ကိုသန်းလွင် - ဆိုဒီယမ် ဘက်ထရီ
https://ift.tt/YC3zwmT
<a href="https://blogger.googleusercontent.com/img/a/AVvXsEhi57rJ7b1eyLEbojD6qeCAfYqQkmZ1v39vEEPlVLErIC-_8R1d1qolI-1mfL1tUIufEf0NQFPU2TJBzBj-TENvHhcHmcfqFB0EXvMdOsOSl1zgQcEjf4IksHq7wOejIA8qO_9y_A6oWW09zKOvD6du5CpWYwxgdF7LtCy2lipgVYYQmqSSQ4MFK4_l">Media</a>
ကိုသန်းလွင် - ဆိုဒီယမ် ဘက်ထရီ(မိုးမခ) မေ ၁၆ ၊ ၂၀၂၃
<b> ( ၁ )</b> တရုတ်ပြည်၏ အတွင်းပိုင်းကျသော ချန်ရှား (Changsha) နယ်တွင် ထောင်ပေါင်းများစွာသော ဓါတုဗေဒပညာရှင်များ၊ အင်ဂျင်နီယာများ ထုတ်လုပ်ရေး လုပ်သားများက ဘတ်ထရီ၏ နောက်ပိုင်းတွင် ဖြစ်လာမည့် ပုံစံအသစ်ကို ဖော်ဆောင်နေကြပါသည်။ မြို့တော်၏ အလယ်ပိုင်းနှင့် တောင်ပိုင်းကျသော အရပ်မှာရှိသည့် တက္ကသိုလ်တွင် ဘွဲ့ရလာသော ပညာတတ်များက ဤပရောဂျက်ကို အကောင်အထည်ဖော်နေကြခြင်း ဖြစ်ပါသည်။ စကင်းဖို့ဒ် တက္ကသိုလ်ကျောင်းဆင်းများက မိုက်ခရိုချစ်ပ များနှင့် ဆီလီကွန်း တောင်ကြားကို ဖန်တီးသည်နှင့် ဆင်ဆင်တူလှပါသည်။ချန်မြစ် (Xiang) ဝှမ်း ပတ်ဝန်းကျင်တွင်ရှိသော စက်ရုံအများအပြားသည် တွင်းထွက်ဓာတ်သတ္တုများကို စုပေါင်း၍ ကွန်ပေါင်းတခုဖြစ်အောင် ပြုလုပ်၍ ပြန်လည်ဓာတ်အားသွင်းနိုင်သော ဘက်ထရီတစ်ခု ဖြစ် အောင် ဖန်တီးကြပါသည်။ ထိုဘက်ထရီများကို လစ်သီယမ် ဒြပ်စင်ဖြင့် ပြုလုပ်ပြီး မိုဘိုင်းဖုန်းများနှင့် အခြား လူသုံးလျှပ်စစ်ပစ္စည်းများဖြစ်အောင် စီစဉ်ခဲ့ကြပါသည်။ သူတို့သည် မော်တော်ကားထုတ်လုပ်ပုံကို အသွင် ပြောင်းခဲ့ကြပြီး ယခုလည်း ဆိုလာပင်နယ်များ၊ လေရဟတ်များဖြင့် ရာသီဥတု ပြောင်းလဲခြင်းကို ခုခံနိုင်ရန် ဓာတုဗေဒနည်းအရ ပြင်ဆင်ခဲ့ကြပါသည်။ တရုတ်ပြည်သည် ကမ္ဘာကြီးကို နောက်ထပ်တစ်ကြိမ် ပြောင်းလဲရန်အတွက် တာစူနေကြပြန်ပါသည်။ လစ်သီယမ်ဒြပ်စင်ကို ဓာတ်အားသွင်းနိုင်သော ဘတ်ထရီများတွင် သုံး နိုင်ခဲ့သလို ယခုအခါ ပိုမိုများပြားပြီး အလွယ်တကူရရှိနိုင်သော ဆိုဒီယမ်နှင့် လစ်သီယမ်ကို အစားထိုးနိုင်ရန် ဖြစ်ပါသည်။<b>( ၂ )</b>ဆိုဒီယမ်ကို အိမ်သုံးဆားများတွင် တွေ့နိုင်ပြီး လစ်သီယမ် ဈေး၏ ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိသာ ရှိပါသည်။ သတ္တုနှစ်မျိုးလုံးမှာ ဓာတုဗေဒဆိုင်ရာ အရည်အချင်းများမှာ တူညီကြပြီး မကြာမီက တွေ့ရှိချက်အရ ဆိုလျှင် ဆိုဒီယမ်ဘက်ထရီများကို နေ့တိုင်း အားပြည့်အောင် သွင်းနိုင်ပြီး နှစ်တာရှည် သုံးနိုင်ပါသည်။ ဆိုဒီယမ် ဘက်ထရီအိုးများ၏လျှပ်စစ်စွမ်းအင်ကို သိုလှောင်နိုင်စွမ်းမှာလည်း တစတစ တိုးတက်လာသည်ကို တွေ့ရပါသည်။ဆိုဒီယမ် ဘတ်ထရီများ၏ အဓိက အားသာချက်မှာ အပူချိန်သည် သုညအမှတ် အောက်သို့ ရောက်သွားလျှင် လျှပ်စစ်အားကို အင်အားမလျှော့တော့ဘဲ ထိန်းသိမ်းထားနိုင်သည်ကို တွေ့ရသည်။ လစ်သီယမ် ဘက်ထရီများတွင် ဤလိုစွမ်းရည်မျိုး မရှိပါ။BASF ကုမ္ပဏီသည် ဂျာမနီနိုင်ငံမှ ပိုင်ဆိုင်ပြီး ချန်ရှားဒေသတွင် ဘက်ထရီထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။ ၎င်းသည်ဘက်ထရီများကို အများဆုံးထုတ်လုပ်ပေးပြီး ယခုအခါ ဆိုဒီယမ်ဘက်ထရီ ထုတ်လုပ်သည့် စက်ရုံတခုကို တည်ဆောက်လျက်ရှိသည်။ တရုတ်အင်ဂျင်နီယာများက ပြောသည်မှာ လစ်သီယမ်ဘက်ထရီ ထုတ်လုပ်သည့် ပစ္စည်းကိရိယာများကို ဆိုဒီယမ်ဘက်ထရီများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုနိုင်သည်ဟု ဆိုသည်။ တရုတ်အမျိုးသားထဲမှ အကြီးဆုံးကုမ္ပဏီဖြစ်သည့် CATL ကုမ္ပဏီက ဆိုဒီယမ်နှင့် လစ်သီယမ် ဒြပ်စင်နှစ်မျိုးစလုံးကို အသုံးပြု၍ ဆဲလ်တခုထဲတွင် ရောပေါင်းကာ အသုံးပြုနိုင်အောင် စီစဉ်ထားပြီးပြီဟု ဆိုသည်။ ဆိုဒီယမ်ဘက်ထရီများမှာ ရာသီဥတုဒဏ်ကိုခံနိုင်ပြီး ထုတ်လုပ်ရာတွင် ကုန်ကျသည့်စရိတ်မှာ သက်သာလှသည်။ ထို့ကြောင့် လစ်သီယမ်နှင့်တွဲ၍ ထုတ်လုပ်နိုင်ပြီဆိုလျှင် အကောင်းဆုံး ဘတ်ထရီများကို ရနိုင်ကြပါသည်။ကုမ္ပဏီက ယခုအခါ ထိုရောပေါင်းထားသော ဘက်ထရီများကို အများအပြားထုတ်လုပ်ရန် ပြင်ဆင်ပြီး ဖြစ်သည်။ နိုင်ငံတကာကုမ္ပဏီ (Multinational) အများအပြားက ယခုအခါ ဆိုဒီယမ် ဘက်ထရီများ၏ အသုံးဝင်ပုံကို သတိပြုမိနေကြပြီး ၎င်းတို့ကို့ အသုံးပြုရန် စီမံချက်များ ရေးဆွဲနေကြသည်။ဆိုဒီယမ်ဘက်ထရီများကို စတင်အသုံးပြုရန် ၁၉၇၀ ပြည့်နှစ်များမှ စတင်၍ အမေရိကန် အင်ဂျင်နီယာ များက ကြံရွယ်ခဲ့ကြသည်။ စီးပွားဖြစ် လုပ်ကိုင်နိုင်ရန်ကိုမူ တရုတ်ကုမ္ပဏီများက စတင်ခဲ့ကြခြင်း ဖြစ်သည်။ တကမ္ဘာလုံးတွင် ဆိုဒီယမ်သုံး ဘတ်ထရီစက်ရုံးပေါင်း အလုံး ၂၀ ခန့် တည်ဆောက်ရန် ကြံရွယ်ထားကြရာ ၁၆ လုံးမှာ တရုတ်ပြည်တွင်းတွင် တည်ဆောက်မည် ဖြစ်သည်။ ၂ နှစ်အတွင်းတွင် တကမ္ဘာလုံး ထုတ်လုပ်မှု၏ ၉၅ ရာခိုင်နှုန်းကို တရုတ်ပြည်တွင်းမှာ ထုတ်လုပ်ရန် ရည်ရွယ်သည်။ တချိန်တည်းမှာပင် လစ်သီယမ် ဘတ်ထရီ ထုတ်လုပ်မှုမှာ လျော့မသွားဘဲ ဆိုဒီယမ် ဘတ်ထရီထုတ်လုပ်မှုမှာလည်း တဟုန်တိုး တိုးမြင့်လာပါသည်။ နောက်အပတ်ထဲတွင် ကျင်းပမည့် ရှန်ဟိုင်းမြို့ ကားပြပွဲတွင် ဆိုဒီယမ်ဘတ်ထရီဖြင့် မောင်းသောကားကို ပြသရန် ပြင်ဆင်ထားကြပြီး ဆိုဒီယမ်ဘတ်ထရီကားများ ထုတ်လုပ်ရန်လည်း ကုမ္ပဏီအများအပြားက မိမိတို့ လျာထားချက်များ တင်ပြကြမည်ဖြစ်သည်။တရုတ်ပြည်တွင်းတွင် လျှပ်စစ်ဖြန့်ဝေသည့် လျှပ်စစ်ဂရစ်များတွင် ဆိုဒီယမ်ဘက်ထရီကို…

MoeMaKa Media
ကိုသန်းလွင် - ဆိုဒီယမ် ဘက်ထရီ
MoeMaKa Burmese Community News, Media & Literature Site, Burma Myanmar
နေချိုသွေး - ပန်းပွင့်နိုင်ငံတော်နဲ့ မူပိုင်အနုပညာ၊ တန်ဖိုးထားလေးစားမှုတွေ
https://ift.tt/kIOB290
<b>Media</b><b>ပန်းပွင့်နိုင်ငံတော်နဲ့ မူပိုင်အနုပညာ၊ တန်ဖိုးထားလေးစားမှုတွေ</b><b>နေချိုသွေး</b><b>(မိုးမခ) မေ ၁၇၊ ၂၀၂၃</b><b>
</b> ပုံနှိပ်မဂ္ဂဇင်းတွေ ရှားပါးလာပြီး အွန်လိုင်း မီဒီယာတွေနဲ့ အင်တာနက်စာမျက်နှာတွေ အားကောင်းလာတဲ့ယနေ့ခေတ်မှာ စာပေအနုပညာ ရေးသားရာမှာ နမိတ်ပုံ စာသားတွေနဲ့ ပတ်သက်လို့ ခဏခဏပြဿနာဖြစ်တာ ကြားနေရပါတယ်။ facebook အင်တာနက် အွန်လိုင်းကဖေါ်ပြတဲ့ စာပေအမျိုးအစားတွေမှာ စာပေဖြတ်သန်းမှုအပါအဝင် စာပေဝမ်းစာပြည့်တဲ့ တာဝန်ခံအယ်ဒီတာတွေကနေတဆင့် ရွေးချယ်ဖေါ်ပြတဲ့ စာပေအနုပညာနဲ့ပါတ်သက်ရင် ပြဿနာ ဖြစ်စရာ အကြောင်းမရှိပေမယ့် စာပေဝမ်းစာမရှိ နာမည်ကြီးချင်ရုံသက်သက်နဲ့ စာရေးပြီး ကိုယ့်ပရိသတ်နဲ့ကို စာတိုပေစရေးပြီး ဝါးလုံးခေါင်းထဲ လ သာနေတဲ့ စာရေးဆရာ/ကဗျာဆရာ အမည်ခံသူတွေကြောင်း စာပေအနုပညာလောကမှာ ပြဿနာတတ်စရာတွေ ကြုံတွေ့နိုင်ပါတယ်။စာပေအနုပညာသမားတယောက် ကိုယ်တိုင် ဖန်တီးတွဲစပ် တည်ဆောက်ရေးထားတဲ့ခေါင်းစဉ်အပါအဝင် အနုပညာအသုံးအနှုန်းစကားလုံးဟာ သူ့ရဲ့ မူပိုင်ဖြစ်သွားတယ်။ ဥပဒေကြောင်းအရ အထူးတလည် မူပိုင်ခွင့်တင်နေစရာမလိုပါဘူး။ စာပေရေးသားတဲ့ နောက်လူတယောက်က အလွယ်တကူ ကူးချ အသုံးချပြီး အသုံးမပြုအပ်ပါဘူး။ စာပေအနုပညာသမားတိုင်း ဂါရဝတရားအရ လေးစားလိုက်နာ တန်ဖိုးထားကြရတဲ့ ကျင့်ဝတ်ပါ။ကိုယ်ရေးမယ့် စာသားနဲ့ ခေါင်းစဉ်က အတွဲအစပ်စကားလုံးအသုံးလား၊ အရင်သုံးထားတာ ရှိလား၊ မရှိဘူးလား။ ရေးတော့မယ်ဆို လေ့လာ သိအောင်လုပ်ထားရမှာ စာရေးသူအနုပညာဖန်တီးသူတွေရဲ့ မဖြစ်မနေလေ့လာရမယ့် အလုပ်တခုပါ။အနုပညာ ကျင့်ဝတ်အရ စာပေဂုဏ်သိက္ခာအရ မလုပ်အပ်တဲ့ နောက်တယောက်က ယူသုံးခွင့်မရှိတဲ့ စကားလုံးအတွဲအစပ် နမိတ်ပုံအသုံးအနှုန်းတွေပါ။ဥပမာတခုလောက်ထုတ်ပြရင် စာရေးဆရာကြီး/ကဗျာဆရာကြီး *ဒဂုန်တာရာ*သူ မကွယ်လွန်ခင် နှစ်အနည်း ယ်က ရေးသား ဖော်ပြခဲ့တဲ့ ကဗျာ၊ ဒီကနေ့ ခေတ်ကာလ နိုင်ငံရေးအခြေအနေနဲ့လည်း ထိမိနေတဲ့ကဗျာ၊ကဗျာခေါင်းစဉ်က “ ပန်းပွင့် နိုင်ငံတော် ”...။
ပန်းပွင့်+ နိုင်ငံတော် ဆိုတဲ့ နမိတ်ပုံအသုံးက စာရေးသူ သေခြာဖန်တီးထားတဲ့ အတွဲအစပ်စကားလုံးအသုံးဆိုတာ အထွေအထူး ရှင်းပြနေစရာမလိုလောက်အောင် ထင်သာမြင်သာ ရှိနေပါတယ်။အဲ့ဒီကဗျာကို ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊နိုဝင်ဘာလ၊ ၂၀၁၁ခုနှစ်မှာ ပုံနှိပ်ဖော်ပြထားပါတယ်။အဲ့ဒီကဗျာကို ၂၀၂၃ ခုနှစ်၊ မေလ ၁၀ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဆရာကြီးရဲ့ ၁၀၄ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုရင်း လေးစားတမှုနဲ့ ဂါရဝပြုလို့ တဆင့် ကူးယူဖော်ပြပေးလိုက်ပါတယ်။
<b>*ပန်းပွင့် နိုင်ငံတော်*</b>
“နှင်းခဲခိုင်ပွင့်ရဲရဲတင့်တို့အသင်ဘယ်ခါ လင့်ပါလိမ့်...။
အနီစပ်စပ်တောင်ဇလပ်တို့သတ်မှတ်ဘယ်ခါ " ဖူး" ပါလိမ့်...။
နေကြာဦးမှာမူးမူးဝါဝါပြာပြာနီနီဖားစည်လွင့်ဒုန်းအမောတို့တေးသံလွင်လွင် ပဲ့တင်ထပ် ...။
သဇင်ဖြူတို့မြေငူပင်လယ်ရနံ့ပြယ်စကလော့မိချောင်းစောင်းသံ ပြောင်းလော့သင်္ကြန်မှာ ပိတောက် ရွှေရောင်တောက်လော့ ”။
<b>ဒဂုန်တာရာ</b>၂၈၊ ၈၊ ၂၀၁၁
ဒါတွေဟာ ဆရာကြီး ဒဂုန်တာရာရဲ့ မူပိုင်ခေါင်းစဉ်နဲ့ စံထားလောက်တဲ့အနုပညာ အရည် အသွေးတွေထဲကပါပဲ။ပြောရရင် မူပိုင်အရေးအသား အသုံးအနှုန်း စကားလုံးတွေကို အခြားတယောက်က ခွင့်ပြုချက် မရှိပဲ၊မူရင်းရေးသားသူရဲ့ ကလောင်အမည်မတပ်ဘဲ ရေးတဲ့အခါ သူယူရေးသူ ပုဂ္ဂိုလ်ရဲ့ ထင်ပေါ်ကျော်ကြားမှုရှိရင် ရှိသလောက်အတိုင်းအတာထိ ပြဿနာ ကြီးကြီးမားမားဖြစ်တတ်ပါတယ်။ အလွန် နှမျောစရာကောင်းတဲ့အဖြစ်အပျက်လို့ ယူဆပါတယ်။ဘာကြောင့် နှမျောလည်းဆိုတော့ လူတထောင်မှာ ကဗျာအပါအဝင်စာပေအနုပညာရေးသားဖို့ဝါသနာပါတဲ့လူက တယောက်တောင်မသေခြာလို့ပါ။ ကဗျာဆရာ မောင်ချောနွယ် ကဗျာထဲက စာသားငှားပြောရရင် သူ့ခမျာအနုပညာမရခင် လူလည်လုပ်နည်း အရင်ရသလိုဖြစ်ပြီး သူ့ကလောင်သေဆုံးသွားလို့ပါ။ ဒါတွေက စာရေးနေတဲ့ ဘယ်သူမဆို ကျပ်ကျပ် သတိထားရမယ့်အနေအထားပါ။ပြောချင်တာက စာရေးနေတဲ့လူတွေအနေနဲ့စကားလုံးတွေရဲ့ အနက်အဓိပ္ပာယ် အကျိုးသက် ရောက်မှုတွေကို ပိုသိ ပိုနားလည်နေတဲ့ အတွက် ပို ရိုးသားဖို့လိုပါတယ်။ကိုယ့် လိပ်ပြာကို လုံဖို့ လိုအပ်ပါတယ်။ အဖြစ်အပျက်တခုကိုပြောပြရရင်...
ကဗျာဆရာမောင်ကြူးရင့် ၁၉၉၇ခုနှစ် ဝန်းကျင်လောက်က ရေးထားတဲ့*နှင်းဆီရဲတိုက်*ခေါင်စဉ်နဲ့ ကဗျာကို လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးဖြန့်ချီတဲ့ ရုပ်ရှင်ဇာတ်ကားမှာ “နှင်းဆီရဲတိုက်” ဆိုပြီး ယူသုံးထားတဲ့အတွက် ပြဿနာအနည်းငယ် တက်တယ်လို့ ကြာလိုက်ရတယ်။ နာမည်တူနေတဲ့အတွက် လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပိုင်ရှင်ဆိုသူကနေ ကဗျာဆရာကြီးမောင်ကြူးရင့်ထံ တောင်းပန်ပြီး အနုပညာဉာဏ်ပူဇော်ခကို ကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ “မိုးကျော်သူ” ကနေတဆင့် ကဗျာဆရာ မောင်ကြူးရင့်ထံ ပေးအပ်ခဲ့ပါတယ်။
ကဗျာဆရာကြီးမောင်ကြူးရင့် ရေးသားထားတဲ့*နှင်းဆီရဲတိုက်*ခေါင်းစဉ်နဲ့ ကဗျာကို ဖတ်ကြည့်ပါ။
<b>*နှင်းဆီရဲတိုက်</b>*
“အချစ်ရေအလွမ်းလှေတွေပြည့်နေတဲ့ဆိပ်ကမ်းက...ခွာလာ...ရဲရဲနှင်းဆီဥယျာဉ်ကိုအနမ်းနဲ့ သိမ်းပိုက်ဖို့နှင်းထုကို ထိုးခွဲက…

သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု တစတစ တိုးလာနေတဲ့ မိုခါဆိုင်ကလုန်း အပြီးကာလ
https://ift.tt/YhXdJRW
<a href="https://blogger.googleusercontent.com/img/a/AVvXsEglK88_poR7QACFamQguWqM-84NNBzvg55xVeZAO_mahBAjmJ4mYekPUnEa1koNBLigdaTyZ7IzCtaown-h9onMb68ko87ABY0ArPQC_ZV-3kD6W_IZUgyoer1lrLdDXfaiosu1KPAzdkdsfFbCDWZkhwXoP1F87SnW8Vl5iLKtu8MgLhEPL-AT5gcE">Media</a>
မြန်မာနွေဦး ခရိုနီကယ် - မေ ၁၆ မြင်ကွင်း(မိုးမခ) မေ ၁၇၊ ၂၀၂၃
<b>သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု တစတစ တိုးလာနေတဲ့ မိုခါဆိုင်ကလုန်း အပြီးကာလ </b>မေလ ၁၅ ရက်နေ့ နံနက်က စလို့ ညသန်းခေါင်ကျော်ထိ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေး၊ စစ်ကိုင်းတိုင်း နေရာအချို့ကို တိုက်ခတ်သွားတဲ့ ဆိုင်ကလုန်းမိုခါ အားပျော့ပျက်ပြယ်ပြီး ၂ ရက်ကြာတဲ့ ကာလမှာ ပျက်စီးမှုရဲ့ အတိုင်းအတာ ဘယ်လောက်ထိ များပြားသလဲ၊ အသက်ဆုံးရှုံးမှု အရေအတွက်တွေ ထပ်မံတိုးတက်လာနေပြီး မုန်တိုင်းဒဏ်ခံစားနေရတဲ့ သူတွေလိုအပ်နေတဲ့ အရေးပေါ် အကူအညီတွေလည်း တိုးမြင့်လာနေတာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်တွေမြို့ကတော့ လူဦးရေအများဆုံးနေထိုင်တဲ့ မြို့၊ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံရတဲ့ မြို့တမြို့ဖြစ်ပြီး လက်ရှိအနေအထားမှာ စစ်တွေမြို့က အဖြစ်အပျက်တွေ ဆုံးရှုံးမှုတွေသာ အများဆုံး မြင်တွေ့ကြားသိနေရတာ ဖြစ်ပြီး မြို့ကနေ မိုင်အနည်းငယ်ဝေးကွာတဲ့ ကျေးရွာတွေရဲ့ သေဆုံး၊ ပျက်စီးမှု သတင်းတွေတောင် အသေးစိတ် မသိကြရသေးတဲ့ အခြေအနေဖြစ်ပါတယ်။ စစ်တွေမြို့နဲ့ မိုင်အားဖြင့် ဘယ်လောက်မှ မဝေးတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ သေဆုံးမှု ရာချီရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ဒီနေ့မှာ ပထမဆုံးအနေနဲ့ ပေါ်ထွက်လာပြီး သေဆုံးသူအရေအတွက်အားဖြင့် ခန့်မှန်းခြေ ၄၀၀ ကျော်ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် လူမျိုးရေး ဘာသာရေးပေါ် အခြေခံတဲ့ လူမှုအသိုက်အဝိုင်းကြား ပဋိပက္ခတွေနောက်ပိုင်း ဒုက္ခသည်စခန်း အဖြစ်ဖွင့်လှစ်ကာ မူဆလင်ဘာသာဝင် ရိုဟင်ဂျာလူမျိုးစုတွေကို ကန့်သတ်နေထိုင်စေခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ မုန်တိုင်းတိုက်ခတ်စဥ် ရေတက်လာရာက နစ်မြုပ်၊ မျောပါပြီး အသက်ဆုံးရှုံးခဲ့ကြရတာလို့ ကနဦး သတင်းအချက်အလက်တွေက ဆိုပါတယ်။ ဆယ်စုနှစ်တခုကျော် ကြာမြင့်လာပြီဖြစ်တဲ့ ဒုက္ခသည်စခန်းတွေဟာ လက်နက်ကိုင်လုံခြုံရေး စောင့်ကြပ်မှုတွေ နဲ့ လွတ်လပ်စွာ သွားလာခွင့် ပေးမထားတဲ့ စခန်းတွေဖြစ်လို့ အခုလို သဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာ ဘယ်လို စီမံခန့်ခွဲခဲ့ကြသလဲ၊ ဘေးလွတ်ရာ တိမ်းရှောင်မယ့် အစီအစဥ်တွေကို မလုပ်ဆောင်နိုင်ခဲ့ကြခြင်းက ဘယ်သူ ဘယ်အဖွဲ့အစည်းမှာ တာဝန်ရှိသလဲ စသဖြင့် အသေးစိတ်အခြေအနေတွေ တိတိကျကျ ထွက်ပေါ်မလာသေးပါဘူး။ ကနဦး မီဒီယာတွေကို ဖြေကြားချက်အချို့မှာတော့ စခန်းက သူတဦးက ရွှေ့ပြောင်းဖို့ သတိပေးနှိုးဆော်တာတွေ လုပ်ကြတယ်၊ စခန်းမှာနေထိုင်သူတွေက လိုက်နာမှုအားနည်းတယ် ဆိုတဲ့ သဘောမျိုး မှတ်ချက်ပေးထားတာ ဖတ်ရှုရပါတယ်။ မြို့တွေမှာ လွတ်လွတ်လပ်လပ် နေထိုင်သူတွေ အဖို့ သတင်းအချက်အလက်ရရှိတာ ကျရောက်လာမယ့် မုန်တိုင်းရဲ့ ပြင်းထန်မှု နဲ့ပတ်သက်လို့ လုံလောက်စွာ အချက်အလက် ရယူနိုင်တဲ့ အနေအထားနဲ့ ဒုက္ခသည်စခန်းမှာနေထိုင်သူတွေ အဖို့ သတင်းအချက်အလက် အကန့်အသတ်၊ ရွှေ့ပြောင်းမှုကို စီမံနိုင်ဖို့ ငွေကြေး စတာတွေအားနည်းမှုတွေကြောင့် အန္တရာယ်ကို စိုးရိမ်သင့်သလောက် မစိုးရိမ်ကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရခိုင်နဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ မုန်တိုင်းဒဏ် ခံရပြီး အသက်ဆုံးရှုံးတာ နေအိမ်တွေ ပျက်စီးဆုံးရှုံးတာတွေကြားရ တဲ့အခါ ဒုက္ခနှစ်ထပ်ကွမ်း၊ နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုတဲ့ စကားလုံးတွေကို သတိရမိပါတယ်။ နကိုကတည်းက ထူဖို့ ထဖို့မလွယ်တဲ့အနေအထားမှာ သဘာဝဘေးအန္တရာယ် ထပ်မံနှိပ်စက်တဲ့အခါ အသက်တွေ၊ ဘဝတွေက ကြားရသူအဖို့ စိတ်ထဲမခံစားနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ စစ်တွေမြို့မှာ မထိခိုက်တဲ့ အိမ်၊ ရုံး၊ လုပ်ငန်း၊ ဘာသာရေး အဆောက်အဦ မရှိသလောက် တွေ့ရသလိုပဲ၊ ရသေ့တောင်မြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြား၊ မောင်တော၊ ကျောက်ဖြူ စတဲ့ မြို့တိုင်းလောက်မှာ ပျက်စီးမှု ၉၀ ရာနှုန်းရှိနေတာ ဖြစ်ပါတယ်။ ချက်ခြင်း အရေးပေါ် လိုအပ်ချက်က ဘာဖြစ်မလဲ၊ သန့်ရှင်းတဲ့သောက်ရေ၊ အစားအသောက်၊ အမိုးအကာနဲ့ နာမကျန်းသူတွေ အတွက် ဆေးဝါးကုသမှု စောင့်ရှောက်မှုဖြစ်ပါတယ်။ ဒီလိုအပ်ချက်တွေကို ဘယ်လို ကူညီနေကြလဲ၊ နိုင်ငံရေးအရ ရန်ဖက်ဖြစ်နေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှု ရှိကြလား၊ မရှိခဲ့ရင်တောင်မှ တားဆီးတာ ပိတ်ပင်တာ နှောင့်နှေးအောင် လုပ်ဆောင်တာ ရှိနေကြလား၊ ကုလသမဂ္ဂရဲ့ အကူအညီ ကူညီကယ်ဆယ်ရေး ဆောင်ရွက်မှုတွေက ဘယ်လောက်ထိ ရှိနေလဲ။ အရပ်ဖက် အဖွဲ့အစည်းတွေ ပရဟိတ ရပ်ရွာလူမှုကူညီမှုတွေက ဘယ်လို အခန်းအကဏ္ဍကနေ ကူညီလုပ်ဆောင်နေကြလဲ။ ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရသူ အရေအတွက်က ဘယ်လောက်လဲ၊ အရေးပေါ် အကူအညီတွေအတွက် နိုင်ငံတကာရဲ့ အကူအညီ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ အကူအညီပေးဖို့ လုပ်ခွင့်ရကြရဲ့လား ၊ နာဂစ်တုန်းကလို စစ်တပ်က တားမြစ်တာမျိုး စောင့်ကြည့်တာမျိုး…

မိုခါကနေ ဘယ်လို ရုန်းထကြမလဲ
https://ift.tt/zkjwANI
<a href="https://blogger.googleusercontent.com/img/a/AVvXsEhmF-BCExneXKhpYyNF6_o-hdrhheKllOCVcfsGYxS_DrorDg_7Io1HpW6mBQIJHDJ26gYkh8oxbBjrtC9vfxovrUUypVVkuW7gI8C_g27qHWNkuD4PlV1-ymks5pAKeaP_Q5C-bC3u5SRyhlQ9UY5psTav0JyjGNJUSFrqkg4QbFRO38fbIrhTn8KN">Media</a>မြန်မာနွေဦး ခရိုနီကယ် - မေ ၁၇ မြင်ကွင်း(မိုးမခ) မေ ၁၈၊ ၂၀၂၃
<b>မိုခါကနေ ဘယ်လို ရုန်းထကြမလဲ </b>မိုခါ ဆိုင်ကလုန်းရဲ့ နှိပ်စက်မှု ဒဏ်ရာဒဏ်ချက်တွေက မုန်တိုင်းကျော်လွန်သွားပြီးနောက် ၃ ရက်မြောက်သည်အထိ ရေတွက်ဆဲ အဆင့်မှာလို့ ဆိုရင်မှားမယ် မထင်ပါဘူး။ မိုခါ မုန်တိုင်းဒဏ်ခံရသူ ကာယကံရှင် ဖြစ်ပွားရာ ဒေသမှာနေထိုင်သူအဖို့ကတော့ မိမိရဲ့ ဒဏ်ရာ ဘယ်လောက်ပြင်းထန်သလဲဆိုတာ မိမိကိုယ်တိုင်သိရှိသူမို့ တဦးချင်းအနေနဲ့ဆိုရင်တော့ ဒဏ်ရာအရေအတွက်တွေ သိရှိကြပြီး ဖြစ်ပါလိမ့်မယ်။ ဒီလိုအခြေအနေမှာတောင် တနေရာစီနေကြတဲ့ ဆွေမျိုးသားချင်းတွေအဖို့ ကိုယ့်မိသားစုဝင် ရောက်နေတဲ့နေရာမှာ ဘာဖြစ်လဲဆိုတာ အဆက်အသွယ်မရလို့ မသိရှိသေးတဲ့ အနေအထားမျိုးရှိနိုင် သေးတဲ့အနေအထားလည်း ဖြစ်ပါတယ်။ တဦးချင်းအနေနဲ့ ဒဏ်ရာဒဏ်ချက်ကို ခံစားသိရှိပြီး ဖြစ်ပေမယ့် တရွာလုံး၊ တမြို့လုံး၊ တပြည်နယ်လုံး၊ တနိုင်ငံလုံး အနေနဲ့ ဒဏ်ရာဒဏ်ချက် ရေတွက်လို့ မပြီးဆုံးသေးဘူးလို့ ဆိုရမှာပါ။ NGO/ INGO စကားလုံး သုံးရင်တော့ Need Assessment လုပ်လို့မပြီးသေးဘူးလို့ ဆိုရမယ် ထင်ပါတယ်။ ဒဏ်ရာဒဏ်ချက်တွေ ရေတွက်လို့ မပြီးဆုံးသေးခင်မှာ ရေတို လတ်တလော အသက်ရှင်နေထိုင်ဖို့ အရေးတကြီး အကူအညီတွေ လိုအပ်နေတာတွေ ဘယ်လို ရင်ဆိုင်ဖြေရှင်းနေကြပါသလဲ။ ဆိုင်ကလုန်းနာဂစ်ဖြစ်စဥ်ကလိုပဲ မုန်တိုင်း ကျော်လွန်ပြီးနောက် သောက်ရေ အခက်အခဲ၊ အမိုးအကာ ရှိဖို့၊ စားစရာ ဆန်၊ ကျန်းမာရေးအတွက် အရေးပေါ်ပြသဖို့ ဆေးခန်း စတာတွေက ပထမဆုံး ဦးစားပေး ဖြေရှင်းရမယ့် အရာတွေ ဖြစ်ပါတယ်။ ခု မိုခါဆိုင်ကလုန်း ဖြစ်ပွားအပြီး မြင်တွေ့ရတဲ့ မြင်ကွင်းတွေက ဆိုင်ကလုန်းနာဂစ် ဝင်ရောက်အပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတောင်ပိုင်းက မြို့တွေရွာတွေက မြင်ကွင်းမျိုးတွေ ဖြစ်ပါတယ်။ အကိုင်းတွေ အခက်အလက်တွေ ကျိုးပြတ်နေပြီး ပင်စည်နဲ့ ပင်မအကိုင်းအရိုးတွေကျန်တော့တဲ့ သစ်ပင်တွေ ၊ အလက်အများစု ပြတ်ထွက်ကုန်ပြီး အရိုးနဲ့ တလက် နှစ်လက်လောက်သာ ကျန်ရစ်ခဲ့တဲ့ အုန်းပင်၊ ကွမ်းပင်တွေ၊ ခေါင်မိုးတွေ အားလုံး လန်ထွက် လွင့်ထွက်နေပြီး အကာတချို့ ပြိုလဲနေတဲ့ အိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ လမ်းပေါ် ကန့်လန့်ဖြတ်လဲနေတဲ့ သစ်ပင်တွေနဲ့ မြို့မြင်ကွင်း၊ သစ်ပင်တွေရှိပေမယ့် အရိပ်မရှိတော့တဲ့ မြို့တွေရွာတွေက လမ်းမတွေ အပျက်အစီးတွေ နဲ့ ပြည့်နှက်နေတဲ့ လူနေရပ်ကွက်တွေ၊ နေအိမ်တွေ၊ ချောင်းငယ် မြစ်လက်တက်တွေထဲ ငါးဖမ်းလှေ၊ ကမ်းရိုးတန်းသွား လှေငယ်တွေ တခုပေါ်တခုထပ်ပြီး ချောင်းထဲ ရေစပ်စပ်သာရှိတဲ့ မြင်ကွင်းတွေက အများစု ဖြစ်ပါတယ်။ နာဂစ်ဖြစ်ပြီးနောက် ရက်အတန်ကြာ သို့မဟုတ် သီတင်းပတ်နဲ့ချီ မှ နာဂစ်ရဲ့ မြင်ကွင်းတွေက သတင်းမီဒီယာပေါ် ရောက်လာနိုင်ခဲ့ပေမယ့် အခု ၂၀၂၃ ခု မိုခါဆိုင်ကလုန်း ပြီးနောက်မှာတော့ လူတိုင်းရဲ့ လက်ထဲမှာ မိုဘိုင်းဖုန်းတွေ ရှိလာပြီး အချို့သောနေရာတွေမှာ မိုဘိုင်းနဲ့ အင်တာနက် ဆက်သွယ်ရေး ရနေသေးတာကြောင့် အင်တာနက်ပေါ်ကို တရက် နှစ်ရက်အတွင်း အများအပြား တက်လာနေကြတာကို တွေ့ရပါတယ်။ ဖြစ်ဖြစ်ချင်းနေ့နဲ့ နောက်တရက်မှာ သတင်းစာမျက်နှာပေါ် ရောက်မလာတဲ့ စစ်တွေမြို့အနီးက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် စုစုပေါင်း ၄၀၀ ကျော်ထက် မနည်းသေဆုံးသွားတယ် ဆိုတဲ့ သတင်းက ၂ ရက်ကြာမှ သတင်းစာမျက်နှာပေါ် ရောက်လာတာ ဖြစ်ပါတယ်။ လွတ်လပ်စွာ သွားလာခွင့်မရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြင်းထန်တဲ့ လေကြောင့် ပင်လယ်ဒီရေ လျင်မြန်စွာတက်လာချိန်၊ လေပြင်းထန်စွာတိုက်ခတ်နေချိန်မှာ ရေနဲ့အတူ မျောပါတာတွေနဲ့ သေဆုံးသူ ရာချီရှိခဲ့တဲ့ သတင်းက ၂ ရက်ကျော်လောက်မှ အတည်ပြုနိုင်ကြတဲ့ အနေအထားလည်းဖြစ်ပါတယ်။ မိုခါမုန်တိုင်းဒဏ် ကြောင့် အသက်ဆုံးရှုံးမှုအရေအတွက် အများစုက အဆိုပါ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဖြစ်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ မိုခါ မုန်တိုင်းပြီးနောက် သတင်းဌာနတွေက အဖြစ်အပျက် သတင်းတွေကို တင်လိုက်တိုင်း ပို့စ်တွေရဲ့ အောက်မှာ ကွန်းမင့်တွေနဲ့ ဘယ်ရွာအကြောင်း အပျက်အစီးနဲ့ သေဆုံးမှုရှိ မရှိ သတင်းဖေါ်ပြပေးပါ၊ အဆက်အသွယ် မရသေးလို့ စိတ်ပူပန်နေတဲ့အကြောင်း တနယ်တကျေးရောက်နေသူ မိသားစုဝင်တွေက အားကိုးတကြီး သတင်းဌာနတွေကို မေတ္တာရပ်ခံတောင်းဆိုတဲ့ ကွန်းမင့်တွေ တွေ့နေရတာ ဖြစ်ပါတယ်။ နာဂစ်တုန်းက အခုလို ဆက်သွယ်ရေး နည်းပညာ မပေါ်ထွန်းသေးတာကြောင့် အဆက်အသွယ်ရဖို့ ကိုယ့် မြို့အကြောင်း ကိုယ့်ရွာအကြောင်း သိဖို့ ရက်နဲ့ သီတင်းပတ်နဲ့ချီ ကြာမြင့်မှာဖြစ်ပေမယ့် အခု ကာလမှာ အဲဒီလိုအခြေအနေတွေကို ဆက်သွယ်ရေး နည်းပညာက အတိုင်းအတာတခုထိ ဖြေရှင်းပေးနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိအနေအထားမှာတောင် ဖုန်း၊ အင်တာနက် ပြတ်နေတဲ့ မြို့နယ်တွေ၊…

ကိုအောင်မှိုင်း - နှုတ်ဆက်ခဲ့ အနမ်း
https://ift.tt/GCgaT91
Mediaကိုအောင်မှိုင်း - နှုတ်ဆက်ခဲ့ အနမ်း(မိုးမခ) မေ ၁၈ ၊ ၂၀၂၃
မလွမ်းပါရစေနဲ့ချစ်ကြိုးငယ်ရှည်ချင်သမို့တပြေသူမရွှေထားကိုလချစ်ပန္နက်ခိုင်ခိုင် စိုက်လို့ရယ်ပန်းပျိုးခဲ့မယ် လန်းစေသား။
တိတ်တခိုး အနမ်းသံသာလေ သောင်ကမ်းမှာတူနှစ်ကိုယ် ယှဥ်မြန်းလို့လေအဟုန်မှာ လေစုံလွင့်ကာပသောကတွေ ခြေရာထပ်လို့ရယ်တော်ဝင်ပန်းမြတ်မို့ တင့်တယ်ဘယ်ဝယ်ဆီသခင် လှမ်းဦးတော့မြင်မြင်သဖွယ် အမြစ်ကတွယ်သံယောဇဥ် ဆိုတာရယ် ဆက်ထုံးပြုံးလိုက်စမ်းပါ့ ကြည်ရွှင်ဖွယ်တသက် တခါသာ အဆုံးပေမို့သောကအပြုံးနဲ့ ပန်းသခင်ရယ်။
ပိတောက်ဝါ ညှာတံကစိမ်းသူစိမ်းတရံ မဆန်လေနဲ့ယိမ်းဟန်ပန် မျက်ရည်ပျိုးလို့ရယ်ခမျာမှာ မြူးချင်ရှာပေမဲ့မညှာမတာ တိမ်းခဲ့လေတဲ့ကံကြမ္မာရယ် အမျက်ငြိုးပေပေါ့နွမ်းလျလျ ရင်မှာတွယ် ကြမ္မာကိုဖယ်လွမ်းလောက်ဖွယ် အားယူပြုံးခဲ့စမ်းဪ နှုတ်ဆက်ခဲ့အနမ်း။
Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar

နိုင်ငံရေးအကျပ်အတည်း နဲ့ သဘာဝဘေးအန္တရာယ်
https://ift.tt/kQz5sGj
<a href="https://blogger.googleusercontent.com/img/a/AVvXsEirwhbj9GUKKMA7AQs8UzOLOLpEUqNS4EDZrEhCAP3Bc_DXTkBVft2_8ZfC9S9wj2ERMJGRLwHxtOQgXZSEoKsSH9BP-TFozKz3_MSA-H_Ofsw8J8m4dFVbTZq4TyNXPvWs1r0jdPNz-ylhhvxRqvBAW-rVLnjvkI_nov-UTmcoWisQfXrLJr4a-ZBZ">Media</a>မြန်မာနွေဦး ခရိုနီကယ် - မေ ၁၈ မြင်ကွင်း(မိုးမခ) မေ ၁၉၊ ၂၀၂၃
<b>နိုင်ငံရေးအကျပ်အတည်း နဲ့ သဘာဝဘေးအန္တရာယ်</b>မြန်မာနိုင်ငံဟာ ဒေသတွင်း အာဆီယံနိုင်ငံတွေ အကြား၊ သို့မဟုတ် အရှေ့အာရှ ပစိဖိတ်နိုင်ငံတွေအတွင်း ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခ၊ ဆင်းရဲမွဲတေမှုတွေ နဲ့ နပမ်းလုံးနေရတဲ့ တခုတည်းသော နိုင်ငံလို့ဆိုရမယ့် နိုင်ငံဖြစ်ပါတယ်။ ဒေသတွင်းမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံအချို့ရှိပေမယ့်လည်း မြန်မာနိုင်ငံလောက် နိုင်ငံရဲ့ ဧရိယာကျယ်ပြန့်စွာ ဖြစ်ပွားနေတာမျိုး၊ နိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်စေတဲ့ လက်နက်ကိုင် တိုက်ပွဲမျိုး ဖြစ်ပွားနေတဲ့ နိုင်ငံမရှိဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။ ဆယ်စုနှစ် ၇ ခုကျော်ကြာ ရှည်လာတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ ကိုယ်ပိုင်ပြဌာန်းခွင့် ၊ ဖက်ဒရယ်အခွင့်အရေး စတဲ့ အကြောင်းရင်းတွေပေါ် အခြေခံတဲ့ နိုင်ငံရေး ပြဿနာကစပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားလာတာ ဆယ်စုနှစ် ၇ ခုကျော်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ စစ်အာဏာသိမ်းပြီးနောက် ဖက်ဒရယ်အကြောင်းအချက်တင်မကတော့ပဲ ဒီမိုကရေစီ ပြဿနာ၊ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ဖို့ ဦးတည်တဲ့ လက်နက်ကိုင်အင်အားစုတွေ ထပ်မံပေါ်ထွက်လာပြီး ပိုပြီးကျယ်ပြန့်တဲ့ ပြည်တွင်းစစ် တခုကို အဆင့် ရောက်ရှိသွားတဲ့ နိုင်ငံတနိုင်ငံဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ တောင်အာရှဒေသမှာ စီးပွားရေး အရ အကျပ်အတည်း ကျရောက်နေတဲ့ သီရိလင်္ကာလို နိုင်ငံမျိုး၊ စီးပွားရေး အကြပ်အတည်း နဲ့ စစ်တပ်ရဲ့အာဏာကို ကန့်သတ်လိုကြတဲ့ နိုင်ငံရေးပါတီတွေ အင်အားစုတွေ အားပြိုင်ကြတဲ့ ပါကစ္စတန်လို နိုင်ငံမျိုးတွေရှိကြပေမယ့် မြန်မာနိုင်ငံလောက် ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ နိင်ငံမျိုး ဒီဒေသတွင်းမှာ မရှိဘူးလို့ဆိုရမယ် ထင်ပါတယ်။ ဆယ်စုနှစ်များစွာ ကြာမြင့်စွာ ရှိလာခဲ့တဲ့ နိုင်ငံရေး စစ်ရေး လမ်းကြောင်းက ၂၀၁၁ ခုနှစ်နောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြည်နယ်အဆင့်၊ နိုင်ငံအဆင့် အပစ်ရပ်သဘောတူညီချက်တွေ၊ တနိုင်ငံလုံး အပစ်ရပ်သဘောတူညီမှု NCA တွေ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၈ တို့မှာ ထိုးခဲ့ကြဆွေးနွေးမှုတွေ ညီလာခံတွေ လုပ်ခဲ့ကြပြီးနောက် ငြိမ်းချမ်းရေး အရိပ်အယောင်တွေ စတင်မြင်တွေ့နေချိန်မှာ ရခိုင်မှာ မကြုံဖူးတဲ့ တိုက်ပွဲတွေ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၀ ရွေးကောက်ပွဲနဲ့၂၀၂၁ ခုနှစ် အစမှာ စစ်အာဏာသိမ်းပြီး နကို ၂၀၁၁ မတိုင်ခင်အခြေအနေထက်ကို ပိုမိုဆိုးရွားတဲ့ လက်နက်ကိုင် ပဋိပက္ခထဲ စစ်ပွဲထဲ ပြန်လည်ကျဆင်းခဲ့ရတာ ဖြစ်ပါတယ်။ဒီလို စစ်ပွဲတွေရဲ့ ဒဏ်၊ မငြိမ်သက်မှုတွေဖြစ်ပွားနေချိန် နိုင်ငံတကာက မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို အဖြေရှာဖို့ တိုက်တွန်းနေကြချိန် အာဆီယံက တာဝန်ယူပြီး ဖြေရှင်းဖို့ကြိုးစားနေကြချိန်မှာ သဘာဝ ဘေးအန္တရာယ် ဖြစ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ရခိုင်ပြည်နယ် တခုလုံးနီးနီးနဲ့ ချင်းပြည်နယ် ဒေသအချို့မှာ ခံစားကြရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ သဘာဝဘေးအန္တရာယ် မကျရောက်ခင်ကတည်းက ဗဟိုအစိုးရရဲ့ မူဝါဒကြောင့်ရော လက်နက်ကိုင် တိုက်ပွဲတွေရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကြောင့်ပါ အခြားသော ပြည်နယ် တိုင်းတွေထက် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ပြည်နယ်ဖြစ်ပြီး အခုလို အင်အားအလွန်ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း ရဲ့ ဖျက်ဆီးမှုခံရတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေရော စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုတွေ အများအပြားရှိလာနေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုနောက်ကျဆုံး ပြည်နယ်တွေထဲ တခုအပါအဝင်ဖြစ်ပါတယ်။ တကယ်ဆိုရင် ကုန်းတွင်းပိတ် ဒေသလည်းမဟုတ်သလို၊ သယံဇာတလည်းရှိပြီး၊ ရခိုင်ပြည်နယ်က လူထုအနေနဲ့ ပညာရေး အရလည်း အစဥ်အလာကောင်းတွေ ရှိခဲ့တဲ့ ပြည်နယ်ဖြစ်ပေမယ့် စစ်အစိုးရအဆက်ဆက် နဲ့ စစ်တပ်ကို လိုက်လျောဆက်ဆံခဲ့တဲ့ အစိုးရတွေလက်ထက် မှာ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု၊ ပညာရေး နဲ့ ကျန်းမာရေး ကဏ္ဍတွေ နောက်ကျခဲ့ရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အခု ရက်ပိုင်း ကျရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ဆယ်စုနှစ် များစွာအတွင်း အဆိုးဆုံး မုန်တိုင်း တခုဖြစ်တယ်လို့ ဆိုရပါမယ်။ ၁၉၆၈ စစ်တွေကို တိုက်ခတ်နဲ့ မုန်တိုင်းနဲ့ နှိုင်းယှဥ်စရာ ဖြစ်ပြီး အဲဒီခေတ်ကာလက မုန်တိုင်းကျရောက်ပြီးနောက် နာလန်ထူဖို့ ဘယ်လောက်ကြာကြာ အချိန်ယူခဲ့ရသလဲ ဆိုတဲ့ မှတ်တမ်းမှတ်ရာတွေတော့ သတင်းတွေ၊အထောက်အထားတွေ သိပ်မရှိလို့ တိတိကျကျမပြောနိုင်ပါဘူး။ အခု မိုခါ ဆိုင်ကလုန်းရဲ့ ပျက်စီးမှုကနေ ပြန်လည်ထူထောင်ဖို့ ရာမှာတော့ အနည်းဆုံး နှစ်အနည်းငယ်၊ အများဆုံး ဆယ်စုနှစ် တခုကျော်အထိ ကြာကောင်းကြာမြင့်ပါလိမ့်မယ်။ လက်ရှိဒီဒေသမှာ အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ မူဝါဒ…

မောင်တူး - စစ်ကားကြိုက်သူများ
https://ift.tt/Zte4fdT
<b>Media</b><b>စစ်ကားကြိုက်သူများ</b><b>မောင်တူး</b><b>(မိုးမခ) မေ ၂၀၊ ၂၀၂၃</b>
အာဏာသိမ်းသော်သူတို့ပျော်သည်ကစော်ဘိမ်းဘင်းကြိုက်သူများ။ ။
စစ်ကားကြိုက်သူများဆိုတာကတော့ စစ်အာဏာသိမ်းတာကို ကြိုက်နှစ်သက်ကြသူတွေပါ။ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ ၁ ရက် စစ်အာဏာသိမ်းတော့ မြန်မာနိုင်ငံ ထောင်အသီးသီးက မူးယစ်ဆေးအမှုနဲ့ ထောင်ကျနေကြသူတွေဟာ ဟေးခနဲ အပြိုင်အော်ကြပြီး ထခုန်ကြသတဲ့။ ဒီအကြောင်းကို ထောင်တွေထဲကနေတဆင့် တဆင့် ပြန် ကြားခဲ့ရတာပေါ့။ တကယ်တော့လဲ နှစ်ပေါင်းများစွာအတွင်း မြန်မာပြည်ရဲ့ ထောင်တွေကနေ လွတ်ငြိမ်းခွင့်ပေးတိုင်း မူးယစ်ဆေးသမားတွေနဲ့ ခိုးဆိုးလုနှိုက်တွေက အများစုဖြစ်နေကြတာလေ။<b>
</b><b>#ကော့သောင်းထောင်အာဏာသိမ်းသတင်းကြောင့်ပျော်ကြခြင်း</b>
ထောင်ထဲမှာ စစ်တပ်အာဏာသိမ်းတိုင်း မူးယစ်ဆေးဝါးအမှုနဲ့ ကျခံနေရသူတွေ ပျော်ရွှင်ကြကြောင်းကို ထောင်တွေထဲအထိ သွားရောက်စုံစမ်းလို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ဒီသတင်းကိုပဲ အမှန်အကန် ဖြစ်ကြောင်းကို ကော့သောင်းထောင်ကနေ ထွက်လာပြီး ကျနော့်ဆီ လာပြောပြသူကတော့ ရှိပါတယ်။ ဗိုလ်ကြီးနေမျိုးဇင်ပါ။ အခုလို ပြောပြခဲ့တာပါ။ "အာဏာသိမ်းတဲ့နေ့က ထူးခြားပြောင်းလည်းတာ ၂ ချက်ရှိတယ်ဗျ။ အာဏာသိမ်းအပြီး ကော့သောင်းထောင်မှာ ကျနော် (နေမျိုးဇင်) ရှိနေတယ်။ အာဏာသိမ်းသတင်းကြားအပြီးမှာ အရင်ကအဆင်ပြေနေတဲ့ ထောင်ဝန်ထမ်းတချို့ဟာ အာဏာသိမ်းပြီးတဲ့နောက် သူ့တို့ခေတ်ရောက်သွားပြီဆိုပြီးတော့ ဆဲတာဆိုတာ၊ ရမ်းကားတာ၊ အနိုင်ကျင့်တာ၊ မထိ တထိ စောင်းမြောင်းပြောတာ ဒါမျိုးတွေ ပြောင်းလည်းသွားတာပေါ့။ ထူးခြားတာကတော့ စစ်တပ်အာဏာသိမ်းတဲ့နေ့က တီဗွီမှာ သတင်းလာတော့ ကျနော်နဲ့မလှမ်းမကမ်း ရာဇဝတ်အကျဉ်သား အိပ်ဆောင်တွေထဲကနေ လူတော်တော်များများက ဟေး လို့ ထပျော်ကြတယ်ဗျ။ ထူးဆန်းတယ်နော်။ ဘာကြောင့် ထပျော်ကြသလဲ။ ဘယ်သူတွေ ထပျော်ကြသလဲ။ ကျနော်ပြောပါရစေ။ ဟေး ဆို ထပျော်ကြတဲ့သူတွေဟာ မကြာမတင်မီမှာပဲ သူတို့အားလုံးနီးပါး လွတ်သွားကြတယ်။ အဲ့သည် လူတွေက ဘယ်သူတွေလဲဆိုတော့ မူးယစ်မှုတွေနဲ့ သုံးစွဲမှု ဖြန့်ဝေမှု ရောင်းချမှုတွေနဲ့ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေး စတာတွေကို ရောင်းဝယ် ဖောက်ကား ဖြန့်ဝေမှုနဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဖမ်းဆီး ထိန်းသိမ်း ပြစ်ဒဏ်ချထားတဲ့ သူတွေဟာ အာဏာသိမ်းလိုက်ပြီသတင်းလဲကြားရော ဟေး ငါတို့ခေတ်ရောက်ပြီကွဆိုပြီး ထ ပျော်ပြီးတော့ မကြာပါဘူး သူတို့လွတ်သွားပါတယ်။"
<b>#မူးယစ်ဆေးရောင်းသူနဲ့ရဲ</b>
ရန်ကုန်တိုင်း မြို့တမြို့က အမျိုးသမီးကြီးတဦး မကြာခင်က ကျနော့်ထံ ဖုန်းဆက်လာပါတယ်။ သူက ငိုပြီးပြောပြတာပါ။ သူ့မှာတော်တော် ဒုက္ခ ရောက်နေရတယ်။ သူက အသက် ၆၀ နီးပါးရှိပြီ ၂ နှစ်အရွယ် မြေးကလေးနဲ့ နေတာ။ သမီးဖြစ်သူက နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပုံမှန်ငွေပို့တယ်။ သမီးက ကောင်းတယ်။ ဆိုးတာက သားဖြစ်သူပါ။ သူ့သားက စစ်ထွက်တဲ့။ သမီးဆီက ပို့သမျှပိုက်ဆံကို သားစစ်ထွက်ကယူပြီး မူးယစ်ဆေးတွေ ဝယ်သုံးတယ်။ မူးယစ်ဆေးရောင်းတဲ့အိမ်ကိုစုံစမ်းပြီးသိရတော့ ရဲစခန်းကို သွားတိုင်လိုက်တယ်။ ရဲက မူးယစ်ဆေးရောင်းတဲ့အိမ်ကို သွားဖမ်းရမှာပေါ့။ ဒါပေမဲ့ မဖမ်းတဲ့အပြင် မင်းတို့အိမ်မှာဆေးရောင်းတာကို ဟိုအဖွားကြီးက ငါတို့ရဲစခန်းကိုလာတိုင်ထားတယ်လို့ ပြောလိုက်တယ်။ မူးယစ်ဆေးရောင်းသူတွေက အဘွားကြီးကို ခေါ်ပြီး ရိုက်နှက်ကြတာပေါ့။ ရိုက်ရင်းပြောသေးတယ်တဲ့ ခင်ဗျားကအသက်ကြီးလို့ မသတ်ဘူး၊ နောင် ဒီလို တိုင်လားတောလားလုပ်ရင် သတ်ပစ်မတဲ့။ ဒီလို မူးယစ်ဆေးရောင်းသူတွေသုံးစွဲကြသူတွေဟာ ကိုနေမျိုးဇင်ပြောတဲ့ ကော့သောင်းထောင်ကနေ ထ အော်ကြပြီး မကြာမတင်မှာ လွတ်သွားကြသူတွေများလား။ ဒါမှမဟုတ် တခြားထောင်တွေက လွတ်သွားသူတွေများလား။<b>
</b><b>#စစ်အာဏာရှင်စနစ်</b>
စစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ဓားမိုး အုပ်ချုပ်သူတွေကို စစ်အာဏာ ရှင်တွေလို့ ခေါ်ကြပါတယ်။ ဦးနေဝင်း ဦးစောမောင် သန်းရွှေ ခင်ညွန့် မင်းအောင်လှိုင် စိုးဝင်းတို့ဟာ စစ်အာဏာရှင်တွေပါ။ ဘုရင်ခေတ်က ဓားမိုးအုပ်ချုပ်တာပါ။ ဒီနေ့ခေတ်တော့ သေနတ်ကိုင် အုပ်ချုပ်တာပေါ့။ စစ်အာဏာရှင်စနစ် ဆိုတာက တိုင်းပြည်ရဲ့ နိုင်ငံရေးကို စစ်တပ် အာဏာနဲ့ စစ်တပ်ကိုယ်တိုင်ချုပ်ကိုင်တဲ့ အာဏာရှင်စနစ်တမျိုးဖြစ်ပါတယ်။ အဲ့သည်စနစ်ရဲ့အာဏာရှင်ဟာ စစ်ရာထူးကြီး ဗိုလ်ချုပ်တဦးဦး ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ဆန့်ကျင်ဖက်ဟာ ပြည်သူတွေက မဲပေးရွေးချယ်တဲ့ အစိုးရက စစ်ရေးရာကိုချုပ်ကိုင်ထားတဲ့ စံနစ်ပေါ့။ အခု နွေဦးတော်လှန် ရေးရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ဟာ စစ်အာဏာရှင်စနစ်ရဲ့ဆန့်ကျင်ဘက်ပါပဲ။ စစ်အာဏာရှင် စနစ်ကို ခါကီစတိုကရေစီ (khakistocracy) လို့ ခေါ်တတ်ကြတယ်။ ဒီစကားလုံးဟာ ကာကီစတိုကရေစီ (kakistocracy) ခေါ် အရည်အချင်းမပြည့်သူများက အုပ်ချုပ်ခြင်းနဲ့ ကာကီ (khaki) ခေါ် စစ်သားများဝတ်ဆင်တဲ့အရောင် ဆိုတဲ့ စကားလုံးတွေ ပေါင်းစပ်ရာက ဖြစ်ပေါ်လာတဲ့ စကားလုံးလို့ ဆိုကြပါတယ်။ အရည်အခြင်းမဲ့ စစ်ဘောင်းဘီဝတ်တွေရဲ့ အုပ်ချုပ်ရေးလို့ ခေါ်နိုင်မလားတော့ မသိ။ <b>
</b><b>#ရဲကြိုက်ရှေ့နေကြိုက်စစ်အုပ်ချုပ်ရေး</b>
လက်ရှိကာလ…

မိုခါ ဆိုင်ကလုန်းမုန်တိုင်း၊ လူသားချင်းစာနာမှုအကူအညီ၊ အုပ်ချုပ်စီမံခန့်ခွဲမှုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ
https://ift.tt/m9BgGrj
<a href="https://blogger.googleusercontent.com/img/a/AVvXsEi3cDS4QWXYLkpLFr5ybJkfD_1wOyl-3FOrFs8o3eK9KT9E5evwIllnCxpVC0-dxj0U3zpY8TQ90Fdbfq8WZLrqzV_ZjrOeFSHVF0ABq9dy7-EX-E_Oqc4seRp-lClm4gu68uwxop4FBn29TrRcf02ZpNQCX4WORRzd7LjPaJP4xKQsnxhTfWVNfz82">Media</a>မြန်မာနွေဦး ခရိုနီကယ် - မေ ၁၉ မြင်ကွင်း(မိုးမခ) မေ ၂၀၊ ၂၀၂၃
<b>မိုခါ ဆိုင်ကလုန်းမုန်တိုင်း၊ လူသားချင်းစာနာမှုအကူအညီ၊ အုပ်ချုပ်စီမံခန့်ခွဲမှုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ</b>ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရဲ့ ဒေသအချို့ကို မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီး ၄ရက်အကြာ မှာ အသက်ဆုံးရှုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေက တဖြည်းဖြည်း တိုးလာနေဆဲဖြစ်တာတွေ့ရပါတယ်။ မုန်တိုင်းတိုက်ခတ်တာ မခံရပေမယ့် မုန်တိုင်းကြောင့် မိုးသည်းထန်ပြီး မြစ်ချောင်းရေလျှံကာ အသက်ဆုံးရှုံးမှုတချို့ မကွေးတိုင်းထဲမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်တွေလည်း ရှိနေပါတယ်။ရခိုင်ပြည်နယ်က အသက်ဆုံးရှုံးမှု အရေအတွက်ကို စစ်ကောင်စီရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ၁၄၅ ယောက်အထိ ရှိလာတယ်လို့ ဖော်ပြထားပါတယ်။ စစ်တွေမြို့နယ်ထဲက ရိုဟင်ဂျာ ဒုက္ခသည်စခန်းကတင် ၁၁၇ ယောက်ရှိပြီး စခန်းမဟုတ်တဲ့ လူနေရပ်ကွက်၊ ကျေးရွာတွေ၊ ကယ်ဆယ်ရေး လုပ်ဆောင်နေစဥ် သေဆုံးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး အပါအဝင် ၁၄၅ ဦးလို့ မေလ ၁၈ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ခုအရေအတွက်က အတည်ပြုနိုင်တဲ့ ကိန်းဂဏန်းသာ ဖြစ်ပြီး အမှန်တကယ် သေဆုံးမှုက ဒီထက်များပြားနိုင်တဲ့သဘောလည်း ဖြစ်ပါတယ်။ မုန်တိုင်း တိုက်ခတ်ပြီး ၄ ရက်ကြာသည်အထိ ရခိုင်ပြည်နယ်တဝှမ်းမှာ တယ်လီဖုန်း ဆက်သွယ်ရေး နဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေ ပုံမှန်အနေအထား မရောက်နိုင်သေးတာတွေ့နေရတာဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးမှာ တံတားတွေ လမ်းတွေ ပျက်စီးတာ အပျက်အစီးတွေ လမ်းတွေပေါ် ပိတ်ဆို့နေတာ၊ မြို့တွေနဲ့ ကျေးရွာအချို့ လျှပ်စစ်မီးပေးဝေတဲ့ စနစ်တွေ ကြီးကြီးမားမား ပျက်စီးခံထားရလို့ မြန်ဆန်စွာ ပုံမှန်ပြန်ရောက်ဖို့ မလွယ်ကူသေးတဲ့ အနေအထားလို့ ခန့်မှန်းရပါတယ်။ ရခိုင်ပြည်နယ် ဆိုင်ကလုန်း တိုက်ခိုက်ခံရပြီးနောက် ရက္ခိုင့်တပ်တော် AA ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က နိုင်ငံတကာ အစိုးရတွေနဲ့ ကူညီရေး အဖွဲ့အစည်းတွေကို ကူညီကြဖို့ မေတ္တာရပ်ခံခဲ့သလို ရခိုင်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတချို့ လူမှုအသိုက်အဝန်း ခေါင်းဆောင်တချို့ကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ အကူအညီပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုကြတာ သတင်းမီဒီယာတွေမှာ ဖော်ပြထားကြတာ တွေ့ရပေမယ့် စစ်ကောင်စီ ခေါင်းဆောင်ဖြစ်သူကတော့ နိုင်ငံတကာကို အကူအညီတောင်းခံတဲ့ ပြောဆိုမှုတွေ မတွေ့ရသေးပါဘူး။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် စစ်ခေါင်းဆောင်တွေ နိုင်ငံတကာ အကူအညီတွေကို ကန့်သတ်ခဲ့တဲ့ အဖြစ်၊ ပြည်တွင်း က လူထု အဖွဲ့အစည်းအချင်းချင်း အကူအညီတွေကိုတောင် ကန့်သတ်မှုတချို့ လုပ်ဆောင်ခဲ့ကြတာ၊ မိမိတို့ လက်နဲ့ မိမိတို့ စီစဥ်ဆောင်ရွက်မှုနဲ့ ကူညီပေးတာမျိုးကို ဖိအားပေးကန့်သတ်မှု တချို့ ထိုစဥ်က ရှိခဲ့ကြပြီး ဒီဖြစ်ရပ်တွေက နာဂစ်ဆိုင်ကလုန်းနဲ့ပတ်သက်လို့ နအဖ စစ်အစိုးရရဲ့ သမိုင်းစာမျက်နှာမှာ အမည်းကွက်စွန်းထင်း ခဲ့ကြတာ ဖြစ်ပါတယ်။ အခု မိုခါ ဆိုင်ကလုန်း မုန်တိုင်းဖြစ်ပွားပြီးနောက် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ နိုင်ငံတကာကို တရားဝင် အကူအညီတောင်းခံတာတွေ လုပ်ဆောင်မယ့် သဘောမတွေ့ရသလို ၊ ကုလသမဂ္ဂလို အဖွဲ့အစည်းကိုလည်း မြန်မာ့နိုင်ငံရေးမှာ ကြားဝင်ဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေ၊ ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ကို စစ်ကောင်စီခန့် ကိုယ်စားလှယ်ကို နေရာမပေးမှုတွေကြောင့် ရည်ညွှန်းပြောဆိုတာ အကူအညီပေးတာတွေကို အသိအမှတ်ပြုတဲ့ သဘောပြောဆိုမှုတခုမှ မတွေ့ရှိရသေးတာ ဖြစ်ပါတယ်။ တဖက်မှာ ကုလသမဂ္ဂအနေနဲ့လည်း ဆိုင်ကလုန်း ဒဏ်ခံရတဲ့ ဒေသတွေအတွက် လတ်တလော သွားလာခွင့် အကူအညီပေးအပ်ဖို့ ခွင့်ပြုချက်တွေ စောင့်ဆိုင်းနေဆဲလို့ သတင်းအချို့မှာ တွေ့ရပါတယ်။ အရေးပေါ် အကူအညီ ပစ္စည်းတွေ သယ်ယူဖြန့်ဝေခွင့်တွေမှာ ကန့်သတ်မှုတွေ ရှိနေတာလား၊ နိုင်ငံခြားသား ကုလသမဂ္ဂဝန်ထမ်းတွေရဲ့ ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေကို စောင့်ဆိုင်းနေရတာလား ဆိုတာ သဲသဲကွဲကွဲ မသိရှိရပါဘူး။ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး အေဂျင်စီက ရခိုင်နဲ့ ဒေသအချို့ရဲ့ ဆိုင်ကလုန်း ဘေးအန္တရာယ် ကျရောက်ပြီးနောက် အကူအညီပေးအပ်ဖို့ လိုအပ်ချက် ရံပုံငွေ ထုတ်ပြန်ကာ တောင်းခံထားပေမယ့် အဆိုပါပမာဏ အထိ ရ မရတော့ မသေချာသေးတဲ့ သဘောလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်အတွင်း အမေရိကန်၊ ဗြိတိန်နဲ့ နိုင်ငံတကာ အစိုးရတချို့က အကူအညီပေးမယ့် ပမာဏတချို့ကို ထုတ်ပြန်ခဲ့ကြပေမယ့် ကုလသမဂ္ဂက တွက်ချက်တောင်းခံတဲ့ လိုအပ်ချက် ပမာဏ နဲ့ နှိုင်းယှဥ်ရင်တော့ မပြောပလောက်တဲ့ ပမာဏလို့ ဆိုရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း၊…

မာန်(တောင်လုံးပြန်) - နွေဦးဒီရေ
https://ift.tt/rDbUGzo
Mediaမာန်(တောင်လုံးပြန်) - နွေဦးဒီရေ(မိုးမခ) မေ ၂၁ ၊ ၂၀၂၃
ပြည်တွင်းက နွေဦးမိတ်ဆွေ တစ်ဦးက မေးလာပါတယ်။နွေဦးအရှိန်က ယူအက်စ်မှာ ဘယ်လိုရှိလဲတဲ့။ကျလာတယ်လို့ပဲ ကျနော် ဖြေလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကျော်က လုပ်တဲ့ရန်ပုံငွေပွဲတစ်ပွဲ ဆိုရင် အတော်အခြေအနေဆိုးလှပါတယ်။ဘာကြောင့်လဲ သိချင်ပြန်တော့ ခရီးရှည် ချီလာရတာရယ်၊ ယူအက်စ်မှာ ရှိနေကြတဲ့ နွေဦးဖေကာတွေ ခြေလှမ်းမကျဲနိုင်တာလည်းပါတယ်။ပြည်တွင်းမှာ အကယ်ဒမီပေးပွဲစလာပြီးနောက်ပိုင်း လူထုရဲ့ အာရုံတွေ နွေဦးဘက်မှာ ပိုပြီးလျော့ပါးလာတာကြောင့်လည်း ဖြစ်မယ် ထင်တယ်။ဒီနေရာမှာ ယူအက်စ်ရဲ့ နွေဦးဖေကာတွေအကြောင်း နည်းနည်းပြောပြပါမယ်။ဥပမာ- ဦးကျော်မိုးထွန်းလို ပုဂ္ဂိုလ်မျိုးက ယူအက်စ်မှာ ခြေဆန့်ဖို့ လိုနေပါတယ်။ဖို့ဝိန်းတို့၊ ဘက်ဖဲလိုးတို့၊ ရှားလော့တို့၊ ယူတီကာတို့၊ အော်ဘာနီတို့၊ ဖရော်ရီဒါတို့၊ ဂျက်ဆန်ဘေးတို့၊စီအေတို့ စတဲ့ဒေသမျိုးက နွေဦးအမာခံတွေ၊ နွေဦးပြည်သူတွေနဲ့ ထိတွေ့ဖို့ ဆိုလိုတာပါ။အခြားမြို့တွေ အများကြီး ရှိပါသေးတယ်။ ရန်သူက ပြည်တွင်းမှာ အရှိန်မြှင့်စရာ ခလုတ်တွေ များနေချိန်၊ ယူအက်စ်ရဲ့ နွေဦးအရှိန်ကျလာမှုဟာ အချိန်နဲ့အမျှ ရှေ့ခရီးအတွက် အရေးပါနေပါတယ်။ယူအက်စ်မှာ အရှိန်ကျတာဟာ ပြည်တွင်းနွေဦးအတွက် အင်မတန် ထိခိုက်နိုင်ခြေရှိလာပါတယ်။ဒီအခြေအနေကို အမြန်ဆုံး ပြန်မြှင့်တင်နိုင်ဖို့ နွေဦးဖေကာတွေ ခြေလှမ်းကျဲစေချင်ပါတယ်။နွေဦးအမာခံတွေ အခိုင်အမာရှိတဲ့ ဒေသအသီးသီးက လူထုနဲ့ တွေ့ဆုံပွဲတွေ လုပ်ကြရပါမယ်။ အရင်က ဖေကာတွေရှိရာ ဗဟိုချက် ဒေသတွေဆီ လူထုက လာခဲ့ကြပြီးပါပြီ။ အခု ဖေကာတွေက လူထုတွေ နေထိုင်ရာဆီ ပြန်ခြေလှမ်းစကြဖို့ ဖြစ်ပါတယ်။ အချိန်ဆွဲနေမယ် ဆိုရင်တော့ ရှေ့ဆက်ရမယ့်နွေဦးဟာ ရင်လေးစရာတွေ ထပ်မံတွေ့လာရပါတော့မယ်။ နယ်ဆင်မင်ဒဲလား ပြောဖူးတဲ့ စကားတစ်ခွန်းကို လေ့လာကြည့်ပါ။" တော်လှန်ရေးတစ်ရပ်ရဲ့ အခြေအနေဟာ ကိုယ့်ပတ်ဝန်းကျင်မှာတင် အဖြေရှိတယ် ဆိုတာလိုပဲ"နွေဦးအရှိန်ဟာ ပါဝင်ဆင်နွှဲနေကြသူတွေရဲ့ မိသားစုအတွင်းမှာတင် သွေးအေးလာပြီမို့ တိုင်းပြည်တခုလုံးအတွက် သက်ဆိုင်ရာနယ်ပယ်အသီးသီးက နွေဦးဖေကာတွေ အမြန်ခြေလှမ်းစကြစေချင်ပါပြီ။သွေးကြွေးမှာဆွေးနွေးစရာမရှိတဲ့။ကဲ၊သွေးအေးသွားကြရင်ကော၊...........။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar

နတ်မှူး - မုန်တိုင်း မာရ်နတ်နှင့်လူများ
https://ift.tt/ifs4rvM
<b>Media</b><b>“မုန်တိုင်း မာရ်နတ်နှင့်လူများ”</b><b>နတ်မှူး</b><b>(မိုးမခ) မေ ၂၁၊ ၂၀၂၃</b>
ဥပုသ်နေ့ဖြစ်၍ ဆေးခန်းပိတ်သောကြောင့် ကနေ့မနက် သံကန်ကြီးလက် ဖက်ရည်ဆိုင်မှာ ကျနော်တို့တတွေ ထိုင်ဖြစ်ကြသည်။ ကျနော်တို့ဆိုသည်မှာ ကဗျာဆရာတယောက်၊ ဂျာနယ်လစ်တယောက်နှင့် ဆရာဝန်တယောက် (ကျနော်)တို့ဖြစ်သည်။ မိုခါမုန်တိုင်းပြီးကာစဖြစ်၍ ဆိုင်ထဲနှင့်လမ်းပေါ်မှာ အတန်လူရှင်းနေသည်။ ကျနော်က နိုစိမ်းတီးတခွက်မှာလိုက်ပြီး ဟိုနှစ်ယောက်က ပေါ့ဆိမ့်လက်ဖက်ရည်တခွက်နှင့် ကော်ဖီတခွက်မှာ လိုက်ကြသည်။
“ မုန်တိုင်းဆိုတာ လေတွေ တအားတိုက်လို့ မုန်တိုင်းလို့ခေါ်တယ်လို့ပဲကျနော်သိတယ် ဒီထက်ပိုပြီး တိတိ ကျကျသိရင် ပြောကြပါအုံး ” ဟုကျနော်က စကားစလိုက်သည်။ ဂျာနယ်ဆရာက ”ကျနော်လည်း မိုးလေ ဝသပညာရှင်မဟုတ်တော့ အတိအကျမသိဘူး အကြမ်းဖျင်းပြောရရင် ကမ္ဘာကြီးလည်ပတ်မှုပတ်ဝန်းကျင်အပူချိန်နဲ့လေထုဖိအားပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့လေတိုက်ခတ်မှုကို မုန်တိုင်းလို့ခေါ်တယ်။ မုန်တိုင်းကိုနေရာဒေသလိုက်ပြီး နာမည်အမျိုးမျိုးခေါ်ကြတယ်။ ဆိုက်ကလုံမုန်တိုင်း၊ ဟာရီကိန်းမုန်တိုင်း၊ တိုက်ဖွန်းမုန်တိုင်း စသဖြင့်ပေါ့ ” ဟုပြောသည်။ သူကလေ့လာမှု အားကောင်းသူတယောက်ဖြစ်သည်။ ကဗျာဆရာက ” မုန်တိုင်းဆိုတာ လူတွေအတွက် ဖျက်ဆီးမှုတခု ဒါမှမဟုတ် မာရ်နတ်တကောင်ပဲဗျ။ မုန် တိုင်းမှာ လေတပ်သားတွေရှိတယ်ဗျာ၊ အဲဒီလေတပ်သားတွေက လူနေအဆောက်အဦတွေကို ဖြိုချဖျက်ဆီးပြီး အိုးအိမ်မဲ့တွေဖြစ်ပေါ်စေတယ်။ နောက်ရေတပ်သားတွေရှိတယ်ဗျာ။ မိုးကြီးပြီးရေလွှမ်းမိုးမယ်၊ ပင်လယ်လှိုင်းလုံးကြီးတွေတက်လာပြီး လူတွေရေနစ်သေမယ်၊ လယ်ယာကောက်ပဲသီးနှံတွေ ရေမြုပ်ကုန်မယ်။ ကန်တွေ ဆည်တွေကျိုးမယ်၊ မိုးကြိုးပစ်မယ်။ အောင်မယ် .. မာရ်နတ်က ခြေလျှင်တပ်သားတွေ ပါခေါ်လာတယ်။ မြေပြိုတာတွေ မြေငလျင်လှုပ်တာတွေပါ ဖြစ်တယ်။ အဆိုးဆုံးက မုန်တိုင်းကြောင့် လူတွေအများကြီး သေတာပဲ ။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတုန်းကဆို လူဦးရေ တသိန်းခွဲနီးပါး (၁၄၈၀၀၀) လောက်သေတယ်လို့ သိခဲ့ရတယ်။ နာဂစ်ကြောင့် ဗမာတွေ မုန်တိုင်းဆိုတာ ကြောက်စရာကောင်းပါလား ဆိုတဲ့ အသိဝင်လာတယ်” ဟုပြောသည်။ ဂျာနယ်လစ်က “မုန်တိုင်းကြောင့် လူသေမှုက မုန်တိုင်းပြင်းအားနဲ့ဆိုင်ရုံတင်မကဘူး အချိန်နဲ့တပြေးညီ သတင်းမှန်ထုတ်ပြန်မှု မုန်တိုင်းရန်ကြိုတင်ကာကွယ်မှုတို့အပေါ်လဲ မူတည်တယ်။ မုန်တိုင်းအလွန်ကာလမှာ အရေးပေါ် စားနပ်ရိက္ခာ သောက်သုံးရေ ဆေးဝါးနဲ့ အရိပ်ခိုစရာ ယာယီတဲတွေလဲလိုတာပေါ့။ ကံဆိုးတာက နာဂစ်မုန်တိုင်းစဖြစ်တဲ့အချိန်မှာ မီဒီယာတွေက အခုလောက်မဖွံ့ဖြိုးသေးဘူး။ အခုလို Facebook တို့ You tube တို့မပေါ်သေးဘူး။ ခေတ်ကလည်းသတင်းမှန်ထုတ်ပြန်မရတဲ့ခေတ်ဆိုတော့ လူတွေက မုန်တိုင်းက ဘေးမဖြစ်လောက်ဘူးဆိုပြီး ပေါ့ပေါ့ တန်တန်နေကြတယ်။ နောက်အုပ်ချုပ်သူတချို့က ဗုဒ္ဓဘာသာနိုင်ငံမလို့ ဒီလိုကပ်ဘေးတွေမဖြစ်နိုင်ဘူး မုန်တိုင်းကဟိုဘက်နိုင်ငံကိုသွားလိမ့်မယ် ဆိုတဲ့အယူအဆရှိပုံရတယ်။ အမှန်တရားဖြစ်တဲ့ ဂြိုလ်တုသတင်းကိုမျက် ကွယ်ပြုလိုက်ကြတယ်။ အဲသလို စီမံခန့်ခွဲမှုညံ့ဖျင်းတော့ လူတွေ အများကြီးသေကြရတယ်။ မုန်တိုင်းက လူတွေ ကျွဲနွားတိရစ္ဆာန်တွေတင်သေတမဟုတ်ဘူး Ecosystem ခေါ်တဲ့ပတ်ဝန်းကျင်ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေတယ်။ ဧရာဝတီတိုင်းက လယ်ယာမြေတချို့ဆို ပင်လယ်ဒီရေတွေ လွှမ်းမိုးတာကြောင့် စိုက်ပျိုးလို့ မရတော့ဘူး” ဟုပြောသည်။ “မုန်တိုင်းကို နာဂစ် မိုခါ စသဖြင့် မိန်းမနာမည်တွေမှည့်ကြတယ်။ဆိုလိုတာက မိန်းမတွေက ကောက်ကျစ် စဉ်းလဲတယ်၊ မာယာများတယ်၊ ယောက်ျားတွေကို သေစေနိုင်တယ်။ မုန်တိုင်းက မိန်းမနဲ့တူလို့ မုန်တိုင်းကို မိန်းမနာမည် ပေးတယ်လို့ ဒီလိုပြောကြတယ်။ အဒါဟုတ်သလားဗျ” ဟုကျနော်က မေးသည်။ ကဗျာဆရာက”အဲဒီအဓိပ္ပာယ်ဆိုရင်တော့ ကျနော်လက်မခံနိုင်ဘူး။ဒါ gender discrimination (လိင်ခွဲခြားနှိမ်ချမှု)ပဲ။ မိန်းမဖျက်ရင် ပြည်ပျက်တယ် ဆိုတဲ့စကားရှိတယ်။ ဒီစကားကိုကျနော် မယုံဘူး ။ မိန်းမတယောက်ကြောင့် ပျက်သွားတဲ့ တိုင်းပြည် ကျနော်မကြားဖူးဘူး။ ကျနော်ကသမိုင်းကို မကြေညက်တဲ့သူမို့ မကြားဘူးတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သေချာတာက ကမ္ဘာစစ်ဖြစ်ခဲ့တာ ဟစ်တလာ၊ မူဆိုလီနီ .. စတဲ့ ယောက်ျားတွေကြောင့်ပဲ။ ဘယ်မိန်းမတယောက်ကြောင့်မှ မဟုတ်ဘူး။နောက်မုန်တိုင်းတိုက်တယ်ဆိုတာ သဘာဝတရားတခုပဲ။ လူ့လောကကို ဖျက်ဆီးတယ်ဆိုတာလည်း မုန်တိုင်းက သူ့အလုပ်သူလုပ်တာပဲ။ ဒါကို မစာမနာ မိန်းမထုတရပ်လုံးကို ကိုယ်စားမပြုတဲ့ မိန်းမပျက်တယောက်နဲ့ နှိုင်းယှဉ်တာ အတော်မတရားတာပဲ” ဟု ကဗျာဆရာကဆိုသည်။ ဂျာနယ်လစ်ကပြုံးလိုက်ပြီး ” မိုးလေဝသ ဆရာတွေက လူတွေမှတ်လို့လွယ်အောင် နာဂစ်၊ မိုခါ စသဖြင့်မိန်းမနာမည်တွေ ပေးတာပါ၊ လိင်ခွဲခြားချင်လို့မဟုတ်ပါဘူးလို့ ဖြေရှင်းတယ်ဗျ၊ စိတ်မဆိုးနဲ့တော့နော်” ဟုကဗျာဆရာကိုပြောသည်။ ကျနော်လည်း ရောယောင်ပြုံးမိသည်။ အိမ်ပြန်ရောက်ချိန်မှာ ကျနော်က မုန်တိုင်းအကြောင်းကိုတွေးတော နေမိသည်။ မုန်တိုင်းတို့က ပင်လယ်ထဲမှာ သန္ဓေတည်သည်။ နောက် အင်အားကြီးလာသည်။…

မိုခါလွန်ခါစ ကူညီကယ်ဆယ်ရေး အခြေအနေ၊ ရန်ကုန်မြို့က ပြောက်ကျားအဖွဲ့ဝင်တချို့ ဖမ်းဆီးခံရ
https://ift.tt/TQBYpqy
<a href="https://blogger.googleusercontent.com/img/a/AVvXsEjph-1HiwXRhAk_fQ546sduhfroFg9x0E1_MwD9paC1g3Qluhd4iHidwqiv9XxwJ4LqGjs7EBSB8nKbcGZ2T9q9jlCar4GOtUqfiXRf5u3DVJk3haPl94aG7zPwkDUuqFbdlNGkLUt5c1u_5psxrike8Y_unk77OHr0iQ99OLQkrFgFkLBXq46M0VfR">Media</a>မြန်မာ့နွေဦးခရိုနီကယ် - မေ ၂၀ မြင်ကွင်းမိုးမခ - မေ ၂၁၊ ၂၀၂၃
<b>မိုခါလွန်ခါစ ကူညီကယ်ဆယ်ရေး အခြေအနေ၊ ရန်ကုန်မြို့က ပြောက်ကျားအဖွဲ့ဝင်တချို့ ဖမ်းဆီးခံရ </b>ဆိုင်ကလုန်း မိုခါ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းကို ဝင်ရောက်ခဲ့တာ ၆ ရက်ကြာမြင့်လာသည့်တိုင် ရခိုင်ပြည်နယ်ရဲ့ ဒေသအချို့မှာ အရေးပေါ် အကူအညီမရရှိသေးတဲ့ သတင်းတွေလည်း ရခိုင်သတင်းမီဒီယာတွေနဲ့ အချို့ သတင်းမီဒီယာတွေမှာ ဖတ်ရှုနေရပါတယ်။ စစ်တွေမြို့ပေါ်မှာ အပျက်အစီးတွေ ဖယ်ရှားနေတာ၊ ကျောက်တော်၊ မြောက်ဦးမြို့နယ် နဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်အချို့မှာ အေအေ အဖွဲ့က ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ သတင်းဓာတ်ပုံတွေတွေ့ရသလို ရသေ့တောင်မြို့လို၊ ရသေ့တောင်မြို့နယ်ထဲက ကျေးရွာအချို့တွေဆီ အရေးပေါ်အကူအညီဖြစ်တဲ့ သောက်ရေ၊ ရိက္ခာ၊ အမိုးအကာ စတာတွေ မရရှိသေးတဲ့ သတင်းတွေလည်း ဖတ်ရှုနေရဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က သတင်းတွေမှာတော့ ရေတပ်သင်္ဘောတွေနဲ့ ရိက္ခာ၊ မီးစက်၊ ရေသန့်ထုတ်လုပ်ပေးတဲ့ ကိရိယာ အစားအစာခြောက်၊ လျှပ်စစ်မီးတိုင် စတဲ့ အကူအညီပစ္စည်းတွေကို တင်ဆောင်နေတဲ့ ပုံ၊ စစ်တွေမြို့ ဆိပ်ကမ်းမှာ ချနေတဲ့ ပုံတွေနဲ့ ပြိုလဲနေတဲ့ သစ်ပင်နဲ့ နေအိမ် အဆောက်အဦအပျက်အစီးတွေ ရှင်းလင်းနေတဲ့ သတင်းဓာတ်ပုံတွေ တွေ့နေရပေမယ့်မုန်တိုင်းဒဏ်ခံရတဲ့ သူတွေကို အကူအညီပေးဝေတဲ့ ပုံတွေသိပ်များများစားစား မတွေ့ရသေးတာသတိပြုမိပါတယ်။ လျှပ်စစ်မီး၊ ဖုန်းလိုင်းတွေ ပျက်စီးကုန်ပြီး ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ မြို့နယ်တွေ ကျေးရွာတွေမှာ ဘယ်လောက်ထိ အရေးပေါ် အကူအညီ လိုအပ်နေသလဲဆိုတာ တိတိကျကျ ကိန်းဂဏန်းတွေ မရနိုင်သေးသလို သတင်းမီဒီယာတွေကိုယ်၌က နေရာတိုင်းကို အဆက်အသွယ်ရဖို့ သတင်းတင်ပြဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ်လို့ အချို့မြို့နယ်တွေ ကျေးရွာတွေမှာ အရေးပေါ် အကူအညီလိုအပ်နေဆဲ လို့ ခန့်မှန်းရပါတယ်။ရခိုင်ပြည်နယ်အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာလည်း ဆိုးရွားစွာပျက်စီးတဲ့ ကျေးရွာတွေ ရှိနေပေမယ့် လတ်တလော ဖုန်း၊ အင်တာနက် အဆက်အသွယ် ခက်ခဲတဲ့ နေရာတွေဖြစ်တာ၊ လက်ရှိ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေဆဲ နေရာတွေဖြစ်တာကြောင့် အကူအညီရရှိဖို့ အခက်အခဲရင်ဆိုင် နေရတဲ့ အခြေအနေလို့ မှန်းဆရပါတယ်။ ဥပမာအားဖြင့် မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်ထဲက ကျေးရွာအချို့ မှာဆိုးဆိုးရွားရွား မုန်တိုင်းဒဏ်ခံခဲ့ကြရပြီး အကူအညီတွေ မရရှိသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေဖြစ်တဲ့ ICRC, UN စတဲ့အဖွဲ့တွေအနေနဲ့ ခရီးသွားလာခွင့်၊ ပစ္စည်းပေးဝေခွင့်တွေနဲ့ပတ်သက်လို့ ခွင့်ပြုချက် စောင့်ဆိုင်းနေဆဲလား သိုမဟုတ် ရရှိပြီလားဆိုတာ သတင်းတွေ ထပ်မံမသိရှိရသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ AHA ရဲ့ အကူအညီပေးဝေမှု ကိုတော့ အခြားသော နိုင်ငံတကာ အဖွဲ့အစည်းတွေထက်ပိုမို လိုက်လျောမယ့် အနေအထားရှိနိုင်ပြီး ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ၄င်းတို့ အဖွဲ့အစည်းရဲ့ ဝန်ထမ်းတွေ စီမံခန့်ခွဲမှုနဲ့ ပေးဝေမှာဖြစ်လို့ အကန့်အသတ်တွေ လုပ်ထုံးလုပ်နည်းတွေ နဲ့ ထိန်းချုပ်ထားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။အခုလို အခြေအနေမှာ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ULA/AA အဖွဲ့ကလည်း ရခိုင်ပြည်နယ် လူထုအတွက် အရေးပေါ် အကူအညီနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ၄င်းတို့ရှိတဲ့ အင်အားနဲ့ မလုံလောက်တာမို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကူညီဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။ ဆိုင်ကလုန်းဒဏ်ခံရတဲ့ ဒေသခံလူထုကို ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ULA/AA နဲ့ စစ်ကောင်စီတို့အကြား အငြင်းအခုံ၊ ပြဿနာတစုံတရာ အခုလက်ရှိအချိန်အထိ မကြားသိရသေးသလို ပူးပေါင်းဆောင်ရွက်မှုလည်း မရှိတာသတိပြုမိပါတယ်။ ULA/AA အဖွဲ့အနေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက မြောက်ပိုင်းမဟာမိတ် အဖွဲ့တချို့က ဆိုင်ကလုန်းဒဏ်ခံ ဒေသခံတွေကို အကူအညီပေးဖို့ရာအတွက် ငွေကြေး အကူအညီတချို့ ပေးအပ်တာတွေ ရှိပြီး သိန်း ၅ ထောင်ကျော် ရရှိထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မုန်တိုင်းဒဏ်ခံ ရခိုင်ပြည်နယ်ထဲက အခြားသော အကြောင်းအရာတခုက လူနည်းစု ဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းက သူတွေရဲ့ သေဆုံးမှုစာရင်း၊ မုန်တိုင်းတိုက်ခတ်ပြီးနောက် အကူအညီရရှိမှု စတဲ့အခြေအနေတွေ ဖြစ်ပါတယ်။စစ်တွေမြို့နယ်ထဲမှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် ၄၀၀ ကျော် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီက အဆိုပါအရေအတွက်ကို ငြင်းဆိုခဲ့ပြီး နောက်ဆုံးထုတ်ပြန်ချက်အရ…

လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၃)
https://ift.tt/vhFTytM
<a href="https://blogger.googleusercontent.com/img/a/AVvXsEi-gT7PByf76DisR4-f7abQQRMQ6kJhxxQ1RWpYFcAW-TNINxCHo1Bskmgmd6O8nMZroqudIKbGaG5kKjAnjlBMqqSKecoWOnh1jfGRZBiavGfq82NjbWwK3Yf1XZBpozrMKkfWnPokT2JnxJnBrVMEv1enHOCQNbporO-4ZffDfz4kq-iGdSemwF1d">ပီကင်းရှိ AIIB ဌာနချုပ်။</a><i>ပီကင်းရှိ AIIB ဌာနချုပ်။</i>
လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၃)(မိုးမခ) မေ ၂၁ ၊ ၂၀၂၃
<b>အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်</b><b>Asia-Infrastructure-Investment-Bank。A。I。I。B</b>ဂျပန်မှာ မေလ (၁၃-၁၅) ရက်နေ့များမှာ ကျင်းပခဲ့တဲ့ ဂျီ (၇) ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးမှာ ဗြိတိသျှ ဘဏ္ဍာရေးဝန်ကြီး (JeremyHunt)က "ကျွန်တော်တို့ကို ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ(Global South--ဖွံ့ဖြိုးဆဲနိုင်ငံများကို ဆိုလို)က ရုရှား ကျူးကျော်မှုများကို ကျွန်တော်တို့နဲ့ ညီညီညွတ်ညွတ် တုံ့ပြန်ဖို့ မရပ်တည်တာအပါအဝင် မထောက်ခံမှုများဟာ ဘာကြောင့်လဲ ဆိုတာ ကျွန်တော်တို့ ကိုယ့်ဟာကိုယ် ပြန်လည် ဆန်းစစ်သင့်ပါတယ်"လို့ ပြောတယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ဖတ်လိုက်ရပါတယ်။တကယ်တော့ ဂျီ (၇) ဆိုတာ ချမ်းသာတဲ့ နိုင်ငံများရဲ့အဖွဲ့ဖြစ်ပြီး သူတို့ရဲ့ အကျိုးစီးပွားကို အဓိကထား ဆွေးနွေးတာ ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်များကတော့ ဂျီ (၇) နိုင်ငံများရဲ့ စုစုပေါင်း(ဂျီ-ဒီ-ဘီ)ဟာ တကမ္ဘာလုံး(ဂျီ-ဒီ-ဘီ)ရဲ့ (၈၀%) ရှိခဲ့ပေမယ့် အခု ၂၀၂၃ မှာတော့ (၄၀%) ကို ကျဆင်းသွားပါပြီ။ တခြားဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ စီးပွားရေးဟာ တရှိန်ထိုး တိုးတက်လာနေတာဖြစ်တော့ ကမ္ဘာ့တဝန်း စီးပွားရေးနဲ့ ဘဏ္ဍာရေးနယ်ပယ်တွေမှာ အဲဒီ ကမ္ဘာတောင်ပိုင်းနိုင်ငံများအနေနဲ့ ပိုမို ပြောရေးဆိုခွင့်တွေ ရလာနေပါတယ်။ (ကုလသမဂ္ဂဝင် နိုင်ငံပေါင်း ၁၅၀ ကျော်ဟာ ဒီစာရင်းမှာ ပါဝင်နေတာပါ။) ဒီတော့ ဂျီ (၇) ရဲ့ သြဇာလည်း ကျလာတာပေါ့။၁၉၇၈ ခုနှစ်မှာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီ ကျင့်သုံးလာတဲ့ တရုတ်နိုင်ငံဟာ အရင်းရှင် ဂလိုဘယ်လာဇေးရှင်းလှိုင်းကို စီးပြီး အရင်းရှင် လွတ်လပ်တဲ့ ဈေးကွက်မူများကို သူ့နိုင်ငံအခိုင်အမာ အခြေအနေများနဲ့အညီ လုပ်ဆောင်ပြီး စီးပွားရှာလာရာမှာ အနှစ် ၂၀ ကျော်လာတော့ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၃ ထရီလီယံကျော်ရှိလာပါတယ်။ ဒါတွေကို အရင်းပြုလုပ်ပြီး နိုင်ငံတကာဘဏ္ဍာရေး အဝန်းအဝိုင်းအတွင်း ဝင်နိုင်ဖို့ တရုတ်က ကြိုးစားလာပါတယ်။၁၉၄၅ ဒုတိယကမ္ဘာစစ်အပြီး ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံတကာ ဘဏ္ဍာရေးအဝန်းအဝိုင်းတွေ ဖြစ်တဲ့--ကမ္ဘာဘဏ်တို့၊ အိုင်-အမ်-အက်ဖ်-I。M。F)တို့၊အ ာရှဖွံ့ဖြိုးရေးဘဏ် စတာတွေဟာ အဲဒီကာလက ကမ္ဘာစီးပွားရေး ဦးမော့လာနိုင်ရေးမှာ ကောင်းမှုတွေ ရှိခဲ့ပေမယ့် ၂၀ ရာစုအကုန်မှာတော့ ပြုပြင်ပြောင်းလဲဖို့ လိုနေပါပြီ၊။ ဒါပေမဲ့ ဒီဘဏ်တွေကို အုပ်စီးထားတဲ့ နိုင်ငံများ(အမေရိကန်၊ဥရောပနိုင်ငံများ၊ ဂျပန်)က ကျန်နိုင်ငံများကို နေရာပေးဖို့၊ အကျိုးအမြတ်တွေကို မျှဝေဖို့၊ မစဉ်းစားပါဘူး။ဒါ့အပြင် အရင်းရှင်ဂလိုဘယ်လာဇေးရှင်းကြီးကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံ အများအပြားမှာ စုဆောင်းရရှိထားတဲ့ ငွေအရင်းအနှီးများဟာ (ကမ္ဘာဘဏ်ရဲ့ တွက်ချက်မှုအရ )ဒေါ်လာထရီလီယံပေါင်း ၄၀ ကျော်ရှိနေပါတယ်။(ပုဂ္ဂလိက ပိုင်ဆိုင်မှုများအပါ)ဒီတော့ သူ့အရင်းအနှီးတွေရော၊ တခြားနိုင်ငံက အရင်းအနှီးတွေရော အားလုံးအတွက်လည်းအကျိုးရှိနိုင်တဲ့၊ ယုံကြည်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံနိုင်တဲ့ ဘဏ်တခုတည်ထောင်ရေးကို တရုတ်က ၂၀၀၉ မှာ စပြောဆိုစည်းရုံးလာပါတယ်။ အရင်ရှိပြီးသား တကမ္ဘာလုံးဆိုင်ရာ ဘဏ်များကို အစားထိုးတာ မဟုတ်ဘဲ၊ လိုအပ်တဲ့နေရာကို ဖြည့်ဆည်းတာပါလို့ဆိုပြီး ဒီ အာရှ အခြေခံအဆောက်အအုံဆိုင်ရာရင်းနှီးမြှုပ်နှံမှုဘဏ်ကို တရုတ်က ၂၀၁၄ ခုမှာ ဒေါ်လာ ဘီလီယံ ၁၀၀ နဲ့ စတင်မတည်ပြီး နိုင်ငံပေါင်း ၂၁ နိုင်ငံနဲ့ တည်ထောင်လိုက်ပါတယ်။တရုတ်ရဲ့ အလွန်ပျော့ပျောင်းပြီး ပြည့်စုံတဲ့ အုပ်ချုပ်မှုစနစ်နဲ့ တရားမျှတတဲ့ ခွဲဝေမှု မူများကြောင့် အမေရိကန်ရဲ့ အပြင်းအထန် ကန့်ကွက်တားဆီးနေတဲ့ကြားကပဲ အင်္ဂလန် အပါအဝင် ဥရောပနိုင်ငံများ(ဂျာမနီ၊ ပြင်သစ် အပါ) ဒေသအသီးသီးက နိုင်ငံများ ပါဝင်လာလို့ (၂၀၂၃- ဧပြီလမှာ) ၁၀၆ နိုင်ငံ ပါဝင်လာပြီ ဖြစ်ပါတယ်။ပိုးလမ်းမစီမံကိန်းအတွက် ရည်ရွယ်တည်ထောင်တာဖြစ်လို့ အဲဒီစီမံကိန်းထဲက အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းအများအပြားကို အခုအခါမှာ တခြားဘဏ်များ(ကမ္ဘာဘဏ်၊ အာရှဘဏ်)နဲ့ ပူးတွဲပြီး လုပ်ဆောင်နေတာ တွေ့ရပါတယ်။(ဥပမာ- မြန်မာ-တရုတ်ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးမှာ-နိုင်ငံပေါင်း၄ နိုင်ငံက ကုမွဏီပေါင်း ၆ ခု ပါဝင်ပါတယ်။)အခုတော့ ကုလသမဂ္ဂကတောင် ဒီ AIIB ပေါ်ထွက်လာတာဟာ ကမ္ဘာကြီးရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးအရအကူအညီအထောက် ပံ့ ဖြစ်လာနေပါတယ် လို့ဆိုလာပါတယ်။ ကားလမ်းမကြီးများ၊ ရထားလမ်းများ၊ လေဆိပ်များ၊ စွမ်းအင်ကုမွဏီများ စတဲ့စတဲ့ဘက်ပေါင်းစုံ ဆက်သွယ်ရေးလမ်းကြောင်းများအတွက် စီမံကိန်းပေါင်း(အတည်ပြုပြီး)၂၁၇၊ရင…

မုန်တိုင်းကာလမှာတောင် စစ်ရေးလှုပ်ရှားမှု မရပ်နားတဲ့ စစ်ကိုင်းနဲ့ ကရင်နီဒေသ
https://ift.tt/we0ESgA
<a href="https://blogger.googleusercontent.com/img/a/AVvXsEj2FrXqkJUljzbmSD9FGvNru62iEFEy3mzxYBCwW3Ix2UNAy12WbcmIivSc0c5Vyv7Ds5NpU_CCg0ZcA0E6h0-_0lor6Miq0HGM7rU5nQSEt7qE7wqX9aAu5hUL_s2nSDfqiGAyGgO_adsJSrDBEKMLGtV8BZ04hXcBX2jMS5Dx_XdFwTYZYN8zZbR9">Media</a>
မြန်မာ့နွေဦးခရိုနီကယ် - မေ ၂၁ မြင်ကွင်းမိုးမခ - မေ ၂၂၊ ၂၀၂၃
<b>မုန်တိုင်းကာလမှာတောင် စစ်ရေးလှုပ်ရှားမှု မရပ်နားတဲ့ စစ်ကိုင်းနဲ့ ကရင်နီဒေသ </b>မေလဆန်း ပထမသီတင်းပတ် အကုန်လောက်ကတည်းက မြန်မာနိုင်ငံ အနောက်ပိုင်းကို သဘာဝဘေးအန္တရာယ် မုန်တိုင်း ဝင်ရောက်လာနိုင်တယ်ဆိုတဲ့မိုးလေဝသ ခန့်မှန်းချက်တွေအရ ရခိုင်ပြည်နယ်မှာ လေပြင်းတိုက်ခတ်မယ့် အန္တရာယ်ကို ကာကွယ်ဖို့ သတိပေး ပြင်ဆင်တာတွေ လုပ်ဆောင်နေခဲ့ကြပေမယ့် ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက ဒေသအချို့မှာတော့ မိုးသည်းထန်မယ့် အန္တရာယ်ရှိတာကို အကြမ်းဖျင်း သိရှိထားကြပေမယ့်ပြင်ဆင်မှုတွေ ကောင်းစွာ မလုပ်နိုင်ခဲ့ကြပါဘူး။ ချင်းပြည်နယ် တောင်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်း နဲ့ စစ်ကိုင်းတိုင်းက ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တာ တောင်ကျချောင်းရေကြီးပြီး နေအိမ်၊ စိုက်ခင်းတွေ နစ်မြုပ်ပျက်စီးနိုင်တာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေ ပျက်စီးနိုင်တဲ့ အန္တရာယ်တွေ ကြိုတင်တွက်ဆ မိကြပေမယ့် စစ်ရေးအရ တဖက်နဲ့ တဖက် စောင့်ကြည့်နေကြတဲ့ အနေအထားမျိုး၊ စစ်ကိုင်းတိုင်းမှာတော့ စစ်ကြောင်းထိုးတာတွေ နယ်မြေရှင်းလင်းရေးဆိုတဲ့ နေအိမ်မီးရှို့တာ ဖျက်ဆီးတာတွေကို စစ်ကောင်စီဘက်က ဆက်လက်လုပ်နေမြဲ လုပ်နေတာမို့လို့ စစ်ကိုင်းတိုင်းက ဒေသခံတွေ အဖို့ မိုးသည်းထန်တဲ့အန္တရာယ်၊ ရေကြီးတဲ့ အန္တရာယ်တွေထက် စစ်ဘေးတိမ်းရှောင်ဖို့ကို ပိုအာရုံစိုက်ခဲ့ရတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း မတူပီနဲ့ မင်းတပ်တို့မှာလည်း စစ်ကောင်စီတပ်တွေ နဲ့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေ ဖြစ်တဲ့ CDF တွေအကြား တဖက်နဲ့ တဖက်သူ့နေရာ ကိုယ့်နေရာအနေအထားနဲ့ စောင့်ကြည့်နေကြတဲ့ အနေအထားအောက်မှာ မုန်တိုင်းက ထပ်မံဝင်ရောက်ခြင်းခံရပြီး နေအိမ်တွေ၊ သိုလှောင်ထားတဲ့ ရိက္ခာတွေ အများအပြား ပျက်စီးခဲ့ပြီး၊ တမြို့နဲ့ တမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေပါ မြေပြိုကာ ပိတ်ဆို့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ဒေသတွေမှာလိုအပ်တဲ့အကူအညီတွေကို ပြင်ပမှ ဘယ်သူမှဝင်ရောက် စာရင်းကောက်ယူတာ ကူညီတာမျိုး မလုပ်နိုင်တဲ့ အနေအထားမျိုး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ တဖက်မှာ သဘာဝဘေးအန္တရာယ်ကြောင့် ဆိုးရွားစွာ ထိခိုက်ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်ကို အကူအညီပေးနေတဲ့ အသွင်သဏ္ဌာန်မျိုးပြည်တွင်း ပြည်ပ မြင်လာအောင် ကြိုးပမ်းနေချိန်မှာ စစ်ကိုင်းတိုင်း ခင်ဦး၊ ကနီ၊ ဒီပဲယင်း၊ ကန့်ဘလူ အစရှိတဲ့ ဒေသတွေနဲ့ ကရင်နီဒေသမှာ ဒီးမော့ဆိုတဝိုက် မိုးဗြဲဒေသတဝိုက်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့ကြတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ယင်းမာပင် ကနီ မြို့နယ်တွေထဲက ကျေးရွာက ရွာသူရွာသားတွေအဖို့ မိုးသည်းထန်လို့ သဘာဝ ဘေးအန္တရာယ်ကို တိမ်းရှောင်နေကြရချိန်မှာ တပြိုင်နက်တည်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတဲ့ ရန်ကိုပါ တချိန်ထည်း တိမ်းရှောင်ကြရတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ မိုးရွာရွာ လေတိုက်တိုက် သဘာဝ ဘေးအန္တရာယ် ဘယ်လိုပဲရှိရှိ စစ်ရေးအရ အသာစီးရဖို့ တိုက်ခိုက်ဖို့ ကျေးရွာတွေ ဝင်ရောက်ကာ ရှင်းလင်းဖို့ သူ့လက်နက်ကိုင် တပ်တွေကို အမိန့်ပေးစေခိုင်းထားတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ သူ့လက်နက်ကိုင် တပ်တချို့ကို ရခိုင်မှာ အပျက်အစီးတွေ ရှင်းလင်းရေး လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသရဲ့ အုပ်ချုပ်ရေး ယန္တရားကို ပြန်လည် ထိန်းချုပ်လာနိုင်အောင် မုန်တိုင်းအန္တရာယ် ကူညီကယ်ဆယ်ရေးနဲ့ နိုင်ငံရေး အာဏာ ပြန်လည်တည်ဆောက်ရေးကို တွဲပြီးလုပ်ကိုင်နေတယ်လို့ ယူဆရပါတယ်။ တဖက်မှာတော့ ကရင်နီ ဒေသနဲ့ စစ်ကိုင်းတို့မှာ PDF တွေကို အနားမပေးပဲ ဆက်လိုက်တိုက်ခိုက်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူလူထုအဖို့ ပြည်တွင်းစစ်ပွဲရဲ့ အန္တရာယ်ဖြစ်တဲ့ စစ်ဘေးကို တိမ်းရှောင်ရတာတွေ တင်မကပဲ သဘာဝဘေးအန္တရာယ်တခုဖြစ်တဲ့ ဆိုးရွားလှတဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ထပ်ဆင့်ခံစားကြရတာမို့လို့ ကံဆိုးတဲ့ အဖြစ်တွေ တခုပြီးတခု ကြုံကြရတဲ့အနေအထား ဒုက္ခတွေ ထပ်ဆင့်ခံနေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အချို့သော နိုင်ငံတွေမှာ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေအကြား လက်နက်ကိုင်အင်အားစုတွေအကြား လက်နက်ကိုင် တိုက်ခိုက်နေကြချိန် သဘာဝဘေးအန္တရာယ် ကျရောက်လာတဲ့အခါ ခေတ္တအားဖြင့် သော်လည်းကောင်း၊ သို့မဟုတ် သဘာဝဘေးအန္တရာယ်ကျရောက်မှုကို ကျော်ဖြတ်နိုင်ကြဖို့ရာ လက်နက်ကိုင် ပဋိပက္ခကို ဆွေးနွေးမှုနဲ့ အဖြေရှာဖို့ သော်လည်းကောင်း အခွင့်အလမ်းတရပ်အဖြစ် တိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ ရပ်ဆိုင်းခဲ့ကြတဲ့ သာဓကတွေ ရှိခဲ့ကြတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံက အဆိုပါ သာဓကတွေထဲက တခု ဖြစ်ဖို့ အခွင့်အလမ်းမရှိပဲ စစ်ကောင်စီဘက်ကလည်း…

ကိုအောင်မှိုင်း - နေဝန်းနီနီ ပြည်သစ်တည်
https://ift.tt/5k0jfHv
Media
ကိုအောင်မှိုင်း - နေဝန်းနီနီ ပြည်သစ်တည်(မိုးမခ) မေ ၂၃ ၊ ၂၀၂၃
စစ်တပ်နဲ့ ရင်ကြားစေ့ဘို့ဗမာပြည်က နိုဗယ်ဆုရှင်ဒေါ်စုပင်လျှင် အထင်ကရကြိုးစားခဲ့ဖူး သမိုင်းရူးခဲ့။
ရှေ့နောက်တောင်မြောက်ကမ္ဘာတလွှား တိုင်းပြည်များစွာဖွဲ့စည်းများစွာ ကြိုးပမ်းနေကြစစ်သူခိုးနဲ့ စေ့စပ် အနောက်လိုင်းစစ်သူခိုးအောက်ဝင် အရှေ့လိုင်းအရိယသစ္စာဟာ ကျွန်သီချင်းတွေ ဖြစ်ခဲ့။
ပေါင်းစားချင်သူတွေတောင်းစားချင်သူတွေသွေးစက်တွေ တန်းလန်းနဲ့ငြိမ်းချမ်းရေးစကားတွေပြောဗုံးများစွာ ထောက်ပံ့သူတွေနဲ့
ရှုတ်ချဒေသနာ ဟောသူတွေကြားမြန်ပြည်သားတွေက မြေစာပင်။
မြောက်ပိုင်းကို ကိုင်မဲ့ကောင်နဲ့တောင်ပိုင်းကို နိုက်မဲ့ကောင်နဲ့အရှေ့ပိုင်းကို ကြိုက်တဲ့ကောင်နဲ့အနောက်ပိုင်းကို ရိုက်မဲ့ကောင်နဲ့တချို့လဲ အရှေ့မျှော်ကြတချို့လဲ အနောက်မျှော်ကြဘာမှမမျှော် ဆော်နေတာကပန်းရိုင်းတွေလို ကျွဲရိုင်းတွေသမိုင်းသစ်ကို ဖန်တီးမဲ့သူတွေလယ်သမား အလုပ်သမားမျိုးဆက်အား ကျောင်းသားတိုင်းရင်းသား တော်လှန်ပြည်သူပြည်သစ်ယူမဲ့ ပြည်ချစ်သူတွေပေါ့။
ဧရာဝတီဟာ စီးနေဆဲလွိုင်လန်းဖဟာ ချစ်နေဆဲအညာမြေဟာ မာနေဆဲအိပ်မက်တို့ တေးသီဆဲအနာဂတ်ဟာ လှနေဆဲမုဆိုးခြေထောက် ဆူးမကြောက်စစ်သူခိုးတွေ ဒူးထောက်စေရမယ်နိုင်ငံတလွှားက ပြည်ချစ်သားတို့ပန်းတွေဝေမြဲ ပန်းသီဆဲ။
ဘိန်းပန်းတွေအစားသစ္စာပန်းတွေနဲ့ အစားထိုးမယ်။
အဆိပ်ပန်းတွေအစားမေတ္တာပန်းတွေနဲ့ အစားထိုးမယ်။
ဟောင်းနွမ်းပန်းတွေအစားသစ်လွင်ပန်းတွေနဲ့ အစားထိုးမယ်။
ဒို့ခေတ်မှာ.....သစ္စာပန်းတွေ ပွင့်စေရမယ်မေတ္တာပန်းတွေ လန်းစေရမယ်သစ်လွင်ပန်းတွေ ကြိုင်သင်းစေရမယ်။
နေဝန်းနီနီ ပြည်သစ်တည်ဖို့ပန်းခင်းကြီးတွေ ပျိုးကြမယ်ပန်းတံတားကြီးတွေ ထိုးကြမယ်လက်ထဲက စုတ်တံဟာ အနာဂတ်ရဲ့ မှန်ပဲ။

မုန်တိုင်းဒဏ်ခံစားနေရတဲ့ အရေးပေါ် အကူအညီလိုအပ်သူတွေကို ကုလသမဂ္ဂက အကူအညီပေးခွင့်မရသေး
https://ift.tt/9LwYZDf
<a href="https://blogger.googleusercontent.com/img/a/AVvXsEipFPtpdaAWW8mLjWqEwysTJI7Wrm3YFks7NUefOr5g69_iC3kwo82KApA3gmnss9PySrylb_falHX0fUaiJ0gjG7IFoGlTjre5fH3DK7QFGpBkuW3IlFk7SunGtYwLhjmSiRFgawRkx2IY6Z59RnXIVuXqEyjyk28XyWPN3ywyEaS5PTs14_pAu7Iw">Media</a>
မြန်မာနွေဦး ခရိုနီကယ် - မေ ၂၂ မြင်ကွင်း(မိုးမခ) မေ ၂၃၊ ၂၀၂၃
<b>မုန်တိုင်းဒဏ်ခံစားနေရတဲ့ အရေးပေါ် အကူအညီလိုအပ်သူတွေကို ကုလသမဂ္ဂက အကူအညီပေးခွင့်မရသေး </b>မိုခါ မုန်တိုင်းတိုက်ခတ်ပြီး ၁ပတ်ကျော်ကြာမြင့်လာသည့်တိုင် အဓိကကျတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းကြီးဖြစ်တဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်ခံရသူတွေကို အကူအညီပေးအပ်ဖို့ ခွင့်ပြုချက်ကို စစ်ကောင်စီဘက်က ခွင့်မပြုသေးတဲ့ သတင်းတွေ ဒီနေ့ ထွက်ပေါ်လာပါတယ်။ အလွန်အားကောင်းတဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်က လူထုတွေကို ကုလသမဂ္ဂ အဖွဲ့ရဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်ဖို့ ရာမှာ စစ်ကောင်စီရဲ့ ခွင့်ပြုချက် လိုအပ်နေတာ ဖြစ်ပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီးနောက် တပတ်ကျော်လာသည့်တိုင် စစ်ကောင်စီအနေနဲ့ ခွင့်ပြုချက် မပေးသေးခြင်းဟာ ဗျူရိုကရေစီလုပ်ထုံးလုပ်နည်းထက် သဘာဝဘေးအန္တရာယ်ကို နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ရည်ရွယ်တာလို့ ယူဆစရာတွေ ရှိလာနေတာ ဖြစ်ပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီးချင်း စစ်ကောင်စီရဲ့ စစ်တပ်က ရေယာဥ်နဲ့ လေယာဥ်နဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ သယ်ဆောင်တာ၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်မယ့် မီးသတ်တပ်ဖွဲ့ဝင်တွေကို သယ်ဆောင်သွားတဲ့ သတင်းဓာတ်ပုံတွေ၊ စစ်တွေမြို့ပေါ်မှာ လမ်းတွေမှာ ပိတ်ဆို့နေတဲ့ သစ်ပင်တွေကို ဖယ်ရှားနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ပုံတွေကို ဖော်ပြနေပြီး ပြည်ပအခြေစိုက် သတင်းဌာနတွေနဲ့ ပြည်နယ်အခြေစိုက် လွတ်လပ်တဲ့ သတင်းမီဒီယာတွေကတော့ ပျက်စီးမှု အတိုင်းအတာ၊ မြင်ကွင်းတွေ၊ မုန်တိုင်းဒဏ်ခံစားနေကြရတဲ့ ဒေသခံလူထုရဲ့ သောက်သုံးရေ အခက်အခဲ၊ အရေးပေါ် နေစရာ မရှိတာ၊ ပျက်စီးပြိုကျသွားတဲ့ အိမ်တွေကို ယာယီအမိုးအကာရဖို့ ပြင်ဆင်ဖို့တောင် သွပ်မိုး၊ သွပ်ရိုက်သံ ဝယ်မရလောက်အောင် ရှားပါးနေတာ၊ မတန်တဆစျေးနဲ့ ဝယ်ယူနေရတာတွေ ဖော်ပြနေကြပါတယ်။ သောက်ရေသန့် လီတာ ၂၀ ဘူးကြီးတဘူးကို မုန်တိုင်းပြီးခါစက အချို့နေရာမှာ ကျပ် ၂ သောင်းထိ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ၊ အခုလက်ရှိ ကျပ် ၁ သောင်းလောက်နဲ့ ဝယ်ယူသုံးစွဲနေရတယ်ဆိုတဲ့ သတင်းတွေ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ အခုလို အခြေအနေမှာ ကူညီကယ်ဆယ်ရေးကို နိုင်ငံရေး အမြတ်ထုတ်စရာ အခွင့်အလမ်းတခု အဖြစ် ရှုမြင်နေသလား လို့ မေးခွန်းထုတ်စရာရှိနေပြီး ရခိုင်ပြည်နယ်ရဲ့ ဒေသအချို့မှာ စင်ပြိုင် အုပ်ချုပ်ရေးထူထောင်ထားနိုင်တဲ့ ရက္ခိုင်တပ်တော် AA အနေနဲ့လည်း ၄င်းတို့ချည်းနဲ့ ရခိုင်ပြည် သဘာဝဘေး အန္တရာယ် ဘေးဒုက္ခကနေ ကူညီနိုင်ဖို့ မတတ်နိုင်တာကြောင့် နိုင်ငံတကာ အစိုးရနဲ့ အဖွဲ့အစည်းတွေကို ကူညီကြဖို့ နှိုးဆော်တောင်းခံထားတာလည်းဖြစ်ပါတယ်။ သို့သော်လည်း ကုလသမဂ္ဂလို နိုင်ငံတကာအစိုးရတွေအနေနဲ့ သဘာဝဘေး ဒဏ်ခံရသူတွေကို ကယ်ဆယ်ကူညီရေးမှာ နယ်မြေစိုးမိုးထားမှုနဲ့ ဖြန့်ဝေရေးလမ်းကြောင်းတွေကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီကို မနှစ်မြို့ပေမယ့် ဆက်ဆံနေရတဲ့ အနေအထားမျိုးလည်း ဖြစ်နေတဲ့ အခြေအနေရောက်နေပြီး စစ်ကောင်စီဘက်က တပတ်ကျော်ကြာလာသည့်တိုင် ကုလသမဂ္ဂရဲ့ အကူအညီပေးဝေမှုကို ခွင့်ပြုချက် မပေးသေးတာ တွေ့ရပါတယ်။ ဆိုင်ကလုန်း နာဂစ် ဖြစ်ပွားစဥ်က နိုင်ငံတကာအကူအညီတွေကို နှောင့်နှေးအောင် လုပ်ဆောင်ခဲ့တာ၊ အချို့သော အနောက်နိုင်ငံကြီးတွေက သဘာဝဘေးဒုက္ခရောက်နေချိန်မှာ အရေးပေါ် သောက်ရေသန့် ရိက္ခာ အကူအညီပေးနိုင်တဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တာတွေကြောင့် နအဖ အစိုးရခေါင်းဆောင်တွေကို သမိုင်းမှာ အမည်းစက်စွန်းထင်း ကျန်ရစ်စေခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ ဒီလို နာဂစ်ဖြစ်ပွားပြီးနောက် နအဖ စစ်ခေါင်းဆောင်တွေ အနေနဲ့ Crime Against Humanity လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှု ကို ကျူးလွန်ခဲ့တယ်လို့ မှတ်တမ်းတင်ခံခဲ့ရတဲ့ အဖြစ်တွေ ရှိနေနှင့်ပြီးဖြစ်ပေမယ့် စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့လည်း ဒီလိုမှတ်တမ်းမျိုးနဲ့ သမိုင်းမှာ တရားခံအဖြစ် မှတ်တမ်းတင်ခံရမယ့် အနေအထားရောက်ရှိနေတယ်လို့ဆိုနိုင်ပါတယ်။မိုခါ ဆိုင်ကလုန်းဒဏ်ခံစားနေရသူတွေအတွက် အရေးပေါ်အကူအညီအနေနဲ့ အာဆီယံအဖွဲ့ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးစင်တာက ပေးပို့လာတဲ့ လူသားချင်းစာနာမှု အကူအညီတွေလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကတဆင့် ရေလမ်း၊ လေလမ်းနဲ့ စတင်ပို့ဆောင်နေပြီလို့ သတင်းတွေထဲ ပါရှိပေမယ့် မုန်တိုင်းဒဏ်ခံစားနေရသူတွေ လက်ဝယ်ကို ပေးဝေတာတွေ မတွေ့ရသေးပါဘူး။ ပျက်စီးနေတဲ့ နေအိမ်တွေ၊ ဘာသာရေးအဆောက်အဦတွေ၊ ဘုရားစေတီတွေ၊ လမ်းတံတားတွေ၊…

မောင်ဘဦး - "မိုးမွှန် ပါစေ... လေ"
https://ift.tt/0srJB2W
<b>Media</b><b>"မိုးမွှန် ပါစေ... လေ"</b><b>မောင်ဘဦး</b><b>(မိုးမခ) မေ ၂၃၊ ၂၀၂၃</b>
"ပထမ အရှိူ့ခံရတုန်းက...၊ မစန်း...မမြိုင်...မသန်းရွှေ...O.K လက်ဖက်ရည်ဆိုင်...၊ စိုးဝင်းက... ဆေးဆိုင်ရော အိမ်ရော...၊ စုစုပေါင်း အိမ် ၁၀-လုံး ၊ ဆိုင်ကယ်တွေကတော့ အိမ်တိုင်း...။ အခုတခါကျတော့ အိမ် ၁၂-လုံး...။ 'အိုးမဂျိုး' (ထမင်းအိုးဖင်၌ ကပ်နေသည့် အိုးမဲဂျိုး) နဲ့ 'အိမ်တိုင်' တောင် မကျန်ရစ်ပါဘူး ကွယ်..." "အမေကလည်း ၊ အဲဒီ နှစ်ကြိမ်ကြားထဲ သစ်တောရုံး 'ဘိုတဲ' က အိမ် ၂ လုံးကို ဝင်ရှိူ့သွားသေးတယ်လေ... " "ဟုတ်သား ။ ဘိုတဲများလေ...၊ သစ်တောဖက်က အရာရှိကြီးတွေ... လာလာတည်းကြတော့ ... အဲယားကွန်းတွေ ထ္မင်းပေါင်းအိုးတွေနဲ့...၊ ဆက်တီခုံတွေဆို ဝင်းပြောင်အိစက်နေတာပဲ...။ 'အကြမ်းဖက် မA-ိုး' တွေ မီးရှိူ့သွားတာ ... ။ အဒါနဲ့ရောဆို စုစုပေါင်းမီးရှိူ့ခံရတာ ၃-ကြိမ်ရှိသွားပြီ..." "ကျုပ်တို့ 'အနောက်ဖက်'က (ချင်းတွင်းမြစ် အနောက်ဖက်ကမ်းက) ရွာတွေ တော်တော်များများ မီးရှိူ ့ဖျက်ဆီးခံရတာပါ တော် " "အိမ်တစ်အိမ်ဆို အသစ်စက်စက်ပါတော် အိမ်တက်တောင် မလုပ်ရသေးဘူး ၊ 'အကြမ်းဖက် မA-ိုး စစ်ခွေး'တွေ ရှိူ ့တဲ့ မီးထဲ' ပါသွားတယ် ။ ဆေးဆိုင်ကတော့ ဆေးပစ္စည်းတွေရော အိမ်ရော ပါတာပေါ့တော် ၊ ရွာနဲ့အဝေးကြီးက ဘုန်းကြီးကျောင်းဝင်းထဲ ထွက်ပြေးတဲ့သူတောင် စစ်ခွေးတွေရမ်းသမ်းပစ်လို့ လည်ပင်းနား လေး ရှပ်မှန်'တာ ... ၊ လက်သဲခွံလေးလောက် ရှပ်ထိတာကို သူ့ခမျာ အခုထက်ထိ နားတွေ 'အူ'နေရှာတယ်..." "အကြမ်းဖက် မA-ိုးတွေ...ရွာထဲက အိမ်တွေ ဖျက်ဝင်၊ စားစရာ သောက်စရာတွေ အကုန်ယူ သောက်ကြစားကြ...၊ စောင်တွေလည်း ယူခြုံပြီး ပစ် ထားခဲ့ကြတာ..." "...စားတာသောက်တာက ထားပါတော့တော်၊ ဆန် ဆီ ကြက်သွန်တွေ အကုန် မီးရှိူ ့ဖျက်ဆီးသွားကြတာ ရက်စက်လွန်းလှတော် 'ကျုပ်တောင် လွတ်အောင် မနဲ ပြေးထွက်ခဲ့ရ၊ ကံကောင်းလို့ အရှင်လတ်လတ် မီးထဲပါမသွား " "မA-ိုး စစ်ခွေးတွေ... ယုတ်မာချက်က... ကျုပ်တို့ဆီမယ် အိမ်တွေ မီးရှိူ့ ဆီတွေ သွန်သွား , ဆန်အိတ်တွေ ဖြဲပြီး ဓာတ်ဆီ လောင်းသွားတယ်ဗျာ " "ကျုပ်တို့ (...) ရွာတော့ လှောင်ထားတဲ့ ကြက်သွန်တွေကို ရွှဲနစ်ပြီး ဗွက်ထ,အောင်ထိ ရေ မောင်း, ပက်သွားပြီး ၊ အဲဒီ ရေငုတ်မော်တာနဲ့ ရေတွင်းရော , အုတ်ကန်တွေပါ ရိုက်ချိုးဖျက်ဆီးသွားကြသဗျာ" 'မA-ိုး စစ်ခွေးတွေ' ၊ အတော်ယုတ်တာ ၊ ကျုပ်တို့ (...)ရွာက မောင်(...) အိမ်တော့...၊ မီးတော့ မရှိူ့ဘူး ၊ အိမ်တိုင်တွေအကုန် လွှနဲ့ ဖြတ်သွား တယ်ဗျာ၊ 'ပရပ်တိုင်'ပါ မကျန်..." "အရှေ့ဖက်ထဲက (ချင်းတွင်းမြစ် အရှေ့ဖက်) ရွာတွေလည်း မုန်တိုင်းကြီးထဲ ထွက်ပြေးကြရသတဲ့၊ လေတွေမိုးတွေထဲ ကလေးလေးတွေ ချီလို့... ပြေးကြရတာ တဲ့..." "မင်း... နောက်ကျသကွာ... ၊ ဒါပေသိ အတော်ပါပဲ ၊ ခုထိ (နာမည်) မခေါ်သေးဘူးကွ... ၊" "ရွာလမ်းတွေ 'ဘူဒိုဇာ' နဲ့ထိုးပြီး အဖျက်ခံထားရတာ ရွာတိုင်းလေ...၊ ကြာမှာ ပ...။" "ရွာလမ်းတွေကို ဘက်ဟိုးနဲ့ ထိုး, လမ်းတွေ ဖျက်ထားတာက 'ကား' တော့ သွားမရဘူး ၊ 'ဆိုင်ကယ်'တော့ ယာခင်းထဲက ဖြတ်လာလို့ ရသေးတယ် ၊ ခုဟာက မြို့ဝင်ဂိတ်က ပိတ်စစ်နေလို့ ။ ယာဉ်လိုင်စင် , အမောင်းလိုင်စင် , ဘီးခွန် , ဖောင်းကြွနံပါတ်ပြား ၊ အကုန်စုံတာတောင် 'မA-ိုးတွေ' ၁သောင်း တောင်းတာ ၊ ဆေးရုံ လူနာစောင့်သွားမလို့ပါ တောင်းတောင်း ပန်ပန်နဲ့ ၅ ထောင် ပေးခဲ့ရ..." "ကျုပ်က 'တောင်ဖက် ရေဝင်'ထဲက ၊ (မြို့တောင်ဖက် မြစ်ရေဝင်သည့် နယ်က) ၊ နေကပူပူ ကွမ်းခြံမီး သွားငြိမ်းတာ၊ အပူရှပ်ပြီး သတိလစ်သွားလို့ မနေ့က 'ဆလိုင်း' သွင်းရတယ် ၊ မသက်သာရင် လာပြဆိုလို့ မနက်ထ ခေါင်း နောက်ကျိကြီးနေတာနဲ့ ...၊ ဆရာဝန်ပြောသလို နေပူလွန်းလို့ ရေဓါတ် ဆားဓာတ်တွေလည်း ဆုံးရှူံး ၊ ဟို 'မA-ိုးတွေ' ကျုပ်ကွမ်းခြံကို သက် သက်မဲ့ မီးရှိူ့သွားလို့ ရှိစုမဲ့စု 'ချွေးနည်းစာ' လေးလည်း ဆုံးရှူံး၊ အားလုံး ကုန်ပါပြီ..." "အကြမ်းဖက်ခွေးဒေမယ် (ခွေးတွေမှာ) 'မလုပ်ရဲတာ ဘာမှမရှိဘူး' တဲ့ ၊ ဒင်းတို့နဲ့ မတွေ့ရအောင် ရှောင်ရ ပြေးကြရမှာပါပဲ "" "မလုပ်ရဲတာတော့ မရှိဘူး၊ မခံရဲတာသာ ရှိသပေါ့အေ'... ၊ ဒို့ 'အရှေ့တာ' ဆီလည်း (မြို့၏အရှေ့ဖက်ရှိ မြို့နယ်များလည်း) မီးရှိူ့တာပါပဲ ၊ ဒါပေသိ မခံဘူး ပြန်'ချ'တာပဲ ၊ ငုံ့ခံမှန်းသိ 'မA-ိုး'ဒေက 'ေ-ာက်ကန်းတက်' သယ် " "ဒီမြို့ထဲက နေရာတော်တော်များများကြည့်ပါလား ၊ သွပ်ဆူးကြိုး အတားအဆီးတင်မကဘူး၊ သဲအိတ်တွေတောင် စီထပ်လို့... တော့ ၊ ကြောက်တတ်လိုက်တာ ။ အံမယ်...၊ လမ်း လာသမျှလူတွေကို သဲအိတ်တွေ အမ,ခိုင်း သတဲ့ " 'မအလ' လက်ထောက် စခ ရခ ပျူဒလန်တွေဆိုတာက 'အပြစ်မဲ့ ပြည်သူတွေပါလား', 'သက်ကြီးရွယ်အိုတွေ ပါ လား', အိပ်ရာဖင်ကပ် ဂီလာန လေဖြတ်နေသူပါ လား', 'အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ပါ လား' ဆိုတဲ့အသိက ရှိမှမရှိတာ။ 'ငါ့ဘိုးငါ့ဘွား ငါ့မိဘ၊ ငါ့သားသမီးလေးသာဆိုရင်' ... ဆိုတဲ့အသိကတော့ 'ဘိတ်ဘိတ်တုံး' ၊ ကြည်း ရေ လေ (လေဘဲ, ရေဘဲ, ကုန်းဘဲ) အကုန် ဦးနှောက်မပါတဲ့ 'မA-ိုး' အကြမ်းဖက် အယုတ်တမာ ကောင်ဒေ " "တော်ကြ တော်ကြ၊ တော်ကြာ …

ဖိုးရွှေညီမှိုင်း - အမေမြစ်တွင်း သားတစင်း ခရီးနှင် ...
https://ift.tt/1LXFIaB
MediaImage- Credit
အမေမြစ်တွင်း သားတစင်း ခရီးနှင် ...ဖိုးရွှေညီမှိုင်း(မိုးမခ) မေ ၂၃၊ ၂၀၂၃
တောင်ကညို ပြိုတော့မှာလားမစဉ်းစားတော့ဘူး အမေရာ။သားရင်ထဲအခု ...စီးနေဆဲသွေးတွေကအမေ့သွေးတွေပေါ့။ဒီမြစ်ကြီးထဲမိုးထဲလေထဲရွက်လွှင့်ရဲတာဒီမြစ်ကြီးက အမေလေ။အမေ့ရင်ထဲ အမေ သားကို ဘယ်တော့မှ နှစ်မပစ်ဘူးဆိုတာ သားယုံတယ်သားလှေကို သားပဲ ပဲ့ကိုင်နေတာအမေ့စကား သားနားထောင်လို့ပေါ့။သားက အမေ့ရဲ့သားပါသား ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူးအမေဒီမုန်တိုင်းတွေ လေရိုင်းတွေသားကိုသတ်လို့ မသေစေရဘူး။စိတ်ချ အမေအမေ့ကမ်းကို အမေ့သားကရအောင်ကပ်မှာသား လာနေပါပြီ။ရိုင်းစိုင်းယုတ်မာလေတွေမိုးတွေရဲ့အနောက်ညင်သာသိမ်မွေ့မိုးသားတွေရဲ့အထက်လေနုအေးကလည်းအမေပဲဆိုတာ သားသိတာပေါ့။သားနဲ့ သားရဲ့ငှက်ကလေးတွေ အတူတူ ပြိုးပြက်ဖို့မိုးစက်တွေနဲ့ ဒီမုန်တိုင်းကို ဖြတ်ကျော်သားတို့ လာနေပါပြီ အမေ။
၂၀၂၁ မေ ၁၆-

ကိုသန်းလွင် - ထိုင်း ဝန်ကြီးချုပ်ရွေးပွဲ
https://ift.tt/RbHhPil
<a href="https://blogger.googleusercontent.com/img/a/AVvXsEi9_Tb6MIE0zB13so7JXcGQPmS5DrVx_oo6lfVoJo--MxwnU6_NXFKSMbXwXMN_xwcRSbupKY0ZfF9VcrqFO8yswPscbAUH6XrapxSLbT66MlZXbteBxA_sH02jYnloV9Lw0-TxZXWw-8JZoDmgZNkXSgAXj_c2r8D883ImNKM9SqdL8meBxRCvWjg5">Media</a><i>Mr. Pita greeting supporters during a voter thank you parade culminating in Owl Market in Nonthaburi</i>
ကိုသန်းလွင် - ထိုင်း ဝန်ကြီးချုပ်ရွေးပွဲ(မိုးမခ) မေ ၂၃ ၊ ၂၀၂၃
( ၁ ) ပီတ လင်ဂျာရိုအန်ရတ် (Pita Linjaroenrat) သည် ၂၀၀၈ ခုနှစ်တွင်ဟားဗတ်တက္ကသိုလ် ကျောင်းသားအဖြစ် ရှိနေစဉ်က သမ္မတအိုဘားမား မဲဆွယ်စဉ်က မိတ်ဆွေသူငယ်ချင်းများနောက် လိုက်ရင်း အမေရိကန် ရွေးကောက်ပွဲများတွင် မဲဆွယ်ခြင်းဓလေ့ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါသည်။ ထိုရွေးကောက်ပွဲ မဲဆွယ်ခြင်းကို ကြုံဖူးသဖြင့် တယ်လီဖုန်းဖြင့် မဲဆွယ်ရမည့်သူများကို ဆက်သွယ်ခြင်း၊ မဲဆွယ်ရသူများကို စုဆောင်းခြင်း၊ အိမ်ပေါက်စေ့ လိုက်လံ တံခါးခေါက်ခါ မဲဆွယ်ရခြင်း၊ မဲဆွယ်သည့် ကြော်ငြာများကို အိမ်ရှေ့ မြက်ခင်းပြင်တွင် ချရခြင်း စသည်တို့ကို လက်တွေ့ကြုံခဲ့ရပါသည်။နောက် ၁၅ နှစ်မျှ ကြာသောအခါ မတ်ဆာချူးဆက်နယ်တွင် ကြုံခဲ့ရသော အတွေ့အကြုံများကို အခြေခံ၍ ယိုးဒယားနိုင်ငံတွင် မဲဆွယ်ခြင်းကိစ္စကို လုံးပန်းခဲ့ရသည်ဟု ပြောပါသည်။ သူ၏ တိုးတက်သော ရှေ့သို့ (Progress Move Forward) ပါတီ၏ အောင်မြင်မှုများသည် ယိုးဒယား လူထုကို အံ့အားသင့်စေခဲ့ပါသည်။( ၂ )ထိုင်းနိုင်ငံရေးတွင် ဆယ်ခုနှစ် ၂ ခု နှစ်မျှကြာအောင် အင်အားစုကြီး ၂ ခုကိုသာ မဲပေးခဲ့ကြပါသည်။ ပထမဘုရင်ကို ထောက်ခံသော ကွန်ဆာဗေးတစ်များနှင့် စစ်တပ်ကို ထောက်ခံသူများက တစု၊ အခြားတဖက်တွင် ပေါ်ပြူလာဖြစ်နေသော နိုင်ငံခြားရောက်နေသူ ဘီလီယံနာ သူဌေးကြီးတို့ကို ထောက်ခံသူများကတစု ဖြစ်ပါသည်။ထောက်ခံသူများက ပီတ (၄၂ နှစ်) သည် စစ်တပ်မှ အာဏာသိမ်းပြီး ၉ နှစ်အကြာ နေခဲ့ရာမှ တိုင်းပြည်ကို ဒီမိုကရေစီစနစ်နှင့် သွားရအောင်လုပ်ပေးမည့်သူအဖြစ် ယူဆကြပါသည်။ သူက ထိုင်းနိုင်ငံရေးအပေါ် စစ်တပ်မှ လွှမ်းမိုးထားမှုကို အဆုံးသတ်စေလိမ့်မည်ဟု ဆိုပါသည်။ ထို့နောက် ထိုင်းဘုရင်ကို ဝေဖန်ခြင်းသည် ရာဇဝတ်မှုမြောက်သည်ဟူသော ဥပဒေကို ဖျက်သိမ်းမည့်သူအဖြစ် မျှော်လင့်နေကြပါသည်။သို့သော် မစ္စတာ ပီတ ဝန်ကြီးချုပ်ဖြစ်ရန် အရေးမှာ မသေချာမရေရာသေးဘဲ ရှိနေပါသည်။ “ကျွန်တော် ရှာဖွေရမယ့်လမ်းကတော့ လက်တွေ့အလုပ်ဖြစ်မည့် ဒီမိုကရေစီနဲ့ စစ်တပ်ကပေးတဲ့ မနူးမနပ် ဒီမိုကရေစီစနစ် နှစ်ခုအကြား ဆက်သွယ်ပေးမယ့်လမ်းကို ရှာဖွေရေးပါပဲ” ဟု ပြောသည်။ထိုလုပ်ငန်း အောင်မြင်ရေးအတွက် လူ ၅၀၀ မျှရှိသော အောက်လွှတ်တော်တွင် ထောက်ခံမဲ အလုံအလောက်ရရှိဖို့ လိုပါသည်။ သို့မဟုတ် စစ်တပ်မှ ခန့်ထားသော လူ ၂၅၀ ကို ကျော်လွန်၍ ဝန်ကြီးချုပ်လုပ်ရန် မဲအလုံအလောက်ရရှိရမည် ဖြစ်သည်။ သူ့ကို ထောက်ခံသူဦးရေ ၃၇၆ လိုပါသည်။ သူ့ကို ထောက်ခံသူ ၃၁၄ ဦး ရှိနေပါသည်။ ဆီးနိတ်အမတ်အများစုက လက်ရှိအခြေအနေ (Status Quo) ကို မပြောင်းလဲစေလိုကြ၊ ရှိမြဲအတိုင်း ရှိစေလိုသည်။ ထိုအခြေအနေကို ဖျက်ဆီးပစ်မည့်သူကို အလိုမရှိဘဲ ဖြစ်နေကြသည်။ ယခုအခါ ထိုင်းလူမျိုးတို့သည် သူတို့ ရွေးကောက်ပေးလိုက်သည့်လူကို လွှတ်တော်က အုပ်ချုပ်ခွင့်ပေးမည်လား မပေးဘဲ ပိတ်ဆို့ထားမည်လား၊ ဆိုသည်ကို စောင့်ဆိုင်းနေကြဆဲ ရှိပါသေးသည်။ အကယ်၍ ပီတ သာ ဝန်ကြီးချုပ်လုပ်ခွင့်မရဘဲ ပိတ်ဆို့ခြင်းခံရပါက ထိုင်းနိုင်ငံရေးသည် ရှုပ်ထွေးကုန်တော့မှာ သေချာပါသည်။ထိုင်းစစ်ဗိုလ်ချုပ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၇ ခုနှစ်က ပြင်ဆင်၍ ရေးလိုက်ကြသည်။ ဆီးနိတ်တွင် စစ်တပ်က ခန့်ထားသူများက ဝန်ကြီးချုပ်ကို ရွေးချယ်ရခြင်းပင် ဖြစ်သည်။ ကွန်ဆာဗေးတစ်များက တောင်းဆိုကြသည်မှာ ပီတ သည် ယခုအခါ ဖျက်သိမ်းပြီးဖြစ်သော မီဒီယာကုမ္ပဏီ၏ ရှယ်ယာများကို မည်မျှပိုင်ဆိုင်ထားကြောင်း လူသိရှင်ကြား ကြေညာရမည်ဟု ပြောသည်။ယခုအချိန်အထိတော့ မစ္စတာ ပီတ သည် မေးလာသမျှကို ပယ်ချနေပါသည်။ သူက ရှယ်ယာမည်မျှ ပိုင်ဆိုင်သည်ကို တာဝန်ရှိသူများအား ပြောထားပြီးဖြစ်ပါသည်ဟု ဆိုသည်။ သူ့ကို ဆန့်ကျင်နေသူများကို ထိုင်း ပြည်သူ ၂၅ သန်း၏ဆန္ဒကို မသိဟန်ပြု၍ မိမိတို့ စိတ်ဆန္ဒကိုသာ ဦးစားပေး၍ ငြင်းပယ်နေခြင်းကို နားမလည်နိုင်ဖြစ်ရသည်ဟု ဆိုသည်။ ယခုအချိန်အထိ လူ ၁၄ ဦးကသာ သူ့ကို ထောက်ခံပါသည်ဟု ထုတ်ဖော်ပြောဆိုကြသည်။မစ္စတာပီတ သည် ဟားဗတ် ကနေဒီကျောင်းနှင့် မက်ဆာချူးဆက် Sloan School တို့မှ စီမံခန့်ခွဲခြင်းဆိုင်ရာ ပူးတွဲဒီဂရီကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူက အမေရိကန်ပြည်မှာ နေစဉ်ကတည်းက မဲဆန္ဒရှင်တို့၏ အိမ်နေရာအရောက် သွားရသည့်နည်းကို သိထားပြီး ဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံတွင် မဲပေးနိုင်သည့် နယ် ၁၆၀ ရှိရာ ၎င်းတို့ထံ အရောက်သွားပြီးပြီဟု ဆိုသည်။သူ၏လက်ရှိအလုပ်မှာ အကြံပေးခြင်း (Consulting) လုပ်ငန်းနှင့် သူ့ဖခင် တည်ထောင်ခဲ့သော စားဆီလုပ်ငန်း၏ မန်နေဂျင်းဒါရိုက်တာနှင့် ဂရပ် (GRAB) ကုမ္ပဏီ၏ စီနီယာအုပ်ချုပ်သူ တယောက် ဖြစ်သည်။…

မိုခါမုန်တိုင်း ဒုက္ခသည်ကူညီသူကို ဖမ်းဆီးတဲ့ စစ်ကောင်စီ
https://ift.tt/L4AOqGr
<a href="https://blogger.googleusercontent.com/img/a/AVvXsEg3P0dvAjQ0ikPISgnmGxZsKfbh2cas680T7EyQLwMUodSndffcxuGIiavbDOZxe6vWH29m0yB9e69zvlXYiAnY0aqIufywL6PtiZrnGCEe6dnDIoeMcc29YgF8z22MApG_b_BVMiGyNM6bUF7hDpzUcyGcmUVmCzwJUDFrJI0xeg5pLBLr15BMWNSH">Media</a>မြန်မာ့နွေဦးခရိုနီကယ် - မေ ၂၃ မြင်ကွင်းမိုးမခ - မေ ၂၄၊ ၂၀၂၃
<b>မိုခါမုန်တိုင်း ဒုက္ခသည်ကူညီသူကို ဖမ်းဆီးတဲ့ စစ်ကောင်စီ </b>ရခိုင်ပြည်နယ်မှာ မိုခါ မုန်တိုင်းတိုက်ခတ်ပြီးတပတ်ကျော်အကြာမှာ မုန်တိုင်းဒဏ် ခံစားနေကြရတဲ့ ရခိုင်ပြည်နယ်က လူထုတွေကို အကူအညီပေးဝေရာမှာ တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ စာရေးဆရာ ကိုဝေဟင်အောင်ကို ရသေ့တောင်မြို့နယ်အသွားလမ်းခရီးမှာ စစ်ကောင်စီတွေက မေလ ၂၃ ရက်မှာ ဖမ်းဆီလိုက်ပါတယ်။ ကိုဝေဟင်အောင်နဲ့အတူ ၄င်းရဲ့ သမီးနဲ့ အခြား ရန်ကုန်မြို့က ပရဟိတအဖွဲ့မှာ ၂ ဦး တို့ပါ လတ်တလော ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။ စစ်တွေမြို့ကနေ ရသေ့တောင်မြို့နယ် အသွားလမ်းခရီးမှာစစ်ဆေးရေးဂိတ် တခုကို ဖြတ်သန်းအပြီး နောက်ကလိုက်လာပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရခိုင်ပြည်နယ် လူမှုအသိုင်းအဝိုင်းက ပရဟိတကူညီရေးမှာ တက်ကြွစွာ လုပ်ဆောင်နေသူ တဦးကို ဖမ်းဆီးလိုက်ခြင်းဟာ စစ်ကောင်စီအနေနဲ့ မုန်တိုင်းဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးကို လက်ဝါးကြီးအုပ် လုပ်ဆောင်မှု၊ နိုင်ငံရေးအရ အမြတ်ထုတ်မှုကို ပြသလိုက်သလိုရှိပြီး ဖမ်းဆီးစစ်ဆေးရုံတင်ပဲလား၊ အမှုဖွင့်တရားရုံးတင် စစ်ဆေးအပြစ်ပေးမှာလား ဆိုတာ လောလောဆယ် မသိရှိရသေးတဲ့အခြေအနေ ဖြစ်ပါတယ်။အကယ်၍ အမှုမဖွင့်လှစ်ခဲ့သည့်တိုင် အခုလိုဖမ်းဆီးမှုက စစ်ကောင်စီရဲ့ နဂိုကတည်းက ကျဆင်းနေပြီးဖြစ်တဲ့ ပုံရိပ်ကို ထပ်မံအတည်ပြုတဲ့ အဖြစ်အပျက်တရပ် ဖြစ်စေမှာဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ လူမှုအသိုင်းအဝိုင်းက ထွက်ပေါ်လာတဲ့ ဦးဆောင်သူတွေကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ ယခု အဖြစ်အပျက်ဟာ မုန်တိုင်းတိုက်ခတ်ပြီးနောက် စစ်ကောင်စီအနေနဲ့ အကူအညီပေးသူတွေကို ပထမဆုံးဖမ်းဆီးမှုလည်း ဖြစ်ပါတယ်။ကိုဝေဟင်အောင်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲအပြီး ဒေါက်တာ အေးမောင်နဲ့အတူ ဖမ်းဆီးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)၊ ၅၀၅ (ဂ)တို့နဲ့ထောင်ဒဏ် နှစ် ၂၀ ကျော်ချမှတ်ခံရပြီး စစ်အာဏာသိမ်းပြီး နောက် သီတင်းနှစ်ပတ်အကြာမှာ လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ မိုခါ မုန်တိုင်းဒဏ်ကြောင့်ဒုက္ခရောက်နေသူတွေကို နိုင်ငံရေး စည်းရုံးဖို့ နေရာတခုသဖွယ် သဘောထားနေသလို စစ်ကောင်စီသည်သာ ရခိုင်ပြည်နယ်ကို ကယ်ဆယ်နိုင်သူအဖြစ် ပုံဖော်ဖို့လည်း ကြိုးစားနေရာမှာ လူထုရဲ့ ယုံကြည်မှုရရှိထားသူ လူမှုအသိုင်းအဝိုင်းခေါင်းဆောင်တွေကို အနီးကပ် စောင့်ကြည့်ကာ အရေးယူမယ့် ခြေလှမ်းလို့ အခုဖြစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရမယ့် သဘောလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က မုန်တိုင်းဘေးဒဏ်ခံစားရတဲ့ ဒုက္ခသည်တွေကို ကူညီရာမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ အရေးပေါ် အကူအညီပေးဖို့ မုန်တိုင်းမကျရောက်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေခဲ့ပေမယ့် အခုရက်ပိုင်းအထိ ဒုက္ခသည်တွေကို ပစ္စည်းပေးဝေခွင့် မရသေးဘူးလို့ မှန်းဆရပါတယ်။ မြေပြင်မှာ မုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံစားရတဲ့ ကျေးရွာတွေ နဲ့ မြို့တချို့ မှာ ဒုက္ခသည်တွေ အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို ရရှိတဲ့ သတင်းတွေခုချိန်ထိ ထွက်ပေါ်မလာသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအထိ ကုလသမဂ္ဂအဖွဲ့အနေနဲ့ အကူအညီပေးရေး ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲလို့ သတင်းတချို့မှာ ပါရှိတာ ဖြစ်ပါတယ်။ အာဆီယံနဲ့ အိန္ဒိယက ပေးပို့တယ်ဆိုတဲ့ အကူအညီတွေလည်း ရေလမ်း၊ လေကြောင်းလမ်းနဲ့ ရောက်ရှိနေတယ်လို့ သတင်းတွေ ဖော်ပြထားပေမယ့် ဒုက္ခသည်တွေထံ ဘယ်လိုဖြန့်ဝေသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်တာ မတွေ့ရပါဘူး။ ရခိုင်ပြည်နယ်မှာ လတ်တလော အရေးပေါ်အနေနဲ့ သောက်သုံးရေ၊ နေထိုင်ဖို့ ယာယီဖြစ်စေ ပျက်စီးသွားတဲ့ အိမ်အမိုးအကာနဲ့ ကျန်းမာရေးပြဿနာအတွက် ဆေးဝါးလိုမျိုး အရေးပေါ် လိုအပ်နေသူတွေ သောင်း သိန်းချီရှိနေတာ ဖြစ်ပြီး ကုလသမဂ္ဂကတော့ လူသားချင်းစာနာမှု အကူအညီလိုအပ်သူ ၃.၂ သန်းရှိတယ်လို့ ခုရက်ပိုင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အခုလို အရေးပေါ် အကူအညီလိုအပ်နေချိန်မှာ စစ်ကောင်စီ အနေနဲ့ ၄င်းတို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သစ်ပင်ဖြတ်တောက် ရှင်းလင်းတာ၊ လျှပ်စစ်ဌာနက ဓာတ်အားပေးတိုင်တွေ ပြင်ဆင်တာ၊ စစ်တပ်ပိုင် ရွေ့လျား ရေသန့်စက်တွေနဲ့ သောက်ရေသန့် ဖြန့်ချိနေတယ် ဆိုတဲ့ သတင်းဓာတ်ပုံတွေ နေ့စဥ်လိုလို ဖော်ပြနေပြီး စစ်ကောင်စီခေါင်းဆောင် ကိုယ်တိုင်လက်ခံရယူတဲ့ ပြည်တွင်းက အလှူရှင်တွေရဲ့ ကူညီငွေ ပေးဝေမှု လက်ခံတဲ့ စတဲ့ သတင်းတွေနဲ့ ဝါဒဖြန့်ချိရေး လုပ်ဆောင်နေတာတွေ့ ရပြီး နိုင်ငံတကာကအကူအညီတွေကို ဘယ်လိုဖြန့်ဝေပေးသလဲဆိုတဲ့ သတင်းအချက်အလက်တွေ မတွေ့ရှိရသေးပါဘူး။ မြန်မာနိုင်ငံဟာ…

စိုးရိမ် - ဖြောင့်ချက်
https://ift.tt/p2dFWgb
Mediaဖြောင့်ချက်စိုးရိမ်(မိုးမခ) မေ ၂၇၊ ၂၀၂၃
အဲဒီမီးသင့်မှုထဲလောင်ကျွမ်းသွားတဲ့နှလုံးသားတွေပါတာပေါ့မိုးရေကိုခံခွင့်ရသူတွေက ခံယူခဲ့ကြပြီးလေထဲမိုးထဲမြုပ်ပါသွားတဲ့ဘဝတွေကလည်းအများကြီးပေါ့ငါတို့မှာ'ဟစ်တလာ' ကိုလည်းကြောက်ရ'ဒေဝေါ' ကိုလည်းကြောက်ရနဲ့...။-Join Us @ MoeMaKa Telegramt.me@moemaka#MoeMaKaMedia#WhatsHappeningInMyanmar