MoeMaKaMedia
449 subscribers
59 photos
3 videos
7.29K links
Burmese Community News Group
Download Telegram
ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၉)
https://ift.tt/Fwz6TUo
<a href="https://blogger.googleusercontent.com/img/a/AVvXsEjyUrPwfwqqj22iI1qLUu1wiXXLlF5ypR2KuPmf2UORGAicGoLw4orCFzkRuHLRIsg6Rg23zGQg6Eleci7e0EhaFDUmR-cagLfS54wLbZYNeesV2onJYYW3eQQlqiCoTZrIezDqNEVi0WaQhC2vvvJBCZJihSOgeSc1IB6gLyneurNqhBxZlsHDDNZz8xA">Media</a>
ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၉)(မိုးမခ) ဇူလိုင် ၂၆ ၊ ၂၀၂၃
အောင်မြင်တဲ့တော်လှန်ရေးများဟာ စုစည်းညီညွတ်မှုနဲ့ ဇွဲရှိမှုတွေကို အရင်းတည်ရတယ်ဆိုတာ ငြင်းစရာမရှိပါ။ ဒါပေမယ့် စုစည်းညီညွတ်မှုဖြစ်ပေါ်ဖို့ဆိုတာက တိုက်တွန်းနှိုးဆော်သူတွေ၊ ပါဝင်ဆောင်ရွက်သူတွေ ရှိဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ရှင်းလင်းပြောဆိုသူ၊ ရှေ့ဆောင်လမ်းပြသူတွေရှိဖို့လည်း လိုအပ်ပါတယ်။ ဒီအချက်တွေ ပြည့်စုံပြီ၊ လိုက်ပါဆောင်ရွက်သူများကလည်း အင်အားတောင့်တင်းပြီဆိုမှ အောင်မြင်တဲ့တော်လှန်ရေး၊ အောင်မြင်မယ့်တော်လှန်ရေး ဖြစ်လာမှာပါ။ ဗြိတိသျှ ကိုလိုနီအစိုးရကို တော်လှန်ပြီး လွတ်လပ်ရေးကိုအရယူခဲ့ကြတဲ့ မြန်မာ၊ အိန္ဒိယ အစရှိတဲ့တိုင်းပြည်တွေရဲ့ လွတ်လပ်ရေးတိုက်ပွဲအတွင်းမှာလည်း ဒီလို စုစည်းညီညွတ်မှုတွေ၊ ပေါင်းဆုံမှုတွေကြောင့် အောင်မြင်မှုများ ရရှိခဲ့ကြတာဖြစ်ပါတယ်။ လွတ်မြောက်ရေးလှုပ်ရှားမှုအတွင်း လူထုကို တော်လှန်ရေးအသိ နိုးကြားအောင်၊ ညီညွတ်ရေးစိတ်ဓာတ်တွေ ဝင်လာအောင် တိုက်တွန်းလှုံ့ဆော်မှုတွေကတော့ နေရာအလိုက် ကွဲပြားမှုတွေ ရှိနေပါတယ်။ နိုင်ငံရေးအရ အသိအမြင်ကျယ်အောင် တိုက်တွန်းတာ၊ လှုံ့ဆော်တာတွေ လုပ်ကြတဲ့အခါ အချို့သော ထင်ရှားသူများက သမိုင်းမှာ မှတ်မှတ်ထင်ထင် ကမ္ဗည်းထိုးခံရပေမယ့် အညတြများစွာရဲ့ လုပ်ဆောင်မှုတွေကတော့ မှေးမှိန်ကွယ်ပျောက်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကိုယ်ယုံကြည်တဲ့ပန်းတိုင်ကို ရောက်အောင်သွားဖို့ကတော့ ရှိသမျှခွန်အားကိုအရင်းတည်ပြီး အားထုတ်ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ခေတ်သစ် အမေရိကန်ပြည်ထောင်စုရဲ့ ငွေစက္ကူတွေမှာ ဂျော့ဂျ်ဝါရှင်တန်အစရှိတဲ့ သမ္မတ ၅ ဦးနဲ့ နိုင်ငံတည်ထောင်ခဲ့သူ တိုင်းပြည်ဖခင် (Founding Father) ၂ ဦးရဲ့ပုံများကို ထည့်သွင်းရိုက်နှိပ်ပြီး ဂုဏ်ပြုထားပါတယ်။ Founding Father နှစ်ဦးအနက် တစ်ဦးက ဘင်ဂျမင် ဖရန်ကလင် ဖြစ်ပါတယ်။ အမေရိကန်လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံပါဝင်သလို အသက်အရွယ်အိုမင်းတဲ့အထိ တိုင်းပြည်အတွက်ဆောင်ရွက်ခဲ့သူမို့ ခုလိုဂုဏ်ပြုခဲ့ခြင်းဖြစ်ပါတယ်။ အမေရိကန်တော်လှန်ရေးအတွင်း ဘင်ဂျမင် ဖရန်ကလင်ရဲ့ "ပူးပေါင်းမှာလား သေမလား" (Join, or Die) ဆိုတဲ့ တိုက်တွန်းနှိုးဆော်ချက်က ကိုလိုနီနယ်တွေကို စည်းလုံးဖို့တိုက်တွန်းရာမှာ များစွာ အသုံးဝင်ခဲ့ပါတယ်။ ဒီနှိုးဆော်ချက်က နိုင်ငံရေးကာတွန်းဖြစ်ပြီး အပိုင်း ၈ ပိုင်း ပြတ်တောက်နေတဲ့ မြွေတစ်ကောင်နဲ့ သရုပ်ဖော်ထားပါတယ်။ ပြတ်တောက်နေတဲ့အစိတ်အပိုင်းတွေက ကိုလိုနီနယ်တွေကို ကိုယ်စားပြုထားပါတယ်။ မညီမညွတ် အပိုင်းပိုင်း ပြတ်တောက်ပြီး အသေခံမှာလား၊ ပူးပေါင်းကြမှာလား လို့ တိုက်တွန်းခဲ့တာပါ။ ဘင်ဂျမင် ဖရန်ကလင်ရဲ့ ဒီနိုင်ငံရေးကာတွန်းက ပြင်သစ်-အင်ဒီးယန်း စစ်ပွဲအတွင်း စတင်ပေါ်ပေါက်ခဲ့တာပါ။ ၁၇၅၄ ခုနှစ် မေလ ၉ ရက်နေ့ထုတ် သူ့ရဲ့ ပင်န်ဆင်ဗေးနီးယား ဂေဇက် သတင်းစာမှာ စတင်ဖော်ပြခဲ့တဲ့ ဒီကာတွန်းကို နောင်အနှစ် ၂၀ လောက်အကြာမှာ ပေါ်ပေါက်လာတဲ့ အမေရိကန်တော်လှန်ရေးအတွင်း ဆက်လက်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီကာတွန်းဟာ အမေရိကန်တော်လှန်ရေးမှာ အရေးပါခဲ့သလို ညီညွတ်ရေးအတွက်လည်း ခွန်အားဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဘင်ဂျမင် ဖရန်ကလင်က တီထွင်သူ၊ သိပ္ပံပညာရှင်၊ စာရေးဆရာ၊ ပုံနှိပ်ထုတ်ဝေသူတစ်ဦးပါ။ ဒါပေမယ့် အမေရိကန်လွတ်လပ်ရေးအတွက် ရှေ့တန်းကပါဝင်သူ မျိုးချစ်တစ်ဦးဖြစ်ပြီး နိုင်ငံရေးအတွေးအခေါ်ပညာရှင်အဖြစ်ပါ ထင်ရှားသူဖြစ်ပါတယ်။ သူက စာတွေရေး၊ စာအုပ်တွေ ထုတ်ဝေပြီး လူထုအသိအမြင် ကြွယ်ဝဖို့၊ အတွေးအခေါ်မြင့်မားဖို့ ကြိုးပမ်းခဲ့ပါတယ်။ သူ့ရဲ့စာအုပ်တွေကြောင့် ကိုလိုနီနယ်သားတွေဟာ အခြားကိုလိုနီနယ်သားတွေ၊ ဥရောပက လူတွေနဲ့ အလှမ်းဝေး ကွာဟတယ်လို့ မခံစားရအောင် အသိအမြင် ပွင့်လင်းခဲ့ကြပါတယ်။ စာအုပ်စာတမ်းတွေ ရေးသားထုတ်ဝေခဲ့၊ တီထွင်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ဖရန်ကလင်က အမေရိကန်လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြတဲ့ တော်လှန်ရေးကာလအတွင်းမှာလည်း ပညာရှင်တစ်ဦး၊ မျိုးချစ်တစ်ဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် တင်းကျပ်တဲ့ အခွန်ကိစ္စအပါအဝင် အခြားသောအရေးကိစ္စများကြောင့် အင်္ဂလန်နဲ့ အဆင်မပြေဖြစ်လာတဲ့အခါ ကိုလိုနီနယ် ခေါင်းဆောင်တွေက ဖရန်ကလင်ကို အင်္ဂလန်ကိုသွားရောက်ဖို့ စေလွှတ်ခဲ့ကြပါတယ်။ သူတို့က ကြုံနေတဲ့အရေးကိစ္စတွေ ပြေလည်အောင် ဖရန်ကလင် ကြိုးပမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ <a href="https://blogger.googleusercontent.com/img/a/AVvXsEitvvS64tPwIBaUWbnSPHRTT9BKb-YDXkuYi0j3qoZKAMGdfhPlVFsv7xUW_29-96_KTjfibs4ivPV_DcNrg5eVgZyP6gZvPxdj-dbFVcawvNKRbGRlbPxGwDTzPiIWvDWWxMG2I4nUY93jNzKpC96fEjTF9X0dJi6mDNcfiIV2LZfwanmhDlkyR63s4n4">Media</a><i>"ပူးပေါင်းမှာလား…
သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ပထမ စာမျက်နှာ (၅) နိဂုံး
https://ift.tt/CHsmO2S
<a href="https://blogger.googleusercontent.com/img/a/AVvXsEiXQncKSN-2tzry6X2cVFYh2LIQZea8b1CycVqIuq85wnQnaHs96FdDmmTMdZ0aQQ6o4CHhFHwBmjN-a91yrQpTzoNJh2BOxkKvSeepl9FIW8rPYP3UBZbdiOS2fibxBHegY5OKz6f715E5mVo1E9CaJxJ112ToEgiDmxRaDgTcrJ0xPDmNoHoB1oHkcYA">Media</a><i>Warrant Officer David Harvey, who was engaged in covert surveillance in the Falklands, with fellow SAS troops, 1982</i>
သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ပထမ စာမျက်နှာ (၅) နိဂုံး(မိုးမခ) ဇူလိုင် ၂၆ ၊ ၂၀၂၃
အခက်အခဲများကြားထဲကနေ အခွင့်အရေးကို ဖမ်းဆုပ်တတ်ကြဖို့ ပြောလေ့ရှိကြပေမဲ့ ဒါဟာ လူတိုင်းအတွက် မဟုတ်နိုင်တာကိုတော့ လက်ခံကြရပါလိမ့်မယ်။ ‘စတာလင်’ကတော့ လူနည်းစုထဲ ပါတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ တပ်ဖွဲ့ဝင်များစွာ အသက်ဆုံးရှုံးရပြီး မအောင်မြင်ခဲ့တဲ့ ‘အော်ပရေးရှင်း စကွပ်တာ’ လေထီးစစ်ဆင်ရေးတုန်းက LRDG (Long Range Desert Group) ဆိုတဲ့ သဲကန္တာရကို ကောင်းစွာကျွမ်းကျင်တဲ့ ကင်းထောက်တပ်ဖွဲ့ရဲ့ မော်တော်ယာဉ်များနဲ့ အပြန်ခရီးလာကြိုဖို့ စီစဉ်ထားခဲ့တာပါ။စစ်ဆင်ရေးအပြီး သုံးသပ်မှုပြန်လုပ်ရင်း သူများနဲ့မတူ အမြဲဖောက်ထွက် စဉ်းစားလေ့ရှိသူ ‘စတာလင်’ တွေးလိုက်တာက အပြန်မှာ လာခေါ်ကြသလို အသွားခရီးကိုလည်း LRDG က ပို့ဆောင်ပေးတဲ့ စစ်ဆင်ရေးအဖြစ် ပြောင်းလဲပစ်ဖို့ ကြံစည်မိခြင်းပါ။ ဒါဟာ အခက်အခဲတွေထဲက အခွင့်အရေးကို ရအောင်ရှာဖွေနိုင်တဲ့ ‘စတာလင်’ရဲ့ အရည်အချင်းလို့လည်း ပြောနိုင်ပါတယ်။ ကနဦး SAS စစ်ဆင်ရေးရဲ့ ဗျူဟာအလှည့်အပြောင်းလို့လည်း ဆိုနိုင်ပါတယ်။ဒီဇင်ဘာလလယ်မှာ ပြန်စတဲ့ SAS စစ်ဆင်ရေးတွေရဲ့ ရလဒ်ကို ပြန်ကြည့်ရင် ‘ပက်ဒီမိန်း’ရဲ့ ‘တာမက်’(Tamet) နဲ့ ‘ဖရေဆာ’(Bill Fraser)ရဲ့ ‘အက်ဂါဒါးဘီးယား’ (Agedabia)လေတပ်စခန်း စစ်ဆင်ရေးတွေကနေ လေယာဉ်ပေါင်း (၆၀) ကျော် ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့တယ်။ နောက်ထပ် စစ်ဆင်ရေးရလဒ်တွေနဲ့ ထပ်ပေါင်းတဲ့အခါ ဒီဇင်ဘာလ မကုန်မီ သက်တမ်း ၆ လအတွင်းမှာပဲ SAS တပ်ဖွဲ့တွေ အနေနဲ့ စုစုပေါင်း လေယာဉ်အစင်း ၉၀ ပတ်ဝန်းကျင် ဖျက်ဆီးနိုင်ခဲ့ပါတယ်။ပုံမှန်အားဖြင့် ဒီ SAS အော်ပရေးရှင်း လုပ်ဆောင်ကြပုံတွေကို အကျယ်ချဲ့ ရေးသားလေ့ ရှိကြပေမယ့် ဆောင်းပါးရဲ့ ဦးတည်ချက်နဲ့ လွဲမသွားစေလိုတဲ့အတွက် အသေးမစိတ်လိုတော့ပါဘူး။ ဒီမစ်ရှင်တွေဟာ လေတပ်စခန်းများကို အဓိက ဖောက်ခွဲဖျက်ဆီးခဲ့ကြတာတွေပါ။ SAS တပ်ဖွဲ့ အစောပိုင်းကာလအကြောင်း ဆောင်းပါးရေးတဲ့အခါ ဒီအော်ပရေးရှင်းတွေကို ချန်လှပ်လို့မရလို့ ထည့်သွင်းရေးရတာဖြစ်ပေမယ့် လေယာဉ်တွေ ဘယ်လိုဘယ်ပုံ ဖျက်ဆီးကြတယ်ဆိုတဲ့အကြောင်း အသားပေး ရေးသားနေသလိုမျိုးလို့ နားလည်မှုမလွဲစေလိုတဲ့အတွက် ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်တုန်းက စစ်နည်းဗျူဟာတွေဟာ အခုကာလမှာ လက်တွေ့မကျတာတွေလည်း ရှိနိုင်သလို ‘စတာလင်’ ကိုယ်တိုင် ရှိနေသေးခဲ့ရင်လည်း အများတွေးတောတာနဲ့ ကွဲထွက်အောင် ကြံဆတတ်တဲ့သူဖြစ်လို့ ခေတ်နဲ့ပို လိုက်လျောညီထွေမယ့် နည်းပရိယာယ်သစ်များနဲ့ အကွက်ချ စဉ်းစားဦးမှာ သေချာပါတယ်။ဒီဆောင်းပါးကတော့ ကူညီပံ့ပိုးမှုကောင်းစွာ မရသေးချိန်မှာ SAS အနေနဲ့ ဘယ်လိုစိတ်ဓာတ်မျိုးထား၊ ဘယ်ပုံ စုဖွဲ့လေ့ကျင့်ကြပြီး ဗျူဟာမြောက် စစ်ရေးပစ်မှတ်ကြီးကြီးတွေကို ပြင်ဆင်ချဉ်းကပ်ကြပုံလောက်ကိုပဲ ယေဘုယျဆန်ဆန် စူးစမ်းကြည့်တာမျိုးပါ။ သမိုင်းဖြစ်ရပ်မှန်တိုင်းမှာ သင်ခန်းစာယူစရာ၊ ဆန်းစစ်လေ့လာစရာတွေ ရှိကြပါတယ်။ပြီးပြည့်စုံရန် မလွယ်ကူခဲ့သည့် ဆုတ်ခွာမှုဗျူဟာစစ်ဆင်ရေးတိုင်းမှာ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ရေးက အရေးကြီးတဲ့အတွက် ‘စတာလင်’ကလည်း LRDG တပ်ဖွဲ့ နဲ့ အစီအစဉ်တကျ လုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ အခက်အခဲများစွာ ရှိခဲ့ပါတယ်။သဲပင်လယ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ သဲကန္တာရထဲ LRDG တပ်ဖွဲ့တွေ ခရီးအသွားအပြန် တာဝန်ယူပေးတယ် ဆိုပေမဲ့ ခရီးစဉ် အစအဆုံး ချောချောမွေ့မွေ့ ဖြစ်ဖို့ မလွယ်ကူပါဘူး။ ပစ်မှတ်ဖြစ်တဲ့ လေတပ်စခန်းဂိတ်အဝမှာ ချထားခဲ့ပြီး အဲဒီနေရာကိုပဲ ပြန်လာကြိုရခြင်းမျိုး လုပ်လို့မရတဲ့အတွက် လုံခြုံရေးအနေအထားအရ မရိပ်မိနိုင်တဲ့ ခပ်လှမ်းလှမ်း မိုင်ပေါင်းများစွာ အကွာအဝေးမှာ ချထားခဲ့ပြီး SAS တပ်ဖွဲ့များက ပစ်မှတ်နေရာဆီ ခြေလျင် အရောက်သွားကြရပါတယ်။ဒီနောက် ရပ်နားထားတဲ့ လေယာဥ်တည်နေရာ၊ လုံခြုံရေးယူကြပုံများကို မစ်ရှင်မစမီ ရက်တွေမှာ ကြိုပြီး လေ့လာကြရတယ်။ ညအမှောင်ကို အကာအကွယ်ပြုပြီး လုပ်ဆောင်တဲ့ စစ်ဆင်ရေးဖြစ်လို့ ဖောက်ခွဲဖျက်ဆီးပြီးတာနဲ့ အမြန် ပြန်ထွက်ခဲ့ကြရကာ ဆုံမှတ်ဆီ ညတွင်းချင်း ခြေလျင်ခရီးဆက်ရတာကိုက နာရီပေါင်းများစွာကနေ ရက်နဲ့ချီပြီးလည်း ကြာတတ်ပါတယ်။ ဒီအတွက် တချို့သုံးသပ်သူများက SAS တပ်ဖွဲ့ဝင်တွေရဲ့ ရှင်သန်မှုသက်တမ်းဟာ စစ်ဆင်ရေးတခုနဲ့တခု ကြားထဲလောက်မှာပဲ ရှိတယ်လို့ ဆိုပါတယ်။ ရန်သူ့စခန်းထဲက ကိုယ်လွတ်ရုန်း ပြန်ထွက်နိုင်ဖို့ အရမ်းခက်ခဲတာကို ပြောချင်တာပါ။နာဇီဖက်ဆစ်တပ်တွေကလည်း သူတို့စခန်းကို အလစ်အငိုက်တိုက်ခိုက်ပြီး ခြေလျင်ထွက်ပြေးသူတွေနောက် မြေပြင်ကရော ဝေဟင်ကပါ…
သြဂုတ်လ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းအပြောင်းအလဲ ဖြစ်နိုင်ခြေ
https://ift.tt/P4O6cZA
<a href="https://blogger.googleusercontent.com/img/a/AVvXsEj6OSlUzwF8wrbyIjXFTwEYtVyNISKqw8l2WBfHtO7SeXWUH9nBjYKmhOXdJaKh8GoNflRCsY2kgAvPKVqelLDb_KPF75ZOmbdy3fwrZwlh9P5usJUugRR7Pp-htZtNCkBrKxNWDptRrkPD8WmPxKPfduBpTYcW8JlJNtetBVxnt6-DAoekMZb1RxRFZpE">Media</a>
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၆ မြင်ကွင်း(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၃
<b>သြဂုတ်လ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းအပြောင်းအလဲ ဖြစ်နိုင်ခြေ</b>ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မတိုင်ခင်တရက်အလိုမှာကျင်းပတဲ့ ကာ/လုံအစည်းအဝေးမှာ စစ်ကောင်စီက ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ကိုးကားပြီး အာဏာလွှဲယူထားတာ ၂နှစ်ပြည့်တဲ့နောက် သာမန်မဟုတ်တဲ့အခြေအနေ ဆိုတဲ့ စာသားကို အဓိပ္ပါယ်ဖွင့်ဆိုကာ နောက်ထပ် ၆ လသက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။ သက်တမ်းတိုးပြီး နောက်တရက်မှာပဲ မြို့နယ်ပေါင်း ၃၀ ကျော်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုကို နှိမ်နှင်းမယ်ဆိုတဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပြီး ယခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်း တိုက်ပွဲနဲ့ ကျေးရွာတွေကို စစ်ကြောင်းတွေ ဝင်ရောက်ပြီး သံသယရှိသူတွေကို သတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့တာ၊ စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်း၊ ယာဥ်တန်းတွေကို တိုက်ခိုက်ခံရတဲ့အခါ လေကြောင်းပစ်ကူတွေ ပိုမို အသုံးပြုပြီး တိုက်ပွဲအရှိန် မြင့်တက်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ယမန်နှစ်ကတော့ စစ်ကောင်စီက ရွေးကောက်ပွဲ ပြင်ဆင်မှုနဲ့ မဲစာရင်းကိစ္စတွေကို ပြောဆိုခဲ့ပေမယ့် အခုကုန်လွန်ခဲ့တဲ့ ၆ လကာလမှာတော့ ရွေးကောက်ပွဲအကြောင်းထက် လက်နက်ကိုင် ခုခံတိုက်ခိုက်မှုကို နှိမ်နှင်းမယ့် အကြောင်းကိုသာ ဦးစားပေးနေခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကိုင်ခုခံ တိုက်ခိုက်မှုတွေကို နှိမ်နှင်းမယ်လို့ ပြောဆိုနေချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေလည်း ပိုမိုအရှိန်မြင့်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုတွေရဲ့ လှုပ်ရှားတဲ့ နယ်မြေ တိုက်ပွဲဖြစ်ပွားရာဒေသ၊ တိုက်ပွဲဖြစ်ပွားတဲ့ အကြိမ်ရေ စတာတွေပိုမို ကျယ်ပြန့်များပြားလာခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့မှာတော့ ကေအန်အယ်လ်အေနဲ့ PDF အဖွဲ့တွေက တံတားတွေ လမ်းတွေကို ပစ်မှတ်ထား ဖျက်ဆီးလာပြီး စစ်ကောင်စီတပ်တွေရဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေကို ဖြတ်တောက်မယ်၊ ခက်ခဲအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အောင်မြင်ဖို့ကြိုးစားလာကြတာ ဖြစ်ပါတယ်။ ဒီကာလတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေထဲက လက်နက်ချတာ စီဒီအမ်လုပ် ဘက်ပြောင်းလာတာတွေ သိသိသာသာ တိုးလာတာ မတွေ့ရသော်လည်း အချို့သော တိုက်ပွဲတွေမှာ စခန်းကို မစွန့်ခွာဖို့ အမိန့်ကို မနာခံတာ၊ ထိုးစစ်ဆင် တိုက်ခိုက်ဖို့ အမိန့်ပေးတာကို မနာခံတဲ့ အဖြစ်အပျက်တွေ သတင်းတွေထဲ ယခင်ထက်ပိုများလာတာ တွေ့ရမှာဖြစ်ပါတယ်။ နောက်တချက်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားတဲ့ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ရဲ့ တပ်ရင်း ၂ ရင်းက နယ်ခြားစောင့်တပ် အနေအထားကနေ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ကရင်နီပြည်နယ်က အခြားသော လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းလိုက်ပြီး ကရင်နီပြည်နယ် မယ်စဲ့ မြို့နယ်ထဲက စစ်အခြေကုပ်စခန်း၊ မယ်စဲ့ ရဲစခန်းစတာတွေကို သိမ်းယူတဲ့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ ပြီးခဲ့တဲ့ ၆ လတာ ကာလအတွင်း စစ်ရေးအရ တိုးတက်မှုတွေ မရခဲ့တဲ့ အပြင် ရှိနေတဲ့နယ်မြေတွေကို အပြင်းအထန် ထိန်းသိမ်းနေရတဲ့အနေအထား အချို့သော ပြည်နယ်တွေမှာ စစ်ရေးအရ ခြေကုပ်ယူထားတဲ့ စခန်းတွေကို ယာယီဖြစ်စေ အမြဲတမ်းဖြစ်စေ လက်လွှတ်လိုက်ရတဲ့ အဖြစ်တွေရှိခဲ့တာ တွေ့ရပါလိမ့်မယ်။ ဒီစစ်ရေး အခြေအနေတွေ လက်နက်ကိုင် အဖွဲ့တွေကို စစ်ကောင်စီတပ်တွေ အနေနဲ့ အင်အားလျော့သွားအောင် မလုပ်နိုင်တဲ့အပြင် ပြည်နယ်တခုနဲ့တခု တိုင်းတခုနဲ့တခု ဆက်သွယ်ထားတဲ့ ကားလမ်းတွေကို လုံခြုံရေးချနိုင်တဲ့ အနေအထားတွေတောင် လျော့ကျလာတာတွေ့ရမှာ ဖြစ်ပါတယ်။ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ ရန်ကုန်၊ သထုံ၊ မော်လမြိုင်နဲ့ ထားဝယ်အထိကားလမ်းတွေ တလျှောက် စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ လက်နက်ကိုင် တပ်တွေက ပိုမိုလှုပ်ရှား စိုးမိုးလာနိုင်ကြတာတွေ့ရပါလိမ့်မယ်။ ဒီအထက်က အခြေအနေတွေက စစ်ကောင်စီအနေနဲ့ ကုန်ခဲ့တဲ့ ၆ လ သက်တမ်းအပြီးမှာ နိုင်ငံရေး နည်းအရ အဖြေရှာဖို့ ကြိုးပမ်းမှာလားဆိုတဲ့ မှန်းဆချက်တွေ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ ဒီမှန်းဆချက်တွေ ထွက်ပေါ်လာခြင်းကလည်း အချို့သော ဖြစ်ပေါ်ပြောင်းလဲတဲ့ လက္ခဏာတွေ အပေါ်မူတည်ပြီး မှန်းဆကြတာ ဖြစ်ပါတယ်။ ဇူလိုင် ၉ ရက်နေ့မှာ ထိုင်းဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးတာဝန်ယူထားသူ ဒွန်ပရာမွတ်ဝီနိုင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က…
ဘိုလ်တောကျော် - ရှင်ကြီးဂေါတမတရားဟောအပိတ်ခံလိုက်ရခြင်း ( တောင်ဆော်မြောက်ဆော်ဘိုလ်တောကျော် (၃) )
https://ift.tt/3DhPxMK
<b>Media</b><b>တောင်ဆော်မြောက်ဆော်ဘိုလ်တောကျော်(၃)</b><b>ရှင်ကြီးဂေါတမတရားဟောအပိတ်ခံလိုက်ရခြင်း</b><b>ဘိုလ်တောကျော်</b><b>(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၃</b>
“ဘုရားရှိခိုပါ၏ တရားရှိခို့ပါ၏။ ရတနာနှစ်ပါးအားရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏။ ” လို့ အသံကျယ်ကျယ်နဲ့ အာဂုံရွတ် ကန်တော့ပန်းဆင်နေတုန်း ...     “ ဟေး ဘိုလ်တောကျော်..တောကျေ ာ်” ဆိုတဲ့ငှက်ဆိုးထိုးသံကြီး ထွက်ပေါ်လာတယ်။ ဒါသူကြီးသာဝရဲ့အသံပဲ။      “ဘာလဲဗျ နိဝရဏသူကြီး” လို့ဆိုတော့ သူကြီးသာဝလည်းအံအားသင့်တဲ့မျက်နှာနဲ့ ...
     “ဘာလဲကွ နိဝရဏသူကြီးဆိုတာဘယ်သူ့ကိုခေါ်တာလဲ”
     “ဟဲဟဲယောင်သွားလိုပါဗျာ။ ကုသိုလ်တရားလေးလုပ်မယ်ကြံတိုင်း အဖျက်အဆီးအနှောင့်အရှက်ဖြစ်တဲ့ နိဝရဏတွေပေါ်လာတာကိုစဉ်းစားမိရင်းနဲ့ ယောင်ပြီး နိဝရဏသူကြီးခေါ်မိတာပါ။ ကဲဘာကိစ္စလဲပြော”     “မင်းအခုဘာလုပ်နေတုန်း”    ‘ဘာလုပ်ရမှာလဲဗျ။ ရတနာနှစ်ပါးကို ကန်တော့နေတာလေ။ “မင်းဟာကလည်း ရတနာသုံးပါးလုပ်စမ်းပါဟ၊ ဘယ်ကလာနှစ်ပါးရမလဲ။ငါပြောတာက ဘာအလုပ်အကိုင်တွေလုပ်နေလဲလို့မေးတာကွ”
     “ ကျုပ်မှာရတနာ ၂ ပါးပဲရှိတာ သူကြီးသိသားနဲ့။ ကျန်တပါးက သူကြီးတို့ စွန့်ကျဲပေးကမ်းမယ့် အာသံနကံ လာဘ်လာဘမျှော်ပြီး အာစိန္နကံ ဒကာတွေကို ပစ်ပယ်လိုက်ကတည်းက ကျုပ်မှာရတနာ၂ ပါးပဲကျန်တော့သဗျာ။ တပါးက ခင်ဗျားတို့ယူသွားပြီလေ။ “အလုပ်အကိုင်လား။ သူကြီးလည်းသိရဲ့နဲ့ဗျာ။ သူကြီးအာဏာလုပြီးကတည်းက ကျုပ်အလုပ်ပြုတ်သွားတော့ ရှိတာလေးထုခွဲရောင်ချစားနေရသပ။ အခုတော့ ထုစရာလည်းကုန်ပြီ”
     “မင်းကဘုဂလန့်သမားဆိုတော့ ငါဖက်ပြိုင်မပြောတော့ဘူး။ ငါအခုလာတာက ငါမင်းကိုအလုပ်ပေးမလို့။ တိုတိုဘဲငါပြောမယ်။ ဒီနေ့ငါတို့ရုံးမှာလာသမျှလူတွေမှတ်ပုံတင်ပြီး ထောက်ခံချက်လက်မှတ်ထုတ်ပေးရမဲ့အလုပ်ပဲ။ မင်းမတတ်နိုင်တဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေဆိုရင် ငါ့အခန်းဆီပို့လိုက် ငါရှင်းမယ်။ ဒါပဲ စကားမရှည်နဲ့ အခုမနက် ၉ နာရီထိုးတာနဲ့ ငါရုံးလာခဲ့ပေတော့။ ဒါပဲငါသွားပြီ” ဆိုပြီး ရာဇသံပေးကာထွက်သွားတဲ့ သူကြီးသာဝရဲ့ကျောပြင်ကိုကြည့်ရင်း ဘိုလ်တောကျော်သက်ပြင်းတချက် ခတ်သွက်သွက်ချလိုက်တယ်။
မနက် ၉ နာရီမထိုးခင်ရုံးဘက်ထွက်လာခဲ့တယ်။ ရုံးလမ်းမကစပြီး စောင်တွေခေါင်းအုံးတွေနဲ့တန်းစီအိပ်နေကြတာ။ ‘ပတ်စပို့’ လျှောက်လွှာတင်ဖို့စောင့်နေကြတဲ့လူတန်းကြီးလိုပါပဲကလား” လို့မှတ်ချက်ပြုရင်း အဲ့ဒီလူတွေကိုကွေရှောင်ကျော်လွှားလို့ ရုံးခန်းပေါက်ရောက်ပေါ့။ 
ရုံးထဲမှာတော့ မဟော်ဂနီရောင်စားပွဲပေါ်မှာ “ မှတ်ပုံတင်စာရေးကြီးဘိုလ်တောကျော် ” ဆိုတဲ့ နာမည်စာတန်းကလည်း ခန့်ထည်လိုက်ပါဘိ။ ဘိုလ်တောကျော်ဘဝင်ခိုက်သွားတယ်။ အချိန်ကျတာနဲ့ နာမည်ခေါ်ပေးမယ့် ရှေဖတ်စာရေးကလည်း အသင့်။ ဘိုလ်တောကျော် လှမ်းကြည့်ပြီး ...     “ကဲရှေ့ဖတ်စာရေးကြီးရေနာမည်စခေါ်တော့” ဆိုတော့ စာရေးလေးပြောင်ကြီးကနာမည် ခေါ်ပြီး တယောက်ပြီးတယောက် သွင်းပေးနေတယ်။ 
ပထမဦဆုံးဝင်လာတာက တိုက်ပုံကိုကျယ်သီးအစေ့တပ်ထားပါလား။ လူပုံကလည်း ကပိုကယိုနဲ့ ပုဆိုးကလည်း ဒူးခေါင်းလောက်ထိတိုနံ့နံ့။ ဟိုက်..ဒူးပေါ်ပေါင်ပေါ် တင်ပြင်ခွေထိုင်တတ်တဲ့ဘိုးမင်းခေါင်ဖြစ်နေပါလား။ သူ့နောက်ကမုတ်ဆိတ်ဖြူရှည်ရှည်နဲ့ ဖော့လုံးဆောင်းထားသူက ဘိုးဘိုးအောင်ထင်ပ။ စိတ်ပုတီးလည်း ကိုင်ထားရဲ့။ 
ဒီလိုနဲ့ ဘိုးတော်တွေ ပြီးတော့ ဘုန်းကြီးတွေ၊ နတ်ခေါင်းစွဲတွေ၊ သူရဲခေါင်းစွဲတွေ။ အစုံစုံပါပဲ။ ဖျာလိပ်နတ်ပါမကျန် ရှေဖြစ်ဟောခွင့် မှတ်ပုံလာတင်ကြရှာတာ။ ဘိုလ်တောကျော်လည်း ကရုဏာထားပြီး မှတ်ပုံတင်ပေး လိုက်ပါတယ်။ ခေတ်ကာလဆိုးထဲမှာ လူလိမ်လူဆိုးတွေ ခရိုနီအငယ်စားတွေကအစ လုပ်ငန်းကိုင်ငန်းခက်ပေသကိုး။ ဒီတော့လည်း စာနာထောက် ထားစိတ်နဲ့ မှတ်ပုံတင်ပေးလိုက်တာပေါ့။
သူတို့ပြီးတော့ ဗေဒင်ဆရာတွေအလှည့်ရောက်ပြီ။ ပထမဆုံးဝင်လာတာက ကိုအောင်ထွန်းခေါ် ဆရာမင်းသိင်္ခပါလား။ သူခေါ်လာတယ်ထင်ရဲ့၊ မိုးတားဆရာကြီး ဦးထွန်းရှိန်နဲ့ ဆန်းကျမ်းဆရာကြီး ဇေယျသိဒ္ဓိဆရာကြီးဦးစိုးမြင့်တို့လည်း တမလွန်ကနေ ကြွလာပြီး သူ့ရို့တပည့်များကိုယ်စားမှတ်ပုံလာတင်ကြရှာတယ်။ အလဲ့.. အယူတော်မင်္ဂလာဦးနိုးရောပါလား။ သင်္ကန်းဘိုသီဖတ်သီနဲ့ ခင်ကြီးဖျော်လည်း ပါသကိုး။ ဟာ မိုးလေဝသအဟောဆရာကြီ းဦးထွန်းလွင်ရောပါလားဟ။ သူလည်း ၂၄ နာရီကြိုဟောပေတာကိုး။နောက်ထပ်ရောက်လာတာက သစ်ခေါက်ဆိုး သင်္ကန်းဆင်ပြီး ဒေါက်ချာကြီးနဲ့က မှန်းစမ်း။ ဘယ်သူပါလိမ့်။ ဘိုလ်တောကျော်မတွေ့ဘူးသူဆိုတော့နာမည်မေးရပြီ။      “ကျန်ုပ်ကား ကာဠဒေဝီလ ရသေ့ဖြစ်တော့သကိုး” 
အရှင်ဘုရားဘာကိစ္စကြွလာခဲ့သလဲ။ မှတ်ပုံတင်ဖို့တော့မဟုတ်တန်ရာပါဘူး။ အလိုရှိရာမြွက်ကြားတော်မူပါဘုရား” လို့ လျောက်ထားတော့ ...
“အကျွနု်ပ်သည်လည်း သိဒ္ဓတ္ထဖွားစဉ်က ဘုရင်သုဒ္ဓေါဒနကို ‘ဒကာတော်မင်းကြီးသား၌ ဖြစ်ထိုက်သောအန္တရာယ် စိုးစဉ်းမျှမရှိ။ ဧကန်စင်စစ် ဘုရားဖြစ်လတ္တံ့။ သူမှန်ပေသည်” လို့ဟောမိတဲ့အပြင် သုဒ္ဓေါဒနက ‘ဘယ်အရွယ်မှာဘုရားဖြစ်မလဲလို့ ထပ်ဆင့်မေးတော့ ကျွန်ုပ်ကလည်း ၃၅ နှစ်အရွယ်မှာဖြစ်မယ်လို့ ရှေ့ဖြ…
ကျော်မင်းထွန်း (NEW YORK) - ငါ့ကိုထားခဲ့
https://ift.tt/FMns1Ro
MediaImage- Creditငါ့ကိုထားခဲ့ကျော်မင်းထွန်း (NEW YORK)(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၃
ငါ့ကိုထားခဲ့ပြေး.. ပြေး.. ပြေး..မင်းတို့လွတ်ရာပြေးဆန္ဒပြပြည်သူတွေကို စစ်ခွေးတွေလိုက်ပစ်တုန်းက။
ငါ့ကိုထားခဲ့ဆုတ်.. ဆုတ်.. ဆုတ်..မင်းတို့လွတ်ရာဆုတ်အင်အားချင်းမမျှလို့ ရှေ့တလှမ်းတိုးဖို့နောက်နှစ်လှမ်းဆုတ်ပေးရတုန်းက။
ငါ့ကိုထားခဲ့သွား.. သွား.. သွားမင်းတို့လွတ်ရာသွားတက်လာတဲ့စစ်ကားတန်းကို ငါကာပစ်မယ်တပ်စခန်းဟာ ရန်သူ့လက်တကမ်းမှာတုန်းက။
“ ငါ့ကိုထားခဲ့ ” တဲ့လားယမ်းငွေ့စွဲနေတဲ့ အမိန့်စကားပတ်ပတ်လည်မိုင်းထောင်ထားတဲ့စစ်ခွေးတောင်ကုန်းပေါ် ငါတို့အလံတက်စိုက်ဖို့သူ့ကိုထားခဲ့ခိုင်းတဲ့ သူရဲကောင်းကြီးသူ့ရဲဘော်ပီဒီအက်ဖ်တွေ ဘေးကင်းဖို့သူ့အသက်ကို အပ်နှင်းသွားသူကြီး။
အခုတော့ ကျုပ်တို့ကိုထားခဲ့ကျုပ်တို့စခန်းကိုထားခဲ့ခင်ဗျားသွားလိုရာသွားနိုင်ပြီလို့ခင်ဗျားရဲ့စျာပနမှာ ကျုပ်တို့ဘယ်လို ပြန်တမ်းစာထုတ်ရမလဲ ??-
Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ရဋ္ဌနန္ဒက = ကြိုးစင်
https://ift.tt/mo9APHr
Mediaကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ရဋ္ဌနန္ဒက = ကြိုးစင်(မိုးမခ) ဇူလိုင် ၂၈ ၊  ၂၀၂၃
အကြောင်းကံကတော့ နှစ်သောင်းတန်ဘဲ၊ ဗြောင်းဆန်တာကို ပျော့ထာ။ကိုယ့်ဘွဆိုးလှမှတ်တာ၊ ဆင်ရိုးခံရတဲ့ကောင်ထက်တော့ ကြွယ်လို့ မရဘူးယေ။ ကြည့်၊ ဆင်က မွေးစက ဂရေး။ အဲဒါဂို ဘုန်းတော်ကြောင့် ဖြူလာ‌တော့မှာ ဝိုင်းကြပ်ကြတော့ အူချာဘော့တို့ ရင်ကော့ပီး ရဋ္ဌနန္ဒကတွေဘာဒေနဲ့ ဆင်နာမည်ပေးကင်ပွန်းတပ်တွေဘာဒေ ထလုပ်ပီပေါ့။ ဟိုက မဖွေးဘဲ ဂရေးကနေ အညိုဆင်၊ အညိုဆင်က မဲနယ်ပြောင်း၊ ခုတော့ ဆင်သားအမိ၊ ရေနွေးဖျောခံရမှာ ကြောက်နေလောက်ပေါ့။ ဟို ဂေါက်ကြောင်က မလုပ်ဖူးပြောမရ။ သူ့မှာလဲ ဆင်ဖြူဖြစ်မှ မင်းစစ်မယ်ဆိုတော့လေ။ ထင်သာထင် ပလ္လင်မတွေ့၊ ဆင်ဝှေ့ခံရကိန်းဆိုက်လာ။ ဒါဟာ ခြောက်လခံဆေး ထိုးပေးဖို့ မသေချာတဲ့သဘော။ ဒါထဲက စောက်တလွဲ ယတြာလုပ်မိ။ ဘုရားအနေကဇာတင်နဲ့ ဆင်မွေးနေ့ တွဲသတဲ့။ ခွေးနဲ့ပလ္လင် မြင်မကောင်း။ စိန်ကို ဒန်နဲ့ ကွပ်တာမို့ အထွဋ်ကို သတ်၊ အမြတ်ကို မစင်ထုတ် ဒါ ယတြာပုတ်လို့ ခေါ်တယ်။ လည်လွန်းတဲ့ဘီး ချေးသင့်ကြမ္မာ။ ယတြာပြောင်းပြန်ဖြစ်နေပါတယ်ဆို နှစ်သောင်းတန်ကို ကကြိုးဆင်ပုံနဲ့ ထုတ်အုံးမတဲ့။ ကြမ္မာငင်ဘီဆို အမြင်ဇောက်ထိုး ဂျောက်တိုးတော့တာကလား။ကကြိုးနဲ့ ဆင်နော်။ တကယ်တော့ ဆင် ဆိုတာ မြင်းလို နွားလို ကကြိုးဆင်ရတာမဟုတ်ဖူးလေ။ အဲဒါဂို ကကြိုးဆင်မိတော့ ကတွတ်ပီ၊ ဟဲ့ တွတ်ပီ။ အဲလေ ဟုတ်ပေါင်၊ ကကြိုးဆင် ဟဲ့ ကြိုးစင်။ 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
တခုနဲ့ တခု ချိတ်ဆက်ယှက်နွယ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာ
https://ift.tt/IFLpvBW
<a href="https://blogger.googleusercontent.com/img/a/AVvXsEgEeny9xWfJFlfEXBRMWE0rtcPxyrmMjtypxm6mv3kgm4PuaaBIvvXw34aNSocbF5plG4ep3IFmE-utjeHN6_fsC2frc7LH_kSP88Usvoq3UzVverQiO6ZkYGdgaZcXbOpFrxKciubmPW9xl3oB0T3_Yr3-0mwWX_Rmxx3Ftoj_Icyh3BUtmfkZysatGcA=w1056-h637">Media</a>
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၇ မြင်ကွင်း(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၃
<b>တခုနဲ့ တခု ချိတ်ဆက်ယှက်နွယ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာ </b>မြန်မာနိုင်ငံရဲ့ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာ အကျပ်အတည်းဟာ အကြောင်းတခုထည်းကြောင့်၊ ပြဿနာ တခုတည်းကြောင့် ဖြစ်ပွားလာတာမဟုတ်ပဲ ဆယ်စုနှစ်နဲ့ချီတဲ့ တခုမကတဲ့ နိုင်ငံရေးပြဿနာတွေ၊ တခုအပေါ် တခုချိတ်ဆက်ယှက်နွယ်နေတဲ့ အကျပ်အတည်း တခုလို့ဆိုရင် မှားမယ်မထင်ပါဘူး။ အဲဒီလို ဆိုလိုက်လို့ လတ်တလော ပြဿနာဖြစ်စေတဲ့ အကြောင်းတွေ အကြောင်းရင်းတွေ၊ လူပုဂ္ဂိုလ် တဦးတယောက်ရဲ့ အတ္တ၊ စိတ်နေစိတ်ထား၊ အကျိုးစီးပွားဆိုတဲ့ အချက်တွေကို လုံးဝပစ်ပယ်ပြီးထားတာ မဟုတ်ပါဘူး။ လတ်တလော အကြောင်းခြင်းရာတွေလည်း အတိုင်းအတာတခုထိ အရေးပါတာ မှန်ပေမယ့်လည်း ပြဿနာရဲ့ အရင်းအမြစ် ဆယ်စုနှစ်နဲ့ချီလာတာ၊ မျိုးဆက်တခုကနေ တခုထိ သယ်ဆောင်လာတဲ့ မယုံကြည်မှု၊ နာကြည်းမှု၊ သံသယ၊ အကျိုးစီးပွား စတာတွေက အခြေခံကျတယ်လို့ ဆိုချင်တာဖြစ်ပါတယ်။ လူပုဂ္ဂိုလ် တဦးတယောက်ရဲ့ သဘောထား၊ ဆန္ဒ၊ ရည်မှန်းချက်ဆိုတာတွေထက် အခြေခံ နိုင်ငံရေး အယူအဆဆိုင်ရာ ပြဿနာ၊ အကျိုးစီးပွားခွဲဝေမှု မမျှတခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ လူ့အခွင့်အရေးအပေါ် အခြေခံတဲ့ စံတန်ဖိုးတွေ၊ ဘာသာရေး၊ လူမျိုးရေး အယူအဆ ခံယူမှုတွေ၊ လူမျိုးစုတွေအကြား တန်းတူညီမျှမှု စတဲ့ အကြောင်းခြင်းရာတွေကိုလည်း ချန်မထားကြဖို့ တပြိုင်နက်ထည်း ဖြေရှင်းလို့ရသလောက် ဖြေရှင်းသွားမှသာ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပြဿနာကို ရေရှည်အမြင်နဲ့ အဖြေရှာရာ ရောက်ပြီးတည်တံ့တဲ့ နိုင်ငံရေး တည်ငြိမ်မှုနဲ့ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းမှုဆီ ရောက်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘာပြဿနာတွေရှိနေလဲလို့ ပထမဆုံးအဆင့်နဲ့ ချဥ်းကပ်ကြည့်တဲ့အခါ ဒီမိုကရေစီ မရှိတဲ့ ပြဿနာက အားလုံးအဖို့ ထင်သာမြင်သာရှိတဲ့ ပြဿနာဖြစ်ပြီး ဒီအချက်မှာ အငြင်းပွားစရာ မရှိဘူးလို့ ထင်ပါတယ်။ မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီထံက လွတ်လပ်ရေးရလာပြီးနောက် ဒီမိုကရေစီ အတိုင်းအတာတခုထိရှိခဲ့ပြီး အဲဒီခေတ်ကာလကတော့ ဒီမိုကရေစီအရေးက ကမ္ဘာမှာ ရှေ့တန်းမရောက်ပဲ ဆိုရှယ်လစ်ဝါဒ၊ အရင်းရှင်ဝါဒ စစ်အေးတိုက်ပွဲ အားပြိုင်မှုအရှိန်မြင့် တက်ချိန်လည်းဖြစ်ပါတယ်။ ဒီအချက်ကြောင့် အချို့နိုင်ငံတွေမှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တာကိုတောင် စစ်အေးတိုက်ပွဲမှာ ကိုယ့်ဘက်ပါရင် ထောက်ခံခဲ့ကြတဲ့ ကာလလည်း ဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲနဲ့ တိုက်ရိုက် မဆက်စပ်ပေမယ့် လက်ဝဲ လက်ယာ အယူအဆအကွဲက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားဖို့ရာ အကြောင်းတချက် ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး တနည်းအားဖြင့် လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဖက်ဒရယ်အရေးကလည်း လွတ်လပ်ရေးရတဲ့ အချိန်မှာ စတင်ပြီး တောင်းဆိုလာကြတာ ဖြစ်ပါတယ်။ တဖက်မှာ လူမျိုးစုတန်းတူညီမျှမှု၊ နိုင်ငံသားအခွင့်အရေး တောင်းဆိုမှုတွေကို လူမျိုးရေး ပြဿနာအဖြစ် ပုံဖေါ်ကာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားစေဖို့ တွန်းပို့သလို ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးခါစ ကမ္ဘာမှာ လက်ဝဲဝါဒ တနည်းအားဖြင့် ဆိုရှယ်လစ်ဝါဒ ခေတ်စားခဲ့ခြင်းကြောင့်လည်း တိုင်းရင်းသားအရေး လူမျိုးစုအရေးကို အရင်းရှင်နဲ့ ဆိုရှယ်လစ် စနစ်တိုက်ပွဲရဲ့ လက်အောက်ခံအဖြစ် သဘောထားကာ လူမျိုးစုတန်းတူ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အလေးထား မစဥ်းစားခြင်းက ရေစီးသဖွယ် ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံဟာလည်း အဲဒီရေစီးထဲ ပါဝင်ကာ လူမျိုးစုတွေရဲ့ ဘာသာစကား၊ ယဥ်ကျေးမှု၊ နယ်မြေသတ်မှတ်မှု၊ လူမျိုးစု အချင်းချင်း တန်းတူထားဆက်ဆံခြင်းမပြုပဲ လက်အောက်ခံသဖွယ် ဆက်ဆံမှုတွေက ဖက်ဒရယ်အရေးကို ဆက်လက်တိုက်ပွဲဝင်ဖို့ ခိုင်မာတဲ့ နိုင်ငံရေး အကြောင်းခံ အချက် ဖြစ်နေခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နှစ် ၇၀ ကျော် ပြည်တွင်းစစ်မှာ လက်နက်ကိုင် အင်အားကြီးတဲ့ အဖွဲ့တွေရဲ့ ဝိသေသလက္ခဏာ တနည်းအားဖြင့်ဆိုရင် လက်ဝဲဝါဒနဲ့ စစ်အာဏာရှင်တို့ရဲ့ အားပြိုင်မှုက ဆယ်စုနှစ်အချို့ ပင်မအားပြိုင်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး၊ တိုင်းရင်းသား လူမျိုးစု အခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့် အတွက်တိုက်ခိုက်မှုက ဒုတိယနေရာသာ ရှိခဲ့တာဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဗကပ ပြိုကွဲပြီးနောက်မှာတော့ လက်ဝဲဝါဒနဲ့ စစ်အာဏာရှင် အားပြိုင်မှုက အချိုးအကွေ့ တခုမှာ ရပ်ဆိုင်းသွားခဲ့ပြီး တိုင်းရင်းသား ဖက်ဒရယ်အရေးက ရှေ့တန်းကိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။  လတ်တလော ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ တဖန် ဒီမိုကရေစီ အရေးက ရှေ့တန်းကို တဖန် ပြန်ရောက်လာကာ အဲဒီ လက်နက်ကိုင် အင်အားစုကြီးထဲမှာ  တိုင်းရင်းသား လက်နက်ကိုင် အင်အားစု၊ စစ်အာဏာသိမ်းပြီးနောက်မှ လက်နက်ကိုင်ဖို့…
ကိုအောင်မှိုင်း - နှုတ်ဆက် အနမ်း
https://ift.tt/Uyw0u2v
Media
ကိုအောင်မှိုင်း - နှုတ်ဆက် အနမ်း(မိုးမခ) ဇူလိုင် ၂၈ ၊ ၂၀၂၃
စွန့်ပစ်ခံရတဲ့ဖိနပ်စုတ်တရန်လိုသက်ကြီးရွယ်အိုတွေရဲ့တိတ်တခိုး ရှိုက်သံဟာအနာဂတ် ခံစားမှုတွက်ဂေဟစနစ်ကြီးကို ဆန့်ကျင်လို့နောက်ဆုံးထွက်သက် ဖြစ်သွားတယ်။
ပျိုးခဲ့တဲ့ ပန်းခင်းတွက်အနာဂတ်ကို သူ ယုံပေမဲ့အနာဂတ်က သူ့ကို ယုံပါ့မလားမသေချာတဲ့ မျှော်လင့်ချက်တွက်အရှေ့မှာ နေထွက်တယ်ဆိုတာဒဏ္ဍာရီတပုဒ်လို ဖြစ်သွားပေါ့။
လက်တွဲဖော်နှုတ်မဆက်ခင်ရင်ထဲက အသိကဦးနှောက်ကို ဖျက်ဆီးနှုတ်ဆက်တယ်ဆိုတာ ထာဝရလားနှုတ်ဆက်တယ်ဆိုတာ ခဏတာလားအနမ်းတွေဟာ ချိုမြိန်မှုကင်းမဲ့။
အိပ်စက်မှုကသူနဲ့ တိုက်ပွဲဖြစ်တဲ့အခါအရင်ကလိုသူ့ဘက်ကအဖော်မပါလေတော့မအိပ်စက်မှုက အနိုင်ရသွားပေါ့။
သန်းပေါင်းများစွာဟာနှုတ်ဆက်သွားခဲ့။ထောင်ပေါင်းများစွာဟာနှုတ်ဆက်နေတယ်။ရာပေါင်းများစွာဟာနှုတ်ဆက်ဖို့ စောင့်နေတယ်။
နှုတ်ဆက်တယ်ဆိုတာ ထာဝရလားနှုတ်ဆက်တယ်ဆိုတာ ခဏတာလားအဘိဓမ္မာဟာ တခါတလေ မှားတယ်နှုတ်ဆက်တယ် ဆိုတာ ဝေးသွားခြင်းပဲ။


Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၁၂)
https://ift.tt/WHCMpRg
<a href="https://blogger.googleusercontent.com/img/a/AVvXsEgaVY7NFMgrQl8xYldNPfQtS-AqkEzUwVDb9O_eN5Zx21DN0oODODsklzQGQVEADT02Yt-uUR1-XrcwEPWHeuXQgFo4-RXghs19L-Sxu6feNcmtW-kgePDizkz_ZYH3MxNXk-IKapIZJLp23H3E5xNP_Wu0DuTYeLROfyhCCx9dGJSuGsV7sf0-7pkmdi8">Media</a>
လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၁၂)(မိုးမခ) ဇူလိုင် ၂၈ ၊ ၂၀၂၃

<b>မိတ်ဆွေကောင်းကြီး ကစ်ဆင်ဂျာ</b>တရုတ် ပြည်သူတွေဟာ ချစ်ခင်ရင်းနှီးမှုများကို အလွန်တန်ဖိုးထားပြီး မိမိတို့ရဲ့ မိတ်ဆွေကောင်းများကို ဘယ်တော့မှ မမေ့တတ်ပါဘူး။ အထူးသဖြင့် အဆွေတော် မိတ်ဆွေကြီးရဲ့ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်ဖို့နဲ့ နှစ်နိုင်ငံ ပြည်သူအချင်းချင်းကြား ချစ်ကြည်ရေးအတွက် သမိုင်းဝင်ဆောင်ရွက်ချက်များကို အမြဲသတိရ ကျေးဇူးတင်နေမှာပါ။ ဇူလိုင်လ ၂၀ ရက်နေ့က အမေရိကန် လုံခြုံရေးအကြံပေးဟောင်း ကစ်ဆင်ဂျာနဲ့ သမ္မတ ရှီကျင့်ပင်တွေ့ဆုံစဉ် ရှီရဲ့ ပြောစကားအချို့ပါ။အဲသလို ဖော်ရွေနွေးထွေးတဲ့ စကားများနဲ့ ဧည့်ခံပြောဆိုရုံမက တခြား ဧည့်ဝတ်ပြုတဲ့ လုပ်ဆောင်ချက်များကိုလည်း ကြည့်ပါဦး။လွန်ခဲ့တဲ့နှစ်ပေါင်း ၅၂ နှစ်က အဆွေတော်ရဲ့ သမိုင်းဝင်ခရီး စတင်ခဲ့တဲ့နေရာလို့ ပြောတဲ့ ၁၉၇၁ ခုနှစ် ကစ်ဆင်ဂျာ ပထမဆုံး တရုတ်ပြည်ကို လာစဉ်က တည်းခိုခဲ့ပြီး အဲဒီအချိန်က ၀န်ကြီးချုပ် ချိုအင်လိုင်းနဲ့ ဆွေးနွေးခဲ့တဲ့ အထူးဧည့်ရိပ်သာအမှတ် (၅) မှာ ရှီက လာပြီးနှုတ်တ်ဆက်ရုံမက အဲဒီညရှီကိုယ်တိုင် ဧည့်ခံတဲ့ ထမင်းစားပွဲမှာ တည်ခင်းတဲ့ ဟင်းပွဲအစီအစဉ် (Menu) ဟာ ၁၉၇၂၊ သမ္မတ နစ်ဆင်ကို နိုင်ငံတော်ထမင်းစားပွဲနဲ့ ဧည့်ခံစဉ်က ဟင်းပွဲအစီအစဉ်အတိုင်း လုပ်ဆောင်ခဲ့ကြတယ်။  တဲ့။ဒီအသက်ရာပြည့် သံတမန်ဟောင်းကြီး (ဒီတရုတ်ပြည်ကို လာတာလည်း အကြိမ် ၁၀၀ ရှိပြီ တဲ့) ကစ်ဆင်ဂျာ ကို တခြားဧည့်ခံမှုများလည်း ရှိပါသေးတယ်။အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်က တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရေးများနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပါရစေလို့ တောင်းဆိုထားတာကို ပယ်ချထားတဲ့ တရုတ် ကာကွယ်ရေး၀န်ကြီး လီရှဲန်ဖူ နဲ့ ကစ်ဆင်ဂျာ တွေ့လိုက်ရပါတယ်။ (ဘိုင်ဒင် အစိုးရက ဒီဝန်ကြီးကို ပိတ်ဆို့မှုတွေ လုပ်ထားလို့ အစိုးရနဲ့ဆိုင်တဲ့သူတွေနဲ့ မတွေ့တာလို့ ပြောချင်ပုံရ။)ဒါ့အပြင် ကစ်ဆင်ဂျာဟာ တရုတ်အထက်တန်း သံတမန် (ယခု နိုင်ငံခြားရေးဝန်ကြီး ပြန်ဖြစ်သွားသူ) ၀မ်ယိနဲ့လည်း တွေ့ဆုံလိုက်ရပြီး ဝမ်ယိရဲ့ အရေးကြီးတဲ့ သတင်းစကားလည်း ရရှိသွားပါတယ်။ ၀မ်ယိက "အခု တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ၁၉၇၁ ခုနှစ်ကအတိုင်း လမ်းဆုံလမ်းခွကိုရောက်နေကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေးဟာ နှစ်နိုင်ငံအတွက်သာမက တကမ္ဘာလုံးနဲ့ ပါ သက်ဆိုင်နေကြောင်း။ ဒါကြောင့် အခုလို အရေးကြီးတဲ့ အခါသမယမှာ အမေရိကန်အတွက် သမ္မတ နစ်ဆင်ရဲ့ နိုင်ငံရေးသတ္တိမျိုးနဲ့ အဆွေတော်ရဲ့ သံခင်းတမန်ခင်း ကျွမ်းကျင်လိမ္မာမှုမျိုး အများကြီး လိုအပ်နေပါတယ်။ ကျွန်တော်တို့ တရုတ်ပြည်ကတော့ အတတ်နိုင်ဆုံး ဒီဆက်ဆံရေးကို လမ်းမှန်ပေါ်ရောက်အောင်ပြန်ကြိုးစားမှာပါ" တဲ့။ (ဘိုင်ဒင်အစိုးရကို ဖိအားပေးလိုက်တာ။)ကစ်ဆင်ဂျာကလည်း "ကမ္ဘာငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လူသားများရဲ့ဘ၀ သာယာရေးအတွက် တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား တည်ငြိမ်တဲ့ ဆက်ဆံရေးဟာ အဓိက အရေးကြီးတဲ့ အချက်ဖြစ်ကြောင်း" ပြောပါတယ်။ဒါ့အပြင် ကစ်ဆင်ဂျာဟာ အခွင့်ရရင် ရသလို (တရုတ်အရာရှိများနဲ့ တွေ့တာပဲဖြစ်ဖြစ်၊ တရုတ်ပြည်အကြောင်း ရေးတဲ့ စာအုပ်တွေထဲမှာဖြစ်ဖြစ်) အမေရိကန်ရဲ့ အုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ဟာတရုတ်ပြည်နဲ့ မတူတဲ့အတွက် တချို့လူတွေရဲ့ ပြောဆိုချက်တွေကို သိပ်အလေးမထားဖို့လည်းသတိပေးပြောဆို ရေးသားတာ တွေ့ရပါတယ်။ (ကစ်ဆင်ဂျာကိုယ်တိုင်လည်း ပထမဆုံးအကြိမ် တရုတ်ပြည် လာစဉ်က သူတို့ကွန်ဂရက်က လူတွေကိုတောင် အသိမပေးဘဲ လာခဲ့ရတာ။)ဒါ့ကြောင့် အစိုးရနဲ့ ကွန်ဂရက်အကြားက ပဋိပက္ခတွေကို ထည့်သွင်းတွက်ချက်ဖို့ ပြောဟန်တူပါတယ်။တရုတ်ကရော ဒီအခင်းအကျင်းကို လုပ်ဆောင်နေတာက ဘာကြောင့်လဲ။ ဘာသတင်းစကား ပါးချင်တာလဲ။အမေရိကန် အစိုးရဘက်ကလည်း ဆွေ့ဆွေ့ခုန်နေပါတယ်။ အစိုးရပြောခွင့်ရသူ အမျိုးမျိုးက ကပေါက်တိကပေါက်ချာတွေ ပြောနေ၊ ဆိုနေကြတာ တွေ့ရပါတယ်။"ကစ်ဆင်ဂျာဟာ အရပ်သားတယောက်သာ ဖြစ်တယ်။ အရပ်သားတယောက်အနေနဲ့ သွားချင်တဲ့နေရာ သွားလို့ရတယ်။ ဘိုင်ဒင် အစိုးရနဲ့ ဘာမှမဆိုင်ပါဘူး" လို့ ပြောလိုက်။"အစိုးရအရာရှိအချင်းချင်းတော့ တွေ့ဖို့ ငြင်းပြီး အရပ်သားတယောက်နဲ့တော့ တွေ့တယ်" လို့ ပြောလိုက်။ (ဒါကတော့ ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့တဲ့ ကိစ္စအပေါ် မကျေမနပ် ပြောပုံရတယ်။)အဲ နောက်ဆုံးကျတော့လည်း "ကစ်ဆင်ဂျာ ပြန်ရောက်လာရင်တော့ တရုတ်ဘက်က ဘာသတင်းစကားတွေ ပေးလိုက်သလဲဆိုတာ နားထောင်ရမှာပေါ့"တဲ့။တယောက်တပေါက် ပြောနေတာ။တကယ်တော့ တရုတ် ပေးချင်တဲ့ သတင်းစကားများကတော့—  သူတို့ တရုတ်တွေကို တန်းတူညီမျှ သဘောထားပြီး ဆက်ဆံဖို့ပါပဲ။သူတို့ကို မိတ်ဆွေကောင်းလို ဆက်ဆံရင် သူတို့ကလည်း မိတ်ဆွေကောင်းတွေလိုပဲ ပြန်ဆက်ဆံမှာ။ သူတို့အပေါ်…
၂၀၁၀ တုန်းက အရုဏ်ဦးမှာ ဖူးသည့်ကြာ၊ အခု ၂၀၂၃ မှာ စစ်မိစ္ဆာ၏ သင်္ကန်းခြုံခရီးစဉ်
https://ift.tt/f8imXTb
<b>Media

</b><b>၂၀၁၀ တုန်းက အရုဏ်ဦးမှာ ဖူးသည့်ကြာ၊ အခု ၂၀၂၃ မှာ စစ်မိစ္ဆာ၏ သင်္ကန်းခြုံခရီးစဉ်</b><b>မိုက်ခဲစိန် ၊ ဇူလိုင် ၂၉၊ ၂၀၂၃
</b>

လွန်ခဲ့တဲ့ ၂ ရက်က ဆန်ဖရန်ဘေးဧရိယာကို ငြိမ်းချမ်းရေးတရားဟောဖို့ ပြည်ပရောက်တွေ ချေချွတ်ဖို့ဆိုပြီး သဘာ၀တရားရိပ်သာ ဆရာတော်ဆိုသူ ရောက်လာတယ်။ အလှူခံမယ်၊ ဆွမ်းဆန်စိမ်း ခံမယ်၊ တရားဟောမယ်ဆိုပြီး မောင်းတင်လာတာ စစ်မိစ္ဆာ၏ သင်္ကန်းခြုံ - အလိုမရှိ၊ ထွက်သွား၊ ထွက်သွား ဆိုပြီး ဘေးဧရိယာက မြန်မာတွေ ညာသံပေးပြီး အသံနက်ကြီးနဲ့ အော်ပြီး မောင်းထုတ်တာ ခံလိုက်ရပါတယ်။

အခုတော့ ဘယ်သောင်ပြင်ကို ဆင်းသွားပြီလဲတော့မသိ၊ ပြည်ပရောက် မြန်မာတွေက လူသတ်ဝါဒီ စစ်အာဏာရှင်တွေ၏ လက်ကိုင်တုတ်၊ သာသနာ့အရေခြုံကို လက်မခံပါဘူး။ နွေဦးတော်လှန်ရေးကို နိမ့်ပါးအောင်၊ မြန်မာပြည်သူတွေအချင်းချင်း စိတ်ဝမ်းကွဲအောင်၊ အမုန်းပွားအောင် လိမ်ညာမုသာဝါဒဖြန့်ချိသူကို လက်မခံကြပါဘူး။ သူနဲ့လည်း အဖက်လုပ်ပြီး စကားပြောဆိုဆွေးနွေးဖို့ အခွင့်အလမ်းလဲ မပေးနိုင်ကြပါဘူး။ နွေဦးတော်လှန်ရေးကြီး အမြင့်မားဆုံး အလံတော်နဲ့ ချီတက်နေချိန်မှာ အခုလို အဖျက်အမှောင့်တွေ ကို မြန်မာပြည်သူတွေက ပြည်တွင်း ပြည်ပအကုန်လုံး သတိကြီးစွာနဲ့ ဆင်ခြင်တုန့်တရားအပြည့်နဲ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ကြတာကို ဝမ်းသာ ဂုဏ်ယူရပါတယ်။

ဒါတင်ပဲလားလို့ မေးကြမယ်ဆိုရင် ဒါမျိုးတွေကို ပြည်ပရောက်တွေ ကြုံဖူးလို့ အံတိုနေပြီလို့ပဲ ဖြေလိုက်ချင်ပါတယ်။ ၂၀၁၀ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာမှာ စစ်အစိုးရက သူတို့စိတ်တိုင်းကျ ၂၀၀၈ ခြေဥ၊ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတော့ ကြံ့ဖွတ်ပါတီကို အာဏာလွှဲရန် ဇာတ်ကကြတုန်းက - ပြည်သူတွေကို စိတ်ဝမ်းကွဲ အချင်းများကြစေဖို့ သူတို့၏ ဝါဒဖြန့် အနုပညာရှင်တွေကို ဖျော်ဖြေရေးခရီးစဉ်တွေ စီမံဖန်တီးပေးခဲ့ဖူးပါတယ်။ တင်သန်းဦး စီစဉ်တဲ့ အရုဏ်ဦးမှာ ဖူးသည့်ကြာဆိုတဲ့ မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံကြီးကို ဖျက်ဆီး ပုတ်ခပ်တဲ့ လုပ်ကြံဝါဒဖြန့်ရုပ်ရှင်ကြီးက မင်းသား မင်းသမီး အဆိုတော်တွေကို ပြည်ပခရီးစဉ်တွေ စေလွှတ်ပြီး ပြည်သူတွေထဲ ထိုးဖောက်ခဲ့ပါတယ်။ ပြည်ပရောက် မြန်မာတွေမှာ သည်လို စစ်အာဏာရှင်အလိုကျ ပညာရှင်ကို ကန့်ကွက်ရှုတ်ချကြတာက တဘက်၊ အနုပညာသည်တွေဘက်ကလိုက်ပြီး ပွဲတွေစီစဉ်အားပေးချင်သူတွေက တဘက် ပွတ်တိုက်မှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ သို့သော် နောက်ဆုံးမှာ အဲသည်စစ်ဘောမတွေ ကို အမေရိကန်အစိုးရက ဗီဇာရုတ်သိမ်းပြီး အမည်းစက်ပေး ပြည်နှင်လိုက်လို့ တခန်းရပ်သွားပါတော့တယ်။ အဲသည်အကြောင်း မိုးမခမီဒီယာက တောက်လျောက်သတင်းလုပ်ခဲ့တဲ့ လင့်တွေ အောက်မှာ ပြန်ကြည့်ပြီး စမြုံပြန်နိုင်ပါတယ်။

ဒီတခါကတော့ ဒေါ်စုကို ချိုးနှိမ်၊ နွေဦးတော်လှန်ရေးကို ဖိနင်း၊ စစ်အာဏာရှင်တွေကို ဘောမ၊ ဘာသာရေးကိုပါ အလွဲသုံးစားလုပ်၊ ပြည်သူတွေကို ငတုံး ငအ လူညံ့တွေလို သဘောထားပြီး သွေးခွဲဖို့ အမုန်းစကားဖြန့်ချိဖို့ အကြံအကြီးကြီးနဲ့ သင်္ကန်းခြုံလာတဲ့ သဘာ၀ရိပ်သာဆရာတော်နဲ့တကွ အပေါင်းအပါတွေ၏ လုပ်ကြံမှုကြီးကတော့ အလွန်ဆိုးဝါးလှတဲ့ လုပ်ကြံမှုကြီး ဖြစ်ပါတယ်။ သို့သော် ဒါကို ကောင်းကောင်းကြီးသဘောပေါက်နေကြောင်းကို နွေဦး၏ ထင်ရှားသူ ပန်ဆယ်လိုကိုယ်တိုင်က ထုတ်ဖော် ပြောကြား သတိပေးထားတာမို့ အချိန်မီ အုပ်မိတယ်လို့ ဆိုနိုင်ပါတယ်။ အုပ်မိတယ်ဆိုတာ အဲသည် စစ်မိစ္ဆာသင်္ကန်းခြုံ၏ ဇက်ပိုးကို ဖျောင်းကနဲ မြည်သွားအောင် အုပ်လိုက်နိုင်တာလို့ ဆိုချင်တာပါ။

ဟိုတုန်းကလိုပဲ မြန်မာတွေက ဘယ်ခေတ်အဆက်ဆက်မှာမှ မညံ့ခဲ့ကြပါဘူး။ သည်တခေါက်မှာလည်း စစ်အာဏာရှင်တွေ၏ သွေးထိုးလှုံဆော် သွေးခွဲ အမုန်းတရား ဖြန်ချိမှုကို လက်ခံကြမှာ မဟုတ်ဘူး။ အခု ဒို့ခေတ်ကျမှ ညံ့ကြမယ်သူတွေ တဦးမှ မပါပါဘူး။ ညံ့ချင်ကြတဲ့ အမျိုးယုတ်တွေ ဇာတ်နိမ့်တွေ ဂျင်းလိတွေကို မြန်မာပြည်သူတွေ နွေဦးစစ်သည် အာဇာနည်တွေက ဝိုင်းဝန်း ချေချွတ် ပညာပေးကြလိမ့်မယ်ဟု မျော်လင့်ပါကြောင်း စကားပါးအပ်ပါတယ်။

အရေးတော်ပုံ အောင်နေပါပြီ။

<b>အရင် အရုဏ်ဦးမှာ ဖူးသည့်ကြာရုပ်ရှင်ထဲက ဝိုင်းစုခိုင်သိန်းနဲ့တကွ စစ်သရုပ်ဆောင်တွေကို ငြိမ်းချမ်းစွာ ဆန့်ကျင်တိုက်ခိုက်ခဲ့စဉ်က သတင်းမှတ်တမ်းများ
</b>


<a href="https://blog.moemaka.com/2010/10/performance-visa-imediately-revoked-for.html">https://blog.moemaka.com/2010/10/performance-visa-imediately-revoked-for.html



<a href="https://blog.moemaka.com/2010/10/burmese-juntas-propagandas-actor-khant.html">https://blog.moemaka.com/2010/10/burmese-juntas-propagandas-actor-khant.html



<a href="https://blog.moemaka.com/2010/09/burmese-in-sf-bay-staged-protests.html">https://blog.moemaka.com/2010/09/burmese-in-sf-bay-staged-protests.html


<a href="https://blog.moemaka.com/2010/09/burmese-juntas-propaganda-movie-caused.html">https://blog.moemaka.com/2010/09/burmese-juntas-propaganda-movie-caused.html


<a href="h…
စစ်ပွဲတွေရဲ့ ရည်မှန်းချက်
https://ift.tt/t6nP0ur
<a href="https://blogger.googleusercontent.com/img/a/AVvXsEgFpsSNag96gxaTUpff74lJk3CoYABrZTBlbnSVfI0YJKarf5XnyJMmY7rbjUgDWZdRI3BgTiWlsBWdvl0iiw2sZua2Jr99hBxrXJ7pNHZdoHB8FupTDPeXtXzy08_bDAtnfg8LiJbrMR106Cb7uYZTmkaMLasplkP_FrNB5NcBHVxP6Hjg-Lf0wrZGoSg">Media</a>
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၈ မြင်ကွင်း(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၃
<b>စစ်ပွဲတွေရဲ့ ရည်မှန်းချက် </b>လက်နက်ကိုင် တိုက်ခိုက်ကြတဲ့ စစ်ပွဲတွေရဲ့ ရည်မှန်းချက်တွေ အမျိုးမျိုးရှိကြလိမ့်မယ်လို့ သမိုင်းအဖြစ်အပျက်တွေကို လေ့လာကြည့်ရင် သိရှိနိုင်ပါတယ်။ နိုင်ငံတနိုင်ငံက တပ်တွေက အခြားနိုင်ငံတနိုင်ငံကို ကျူးကျော်ဝင်ရောက်လာလို့ ကျူးကျော်ခံရတဲ့ နိုင်ငံက ခုခံကာကွယ်တိုက်ခိုက်ရတဲ့ စစ်ပွဲ၊ အချုပ်အချာအာဏာ နိုင်ငံရဲ့ လွတ်လပ်မှု၊ မိမိနိုင်ငံရဲ့ ပိုင်နက်နယ်မြေကို ခုခံကာကွယ်တဲ့ စစ်ပွဲမျိုးတွေလည်း ရှိတာတွေ့ရပါလိမ့်မယ်။ အနီးစပ်ဆုံး ဥပမာပြရရင် ယူကရိန်း-ရုရှားစစ်ပွဲဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ ပိုင်နက်တွေကို ရုရှားတပ်တွေက ဝင်ရောက်ကျူးကျော်လာတာကြောင့် ယူကရိန်းက ခုခံတိုက်ခိုက်ရတဲ့ စစ်ပွဲဖြစ်ပါတယ်။ ရုရှားဘက်ကတော့ ကျူးကျော်တာကို နာဇီဝါဒ နှိမ်နှင်းရေး နဲ့ အဲဒီ ဒေသက ရုရှားစကားပြောတဲ့ လူမျိုးတွေရဲ့ အခွင့်အရေးကိုအကာအကွယ်ပေးဖို့ အကြောင်းပြပြီး စစ်ဆင်ရေးလို့ ဝါဒဖြန့်စကားလုံးနဲ့ သုံးစွဲပါတယ်။ ၁၉၇၀ ခုနှစ်နှောင်းပိုင်းက ရုရှားက အာဖဂန်ကို ကျူးကျော်ခဲ့ဖူးသလို အခြားသော ဒေသတွေက ပြည်တွင်းစစ်တွေမှာလည်း ဝင်ရောက်ကူညီတိုက်ခိုက်တာတွေ ရှိခဲ့ရှိနေဆဲ ဖြစ်ပါတယ်။ အလားတူ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန် အနေနဲ့လည်း သမိုင်းမှာ ရုပ်ဆိုးဆုံး စစ်ပွဲဖြစ်တဲ့ ဗီယက်နမ်ကို ကွန်မြူနစ် အန္တရာယ် အကြောင်းပြပြီး ကျူးကျော်တိုက်ခိုက်ခဲ့တာ ဆယ်စုနှစ်နဲ့ချီ သမ္မတ အဆက်ဆက် စစ်ပွဲက ရှည်ကြာခဲ့တာ ဖြစ်ပါတယ်။ တနိုင်ငံက တနိုင်ငံကို ကျူးကျော်တဲ့ စစ်ပွဲတွေပြီးရင် နောက်စစ်ပွဲတမျိုးကတော့ ပြည်တွင်းစစ်ဖြစ်ပါတယ်။ ပြည်တွင်းစစ်က အင်အားချင်း မတိမ်းမယိမ်းရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်ရှိသလို အင်အားချင်းမမျှတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ခိုက်ကြတာလည်း ရှိပါတယ်။ မြန်မာနိုင်ငံက ပြည်တွင်းစစ် ဆယ်စုနှစ် ၇ ခုကျော်ကြာ တိုက်ခိုက်လာခဲ့တဲ့ သမိုင်းရှိပြီး ခေတ်သစ်သမိုင်းအရ ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ပွဲတခုအဖြစ် သတ်မှတ်ခံရတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်ရတဲ့ အကြောင်းက တခုမကရှိပြီး လက်ဝဲလက်ယာ အယူအဆ၊ တိုင်းရင်းသား လူမျိုးတန်းတူအခွင့်အရေး စသဖြင့် တခုမကတဲ့ အကြောင်းရင်းခံတွေနဲ့ လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာလို့မရတာကြောင့် လက်နက်နဲ့ တိုက်ခိုက်တဲ့ နည်းလမ်းကို ရွေးချယ်ကြရတာလို့ ဆိုကြပါတယ်။ လက်နက်နဲ့ တိုက်ခိုက်ကြရာမှာ မိမိရဲ့ ရန်ဘက်ကို အပြီးတိုင် အနိုင်ယူနိုင်မယ်လို့ မျှော်မှန်းတိုက်ခိုက်တာမျိုးလည်း ရှိနိုင်သလို နိုင်ငံရေး ရည်မှန်းချက်ကို ရန်ဘက်က လက်ခံလာတဲ့အထိ၊ ရန်ဘက်က စားပွဲဝိုင်းပေါ်မှာ လက်ခံဆွေးနွေးလာတဲ့ အနေအထားရောက်သည် အထိ တိုက်ခိုက်မယ်လို့ ရည်မှန်းချက်ထား တိုက်ခိုက်ကြတာလည်း ရှိပါတယ်။ လက်နက်ကိုင် တိုက်ခိုက်မှုတွေက ဆယ်စုနှစ်နဲ့ချီ ကြာမြင့်လာကြတဲ့အခါ နဂိုမူလ လက်နက်ကိုင် တိုက်ခိုက်စဥ်က ထားရှိတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေက ပြောင်းလဲသွားတာ၊ ဖြည့်စွက်တာ၊ အချို့ကိုနှုတ်ပယ်လိုက်တာမျိုးလည်း ရှိတာတွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက လက်နက်ကိုင် စစ်ပွဲတွေရဲ့ ရည်မှန်းချက်တွေက ဆယ်စုနှစ်ချီကြာမြင့်လာတဲ့အခါ အချို့က ခေါင်းဆောင်တွေ ပြောင်းလဲသွားပြီးနောက် ရည်မှန်းချက်တွေ ပြောင်းလဲသွားတာ၊ ခေတ်ကာလ နောက်ခံအခြေအနေ လက်တွေ့ အခြေအနေပေါ်မူတည်ပြီး ရည်မှန်းချက်တွေ ပြင်ဆင်သတ်မှတ်ကြတာ၊ တဖက်ရန်သူရဲ့ ရပ်တည်ချက် အသွင်လက္ခဏာပြောင်းလဲမှုကြောင့် ရည်မှန်းချက်တွေ ပြောင်းလဲကုန်ကြတာတွေလည်း တွေ့ရမှာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး လအနည်းငယ်အကြာ ၁၉၄၈ မတ်လ ၂၈ ရက်ရဲ့နောက်ပိုင်း ကွန်မြူနစ်ပါတီ ဗမာပြည်က တောခိုသွားပြီးနောက် မြန်မာနိုင်ငံမှာ ကွန်မြူနစ်ဝါဒနဲ့ အမျိုးသားဓနရှင်ကိုကိုယ်စားပြုတယ်လို့ ကွန်မြူနစ်ပါတီက သတ်မှတ်တဲ့ ဖဆပလ အစိုးရတို့ ဆယ်စုနှစ်နဲ့ချီ တိုက်ခိုက်ခဲ့ကြပြီး ၁၉၅၈ မှာ တကြိမ် နဲ့ ၁၉၆၂ မှာ တဖန်စစ်အာဏာသိမ်းမှု တနည်းအားဖြင့် စစ်တပ်က နိုင်ငံရေးအာဏာကို ချုပ်ကိုင်အုပ်ချုပ်မှု အနေအထားကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဖဆပလ အစိုးရလက်ထက်မှာကတည်းက ကွန်မြူနစ်ပါတီအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပေါ်ထွက်ခဲ့ပြီး ၁၉၄၉ ကနေ ၁၉၅၁ ခုနှစ်အထိ ပြည်တွင်းစစ်ကာလ (ဖဆပလ ဘက်က ရောင်စုံသူပုန်လို့ အမည်တပ် ခေါ်ဆိုတဲ့ ကာလ) တခုကိုလည်း ဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီကာလမှာ ဖဆပလကို တိုက်ခိုက်နေခဲ့ကြတဲ့ လက်နက်ကိုင် အင်အားစုတွေ အများအပြားနဲ့ ဖဆပလ အစိုးရအနေနဲ့ လွတ်လပ်ရေး ရခါစ တပ်ရင်း ၃/၄ ရင်းသာဖွဲ့စည်းနိုင်သေးပြီး ခုခံတိုက်ခိုက်နေချိန်မှာ…
စစ်အာဏာသိမ်း ၂ နှစ်ခွဲပြည့်မယ့် သြဂုတ် ၁ ရက်နေ့ မတိုင်မီ စစ်ကောင်စီရဲ့ ခြေလှမ်းများ
https://ift.tt/aB3hcmv
<a href="https://blogger.googleusercontent.com/img/a/AVvXsEhrs_EP13u_7bR3K-yBlVN7_JpzDzQCp419ElE6fjyoh6QHRnZAk6DIQGFbZY_j5rcKZRnajHc3bCYQz5sh3AulsXXFBpAW9OksaKU4adtzqv5jECC4AxBZHMaN9Zk9-eKDi1qTOMSSw1dkpzmYcOdxbU39ZfOkmzTiuJ37p6l5feolUX17z79Vw93pjjs">Media</a>
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၉ မြင်ကွင်း(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၂၃
<b>စစ်အာဏာသိမ်း ၂ နှစ်ခွဲပြည့်မယ့် သြဂုတ် ၁ ရက်နေ့ မတိုင်မီ စစ်ကောင်စီရဲ့ ခြေလှမ်းများ </b>အန်အယ်လ်ဒီ ပါတီက အပြတ်အသတ်အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အကြောင်းပြုပြီး စစ်အာဏာသိမ်းခဲ့တာ ခုရက်ပိုင်းအတွင်း ၂ နှစ်ခွဲပြည့်တော့မှာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ အနိုင်ရတာကို ကြည်ကြည်သာသာ ခွင့်ပြုခဲ့ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုတော့ ဒီအတိုင်းလက်မခံပဲ မဲစာရင်းလွဲမှားတယ်ဆိုတဲ့ အကြောင်းပြချက်ကို ပြပြီး အနိုင်ရပါတီ နဲ့ အဲကာလအာဏာရထားတဲ့ အစိုးရကို ခြိမ်းခြောက်ပြီး ရွေးကောက်ပွဲ ရလဒ်ကို တစုံတရာ အပြောင်းအလဲ လုပ်ဖို့ တနည်းအားဖြင့် ဒီအတိုင်းလက်မခံနိုင်တဲ့ အကြောင်း သတင်းစာရှင်းလင်းပွဲ အကြိမ်ရေ ၁ဒါဇင်ကျော် လုပ်ပြီး ဖိအားပေး နောက်ပိုင်းမှာ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အဖြစ်အပျက်တွေကတော့ အများသိကြတဲ့ အတိုင်း ဆန္ဒပြမှု၊ ဖြိုခွဲပစ်ခတ်မှု၊ ဖမ်းဆီးမှု၊ ခုခံတိုက်ခိုက်မှု၊ လက်နက်ကိုင် လမ်းစဥ်ရွေးချယ်ကာ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းမှု နဲ့  ပီဒီအက်ဖ်လို့ ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေပေါ်ထွက်လာတဲ့ ဖြစ်ရပ်တွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း မြို့ပေါ်မှာ အလစ်အငိုက် ပစ်ခတ်မှု၊ လက်လုပ်ဗုံးခွဲမှု၊ သတင်းပေးလို့ သတ်မှတ်သူ၊ သံသယရှိသူ၊ စစ်ကောင်စီအုပ်ချုပ်ရေးရဲ့ ဒေါက်တိုင်လို့ ခေါ်ဆိုသတ်မှတ်တဲ့ အုပ်ချုပ်ရေး၊ အရပ်ဘက် ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုကို လုပ်ကြံသတ်ဖြတ်မှုတွေ၊ တိုက်ပွဲတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေပါ မရှောင် သတ်ဖြတ်မှုတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ နေအိမ်မီးရှို့မှုတွေနဲ့ သောင်းနဲ့ ချီတဲ့ ဖမ်းဆီးမှု၊ တရားစီရင်ခြင်းမရှိဘဲ သတ်ဖြတ်ခံရမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ဖြစ်ရပ်တွေအပြင် ပိုင်ဆိုင်မှုတွေကို သိမ်းယူတာတွေအပြင် ယခင်မကြုံဖူးတဲ့ နှုန်းထားတွေနဲ့ ငွေကြေးဖောင်းပွမှု၊ တိုက်ပွဲတွေ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေမလုပ်ကိုင်နိုင်ပဲ ရိက္ခာအခက်အခဲ၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ အခြေအနေမှာ ကျန်းမာရေးပြဿနာ စတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ပညာရေး အခက်အခဲ ဆုတ်ယုတ်ပျက်ယွင်းမှု များစွာ ဖြစ်ပေါ်ခဲ့တဲ့ ၂ နှစ်ခွဲကာလလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ စစ်ကောင်စီအနေနဲ့ ယမန်နှစ်ကုန်အထိ ရွေးကောက်ပွဲ မကြာခင် ကျင်းပတော့မယ့် ဟန်ပြခဲ့ပေမယ့် ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင် တရက်မှာတော့ နောက်ထပ် ၆ လ သက်တမ်းတိုးပြီး ရွေးကောက်ပွဲ အကြောင်းထက် စစ်အုပ်ချုပ်ရေးကြေညာကာ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်တိုက်ခိုက်ဖို့ ဘက်ကိုဦးတည်ခဲ့တာ ဖြစ်ပါတယ်။ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး တိုးချဲ့ကြေညာပြီး ၆ လခန့်အကြာ အခုနေပြန်ကြည့်မယ်ဆိုရင် စစ်ရေးအရ အသာစီးရလာတဲ့ အနေအထားမရှိပဲ စစ်ကောင်စီအနေနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုဖြစ်ပွားတဲ့ ဧရိယာ ပိုမိုကျယ်ပြန့်လာတာ၊ ဆက်သွယ်ရေး ကားလမ်းတွေကို စိုးမိုးထိန်းချုပ်နိုင်မှု ပိုမိုလျော့ကျလာတဲ့ ရလဒ်သာ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆိုလို့ တဖက်မှာ အန်ယူဂျီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ ဒေသအလိုက် ဖွဲ့စည်းပေါ်ထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ အနေနဲ့ နယ်မြေအရ ပိုမိုထိန်းချုပ်လာနိုင်ပေမယ့်လည်း နိုင်ငံရေးအရ စုစည်းမှုအပိုင်းမှာ အားနည်းနေဆဲ ဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ၂ နှစ်ခွဲတာကာလမှာ သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေး၊ စစ်ကောင်စီတပ်အင်အား ပြန်လည်ဖြည့်တင်းနိုင်ရေး စတာတွေမှာ အကျဘက်တွေဆီ ဦးတည်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ သို့သော် နေ့ချင်းညချင်း စစ်ကောင်စီ ပြိုကွဲကျဆုံးသွားမယ်လို့ မျှော်လင့်ရင်တော့ အလွယ် ကောက်ချက်ချရာကျပါလိမ့်မယ်။ စစ်ကောင်စီအနေနဲ့ သူ့ရဲ့ မဟာဗျူဟာကို ပြောင်းလဲဖို့ စဥ်းစားနေတဲ့ အရိပ်လက္ခဏာတွေကို  ၂ နှစ်ခွဲ မပြည့်ခင် သီတင်းပတ်အနည်းငယ် အလိုမှာတွေ့လာရတာ ဖြစ်ပါတယ်။ ပထမဆုံး လက္ခဏာကတော့ ဇူလိုင်လ ၉ ရက်မှာ ထိုင်းနိုင်ငံရေး ဝန်ကြီးရဲ့ နေပြည်တော်ကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ခွဲလုံးလုံး ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေ ချိုးဖောက်လို့ အမှုရင်ဆိုင်နေရသူ၊ ပြစ်ဒဏ်ကျခံနေရသူအဖြစ် ပုံဖော်ခဲ့ပြီး ရုတ်တရက် နိုင်ငံတကာက အစိုးရအဖွဲ့ဝင် တဦး၊ အာဆီယံနိုင်ငံတနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူနဲ့ တွေ့ဆုံခွင့်ပေးလိုက်ခြင်းက စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့…
မောင်ဘဦး - ငွေကိုသာ ရေလိုသုံးရင်၊ တပြည်လုံးမှာ လုပ်သမျှ တင့်တယ်
https://ift.tt/4EKgVS3
<b>Media</b><b>ငွေကိုသာ ရေလိုသုံးရင်၊ တပြည်လုံးမှာ လုပ်သမျှ တင့်တယ်</b><b>မောင်ဘဦး</b><b>(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၃</b>
မနေ့မနက်က မိုးကြီးရွာလို့ တညလုံး အိပ်ကောင်းသည်မှာ 'အုန်း'သံ လေးတောင် နားမစွင့်လိုက်ရ၊ မနက် ၅ နာရီခွဲ ကျမှ နိုးတော့သည်။ ဒီနေ့ ပင်စင်လိုက်ထုတ်ပေးရမည်။ 'စာအုပ်ကို ကြိုတင် ထပ်ထားပါ' တဲ့။
စာအုပ်ကြိုတင်ထပ်ရန် ဘဏ်သို့ မနက်အစောကြီး တခါမှ မသွားဖူး၍ ခပ်လန့်လန့်ဖြစ်နေသည်၊ 'မြေနိုး စခ' တွေက ဘဏ်မှာ ရှိနေသည်လေ၊ ပြီးတော့ လမ်းတလျောက် 'ကင်းပုန်း'တွေလည်း ရှိတတ်ပါသည်လေ။
မစိုးရိမ် မကြောက်လို့က မဖြစ်။ အာဏာသိမ်းစစ်တပ်၏ ဘောမ, ခွေးသူခိုး 'မြေနိုး စစ်သား' တွေသည် ဆိုင်ကယ် ၂ယောက်ပိုး မစီးပေမင့် ပစ်ချင် ပစ်သတ်သည်။ တလောလေး က,ပင် ရှေ့က'ကျား'နှင့် နောက်က 'မ'၊ ဆိုင်ကယ် ၂ ယောက်ပိုး စီးလာကြသည်ကို 'ကျား'ချည်း ၂ ယောက် ထင်၍ ပစ်လိုက်ရာ၊ နောက်က ထိုင်လိုက်လာသူ 'ဘောပြား' မှာ ရင်ခွဲရုံ ကျောက်ခုတင် ပေါ်တွင်မှ 'ကျမမှာ မိန်းမသား'၊ ပြသ သွားရ ရှာသည်။
သည့်အတွက် 'ဘယ်ချောင်ကနေပစ်လိုက်မှာပါလိမ့်' ဟူသော စိုးရိမ်စိတ်, တထိတ်ထိတ်သော 'ရင်' ဖြင့်၊ သွပ်ဆူးကြိုး အတားအဆီး, သဲအိတ်ဘန် ကာကြီးတွေ ဆင်ယင်ထားရှိရာ ဘဏ်ကြီးရှေ့သို့ ရောက်ခဲ့ပါတော့ သည်။
ဘဏ်ရှေ့ရောက်တော့ ၅ နာရီ ၄၀၊ 'လူပင်လယ်' ကြီးက  'ဖွေး' နေလေပြီ။ 'ပင်စင်နာ'ကြီးတွေ၏ ' ဆံပင်-ကြာဇံထုပ်'ကြီးတွေကို ခေါင်းပေါ်ရွက် တင်ထားကြသည်မှာ ''လှိူင်းခေါင်းဖြူ' လူပင်လယ်' ကြီးနှင့် လွန်တရာ တူလှချေသည်။ 'တစ်ပုံ တစ်ပုံ' လျှင် 'တောင်ဆုပ်' လောက်မြင့်သည့် 'ပင်စင်စာအုပ်ပုံ' ကြီးကလည်း ၆- ပုံအထိ ရောက်ရှိ၍ နေလေပြီ။ 
ယမန်နေ့ညနေဘဏ်မပိတ်ခင်ကတည်းကများ ထပ်ထားကြသလား မသိ။ သို့တည်းမဟုတ်၊ ဘဏ်ဝန်ထမ်းတွေကိုများ ပင်စင်စာအုပ် ပေးထားကြလေသလား မသိ။
သေချာပေါက်သိသည်ကတော့ 'တော်လှန်ရေးအရှိန်အဟုန် တနေ့တခြား ပို၍ပို၍ ကြီးထွား မလာမချင်း၊ အစစအရာရာ အလုံးစုံမှာ တနေ့တခြား ပို ၍ပို၍ ဆိုးရွား လာလိမ့်မည်' ဆိုသည် ကိုပင်။
ပင်စင်စာအုပ်ထပ်စဉ်ကျောင်းအုပ်ဆရာကြီးဟောင်းတဦးနှင့် တွေ့သည်။ ဆရာကြီးက  ' မနက် ၄ နာရီခွဲကပင် စာအုပ်လာထပ်ပါသည်' တဲ့၊ " ထုတ်ဖို့တော့ ၁၀ ခွဲ ၁၁ လောက်သွားရင် သိပ်မစောင့်ရတော့ဘူး..." 'ခွေး -ဘန် ကာ' နှင့် ဝေးရာ ဆိုင်ကယ်ရပ်ထားရာသို့ ဆရာကြီးနှင့် လမ်း လျှောက် စကားပြောရင်း ပြန်လာကြသည်။
"ဆရာကြီး အစောကြီးလာတော့ မကြောက်ဘူးလား"
"ခွေး' ကျည်' က တခါထဲနဲ့ သေရမှာမို့မကြောက်ပါဘူးဗျာ၊ 'မထုတ်ဘူး ပြောပြီးတော့ ပုံမကျပန်းမကျ ၂ သောင်းတန် 'ဆင်ရုပ်' ထုတ်လိုက်တာကတော့ ကျနော်အပါအဝင် လက်လုပ်လက်စား အများပြည်သူတွေ ဒုက္ခ ရောက်ကြရမှာမို့ ကြောက်တယ်ဗျ။ ငွေထုပ်ကို ဘုရားက 'အဆိပ်ပြင်းတဲ့ မြွေ' လို့တောင် ဟောထားသေးတာကလား"။
"လွတ်တော်မပါ ဘာမပါ၊ တရားမဝင် အာဏာသိမ်းအစိုးရမှာ ခုလို ငွေ ကြေးထုတ်ခွင့်မရှိဘူးဗျ။ နောင်တချိန် ' ပြည်သူ့တရားစီရင်တဲ့အခါ' 'ပုဒ်မ' တိုးစရာ ပေါ့ဗျာ။"
"ဘယ့်နှယ်ဗျာ၊ ငွေကြေးထုတ်လုပ်တဲ့ ရည်ရွယ်ချက်ကိုက အများ ပြည်သူ လွယ်လင့်တကူ စိတ်ချမ်းသာစွာ ကိုင်ဆောင်သုံးစွဲနှိုင်ဖို့၊ ငွေကြေးစီးဆင်းမှူချောမောပြေပြစ်စေဖို့ လေ။ လက်လုပ်လက်စား အများပြည်သူဆိုတာက၊ နေ့တွက်လေးမှ ၄,၅,၆ ထောင်ရတာကလား၊ ဘယ်က လာ ၂ သောင်းတန်ကိုင်နိုင်ပါ့ မလဲဗျ"
" တလောလေး က တင်၊ အထည်ချုပ်က ကလေးမ, လေးတွေ တ‌ရက် လုပ်ခ '၈၃၀၀ိ/အထိ ပေးပါ' လို့ ရာဂဏန်းလေးလောက် တိုးတောင်းတာကိုတောင် သူတို့ကပဲ 'ဖမ်း' လိုက်သေးတယ်နော်၊"
"အေးလေ၊ သူတို့လို ‌ပြည်သူပိုင်,အများပိုင်သယံဇာတတွေကို 'သူခိုးဈေး' နဲ့ ရောင်းစား၊ သူခိုးလက်ကနေ 'သူဝှက်'တွေက ဝယ်၊ ပြည်သူဝယ်ပေးထားတဲ့သေနတ်နဲ့ ပြည်သူ့ရွာတွေအိမ်တွေဝင်စီး,မီးရှိူ့၊ ဓားပြတိုက်၊ လူ သားဒိုင်းအဖြစ် ခေါ်၊ လူပြန်ပေးဆွဲပြီး ပြန်အရွေးခိုင်းနေတဲ့ သူတို့တတွေကတော့ သယ်ရပြုရ လွယ်သွားတာပေါ့"
"မကြာခင် 'အတု မိတယ်' လုပ်လိမ့်ဦးမယ် ထင်တယ် ခင်ဗျ"
"သေချာပေါက်ပေါ့ဗျာ၊ ပြီးတော့ ဘယ်သူဘယ်ဝါ့လက်ချက်ပါလို့လဲ လိမ် လည်ပြီး လွှဲချကြဦးမှာပါခင်ဗျ။ အစစဈေးနှုန်းဟူသမျှ ပိုပြီးတက်ကြတော့မှာပါ ဗျာ၊ ပိုပြီး ခက်ကြတော့ မှာပါ"
"အာဏာစသိမ်းကတည်း ကိုက ပြည်တွေ ခက်အောင် ' အင်တာနက် ဖုန်းလိုင်းတွေ အရင်ပိတ်ပြီးမှ အာဏာ သိမ်းရဲတဲ့ စစ်အစိုးရ' ပဲဗျာ၊ မူလ, ဘူတ ကနဦးအစကတည်းကိုက ပြည်သူတွေအပေါ်မှာ မကောင်းတဲ့ စိတ်စေတနာထားလေတော့ ပြည်သူတွေ အော့နှလုံးနာ ရွံကြတာ ဘယ်ဆန်းပါ့မလဲဗျ"
'ဆင်'ကလည်း ဆရာကြီးရာ၊ ပင်စင်မယူခင်က ကျနော့်မူလတန်း ကလေးတွေ သီတင်းကျွတ်မှာ 'ချိုး' တဲ့ ဆင် ရုပ်လောက်တောင် ပုံမလာဘူးဗျ၊ 'အဲ သည်တုန်းကများ မီးပုံးပျံဆင်ရုပ်ကို ကိုင်ထားတဲ့ လက်လည်း လွှတ် လိုက်ရော မီးလောင်ပြီး ချက်ချင်းပြုတ်ကျတော့ တာပဲ"
"အခုလည်း ပြုတ်ကျတော့မှာပါ၊ စောင့်သာကြည့်၊ ဆရာရေ့။"
 တိုးတိုး တုန်တုန်ရီရီအသံနှင့်ပြောပြ၍ စောစောက ' စိုးရိမ်စိတ် ကြောက်စိတ်' ဟူသမျှတို့မှာ 'ပြုံးစိတ်' သို့ ပြောင်းလဲသွားရသည်။
မှန်လှပေသည်။ 'တော်လှန်ရေးအရှိန်အဟုန်' ယခုထက် ပို၍ပို၍ ကြီးထွား…
ကရင်နီစစ်ဘေးရှောင် ဒုက္ခသည်အချို့ အာဆီယံ လူသားချင်းစာနာမှုအကူအညီရ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အစွမ်းကုန်ကြိုးစားမယ်ဆိုတဲ့ NLD ပါတီရဲ့ ထုတ်ပြန်ချက်
https://ift.tt/Tk48Dyo
<a href="https://blogger.googleusercontent.com/img/a/AVvXsEgjaRvP4GDY0u8_teUjTLzhjIBWVWOQHhMg6ZDNG6Ggm8_0RDBzh1wdbyIMCyLb7IUgV3OJ_tr9kzvrt1OpPjuXHMrx8-klOdd3JVPefaUFvBX27E_SCJaClInVR7FAsfdHrU4Z1vL09NYJ5vg2pTiVgjwjpFUD3r-JEDZDSDiFzklfASvT4H9CfLSbQ6w">Media</a>
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၃၀ မြင်ကွင်း(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၃
<b>ကရင်နီစစ်ဘေးရှောင် ဒုက္ခသည်အချို့ အာဆီယံ လူသားချင်းစာနာမှုအကူအညီရ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အစွမ်းကုန်ကြိုးစားမယ်ဆိုတဲ့ NLD ပါတီရဲ့ ထုတ်ပြန်ချက် </b>ကရင်နီပြည်နယ်က စစ်ဘေး တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို အာဆီယံအဖွဲ့ကြီးရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအကူအညီ AHA က ပေးအပ်တဲ့ အကူအညီတွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်တဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ PNLO က တဆင့်ပေးအပ်နိုင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ ကရင်နီပြည်နယ်က စစ်ဘေးရှောင်သူတွေဟာ ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းလူမျိုးတွေအများစု နေထိုင်ရာ ဒေသဖြစ်တဲ့ ဆီဆိုင်မြို့နယ်ထဲမှာ ခိုလှုံနေကြတာဖြစ်ပြီး ၄င်းတို့ကို အာဆီယံအဖွဲ့ရဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်ရာမှာ အဆိုပါဒေသက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ PNLO အဖွဲ့ကတဆင့် စစ်ဘေးရှောင်တွေကို ပေးအပ်ရာမှာ စစ်ဘေးရှောင် ဦးရေ ၁၄၀၀ အတွက် ပထမဆုံးအကြိမ်ပေးဝေ နိုင်တာ ဖြစ်ပါတယ်။ အခုလိုအကူအညီပေးဝေဖို့ အတွက် ညှိနှိုင်းမှုတွေ လုပ်ဆောင်ရာမှာ ပြီးခဲ့တဲ့မေလက အာဆီယံ သံတမန် ယာဥ်တန်းကို ဘယ်အဖွဲ့ကမှန်းမသိရတဲ့ လက်နက်ကိုင် အချို့က ပစ်ခတ်မှုတွေရှိခဲ့ပြီး လူသေဆုံးမှုမရှိပေမယ့် ယာဥ်တန်းက ကားအချို့ ထိမှန်ခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့တာပါ။ ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး လအနည်းငယ်ကြာကတည်းက စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ ဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာသလို စစ်အာဏာသိမ်းပြီးနောက်မှ ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့အသစ်တွေ၊ အာဏာသိမ်းမှုမတိုင်ခင် ထက် များစွာတိုးပွားလာတဲ့ လက်နက်ကိုင် အင်အားတွေ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ နယ်မြေစိုးမိုးရေး၊ တပ်စခန်း တွေကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေပြီး ကရင်နီပြည်နယ်က ဒေသခံတွေ အနေနဲ့ ပြည်နယ်အတွင်းမှာသော်လည်းကောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံ နယ်စပ်ကို သော်လည်းကောင်း၊ ရှမ်းပြည်နယ်ထဲက မြို့တွေရွာတွေဆီ တိမ်းရှောင်နေကြရတာ လ သို့မဟုတ် နှစ်နဲ့ချီရှိနေတာလည်း ဖြစ်ပါတယ်။ လူဦးရေအားဖြင့် ၃ သိန်းကျော်သာရှိတဲ့ ကရင်နီပြည်နယ် လူဦးရေရဲ့ ထက်ဝက်ကျော်တဲ့ ပမာဏဖြစ်တဲ့ ၂ သိန်းခွဲကျော်က နေရပ်ကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အချက်အလက် ကောက်ယူတဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာ တွေ့ရလို့ ကရင်နီပြည်နယ် အနေအထားဟာ လူဦးရေရဲ့ ထက်ဝက်ကျော် စစ်ဘေးရှောင်နေရတဲ့ အနေအထားဖြစ်ပြီး မိမိတို့ နေအိမ်ကနေ လနဲ့ နှစ်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရသူတွေ အများအပြားရှိနေတာလည်း ဖြစ်ပါတယ်။ အဆိုပါ မိမိတို့နေရပ်ကနေ လ၊ နှစ်ချီထွက်ပြေးတိမ်းရှောင်နေရသူတွေအဖို့ မူလ အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်တဲ စိုက်ပျိုးရေး မွေးမြူရေးတွေ မလုပ်နိုင်တော့တာကြောင့် အကူအညီကိုသာ မှီခိုနေရတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ တဖက်မှာ စစ်ကောင်စီက လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပွားရာဒေသတွေမှာ အရပ်သားတွေကို စာနာမှုအကူအညီပေးအပ်တဲ့ အဖွဲ့အစည်းတွေကို ဝင်ရောက်ခွင့် ကူညီခွင့် ပေးမထားပဲ ဖြတ် ၄ ဖြတ်ပေါ်လစီနဲ့ ပိတ်ဆို့မှုတွေ လုပ်ထားတာကလည်း ဒေသခံတွေအဖို့ အကူအညီပေးအပ်ချင်တဲ့ အဖွဲ့အစည်းရှိနေသည့်တိုင် လက်ခံရယူနိုင်ခြင်း မရှိတဲ့အခြေအနေမျိုးဖြစ်နေတာပါ။ အခု အကူအညီပေးအပ်ခွင့်ရတဲ့ ဒေသက စစ်ဘေးရှောင်သူတွေဟာ စစ်ဘေးရှောင် ၂ သိန်းခွဲကျော်ထဲက သေးငယ်လှတဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားလာရင် ဒေသခံတွေပါ ဒုက္ခရောက်မယ်ဆိုတဲ့ အချက်ကို စစ်ကောင်စီဘက်က လုပ်ဆောင်ပြီး လက်နက်ကိုင် တိုက်ခိုက်မှုမှာ အရပ်သားတွေ အနေနဲ့ ရိက္ခာဆေးဝါး အကူအညီမရအောင် တားမြစ် ပိတ်ဆို့တာလည်း ဖြစ်ပါတယ်။ ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ဇူလိုင် ၂၉ ရက်နေ့က အန်အယ်ဒီပါတီ ဗဟိုကော်မတီက အစည်းအဝေးတရပ်ကို အွန်လိုင်းမှတဆင့် ကျင်းပပြီး လက်ရှိအခြေအနေနဲ့ ပတ်သက်တဲ့ သဘောထားတချို့ကို ထုတ်ပြန်ခဲ့ရာမှာ ထူးခြားတဲ့ အချက်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်နဲ့ တိုင်းရင်းသားအရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာဖို့ အတွက် တိုင်းရင်းသားရေးရာ ကော်မတီကို တိုးချဲ့ဖွဲ့စည်းရန်တွေ ပါဝင်တာဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ “ပေါ်ပေါက်လာသော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် ချန်လှပ်ထား၍…
K မိုး - သမိုင်းတခေတ်ကို ပိုင်းဆစ်ကြည့်ခြင်း
https://ift.tt/ed1rCYA
Media
K မိုး - သမိုင်းတခေတ်ကို ပိုင်းဆစ်ကြည့်ခြင်း(မိုးမခ) ဇူလိုင် ၃၁ ၊ ၂၀၂၃
ယူကရိန်းလို ကမ္ဘာမကျော်ပေမယ့်အိပ်မောကျနေတဲ့ ငါ့နိုင်ငံတော်သန်းခေါင်ယံ အိပ်မက်လို ညတွေအသက်ဝဝ ရှူရတာထက်အသက်အောင့်ထားရတာ ပိုများလွန်းလှ.....။
တနေ့ထက် တနေ့ပိုပိုပြီး ကျိန်စာသင့်နေသူတွေမကြာခင်ခါးသီးလွန်းတဲ့ ပြည်သူ့ဘဝများစွာကြွေလွင့်ကြမ္မာရိုင်းကရုန်းထွက်လွတ်မြောက်မိုးသောက်အရုဏ်ဦးမှာမင်္ဂလာပါလို့ နှုတ်ဆက်ခွင့်ရတော့မယ်။
နှင်းဆီကို.....အကျဉ်းချလည်းသူ့ရနံ့က ကမ္ဘာအနှံ့ ပျံ့လွင့်လို့....။
လူတိုင်းမှာ....မတူညီနိုင်တဲ့အရည်အချင်းကိုယ်စီ ရှိတယ်ဆိုတာ လုံးဝ လုံးဝ မမေ့ပါနဲ့....။
ပုဂံရာဇဝင်မှာအနော်ရထာ မျက်မာန်ရှလို့ပရိမ္မအရပ်ကို ထွက်ပြေးတိမ်းရှောင်ရတဲ့ကျန်စစ်သားကအချိန်တန်တော့လည်းရာဇပလ္လင်မှာ ထိုင်ပြီး ဘိသိက်ခံ မင်းတစ်ပါးတိုင်းပြုပြည်ပြု လုပ်ရပ်နဲ့ဂုဏ်ဒြပ် တက်ခဲ့ရဒီလိုပါပဲ ...ဒီလိုပါပဲ .. တနေ့နေ့ တချိန်ချိန် ဆိုတာမကြာတော့ပါ...။


Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဒေါ်အောင်ဆန်းစုကြည်နှင့် ပဉ္စာနန္တရိယကံကြီးထိုက်သူမျာ
https://ift.tt/wvfS6tC
<a href="https://blogger.googleusercontent.com/img/a/AVvXsEgvgvHAATOZ5jIqqia9w7OSaONra-6reNPLoepyWTdDiDsCCIT8ie6ayN3treRHiVDCyjyMdozvy8XVNzA30zrG4KTviMbtf0oTef8t93-iOUu4_wezqofC1C2BBKEkcwQ2GXZ2NTyvINIP4Y27ctcNs_k6ubuUOvH8YeFGvR9lIhdmfzWl4NSLAP5Yovg">Media</a>
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဒေါ်အောင်ဆန်းစုကြည်နှင့် ပဉ္စာနန္တရိယကံကြီးထိုက်သူများ(မိုးမခ) ဇူလိုင် ၃၁ ၊ ၂၀၂၃
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသဘောထားက အရင်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ မတူတာများတယ်။ သူက မြေအောက်မလုပ်ဖူး။ ဥပဒေပေးထားချက်ထဲက ရအောင်လုပ်တာ။ ဥပဒေဆိုတာက ဘာကောင်ဘဲအုပ်အုပ်၊ ဘာစနစ်ဘဲလုပ်လုပ် လူမြင်ကောင်းအောင် ပေးထားရတဲ့အခွင့်အရေးလေးတွေက ရှိသေးတာကိုး။ သူက အဲဒီဘောင်ထဲကနေ တော်လှန်တာ။ ဘာလို့ အဲလို တော်လှန်ရေးမျိုးကို ရွေးလဲဆိုတော့ သူ လုပ်နိုင်တာကိုး။ လက်နက်ကိုင်တာတို့ ဘာတို့ကျ သူ မလုပ်နိုင်ဘူး။ သူက သူကိုယ်တိုင်မလုပ်တဲ့ဟာကို သူများကို မခိုင်းဘူး။ မစည်းရုံးဘူး။ မလှုံ့ဆော်ဘူး။ အဲဒါ တခြားနိုင်ငံရေးခေါင်းဆောင်တွေနဲ့ မတူတာဘဲ။ အဲဒါကို တချို့က ဒေါ်စုဟာ လက်နက်ကိုင်တော်လှန်ရေး မထောက်ခံဘူး ဆိုတဲ့ဘက်ကို တွန်းချတယ်။ သူက သူ ပါဝင်လုပ်ဆောင်တဲ့ နိုင်ငံရေးမျိုးကိုပဲ ပြောတယ်။ သူ ဖမ်းခံရသမျှက သူလုပ်တဲ့တော်လှန်ရေးပုံစံဘဲ။ ဧရာဝတီတိုင်း ခရီးစဉ်၊ ဒီပဲယင်းခရီးစဉ်စတဲ့ ခရီးစဉ်တွေကြည့်မလား၊ သူ အဖမ်းခံရတဲ့ ကိစ္စတိုင်းက သူ့နိုင်ငံရေးလုပ်နည်းလုပ်ဟန်ကြောင့်ချည်းဘဲ။ အဲဒါကဘဲ ပြည်သူတရပ်လုံးကို လှုံ့ဆော်နိုင်ပြီး နိုင်ငံရေးအောင်မြင်မှုတွေ ရလာတာဘဲ။ သူ ရတဲ့နိုင်ငံရေးအောင်မြင်မှုမျိုးကလဲ ဘယ်သူမှ မရခဲ့သေးဘူးလေ။ ဘာ့လို့ဆို သူ့လို နိုင်ငံရေးကို ပြည်သူတရပ်လုံး သတိမူမိအောင် လုပ်နိုင်ကြတာမှ မဟုတ်ပဲကိုး။ အခု သူ့ကြောင့် နိုင်ငံရေးကို သတိမူမိတဲ့ ပြည်သူအများစုဟာ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်လိုက်ပြီ။ တစုံတယောက်ရဲ့ စည်းရုံးလှုံ့‌ဆော်မှုကြောင့် မဟုတ်ဘဲ ပြည်သူကိုယ်တိုင် လုပ်နိုင်လို့ ရွေးချယ်ပြီဆိုမှတော့ ဒီလက်နက်ကိုင်တော်လှန်ရေးဟာ မအောင်မြင်စရာ အကြောင်းမရှိသလို ဒေါ်စု လက်မခံစရာလဲ အကြောင်းမရှိဘူးလေ။ ဘာ့လို့ဆို ဒီတခါ အာဏာသိမ်းတာက ဒေါ်စု လုပ်လို့ရတဲ့ နိုင်ငံရေးဆိုင်ရာ ဥပဒေတွေ အကုန်ပျက်သွားတာကိုး။ အဲဒီတော့ ဥပဒေတွင်းတိုက်ပွဲ ဝင်စရာကို မရှိတော့တာ။ မလိုတော့တာ။ အခု ဒေါ်စု ရင်ဆိုင်နေတဲ့ ဥ‌ပဒေက ရာဇဝတ်မှုနဲ့စွဲထားလို့ ရာဇဝတ်ကြောင်း ရင်ဆိုင်နေတာ။ နိုင်ငံရေးအရ ရင်ဆိုင်ဖို့ ဥပဒေက အာဏာသိမ်းကထဲက လစ်သွားပြီ။ မရှိတော့ဘူး။ မအလနဲ့ စစ်တပ်က သူတို့ စောင့်ထိန်းပါမယ်ဆိုတဲ့ ဥပဒေကို သူခိုးစျေးတောင်မရဘဲ ရောင်းလိုက်တာ မဟုတ်လား။ အဲဒီအာဏာသိမ်းလုပ်ရပ်က အဲဒီအချိန်တည်ဆဲခြေဥကို ကျော်ပြီး သိမ်းလိုက်တာဆိုတော့ အလိုလိုပျက်သွားပါရောလား။ ဆန္ဒပြတာလဲ ပစ်သတ်ပြီဆိုတော့ ဥပဒေတွင်းလုပ်စရာ ဘာမှကို မကျန်တော့တာလေ။ အဲဒီတော့ ပြည်သူက လက်နက်ကိုင်တော်လှန်ရေးကို ရွေးလိုက်ရတယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ ကိုဗစ်တိုက်ဖျက်ရေးတုန်းကလို ကိုစစ် တိုက်ဖျက်ရေးအတွက် ဒေသအလိုက်ပြည်သူနဲ့ ဒေါ်စု ဇွန်းမီတင်လိုက်ရရင် ပိုတောင် မြန်မြန်ဆန်ဆန် ပြတ်သွားအုံးမယ်။ပဉ္စာနန္တရိယကံထိုက်နေတဲ့ စစ်တပ်ဟာ ဒေါ်စု ပုံရိပ်ကို အလွဲသုံးပြီး လက်နက်ကိုင်တော်လှန်ရေးကိုဖြိုခွဲဖို့ လုပ်ဆောင်နေတာတွေဟာ ဒေါ်စုနဲ့ ပြည်သူကို သေချာနားမလည်တာရယ်၊ ကိုယ် ကျူးလွန်ထားတဲ့ အကုသိုလ်ကံရဲ့ အတိုင်းအဆကို မသိချင်ယောင်ဆောင်တာရယ်၊ ဒီကံရဲ့ အကျိုးပေးပုံကို နားမလည်တာ‌ရယ်ကြောင့်ပါ။အနန္တရိယကံဆိုတာ ဘဝမခြား အပါယ်လားတဲ့ကံလေ။ ဘာနဲ့မှ အစားထိုး ချေဖျက်လို့ မရတဲ့ကံ။ ကျူးလွန်ပြီးတာနဲ့ သွားရမယ့်ကံ။ တပါးတည်းနဲ့တောင် အပါယ်လားတာ ငါးပါးအစုံ အကုန်လွန်ကျူးထားတဲ့ အာဏာရူးများအတွက်တော့ ဆိုဖွယ်ရာမရှိပ။ ဘယ်လိုများ ငါးပါးလုံး ကျူးလွန်ထားသလဲဆိုတော့ စစ်တပ် ဆိုတာ ပြည်သူက မွေးထား ကျွေးထား ဆင်ထားရတာ မဟုတ်လား။ စစ်တပ်က မိုးပေါ်ကျ မဟုတ်ဖူးလေ။ သူ့မှာ ပြည်သူ ဆိုတဲ့ အဖေ အမေ ရှိတယ်။ အဲဒီတော့ ပြည်သူကိုသတ်နေတာဟာ မာတုဃာတက = အမိသတ်ကံနဲ့ ပိတုဃာတက = အဖသတ်ကံကို တပြိုင်တည်း ကျူးလွန်တာပေါ့။ ပြည်သူကို နေ့စဉ် သတ်ဖြတ်မီးတိုက်ရုံမက တပြည်သားချင်း ကိုယ့်နှမအရင်းတွေကို မုဒိမ်းပါ ကျင့်လိုက်သေးတာ။ အရဟန္တဃာတကဆိုတဲ့ သူတော်စဉ် သူတော်ကောင်းတွေကို အလောင်းမပြတ် သတ်ဖြတ်နေတဲ့ ကံတွေလဲ ပြုထားတာက ရေတောင်မရေနိုင်။ လောဟိတုပ္ပါဒက ဆိုတာကတော့ ဒေဝဒတ်ကမှ ဘုရားခြေမကလေး သွေးစိမ်းတည်အောင်သာ လုပ်တာ၊ မအလနဲ့ စစ်တပ်ကတော့ ဘုရားရှင့်သာသနာတခုလုံး သွေးစိမ်းပန်းအောင် လုပ်ထားတာကလား။ ရှေ့လျှောက် ဆွမ်းရေးကွမ်းရေးတောင် မရေမရာ။  သံဃဘေဒကဆိုတဲ့ သံဃာသင်းခွဲတဲ့ကံကတော့ ပြောမနေနဲ့၊ မဘသခေတ်ကစလို့ အနီသံဃာ၊ အစိမ်းသံဃာ၊ အဝါသံဃာ သံဃာ ဘယ်လောက်ကွဲနေလဲသာ ကြည့်။ ပြန်ကို စေ့မရတော့တာ။ ဒါ သာသနာပြိုပျက်ဖို့ အလားအလာဘဲလေ။အဲလို အနန္တရိယကံငါးပါးလုံး သိမ်းကျုံး ကျူးလွန်ထားသူက ဒေါ်စု ပုံရိပ်ခိုရုံနဲ့…
ကာတွန်း Gyaw Dee - ၆ လ ၆ လ ၆လ
https://ift.tt/FU7yMiC
Media
ကာတွန်း Gyaw Dee - ၆ လ ၆ လ ၆ လ(မိုးမခ) ဩဂုတ် ၁ ၊ ၂၀၂၃


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
သက်တမ်းအကြိမ်ကြိမ်တိုးနေရတော့ အချိန်ပိုကန်နေတဲ့ ကာလုံဘောလုံးပွဲလား
https://ift.tt/lb7saPt
<a href="https://blogger.googleusercontent.com/img/a/AVvXsEhFG7ixUIMfVB4y4FqimI-9FCoNny0rLwHNHTjHMd6HmtCInY-fyhQroaUCQoPpEazMOmgxttSql1x69iy0HXLSktPLPWFBQ8pt4pVncmNiS5w4gLqoHDCCq3cLZfr23FklCiABQ0DpDepL4oL3b3B78hVzFOLxDrNTQjc6ioSQOQaO0wPYU98jWJ4PECM=w855-h484">Media</a>
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၃၁ မြင်ကွင်း(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၃<b>
</b><b>သက်တမ်းအကြိမ်ကြိမ်တိုးနေရတော့ အချိန်ပိုကန်နေတဲ့ ကာလုံဘောလုံးပွဲလား</b>အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဇူလိုင် ၃၁ ရက် ဒီနေ့ နေပြည်တော်မှာ ပြုလုပ်ပြီး အရေးပေါ်ကာလသက်တမ်းကို နောက်ခြောက်လ ထပ်တိုးလိုက်ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTV က ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်မှာ ကြေညာပါတယ်။ ဒီနေ့ကာလုံ အစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ယာယီသမ္မတ ဦးမြင့်ဆွေနဲ့ အတူ NLD အစိုးရလက်ထက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ပါ တက်ရောက်တာ တွေ့ရပါတယ်လို့ RFA မြန်မာသတင်းဌာနက ပြောပါတယ်။လက်ရှိကာလုံအဖွဲ့မှာ သူတို့ဆိုလိုချင်တာက - ၂၀၀၈ ခြေဥအတိုင်း သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော်ဥက္ကဌတွေ၊ အထင်ကရဝန်ကြီးတွေ လူစုံနီးပါး တက်ရောက်တယ်လို့ ပြသတာဖြစ်ပါတယ်။ သို့သော် ယခင်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်ခိုင်သန်းတို့ ပါဝင်ခြင်း မရှိပါဘူး။ အာဏာသိမ်းစစ်ကောင်စီက သူတို့စစ်တပ်ကနေ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့ကို အစားထိုးထည့်ထားတာကလွဲရင် ကျန်သူများက စစ်တပ်အလိုကျ လိုက်ပါကစားကြသူတဲ့ အရင်လူတွေ ဖြစ်ပါတယ်။၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ၏ အစိုးရသက်တမ်းကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ရင်ကြားစေ့ရေးတို့ကို စစ်အုပ်စုနဲ့ ဦးစားပေးဆောင်ရွက်ခဲ့ပြီး မျက်နှာစာပေါင်းစုံက ပုဂ္ဂိုလ်များနဲ့လည်း မိတ်ဆွေဖွဲ့ ဆက်ဆံရေးတွေ ထူထောင်ခဲ့ပါတယ်။ အဲသည်ထဲက NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မိတ်ဆွေအဖြစ် ထူထောင်ခဲ့ကြသူအချို့ဟာ ယခုလို စစ်အာဏာသိမ်းကာလမှစပြီး ကိုယ့်ဘက်က ရပ်တည်တဲ့မိတ်ဆွေတွေ မဟုတ်တော့ဘဲ ရန်သူရဲ့အသုံးချခံရသူတွေ၊ စစ်အာဏာရှင်ဘက်တော်သားတွေ၊ စစ်အုပ်စုကို မလွန်ဆန်သူတွေ ဖြစ်လာတာကို တွေ့လာရပါတယ်။စစ်ကောင်စီက အကြိမ်ကြိမ် အရေးပေါ်အခြေအနေကို အကြောင်းပြပြီး ကာလုံသက်တမ်းတိုးနေတာက ဘောလုံးပွဲ မိနစ် ၉၀ အချိန်ပြည့်ကန်ပြီးတာတောင် အခြေအနေမကောင်းသေးလို့ အချိန်ပို ထပ်ကန်နေရတဲ့ ဘောလုံးပွဲလိုပဲလို့ စာဖတ်ပရိသတ်တဦးက မှတ်ချက်ပေးပါတယ်။ ပြီးတော့ သူတို့တွေက အရင်NLD အစိုးရဘက်က အသင်းပြောင်းတဲ့ (ဘက်ပြောင်းတဲ့)  လူတွေကို သူတို့အသင်းထဲ ထည့်ပြီး ကစားပြနေတာလည်း ဟာသတပုဒ်လိုပဲ လို့ ပြောပါတယ်။ တကယ်တန်းက ဟာသမဟုတ်ပါဘူး။ မိတ်ဆွေတွေ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်လို့ ယုံကြည်ရသူတွေက စစ်ကောင်စီထံ အညံ့ခံ ဒူးထောက်သွားတာကို မြင်တွေ့ကြရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့  ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ချပစ်ဖို့အတွက် ယခင်အစိုးရလက်ထက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်းနဲ့ ခရိုနီလုပ်ငန်းရှင် မောင်ဝိတ်တို့ အသိုင်းအဝိုင်းတွေအားလုံးကို စိတ်တိုင်းကျ အသုံးချခဲ့တာကလည်း မြန်မာပြည်သူတွေ နွေဦးတော်လှန်ရေးသမားတွေဘက်က မေ့ဖျောက်ပစ်လို့မရတဲ့ မှတ်တမ်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ၏ ကြိုးကိုင်ထားမှု အင်အားပြ အနိုင်ကျင့်နေမှုကို ကြောက်ရွံ့ဝပ်ကျိုးသွားတဲ့ ယခင် NLD နဲ့ မိတ်ဘက် လူပုဂ္ဂိုလ်များကိုယ်တိုင်ကလည်း သူတို့၏ အားနည်းချက်ကို ကြောက်ရွံ့မှုတွေ ဘယာဂတိတွေကို ဝန်မခံလိုဘဲ စစ်ကောင်စီ အာဏာသိမ်းတဲ့ဘက်က ရပ်တည် ကာကွယ် ပြောဆိုနေတာ၊ နွေဦးတော်လှန်ရေးကို ပုတ်ခတ်ပြောဆိုနေတာကလည်း နောက်စစ်အာဏာရှင်၏ အချိန်ပို နာကျင်ချိန်တွေမှာ စစ်ဘောပွဲကို ဝင်ကန်ဖို့ တန်းစီနေကြပုံ ရတယ်လို့ မှတ်ချက်ပေးကြပါတယ်။စစ်ကောင်စီက ကာလုံအရေးပေါ်သက်တမ်းတိုးလိုက်တဲ့နေ့မှာပဲ အမေရိကန်အစိုးရကတော့ အဆိုပါကြေညာချက်ကို ရှုတ်ချ ကန့်ကွက်လိုက်ပါတယ်။  ၂ နှစ်ခွဲလုံးလုံး လူသတ်၊ မီးရှို့၊ ဖျက်ဆီးနေတဲ့ စစ်တပ်၊ လူ ၁ ဒသမ ၆ သန်း အိုးမဲ့အိမ်မဲ့ ဒုက္ခသည်ဖြစ်အောင်လုပ်နေတဲ့ စစ်ကောင်စီ၏ သက်တမ်းတိုးမှုဟာ မြန်မာပြည်ကို ပိုဆိုးဖို့ပဲ ဖြစ်စေတယ်လို့ အမေရိကန်အစိုးရက ပြစ်တင်လိုက်ပါတယ်။ အဲသည်နေ့မှာပဲ NUG နဲ့ NUCC တို့ အရေးပေါ်အစည်းအဝေးကျင်းပပြီး ၎င်းတို့ ရပ်တည်ချက်အတိုင်း နွေဦးတော်လှန်ရေးကို ဆက်ချီတက်မယ်လို့ ပြောဆိုကြပါတယ်။အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားရာမှာ -  “ကျနော်တို့မှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ရှိပါတယ်။ (၁) အာဏာရှင် လုံးဝအမြစ်ပြတ်ရေးနဲ့ (၂) ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးသာ အဓိကဖြစ်ပါတယ်။ အရေးကြီးဆုံး လမ်းကြောင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းကြောင်း (political path) က ရပြီးသားဖြစ်ပါတယ်။…
စစ်ကောင်စီရဲ့ ပြစ်ဒဏ်လျှော့ပေါ့ခွင့်နဲ့ လွတ်ငြိမ်းခွင့် အကျိုးအမြတ်
https://ift.tt/zI5AgdS
<a href="https://blogger.googleusercontent.com/img/a/AVvXsEi9c8Hm5kgdNlxpxHVZhWbrF9V_8aajnu6ZElQG9UnyUVkVCTZVFmwjDRaRcfPKkcig98aWo6AV3kmn7UFRT70Kjotb8PCrMePezjp5Nswx5N-vcMPBAX8sxpu-gmnE1VtylwMB3QQYlO5FrRbChSdEL-NF3D7ohg5Fd-Mra5ogUWimNijdFHxzRv7HZrU">Media</a>
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁ မြင်ကွင်း(မိုးမခ) ဩဂုတ် ၂၊ ၂၀၂၃
<b>စစ်ကောင်စီရဲ့ ပြစ်ဒဏ်လျှော့ပေါ့ခွင့်နဲ့ လွတ်ငြိမ်းခွင့် အကျိုးအမြတ်</b>စစ်ကောင်စီ ဥက္ကဌက မာရဝိဇယ ဆင်းတုတော်လို့ အမည်ပေးထားတဲ့ ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပွဲ ကို ဒုတိယ ဝါဆိုလပြည့်နေ့ ဖြစ်တဲ့ သြဂုတ်လ ၁ ရက်နေ့မှာ အနေကဇာတင်တဲ့ အခမ်းအနား ကျင်းပချိန်မှာ ဗုဒ္ဓဓမ္မစင်္ကြာနေ့ အထိမ်းအမှတ်နဲ့ အကျဥ်းသား ၇၇၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးတဲ့ အကြောင်း ထုတ်ပြန်ကြေညာပြီး တပြိုင်နက်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ အပေါ် စီရင်ချက်ချမှတ်ထားတဲ့ အမှုအချို့ကို ပုဒ်မ ၄၀၁ အရ လွတ်ငြိမ်းခွင့်ပြုတဲ့အကြောင်း ကြေညာလိုက်ပါတယ်။ ဒါ့အပြင် သေဒဏ်ချမှတ်ခံထားရသူတွေရဲ့ ပြစ်ဒဏ်ကိုလည်း တသက်တကျွန်းပြစ်ဒဏ်အဖြစ် ပြောင်းလဲလိုက် သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ ဆက်သွယ်သူ၊ သို့မဟုတ် လက်နက်ကိုင် အဖွဲ့ဝင်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံရသူတွေအနက်က ၇၂ ဦးကိုလည်း ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ သီးခြားထုတ်ပြန်ထားတာ တွေ့ရပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေထဲက အနည်းငယ်မျှသော ပြစ်ဒဏ် လျှော့ပေါ့လိုက်ခြင်းက အများမျှော်လင့်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်ရေးနဲ့ အများကြီး အလှမ်းဝေးနေတာ ဖြစ်ပြီး လက်ရှိနိုင်ငံရေး ပြဿနာကို ပြေလည်စေမယ့် လက္ခဏာလည်း မဟုတ်တာတွေ့ရမှာ ဖြစ်ပါတယ်။ အကျဥ်းကျခံနေရသူ ၇၇၀၀ ကျော် လွတ်ငြိမ်းခွင့်ပေးလိုက်တယ်ဆိုတဲ့ ကြေညာချက်ကို ကြည့်ရင်လည်း ဒီအရေအတွက် အတိုင်း အမှန်တကယ် လွှတ်ပေးရဲ့လားဆိုတာ စိစစ်ဖို့ခက်ခဲသလို လွတ်မြောက်သူတွေရဲ့ ၉၀ ရာနှုန်းကျော်က နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံရသူတွေ မဟုတ်ပဲ၊ ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံရသူတွေ ဖြစ်တာတွေ့ရမှာပါ။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအရ ဆန့်ကျင်သူ၊ PDF လက်နက်ကိုင် လှုပ်ရှားမှုတွေကို ကူညီထောက်ပံ့သူတွေကို ဖမ်းဆီးတာ၊ အမှုဖွင့် တရားစွဲဆို ပြစ်ဒဏ်ချတာတွေကို အထိန်းအကွပ်မဲ့  စစ်ကောင်စီက လုပ်ဆောင်နေတာကြောင့် အကျဥ်းထောင်တွေထဲ ဖမ်းဆီးခံရသူ သောင်းဂဏန်းနဲ့ ချီရှိနေပြီး ရန်ကုန်၊ မန္တလေးလို အကျဥ်းထောင်တွေမှာ အကျဥ်းသား ဦးရေ ပြည့်လျှံနေတာ ဖြစ်ပါတယ်။ အကျဥ်းထောင်တွေမှာ လျှံနေတဲ့အနေအထားမှာ အခုလို တနှစ်မှာ ၃ ကြိမ်ဝန်းကျင် လွတ်ငြိမ်းခွင့်ကြေညာရာမှာ ရာဇဝတ်မှုနဲ့ ကျခံနေရသူ အများစုကို လွှတ်ပေးပြီး အဲဒီအရေအတွက်တွေအထဲ လူသိတဲ့ နိုင်ငံရေး လှုပ်ရှားသူ၊ သတင်းသမားနဲ့ Celebrities တချို့ကို ရောထည့်ကာ စစ်ကောင်စီအနေနဲ့ ဝါဒဖြန့်ချိရေး လုပ်နေကျ ဖြစ်ပါတယ်။ အခုတကြိမ်မှာတော့ အခုလို လွတ်ငြိမ်းခွင့်ထဲ ထင်ရှားလူသိများတဲ့ လွတ်လာသူ မဆိုစလောက်သာပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ရဲ့ ပြစ်ဒဏ် နှစ်အနည်းငယ်ကိုပါဝင်အောင် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းတွေက ထွက်ပေါ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ကနေ ပိုမိုသက်တောင့် သက်သာရှိတဲ့ ဒုဝန်ကြီး အိမ်ရာကို ရွှေ့ပြောင်းတယ်ဆိုတဲ့ သတင်းတွေကို စစ်ကောင်စီဘက်က ထပ်မံငြင်းဆိုလိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားပြောဆွေးနွေးနိုင်ခြေရှိတယ် ဆိုတဲ့ထွက်နေတဲ့ သတင်းတွေကိုပါ ချေဖျက်လိုက်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ သက်တမ်း ၆ လ ထပ်တိုးလိုက်ရာမှာ မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ နေရာအနှံ့ဖြစ်ပွားနေတာကို ရည်ညွှန်းပြီး လက်ရှိအနေအထားမျိုးအောက်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ရင် ဘယ်လိုထင်မြင်ချက်တွေ ဝေဖန်မှုတွေရှိနိုင်တယ်ဆိုတာမျိုး ဆင်ခြေပေးပြီး အရေးပေါ် အခြေအနေကြေညာထားချက် တနည်းအားဖြင့် စစ်တပ်က အာဏာရယူထားတာကို ထပ်မံသက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် အခြေအနေဟာ ၁၉၉၀ အလွန် နဲ့ ၂၀၀၀ ခုနှစ် အစပိုင်းက နအဖ လက်ထက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမှု မျှော်လင့်မှုတွေနဲ့ နောက်ခံခြင်း မတူတော့တဲ့ အခြေအနေဆိုတာ နှိုင်းယှဥ်ကြည့်ရင် သဘောပေါက်နိုင်ပါတယ်။ နအဖ ခေတ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ နိုင်ငံရေး ပါတီအဖြစ် လှုပ်ရှားတဲ့ နောက်ခံအနေအထားဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေး ကို ဦးတည်ပြောဆိုကြတဲ့ အနေအထားဖြစ်ပါတယ်။ အခု ၂၀၂၁ ခုနှစ်နောက်ပိုင်း အနေအထားက လက်နက်ကိုင် တိုက်ခိုက်မှုတွေက ရှေ့တန်းရောက်နေပြီးတော့ တွေ့ဆုံဆွေးနွေးရေး လမ်းစဥ်က ရေပန်းမစား၊ လူကြိုက်မများတဲ့ နောက်ခံအနေအထား ဖြစ်ပါတယ်။ ဒီအခြေအနေမှာ စစ်ကောင်စီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဆိုတဲ့ ရွေးချယ်ခဲ့မယ်ဆိုရင် ၄င်းတို့အတွက် ဘာအကျိုးအမြတ်ရမလဲ ဆိုတဲ့ အချက်နဲ့ ချိန်ထိုးစဥ်းစား…
နိုင်ငံတကာသာဂိ - Climate Change နဲ့ စကားလုံးအသုံးများ
https://ift.tt/ev3LO1M
Media
နိုင်ငံတကာသာဂိ - Climate Change နဲ့ စကားလုံးအသုံးများ(မိုးမခ) ဩဂုတ် ၂၊ ၂၀၂၃
Global Warming ကမ္ဘာကြီး ပူနွေးလာတယ်လို့ ပြောကြပါတယ်။ Environmentalist ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက Climate Change ဥတုရာသီ ပြောင်းလဲနေပြီလို့ ဆိုကြပါတယ်။ပူတဲ့နေရာတွေက အေးလာပြီ၊ အေးနေတဲ့ဆီမှာ ပူလာတယ်။ ပိုပူလာတယ်။ ပိုအေးလာတယ်လို့ လူတွေက ပြောကြတယ်။ အရင်တုန်းကလို မဟုတ်တော့ပါဘူး။ ၂၀၂၃ မှာ ပူခဲ့တယ်ဆိုတာ ၂၀၂၄ မှာ သည်ထက် ပိုပူတော့မှာမို့၊ နောင်ဆို ၂၀၂၃ က အပူဆိုတာ ဒါလေးများလို့ ပြန်ပြောရလိမ့်မယ် တဲ့။ New Normal လို့ ပြောကြတယ်ပေါ့။ အခု Climate Change ကြောင့် ထွက်ပေါ်လာတဲ့ စကားလုံး အသုံးအသစ်တွေ ချရေးလိုက်ပါတယ်။Heat Stroke - အပူကြောင့် သတိလစ်တယ်။ မြန်မာတွေက stroke ရတယ်ဆိုတာ လေဖြတ်တယ်၊ ဦးနှောက်သွေးကြောပြတ်တယ်ဆိုတာမျိုးကို ပြောချင်ကြတယ်။ heat stroke  ကတော့ ပူလွန်းလို့ သတိလစ်တယ်၊ မူးမေ့ကုန်တယ်ပေါ့။Heat Poisoning - အပူဆိပ် တက်တယ်၊ အပူဆိပ်သင့်တယ် ပေါ့။ Food Poisoning  လို အစာအဆိပ်သင့်ပြီး အော့အန် မူးဝေ ဖျားနာ ဗိုက်နာ ဝမ်းပျက် ဖြစ်တာမျိုး အပူရှိန်ကြီးလွန်းလို့ လူတွေလဲ အပူဆိပ်သင့်ပြီး အော့အန် မူးဝေ ဝမ်းပျက် ဝမ်းနာ သွေးတက် သွေးကျ ဖြစ်ကုန်ကြတယ်လို့ ပြောကြပါတယ်။အခု အမေရိကား၊ အာရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ အပူချိန်က ၁၁၀ ဖာရင်ဟိုက် ဖြစ်နေတာ အခုဆို ၁ လ တောင် ရှိသွားပြီ။ အပူကြောင့် လူတွေ ဖျားနာတာအပြင် အသက်တောင် ဆုံးကြရပါတယ်။မိုးတွေ အလွန်အကျွံ ရွာပြီး မိုးကြီး ရေလျှံတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။ အအေးတွေ ပိုလွန်းလို့ ရေခဲပြင်တွေ ဆီးနှင်းတွေလည်း ပိတ်ဆို့ကြတာ ခံစားကြရပါတယ်။  မိုးတွေ ကြီးလွန်းတော့ ကောင်းကင်မှာ ရေတွေဟာ မြစ်ကြီးလို စီးဆင်းနေပြီး တရဟော ရေတွေ မိုးတွေ သွန်လောင်း ရွာချနေတယ်လို့ မိုးလေဝသသမားတွေက ပြောကြပါတယ်။ အဲသည်လို မိုးတွေ ရွာချနေတာ မိုးပေါ်က မြစ်တွေကြောင့်လို့  Atmospheric River လို့ သူတို့က အမည်ပေးပါတယ်။နောက် အသုံးတခုက မုန်တိုင်းတွေ၊ ဆိုင်ကလုံးတွေက ပြင်းထန်လွန်းလှတော့ အဲသည် မုန်တိုင်းက ဗုံးသီးမုန်တိုင်းလို့ ခေါ်ကြပါတယ်။ Bomb Cyclone လို့ သူတို့က သုံးကြပါတယ်။ ဟာရီကိန်းတို့ ဆိုင်ကလုံးတို့ဆိုတာက လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးနောက် မိုးတွေ လေတွေ တိမ်တွေ ဖွဲ့စည်းပြီး ပြင်းထန်သော လေမုန်တိုင်း ဖြစ်လာတာကို ဆိုပါတယ်။ ပင်လယ်ထဲက အပူနဲ့အအေးလေလှိုင်းတွေ တိမ်တွေ တိုက်ခိုက်ရင်း မုန်တိုင်းက ဖွဲ့စည်းပြီး ကုန်းတွင်းကို ချီတက်ပါတယ်။ အခု ဗုံးမုန်တိုင်းကတော့ ကုန်းတွင်းပိုင်းမှာတင် မြေပြင်မှာ လေဖိအား ရုတ်ချည်း ကျဆင်းပြီး အပေါ်က မိုးတိမ်တောင် ချက်ခြင်း ဖြစ်လာပြီး မုန်တိုင်းပြင်း တိုက်ခတ်မှု ခံစားရတာ ဖြစ်ပါတယ်။ Bomb Cyclone တဲ့။နောက်အသုံးတမျိုးက အပူချိန်တွေက ပြင်းထန်ပြီး ချက်ခြင်း ပြန်ကျမသွားတဲ့ ဒေသတွေမှာ Heat Dome - အပူပေါင်းအိုး၊ အပူခေါင်မိုးကြီး အောက်မှာ ရောက်နေတယ်လို့ ပြောကြပါတယ်။ ကဲ- ဒါဆို ရာသီဥတု ပြောင်းလဲမှုကြောင့် အသုံးအသစ်တွေ သိရပြီ ထင်ပါတယ်။Global WarmingClimate ChangeNew NormalHeat StrokeHeat PoisoningAtmospheric River Bomb CycloneHeat Dome 

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar