သိမ်းယူဖို့ ကြိုးစားနေတာကို သတိပြုမိပါတယ်။ ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာ ကျေးရွာလို ဒေသ၊ မဘိမ်းမြို့၊ မိုးမိတ် စတဲ့ဒေသတွေနဲ့ ကချင်ပြည်နယ်ထဲက ဖားကန့်လို ဒေသတွေမှာ တိုက်ခိုက်နေတာ တွေ့ရတာ ဖြစ်ပါတယ်။ မိုးမိတ်၊ ဆင်းလီဒေသလို့ ကိုလိုနီခေတ်က ဗြိတိသျှတွေ ခေါ်ဝေါ်ခဲ့ကြတဲ့ ဒေသတွေဟာ ကချင်လူမျိုးတွေရဲ့ အစဥ်အဆက် နေထိုင်လာကြတဲ့ ဒေသတွေလို့ ကိုလိုနီပြုခဲ့တဲ့ ဗြိတိသျှတွေက သတ်မှတ်ကာ ကချင် ဆပ်ဘ်စတိတ် ဆိုတဲ့ အခေါ်အဝေါ်နဲ့ ခေါ်ဝေါ် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ KIA အနေနဲ့ ရှမ်းမြောက်မှာရှိတဲ့ ၄င်းတို့ရဲ့ ကချင်လူမျိုးတွေ နေထိုင်ကြတဲ့ ဒေသကို အခုလို အခွင့်အခါသင့်တဲ့ အချိန်မှာ သိမ်းယူအုပ်ချုပ်လိုတဲ့ ဆန္ဒရှိကောင်း ရှိနိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေမှာတော့ TNLA နဲ့ MNDAA နဲ့ ၄င်းတို့ရဲ့ မဟာမိတ်ဖွဲ့ထားတဲ့ AA တို့က ရှမ်းမြောက်က မြို့တွေ စခန်းတွေ တခုပြီးတခု သိမ်းယူနေချိန်မှာ KIA အနေနဲ့ ဘယ်လို ရှုမြင်သလဲ၊ သို့မဟုတ် FPNCC လို့ခေါ်တဲ့ ဖက်ဒရယ် နိုင်ငံရေး ဆွေးနွေးတိုင်ပင်မှု ကော်မတီ အဖွဲ့ထဲမှာ အဖွဲ့ဝင် ဖြစ်တဲ့ KIA နဲ့ လတ်တလော စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား ညှိနှိုင်းဆွေးနွေးမှု တွေရှိနှင့်သလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်ပါဘူး။ KIA လက်နက်ကိုင် အဖွဲ့ရဲ့ လတ်တလော ထိုးစစ်တွေ အပေါ်မှာရော တရုတ်နိုင်ငံက ဘယ်လိုသဘောထား သလဲဆိုတဲ့ မေးခွန်းလည်း ရှိနေသလို မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ ရဲ့ စစ်ဆင်ရေးတွေ တိုက်ပွဲတွေကို ယာယီအပစ်ရပ်ဖို့ တရုတ်နိုင်ငံက လိုလားခဲ့သလို KIA ရဲ့ ထိုးစစ်တွေကိုပါ ဖိအားပေးလာနိုင်သလား ဆိုတာလည်း တွေးစရာရှိလာပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်ခြားမျဥ်းပေါ်မှာ ဌာနချုပ်တည်ထားပြီး ရိက္ခာ၊ ဆေးဝါး စတဲ့ လက်နက်စက်ရုံတို့လို လိုအပ်တဲ့ ကုန်ကြမ်းတွေအတွက်တ တရုတ်နိုင်ငံကို အတိုင်းအတာတခုထိ ထိတွေ့ဆက်ဆံဖို့လိုအပ်တဲ့ KIA အနေနဲ့လည်း တရုတ်နိုင်ငံက ဖိအားပေးလာခဲ့ရင် ဘယ်လို တုံ့ပြန်မလဲ ဆိုတဲ့ မေးခွန်းတွေလည်း ရှိနိုင်ပါတယ်။ နောက် အရေးကြီးတဲ့ အချက်တချက်ကတော့ KIA တပ်တွေ အခုတိုက်ခိုက်နေတဲ့ ရှမ်းပြည်နယ်ထဲက မိုးမိတ်၊ မဘိမ်းဒေသတွေက စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ထိစပ်နေတဲ့ ဒေသတွေဖြစ်ပါတယ်။ ဒီဒေသတွေကို KIA က စိုးမိုးနိုင်ခဲ့ရင် ရှမ်းမြောက်ရဲ့ အဆက်အစပ် ဆက်သွယ်တဲ့ လမ်းကြောင်းဟာ နောင်ချို ပြင်ဦးလွင် လမ်းပေါက် တခုထည်းမဟုတ်တော့ပဲ နယ်မြေအဆက်အစပ်အရ မိုးမိတ်ဘက်ကနေ စစ်ကိုင်းတိုင်း နယ်မြေတွေနဲ့ ထိစပ်ကာ စစ်ကိုင်းတိုင်းအထက်ပိုင်းကနေ ချင်းပြည်နယ်အစပ် ကလေးဝ၊ ကလေးတို့ အထိ ဆက်စပ်သွားတဲ့ နယ်မြေ အနေအထားလည်း ဖြစ်ပါတယ်။ အချို့သော တော်လှန်ရေး လက်နက်ကိုင် အင်အားစုဘက်က သူတွေမှန်းဆသလို ရှမ်းမြောက်၊ စစ်ကိုင်းအထက်ပိုင်း နဲ့ချင်းပြည်နယ်အထိ သိမ်းယူနိုင်တဲ့နယ်မြေတွေ ဆက်စပ်မိရင် စစ်ကောင်စီကို မဟာဗျူဟာအရ ကြီးကြီးမားမား ဖိအားပေးနိုင်ပြီး မုံရွာ၊ မန္တလေး မြို့ကြီးတွေကို ခြိမ်းခြောက်နိုင်မယ့် သဘောရှိတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အဲဒီလို အနေအထား အရှေ့မြောက်နဲ့ အလယ်ပိုင်း အနောက်ပိုင်း တဆက်တစပ်ထည်း လှုပ်ရှားနိုင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က စစ်ကောင်စီ တပ်တွေကိုပါ အောက်ပိုင်းနဲ့ ဖြတ်တောက်ထားနိုင်မလား ဆိုတဲ့ မှန်းဆမှုလည်း ရှိနိုင်တာ ဖြစ်ပါတယ်။ ဒါကတော့ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေအကြား နယ်မြေ ထိစပ်မှု အရှေ့နဲ့အနောက် ဆက်စပ်မှု လမ်းကြောင်းတွေ ပေါ်ထွက်လာဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ ဗီယက်နမ် စစ်ပွဲမှာတုန်းက တောင်နဲ့မြောက် တန်းပြီး မြေပုံအရ ခပ်သေးသေး ရှည်ရှည် ဖြစ်နေတဲ့ ဗီယက်နမ်နိုင်ငံ တောင်ပိုင်းနဲ့ မြောက်ပိုင်းအတွက် ဆက်သွယ်ထားတဲ့ ဟိုချီမင်း…

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂
https://ift.tt/cS12rz3
<a href="https://blogger.googleusercontent.com/img/a/AVvXsEiTA1YBtwklItCAotoM-O2_gVFANggqGuo6c_0CPkbGkGqzS6auskqfB8rDzqC_amI70BDp4dWkH_XLWbaotLDl006dZ5aTa1hDABhPnZZYIecV2hBgdbYsia8ujDnisI69gO7Qcx2gTiGVUVUMH-O-yhrKOcAwK5zhcWVEu8cEJszcBatxup9QMUjTqiE">Mediaခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၂(မိုးမခ) ဇန်နဝါရီ ၂၂ ၊ ၂၀၂၄
မီးလျှံကြားက နန်းကျဧကရာဇ်ရဲ့ ငိုကြွေးသံရှန်းခေတ် ဟာ ဘီစီ ၁၆၀၀ နဲ့ ဘီစီ ၁၀၄၆ ကြား၊ သက်တမ်း ၅၅၄ နှစ် ကြာမြင့်ပြီး နောက်ဆုံး ဧကရာဇ်က ရှင်း (辛 Xin) ဖြစ်ပါတယ်။ ဧကရာဇ် ရှင်း ကို ကျို့ (紂 Zhou) လို့လည်း ခေါ်ပါတယ်။ ဒီအချက်က သမိုင်းစိတ်ဝင်စားသူတွေအတွက် မှတ်သားစရာ တစ်ခုပါ။ ဘာကြောင့်လဲ ဆိုတော့ ရှင်း (ကျို့) ကို ပုန်ကန်တော်လှန်ပြီး ထီးနန်းက ဆွဲချတာက ကျို့(周 Zhou) ပြည် ဖြစ်နေလို့ပါ။ အဲဒီအမည်ကို ရေးတဲ့ တရုတ်စာလုံးပေါင်းက မတူပေမယ့်၊ အသံထွက်ကတူပြီး၊ အင်္ဂလိပ်လို ရေးတဲ့အခါမှာလည်း Zhou လို့ပဲ ရေးကြတာမို့၊ စာဖတ်သူတွေအတွက် ရှုပ်ထွေးသွားနိုင်ပါတယ်။ (အင်္ဂလိပ်ဘာသာနဲ့ ရေးတဲ့ ဆောင်းပါးတွေ၊ မှတ်တမ်းရုပ်ရှင်တွေ၊ သမိုင်းစာအုပ်တွေမှာ ရှန်းခေတ်ရဲ့ နောက်ဆုံးဧကရာဇ် ကို ကျို့ (Zhou) လို့ အများဆုံး ဖော်ပြထားတာ တွေ့ရပါလိမ့်မယ်။ ဒီမှာတော့ "ရှင်း (Xin) လို့ပဲ ခေါ်ဝေါ်သွားပါမယ်။)ရှင်းဧကရာဇ် လက်ထက်မှာ ရှန်းခေတ်ကြီး ကျဆုံးသွားပြိး၊ ကျို့ခေတ် စတင်ခဲ့တာမို့ ရှန်းခေတ် သမိုင်းကို ပြောတဲ့အခါ ရှင်း အကြောင်းကို မဖြစ်မနေ ထည့်ပြောရမှာ ဖြစ်ပါတယ်။ ရှန်းခေတ်သမိုင်းမှတ်တမ်းတွေ အများစုက ရှင်းဧကရာဇ်ကို ဆိုးယုတ်တဲ့ မင်းဘုရင်တစ်ပါးအဖြစ် ပုံဖော်ကြပါတယ်။ ကွန်ဖြူးရှပ် ကဆိုရင် မင်းဆိုးမင်းညစ်အကြောင်း သင်ကြားပို့ချရာမှာ ရှင်းဧကရာဇ်ကို စံနမူနာပြပြီး သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အာဏာအလွှဲအပြောင်း တွေ ဖြစ်ပေါ်ရာမှာ မိုးနတ်မင်းရဲ့ ဗျာဒိတ် ရဲ့ အခန်းကဏ္ဍကို ရှင်းလင်းပြောကြားဖို့ ရှင်း ဧကရာဇ် ကို အများဆုံး ဥပမာပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ မျက်မှောက်ခေတ် သမိုင်းပညာရှင် တချို့ကတော့ "ရှန်းခေတ်နောက်ပိုင်း၊ သမိုင်းမှတ်တမ်းရေးထိုးသူတွေဟာ ရှင်းဧကရာဇ် ရဲ့ပြည်သူအပေါ် ဖိနှိပ်ပုံတွေကို အမှန်ဖြစ်ခဲ့တာထက် ပိုပြီး လွန်လွန်ကျူးကျူး ရေးခဲ့ကြတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အထူးသဖြင့် ရှင်း ရဲ့ ထီးနန်းကို ဖြုတ်ချပြီး ကျို့မင်းဆက်ကို ထူထောင်တဲ့သူတွေက ရှင်း ရဲ့ သမိုင်းကို ပုံဖျက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုကြတာပါ။ (သမိုင်းမှတ်တမ်းတွေကို အောင်နိုင်သူတွေကသာ ရေးထိုးလေ့ ရှိတယ် ဆိုတဲ့ စကားကို သတိပြုရစေပါတယ်။)ဘယ်လိုပဲဖြစ်ဖြစ် အနှစ် ၅၀၀ ကျော် ၆၀၀ နီးပါး သက်တမ်းရှိလာတဲ့အထိ၊ မင်းဆက် ၃၀ လောက် ထိန်းသိမ်းခဲ့တဲ့ ရှန်းခေတ်ကြီး သူ့လက်ထက်မှာ ပျက်စီးခဲ့တာမို့ ရှင်း ဟာ ပြောလောက်အောင် ကောင်းတဲ့သူတော့ ဟုတ်ဟန်မတူပါဘူး။ စစ်မာချန်းရဲ့ မှတ်တမ်းက ရှင်းဟာ သူ့ရဲ့ နန်းသက်အစောပိုင်းကာလတွေမှာ အရည်အသွေး ပြည့်ဝပြီး တိုင်းပြည်အတွက် အကျိုးရှိရာ ရှိကြောင်းတွေ လုပ်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ တိုင်းပြည်နယ်နိမိတ်ကိုတောင် ပိုမိုကျယ်ပြန့်စေခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ အာဏာယစ်မူးပြီး ပျက်စီးလာတယ်လို့ ဆိုပါတယ်။ ကိုယ်ကျင့်ပျက်ပြီး အရက်သေစာ အလွန်အကျွံ သောက်စားတာ၊ မိန်းမလိုက်စားတာ၊ အခြားသူတွေကို နှိပ်စက်တာတွေ လုပ်လာပါတယ်။ စစ်မာချန်းရဲ့ မှတ်တမ်းအရ ရှင်းဟာ အုပ်စုလိုက် လိင်ပျော်ပါးရတာ ဝါသနာထုံတယ်လို့ ဆိုပါတယ်။ နန်းတော်ထဲ ကန်အကြီးကြီး တူးပြီး အရက်တွေ ဖြည့်လို့ ပျော်ပါးကြတယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့် ဒီကိစ္စတွေကို ရှင်းဧကရာဇ် ချစ်မြတ်နိုးတဲ့ တကျီ (妲己 Daji) မိဖုရားရဲ့ နောက်ကွယ်က လွှမ်းမိုးမှုနဲ့ လုပ်တာလို့ စစ်မာချန်းက ရေးပါတယ်။ တစ်ခု သတိထားစရာကောင်းတာက စစ်မာချန်းရဲ့ မှတ်တမ်းမှာ ရှန်းခေတ်ရဲ့ နောက်ဆုံးဧကရာဇ် ရှင်းကို ပုံဖော်ထားပုံက ရှန်း မတိုင်ခင် ပေါ်ထွန်းခဲ့တဲ့ ရှ ခေတ်ရဲ့ နောက်ဆုံးဧကရာဇ် ကျယ် ကို ပုံဖော်ထားပုံနဲ့ ထပ်တူနီးပါး ဆင်တူနေတဲ့ အချက်ပါ။ စစ်မာချန်းရဲ့ ဇာတ်လမ်းထဲမှာ ကျယ် ဧကရာဇ် နဲ့ ရှင်း ဧကရာဇ် နှစ်ယောက်စလုံးရဲ့ ဇာတ်ရုပ်တွေကို အရက်ကန် တူးပြီး ပျော်ပါးတာ၊ အုပ်စုလိုက် လိင်ပျော်ပါးတာ၊ အခြားသူတွေကို ညှဉ်းပမ်းနှိပ်စက်တာ၊ စိတ်ထားညံ့ဖျင်းတဲ့ မိဖုရားတစ်ပါးရဲ့ လွှမ်းမိုးမှုခံရတာ စတဲ့ ညံ့ဖျင်းတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ စရိုက်တွေနဲ့ ခြယ်မှုန်းထားပါတယ်။ စစ်မာချန်းရဲ့ မှတ်တမ်းအရ ရှန်း နဲ့ တကျီ တို့ နှစ်ဦးစလုံးဟာ လူတစ်ဖက်သားကို နှိပ်စက်ရတာကို ပျော်မွေ့ကြသူတွေ ဖြစ်ပါတယ်။ တကျီ စိတ်ချမ်းသာစေဖို့ ရှန်းက ဖောင့်ကော်ကျီးရှင် ( 炮格之刑 Po ge zhi xing) ဆိုတဲ့ နှိပ်စက်နည်းကို သုံးပြီး လူတွေကို သတ်ခဲ့ပါတယ်။ အလွန်ကြီးမားတဲ့ ကြေးပိုက်လုံးကြီး တစ်ခုထဲကို မီးသွေးတွေ ထည့်ပြီး မီးပြင်းတိုက် အပူပေးပါသတဲ့ ပူလွန်းလို့ ကြေးပိုက်ကြီး နီရဲလာတဲ့အခါ သူတို့နှိပ်စက်လိုတဲ့သူကို ကြေးပိုက်ကြီးကို ဖက်ခိုင်းပြီး နှိပ်စက်တာပါ။ အနှိပ်စက်ခံရသူဟာ…

ရဲဘော်တေး - အအူမှ အန ၊ ငနူမှ လဒ ကြားလား
https://ift.tt/WTjpreM
Mediaရဲဘော်တေး - အအူမှ အန ၊ ငနူမှ လဒ ကြားလား(မိုးမခ) ဇန်နဝါရီ ၂၃ ၊ ၂၀၂၄
ဟောဒီ လောကီမှာ အူကြောင်ကြား လူရောင်ဝါးတယောက်ဟာ ဘယ်သူလဲ ဆိုတာ သိချင်ရင် ဒါလေး ဖတ်ကြည့်လိုက်။“ရှမ်းမြောက် ဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ တိုက်ခိုက်မှုတွေ ဖြစ်ပေါ် လာတာဟာ အာဏာကို ဥပဒေနဲ့အညီ ရယူဖို့မဟုတ်ဘဲ ဖြတ်လမ်းနည်းနဲ့ အာဏာရဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ဒီကနေ့ ပြောကြားလိုက်ပါတယ်”စောက်ပြောက သောက်ပေါ ဆိုတဲ့အတိုင်း အာဏာသိမ်းတဲ့ လနာက “အာဏာကို ဥပဒေနဲ့အညီ ရယူဖို့ မဟုတ်ဘဲ” ဆိုတော့ ဘိုပြော့ရမလဲပေါ့နော် “ ခွေးရိုးထားတဲ့ ပါးစပ်နဲ့ “မဂ် ဖိုလ် နိဗ္ဗာန် ဒန့် တန့် တန်” လုပ်နေသလိုမျိုးဘဲပေါ့နော်။ဆက်ဖတ်၊ ဖက်သတ်ချင်စိတ်တော့ ပေါက်လာမယ်။“စစ်ကောင်စီအနေနဲ့ ပြည်သူတွေ လိုလားနေတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ ဖြစ်ပြီး ရှမ်းမြောက်ဒေသမှာ ဒီမိုကရေစီကျင့်စဉ်နဲ့ နည်းလမ်းတွေကို လေးစားလိုက်နာရန် လိုအပ်တယ်လို့လည်း သူက ပြောပါတယ်”ခွေးရူးနဲ့ ဒံပေါက်၊ နွားနဲ့ ဖာလူဒါ၊ ဘီလူးစစ်တပ်နဲ့ ဒီမိုကရေစီဆိုတာ နံ့သာဆီနဲ့ အီးလေ။ မဆိုင်တာ ငလှိုင်ရာ ရာဇာနေဝင်း သွေးသစ္စာသီချင်း ဆိုတာလိုပါဘဲ။“ရွေးကောက်ပွဲအတွက် အကြိုလုပ်ငန်းတွေ ပြီးစီးပါက ရွေးကောက်ပွဲ ကျင်းပပေးပြီး ပေါ်လာတဲ့အစိုးရကို အာဏာလွှဲပေးဖို့ ဦးတည်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်” တဲ့။အလဲ့၊ သူ ကြိုးစင်တက်ဖို့ကျ မပါဘဲကိုး။ ကဒါဖီလို ထိုးဖင်ဆိုရင်တော့ ကြိုးစင်တောင် ရောက်မယ်မဟုတ်။ သူတို့ချင်း ပြန်ဖုတ်တာနဲ့ ကိုယ်လုပ်လိုက်ရဖို့တောင် မလွယ်ပါပု။ သက်သက်မဲ့သေပေးရတဲ့ စစ်သားတွေဆိုတာ နည်းမှတ်လို့။ မုဆိုးမနဲ့ အဖမဲ့သား လူစာရင်းပယ်ထားတွေဆိုတာ ဘယ်လောက်ရှိမှန်းတောင် မမှန်းနိုင်ဘူးလေ။ ဒုက္ခိတတွေ ဒုနဲ့ဒေး၊ ပြေးစရာ ခြေမရှိ၊ သိစရာ ခေါင်းပြုတ်၊ လုပ်စရာ လက်ပြတ်၊ နှပ်စရာ အိမ်ရာမဲ့၊ ငှဲ့စရာ ထမင်းအိုးပျောက်၊ သောက်စရာ ရေနောက် ခြေပျောက် ငွေပျောက် အဖေပျောက် အမေပျောက်တွေ၊ အသက်ပျောက် လက်ပျောက် မနက်ပျောက်တွေ၊ ဘဝပျောက် အလှပျောက် ဓနပျောက် အမပျောက် နှမပျောက်တွေ၊ သားပျောက် မယားပျောက်တွေ တပ်ထဲမှာ ကြပ်ခဲနေ။ မပြတ်ဆဲနေ။ “တပ်ဖွဲ့ဝင်တဦးချင်းဟာ ကာကွယ်ရေးအတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ကြောင်းပါ စစ်ကောာင်စီဥက္ကဋ္ဌက ပြောကြားသွားခဲ့ပါတယ်” ဆိုပါလား။အဲဒီထဲမှာ သူ့သား အောင်ပြည့်စုံ မပါ။ သူ့သမီး ခင်သီရိသက်မွန် မပါ။ သူ့မြေးတွေ အေးဆေးပါ။ သူ့မိန်းမ ဘရန်းဒက်တွေနဲ့ အကန်းတက်နေတုန်းပါ။ သန်းရွှေ မြေး နေရွှေသွေးအောင် မပါ။ နေဝင်း မြေး ဝက်မှေး မပါ။ သူတို့တွေ မော်ဒယ်တွေနဲ့ ဟော်တယ်တွေမှာ ပျော်ရယ်နေတုန်းပါ။ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီး မြေးတွေ မပါ။ အင်တာနေရှင်နယ်စကူးလ်မှာ အမြူးမပျက် ပလူးလျှက်ပါ။ နိုက် ဒေးကလပ်မှာ ဖိုက်ပလေး မပြတ်ပါ။ ကုမ္ပဏီတွေ အစုံတည်တုန်းပါ။ဘာအတွက် စစ်တိုက်ရတယ်ဆိုတာ ဘယ်သူမှ သေချာဂန မသိကြဘဲ သေပွဲဝင်နေကြတုန်းပါ။မအလနဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့မိသားစုတွေဟာ စစ်ဗိုလ်စစ်သားတွေကို ကျေးကျွန်တွေလိုလဲ ခိုင်းစေရဲ့။ သက်ဦးဆံပိုင်ဘုရင်တွေလိုလဲ စိတ်ကြိုက်အသေခံစေရဲ့။ ငအငတုံးတွေလိုလဲ အစတုန်းစေရဲ့။ ငအူငပေါတွေလို့လဲ လူပြောခံစေရဲ့။ ပြန်လမ်းမဲ့ ခရီးကိုလည်း အပြီးနှင်စေရဲ့။ ကာလသုံးပါးမှာ အနာဂတ်ကို ဖယ်ထားလိုက်ရတဲ့ စစ်သားနဲ့ မိသားစုတွေဟာ သနားစရာဆိုတာထက် အ-ဘဲ အ-ရက်နိုင်လွန်းတယ်လို့ ဆိုရုံမှတပါး။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar

ဗိုလ်မှူးချုပ် ၆ ဦးကို ထောင်ဒဏ် တသက်နဲ့ သေဒဏ်ပြစ်ဒဏ်ချ၊ ဟိုပုံးမြို့နယ် စံဖူးရွာက လက်နက်သယ်လာတဲ့ ကားတွေနဲ့ တိုက်ပွဲဖြစ်ပြီး ကျေးရွာ အိမ် ၂၀ မီးလောင်
https://ift.tt/UWK7JCg
<a href="https://blogger.googleusercontent.com/img/a/AVvXsEjSzkP70zQK6aF-rXuJnbqD7o8t0SZocY7jfWRF1RONUEF7kQj8MBtNuUJtPM7IaFctn08IIArgwoYumhYlUTp1S0w-4cZejtPcZ8q-3rFx0JRGYfyUxiJsa_vGi6O_EORtcAyJL6NAWyLvF56hyuLKaqiraMkWkNYib1yIzXQbd9VlzVsguJ92xFQuHzI">Media</a>မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၂ မြင်ကွင်း(မိုးမခ) ဇန်နဝါရီ ၂၃၊ ၂၀၂၄
ဗိုလ်မှူးချုပ် ၆ ဦးကို ထောင်ဒဏ် တသက်နဲ့ သေဒဏ်ပြစ်ဒဏ်ချ၊ ဟိုပုံးမြို့နယ် စံဖူးရွာက လက်နက်သယ်လာတဲ့ ကားတွေနဲ့ တိုက်ပွဲဖြစ်ပြီး ကျေးရွာ အိမ် ၂၀ မီးလောင်မကြာသေးတဲ့ ဇန်နဝါရီလ ၄ ရက်နေ့ ညနေမှာ MNDAA ကိုးကန့်တပ်နဲ့ ဆွေးနွေးညှိနှိုင်းပြီး စစ်သည်အင်အား ၂၄၀၀ နီးပါး လက်နက်ချပြီး လားရှိုးမြို့ တိုင်းစစ်ဌာနချုပ်ကို ပြန်လာခဲ့ကြတဲ့ ဖြစ်ရပ်က ဘယ်သူမှ မျှော်လင့်မထားတဲ့ ဖြစ်ရပ်ဖြစ်ပြီး စစ်ရုံးချုပ်ရဲ့ ခွင့်ပြုချက်နဲ့ လက်နက်ချခဲ့တယ်လို့ သတင်းတွေထဲ ရေးသားခဲ့ကြပါတယ်။ လောက်ကိုင် မြို့နဲ့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) ကိုMNDAA တပ်တွေက ဝိုင်းထားမိတဲ့ အနေအထားဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်လောက်က စတင်ကာ လောက်ကိုင်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားလာရာက လောက်ကိုင်မြို့တွင်းတိုက်ပွဲတချို့ လေကြောင်းက ပစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီး အများအမြင်မှာတော့ ဒကစ ဌာနချုပ်ဖြစ်တဲ့ တောင်ကုန်းကနေ ခုခံတိုက်ခိုက်လိမ့်မယ်လို့ ယူဆနေချိန်မှာ ရုတ်တရက်လက်နက်ချတဲ့ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ လက်နက်ချတဲ့နေ့ဟာ တိုက်တိုက်ဆိုင်ဆိုင် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ ဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီးတွေ အနေနဲ့ ၄င်းတို့ကို အရှက်ကွဲအောင် လုပ်ဆောင်တယ်လို့ ခံစားကြရမှာ သေချာပါတယ်။ စစ်ရုံးချုပ်ကို ဘယ်လို အစီရင်ခံပြီး ဘယ်လိုခွင့်ပြုသလဲ၊ ဒီဆုံးဖြတ်ချက်ကို ဘယ်ဗိုလ်မှူးချုပ်က စတင်ခဲ့သလဲဆိုတာတွေတော့ တိတိပပ မသိကြရပါဘူး။ လက်နက်ချတဲ့ ညမှာ ဝ နယ်ထဲမှာ တညအိပ်ပြီး အဲဒီည ညစာစားချိန် အရပ်ဝတ်တွေဝတ်ထားတဲ့ ဗိုလ်မှူးချုပ် ၆ ယောက် ခွက်ချင်းတိုက်နေကြတဲ့ ဓာတ်ပုံက ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီဓာတ်ပုံကို ဝ လုံခြုံရေးအဖွဲ့တွေဘက်က ရိုက်ယူပြီး ပျံ့နှံ့စေတာလားတော့ မသိရှိရပေမယ့် နောက်တရက်မှာ ၄င်းတို့ကို ရဟတ်ယာဥ်နဲ့ လာရောက်ခေါ်ဆောင်ပြီး လားရှိုး ရမခ စစ်ဌာနချုပ်မှာ ထိန်းသိမ်းထားလိုက်တယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီနောက် ၁၈ ရက်ခန့်အကြာ ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ ဗိုလ်မှူးချုပ် ၆ ယောက်အနက်က ၃ ဦးကို သေဒဏ်ချမှတ်ပြီး ကျန်သူတချို့က တသက်တကျွန်းပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ စစ်ရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လက်နက်ချရတဲ့ စေ့ဆော်မှုတွေထဲက တချက်က ဒကစ ဌာနချုပ်မှာ တပ်မိသားစုတွေ ၁၂၀၀ ကျော် ရှိနေခဲ့ပြီး ခုခံကာကွယ်တိုက်ခိုက်ကြရင် လက်နက်ကိုင်တပ်တွေနဲ့အတူ မိသားစုဝင်တွေပါ သေဆုံးကြရမယ့် အလားအလာကြောင့်လို့လည်း ခန့်မှန်းပြောဆိုကြတာ တွေ့ရပါတယ်။ စစ်ကောင်စီ တပ်အဖို့တော့ အင်အား ၂၄၀၀ နီးပါး တပ်၊ ဗိုလ်မှူးချုပ် ၆ ဦးပါဝင်တဲ့ တပ်တွေက လွယ်လွယ်ကူကူ လက်နက်ချခဲ့ခြင်းဟာ စစ်ကောင်စီတပ်တွေ အကြားမှာ စိတ်ဓါတ်ပျက်ပြားစရာ အဖြစ်အပျက်တခု၊ ကျန်တဲ့ စစ်ကောင်စီတပ်တွေကို ကြီးမားတဲ့ ဆိုးကျိုးသက်ရောက်မှု ဖြစ်စေတဲ့ ဖြစ်ရပ်တခု ဖြစ်လို့ စစ်ကောင်စီခေါင်းဆောင်တွေ အနေနဲ့ အခုလို တပ်ပုန်ကန်မှု ပြစ်ဒဏ်တွေထဲက အမြင့်ဆုံးသေဒဏ်အထိ ချမှတ်လိုက်ပြီး ကျန်တဲ့တပ်တွေကိုထိန်းဖို့ ကြိုးပမ်းမှုလည်း ဖြစ်နိုင်ပါတယ်။ အခုလို တပ်မှာ လက်နက်ချခဲ့ရင် စစ်ခုံရုံးတင် စစ်ဆေးခံရတယ်ဆိုတာကို အားလုံး သိရှိထားကြပေမယ့် အခုလောက် သေဒဏ်အထိ အပြစ်ပေးလိမ့်မယ်လို့တော့ မျှော်လင့်မထားကြပါဘူး။ ဒီလို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ စစ်တပ်က အရှုံးတွေ တခုပြီးတခု ရင်ဆိုင်နေရချိန် ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့သူ ၆ ဦးကို အမြင့်မားဆုံး ထောင်ဒဏ်နဲ့ သေဒဏ်ချမှတ်လိုက်ခြင်းဟာ သူ့ရဲ့ တပ်ထဲက ရာထူးနေရာကို ကိုင်လှုပ်နိုင်တဲ့ အလောင်းအစားတခုကို လုပ်လိုက်သလိုလည်း ဖြစ်နိုင်ပါတယ်။ လွဲမှားတဲ့ အမိန့်ပေးမှု စစ်ရေးကို စီမံခန့်ခွဲနေတဲ့ ခေါင်းဆောင်အပေါ် မကျေနပ်မှုတွေ ပေါင်းစုပြီးတစုံတရာ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ၊ အထိမခံတဲ့ အခြေအနေမျိုးမှာ အခုလို အပြစ်ပေးခဲ့တာဖြစ်ပါတယ်။ ရာဇဝတ်ပြစ်မှုမဟုတ်ပဲ စစ်ဆင်ရေး တိုက်ခိုက်ရေးနဲ့ပတ်သက်ပြီး တပ်ကသူ အချင်းချင်း သေဒဏ်ပေးတဲ့ သာဓကဆိုလို့ အခုဖြစ်ရပ်က ပထမဆုံး စီရင်ချက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၂၀၁၀ ကာလမတိုင်ခင် တပ်ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားစေမှုနဲ့ စစ်ရုံးက ဗိုလ်မှူးဝင်းနိုင်ကျော်ကို သေဒဏ်ချမှတ်ခဲ့ဖူးတဲ့ သာဓက တခုတော့ရှိခဲ့တာ ဖြစ်ပါတယ်။ တသက်တကျွန်း ပြစ်ဒဏ်ပေးတာမျိုးကတော့ ရှိခဲ့ပေမယ့် သေဒဏ်လိုပြစ်ဒဏ်မျိုးက မရှိသလောက် ရှားပါးတာဖြစ်ပါတယ်။ စစ်တပ်အချင်းချင်း ချမှတ်တဲ့ ပြစ်ဒဏ်၊…

ဗိုလ်မှူးချုပ် ၆ ဦးကို ထောင်ဒဏ် တသက်နဲ့ သေဒဏ်ပြစ်ဒဏ်ချ၊ ဟိုပုံးမြို့နယ် စံဖူးရွာက လက်နက်သယ်လာတဲ့ ကားတွေနဲ့ တိုက်ပွဲဖြစ်ပြီး ကျေးရွာ…
MoeMaKa Burmese Community News, Media & Literature Site, Burma Myanmar
မိုးချိုသင်း - လမ်းဆက်လျှောက်နေတယ် အဖေ
https://ift.tt/d7DJBYj
<a href="https://blogger.googleusercontent.com/img/a/AVvXsEhZEblrVvJQC6zcmQSgxcqDY3NdBTapanLeWAj3TH0GIrTkpCpcZuxidEBHfaIP0c-P5ea9czXIuIBFGkTU4PLDPp6l2z2P12VpTKV32btaEEGwp60HxxhAhJCXfmB2O6nNTKCHYB3NgZHL0_5dar90MLK9vJOoB5J0_tyREwRNwXTEtZuAhby7WtSmwuk">Media</a>
မိုးချိုသင်း - လမ်းဆက်လျှောက်နေတယ် အဖေ(မိုးမခ) ဇန်နဝါရီ ၂၃ ၊ ၂၀၂၄
ဒီနေ့ဆို အဖေ ဆုံးတာ ၁၇ နှစ် ပြည့်ပြီဆိုတော့ အဖေထားခဲ့လို့ ကျန်နေခဲ့ရတဲ့ဘဝမှာ နေသာအောင် ကြိုးစားနေနေပါတယ်။ တခါတခါ အခက်အခဲတွေ ကြုံရရင် ဘဝကြီးက ခက်ခဲတယ် မောလိုက်တာ လို့ အပူအပင်မသိခဲ့တဲ့ မိဘအရိပ်အောက်က ငယ်ဘဝကို တမ်းတမိတတ်တယ်။ တခါတခါ ပျော်စရာ ကြုံရပြန်တော့ အဖေနဲ့အမေသွားတာ စောလိုက်တာလို့ ဖြစ်မိပြန်တယ်။ ပြန်တွေးကြည့်ရင် ဒီ ၁၇ နှစ်အတွင်းမှာ ရွှေဝါရောင် သံဃာ့အရေးအခင်းကြီး လှိုင်းထ သလို မြင်ဖူးခဲ့ပြီ။ ပြည်သူ့အစိုးရ တက်လို့ အဖေ့အရိုးပြာအိုးလေးကိုလဲ မြန်မာပြည် ပြန်ပို့နိုင်ခဲ့ပြီ။ တကမ္ဘာလုံး ဂျွမ်းထိုးမှောက်ခုံ ကိုဗစ် ကပ်ဆိုးကြီးနဲ့ ကြုံခဲ့ရပြီးပြီ။ အမိမြေမှာ အာဏာရူးတစု အာဏာလု လို့ အေးအေးမနေနိုင် နိုင်ရာဝန် ထမ်းရင်း ဘဝခရီးကို ဆက်လျှောက်နေကြရပါတယ်။ အဖေရှိစဉ်က အဖေက ကိုယ့်ကို သိပ်ကျန်းမာစေချင်တယ်။ နေမကောင်းလို့ လှဲပြုနေရင် ကိုယ့်ဆံပင်လေးတွေ သပ်ပြီး နေသာရဲ့လား သမီးလို့ မေးတဲ့အခါ အဖေ့စိုးရိမ်တဲ့ အမူအရာကို လွမ်းမိတယ်။ ဆေးမတိုက်တတ် အဖျားမတိုင်းတတ်။ ဘေးနားမှာ အောင်ခြင်းရှစ်ပါး ကို သမီးဝေဒနာသက်သာ ကျော်လွှားနိုင်အောင် အော်ဂင် တီးပြတတ်သူ။ အဖေ သမီးနားမှာ တယောထိုးပြမယ် ပြောတတ်သူ။ ကျန်းမာရေးဟာ နံပါတ် ၁၊ ကျန်းမာရေးဟာ နံပါတ် ၂၊ ကျန်းမာရေးဟာ ဘာလဲ သမီး လို့ ခဏခဏ စိတ်ပူတိုင်း မေးနေလို့ ကျန်းမာရေးဟာ နံပါတ် ၃ ပါ အဖေလို့ ဝေဒနာကြားက ဖြေခဲ့ရသေးတယ်။ အဖေက အင်မတန်လဲ ဖျားနာခဲပါတယ်။ အဖေဟာ သူကိုယ်တိုင်လဲ ကျန်းမာရေး ဂရုစိုက်ပါတယ်။ အပြောပေါ့။ လက်တွေ့မှာတော့ နိုး ပါ။ ဆန်ပြုတ်သောက်ရင် ပေါ့လို့တဲ့ ပဲငံပြာရည်တွေ လောင်းထည့်တာ ဆန်ပြုတ် မဲမဲကြီး ဖြစ်နေတယ်။ ဆေးလိပ်ဝယ်ရင် သူများတွေလို တဗူး နှစ်ဗူး မဝယ်၊ ကာတွန်းလိုက် ဝယ်တတ်တယ်။ အိမ်နားက ဆေးလိပ်ဆိုင်က ဆိုင်ရှင်က စကဒ်လိုလို ဘာလိုလိုကြီး (ပုဆိုးစည်းထားတာကို ပြောချင်တာ) ဝတ်ပြီး အဖေ ဆိုင်ထဲ ဝင်လာရင် ဆိုင်ရှင်က ပြုံးသွားတာ။ အမှန်အကန် ဖောက်သည်ကြီး လာပြီဆိုပြီး မီးခြစ်လေးတွေ ရက်ရက်ရောရော လက်ဆောင်ပေးတယ်။ ပြောပုံကလဲ ဘော့စ် လာပြီဟေ့ တဲ့။ LA က နေရာတွေ ကျွမ်းကျင်လာတော့ မြန်မာပြည်က လက်ဖက်ရည်နဲ့တူတာ ရတဲ့ ဆိုင်တွေကို မှတ်တတ်လာတယ်။ Milk tea မှာပြီး နို့ဆီဗူးလိုက်ချပေးတဲ့ ဆိုင်တွေကို သဘောကျတတ်လာတယ်။ တခါသားမှာ ကျောက်ပန်းတောင်း ကျောက်ပန်းတောင်းဆိုပြီး ပြုံးပြီး နို့ဆီတွေ လောင်းနေတုန်း နောက်မှာ အဖေ့ဆရာဝန် မမ ရောက်နေလို့ ဘရိတ်အုပ်ရသေးတယ်။ ဒါနဲ့ တမနက်မှာ အစာမစားခင် ဆီးချို ဖမ်းတိုင်းလိုက်တော့ အတော်ကြီးကို မြင့်နေတာမို့ ဆီးချိုဆေး စ သောက်ရပါတယ်။ အဲဒါကို အဖေ စိတ်ညစ်ပုံက ချိုသင်းတိုင်းလို့ ဆီးချိုရှိသွားတာ ဆိုပဲ။ ဆရာဝန်က ပြောတယ်။ ဆီးချိုရှိရင် moderate exercise အနေနဲ့ လမ်းလေးဘာလေး လျှောက်ပါဆိုလို့ အဖေ လမ်းလျှောက်တယ်။ တရက်မှာ အဖေက အပြင်က လမ်းလျှောက်ပြန်လာတယ်၊ ငါ့သမီး လမ်းလေးဘာလေးလျှောက်မှပေါ့ အိမ်ထဲချည်း နေမနေနဲ့တဲ့။ အဖေတော့ လျှောက်ခဲ့ပြီ တဲ့။ ဟ တယ်ဟုတ်ပါလား ပေါ့။ ဘယ်ကို လျှောက်သလဲ အဖေ ပေါ့။ Clark လမ်းထိပ်ကို တဲ့။ Clark Street ဆိုတာ ကိုယ်တို့နဲ့ တအိမ်ကျော်သာ။ ၆ လှမ်းလောက် သွားရင် ရောက်တဲ့နေရာ။ အဖေ အတော်ကြီးကို အားထုတ်လိုက်တယ် ပြောရမှာပေါ့။ ဒီလိုနဲ့ အဖေ့သမီးဖြစ်တဲ့ကိုယ်ဟာလဲ ကျန်းမာရေးကို အဖေ့နည်းတူ လိုက်စားပါတယ်။ နံမည်မှာလဲ ချို ကပါပြန်၊ မျက်နှာချိုချိုနဲ့မို့ ထင်ပါရဲ့ အချို ကြိုက်တယ် (ဘာမှတော့ မဆိုင် 😁)။ သူများတွေ ကိတ်မုန့်စားတာ ကလေးဘဝမှာ ပြီးခဲ့ပြီ။ ကိုယ့်မှာတော့ ခုထိ အချစ်အခင်မပျက်ခဲ့ဘူး။ ကိတ်မုန့်ဆိုတဲ့အသံကြားရင် ခုထိ ပလပ် ပလပ် ဖြစ်တုန်း။ မြန်မာပြည်မှာ နေစဉ်က ဆရာဝန်က gym ဆော့ပါဆိုလို့ သွားရတာ အဝ ကနေ ပြန်လှည့်လာမစိုးလို့ အဖေက အပေါက်ဝ ထိ ကလေးကျောင်းပို့သလို အပို့ခံခဲ့ရသူ။ အခုတော့ အသက်ကလေးက ရလာပြီဆိုတော့ အတော် ဟုတ်လာပါပြီ။ အင်မတန် စိတ်ရှည်တဲ့ သူငယ်ချင်း အဖော်လေးရှိလို့ Yoga သွားလုပ်နေပြီ။ အရင်က လမ်းလျှောက်တာ self torture လို့ ပြောခဲ့ပေမယ့် အခု တပတ် တရက်ကြီးများတောင် လျှောက်နေပြီ။ လမ်းတဝက်မှာ မောတယ် မလျှောက်တော့ဘူးဆိုပြီး ပြန်ကွေ့သွားလို့ ချိုသင်းကွေ့လို့ နံမည်တွင်သွားတာတော့ ရှိတာပေါ့။ ပြည်သူ့ဂုဏ်ရည်အဖွဲ့က လူကြီးတွေနဲ့ အတူလျှောက်တာမို့ သူတို့က မနက်လမ်းလျှောက်ပြီးရင် မုန့်ကျွေးမယ် ဆိုလို့ စားတဲ့အပိုင်း အမြန်ရောက်အောင် လမ်းလျှောက်တဲ့အပိုင်းကို တိပ်ခွေများ ရစ်သလို ရစ်ချင်စိတ် ဖြစ်နေတာလေးတော့ ရှိတာပေါ့။ ဒါပေမယ့်ပေါ့လေ၊ အဖေတို့လက်ထက်မှာ မပြီးပြတ်ခဲ့သေးတဲ့ အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် Long Beach က ပစိဖိတ်သမုဒ္ဒရာဘေးမှာ ဖေဖော်ဝါရီ…

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၃
https://ift.tt/fwUeD67
<a href="https://blogger.googleusercontent.com/img/a/AVvXsEiOqYPfWv68vOH0iLn9Z17_1bzuFkX20zrpJE1rHxAMTAgaxVUUXPsO6IjTgv4BmCQwRjp9xiPTvvm-l4ktfKBWCfQgVAExaroEh6UrVowA6u0HnnOvCNptUWa2O87qMdPttAfu4buyXMOpIkI3UZ4GAhM_-s014V7kJQnp-ele8lS6Z2mFTLgEz3h_0vM">Mediaခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၃(မိုးမခ) ဇန်နဝါရီ ၂၃ ၊ ၂၀၂၄<b>ကျို့ခေတ် (周 Zhou) စတင်ခြင်း </b>တရုတ်ပြည်ရဲ့ ပဒေသရာဇ်ခေတ် ရာဇဝင်မှာ ပထမဆုံး မင်းဆက် (ခေတ်) ဖြစ်တဲ့ ရှ(Xia) ခေတ်ဟာ ဘီစီ ၂၀၇၀ မှာ စတင်ပြီး၊ ဘီစီ ၁၆၀၀ မှာ အဆုံးသတ်တာမို့ နှစ်ပေါင်း ၄၇၀ ကြာမြင့်ပါတယ်။ ရှ ရဲ့ ကျဆုံးတဲ့ ဘီစီ ၁၆၀၀ မှာ စတင်တဲ့ ရှန်း(Shang) ခေတ် ဟာ ဘီစီ ၁၀၄၆ မှာ အဆုံးသတ်သွားတာမို့ နှစ်ပေါင်း ၅၅၄ နှစ် ကြာမြင့်ပါတယ်။ ရှန်းခေတ် ကျဆုံးပြီးတဲ့နောက် ကျို့(周 Zhou) ခေတ်က ဆက်တိုက်ပြန်လည်စတင်ပါတယ်။ ပထမဆုံး ရှ ခေတ်ဟာ တိုင်းပြည်ကို စုစည်းတည်ထောင်ခြင်းနဲ့ စတင်ပါတယ်။ ဒါပေမဲ့ သူ့နောက်က ဆက်လိုက်လာတဲ့ ခေတ် နှစ်ခေတ်ဖြစ်တဲ့ ရှန်းခေတ်၊ ကျို့ခေတ် တွေကတော့ တိုင်းပြည်ကို စုစည်းတည်ထောင်တာမျိုး မဟုတ်ဘဲ၊ ရှေ့ကခေတ်ရဲ့ ဗဟို အုပ်ချုပ်ရေးက ညံ့ဖျင်းယိုယွင်းလာချိန်မှာ လက်အောက်ခံ နယ်စား၊ ပယ်စားတွေက ပုန်ကန်ပြီး ထီးနန်းကို လွှဲယူလိုက်ရင်း စတင်တဲ့ ခေတ်တွေ ဖြစ်တယ်လို့ အကြမ်းဖျဉ်း သတ်မှတ်နိုင်ပါတယ်။ ရှ ခေတ်ရဲ့ နောက်ဆုံးဧကရာဇ် ကျယ် ရဲ့ လက်ထဲက ရှ နိုင်ငံတော်ကို ရှန်းခေတ် ထူထောင်သူ ထန်ဧကရာဇ်က ရယူခဲ့တာ ဖြစ်သလို၊ ရှန်းခေတ်ရဲ့ နောက်ဆုံးဧကရာဇ် ရှင်း လက်ထဲက ရှန်း နိုင်ငံတော်ကို ကျို့ခေတ် ထူထောင်သူ ဝူ (武 Wu) ဧကရာဇ် က ရယူခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့် ကျို့ခေတ်ထူထောင်ခန်း နဲ့ ရှန်းခေတ်ကျဆုံးခန်း ဟာ အကြွေစေ့တစ်ခုရဲ့ ခေါင်းနဲ့ ပန်း လိုပဲလို့ ပြောရမှာပါ။ ရှန်းခေတ်ရဲ့ နောက်ဆုံးဧကရာဇ် ရှင်း လက်ထက်မှာ တိုင်းပြည်က အစစ အရာရာ ယုတ်လျော့ကျဆင်းလာပါတယ်။ ရှန်းအင်ပါယာရဲ့ လက်အောက်ခံ ပဏ္ဏာဆက်နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ကျို့နိုင်ငံငယ် ဟာ ရှန်းနဲ့အတူ ယှဉ်တွဲရှိနေတဲ့ နိုင်ငံငယ်တစ်ခု ဖြစ်ပါတယ်။ ဘီစီ ၁၂ ရာစုအတွင်း ရှန်းနိုင်ငံတော်ကို ချဲ့ထွင်ရာမှာ ဝေ(渭Wei) မြစ်ဝှမ်းအထိ ကျယ်ပြန့်ရောက်ရှိလာပါတယ်။ ဝေမြစ် ဟာ ရှခေတ်နဲ့ ရှန်းခေတ်တို့ အခြေတည်ဖြစ်ထွန်းရာ မြစ်ဝါမြစ် ထဲ စီးဝင်နေတဲ့ အကြီးမားဆုံး မြစ်လက်တက် တစ်ခု ဖြစ်ပါတယ်။ ကျို့နိုင်ငံငယ်ဟာ ဝေမြစ်ဝှမ်းမှာ ရှိနေတာပါ။ ဒါကြောင့် ကျို့ ဟာ ရှန်းရဲ့ လက်အောက်ခံ နယ်တစ်နယ်အဖြစ် ဘီစီ ၁၂ ရာစုမှာကတည်းက ရှိနေခဲ့တာလို့ ဆိုရမှာပါ။ ယေဘုယျအားဖြင့်တော့ ရှန်း နဲ့ ကျို့ ကြားမှာ ရှေ့ပိုင်းကာလတလျှောက် ဆက်ဆံရေး အလွန်ကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ ကျို့ရဲ့ အကြီးအကဲ ဝမ် (文)ကို ဧကရာဇ် ရှင်း ကိုယ်တိုင်က “အနောက်ဘက်ဘုရင် (Overlord of West)” ဆိုတဲ့ ဘွဲ့ထူးချီးမြှင့်ခဲ့ပါတယ်။ ဧကရာဇ် ရှင်း ရဲ့ နန်းသက်အစောပိုင်း (ကိုယ်ကျင့်မပျက်စီးဘေးဘဲ တိုင်းရေးပြည်ရာ စိတ်ဝင်တစား စီမံနေသေးချိန်) မှာ ရှန်းအင်ပါယာရဲ့ အရှေ့တောင်ပိုင်းတွေကို စစ်ချီပြီး နယ်မြေချဲ့ထွင်ချိန်မှာ နောက်တန်းမှာထိုင်ပြီး တိုင်းပြည်ကို စောင့်ရှောက်ဖို့ ကျို့ ဘုရင် ဝမ် ကို တာဝန်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ရှင်း က ပျက်စီးလာသလို၊ ရှန်းအင်ပါယာကလည်း အားနည်းလာပါတယ်။ ဒါပေမဲ့ တပြိုင်နက်တည်းမှာ ကျို့ နိုင်ငံက အင်အားကြီးထွားလာပါတယ်။ ဒါကို ကြောက်ရွံ့လာတဲ့ ဧကရာဇ် ရှင်း ဟာ ကျို့ဘုရင် ဝမ် ကို ဖမ်းဆီးပြီး ထောင်သွင်း အကျဉ်းချစေပါတယ်။ အာဏာရှင်တွေဟာ ပြိုင်ဘက်ကို ကြောက်ရင်လည်း ထောင်ချထားတတ်တာ အဲဒီခေတ်ကတည်းကပါပဲလား လို့ တွေးကြည့်စရာပါ။ နောက်ပိုင်းမှာ ဝမ် ကို ပြန်လွှတ်ပေးလိုက်ပေမယ့် ရှန်း ဗဟို နဲ့ ကျို့ အကြားမှာ ဆက်ဆံရေးကတော့ ပြန်မကောင်းလာနိုင်တော့ပါဘူး။ အခြေအနေဟာ တင်းတင်းမာမာ ဖြစ်လာပါတယ်။ ဝမ် ဘုရင်ဟာ ကျို့တပ်ရဲ့ အင်အားကို ချဲ့ထွင်လာပြီး ရှန်းကို သစ္စာခံတဲ့ နိုင်ငံခပ်သေးသေးတွေကို ဆက်တိုက် သိမ်းယူပြီး အင်အားစုစည်းပါတယ်။ တဖက်မှာက ရှန်း ဟာ ဧကရာဇ် ရှင်းရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် အင်အား တဖြည်းဖြည်း ချည့်နဲ့လာနေပါတယ်။ ကျို့ ဟာ တချိန်ချိန်မှာ ရှန်းကို ပုန်ကန်တော့မယ်ဆိုတာကတော့ အဲဒီခေတ်က လူတိုင်း တွေးမိကြမှာပါ။ ဒါပေမဲ့ ဝမ်ဘုရင် ဟာ တိုက်ပွဲကို အဆုံးသတ်အောင် မတိုက်သွားနိုင်ဘဲ ဘီစီ ၁၀၄၆ မတိုင်မီမှာ သေဆုံးသွားပါတယ်။ သားဖြစ်သူ ဝူ က ကျို့ ထီးနန်းကို ဆက်ခံပါတယ်။ ဝမ် ရဲ့ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေကို သားဖြစ်သူ ဝူ က ဆက်လက်တာဝန်ယူရတော့မှာပါ။ ဝူ က ရှန်း ကို မတိုက်ဘဲ နှစ်အနည်းငယ် စောင့်ကြည့်ခဲ့သေးတယ်လို့ ဆိုပါတယ်။ အဓိက အကြောင်းအရင်းကတော့ နှစ်ချက်ရှိပါတယ်။ ပထမအချက်က ရှန်း ဧကရာဇ် ဟာ မိုးနတ်မင်းရဲ့ ဗျာဒိတ်ခံ ဖြစ်တာကြောင့် အဲဒီဗျာဒိတ် ရုတ်သိမ်းခံရချိန်အထိ စောင့်ရမယ်ဆိုတဲ့ အဲဒီခေတ်ရဲ့ နိုင်ငံရေးအယူအဆကြောင့်ပါ။ ဒါက ယုံကြည်မှုဆိုင်ရာ အကြောင်းပြချက်ဖြစ်ပြီး လက်တွေ့မကျပါဘူး။ ဒုတိယ အကြောင်းပြချက်ကတော့ လက်တွေ့ပိုကျပါတယ်။ ကျန်းကျိယာ (Jiang…

လေခဏီ - သိုက်ဆရာနဲ့ ကိုဘုန်းကြွယ် မမြစိမ်းတို့ဇာတ်ရှုပ် နိဂုံးချုပ်ချိန်
https://ift.tt/5Azh1Rj
<a href="https://blogger.googleusercontent.com/img/a/AVvXsEjnTbUnV85fR74cBnzVJpR2qoZTvQvfXdolvmMDQDNSOiAQdE7jf_cAPG6KnyyiYP516IM7kDcrO4Gq42xR2D9GTIuB3t_jY2uVuSUktV62W4MXn7e7phsfB93t2dGgn_T3X5a_F1w1SEIgv9nedsSOQ4G05YoXE9XSnJy5-skEtY6TgVmZaSAF_Hbb76s">Media</a>လေခဏီ - သိုက်ဆရာနဲ့ ကိုဘုန်းကြွယ် မမြစိမ်းတို့ဇာတ်ရှုပ် နိဂုံးချုပ်ချိန်(မိုးမခ) ဇန်နဝါရီ ၂၄ ၊ ၂၀၂၄
ခုဟာကတော့ မဘသ အကျပ်အတည်းကာလ။ကိုးကန့်တပ်သားက ဘုရားကို တုနဲ့ထုလို့ ဆန္ဒပြတဲ့ မဘသတွေ စစ်တပ်က မတ္တရာမြို့နယ်သံဃနာယကသက်တော် ခုနစ်ဆယ်ဆရာတော်ကြီးကိုဖမ်း၊ လည်ပင်းနဲ့ နံကြားကို ဓားနဲ့ထိုးသတ်တော့ မလှုပ်ဣန္ဒြေ ငြိမ်ငြိမ်နေ သမာဓိတွေ ခိုင်နေလိုက်ပုံများ လေတိုးသံတောင် မကြားရ။မဘသဂုရုပေါက်က စောက်ပုပွဲမှာ စောက်ပုကို ဆဲတော့ မဘသပွဲတွေ ရပ်ထားရ၊ ပွဲမထွက်ရတော့ ပွဲကျေးပြတ် အချင်းချင်း မကျေမနပ်ဖြစ်၊ ပွဲသစ်တည်ဖို့ခက်။ ခုတော့ လျက်ပြီးသား အမဲရိုးဘဲ ပြန်လျက်နေရ၊ ကိုယ့်သွားရည်ကို ပြန်ချိုနေရတဲ့ဘဝ။ ရပ်ထဲရွာထဲကလည်း မသာပုတ် လနာရုပ်တွေ ရွာပြင်ထုတ်ဖို့ တုတ်မဆွဲရုံတမယ်ဖြစ်လာပြီဆိုတော့ ပုန်းလျှိုးကွယ်လျှိုး သူခိုးလမ်းသွား လမ်းကြားမှောင်ခို လူလိုမနေရတော့တာ ကြာပြီ။ဒကာတော်တွေ လူမှုဘဝ ခြောက်ခန်းလာသလို ဆရာတော်တွေလည်း သာမှုဘဝ ခြောက်ခန်းလာ၊ သိုက်ဆရာကို လှေပေါ်တင်လာမိတဲ့ ကိုဘုန်းကြွယ်တို့ကြောင့် မယ်သီတော် မမြစိမ်းတွေလဲ တကယ်မလွယ်ပါ ဖြစ်လာကြရ။ သူတို့ ဗိုလ်သခင်ကြီး သခင်မကြီးတွေက ဟန်ပြဘဲ လှူတာမဟုတ်လား။ တကယ်က သာမန်ရပ်သူရွာသား အဖိနှိပ်ခံများကသာ လှူဒါန်းရှိခိုး ရိုကျိုးလေးစားကြတာ။ အင်းခုတော့ ပြစ်မှားမိသမျှ ဝန်ချတောင်းပန် အသနားခံကြဖို့သာ ရှိတော့တာလေ။ မညှာတမ်းပြောရရင် ကျွေးတဲ့လက် ကိုက်တဲ့ထဲမှာတော့ စစ်တပ်နဲ့ တထပ်တည်းပါပဲ။ တတိုင်းပြည်လုံးပတ် သတ်ဖြတ်မီးရှို့နေတဲ့ အို့အို့ကြီးကိုမှ သာသနာ့ဒါယကာကြီးဆိုပြီး ကောင်းချီးဝိုင်ပေးခဲ့ကြတာများ ကိုယ်ဆိုပြနေကြ သီလလေးလောက်မှ အားမနာ၊ ဒေသနာကိုတော့ ထားလိုက်ပါတော့လေ။ မဘသ အားကောင်းတဲ့ရခိုင်မှာ ခု AAက တပြည်လုံးသိမ်းဖို့ ကိုင်ပြီဆိုတော့ တိုင်ပတ်။ AA ဘက် ရပ်ရမလား၊ ဖေဖေဘက် ရပ်ရမလား၊ ဝေဝါး၊ ထွေပြား။ ငွေယားလဲထိလာ၊ စစ်တပ်က နှိပ်စက်သမျှ ရေငုံနှုတ်ပိတ်ပြီး အဖေပုံလေးဘဲ ထုတ်ထုတ်ချိပ်ခဲ့ကြတာလေ။ ခုရော ဒကာတော်ဗိုလ်ချုပ်မှူးကြီးလား၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်လား၊ ရဲရဲတော့ ခွဲခြားအားပေးချိန်ရောက်ပြီနော်။ မြန်မာအဖေအုပ်ချုပ်တာကနေ အာရက္ခအဖနိုင်ငံတော်ဆီ မော်ကြည့်ကြပါတော့ဆရာတော်သံဃာတော် မယ်သီတော် ကိုဘုန်းကြွယ်နဲ့ မမြစိမ်းတို့ဘုရား။ ရခိုင်မဘသတွေကတော့ ရိုဟင်ဂျာတွေ မောင်းထုတ်ပေးတာနဲ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒူးတုတ်တင်းအောင်ကိုင်ကြတော့တာ။ တကယ်က သွင်းတာလဲ စစ်တပ်၊ ထုတ်တာလဲ စစ်တပ်။ စာအုပ်စိမ်းအတွက် အသုံးလိုတော့ ဝှိုက်ကဒ်ထုတ်ပေး၊ ဘာသာရေး လူမျိုးရေး မီးမွှေးချင်တော့ ပြန်ရုပ်သိမ်း၊ သူတို့ လိုသလို ကစားလို့ ကြားက ဒုက္ခရောက်တာက ရွာနေပြည်ထိုင် ရခိုင်တွေရော ရိုဟင်ဂျာတွေပါ။ ဒုက္ခမှ မဟာဒုက္ခ၊ လူ့အဖွဲ့အစည်းနှစ်ခု အတူယှဉ်တွဲတွင်းဆုံးကျတော့တာ။ စစ်အုပ်စုကြိုးရှုပ်လို့ အမြဲမိုးချုပ်နေရတဲ့နေရာ။မဘသထွက်ရာဒေသ ရှမ်းပြည်ဘက်လဲ ကြည့်ကြအုံးစို့။ ရှမ်းပြည် မဟုတ်ပေမယ့် ရှမ်းနီတွေက ရှယ်မဘသတွေ။ အဲဒီက ဆရာတော်တွေဆို နယ်သစ်ပယ်သစ်မှာ ကျောင်းသစ်ထောင် ကန်သစ်တူးနေရရှာပြီ။ တချို့ဆို စစ်တပ်မှ စစ်တပ်မို့ ပြန်လို့လဲမရ ရွာကကို အပြီးမောင်းထုတ်ခံကြရတာ။ ကိုယ် မှီခိုတာ ဒီရွာ ဒီဒကာ ဒကာမတွေပါလားလောက် စဉ်းစားရင်ကို ဘာမှ မဖြစ်ဖူးလေ။ ဟိုအဝေး တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ခက်ပြီပေါ့။ ရှမ်းပြည်မှာတော့ ဗမာစစ်တပ်နဲ့လုံးတဲ့ မဘသရယ်၊ ကိုယ့်စစ်တပ်နဲ့ကိုယ်လုံးတဲ့ မဘသရယ်လို့ နှစ်စားရှိတယ်။ နှစ်စား မဟုတ် ညာတင်ကုတ်ကတော့ ရှားတယ်။ ဘယ်ဗိုလ်ချုပ်ဆွမ်းမှ မစားရရင်လဲ သိမ်မဝင်ရသေးတဲ့ ဘုန်းကြီးလို့ ထင်တဲ့ခေတ်ကိုး။ တချို့ကိုရင် သီလရှင်လေးတွေဆို သူများသလို့သာ သနေရတာ၊ တကယ်တော့ စစ်ဘေးကြောင့် ကတုံးတုံးလိုက်ရတာလေ။ ဘာသာသနာ့ဝန်ထမ်းလို့မှ ကိုယ့်ကိုယ်ကို မထင်တဲ့ဟာတွေ အများကြီး။ သင်တာကလဲ ဘကပညာရေးသက်သက်ဘဲဆိုတော့ ဖေ့ဘွတ်မှာ ရလေးရှင်းရှစ်ထည့်ထားတဲ့ သီလရှင် ကိုရင်တွေမှ ပြည့်လို့။ ခုတက်လာတဲ့ အဆိုတော်ကို ပန်းကုံးစွပ် အာဘွားပေးတာမျိုးလောက်တော့ စာဖွဲ့မနေနဲ့။ ပလောင်တွေ ကိုယ့်ပြည် ကိုယ့်နယ် ကိုယ့်နိုင်ငံ ထူထောင်ပြီဆိုရင်တော့ အဲဒီကလေးကြီးတွေအရေး မြန်မြန်စဉ်းစားစေချင်ပါတယ်။ ရှေ့ရှောက်တော့ စစ်ဘေးရှောင်သာသနာဝန်ထမ်း တခန်းရပ်လောက်ပါရဲ့။ရှမ်းမဘသကလဲ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်ပညာရေး ကိုယ့်စာပေပေါ့နော်။ သူတို့ရှမ်းစာကိုလဲ စစ်အုပ်စုက စာမေးပွဲဘောင်ထဲကနေ ဘေးထုတ် ရှမ်းတွေကို သေးနုတ်အောင် လုပ်ပစ်ခဲ့တာကိုး။ သူတို့အားပြိုင်မှုကတော့ ရှမ်းတောင်ဆို ပအိုဝ်းအဓိကပေါ့။ ရှမ်းပြည်ကတော့ ဓားပေါင်းစုံတယ်လေ။ ရှမ်းပြည်မှာ အကြမ်းဆုံးကတော့ ပအိုဝ်းမဘသဘဲ။ သူကတော့ စစ်တပ်…

ကိုသန်းလွင် - ဂျပန် လေယာဉ်မတော်တဆ ထိခိုက်မှု
https://ift.tt/Wzp5EMx
<a href="https://blogger.googleusercontent.com/img/a/AVvXsEiBK4ZqtKmj_uH8oyfboYW_-9vu7qJccaBJD1P7F8QQr3DwtvYAyshTdImWUseHD3A-6zNn8oItV4qdvSQEcKl_v8kOGttzXk_abXXMTAnf9JqtM3e0kO1dz7mxjz8D2_zzxd42p1qC_iT0gJEEO6epC6CHbtXjJyxZ1FXQAXQvIc1POEiifHMu9kC4Mbo">Media</a>ကိုသန်းလွင် - ဂျပန် လေယာဉ်မတော်တဆ ထိခိုက်မှု(မိုးမခ) ဇန်နဝါရီ ၂၄ ၊ ၂၀၂၄
( ၁ ) ကျွန်တော်သည် ဂျပန်ပြည်မြောက်ပိုင်းမှ ရွာကလေးတစ်ရွာသို့ ရောက်နေပါ၏။ လမ်းမှာ ကားနှစ်စီး ရှောင်ရုံသာ လမ်းကျဉ်းကလေး ဖြစ်ပါသည်။ တဖက်မှာ လူကူးနိုင်၊ မကူးနိုင်ပြသည့် မီးစိမ်း၊ မီးနီရှိသည်။ ကားတစီးတလေမှ မရှိသော်လည်း မီးမစိမ်းလျှင် လမ်းကို ဖြတ်မကူးကြပါ။ ဂျပန်တို့သည် ချထားသော စည်းမျဉ်းတခုကို ညီညာဖျဖျ လိုက်နာကြ၏။ တစ်ဦးကောင်း တစ်ယောက်ကောင်းဝါဒကို ကိုင်စွဲ၍ လူထုကို ယှဉ်ပြိုင်တိုက်ခိုက်လေ့ မရှိ။ ဖုန်းမပြောရ စည်းကမ်းကြောင့် ရထားထဲမှာ လူတွေ ပြည့်နေသည့်တိုင် လက်ကိုင်ဖုန်းပြောသူ တစ်ယောက်မျှ မရှိ။ မိန်းကလေးများသာ စီးရသောတွဲမှာ လူချောင်နေသော်လည်း ယောကျ်ားလေး မပါ။ လူအုပ်စုမှာ ချမှတ်ထားသော စည်းကမ်းအတိုင်း လိုက်နာလေ့ရှိကြသည်။ဤဓလေ့က တိုကျိုမြို့ ဟာနေတာ လေဆိပ် (Henada Airport) တွင် ဇန်နဝါရီ ၂ ရက်နေ့က လေယာဉ် အဲယား ဘတ်(စ) Airbus A 350-900 နှင့်သေးငယ်သော (De Havilland Canada Dash 8) လေယာဉ်နှစ်စီးတို့ တိုက်မိကြရာတွင် လေယာဉ်အကြီးမှ ပါစင်ဂျာ အားလုံးကို မီးလောင်နေသည့်ကြားမှ စက္ကန့် ၉၀ အတွင်း အပြီး ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။( ၂ )မီးခိုးများဖြင့် ပြည့်နေသော လေယာဉ်အတွင်းဝယ် ကလေးငယ်တစ်ဦး၏ အသံကိုသာ ကြားရသည်။ “ကျနော်တို့ကို မြန်မြန်လေးထွက်ခွင့်ပေးပါ” ဟု ဆိုသည်။ သူ၏တောင်းပန်သံတွင် ဂျပန်တို့၏ ယဉ်ကျေးသော ပုံစံကို ကြားနိုင်ပြီး လေယာဉ်တစ်ခုလုံးမှာ ပျံသန်းရေး လက်ထောက်များ၏ အော်ဟစ်သံများနှင့် ပြည့်နေပါသည်။လေယာဉ်၏ လူစီးကေဘင်တစ်ခုလုံး မီးခိုးများဖုံးလွှမ်းပြီး အပြင်မှ မီးတောက်များ ပိုမိုဆိုးရွားလာသောအခါ၌လည်း လူတို့ မိမိထိုင်ခုံတွင် ထိုင်နေကြပုံမှာ ပျက်မသွားပါ။ လေယာဉ်မှူးဆီမှ ဘယ်တံခါးကို ဖွင့်ရမည်ဟု ညွှန်းကြားချက်ကို မရသေး၍ ပျံသန်းရေး လက်ထောက်များက ခေတ္တစောင့်ဆိုင်းနေပါသည်။ ဤလေယာဉ်ထဲမှ ပါဆင်ဂျာ ၃၆၇ ဦးနှင့် လေယာဉ်ဝန်ထမ်း Crew ၁၂ ဦးတို့ကို စက္ကန့် ၉၀ အတွင်း စနစ်တကျ မတိုးမဝှေ့ဘဲ ထွက်လာနိုင်ခဲ့ပုံမှာ အံ့သြစရာကောင်းသည်။ ပါစင်ဂျာများကို နှစ်ဦးချင်းစီ တစ်တွဲ တွဲ၍ ထွက်ပေါက်များမှတဆင့် မြေပေါ် ရောက်အောင် လျှောစင်ဖြင့် လျှောချခဲ့ကြသည်။ သူတို့ ထိုင်နေသော ခုံမှ တစ်တွဲစီ ခေါ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ သူတို့တွင် အပိုပစ္စည်းတစ်ခုမှ မပါ။ လက်ကိုင်ဖုန်းသာ ပါသည်။ မိန်းကလေးများ ဒေါက်မြင့်ဖိနပ်များကို ချွတ်ခဲ့ကြရသည်။ ဤအဖြစ်အပျက်ကို အံ့သြဖွယ်ရာ လွတ်မြောက်မှုဟု ခေါ်နိုင်စေကာမူ ကောင်းမွန်စွာ လေ့ကျင့်ထားသော ဝန်ထမ်း ပျံသန်းချိန် ၁၂, ၀၀၀ နာရီမျှရှိပြီဖြစ်သော လေယာဉ်မှူးတို့အတွက် မထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်နေပါသည်။ လေယာဉ်တည်ဆောက်ပုံနှင့် အသုံးပစ္စည်းများ၏ ကောင်းမွန်မှုတို့လည်း ပါဝင်သည်။ ထူခြားသည်မှာ ကေဘင်အတွင်းဝယ် ပါစင်ဂျာအားလုံးတွင် ယောက်ယက်ခက်မှု (Panic) ဖရိုဖရဲဖြစ်မှု မရှိခြင်းပင် ဖြစ်သည်။အသံဗလံ အော်ဟစ်သံများ ဆူညံနေသော်လည်း ပါဆင်ဂျာတစ်ဦးတလေမှ မိမိခုံများမှ မထကြပါ။ ဤ စည်းကမ်းသေဝပ်မှုက ဂျပန်အားလုံး၏ အသက်ကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ပျံသန်းရေးလက်ထောက်များမှာ သူတို့ကို ကြည့်လျှင် သူတို့မျက်နှာမှာ ကြောက်ရွံ့နေကြသော်လည်း သူတို့လုပ်ပုံကိုင်ပုံကို ကြည့်ရသည်မှာ အလွန်ပရော်ဖက်ရှင်နယ်ကျပါသည်။ ပရိသတ်ကလည်း တစ်ဦးကောင်း တစ်ယောက်ကောင်း ထထွက်ခြင်း မရှိဘဲ ထိုင်ခုံမှာထိုင်ရင်း ညွှန်ကြားချက်ကိုသာ စောင့်ဆိုင်းနေကြသည်။ကမ်းခြေစောင့်တပ်မှ လေယာဉ်ငယ်မှာ လိုက်ပါလာသူ ၅ ဦးလုံး သေဆုံးပြီး ပိုင်းလော့တစ်ဦးတည်းသာ အသက်မသေဘဲ ကျန်ရှိခဲ့ပါသည်။ ပိုင်းလော့က သူ့တွင် လေယာဉ်ပျံထွက်ရန် (Clearanee) ရရှိပြီးဖြစ်သည်ဟု ပြောပါသည်။ လေယာဉ်ပြေးလမ်းသို့ အဝင်လမ်းကြောင်း ရှင်းသည်ဟု ပြသော အချက်ပြမီး (Stop Bar Light) မှာ ဒီဇင်ဘာ ၂၇ ရက်နေ့တည်းက အလုပ်မလုပ်တော့ပါ။ ဖြုတ်သိမ်းထားရပါသည်။ ဤအကြောင်းကိုလည်း လေယာဉ်ပိုင်းလော့က သိပြီး ဖြစ်ပါသည်။ ပိုင်းလော့နှင့် ကွန်ထရိုးတာဝါတို့၏ ဆက်သွယ်မှု မှတ်တမ်းများကို ပြန်လည်ဆန်းစစ်ကြသည့်အခါ နားလည်ရသည်မှာ အဲယားဘတ်(စ) (JAL plane) ကိုဆင်းခွင့်ပေးပြီး လေယာဉ်အသေး ဒီစီ 8 မှာ ပြေးလမ်းအဝင်တွင် ရပ်၍ လေယာဉ်ပြေးလမ်းအတွင်း ဝင်ခွင့်ကို စောင့်ဆိုင်းနေရန်သာ ဖြစ်ပါသည်။ အရာရှိများအနေဖြင့် ကမ်းခြေစောင့်လေယာဉ်သည် အဘယ်ကြောင့် လေယာဉ်ပြေးလမ်းပေါ် ရောက်နေရသနည်းဟု မေးခွန်းကို အဖြေရှာလျက်ရှိကြသည်။ လေယာဉ်၏ လုံခြုံရေးသေတ္တာ Black Box မှာ လိမ္မော်ရောင်ရင့်ရင့် ဆေးသုတ်ထားသောပုံး ဖြစ်သည်။ ခေတ်မီလေယာဉ်ကြီးများတွင် ထိုသေတ္တာနှစ်လုံး ပါရှိပါသည်။ တစ်ခုမှာ ပိုင်းလော့ခန်းတွင် အသံများကို မှတ်သားရန်နှင့်…

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၄
https://ift.tt/GxgO0Hn
<a href="https://blogger.googleusercontent.com/img/a/AVvXsEh2dDGPKMIA1lJN8FaQFWeJMH2_dmW6Mn2-1gC37XrZIr7Aw-g6RSQuWI91ojrO7t5tfPCV_A9hq-DcJOldLV4_hycnJQtiXkZN9NAx3bJ9IZk_ousS6x6vJG9LYSFFxWnUoCb_YPkhAzTyIXEvk3O6EgRnxOBOMUZI1t8spsQb0fZLJ5_tTUX1ZhbpDm8">Mediaခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၄(မိုးမခ) ဇန်နဝါရီ ၂၄ ၊ ၂၀၂၄
<b>ကျန်းဇစ်ယာ ရဲ့ လျှို့ဝှက်သင်ကြားချက် ၆ ရပ် </b>ကျို့(Zhou) နိုင်ငံငယ်ရဲ့ ဘုရင် ဝူ က အင်အားကြီးမားတဲ့ ရှန်းအင်ပါယာ ရဲ့ဧကရာဇ် ရှင်း ကို တွန်းလှန်ပြီး ကျိူ့ခေတ်ကို ထူထောင်ရာမှာ သူ့ရဲ့ အကြံပေး အတိုင်ပင်ခံ အမတ်ကြီး ကျန်းဇစ်ယာ(姜子牙 Jiang Ziya) ဟာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ကျန်းဇစ်ယာ ကို ကျို့ဘုရင် ဝမ် နဲ့ ဝူ တို့ရဲ့ မင်းတိုင်ပင်အမတ်ကြီး အဖြစ်သာမကဘဲ၊ စစ်ဗိုလ်ချုပ်၊ အုပ်ချုပ်ရေးသမား၊ စစ်ရေးဗျူဟာ ကျွမ်းကျင်သူ၊ စာရေးဆရာ စတဲ့ ဂုဏ်ပုဒ်တွေနဲ့လည်း သမိုင်းမှတ်တမ်း ရေးထိုးကြပါတယ်။ (အဲဒီလို ဂုဏ်ပုဒ်များသလို၊ ဂုဏ်ပုဒ်နဲ့တွဲပြီး ဖြစ်လာတဲ့ နာမည်လည်း များပါတယ်။) ကျန်းဇစ်ယာ ဟာ ကျို့ နဲ့ ရှန်းကြားက နောက်ဆုံးတိုက်ပွဲကို ဗျူဟာခင်းပေးခဲ့သူပါ။ သူဟာ တကယ်တော့ ရှန်းဧကရာဇ် ရှင်း ရဲ့ အကြံပေး ဖြစ်ခဲ့ဖူးပါတယ်။ ရှင်းရဲ့ လက်အောက်မှာ အနှစ် ၂၀ လောက် အမှုထမ်းပြီးတဲ့နောက် ကျန်းကျိယာ သိလာတာကတော့ ရှင်း ဟာ တိုင်းပြည်ကို မှန်မှန်ကန်ကန် ဦးဆောင်နိုင်တဲ့ ဧကရာဇ်မဟုတ်ဘူး ဆိုတဲ့အချက်ပါပဲ။ စစ်ရေးအမြင်ကျယ်သူ ကျန်းကျိယာ ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တစ်စုံတစ်ယောက်သောသူကတော့ ရှင်း ဧကရာဇ်ကို ဖြုတ်ချမှာပဲလို့ ကြိုပြီး တွေးနိုင်၊ သိနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ရှန်း နန်းတော်ကို စွန့်ခွာသွားပါတယ်။ သူ ပျောက်ဆုံးသွားတယ်လို့သာ သိရပြီး ဘယ်ကို ရောက်သွားမှန်း ဘယ်သူမှ မသိကြပါဘူး။တကယ်တော့ သူဟာ ကျို့ပြည်ကို ထွက်သွားပြီး ဝေမြစ်ဝှမ်းက ကျို့ ကျေးတောရွာလေး တစ်ခုမှာ သာမန်ပြည်သူတစ်ယောက်အဖြစ် နေထိုင်နေခဲ့ပါတယ်။ မင်းဆိုးမင်းညစ်အောက်မှာ အမှုထမ်းရတာ စိတ်ကုန်ပြီး၊ ထွက်သွားတာ ဖြစ်နိုင်ပါတယ်။ တစ်နေ့နေ့မှာ ရှန်းပြည်ကို ပြန်တိုက်မယ့်သူ တစ်ယောက်ယောက်က သူ့ဆီ အကူအညီလာယူမှာကို သိနေခဲ့လို့ သွားစောင့်နေတာလို့လည်း ပုံပြင်တချို့က ဆိုကြပါတယ်။ အဲဒီကာလတွေမှာ ကျန်းဇစ်ယာ ဟာ ဝေမြစ်ထဲမှာ ငါးမျှားရင်းနဲ့ ဘဝကို ဖြတ်သန်းနေတာလို့ ဆိုကြပါတယ်။ ကျန်းဇစ်ယာ အသက် ၇၂ နှစ် ရောက်လာတဲ့အချိန်မှာ ကျို့ဘုရင် ဝမ် က သိသွားပြီး ကျို့နန်းတော်အတွက် အကြံပေးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ရန်သူ့ လက်အောက်က ထွက်လာတဲ့ စစ်ရေးကျမ်းကျင်သူ ကို ကျို့ က ရလိုက်တာပါ။ ဝမ် မရှိတော့တဲ့နောက် ဝူ ကိုလည်း သူကပဲ ဆက်ပြီး ကူညီပေးခဲ့ပါတယ်။ ရှန်းနန်းတော်ရဲ့ အကြောင်း၊ ရှင်းဧကရာဇ်ရဲ့ အကြောင်း အသေးစိတ်သိသလို၊ စစ်ရေးကို ပိုင်နိုင်ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ကျန်းဇစ်ယာ ကို ကျို့နိုင်ငံက ရထားလိုက်တာဟာ ရှန်းပြည်အတွက် တစ်ဝက်ရှုံးပြီးသား ဖြစ်နေတယ်လို့ ဆိုရမှာပါပဲ။ ကျန်းဇစ်ယာ က ကျို့ဘုရင် ဝမ် နဲ့ ဝူ တို့ကို သင်ကြားပို့ချပေးခဲ့တဲ့ လျို့ထောင်း (六韜 Liu tao) ဟာ တရုတ်သမိုင်းမှာ အရေးပါတဲ့ စစ်ရေးကျမ်းတစ်စောင် ဖြစ်ပါတယ်။ လျို့ထောင်း ကို တိုက်ရိုက်ဘာသာပြန်ရင်တော့ လျှို့ဝှက်ချက် ၆ ခု လို့ ပြန်ရမှာပါ။ မျက်မှောက်ခေတ်သမိုင်းပညာရှင်တွေက တော့ လျို့ထောင်း ကို “လျှို့ဝှက်သင်ကြားချက် ၆ ချက် (Six secret teaching)” လို့ ဘာသာပြန်ကြပါတယ်။ အဲဒီ ကျမ်းထဲမှာ နိုင်ငံရေး၊ စစ်ရေး ဗျူဟာ ၆ ရပ်ကို အသေးစိတ်ရှင်းပြထားတယ်လို့ ဆိုပါတယ်။ တရုတ်ရာဇဝင်မှာ စစ်ရေးနဲ့ ပတ်သက်ပြီး ကျမ်းကြီး ၇ ကျမ်း ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ ၇ ကျမ်းထဲမှာ ကျန်းဇစ်ယာ ရဲ့ လျို့ထောင်း ဟာ အစောဆုံး စစ်ရေးဗျူဟာ ကျမ်းတစ်စောင် ဖြစ်ပါတယ်။ မြန်မာအများစုက ဆွန်ဇူး (Sun Tsu) ရဲ့ ဆွန်းဇီပင်းဖာ (孫子兵法 sun zi bing fa) လို့ ခေါ်တဲ့ “စစ်သေနကဗျူဟာ (The art of war)” ကို သိကြပါတယ်။ ကျန်းဇစ်ယာ ရဲ့ လျို့ထောင်း ကို သိပ် မပြောဖြစ်ကြပါဘူး။ ဆွန်ဇူးက ဘီစီ ၅၄၄ မှာ မွေးခဲ့တာမို့ ကျန်းဇစ်ယာရဲ့ လျို့ထောင်း ထက် အနှစ် ၅၀၀ ကျော်လောက် နောက်ကျပြီးမှ ပေါ်လာတယ်လို့ ပြောရမှာပါ။လျို့ထောင်း မှာ နာမည်နဲ့လိုက်အောင် အဓိက ဗျူဟာ ၆ ချက် ပါဝင်ပါတယ်။ အုပ်ချုပ်ရေးဗျူဟာ (Civil strategy)ပထမဗျူဟာကတော့ အုပ်ချုပ်ရေး ဗျူဟာ (Civil strategy) ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေး ဗျူဟာ လို့လည်း ဆိုနိုင်ပါလိမ့်မယ်။ အဲဒီဗျူဟာအရ “နိုင်ငံကို ဖွဲ့စည်းတည်ဆောက်ရာမှာ အနာဂတ်မှာ လိုအပ်လာမယ့် စစ်ရေးတိုးချဲ့မှုတွေ ဆောင်ရွက်နိုင်ဖို့ လက်တွေ့ဆောင်ရွက်နိုင်မယ့် အခြေခံကောင်းတွေ ဖြည့်ဆည်းပေးနိုင်မယ့် ရေခံမြေခံကောင်းတွေ ပါရှိရမယ်” လို့ ဆိုပါတယ်။ အဲဒီ အခြေခံကောင်းတွေကို ကျန်းဇစ်ယာ က ရှင်းပြထားပါတယ်။ • ကျန်းဇစ်ယာက စစ်ရေးအောင်မြင်ဖို့ အခြေခံအကျဆုံး လိုအပ်ချက်က ကိုယ်ကျင့်သီလကောင်းမွန်ပြီး ထိရောက်တဲ့ အုပ်ချုပ်ရေး ရှိခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ (ဒီခေတ်စကားနဲ့ ဆိုရင်တော့ Clean…

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၀ )
https://ift.tt/Wb2QBFX
Media
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၆၀ )(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၂၄
23/1/24Diary in the darkness
လားရှိုး - မူဆယ် လမ်းပိတ်လိုက်ပြီ။ ကား ရာနဲ့ချီပိတ်မိနေတယ်။ တလမ်းလုံး မိုင်းတွေထောင်နေပြီ။ ဘယ်အဖွဲ့ မိုင်းထောင်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောမထားဘူး။အဖမ်းခံရာက ပြန်လွတ်လာတဲ့ ဒရိုင်ဘာက fb ပေါ်တင်ထားတာပါ။ မိုးကုတ်မြို့မှာ ဆိုင်တွေ ပိတ်နေပြီ။ မကြာခင် တိုက်ပွဲဖြစ်တော့မယ်လို့ သတင်းတွေ ပျံ့နေတယ်။ ဒီမနက် သူငယ်ချင်း ဖုန်းဆက်ပြောတာ။မိုးမိတ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ရဲစခန်း အပါအဝင် နေရာအတော်များများကို တော်လှန်ရေးတပ်တွေက ထိမ်းထားတယ်။ စစ်ကောင်စီက ဗုံးတွေ အဆက်မပြတ်ကြဲနေတယ်။ မိုးမိတ်က ကျွန်တော့်မိတ်ဆွေက ဗုံးကြဲခံထားရတဲ့ သူ့အိမ်ကို ဗီဒီယိုရိုက်ပြီးပို့လိုက်တယ်။ သူတို့ မြို့ပြင်ကို ထွက်လို့မရဘူးတဲ့။ ပိတ်မိနေတယ်။ နောက်ဆက်တွဲသတင်းကတော့ မိုးမိတ်နားက မဘိန်းမြို့ လေးကို တော်လှန်ရေးတပ်တွေက သိမ်းလိုက်တဲ့ သတင်းပါ။ ဒီသတင်း နောက်ဆက်တွဲကတော့ တောင်ပေါ်ဒေသက သိမ်းစည်းမိတဲ့လက်နက် တွေကို စစ်ကိုင်း မြေပြန့် တော်လှန်ရေးတပ်တွေဆီ ပို့ဖို့လမ်းပွင့်သွားပြီဆိုတဲ့ သတင်းပါပဲ။စစ်ကောင်စီတပ်တွေကလည်း အုပ်စုလိုက် လက်နက်ချနေကြတာ မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။တနေ့က အိန္ဒိယဘက်ကို ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သား နှစ်ရာကျော်ကို မြန်မာပြည် စစ်တွေလေဆိပ်ထိ အရောက်ပြန်ပို့မှာတဲ့။ အိန္ဒိယ - မြန်မာ နယ်စပ် ခြံစည်ရိုးခတ်တော့မယ်လို့ အိန္ဒိယအစိုးရက ကြေညာနေတယ်တဲ့။ဒီနေ့လည်း တရုတ်ဘက်ကို စစ်ကောင်စီတပ်သားတွေ ထွက်ပြေးကြပြန်ပြီ။ တရုတ် ဘာပြောမလဲ မသိ။ ပေါက်ကိုယ်တော် ဦးဆောင်တဲ့ စစ်ကောင်စီ ထောက်ခံသူတွေ (အများက ဘောမ လို့ အခေါ်ခံနေရသူတွေ) ကလည်း မင်းအောင်လှိုင် နုတ်ထွက်ပေးဖို့ လူစုလူဝေးနဲ့ တောင်းဆိုနေကြပြန်ပါပြီ။ တချိန်တည်းမှာပဲ မြောက်ပိုင်း အဖွဲ့ ၇ ဖွဲ့ (MNDAA, UWSA, TNLA, SSPP, KIA, AA) တပ်ပေါင်းစု ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ထွက်လာပြန်တယ်။ ဒီရက်ပိုင်အတွင်း သတင်းတွေက စစ်ကောင်စီကို အသက်ရှူကြပ်စေတယ်။ကျွန်တော်တို့ အဖိုးကြီးတွေကလည်း မြန်မာပြည်တောင်ပိုင်း၊ မြောက်ပိုင်းကွဲသွားမလား ? မြောက်ပိုင်းတော်လှန်ရေးအဖွဲ့တွေက သူတို့လွတ်မြောက်ပြီးရင် တောင်ပိုင်းက တော်လှန်ရေး အဖွဲ့တွေကို မကူညီတော့ဘူးလား? လို့ စိုးရိမ်မိကြတယ်။ဒါပေမဲ့ အသေအချာ စဉ်းစားကြည့်တော့ စစ်ကောင်စီ လုံးဝ ချုပ်ငြိမ်းမှသာ တော်လှန်ရေး အောင်မြင်မှုက စိတ်ချရမယ်။ ဒါလောက်တော့ တော်လှန်ရေးတပ်တွေအားလုံး သိပြီးသားဖြစ်မယ်လို့ ယုံကြည်မိတာကြောင့် စိတ်အေးရပါတယ်။ သူငယ်ချင်းတွေ စုပြီးစကားပြောဖြစ်ကြတဲ့အခါ ဒီအကြောင်းကိုပဲ ဦးတည်ပြောဖြစ်ကြပါတယ်။နောက်ဆုံး ပြောဖြစ်ကြတာက ပထမဆုံး အနေနဲ့ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ မိမိဒေသကို မိမိ စစ်ကောင်စီကင်းစင်နယ်မြေ အဖြစ် ပြုလုပ်နိုင်ရမယ်။ စစ်ရေး၊နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွား၊ယဉ်ကျေးမှု တွေ အားလုံး လွတ်မြောက်တဲ့ လွတ်မြောက်နယ် မြေအဖြစ်ကြေညာနိုင်ရမယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိအောင်လုပ်ရမယ်။ နောက်တဆင့် လွတ်မြောက်နယ်မြေ အချင်းချင်း လေးစားချစ်ခင် ယိုင်းပင်းကူညီ တဲ့ စုစည်းမှုရှိလာအောင်လုပ်ရမယ်။ အဲဒီက တဆင့် ပြည်ထောင်စု စစ်စစ်အဖြစ် တည်ဆောက်ကြမယ်။ ကျွန်တော်တို့ အဖိုးကြီးတွေရဲ့ အိပ်မက်ပါ။ ရိုးရိုးရှင်းရှင်း တွေးမိတာပါ။ လက်တွေ့မှာတော့ နည်းနာတွေ၊ မာယာတွေ၊ ဒုနဲ့ဒေး။ သံရည်ပူနေချိန်မှာ ပုံကောင်းသွန်းရသလို တော်လှန်ရေး မီးရှိန်ပြင်းနေချိန်ဟာ နိုင်ငံတော်ကောင်းတရပ်အဖြစ် ပုံသွန်းလောင်းဖို့ အခါအခွင့် အသင့်ဆုံးပါ။
အန်ကယ် တူမီး23/1/24

အိန္ဒိယဘက်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ ခေါ်ယူတဲ့လေယာဥ် ပြေးလမ်းချော်၊ မြို့တွေ ပျက်စီးကုန်တဲ့ မြို့တွေ
https://ift.tt/qaX6f9G
<a href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgEw_4iTdeCShVaJbOER2so9SKc6M_UATpo5b4RiE7JysOXtOKqgk91PEKsvUliP115npjcNXPO8ygmk7c6D9x5D4dmJDNuMISAfb-GGtGjkfzPgV5Q0J4Aw5d7_Tb7tuqngqMrk_D_sju-k_iXO-NtjDHe2enfoADCCtUdN9byKRCKxeklZ4C3gqajiSo/s1080/signal-2024-01-24-084134_002.jpeg">Media</a>
<b>
</b><b>မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၃ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၂၄</b>
<b>အိန္ဒိယဘက်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ ခေါ်ယူတဲ့လေယာဥ် ပြေးလမ်းချော်၊ မြို့တွေ ပျက်စီးကုန်တဲ့ မြို့တွေ</b>
ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ချင်းပြည်နယ်ထဲက ပလက်ဝ ဒေသမှာ စစ်ကောင်စီရဲ့ ဗျူဟာစခန်းတွေ၊ တောင်ကုန်းတွေနဲ့ ပလက်ဝမြို့တို့ကိုပါ Arakan Army က သိမ်းယူခဲ့ရာက နယ်စပ်မှာ ပိတ်မိသွားတဲ့ စစ်ကောင်စီတပ်တွေ ဖောက်ထွက်ဖို့ ဒါမှမဟုတ် လေကြောင်းကနေကယ်ထုတ်ဖို့ နည်းလမ်းတခုခု နဲ့ မထွက်နိုင်တော့ရာက အိမ်နီးချင်း အိန္ဒိယနိုင်ငံထဲ ဝင်ရောက်သွားကြပြီး မြန်မာနိုင်ငံဘက် ပြန်ဖို့ စစ်ကောင်စီ အနေနဲ့ တဖက်နိုင်ငံနဲ့ ဆက်သွယ်လုပ်ဆောင်ခဲ့တာတွေ ခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်အင်အား အရေအတွက်က တကြိမ်မှာ ရာဂဏန်းချီရှိပြီး လတ်တလော ပလက်ဝဒေသက ထွက်ပြေးရောက်ရှိသူ ၈၀၀ ထက်မနည်းရှိပြီလို့ ချင်းမီဒီယာ သတင်းဌာနတွေရဲ့ ပြောဆိုမှုအရ သိရတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ စစ်အာဏာသိမ်းပြီး နောက်မှာလည်း အာဏာသိမ်းစစ်အစိုးရနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိတဲ့နိုင်ငံဖြစ်ပါတယ်။ စစ်ပွဲကြောင့် အိမ်နီးချင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ဒုက္ခသည်တွေကို ကူညီတာတွေ ရှိပေမယ့် လက်နက်ကိုင် PDF အဖွဲ့တွေအနေနဲ့တော့ အိန္ဒိယနိုင်ငံဘက်ကို ဝင်ရောက်နိုင်တာမျိုး မရှိပေမယ့် စစ်ကောင်စီတပ်တွေ အနေနဲ့ အခုလို တိုက်ပွဲမှာပိတ်မိပြီး အိန္ဒိယနိုင်ငံဘက် ဝင်ရောက်ပြီး အသက်ဘေးလွတ်အောင် အကူအညီတောင်းခံ နိုင်ခွင့်ရှိတဲ့အနေအထားလည်း ဖြစ်ပါတယ်။ ခု လပိုင်းတွေအတွင်း ပလက်ဝ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံထဲ တကြိမ်ကို ၂၀၀ မှ ၃၀၀ အထိရှိတဲ့ စစ်ကောင်စီတပ်တွေ ထွက်ပြေးခိုလှုံခဲ့ကာ ပထမပိုင်းအသုတ်တွေတုန်းက လက်နက်ပစ္စည်းတွေနဲ့ မဟုတ်ပေမယ့် နောက်ပိုင်း အသုတ်တွေ ဝင်ရောက်ရာမှာ လက်နက်ငယ်တွေ၊ ၄င်းတို့ရဲ့ တကိုယ်စာသယ်ဆောင်တဲ့ပစ္စည်းတွေနဲ့ အတူဝင်ရောက်သွားကြတာ ဖြစ်ပါတယ်။
အခုလိုဝင်ရောက်သွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို စစ်ကောင်စီဘက်က စစ်လေယာဥ်တွေနဲ့ သွားရောက်ခေါ်ဆောင်ရာမှာ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သွားရောက်ခေါ်ဆောင်တဲ့ စစ်ကောင်စီပိုင် Y-8 လေယာဥ်က ပြေးလမ်းချော်ပြီး လေယာဥ်ပြေးလမ်းပြင်ပ ကို ရောက်ရှိရာက ထက်ပိုင်းကျိုးကာ လေယာဥ်ပေါ်ပါလာသူ ၈ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းတွေကို ကိုးကားပြီး ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါဒဏ်ရာရသူတွေကို သယ်ဆောင်လာတဲ့ ကားက လေဆိပ်မှာ မတော်တဆမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ သတင်းဌာနအချို့က ဖေါ်ပြထားတာလည်း တွေ့ရပါတယ်။
အခုလို အိန္ဒိယနိုင်ငံဘက် ထွက်ပြေးကာ မြန်မာနိုင်ငံဘက်ပြန်ပို့ဖို့ တောင်းခံခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ဆောင်လာပြီးနောက် စစ်ဆေးမေးမြန်းတာ အနားပေးတာမျိုးထက် လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် စစ်မြေပြင်ကိုပဲ ပြန်လည်ပို့ဆောင်ပြီး တိုက်ပွဲတွေမှာ ဆက်လက်ပါဝင် စေတယ်လို့ AA ဘက်က ပြောဆိုချက်ကို ကိုးကားပြီး သတင်းတွေမှာ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ ဒီအနေအထားကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီအနေနဲ့ တပ်အင်အား ကြီးကြီးမားမား မလုံလောက်တဲ့ အနေအထားဖြစ်နေတာ ထင်ရှားနေတာတွေ့နေရတဲ့ သဘောဖြစ်ပါတယ်။ AA အနေနဲ့ ပထဝီအနေအထားအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ နှစ်ဖက်နောက်ခံထားပြီး တောင်တန်းထူထပ်တဲ့ ဒေသ တဖက်မြန်မာနိုင်ငံထဲမှာ ချင်းပြည်နယ်ရဲ့ တောင်တန်းထူထပ်တဲ့ ဒေသတွေနဲ့ ထိစပ်နေတဲ့ ပလက်ဝကို စစ်ရေးအမြင်အရ ခြေကုပ်စခန်းအဖြစ် ရည်ရွယ်ပြီး ပထမဆုံး သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ သတင်းအကြောင်းအရာတွေထဲက ဒုတိယ အကြောင်းအရာ အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နဲ့ တမင်ရည်ရွယ် ဖျက်ဆီးမှုတွေ၊ အချိန်ကြာရှည်လာပြီး တမြို့လုံးကို သိမ်းယူဖို့ အပြင်းအထန် တိုက်ခိုက်ကြရတဲ့ အနေအထားမှာ မြို့ရဲ့ စျေးတွေ၊ နေအိမ် အဆောက်အဦ၊ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးရတာ မြင့်တက်လာနေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ခုရက်ပိုင်း သတင်းဖေါ်ပြမှုတွေမှာ ပျက်စီးဆုံးရှုံးတဲ့ သတင်းတွေတက်လာတဲ့ မြို့တွေကတော့ ထီးချိုင့်၊ ကော့ကရိတ်၊ ပေါက်တော၊ မင်းပြား၊ မိုးမိတ် တို့ပဲ ဖြစ်ပါတယ်။
ဧရာဝတီ သတင်းဌာနက ဖေါ်ပြထားတဲ့ သတင်းမှာ ၃ လနီးပါးကြာလာပြီ ဖြစ်တဲ့ ထီးချိုင့်မြို့သိမ်းတိုက်ပွဲတွေကြောင့် မြို့ရဲ့ ၉၀ ရာနှုန်း ပျက်စီးသွားပြီလို့ ဖေါ်ပြထားတာတွေ့ရပါတယ်။ မြို့ထဲမှာ နေရာယူပြီးတဖက်နဲ့…

ကိုအောင်မှိုင်း - သိကြရဲ့လား
https://ift.tt/hmiApOB
Mediaကိုအောင်မှိုင်း - သိကြရဲ့လား(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၂၄
သုံးနှစ်တဲ့လားရက်စက်မှုတွေလူမဆန်မှုတွေနာကျည်းမှုတွေအကြင်နာမဲ့မှုတွေတွက်နှစ်ပေါင်းသုံးရာလောက်ခံစားခဲ့ကြရတာ သိကြရဲ့လား။
သုံးနှစ်တဲ့လားလက်ဗလာဘဝမှာလေးဘက်ထောက်လမ်းလျှောက်ခဲ့ရမျက်နှာများစွာမှာစစ်ဖိနပ်ရာတွေနဲ့အသတ်ခံရတာတောင်အလောင်းပြန်မရ
အလောင်းလိုချင်ပိုက်ဆံထပ်ပေးရခေါင်းကို ပစ်တဲ့လားအဟုတ်ဘဲခေါင်းတွေကိုပစ်ခဲ့လက်ဗလာဘဝမှာလူဟုတ်ရဲ့လားလို့ကိုယ့်ကိုယ်ကိုတောင်မေးခွန်းထုတ်ခဲ့ရတာ သိကြရဲ့လား။
သုံးနှစ်တဲ့လားအသက်တွေနဲ့ကြိုးချင်းဆက်ကြနုပျိုမှုတွေနဲ့ကြိုးချင်းဆက်ကြစွန့်လွှတ်မှုတွေနဲ့ကြိုးချင်းဆက်ကြ
အနစ်နာခံမှုတွေနဲ့ကြိုးချင်းဆက်ကြကောင်းကင်မှာကြယ်တွေ ကြွေနေတယ်မြေပြင်မှာအမေတွေ ငိုနေတယ်မျက်ရည်ချောင်းစီးနေတာ သိကြရဲ့လား။
သုံးနှစ်တဲ့လားငါတို့ရုန်းထတော်လှန်ကြတာ ပြည်သူ့အတွက်လက်နက်ကိုင်ဆွဲတိုက်ပွဲဝင်တာ ပြည်သူ့အတွက်မေခ မလိခ သံလွင် စစ်တောင်းချင်းတွင်း ဧရာ ဇော်ဂျီ တနိုင်းခအတ္ထရံ ဥရု ပုဇွန်တောင်ချောင်းဆင်ဖြူကျွန်းချောင်း သံဒီ ရွှေလီ
ကစ္ဆပနဒီ မယူမြစ်တေးသံပြိုင်ဟစ်ကြွေးနေတာ သိကြရဲ့လား။
သုံးနှစ်တဲ့လားရှို့လိုက်တဲ့မီးသတ်လိုက်တဲ့လူလက်ဗလာဘဝမှာအိမ်ခြေရှစ်သောင်းလူတသောင်းကျော်နည်းတဲ့တန်ဖိုးလားဗြောင်းဗြောင်းဆန်ခဲ့ထောင်းလမောင်းကြေပြာပုံတွေနဲ့ အရိုးစုတွေဝစ်လစ်စားလစ်ဖြစ်နေတဲ့လူ့အခွင့်အရေး ကမ္ဘာကြီးမှာဒီမိုကရေစီဆိုတာ မီဒီယာမှာစာနာမှုတွေဆိုတာ မီဒီယာမှာ
စိုးရိမ်သောကဆိုတာ မီဒီယာမှာဘာသာစကား အသစ်ဖြစ်လာကြေကွဲဝမ်းနည်းမှုတွေနဲ့အရိုးတွန်နေကြတာ သိကြရဲ့လား။
သုံးနှစ်တဲ့လားနွေဦးဟာ မုန်တိုင်းရိုင်းချင်ရိုင်းပါစေကြမ်းချင်ကြမ်းပါစေလူထုတော်လှန်ရေးလူထုဆန့်ကျင်ရေး မလုပ်ရင်အကုန်လုပ် အဟုတ်မှန်တယ်ညီစေ ချီစေ ပြည်သစ် တည်စေနွေဦးအသံ နွေဦးအလံနဲ့နွေဦးမာန်ဟာ ပြီးပြည့်စုံတယ်။
သုံးနှစ်တဲ့လားလက်ထဲက သေနတ်
လှံစွပ်တပ်ထားရန်သူ့နှလုံးသားဆီပစ်မှတ်ဟာ အတည်ဘဲရန် ငါ ပြတ်မှရမယ်ပလီစိချောက်ချက်မလုပ်နဲ့မျက်စမပစ်နဲ့ အရိပ်တွေမှာဓားတွေကိုယ်စီနဲ့နော်သွေးကြွေးမှာ ဆွေးနွေးစရာမရှိရင်းထားတာတွေတွက်တင်းကြရမယ် ရှင်းကြရမယ်ကြောက်မွှေးပါ ဇာဂနာနဲ့နုတ်အပြုတ်နှံရမယ် ပြင်းထန်ရမယ်စစ်အနိုင်တိုက်ရေး ၂၀၂၄ ဖြစ်စေရမယ်။
ကိုအောင်မှိုင်းဇန္နဝါရီလ ၂၅ရက် ၂၀၂၄ခုနှစ်
Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar

၂၀၂၄ သမ္မတလောင်း ဝင်ပြိုင်ဖို့ ဒေါ်နယ်ထရန့် ပါတီတွင်းအကြိုရွေးကောက်ပွဲတွေမှာ အနိုင်ရနေ
https://ift.tt/w10MepG
Media၂၀၂၄ သမ္မတလောင်း ဝင်ပြိုင်ဖို့ ဒေါ်နယ်ထရန့် ပါတီတွင်းအကြိုရွေးကောက်ပွဲတွေမှာ အနိုင်ရနေနိုင်ငံတကာသာဂိ၊ (မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၂၄
အင်္ဂါနေ့က အမေရိကန်၊ နယူးဟမ္မရှဲယားပြည်နယ်က ရီပတ်ဘလစ်ကန်ပါတီဝင်များအတွင်း သမ္မတလောင်းအကြိုရွေးကောက်ပွဲမှာ ထရန့်နဲ့ အခြားသမ္မတလောင်းပြိုင်ဘက် အမျိုးသမီးခေါင်းဆောင် နစ်ကီဟေလီနဲ့ ပြိုင်ကြရာမှာ ထရန့်က ၅၄% နီကီက ၄၆% ဆီ မဲရပါတယ်။ အဲသည်ပြည်နယ်၏ ပါတီတွင်း သမ္မတအကြိုရွေးကောက်ပွဲ (ဆန္ဒခံယူပွဲလို့ ဆိုချင်ဆို) မှာ ထရန့်က နိုင်သွားပြီး နောက် ကျန်ပြည်နယ်တွေမှာလည်း ထရန့်ပဲ အနိုင်ရဖို့ အလားအလာများပေမယ့် နီကီဟေလီကတော့ နောက်ဆက်တွဲ ပြည်နယ်အလိုက် ပါတီတွင်း သမ္မတလောင်းရွေးကောက်ပွဲတွေ ဆက်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ ပထမဆုံး ပြည်နယ် အကြိုရွေးကောက်ပွဲ (Primary) တွေထဲက Iowa Caucus မှာ ထရန့်က ၅၀% ကျော်၊ အဲသည်တုန်းက ပြိုင်ဘက် ဒီဆန်းတစ်နဲ့ နီကီဟေလီတို့က ၂၀% ကျော်ကိုယ်စီ ရခဲ့ပါတယ်။ အဲသည်မှာ ဖလော်ရီဒါပြည်နယ်ဥက္ကဋ္ဌ ဒီဆန်းတစ်က အကြိုရွေးကောက်ပွဲ ပွဲစဉ်တွေကနေ အညံ့ခံနုတ်ထွက်လိုက်ပြီး ထရန့်ကိုပဲ ထောက်ခံကြောင်း အလံဖြူထောင်ခဲ့ပါတယ်။ ဒါကြောင့် နောက်ပိုင်းက အရင်သမ္မတဟောင်း ထရန့်နဲ့ စိန်ခေါ်သူ နီကီဟေလီတို့ စိန်ခေါ်ပွဲ ဖြစ်သွားပါပြီ။ထရန့်ကို သောင်ပြိုကမ်းပြိုထောက်ခံနေကြတဲ့ ရီပတ်ဘလစ်ကန်ပါတီဝင် အများစုတွေ (၅၀%ကျော်)တွေကြောင့် အခုကတော့ ရီပတ်ဘလစ်ကန်ပါတီကို ထရန့်ပါတီလို့ အမည်ပြောင်း ခေါ်နေကြပြီ ဖြစ်ပါတယ်။ နိုင်ရင်ပြီးရော ဘယ်နည်းဖြစ်ဖြစ် သုံးမယ်၊ ချက်အောက်လဲ ထိုးမယ်၊ ရှုံးရင် ဝန်မခံကြေး၊ လွှတ်တော်ကို တက်သိမ်းပစ်မယ်ဆိုတဲ့ ဒေါ်နယ်ထရန့်ကို အာဏာရှင်ဆန်မှု လက်ယာစွန်းရောက်မှုကို နှစ်သစ်သူ ရှေးရိုးစွဲတွေ ထောက်ခံနေကြတာမို့ ဒီ၂၀၂၄ ရွေးကောက်ပွဲ အစစ်ကြီးမှာ လက်ရှိ ဒီမိုကရက်ပါတီ သမ္မတ ဘိုင်ဒင်နဲ့ သမ္မတဟောင်း ထရန်ံတို့ နောက်တကြိမ် မကြေပွဲ၊ စိန်ခေါ်ပွဲကြီး ဖြစ်လာလိမ့်မယ်လို့ အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။

ကြားကာလ အုပ်ချုပ်ရေးလား၊ ကိုယ်ပိုင် အုပ်ချုပ်ရေးလား၊ စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ နယ်တွေ မြို့တွေရဲ့ အုပ်ချုပ်ရေး
https://ift.tt/JrEwkVa
<a href="https://blogger.googleusercontent.com/img/a/AVvXsEgk4gLApjDVxVsPQZCJRD98oecFhF2SvyyRb5DGTs94P6LWCNmd_pVhbZzo1dH2lOVDYDApHNk4ghoyrVdy695T2POoo275m8B7XwTBdLANE0RbCdluU3yqf28j1GXekkmlL9Vgvt9zoeeEqEuJDwviQf57MxltILujg_g8fUpybG2DxJPZpU56zdJU77o">Media</a>
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၄ မြင်ကွင်း(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၂၄
ကြားကာလ အုပ်ချုပ်ရေးလား၊ ကိုယ်ပိုင် အုပ်ချုပ်ရေးလား၊ စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ နယ်တွေ မြို့တွေရဲ့ အုပ်ချုပ်ရေးစစ်ကောင်စီရဲ့ အုပ်ချုပ်မှုနဲ့ နယ်မြေစိုးမိုးထားတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ပြီးသိမ်းယူထားတဲ့ ဒေသတွေမှာ အုပ်ချုပ်ရေး ဘယ်လိုလုပ်ဆောင်ကြမလဲ၊ ဘယ်အဖွဲ့တွေက အုပ်ချုပ်ကြမလဲ၊ လက်နက်ကိုင် အဖွဲ့တွေက အုပ်ချုပ်ရေးတွေကို စီမံခန့်ခွဲကြမှာလား၊ သီးခြား အုပ်ချုပ်ရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ လေ့ကျင့်မွေးထုတ်ကြမှာလား ဆိုတဲ့ မေးခွန်းတွေက ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၂ လကျော်အကြာ မြို့ပေါင်း ၂၀ ကျော်မှာ စစ်ကောင်စီ အုပ်ချုပ်မှုကို ဖယ်ရှားပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးဟာ စစ်ရေးရဲ့ လက်အောက်ခံဖြစ်တယ်လို့ ယေဘုယျ အားဖြင့်ဆိုနိုင်ပေမယ့် အုပ်ချုပ်ရေးကို ကောင်မွန်စွာ အကောင်အထည်ဖော်နိုင်ဖို့၊ တဒေသနဲ့ တဒေသအကြား ကူးလူးဆက်ဆံရေး၊ သွားလာရေး၊ ကုန်စည်ဖလှယ်ရေးလို စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေ၊ တနယ်နဲ့ တနယ် ဝင်ထွက်သွားလာခွင့်၊ ကူးလူးသွားလာပြီး အလုပ်အကိုင် လုပ်ကိုင်ခွင့်၊ အခွန်အကောက် ကောက်ခံမှု၊ ရွှေ့ပြောင်းနေထိုင်မှု၊ သယံဇာတ၊ ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချမှုတွေ အပေါ် အခွန်အကောက် စတာတွေက ဒေသလုံခြုံရေး ရှုထောင့်က ကြည့်ရှုပြီး ဆုံးဖြတ်ရတာ ရှိနိုင်သလို၊ လွတ်လပ်တဲ့ ရောင်းဝယ်ဖောက်ကားမှုနဲ့ အနိမ့်ဆုံးသော အခွန်အကောက် ကောက်ခံမှုတွေကနေ ဒေသတွင်းနေထိုင် လုပ်ကိုင်စားသောက်ကြတဲ့ လူထုရဲ့ စားဝတ်နေရေး နဲ့ ဖွံ့ဖြိုးရေးတွက် ရည်မှန်းချက်ထားပြီး လုပ်ဆောင်ကြရမယ့် ကိစ္စရပ်တွေလည်း ဖြစ်နေပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ စစ်ရေး လှုပ်ရှားမှုတွေအတွက် လူအင်အားနဲ့ ငွေကြေး လိုအပ်ချက်တွေ ရှိနေကြတဲ့ အနေအထားမှာ အဲဒီလိုအပ်ချက်ကို ဘယ်လိုဖြည့်ဆည်းကြမလဲ၊ ဘယ်နည်းလမ်းနဲ့ ဖြည့်ဆည်းကြမလဲ၊ ဒီဝန်ကို လူထုတွေထံက ဘယ်လောက်သောရာနှုန်းနဲ့ ကောက်ယူ ထမ်းဆောင်စေမလဲ ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ ဘယ်နိုင်ငံကမှ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီးသော်လည်းကောင်း အကူအညီပေးခြင်းမရှိတာကြောင့် လက်နက်ကိုင်အဖွဲ့တွေအ နေနဲ့ မိမိတို့ ထိန်းချုပ်နယ်မြေထဲမှာ သယံဇာတ ထွက်ရှိရင်သော်လည်းကောင်း၊ သို့မဟုတ် မိမိနယ်မြေထဲ ဖြတ်သန်းသယ်ယူတဲ့ ကုန်သွယ်မှုမှ သော်လည်းကောင်း၊ မိမိစိုးမိုးထားတဲ့ နယ်မြေအတွင်း နေထိုင်နေကြတဲ့ အိမ်ထောင်မိသားစုတွေ အပေါ် အခွန်အကောက် ကောက်ခံပြီး ရပ်တည်ကြရတာ ဖြစ်ပါတယ်။ အုပ်ချုပ်တဲ့ အစိုးရတွေက ကောက်ယူတဲ့အခါ အခွန်အကောက်လို့ခေါ်ဆိုပြီး စစ်ရေးအဖွဲ့အစည်းတွေက တိုက်ရိုက်ကောက်ယူတဲ့အခါ “ဆက်ကြေး”(ပဒေသရာဇ်ခေတ်က ဆက်သရတဲ့ ငွေကြေး ဆိုတဲ့အခေါ်အဝေါ်လို့ ယူဆရ) လို့ခေါ်ဆိုကြတဲ့ အခွန်ငွေနဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး ဝန်ထမ်းတွေ၊ လှုပ်ရှားမှုတွေကို လည်ပတ်ကြရတာ ဖြစ်ပါတယ်။အောက်တိုဘာ ၂၇ ရက်နေ့နောက်ပိုင်း ရက်ပေါင်း ၉၀ နီးပါးကြာလာတဲ့အခါမှာ လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့လောက်က မြို့ပေါင်း ၂၀ ကျော် သိမ်းယူခဲ့ပြီး ၁၈ မြို့ကို လက်နက်ကိုင် ၅ ဖွဲ့က အုပ်ချုပ်ပြီး လက်နက်ကိုင် တိုက်ပွဲမှာမပါဝင်ခဲ့တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့က ကိုးကန့်လက်နက်ကိုင် အဖွဲ့ထံမှ လွှဲပြောင်းရရှိတဲ့ မြို့ ၂ မြို့ကို အုပ်ချုပ်တာဖြစ်ပါတယ်။ ဝ ပြည် အစိုးရ အနေနဲ့ လွှဲပြောင်းလက်ခံရရှိတဲ့ ၄င်းရဲ့ အုပ်ချုပ်ရေးထဲ မြန်မြန်ဆန်ဆန် ထည့်သွင်းအုပ်ချုပ်ခဲ့တာ ဖြစ်ပြီး ကျန် လက်နက်ကိုင် ၅ ဖွဲ့အနေနဲ့တော့ အရပ်ဖက် အုပ်ချုပ်ရေး အသွင်မဟုတ်သေးတဲ့ ပုံစံ၊ အရပ်ဖက် အုပ်ချုပ်ရေးနဲ့ စစ်ဖက်အုပ်ချုပ်ရေး ရောနှောနေတဲ့ ပုံသဏ္ဍာန်၊ စစ်ဘက်အုပ်ချုပ်ရေး သက်သက်နဲ့ စသဖြင့် အုပ်ချုပ်နေကြတာ ဖြစ်ပါတယ်။ အချို့သော သိမ်းယူရရှိတဲ့ နယ်မြေတွေက နဂိုကတည်းက လက်နက်ကိုင်အဖွဲ့တွေရဲ့ အရိပ်လွှမ်းမိုးခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်ရေး နောက်ကွယ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က အသိအမှတ်ပြု ကျေးရွာသူကြီးတွေ ရှိနေခဲ့တာဖြစ်ပေမယ့် မြို့တွေမှာတော့ အထက်က ပြောသလို ရှဲဒိုးအုပ်ချုပ်ရေး ကိုယ်စားလှယ်တွေ မရှိခဲ့တဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ စစ်ကောင်စီ အုပ်ချုပ်ရေးကို လုံးဝဖျက်ဆီးပြီး ဖယ်ရှားလိုက်ချိန်မှာ အစားထိုးရမယ့် ကျေးရွာအုပ်ချုပ်ရေး၊ မြို့အုပ်ချုပ်ရေးတွေ အလျင်အမြန် လိုအပ်လာနေတာ ဖြစ်ပါတယ်။ ဒေသလုံခြုံရေးနဲ့ အခွန်အကောက် ရရှိရေးက ဦးစားပေး အရေးကြီးသလိုပဲ တည်ငြိမ်ရေး အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ရေး ၊ ဒေသတခုနဲ့ တခု ကူးလူးဆက်ဆံရေးနဲ့…

ရဲဘော်တေး - ယတြာထောင်း မင်းအလောင်းဖြစ်
https://ift.tt/OAuIMbU
Media
ရဲဘော်တေး - ယတြာထောင်း မင်းအလောင်းဖြစ်(မိုးမခ) ဇန်နဝါရီ ၂၅ ၊ ၂၀၂၄
မအလ ယတြာသစ်တခု စပြီဆို တပ်ထဲကကောင်တွေ လောင်ပြီ။ ခုလဲ ဥဩ ၁၄ ကောင် လွှတ်သတဲ့။ ဗုဒ္ဓေါ ဥဩဆိုတာ အထီးကျန်တေးသီသတ္တဝါ၊ တပ်တွေအကုန်ပြေးပြီပေါ့။ တပ်တွေ အကုန်အလံဖြူထောင်၊ တပ်တွေ အကုန်လက်နက်ချ၊ တပ်တွေအကုန် သူ့ဘက်ပြောင်းလှည့်တော့မယ့် လက္ခဏာ။ ဗေဒင်ဆရာကလဲ သူ့ဘက် ပါချင်မှ ပါတာလောက်တော့ သိမှပေါ့။ သူ့ဘက် ပါသော်လည်း ယတြာကတော့ ဘက်မလိုက် မူဝါဒ ကျင့်သုံးတယ် ဆိုတာလောက်တော့ သိလေကွယ်။ ဘယ့်နှယ် “တရားသောစစ် အောင်မြင်ပါစေ” ယတြာမျိုးကျတော့ ကန်းပြီပေါ့။ တော်လှန်သူတိုင်း အောင်ကြပြီလေ။ ဘယ်သူတိုက်တိုက် တိုက်သူနိုင်နေပြီလေ။ ဘယ်သူတရားလဲ လူတိုင်းသိနေမင့်ဟာ။ သူ့မိန်းမ ကြူခေါရဲ့ လူပြောသူပြော ဗေဒင်ဆရာတွေ ဂျောက်ချ၊ ယတြာတွေ မှောက်ပြတာ ခံနေရတာပြောပြီး ဟီးတိုက်နေကြတာ။ဥဩလွှတ်တဲ့နေ့ကတည်းက ဥဩဆွဲတော့တာများ၊ ဟော ခု ငှက်တကောင် ခါးကျိုး ကိုယ်ကျိုးနည်းပြီလေ။ ၁၄ ကောင် လွှတ်ခိုင်းသတဲ့၊ ၁၄ စင်းဆို သူ ပြေးဖို့တောင် ကျန်ပါ့မလားလို့ ဟားနေကြရဲ့။ ကြည့်အုံး ထွက်ပြေးတွေ သယ်ဖို့သွားတဲ့ ခါးကျိုးလေယဉ်က ဒဏ်ရာရတွေတင်တဲ့ ကယ်ဆယ်ရေးယဉ်လဲ ထပ်အက်စီးဒင့်ဖြစ်။ ကဲ အိန္ဒိယပါ စိတ်ညစ်ရတာနော်။ဝေခါဗျူဟာမှာ မိတဲ့စစ်သားတွေက “မင်းအောင်လှိုင် သရေကြိုး သရေကြိုး မင်းအောင်လှိုင်” လို့ အူလှိုက်သဲလှိုက် သံပြိုင်ဟစ်နေကြလေရဲ့။ ဟစ်ပြီပေါ့။ ဘဝမှာ မင်းအောင်လှိုင်ကို ငါကိုင်တုပ်ဖူးတဲ့ စစ်သားဖြစ်ဖို့က စစ်သားတိုင်းရဲ့ အိပ်မက်လေ။ဝေခါမှာ သေရှာကြတဲ့ စစ်သားတွေ၊ မင်းပြားမှာ ဟင်းခါးဖြစ်သွားတဲ့ စစ်သားတွေ ဆိုတာ မြင်မကောင်း၊ ယင်တလောင်းလောင်း မဟုတ်လား။ သူ့သား အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန် သွားကြည့် တဟိဟိနဲ့ ကာတွန်းကားကြည့်၊ အပြာပွန်းကားငြိ။ခုလဲ တပ်မှာ ထင်ကြေးပေးနေကြပြီ။ လောက်ကိုင်မှာ လူလေးထောင် အသက် အလကား အသေမခံနိုင်လို့ လက်နက်ချလိုက်သူတွေကို သေဒဏ် ဘာညာ အရေးယူတယ်ဆိုတော့ မသေမချင်း တိုက်နေဆိုတဲ့ သဘောဘဲလေ။ အဲဒီတော့ ဘယ်သူမှ ဘာအကြောင်းပြချက်ကောင်းကောင်းမှ မရှိဘဲ အဓိပ္ပာယ်မဲ့ လူလိုက်သတ်ဖို့ သေပေးဖို့ဆိုတာ ကြာကြာ မဖြစ်နိုင်တော့ဘူးလေ။ ဒီတခါ လက်နက်မချတော့ဘဲ အထိုင်မပျက် ဘက်ပြောင်းလိမ့်မယ်လို့ ပြောနေကြပြီ။ ကိုယ့်တပ် ကိုယ်ပြန်သိမ်းပြီး ဘက်ပြောင်းမယ်ဆို ရိက္ခာဘာညာ ဘာပူစရာလိုမလဲ။ ဖူးဖူးမှုတ်ထားကြမှာကြည့်။ ဟော ပြောရင်းဆိုရင်း ကရင်နီက တပ်တွေ ပြည်သူနဲ့ ရင်ချင်းအပ်ကြတော့မယ်။ မအလ ယတြာကောင်းချက်တော့ BGF တွေတောင် ထိုင်ရင်းနေရင်း ဟင့်အင်း ကုန်တယ်။ စောချစ်သူက ပလစ်တာလဲ ဖျစ်ဖျစ်မြည်တယ်နော်။ နေပူတော် ကြွပါ ဆိုပေမယ့် ဝေါနဲ့ပင့်တောင် မလာတော့ စိုးဝင်းခမျာ အပြေးကလေး သွားချော့ရှာလဲ မပျော့လာ။ ဒါထဲက NCAထိုးထားတဲ့ ပအိုဝ်းနီ PNLO က သူ့လက်နက် သွားဖမ်းလို့ စာချုပ်ကို ခြေနဲ့နင်း ဆီဆိုင်ကို ဗျင်းပါရောလား။ ရှမ်းတောင်ကို အကြမ်းဖက်ရင်လဲ ပအိုဝ်းဖြူ PNOက စောချစ်သူလမ်းကြောင်း နင်းသွားရင် ကိုယ့်သေတွင်းကိုယ်တူးသလိုက ဖြစ်တော့မယ်။ ခုဆို ရှမ်းတောင်မှာ နန်းတွေက လမ်းရှာပြေးကြ၊ စစ်မှုထမ်းဟောင်းတွေလဲ ပြောင်းရွှေ့ကြ၊ ဘုန်းကြီးကျောင်းတွေကလဲ စစ်ရှောင်လက်ခံဖို့ ပြင်ဆင်ကြ၊ ဘကကျောင်းတွေလဲ ပိတ်ကြနဲ့ လှုပ်လှုပ်ရွရွ ပရွက်အုံ တုတ်နဲ့ထိုးသလိုဆိုဘဲ။အင်း... ယတြာကောင်းရင် မင်းလောင်း ဖြစ်ဆိုပေမယ့် ယတြာထောင်းရင်လဲ မင်းအလောင်းဖြစ်နိုင်သကိုး။

ခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၅
https://ift.tt/2TidsRB
<a href="https://blogger.googleusercontent.com/img/a/AVvXsEhms5-LivTsAPIVUgQH1XSw2gagJSAXQZ5jKXKmcX_JrbgUlMPiWQHUTMqUXZzmIb2jQBuQQjjpWumds8ucExLlVRrUBRQMTAzlq2sqMmOlKLTgeV7dsZwcmbSojUgKj9QHl_PB1AO8cJgZdLQDsdlKAr3KgTD_p7czssB7cW1bqDgQvMpfoBk-YVPxdHc">Mediaခိုင်ကြည်သစ် - တရုတ်သမိုင်း မှတ်စုတို - ၁၅(မိုးမခ) ဇန်နဝါရီ ၂၅ ၊ ၂၀၂၄
<b>ကျို့ခေတ်ရဲ့ ကာလသုံးပါး</b>ကျို့ခေတ်ဟာ တရုတ်ရာဇဝင်မှာ သက်တမ်းအရှည်ဆုံး ခေတ်တစ်ခေတ် လို့ ဆိုရပါလိမ့်မယ်။ ဘီစီ ၁၀၄၆ မှာ ဝူဘုရင်ဟာ ကျို့ခေတ် ကို စတင်ထူထောင်ပြီး ဘီစီ ၂၅၆ မှာ ကျို့ခေတ် ကုန်ဆုံးပါတယ်။ ဒါကြောင့် ကျို့ခေတ်ဟာ နှစ်ပေါင်း ၈၀၀ နီးပါး (အတိအကျပြောရရင် ၇၈၉ နှစ်) ကြာမြင့်ခဲ့တဲ့ ခေတ်တစ်ခုလို့ ဆိုရမှာပါ။ သူ့ရှေ့က ရှခေတ် နဲ့ ရှန်းခေတ်တွေက အနှစ် ၅၀၀ ဝန်းကျင် စီလောက် သက်တမ်းရှည်ကြာခဲ့ပါတယ်။ အလွယ်မှတ်ချင်ရင် ဘီစီ ၂၀၀၀ နဲ့ ဘီစီ ၁၀၀၀ အကြား ထောင်စုနှစ်တစ်ခုစာကို ရှ နဲ့ ရှန်းက တစ်ဝက်စီ ခွဲပြီး အုပ်ချုပ်သွားတယ်လို့ မှတ်သားနိုင်ပါတယ်။ ကျို့ခေတ်ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၈၀၀ လောက် ကြာတယ်ဆိုပေမယ့် တကယ်တမ်းတော့ အဲဒီ သက်တမ်းကာလ ကို အဓိက အစိတ်အပိုင်း နှစ်ခုပြန်ပြီး ခွဲခြားထားပါတယ်။ ဘီစီ ၁၀၄၆ ကနေ ဘီစီ ၇၇၁ အထိ ပထမနှစ်ပေါင်း ၂၇၅ နှစ်ကို အနောက်ဘက်ကျို့ (Western Zhou) ခေတ် လို့ ခေါ်ပြီး ဘီစီ ၇၇၂ ကနေ ဘီစီ ၂၅၆ အထိ နှစ်ပေါင်း ၅၁၆ နှစ်ကို အရှေ့ဘက် ကျို့ (Eastern Zhou) ခေတ် လို့ ခေါ်ပါတယ်။ ရာဇဝင်ဆရာတွေက ကျို့ခေတ်ရဲ့ နောက်ပိုင်း ၅၁၆ နှစ် ဖြစ်တဲ့ အရှေ့ဘက်ကျို့ ခေတ်ကို နှစ်ပိုင်း ပြန်ခွဲပြန်ပါတယ်။ ပထမပိုင်းကတော့ ခြွင်ချိုး(春秋 Chunque) ဆိုတဲ့ ကာလဖြစ်ပြီး အနှစ် ၃၀၀ နီးပါး (ဘီစီ ၇၇၂ နဲ့ ဘီစီ ၄၇၆ ကြား) ကြာမြင့်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲဒီကာလအပိုင်းအခြားထဲက ကျို့ခေတ်သမိုင်းကို ကျို့အင်ပါယာလက်အောက်ခံ လူ (Lu) နိုင်ငံက မှတ်တမ်းတင်ထားတဲ့ ခြွင်ချိုး ရာဇဝင်မှတ်တမ်း ကို အစွဲပြုပြီး အဲဒီကာလအပိုင်းအခြားကိုလည်း ခြွင်ချိုး ခေတ်ကာလ လို့ ခေါ်ဆိုကြတာပါ။ လူ နိုင်ငံဟာ ကွန်ဖြူးရှပ် (Confucius) ပေါ်ထွန်းရာ ဒေသ ဖြစ်ပါတယ်။ ရာဇဝင်ဆရာတွေက ခြွင်ချိုး ကို "နွေးဦးဆောင်းဦးကာလ (Spring and Autumn Period)" လို့ ဘာသာပြန်ကြပါတယ်။ အရှေ့ဘက်ကျို့ ခေတ်ရဲ့ ဒုတိယ ကာလအပိုင်းအခြားကိုတော့ ကျန့်ကော်ရှီတိုင့် (战国时代 Zhànguó Shídài) လို့ ခေါ်ပါတယ်။ အတိုချုပ်ပြီး ကျန့်ကော် (战国 Zhànguó) လို့လည်း ခေါ်ကြပါတယ်။ စစ်မက်ထူပြောသောကာလ (Warring states period) လိူ့ ဘာသာပြန်ကြပါတယ်။ ဒီကာလက အနှစ် ၂၅၀ ကျော် (ဘီစီ ၄၇၅ ကနေ ဘီစီ ၂၂၁ အထိ) ကြာမြင့်ခဲ့ပါတယ်။ မှတ်ရလွယ်ရအောင် အကြမ်းသဘော မှတ်သားချင်ရင်တော့ ဒီလို မှတ်ကြည့်နိုင်ပါတယ်။ "ကျို့ခေတ် ဟာ အနှစ် ၈၀၀ နီးပါးကြာတယ်။ အနှစ် ၈၀၀ ကို သုံးပုံ ခွဲကြည့်နိုင်တယ်။ ရှေ့ဆုံး သုံးပုံ တစ်ပုံ ကို အနောက်ဘက် ကျို့ခေတ် လို့ ခေါ်တယ်။ ကျန်တဲ့ သုံးပုံ နှစ်ပုံ ကို အရှေ့ဘက် ကျို့ခေတ် လို့ ခေါ်တယ်။ အလယ် သုံးပုံ တစ်ပုံ နွေးဦးဆောင်းဦးကာလ လို့ခေါ်တယ်။ နောက်ဆုံး သုံးပုံ တစ်ပုံ ကို စစ်မက်ထူပြောသောကာလ လို့ ခေါ်တယ်။" ဒါကြောင့် ကျို့ခေတ် (ကျို့မင်းဆက်) လို့ ပြောလိုက်ရင် ခေတ်ကာလ သုံးခု အကြောင်းကို ပြောရမှာ ဖြစ်ပါတယ်။ ကျို့ခေတ်ကို အဲဒီလို သုံးပိုင်း ခွဲထားကြောင်း မသိထားဘဲ တရုတ်သမိုင်းစာပေတွေ၊ ဆောင်းပါးတွေ ဖတ်တဲ့အခါ ရှုပ်ထွေးနေတတ်ပါတယ်။ ကျို့ခေတ်လို့ ပြောလိုက်၊ အရှေ့ဘက်ကျို့၊ အနောက်ဘက်ကျို့လို့ ပြောလိုက် နဲ့မို့ ရှုပ်ကုန်ပါတယ်။ သတိမထားရင် အနောက်ဘက်ကျို့ နဲ့ အရှေ့ဘက်ကျို့ ဟာ မတူတဲ့ ခေတ်ကာလ နှစ်ခုလို့ မမြင်ဘဲ၊ တူညီတဲ့ခေတ်ကာလတစ်ခုတည်းမှာ အနောက်နဲ့ အရှေ့ ပထဝီအနေအထားအရ ကွဲပြားနေတာလို့ ယူဆမိပြီး ပို ရှုပ်ထွေးကုန်ပါတယ်။ အဲဒီအထဲ နွေဦးဆောင်းဦးကာလ၊ စစ်မက်ထူပြောသောကာလ တွေပါ ဝင်လာရင် ခေါင်းထဲ တော်တော်နဲ့ ရှင်းလို့ မရတော့ပါဘူး။ သမိုင်းစိတ်ဝင်စားသူတွေ အဲဒီလို စိတ်မရှုပ်ရစေဖို့ ကျို့ခေတ်ရဲ့ ခေတ်ကာလ သုံးပိုင်းကို သီးသန့်မှတ်စုထုတ်ပြီး တင်ပြလိုက်ရပါတယ်။ ကျို့ခေတ်နဲ့ ပတ်သက်ပြီး ထူးခြားချက်အနေနဲ့ ကတော့ ကျို့ခေတ်အတွင်း သံခေတ်ယဉ်ကျေးမှု ထွန်းကားလာတာကို မှတ်သားရပါတယ်။ အတွေးအခေါ်ပညာရပ်တွေ ထွန်းလင်းလာပြီး ကွန်ဖြူးရှပ်လို ပညာရှင်တွေ ပေါ်ထွက်လာပါတယ်။ အတွေးအခေါ်အသစ်တွေနဲ့အတူ ကိုးကွယ်ယုံကြည်မှုတွေ ပြောင်းလဲပြီး ဘာသာအသစ်တွေ ထွန်းကားလာပါတယ်။ အဲဒီအပြောင်းအလဲကနေ နိုင်ငံရေး အယူအဆသစ်တွေ ပေါ်ထွန်းလာစေခဲ့ပါတယ်။ နောက်ထပ် ထူးခြားမှုကတော့ စာပေအရေးအသား ဖွံ့ဖြိုးတိုးတက်လာခြင်းပါ။ ကျို့ခေတ် ကျဆုံးသွားပြီးတဲ့နောက် ချင်(秦Qin) ခေတ် ပေါ်ထွန်းလာပါတယ်။ (တရုတ်သမိုင်းရဲ့ နောက်ဆုံးမင်းဆက် ဖြစ်တဲ့ ချင်(Qing) မင်းဆက်နဲ့ မမှားစေချင်ပါဘူး။ Qin နဲ့ Qing အသံထွက် အနည်းငယ် ကွာပါတယ်။ Qing က မန်ချူးမင်းဆက် ဖြစ်ပါတယ်။) ကျို့ခေတ်ရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းကို ဆက်လက်လေ့လာဖို့ အဆင်သင့်ပဲလား ခင်ဗျား။ <i>~~~~~~~~~~~~~~~~~~…

ညိုထွန်းလူ - ပိုက်ဆံ
https://ift.tt/uAB2cNq
<b>MediaImage - Google</b><b>ပိုက်ဆံ</b><b>ညိုထွန်းလူ</b><b>(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၂၄</b>
တရုတ်နိုင်ငံရဲ့ Betavolt ကုမ္ပဏီက နှစ်ငါးဆယ်တိတိ ပြန်အားသွင်းစရာမလိုတဲ့ နျူကလီးယား စွမ်းအင်သုံး ဘက်ထရီကို တီထွင်လိုက်ပြီတဲ့။ အရွယ်အစားက ငွေဒင်္ဂါးပြား သေးသေးအရွယ်လောက်ပဲရှိမတဲ့။ လာမယ့်2025ခုနှစ်ထဲရောက်ရင် အသုံးပြုနိုင်တော့မယ်လို့ လူမှုကွန်ယက်ထဲမှာ ဖတ်လိုက်ရတယ်။
လူသားတွေရဲ့ တီထွင်ကြတဲ့ဉာဏ်စွမ်းရည်က အံ့မခန်းပါပဲ။ သဘောကျစရာ အင်မတန်မှကောင်းပါပေတယ်။ လွန်ခဲ့တဲ့လေးငါးခြောက်လလောက်တုန်းက AI (ဉာဏ်ရည်တု)နည်းပညာပေါ်ထွက်လာလို့ ငြင်းကြခုန်ကြ။ အနာဂတ်အတွက် ဖြစ်လာနိုင်စရာတွေကိုခန့်မှန်းကြနဲ့ပေါ့။ အတတ်ပညာရှင်များက လူသားတွေရဲ့ကောင်းကျိုးအတွက် အမျိုးမျိုးတီထွင်ကြတယ်။ ဒါပေမယ့် လက်ခံအသုံးပြုတဲ့သူအပေါ်မူတည်ပြီးဆိုးကျိုးကိုလည်း သက် ရောက်သွားနိုင်ပြန်ရော။ ဥပမာပြုရရင် အဲလ်ဖရက်နိုဘယ်ပေါ့။ ပညာရှင်ကြီးကအများအကျိုးအတွက်ရည်ရွယ်ပြီး ဒိုင်းနမိုက်ကို တီထွင်လိုက်တာဖြစ်ပေမယ့် အဲ့ဒီပစ္စည်းကို စစ်ပွဲတွေမှာ အသုံးပြုကုန်ကြလို့ ဆရာကြီးလည်းရင်ကျိုးမတတ်ခံစားရင်း နောင်တတွေရသွားရှာတယ်။
ဒါကြောင့်မို့ သူကွယ်လွန်သွားတဲ့အခါ သူ့ပိုက်ဆံတွေကို နိုဘယ်ဆုတွေပေးဖို့စီစဉ်သွားခဲ့တယ်။ နှစ်စဉ်နှစ်တိုင်း နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ရှာဖွေ တီထွင်ဖန်တီးနိုင်ကြတဲ့ပညာရှင်တွေကို ရွေးချယ်ပြီးဆုတွေချီးမြှင့်ပေးတယ်။ အလားတူပဲကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးကိုအားသွန်ခွန်စိုက် ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်ကြီးများကိုလည်းနိုဘယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ပေးခဲ့တယ်။ ခက်တာကအဲလ်ဖရက်နိုဘယ်တီထွင်ခဲ့တဲ့ ဒိုင်းနမိုက်ကတော့ ရပ်တန့်လို့မရတော့တဲ့အပြင်နောက်လူများက ဆက်ကာဆက်ကာတီထွင်ခဲ့ကြလို့ ပိုပြီးအစွမ်းထက်လာခဲ့သလိုစစ်ပွဲတွေမှာပါဝင်ပြီး ပွဲကြမ်းနေလျက်ရှိတယ်တယ်ဗျ။ ဒီလိုပစ္စည်းတွေက လောဘ ဒေါသမာန်မာနတွေခက်ထန်နေကြသူတွေအတွက်အကြိုက်တွေ့စရာဖြစ်ကုန်လို့ ကိုယ်ကျိုးနဲရတာပေါ့ဗျာ။ကျွန်တော်က တီထွင်ဖန်တီးခဲ့ကြတာကို အပြစ်ပြောလိုခြင်းမဟုတ်ပါဘူး။ လူ့သမိုင်းတလျောက်လုံးမှာ မနားမနေတီထွင်ခဲ့ကြလို့သာ လူ့အဖွဲ့အစည်းဟာ တိုးတက်ဖွံ့ဖြိုးလာခဲ့တယ်။ မီးရထားတွေ မော်တော်ကားတွေ လေယာဉ်ပျံတွေသင်္ဘောတွေကို တီထွင်ပေးခဲ့ကြလို့ ခရီးသွားလာရေးမှာသဘောရှိကလောဟိပေါ့။ သောမတ်အယ်ဒီဆင်ရဲ့ကျေးဇူးကြောင့် ကမ္ဘာဦးလူသားတွေလို နေနဲ့လကို တောင့်တစရာမလိုပဲ လျှပ်စစ်မီးတွေနဲ့ လင်းလို့ထိန်လို့(မှတ်ချက်-သူများနိုင်ငံတွေများ ပြောပါတယ်)။ လောကနယ်ပယ်တိုင်းမှာ အများအတွက်အကျိုးရှိစေမယ့်အရာမှန်သမျှကို တီထွင်ဖန်တီးပေးနိုင်ခဲ့ကြလို့ ကျေးဇူး တင်ရပါတယ်။ ခေတ်အဆက်ဆက်တိုင်းမှာ တီထွင်ဖန်တီးခဲ့ကြတဲ့ အတတ်ပညာရှင်များအားလုံးကို လေးစားစွာနဲ့ အလေးပြုလိုက်ရပါတယ်။ဒါပေသိ ချွင်းချက်အနေနဲ့ ပိုက်ဆံ (သို့မဟုတ်) ငွေစက္ကူတွေ၊ငွေဒင်္ဂါးပြားတွေ တီထွင်သွားကြတဲ့သူတွေကိုတော့ ကျွန်တော်က လုံးဝကိုကျေးဇူးမတင်နိုင်ဘူးဗျ။ ခပ်ရှင်းရှင်းပဲ။ သူ့ကြောင့်ရှာရဖွေရတာ အမောဖေါက်လုမတတ်ပါပဲဗျာ။
သူသာမရှိခဲ့ရင် လိုအပ်တာမှန်သမျှကို ဘာတာစနစ်နဲ့ ကုန်ပစ္စည်းချင်း လဲလိုက်ကြရင်ဘယ်လောက်အဆင်ပြေလိုက်မလဲ။ ဓါးပြတိုက်ခံရမှာကိုလည်း စိတ်ပူစရာမလိုတော့ဘူးပေါ့။ပိုက်ဆံငါးပြားနဲ့မုန့်ပျားသလက်တစ်ချပ်ရတဲ့ခေတ်မှာ လူဖြစ်လာခဲ့ရတယ်။ ကျွန်တော့်ကို ကျောင်းအပ်တော့ အမေကငှက်ပျောတစ်ဖီးကိုင်ပြီး ဆရာကြီးဆီကိုလက်ဆွဲခေါ်သွားတယ်။ငှက်ပျောဖီးကိုစားပွဲပေါ်တင်လိုက်ပြီး ဆရာကြီး ကျွန်မသားကို ကျောင်းအပ်မလို့ဆိုလိုက်တော့ စာရင်းစာအုပ်ကိုငုံ့ကြည့်နေတဲ့ဆရာကြီးက မော့ပြီးတောင်မကြည့်။ အေး ထားခဲ့လိုက်တဲ့။ ပြီးရောဗျာ။ ဒီခေတ်လို ကျောင်းဝင်ကြေးတွေ ဘာတွေညာတွေနဲ့ မိဘတွေဆီက ရှိသမျှပိုက်ဆံကို ညှစ်ထုတ်ခံရမယ့်ဘေးနဲ့လည်းကင်းဝေးသွားတယ်။အဲလိုနဲ့ ငှက်ပျောတစ်ဖီးကိုအရင်းပြုပြီး စာသင်ရမယ့်မောင်ကျောင်းသားဖြစ်သွားခဲ့တယ်။ စကားမစပ် ဟိုတစ်နေ့တုန်းက အော်ဂဲနစ် ဖီးကြမ်းငှက်ပျောဖီးတစ်ဖီး လေးထောင်ဆိုလို့ စားရမှာမျိုမကျဘဲဖြစ်သွားခဲ့ရတယ်ဗျ။
အဲတော့ ခေတ်နောက်ပြန်ဆွဲတဲ့ ရှေးအဘိုးကြီးလို့ပဲပြောပြောပိုက်ဆံတွေ၊ ငွေစက္ကူတွေကိုအသုံးမပြုဘဲကုန်ပစ္စည်းချင်းဖလှယ်ကြရင် ဘယ်လိုနေမလဲလို့တွေးကြည့်ပါတယ်။ သေချာတာကတော့ ရွှေ ဒေါ်လာ ယွမ် ဘတ် စတဲ့ပေါက်ဈေးတွေကို သိစရာမလိုတော့ဘူး။ ပြီးခဲ့တဲ့ခေတ်တုန်းကလို ကိုယ့်ရှိတဲ့ပိုက်ဆံတွေ တရားမဝင်ကြေညာမှာကိုလည်းစိုးရိမ်စိတ်ပူနေရတာမျိုးလည်းမရှိတော့။ ဘဏ်တွေလည်းပျောက်ကွယ်သွားပြီး ကိုယ့်ပိုက်ဆံလေးပြန်ထုတ်ဖို့ မျက်နှာငယ်ရတဲ့အဖြစ်နဲ့လည်းကင်းဝေးသွားမယ်။ လာဘ်ပေးလာဘ်ယူလည်းကင်းရှင်းသွားမယ်။ အွန်လိုင်းက မလိမ့် တပတ်နဲ့ငွေလိမ်လည်တာလည်း ပျောက်ကွယ်သွားမယ်။ ဆိုတော့ လူတွေရဲ့ လောဘတွေလည်း အော်တိုမစ်တစ်ငြိမ်ကျသွားပြီး လောကကြီးလည်းအေးချမ်းသွားမယ်။ ကျေနပ်စရာကောင်းလိုက်ပါဘိ။မည်သို့ပင်ဖြစ်စေကာမူပေါ့လေ။ သေချာပြန်တွေးကြည့်လိုက်တော့လည်း ပိုက်ဆံက တော်တော်တန်ခိုးကြီးတာကိုးဗျ။ သူမရှိလို့မှမဖြစ်ဘဲ။ သက်ဦးဆံပိုင်ပဒေသရာစ်ခေတ်မှ အခုချိန်အထိ…

နယ်ခြားစောင့်တပ် BGF တွေရဲ့ ဘက်ပြောင်းဖို့ ရွေးချယ်နေတဲ့ အနေအထား၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စတင်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ
https://ift.tt/FkKwQ5S
<a href="https://blogger.googleusercontent.com/img/a/AVvXsEhwRM6L-pNa4GaMxI-VDkHhZXiFjUYOyD8utwXbYOVf1J0eYASUlO_0XfrWE78fn3hKCj0Kl8NmhO-bL0u3zEkpLaKcinanKbe6hmznRQBCKFOan3Mwj2drxzzTxbxQNzscjYG66hCucMzAkhh63EGg8HAVeVP0zpYEP_pgVC20WPnzqd12ozIZRceVAtc">Media</a>မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၅ မြင်ကွင်း(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၂၄
နယ်ခြားစောင့်တပ် BGF တွေရဲ့ ဘက်ပြောင်းဖို့ ရွေးချယ်နေတဲ့ အနေအထား၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စတင်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကရင်ပြည်နယ်ထဲက ထိုင်းနယ်စပ် မြဝတီမြို့နယ်ထဲမှာ အခြေစိုက်ပြီး တရားမဝင် နယ်စပ်ကုန်သွယ်မှုတွေ၊ မူးယစ်ဆေးဝါးသယ်ဆောင် ဖြန့်ချိတာတွေ၊ နောက်ပိုင်း ကာစီနို လောင်းကစားဝိုင်းက တဆင့် အွန်လိုင်းငွေလိမ်ခြင်းနဲ့ လူကုန်ကူးမှုတွေတွေမှာ နိုင်ငံဖြတ်ကျော်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို လက်နက်ကိုင်တပ်နဲ့ အကာအကွယ်ပေးတာတွေ လုပ်ဆောင်နေတဲ့ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ ကရင်ပြည်နယ်က နယ်ခြားစောင့်တပ်က စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ အဖြစ်နဲ့ ဆက်လက် မရပ်တည်တော့ဖို့ အသိပေးတောင်းဆိုလာတဲ့ အဖြစ်အပျက်တွေ ခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီး လက်နက်ကိုင် တောခိုသွားကြတဲ့ ကျောင်းသားလူငယ်တွေကို လက်ခံနေရာပေးထားတဲ့ ကေအန်ယူကို တိုက်ခိုက်ဖို့၊ ပြိုကွဲအောင် ကြိုးစားဖို့ ထိုအချိန်က ငြိမ်ပိ အစိုးရလို့ အရပ်အခေါ်ခေါ်ကြတဲ့ နဝတ စစ်အစိုးရရဲ့ ကြိုးပမ်းမှုနဲ့ ကေအန်ယူလက်နက်ကိုင် အဖွဲ့ထဲက အင်အားစု တချို့ ခွဲထွက်ပြီး ဗုဒ္ဓဘာသာ ကရင်လက်နက်ကိုင် တပ်ဖွဲ့ (အတိုကောက်အားဖြင့် DKBA ) ဖွဲ့စည်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၄၊ ၉၅ ခုနှစ်တွေမျာ ကရင်ပြည်နယ်မှာ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ အတူ အခြေစိုက်စခန်းတွေ သိမ်းယူခဲ့ရာမှာ ကေအန်ယူက ခွဲထွက်ခဲ့တဲ့ DKBA အဖွဲ့လည်း စစ်အစိုးရဘက်က ပါဝင်တိုက်ခိုက်ပေးခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနဲ့ မြန်မာနယ်စပ်က ဒုက္ခသည် သိန်းနဲ့ချီတဲ့ စခန်းတွေ ပေါ်ထွက်လာတဲ့ အကြောင်းရင်းက အဆိုပါ စစ်အစိုးရရဲ့ ကရင်ပြည်နယ်ထဲက စစ်ဆင်ရေးတွေကြောင့် ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးတွေမှာ DKBA က ကေအန်ယူရဲ့ အတွင်းသိ အစင်းသိ ဒေသအခြေအနေကို ကျွမ်းကျင်တဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တာဖြစ်ပြီး DKBA ထဲကမှ စောချစ်သူ ဦးဆောင်တဲ့ အင်အားစုက ထပ်မံခွဲထွက်လာပြီး စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကြိုတင်ပြင်ဆင်မှု အနေနဲ့ အပစ်ရပ်လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းပြီး စစ်တပ်ရဲ့ အမိန့်ပေးမှုအောက်၊ စစ်တပ်က အရာရှိတွေက နယ်ခြားစောင့်တပ်ထဲ တွဲဖက်ထားတဲ့ စနစ်ကိုကျင့်သုံးရာမှာ ဗိုလ်စောချစ်သူ ဦးဆောင်တဲ့ အဖွဲ့က သဘောတူခဲ့တာ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် အဖြစ် အသွင်မပြောင်းလိုတဲ့ DKBA က သီးခြားကျန်ခဲ့ပြီး ၂၀၁၀ နောက်ပိုင်း အပစ်ရပ် သဘောတူညီမှုကို ဦးသိန်းစိန် အစိုးရ၊ စစ်တပ်နဲ့ ရယူခဲ့ကြတာပါ။ ပြန်ချုံ့ကြည့်ရင် BGFဟာ စစ်တပ်ရဲ့ သဘောဆန္ဒအတိုင်း သဘောတူပြီး နယ်စပ်ဒေသတွေမှာနဲ့ ကရင်ပြည်နယ် ကုန်သွယ်ရေး လမ်းကြောင်း တလျှောက်မှာ လိုင်စင်မဲ့ကားသယ်ဆောင်တာ၊ မူးယစ်ဆေးဝါး သယ်ဆောင်တာ၊ ကရင်နဲ့ မွန်ပြည်နယ်က မြို့တွေမှာ အညိုရောင်နဲ့ အနက်ရောင် စီးပွားရေး လုပ်ငန်းမျိုးတွေနဲ့ ရပ်တည်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးအရ ရပ်တည်ချက်၊ ကိုင်စွဲတဲ့ မူဝါဒစတာတွေ မရှိပဲ စီးပွားရေး အကျိုးစီးပွားနဲ့ ရပ်ရွာလူထုအပေါ် အာဏာနဲ့ အုပ်ချုပ်တဲ့ အဖွဲ့အစည်းက စစ်ကောင်စီနောက်ကို ဆက်မလိုက်တော့ဘဲ လက်တွဲဖြုတ်မယ်ဆိုတဲ့ အပေါ် နိုင်ငံရေးအရတော့ များများစားစား မျှော်လင့်စရာ မရှိဘူးလို့ဆိုရမှာဖြစ်ပါတယ်။ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ အနက် စီးပွားရေး အကျိုးအမြတ်အတွက် ရပ်တည်နေတဲ့ အဖွဲ့အစည်းတခုဖြစ်လို့ အခုလို စစ်ကောင်စီနဲ့ လက်တွဲဖြုတ်ခြင်း အပေါ် သတိနဲ့ သာ ချဥ်းကပ်သင့်တဲ့ သဘောလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း မွန်ပြည်နယ် ကရင်ပြည်နယ်တို့လို နေရာဒေသတွေမှာ ဒေသခံတွေ အပေါ် အနိုင်ကျင့်ခဲ့တာတွေ၊ လက်နက်အားကိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခြိမ်းခြောက်မှုတွေ၊ စစ်တပ် နဲ့ အာဏာပိုင်က အချို့သော သိပ်မကြီးကျယ်တဲ့ ရာဇဝတ်မှုတွေကို လျော်ပစ်ပေးခဲ့တာတွေကို ဒေသခံတွေ အားလုံးသိရှိကြပါတယ်။ လတ်တလော လက်တွဲဖြုတ်ခြင်းကလည်း တော်လှန်ရေး ရေချိန်မြင့်လာခြင်း စစ်ကောင်စီ ဆုံးရှုံးမှုတွေ ဆက်တိုက် ကြုံနေရတဲ့ အကြောင်းအချက်ထက် ရွှေကုက္ကိုလ်နဲ့ အနီးတဝိုက်ဒေသတွေမှာ အခြေစိုက်ထားတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း၊ အခြားနိုင်ငံသားတွေကိုပါ သွေးဆောင်ဖျားယောင်းပြီး ကျေးကျွန်သဖွယ် ခိုင်းစားတဲ့ ကာစီနို ကစားဝိုင်း တဖြစ်လဲ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီနဲ့ ထိုင်းအစိုးရတို့က နှိမ်နှင်းဖို့ လုပ်ဆောင်ဖို့ ဆွေးနွေးမှုတွေကြောင့် ဖြစ်ဖို့ ရာနှုန်းများတာပါ။ မူးယစ်ဆေးဝါး၊ လိုင်စင်မဲ့ကား သယ်ဆောင်မှု၊ အခွန်မဆောင်တဲ့…